Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 31, 2019

ဖားတီးယား [Fatiya]


ဖားတီးယား [Fatiya]


ရေးသား- ရိုဟင်လေး|

ရိုဟင်ဂျာ ရိုးရာ လူမှုလုပ်ငန်းဆောင်တာများ၊ ပွဲလမ်းသဘင်များတွင် အများတွေ့ရလေ့ရှိသော၊ ဆင်းရဲချမ်းသား မခွဲခြားဘဲ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲကား ဖားတီးယားအလှူပွဲပင်ဖြစ်သည်။ ထို ဖားတီးယားသည် ကုသိုလ်ကောင်းမှုကို ရည်စူးလျက် မရှိဆင်းရဲသားများအား အလှူဒါနပြုသည့် ရှေးအစဉ်အလာ ဓလေ့တစ်ခုဖြစ်ပေသည်။

ကောင်းမှုကုသိုလ်အဖို့ ရိုဟင်ဂျာ ဓလေ့ထုံးစံအရ ပြုလုပ်ကျင်းပသော်လည်း အစ္စလာမ်သာသနာတော်၏ မဖြစ်မနေပြုလုပ်ရသော ဖရစ်တာဝန် ဝတ္တရားတစ်ခု မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။

ဖာတီးယားအလှူပွဲသည် အစ္စလာမ်သာသနာတွင် ဆန်းသစ် တာဝန်ဝတ္တရားတစ်ခု ဖန်တီးလိုက်ခြင်း မဟုတ်ဘဲ အပေးအကမ်း ထက်သန်သော၊ ရက်ရက်ရောရော လှူဒါန်းတတ်သော  ရိုဟင်ဂျာ အမျိုးသားတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို ပေါ်လွင်စေခြင်းဖြစ်သည်ဟုသာ ယုံကြည်ရသည်။ အချို့ပညာရှင်အချို့ကမူ အိစ္စလာမ်သာသနာ အဆုံးအမ ပေါင်မဝင်၊ ဆန်းသစ်ဖန်တီးခြင်း (ဗီဒါဟ်) ဟုသာ ယူဆကာ စောဒက တက်ကြသည်။ အထင်လွှဲ တားမြစ်ကြသည်။ 

စင်စစ်အားဖြင့် အလှူပွဲသည် ကုသိုလ်ကောင်းမှုအဖို့ ရှေးအစဉ်အလာအရ ပြုလုပ်ခြင်းပင်ဖြစ်သည်။  သာသနာ့ပေါင်တွင် တမင် ထည့်သွင်းပေးနေသည်ဟူသော သံသယမှာ လုံးဝမမှန်ကန်ပါ။ မိမိတို့ အမျိုးသားတို့၏ ကုသိုလ်ကောင်းမှုပြုလုပ်သည့်  ရှေးလုပ်ထုံးလုပ်နည်း တစ်ခုကို လက်ဆင့်ကမ်း ယူဆောင်လာခြင်းပင် ဖြစ်ပေသည်။  

ဤပို့စ်ရေးရခြင်းမှာ ဖားတီးယားအလှူပွဲကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း အလျှင်းမဟုတ်ဘဲ မျိုးစေ့သစ်လူငယ်တို့၏ အမျိုးသားရေး ဗဟုသုတ တိုးပွားကြွယ်ဝစေရန် ရိုဟင်ဂျာအမျိုးသားတို့၏ ဓလေ့ထုံးစံ တစ်ခုကို ဖော်ပြပေးခြင်း သက်သက်သာ ဖြစ်ပေသည်။ 

အလှူပွဲကို ရိုဟင်ဂျာဘာသာစကားတွင် ဖားတီးယား ဟုခေါ်သည်။ အာရဗီ ဘာသာစကားမှ ဆင်းသက်လာသော မွေးစား စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာ ဖွင့်လှစ်ခြင်း၊ အစပြုခြင်း၊ နိဒါန်းသွယ်ခြင်း စသည်ဖြင့် ဖြစ်သည်။ ဖားတီးယားအလှူပွဲတွင် ဆင်းရဲသားများအား အစားအသောက် ကျွေးမွေးခြင်း၊ တရားနာပွဲများပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။  

ရိုဟင်ဂျာတို့သည် အချိန်ကာလနှင့် အဖြစ်အပျက် ဖြစ်ရပ်အပေေါ်မူတည်၍ ဖားတီးယားအလှူပွဲ အမျိုးမျိုး ပြုလုပ်ကြသည်။ ဘာသာရေး ရက်ကြီးခါကြီးအလိုက် အလှူပွဲများပြုလုပ်သည့်အပြင် တစ်စုံတစ်ခုသော အကြောင်းအရာကြောင့်လည်း အလှူပွဲများ ပြုလုပ်သည့်ဓလေ့ရှိသည်။ အချို့ကို အောက်တွင်ဖော်ပြပေးပါမည်။ 

ဘာသာရေးရက်ကြီးခါကြီးအလိုက် ပြုလုပ်သည့် ဖားတီးယားများမှာ- 
အရှူရစ္စာန် ဟုခေါ်သော ရိုဟင်ဂျာပထမလတွင် မော်ရောမ်ဖားတီယား၊
နဗီစ္စာန်လတွင် ယိုမူန်နဗီဖားတီယား၊
လူရီစ္စာန်လတွင် လူရီဖားတီးယား၊
ရူဇာစ္စာန်လတွင် အာ့တိုက်ဖားသီယား
စသည်ဖြင့် ရက်မြတ်နေ့မြတ်များတွင် အလှူပွဲများပြုလုပ်လေ့ရှိသည်။

သာမညအလှူပွဲများမှာ ရာသီအလိုက် အသီးအနှံများ အစထွက်လျှင်လည်း ဖားတီးယားများ ပြုလုပ်ကြသည်။ ယာခင်းမှ အဦးဆုံး သီးနှံများ ထွက်သောအခါ၊ အောင်အောင်မြင်မြင် ကောက်ပဲရိတ်သိမ်းပြီးသော အခါ ထိုသီးနှံနှင့် အလှူပွဲများ ပြုလုပ်၍ ဆင်းရဲသားပြည်သူများအား  ကျွေးမွေးလှူဒါန်းကြသည်။ 

အသစ်စက်စက် လုပ်ငန်းသစ်များ စတင်ခြင်း၊ အိမ်သစ်ပြောင်းခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ ဆိုင်သစ်ဖွင့်လှစ်ခြင်း၊ စီးပွားရေးသစ် အစပြုခြင်း  စသည်တို့မှာလည်း အလှူပွဲများ ပြုလုပ်ကြသည်။ 

တောင်တက်သမားများ တောင်တက်သည့်အခါ၊ ခရီးလွန်ထွက်သည့်အခါ၊ ခရီးမှပြန်ရောက်သည့်အခါ ဖားတီးယားများပြုလုပ်ကြသည်။ တောင်တက်သမားများ အိမ်ပြန်ရောက်လာသောအခါ စုပေါင်းဖာတီးယားပွဲ ပြုလုပ်ကြသည်။ 

တစ်စုံတစ်ယောက် ဆုံးပါးကွယ်လွန်ခဲ့လျှင် ၎င်းသူအား ရည်စူး၍ ဖားတီးယား အလှူပွဲများ အဆင့်ဆင့် ပြုလုပ်ကြသည်။ (၄) ရက်မြောက် ဖားတီးယား၊ (၄၀) ရက်မြောက် ဖားတီးယား၊ တစ်နှစ်ပြည့်ဖားတီးယား စသည်ဖြင့် ပြုလုပ်ကာ ကွယ်လွန်သူအတွက် ကုသိုလ်စဝါပ် မေတ္တာပို့ပေးကြသည်။ 

အချို့က တစ်စုံတစ်ခုသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေချိန်တွင် ရုန်းထွက်နိုင်ခဲ့လျှင် အလှူပွဲများ ပြုလုပ်မည်ဟု ရည်စူးကြသည်။ ၎င်းမာနချီဖားတီးယား ဟု ခေါ်ကြသည်။ သားကောင်းသမီးကောင်း ရတနာဖွားမြင်လျှင် အလှူပွဲလုပ်မည်ဟု ရည်စူးကြသည်။ ရောဂါခံစားနေသာ မိသားစုဝင် အတွက်လည်း ရောဂါသက်သာလာစေရန် အလှူပွဲများပြုလုပ်ပေးကြသည်။ 

အလှူပွဲတွင် အဓိကအစားအစာအဖြစ် ရိုဟင်ဂျာ ရိုးရာမုန့် ဖြစ်သော လူရီဖီရာ့နှင့် ဆီန္ဒီးကို ကျွေးမွေးဧည့်ခံကြသည်။ သောကြာနေ့ ဗလီကျောင်းတွင် ဆီန္ဒီး ရိုဟင်ဂျာထမနဲလည်း ကျွေးမွေး အလှူပြုကြသည်။ အခြားအစားအစာများလည်း ကျွေးမွေးကြသည်။ စဦးထွက် သီးနှံနှင့် အလှူပွဲ ပြုလုပ်ကြလျှင် ထိုသီးနှံများကို ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။ အရူရစ္စာန်တွင် ပြုလုပ်သော အလှူပွဲတွင် ဟောတ္တောရ်ဒါနာဘာသ် ခေါ် စေ့မျိုးစုံ ပြောင်းထမင်းတစ်မျိုးကို ထူးထူးခြားခြား ပြုလုပ်ကျွေးမွေးကြသည်။ 

ဖားတီးယား အလှူပွဲတွင် ဘာသာရေး အထွတ်အမြတ် ပုဂ္ဂိုလ်များ၊ ဆင်းရဲသားပြည်သူများ၊ သက်ကြီးအိုကြီးများ၊ ရပ်လူကြီးများ၊ ဆွေကြီးမျိုးကြီးများ စသည်ဖြင့် ဖိတ်ခေါ်ကြသည်။ ကျမ်းမြတ်ကုရ်အာန်ကို သရွတ်ဇယ် (ဟသမ် အေ ကုရ်အာန်) ကြသည်။ တရားနာပွဲလည်း ပြုလုပ်ကြသည်။ တရားနာပွဲကို များသောအားဖြင့် လသာသော ညအချိန်တွင် ကျင်းပကြသည်။ တရားနာပွဲ ပြီးဆုံးလျှင် ဆီန္ဒီး၊ ဖျော်ရည် စသည်ဖြင့် ကျွေးမွေးဧည့်ခံသည်။  မိမိတို့ လိုအင်ဆန္ဒ ပြည့်ဝစေရေး စုပေါင်း ဒိုအာ ဆုတောင်းကြသည်။ 

ဤသို့ဖြင့် ရက်ရောလှူဒါန်းခြင်း၊ သဒ္ဓါတရား ထက်သန်သော ရိုဟင်ဂျာတို့သည် ကိစ္စတိုင်းကို အကြောင်းပြု၍ ဆင်းရဲသားပြည်သူတို့အား လှူဒါန်းကျွေးမွေးကြသည်။ ဤသည်မှာ ရိုဟင်ဂျာ အမျိုးသားတို့၏ မွန်မြတ်သော စိတ်စေတနာပင်ဖြစ်ပေသည်။ ရိုဟင်ဂျာ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို မကွယ်မပျောက်အောင် ဝိုင်းဝန်း ထိန်းသိမ်းကြရမည့်တာဝန်မှာ ရိုဟင်ဂျာအမျိုးသားတိုင်း၏ တာဝန်ပင်ဖြစ်ပေသတည်း။ 

÷÷÷÷÷÷÷÷÷÷÷÷×÷÷÷÷÷÷÷÷÷÷÷÷


Wednesday, May 29, 2019

ခေတ်အဆက်ဆက်က သင်ပုန်းကြီးဖတ်စာ ကဗျာလေးများ



မျိုးဆက် သုံးဆက် ဖြတ်သန်းခဲ့သော ခေတ်သုံးခေတ် 
သင်ပုန်းကြီးဖတ်စာ ကဗျာလေးများ ။ ။
====================================

က-ကန်စွန်းပင် ရေမှာရွှင်
ခ-ခရမ်းသီး ဓါးနဲ့လှီး
ဂ-ဂဏန်းကောင် လက်မထောင်
င-ငါးပုဏ္ဏား ဟင်းချက်စား
စ-စံပယ်ဖြူ မွှေးကြူကြူ
ဆ-ဆရာကြီး ခေါင်းလောင်းတီး
ဇ-ဇလားမှာ ဆန်ထည့်ပါ
ည-ညနေခင်း လေညင်းညင်း
တ-တယောသံ တညံညံ
ထ-ထရံထက် အိမ်မြှောင်တက်
ဒ-ဒရယ်ဖို (ဂျို)ချိုတိုတို
ဓ-ဓနိငုတ် ဓါးနဲ့ခုတ်
န-နဖားမှာ ကြိုးလျှို ပါ
ပ-ပလူတွင်း ပုရွက်ဆင်း
ဖ-ဖယောင်းတိုင် ကြာပန်းကိုင်
ဗ-ဗလုံထိုး တို့ချောင်းရိုး
မ-မရမ်းသီး ဆားနဲ့မြည်း
ယ-ယမနေ သစ်ကောင်းပေ
ရ-ရထားလှည်း မြင်းနွားဆွဲ
လ-လနတ်တော် မုန့်ဆန်းလှော်
ဝ-ဝရီးက ဦးကြီးပ
သ-သပိတ်လွယ် ငှက်ကျားငယ်
ဟ-ဟတတ တံခါးဝ
အ-အမှာ လူ အအ

(ဆရာ မင်းသုဝဏ်)

=============

က-ကညစ် ပေမှာခြစ်
ခ-ခရာ အသံသာ
ဂ-ဂဏန်း ရေမှာဖမ်း
င-ငရုတ်စိမ်း စပ်ရှိန်းရှိန်း
စ-စပါး တို့အားထား
ဆ-ဆရာ ရိုသေပါ
ဇ-ဇရပ်မှာ တည်းခိုပါ
ည-ညအခါ လ သာသာ
တ-တလင်းဝယ် စပါးနယ်
ထ-ထမနဲ တပို့တွဲ
ဒ-ဒရယ်လေး ဘေးမဲ့ပေး
ဓ-ဓနိပင် အသုံးဝင်
န-နယုန် လေရူးသုန်
ပ-ပလောင် တို့ညီနောင်
ဖ-ဖရုံပေါ တို့ယာတော
ဗ-ဗလ အင်အားပြ
ဘ-ဘယက် ရွှေဒေါင်းခွက်
မ-မမ အဖော်ရ
ယ-ယမင်း ပပဝင်း
ရ-ရထား စီးလို့သွား
လ-လမင်း ထိန်ထိန်လင်း
ဝ-ဝကလေး ဝိုင်းဝိုင်းရေး
သ-သမင် အပြေးလျှင်
အ-အလံ အောင်ပွဲခံ

(ဆရာ တက္ကသိုလ် မောင်မောင်ကြီး)
=====================

က-ကလေးငယ် ချစ်စဖွယ်
ခ-ခရေကုံး မလေးပြုံး
ဂ-ဂဏန်းသင် ပြုံးရွှင်ရွှင်
င-ငချိပ်ပေါင်း စားလို့ကောင်း
စ-စခန်းသာ တောင်တန်းပြာ
ဆ-ဆရာမ ရိုသေကြ
ဇ-ဇလပ်ဖြူ သင်းကြူကြူ
ည-ညနေခင်း ရေခပ်ဆင်း
တ-တမာပင် ရွာအဝင်
ထ-ထမင်းပွဲ လက်ဆုံနွှဲ
ဒ-ဒရယ်ယုန် သားမျိုးစုံ
ဓ-ဓနိတန်း ပင်လယ်ကမ်း
န-နဂါးမောင် အမောက်ထောင်
ပ-ပလွေမှုတ် ကိုဖိုးတုတ်
ဖ-ဖရုံယို အလွန်ချို 
ဗ-ဗလကြီး ဆင်ပြောင်စီး
ဘ-ဘဖိုးအို ဆီးလို့ကြို
မ-မမလေး ဝလုံးရေး
ယ-ယမင်းခင် ကကြိုးဆင်
ရ-ရထားကြီး ပျော်ပျော်စီး
လ-လဝါဝါ ထိန်ထိန်သာ
ဝ-ဝတုတ်တုတ် ဖိုးဝရုပ်
သ-သပြေညို အောင်ပွဲကြို
ဟ-ဟ ဟာ ဟ ရယ်လိုက်ရ
အ-အမေ တို့တိုင်းပြည်(ပြေ)
ငါတို့ချစ်တဲ့မြေ။ ။

(ဆရာ တင်မိုး)
================
(3-10-2016)


Credit. to original. Uploader


Monday, May 27, 2019

လသာချိန် ကစားမလား၊ ရိုကစားနည်းနဲ့ မြူးထူးကြ

ပုံ-အင်တာနက်


လသာချိန် ကစားမလား၊ ရိုကစားနည်းနဲ့ မြူးထူးကြ
🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄

ရေးသား📚  ရိုဟင်လေး


ကျေးလက်၌ ငယ်ဘဝကို ဖြတ်သန်းရတာကလည်း တမူထူးခြားလှပါတကား။ ကျေးလက်ပုံပြင်၊ ရိုးရာ၊ အားကစားတွေက လူငယ်တွေရဲ့ အဖိုးမပြတ်နိုင်တဲ့ ပျော်ပါးမြူထူး အရွယ်ကလေးကို လန်းဆန်းစေပါတယ်။ အနာဂတ်ဘဝ ထူထောင်ရာ အားဖြည့်စေပါတယ်။  ဘဝတစ်သက်သာလုံးအတွက် အာဟာရ သဖွယ် ဖြစ်တဲ့ အဲ့ဒီအချိန်ကာလကို တစ်ကိုယ်တော်ထီးကျန် နေတဲ့ခါ တစိမ့်စိမ့် တွေးရင် မျက်နှာငွေလ ဝင်းပပနဲ့ ဟိုခေတ်သို့ တခေါက်ပြန်လှည့်ချင်တဲ့ခါ ပြန်လိုချင်တဲ့ တွေးမဝတဲ့ ပီတိကို ခံစားစေရပါတယ်။


ယနေ့လောက် မဖွံ့ဖြိုးခဲ့သော ခေတ်တခေတ်လည်း တို့တွေ ဖြတ်သန်းခဲ့ဖူးသည်။ ထိုခေတ်က ခေတ်မီ အီလက်ထရွန်နစ် ပစ္စည်းများ ရုပ်မြင်သံကြား၊ မိုဘိုင်းဖုန်း၊ ဗီဒီယိုဂိမ်း စသည်တို့ မရှိခဲ့ချေ။ ထိုခေတ်က လူကြီးတွေ၊ ကလေးတွေ ဘယ်လိုနည်းနဲ့ ရှည်လျားသော ညည့်နက်ကို ကုန်ဆုံးစေသလဲ။ ဒါက ယနေ့ခေတ် လူငယ်တွေရဲ့ သိလိုစိတ် မေးခွန်းတစ်ခုဖြစ်တယ်။

ရှေးခေတ်က လူတွေဟာ သက်ဆိုင်ရာ ပတ်ဝန်းကျင်အလိုက်၊ လူမျိုးဓလေ့ထုံးစံအလိုက်  ညည့်အခါကျရင် ပုံပြင်တွေပြော၊ ဒဏ္ဍာရီတွေဖတ်၊ မြေဝိုင်းကပွဲတွေနဲ့ ဖျော်၊ စကားထာ ထိုးပွဲတွေလုပ် စတဲ့ ကစားနည်း အမျိုးမျိုးဖြင့် တိတ်ဆိတ်နေသောညကို ပွဲသဘင်ကဲ့သို့ ပျော်မြူးကြတယ်။ အဲ့လို ဂိမ်းတွေမှာ အိမ်တွင်း ကစားတဲ့ ဂိမ်းနဲ့ ကွင်းပြင်ထွက် ကစားရတဲ့ ဂိမ်း ဟူ၍ နှစ်မျိုးရှိပါတယ်။  ဒီမှာ အိမ်တွင်းကစားတဲ့ ကစားနည်း အချို့ကိုပဲ ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ဟာကို နောက်ကဏ္ဍတွေမှာ ဆွေးနွေးပေးပါမယ်။


“Cíyalor dhor nái bagór dhor, guithguitha zunaffoor.”

ဤလင်္ကာကား လသာသော ညတွင် ကြားရလေ့ရှိတဲ့ နိုးဆော်သံတစ်သံဖြစ်တယ်။ ကလေးတွေ ကစားဖို့ ထွက်ကြဖို့ ဖိတ်ခေါ်သံဖြစ်တယ်။ “မြေခွေး၊ ကျားတို့ကို တစို့တစိမှ ကြောက်စရာမလိုပါ၊ အကြောင်းမှာ လသည် ကောင်းကင်ပေါ် အလွန်ပင် တောက်ပနေတယ်။ ထွက်လာကြစို့…ကလေးတို့ရေ။”

ပုံပြင်ဖတ်ခြင်း ပြီးဆုံးတဲ့အခါလည်း လင်္ကာချိုးပြီး ပွဲပြီးစေတယ်။


“Ek ceer nun, Kissá fún, 
Ek ceer morís, Kissá dóris,  
Ek ceér tel, Kissá gel.”

ကစားနည်းအမျိုးမျိုး
၁။ ရော်ခ်ျဟောခ်ျ ကားလား   
၂။ ဘာဂ်ကုမ် ကားလား
၃။ ဩနီဘိုင်ယောရ် ထော်နီ ကားလား 
၎။ အေခ်ဆုဝါရီကားလား  
၅။ ဓူဓူကားလား  
၆။ မော်လ် ကေလား    
၇။ ဘာလ်တီ ကားလား 
၈။ မောရီဆ်ကားလား 

        ၉။ ဇားပ္ပုဏ်ကာလား

၁၀။ ဆော်ဒီ ကိစ္စာ့


၁။ ရော်ခ်ျဟော်ခ်ျ ကားလား

ရော်ခ်ျဟော်ခ်ျ ကားလား သည် ညအခါ အိမ်တွင်း ကစားသော ကစားနည်း တစ်မျိုးဖြစ်သည်။ ငယ်ရွယ်သော ယောက်ျား၊ မိန်းကလေးမရွေး ပေါင်းပြီး ကစားနိုင်သည်။ လသာသော ညများတွင် သာမက လကွယ်ညများတွင်လည်း ကစားနိုင်သည်။ အများဆုံးတော့ အိမ်တွင်း ကစားကြသည်။ အိမ်ရှိ ညီကိုမောင်နှမများပေါင်းပြီး ကစားမြူးထူးကြသည်။

ကစားနည်းက သိပ်လွယ်ပါတယ်။ အဓိက ရေတွက်ရမယ့် နံမယ် ခြောက်ခုကို တတ်ထားရသည်။ အဲ့ဒီ နံမယ် ခြောက်ခု ရတာနဲ့ ကစားတတ်ပြီ။ နံမယ်တွေမှာ-


၁။ ရောခ်ျ         [Roic] 
၂။ ဟောခ်ျ       [Hoic] 
၃။ သျှိင်္ဂေါ        [Cíñgo] 
၎။ ဘုလ်ဘူလီ [Bulbili] 
၅။ မာလေခ်     [Malek] 
၆။ မုစ်တာခ်     [Mustaq] တို့ဖြစ်ကြတယ်။

ကစားဖော် ဘယ်နှယောက် မဆို တစ်ပေါင်းတစ်ခါတည်း ကစားနိုင်တယ်။ ကစားနည်းရဲ့ အဓိက အချက်က မှန်းရာပေါက်ခြင်း ဖြစ်တယ်။ ဦးစွာ ကစားဖော် အားလုံးက လက်နှစ်ဖက်ကို လက်ချောင်းတွေပြန့်ကာ ကြမ်းပေါ်တွင် ချထားရတယ်။ ပြီးတော့ တစ်ယောက်စီ မှန်းထားရာကို ခေါ်ပေးရတယ်။ ဥပမာ-တစ်ယောက်က ROIC ပေါက်မယ် မှန်းပြီး Roic လို့ခေါ်ရတယ်။ တစ်ဦးစီရဲ့ ခေါ်ချက်တွေကို ကိုယ်စီကိုယ်စီ မှတ်ထားရတယ်။ ပြီးရင် လက်တွေ ပြန်တင်ယူပြီးတော့ မိမိခေါ်ထားတဲ့ နံမယ်နဲ့ ထိအောင် ခန့်မှန်းပြီး လက်ချောင်းတွေ ပြန်ကြမ်းပေါ် ချထားရတယ်။ (တစ်ယောက်က ၁ ချောင်း၊ နောက်တယောက်က ကိုးချောင်း၊ နောက်တစ်ယောက်က 5 ချောင်း စသည်ဖြင့် မိမိခန့်မှန်းတာနဲ့ ကိုက်အောင် ချတာပေါ့) ကြမ်းပေါ်ချထားတဲ့ လက်ကို ပြန်တင်ယူလို့မရဘူး။ ကြမ်းပေါ်မထိခင် ဆိုရင် တင်ပြီး ပြန် လက်ချောင်း အနည်းအများပြောင်းပြီးတော့ ချနိုင်တယ်။ အားလုံး ချပြီးသွားရင် တစ်ယောက်က လက်ချောင်းတွေ အားလုံးကို အစဉ်အလိုက် ရေတွက်တယ်။ တစ်၊ နှစ်၊ သုံး၊လေး ဆိုပြီး ရေတွက်တာမဟုတ်ဘူးနော်။ ဟိုး ရောခ်ျ၊ ဟောခ်ျ၊ ချီင်္ဂေါ၊ ဘုလ်ဘူလီ၊ မာလေခ်၊ မုစ်တာခ် ဆိုပြီး ရေတွက်နည်းနဲ့ ရေတွက်တာဖြစ်တယ်။ လက်ချောင်း ခြောက်ချောင်းထက်များရင် မုစ်တာခ် ပြီးရင် ပြန်အစ ရောခ်ျကနေ ရေတွက်တယ်။ နောက်ဆုံး လက်ချောင်း ကို ရေတွက်သော နံမယ်သည် ပေါက်တဲ့ နံမယ်ဖြစ်တယ်။ နောက်ဆုံး လက်ချောင်းထိ ရောက်တဲ့အခါ ဟောခ်ျနဲ့ ဆုံးတယ် ဆိုပါစို့၊ အစက ဟေခ်ျ မှန်းခေါ်ခဲ့တဲ့ သူကနိုင်သွားပြီပေါ့……ဟား…ဟား

နိုင်တဲ့သူက ဘာလုပ်မယ် ဆိုတာကို ကစားနည်းမစမီ ညီတူညီမျှ ဆုံးဖြတ်ရတယ်။ တစ်ချိန်းစီ ခေါင်းကိုတုမယ် သို့မဟုတ် လက်ဝါးကို လက်သန်း ကြမ်းထိပြီး အထက်သို့ လက်မမြောက်ပြန့်ကာ သတ်မယ်။ ဒုတိယနည်းကို နှစ်ယောက်တမ်း ကစားတာမှာ အသုံးများတယ်။ လက်ဝါးကို ခံသူက ရိုက်ချိန်မှာ အပေါ်သို့ မြင့်လိုက်ရင် ရိုက်ချက် လွှဲသွားနိုင်တယ်။ ရိုက်ချက်လွှဲသွားရင် ဆက်မရိုက်နိုင်တော့ဘူး။ ကစားနည်းကို ပြန်စရတယ်။ ဒီတစ်ခါ နိုင်တဲ့သူက သူ့လက်ချောင်းကနေစပြီး ဦးဆောင်ရေတွက်မှာဖြစ်တယ်။ အထက်နည်းအတိုင်း ဆက်လက်ကစားတယ်။ မှန်းရာပေါက်တဲ့သူ နိုင်တယ်၊ ရှုံးတဲ့သူ ခံပေါ့…ဒီလိုနဲ့ ညကို နွေးနွေးထွေးထွေး ကုန်ဆုံးစေပါတယ်။

ဒီလောက်ဆိုရင် ရှေးခေတ်က ကစားနည်းတစ်ခုကို တတ်သွားပြီ ထင်တယ်။ အိမ်မှာ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကစားကြည့်ပေါ့။ ပျော်စရာလား သိရမယ်၊ ရှေးခေတ်က ပျော်ရွှင်မှုတစ်ခု ကိုယ်တိုင်ခံစားနိုင်မယ်။ ကစားကြရအောင်…


၂။ ဘာဂ်ကုမ် ကားလား [Bákkum Kalá]

ဤ ကစားနည်းသည်လည်းပဲ ညအခါ ကစားသော ကစားနည်းတစ်မျိုးဖြစ်တယ်။ ရော်ခ်ျဟော်ခ်ျ ကစားနည်းနဲ့ ခပ်ဆင်ဆင် တူပါတယ်။ အများအားဖြင့် အိမ်တွင်း ကစားကြတယ်။ ညည့်အခါမက နေ့အခါ အားလပ်တဲ့ အချိန်တွေမှာလည်း ကစားကြတာကို တွေ့ရတယ်။

ကစားနည်းရဲ့ အဓိက သော့ချက်က လင်္ကာ တစ်ပုဒ်ဖြစ်တယ်။ အဲ့ဒီလင်္ကာကို ရေတွက် ကစားရတယ်။ လင်္ကာမှာ-


Bakkúm bakkúm kiáñraMuicé báiñggé thiañra. 

Muic maittou gilám dé,Keça fúçi moillám dé. 

Bóuzi re bóuzi suñra duf,Suñrat kiállá dán, sulot dóri an. 

Sul ká hala, Nak haçi féla .Nak ot ká lou, Borbái ór buo. 

Borbái borbái gozzon tole,Cóñço bái cóñço bái tetói gasór tole. 

Tetói faittou gilám dé,Áff e sótor dóijje dé. 

Elóm fath, delóm fath,Haçi féla cúnar hát.


လင်္ကာ ပါဒ တစ်ခုစီကို လက်တစ်ချာင်းစီထိကာ ရေတွက်ရတယ်။ ကစားဖော်အားလုံးက လက်နှစ်ဖက်စီ ကြမ်းပြင်ပေါ်ချရတယ်ပေါ့။ ကစားဖော် (၂)ယောက်မက တပေါင်းတည်း ကစားနိုင်တယ်။

ကစားနည်း

ကစားဖော်များသည် ကြမ်းပြင်တွင် ဝိုင်းရံဝိုင်းဖွဲ့ ထိုင်ကြတယ်။ အစတွင် Borsáb တစ်ယောက် ရွေးရတယ်။ သူငယ်ချင်း အားလုံးက လက်နှစ်ဖက် စလုံးကို ကြမ်းပြင်ပေါ်ချထားရတယ်။ ပြီးတော့ ဘောရ်ဆာပ် ဖြစ်သူက အထက်ဖော်ပြခဲ့တဲ့ လင်္ကာကို တစ်ပါဒစီ ဆိုရင်း လက်ဝါးတစ်ခုစီ လက်ဆုပ်ထောင်နဲ့ အသာလေး ထိရတယ်။ ခပ်မာမာထိလိုက်ရင် နာမှာစိုးလို့။  အဲ့လို ရွတ်ရင်းထိရင်းနဲ့ လက်တွေ ကုန်သွားပြီ၊ လင်္ကာပုဒ်က မကုန်သေးဘူးဆိုရင် ကျန်နေတဲ့ လင်္ကာပါဒတွေကို ပထမလက်က ပြန်ရွတ်ထိရတယ်။ ဒီလိုနဲ့ လင်္ကာတစ်ပုဒ်လုံး ကုန်သွားပြီးဆိုရင် လင်္ကာနောက်ဆုံး ပါဒ ထိတဲ့ လက်ဟာ သိမ်းဆည်းခံလိုက်ရမယ့် လက်ဖြစ်တယ်။ ဒီတော့ လက်တစ်လက် လျော့သွားပြီပေါ့။ နောက်တစ်ခါ ပြန်စရတယ်။ နောက်ဆုံး ထိတဲ့လက်ကို သိမ်းလိုက်… ဒီလိုနဲ့ ကစားရင်း လက်တွေ ကုန်သွားတဲ့အထိ ကစားရတယ်။ နောက်ဆုံး လက်တစ်လက် ကျန်တဲ့သူက ဗိုလ်ဖြစ်နေပြီပေါ့။

ဒုတိယ ကျော့အနေနဲ့ မေးဖြေ ကစားရတယ်။ ဗိုလ်ကျတဲ့သူက ကျန်တဲ့သူတွေထံ မေးရမှာဖြစ်တယ်။
မေးခွန်းကတော့…


မေး- Tor hát hone loigiyé? 
ဖြေ- bilaiye. 
မေး- Bilaiye toré kidiyé? 
ဖြေ- Hóñlá Múla. 
မေး- Hóñla Múla haré diyós? 
ဖြေ- Tor natiré.

၃။ ဩနီဘိုင်ယောရ် ထော်နီ ကားလား

ဒီကစားနည်းကလည်း အထက်က ဖော်ပြခဲ့တဲ့ ကစားနည်းတွေရဲ့ အုပ်စုလို့ပဲ သတ်မှတ်နိုင်တယ်။  လင်္ကာရွတ် ကစားရတဲ့ ကစားနည်းဖြစ်တယ်။ ကစားပုံကစားနည်းကတော့ နည်းနည်းခြားတယ်။ ဖွက်ထားတဲ့ ပစ္စည်းလေး တစ်ခုကို ရှာဖွေနည်းဖြစ်တယ်။ ကစားဖော် နှစ်ယောက်မက ကစားနိုင်တယ်။ ကစားဖော်များလေ ပိုကောင်းလေပေါ့။ ၁၀ ယောက်ထက် များရင်တော့ ရှုပ်ကုန်မယ်။ ပါးစပ်က ရွတ်ရမယ့် လင်္ကာမှာ အောက်ပါအတိုင်းဖြစ်တယ်။


Oní báiyór thooni, 
Árgua gásor boiro ni, 
Áre hawwá áré zaa, 
Maár hawwá dud bát ha, 
Aaré hawwa, leikká fuissá 
Harttú asé harttú nái 
Hoói félla hawwar maa.


ဒီလင်္ကာကို အဓိက တတ်ထားရမယ်။ ကဲ့… ကစားနည်း သင်ပေးမယ်!

ကစားနည်း

ပထမဦးဆုံး Hawwa တစ်ယောက်ရွေးရတယ်။ Hawwa ဆိုသူက ဖွက်ထားတဲ့ဟာကို ရှာပေးမယ့် သူဖြစ်တယ်။ ကစားပွဲ မစခင်တော့ ခေါင်းပန်းလှန် ရွေးတယ်။ ပြီးရင် ကစားဖော်တွေက လက်ကို ကိုယ်စီကိုယ်စီ ကိုယ်နဲ့ကပ် ဖိထားရတယ်။ တစ်ယောက်က ဖွက်မယ့် တုတ်တိုတုတ်စ သို့မဟုတ်  အခြားတစ်ခုခုကို လက်ဆုပ်ထဲ မမြင်ရအောင် ကိုင်ပြီး ကစားဖော်တွေရဲ့ လက်ထဲကို နှိုက်ပေးရတယ်။ နှိုက်ပေးတဲ့အခါ ပါးစပ်က အထက်လင်္ကာကို ရွတ်ရတယ်။ လင်္ကာ မဆုံးခင် တုတ်တိုတုတ်စကို ကစားဖော် တစ်ယောက်ယောက်၏ လက်ထဲမှာ ပြောင်းဖွက်ထားရတယ်။ ဟာဝါ လုပ်သူက သူတို့ ကစားနေတာကို သေသေချာချာ စောင့်ကြည့်နေရတယ်။ လင်္ကာဆုံးတာနဲ့ ဟာဝါက ရှာပေးရမယ့် အချိန်တန်ပြီ။ သူက ကစားခဲ့တဲ့ အမှုအရာကို ချင့်တွက်ပြီးတော့ ကစားနေတဲ့သူတွေထဲမှ တုတ်တိုစ ရှိမယ်လို့ ယူဆတဲ့သူကို ထောက်ပြပေးရတယ်။  သူထောက်ပြတဲ့ သူထံ တုတ်တိုစ ရှာတွေ့ရင် နိုင်သွားပြီ။ ဒီတစ်ခါ ဟာဝါလုပ်သူက ကစားရမယ်။ အဖမ်းခံရသူက ဟာဝါလုပ်ရမယ်။ ဒီအတိုင်း ဖွက်ရှာပြီး ကစားရင်း ညကလေးကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးကြတာပေါ့။


၎။ အေခ်ဆုဝါရီ ကားလား


ဒီကစားနည်းကတော့ အများအားဖြင့် မိန်းကလေးတွေ ဆော့တဲ့ ကစားနည်း တစ်မျိုးဖြစ်ပါတယ်။ လင်္ကာရွတ်  ကစားရတယ်။ ဂေါ်လီသီး ဒါမှမဟုတ် ကျောက်ခဲ ၇ လုံးနဲ့ ကစားရတာဖြစ်ပါတယ်။ အပေါ်ဖက်ကို ဂေါ်လီတစ်ခဲ ပစ်တောင်ပြီးတော့
မြေမှာရှိတဲ့ ကျန်အသီးတစ်လုံးစီကို ကောက်ယူရတယ်။ မြေက ကောက်ယူရင်း အပေါ်ကကျလာတဲ့အသီးကို မြေသို့မကျခင် ဖမ်းရတယ်။ အသီးတစ်လုံုံုံုံးကောက်ယူတိုင်း အောက်ပါဖော်ပြထားတဲ့ လင်္ကာပိုဒ် တစ်ပိုဒ်စီ ရွတ်ဆိုရတယ်။ ကျောက်ခဲအားလုံး ချွတ်ယွင်းချက်မရှိဘဲ ကောက်ယူနိုင်ရင် တစ်ပွဲ နိုင်သွားပြီပေါ့။ တစ်ပွဲ နိုင်တာကို ek gás လို့ ခေါ်ပါတယ်။ 

ချွတ်ယွင်းချက်ကတော့ လင်္ကာရွတ်ဆိုရန် မေ့သွားတယ်။ ဒါမှမဟုတ် တစ်ကြောင်းအစား တစ်ကြောင်း မှားပြီးတော့ ရွတ်ဆိုရင် ရှုံးပြီ။ အပေါ်ပစ်တာရယ်၊ ကောက်တာရယ်၊ ပြန်ဖမ်းတာရယ် မှန်မှန်ကန်ကန် မလုပ်နိုင်ရင် ရှုံးတယ်။ ပြီးရင် နောက်တစ်ယောက် အလှည့်တာပေါ့။ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဘယ်သူဘယ်နှပွဲ နိုင်တာပေါ် ရေတွက်ကာ အနိုင်အရှုံးဆုံးဖြတ်ကြပါတယ်။ 

 

Ek súwari, 
Fan besoni, 
Cú gula haitum, 
Naikúr zaitum, 
Allah douk, 
Ek gas ouk. 

၈။ မောရီဆ်ကားလား


မောရီဆ်ကစားနည်းကို ရေ၌ ကစားရသော ကစားနည်းတစ်မျိုးဖြစ်တယ်။ ကလေးတစ်ယောက်ကို အခြားကလေးတွေက လိုက်ဖမ်းရတဲ့နည်းဖြစ်တယ်။


Iba ki moris, Ekku dufe doríc. 


ဒီကစားနည်းရဲ့ အဓိကအချက်က ရေကူးတတ်ဖို့လိုပါတယ်။ တတ်ရုံနဲ့ မဖြစ်သေး ကျွမ်းကျင်ဖို့လည်းလိုပါတယ်။ ရေထဲငုပ်တတ်ဖို့လဲ ကျွမ်းကျင်ရတယ်။ ဒီလောက် တတ်ရင် ကစားနိုင်ပြီ။

 ချောင်းကမ်းပါးနား ရေချိုဆင်းတဲ့ ကလေးတွေထဲ တစ်ယောက်ကို ပထမဦးဆုံုံုံးရွေးရတယ်။ ကျဘမ်းစနစ်နဲ့ ရွေးတာပေါ့။ ပြီးတော့ အရွေးခံရတဲ့ဲ့သူက ဝါးတစ်လုံးစာလောက် အဝေး သွားတယ်။ ကျန်တဲ့တစ်စုက ဒီဖက်စောင့်ရတယ်။ အရွေးခံရတဲ့သူက ဝါးတစ်လုံးစာအဝေးကနေ လက်ချောင်းတစ်ချောင်း တောင်လျက် " Ibá ki?" ဆိုပြီးတော့မးတယ်။ တစ်ဖက်က ကစားဖော်တွေက "Moris" လို့ ဖြေရတယ်။ ပြန်တစ်ခါ ပင်မကစားမယ့်သူက "ekku dhuf e dorís"  လို့ ဖြေရင်း ရေထဲ ငုပ်ဝင်သွားတယ်။ ဒါနဲ့ ကစားပွဲ စပြီပေါ့။ ပြိုင်ဖက်ကစားဖော်တွေကလဲ ချက်ချင်း ရေထဲ ငုပ်ဝင်ပြီးတေတာ့ အတိုင်ကစားဖော်ကို လိုက်ဖမ်းရတယ်။ ဖမ်းနိုင်ရင် နိုင်တဲ့သူက ပထမနည်းအတိုင်း အတိုင်လုပ်ရပြန်တယ်။ 

ထူးခြားချက်က ဖမ်းတဲ့အခါ ရေထဲ ငုပ်နေတဲ့ အချိန်မှာ ဖမ်းရတာဖြစ်တယ်။ အတိုင်ကစားသမားက ရေပေါ် ပေါ်လာရင် မဖမ်းနိုင်တော့ဘူး။ ဖမ်းရင်လဲ မပိုင်ဘူး။ သို့သော် အတိုင်သမားက ရေပေါ်တက်လာတယ်။ ပြိုင်ဖက်တစ်ယောက်ယောက်က ရေအောက်ကနေ ငုပ်လျှို့ဝင်ပြီးတော့ ဖမ်းနိုင်တယ်။

ဒီပုံစံနဲ့ ရေလည်း ချိုးပြီးရော့၊ ကစားလဲပြီးရော့။ အိမ်ရောက်ရင် အရိုက်လည်းခံရော့…ပါ့။


ဆက်လက်စောင့်မျှော်ပါ…


ကျေးလက် ဆိုတာနဲ့ အညာဒေသ တောတောင် ပတ်ကုံး ဝန်းရံနေတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်။ အိုင်းချင်း ကဗျာတွေမှာ အလွန်ကို ရှေးတောရွာတို့ သိမြင်ခံစားနိုင်တယ်။ ပတ်ဝန်းကျင်အလျှောက် သူတို့ရဲ့ ငယ်ရွယ်ဘဝဟာလည်း





Friday, May 24, 2019

အာလ်ဗေဒါ နိုးဆော်တေး [Alveda]

ပုံ- အညာဒေသ၊ RK ရေးဆွဲ



Albeda [နိုးဆော်တေး]


 
ရေးသား- ရိုဟင်လေး


အလ်ဗေဒါသည် ညအိပ်စက်သူ အပေါင်းတို့အား ကောင်းမှုကုသိုလ်ပြုလုပ်ရန် အိပ်ရာမှ နိုးပေးအပ်သော ရိုဟင်ဂျာရိုးရာ တေးတစ်မျိုးဖြစ်ပါသည်။ အထူးသဖြင့် ရမဒွါန် ဝါလတွင်း သန်းခေါင်ကျော် တွင် အိပ်ရာမှ နိုးပေးသော နိုးဆော်တေး တစ်မျိုးဖြစ်သည်။ ဝါနိုးတေး ဟုလည်းခေါ်ကြသည်။ ရမဒါန်လ [ရိုဟင်ဂျာ အခေါ် ရုဇာစ္စာန်] ရောက်လာသည့်နှင့် တပြိုင်နက် ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု တစ်ခုသည် မိုးရေရရှိ၍ အဖူးသစ် အပွင့်သစ် ဖူးပွင့်လာသကဲ့သို့  ရှင်သန်လာလေသည်။ ယင်းကား အခြားမဟုတ် အလ်ဗေဒါ တေးသံပင် ဖြစ်သည်။ ယင်းသံကား ကောင်းမှုကုသိုလ်ပြုလုပ်ရန် နိုးဆော်သော တေးသံဖြစ်သည်။ နိဗ္ဗာန်ဆော်သံတည်း။ အလ်ဗေဒါ သည် အရဗီဘာသာ စကားမှ ဆင်းသက်လာသော မွေးစား စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာ “ခွဲခွာခြင်း” ဖြစ်သည်။ ဆိုလိုသည်မှာ ညအိပ်ရာမှ ခွဲခွာခြင်းဖြစ်သည်။ 

ဟိုးရှေးခေတ် စပီကာများ၊  အသံချဲ့စက်များ မပေါ်သေးသည့် ကာလမှာ စဟေရီ အချိန် အိပ်ရာမှတက်ပြီး အချိန်မီ ဝါချည်ရန် အခက်အခဲများ ရှိခဲ့သည်။ အိစ္စလာမ်ဘာသာဝင်များသည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ နာရီများလည်း မပေါ်သေးချေ။ ထိုအခါ လူတို့သည် ဦးချိုတံပိုး [ချီးညာ] မှုတ်၍ သော်လည်းကောင်း၊ ကုလားတက်များ [တက်ခ်] ၊ မောင်း တီး၍သော်လည်းကောင်း အချိန်များကို သတိပေး နိုးဆော်ပေးကြသည်။ 

ရမဒါန်လတွင်မူ ဦးချိုတံပိုး မှုတ်သည့်အပြင် ကျေးရွာလူငယ်လူပျိုများ စုပေါင်းကာ လူ (၁၀)ယောက်၊ (၁၂)ယောက်စီ အုပ်စု တစ်ဖွဲ့နှစ်ဖွဲ့ ဖွဲ့ကာ စဟေရီချိန်  နိုးဆော်ရန်အတွက် သီချင်းများကို အပြိုင်အဆိုင်  ဖွဲ့ဆိုကြသည်။ အဖွဲ့တစ်ဖွဲ့တွင် ခေါင်းဆောင် တစ်ဦးစီ သတ်မှတ်ပေးကြသည်။ တစ်ဖွဲ့ တစ်ရက်စီ၊ တပတ်စီ စသည်ဖြင့် တာဝန်ယူကြသည်။ ပြီးနောက် သန်းခေါင်ကျော် ၃ ချက်တီးလောက်တွင် ထိုလူငယ်အဖွဲ့သည် သီချင်းများကို တညီညီ တချိုချို အော်ဟစ် ဆိုကာ ရွာတစ်ခုလုံးလည်ပတ်၍ အိပ်မောကျနေသည့် လူများကို ဝါချည်ရန် နိုးဆော်ပေးကြပါသည်။ “အို အလ္လာဟ့် ကျေးကျွန်အပေါင်းတို့၊ အိပ်ရာမှ ထကြလော၊ ဥပုသ် တည်ဆောက်ကြလော၊ ကောင်းမှု ကုသိုလ်ပြုကြလော” စသည်ဖြင့် နိဗ္ဗာန်အကျိုးကို ညွှန်ပြခေါ်ခြင်း၊ ကြား၌ အလ်ဗေဒါတေးများကို ညီညီညာညာ ဆိုခြင်းဖြင့် ရွာလည်း တညံညံဖြစ်လာ၍ လူတို့လည်း အိပ်ရာမှ နိုးလာကာ ဝါချည်ရန် ပြင်ဆင်ကြလေသည်။

အလ်ဗေဒါ လူငယ်အဖွဲ့သည် ညတိုင်းညတိုင်း ရွာကို တစ်ပတ်၊ နှစ်ပတ်လည်ကာ နိုးဆော်ကြသည်။ ထိုအလ်ဗေဒါ တေးသံသည် လူတို့၏ စိတ်ကို ကြည်နူးစေသည်။ ကောင်းမှု ကုသိုလ်ပြုလုပ်ရန် စိတ်နုများ တစိမ့်စိမ့် ဖွားလာကြသည်။  ဥဒါဟရုဏ် အဖြစ် အလ်ဗေဒါတေး တစ်ပိုဒ်၊ နှစ်ပိုဒ်ကို အောက်တွင် ဖော်ပြထားသည်။ 

       (၁)

       Añrá lee rekkwá juwan 

       Bañgi zargoi mosít gán 
       Mosítór lá kíyal goillé 
       Faiba Jonnot gán.

       (၂)


        Cúkkur bare Juma ailé 

        nomaz forthé Mosít nokula, 
        Zár baricá Mosit táke ekhélá.



ရမဇာန်လ ကုန်ဆုံးမည့် နောက်ဆုံးည  သရဝီ[မြတ်တမန်တော် စွန္နတ်တော်အရ ဥပုသ်ဆောက်ရန် ဝတ်ပြုရသော နုမာဇ်တစ်မျိုး] အပြီးတွင် ထို အလ်ဗေဒါ လူငယ်လူပျိုအဖွဲ့များကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာမှ ဆုလာဘ်ငွေများ၊ အဝတ်တန်ဆာများ ချီးမြင့်ပေးကြသည်။ ၎င်းဆုငွေကို အလ်ဗေဒါ လူငယ်အဖွဲ့ဝင်များက အညီအမျှ ခွဲဝေ ယူကြလေသည်။ မနက်ဖြန် အိဒ်ပွဲသို့ သုံးဆောင်မည့် အသုံးစရိတ် ရရှိသွားသဖြင့် အလွန်ပင် ပျော်ရွှင်ကြလေသည်။ ပျော်…ပျော် နွှဲကြပေါ့ …

အာလ်ဗေဒါနှင့် အလွမ်းကို ကဗျာဆရာများက အမျိုးမျိုး စာပန်းချီရေးခြယ်ကြသည်။ ကဗျာဆရာ မောင်လတ်က ရေးဖွဲ့ခဲ့သော အာလ်ဗေဒါ ကဗျာကို စာရှုသူတို့ ဖတ်ရှုခံစားနိုင်ရန် ရင်ခုန်သံကဗျာဥယျာဉ် ကဗျာစာမျက်နှာမှ  ကူးယူဖော်ပြပေးပါသည်။

ကဗျာဆရာသည် မိမိငယ်စဉ်အခါ မိမိ၏မွေးရပ်ဇာတိ၌ ပျော်ဖူးခဲ့သည့် အလ်ဗေဒါ တေးသံများကို လွမ်းနေကြောင်း ဖော်ပြထားသည်။ “တုနှိုင်းမမီ ဘယ်သံစဉ်” ဟူ၍ မည်သည့် သံစဉ်မှ အလ်ဗေဒါ တေးသံလောက် ကြည်နူးနိုင်သည် မရှိဟု တင်စားရေးဖွဲ့ထားသည်။ 


အာလ်ဗေဒါ

ကြာခဲ့​လေပြီ …
ဟိုချိန်တုန်းက
ပျော်ရွှင်မြူးထူး ခံစားခဲ့ဖူး
တို့ရပ်ဌာနေ မွေးရပ်မြေဝယ်
တိတ်​ဆိတ်ငြိမ်သက်​သန်းခေါင်ကျော်မှ
ရမ်ဇာန်မြတ်တော် နိုးဆော်သံကို
သာယာနာဖွယ် နားဆင်ရသည်
တုနှိုင်းမမီ ဘယ်သံစဉ်။

ခံစားခဲ့သူ လွမ်းရသူမို့
စိတ်ထိန်းဖို့က ခက်ခဲလှ၍
သတိရတိုင်း ငိုရရှာသည်​
ခေတ်မီသံစုံ အလုံးစုံကို
အစားထိုးကာ နားဆင်​ပါလည်း
တုနှိုင်းမမီ ဘယ်သံစဉ်။

(မောင်လတ်)
20-5-2019


နောက်ပိုင်းကာလတွင် အလ်ဗေဒါသည် တဖြေးဖြေး အားပျော့လာခဲ့သည်။ အကြောင်းမှာ အသံချဲ့စက်များ ခေတ်စားလာသည်နှင့်အမျှ အလ်ဗေဒါလည်း ပျောက်ကွယ်လာသည်။ ရိုဟင်ဂျာတို့သည် အလ်ဗေဒါတေး အစား နာသီယာ ခေါ် ဘာသာရေး ဂုဏ်ရည်ဖွဲ့ တေးကို အစားထိုးလာခဲ့သည်။ ရမဒွါန်ရောက်တိုင်း ကျေးရွာရပ်ကွက်တိုင်းမှ အသံချဲ့စက်များ တညံညံဖွင့်ကာ နာသီယာတေးများ သီဆိုပေးကြကာ အိပ်ရာမှ ထ၍ ဝါချည်ရန် နိုးပေးကြသည်။ 

ရိုဟင်ဂျာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ထုံးစံ တစ်ခုဖြစ်သော အလ်ဗေဒါ ကို မပျောက်ကွယ်နိုင်အောင် ထိန်းသိမ်းကြပါစို့။ 


————————><———————
သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် ရေးဖွဲ့ခဲ့သော ဝါနှိုးတေး ဖြစ်သော ဝါထဖို့လည်း အချိန်ရောက်ပါပြီ တေးကို တစ်ဆက်တည်း လေ့လာစေနိုင်ရန် 

Click ...

 






Sunday, May 19, 2019

Prince Qajar (သို့မဟုတ်) အလှတရားရဲ့ နိယာမကို တော်လှန်ခဲ့သူ



သက္ကရာဇ်​ ၁၉၀၀ ဝန်းကျင်​က ပါရှားပြည်​မှာ ထင်​ရှားခဲ့တဲ့ ​တော်​ဝင်​မင်းသမီး Zahra Khanum ဖြစ်တယ်။
သူမရဲ့နာမည်အရင်းက ​ Taj Al Saltaneh Qajar (1884-1936)၊ မင်းဆက်​ Naser Al Din Shah Qajar ရဲ့ သမီး​​တော် Princess Qajar လို့လည်း​ခေါ်ကြတယ်​။ သူမရဲ့ ငြင်းဆိုမှုကြောင့် အမျိုးကောင်းသား တော်ဝင်လူငယ် ၁၃ ယောက် အသည်းကွဲပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် ခဲ့ပါတယ်။

Princess Qajar (သို့မဟုတ်) အလှတရားရဲ့နိယာမကိုတော်လှန်ခဲ့သူ

သူဟာ အီရန်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူဖြစ်သလို ပန်းချီ စာပေစတဲ့နေရာမှာလည်း အင်မတန် ထူးချွန်ပါတယ်။ ခေတ်ပညာတတ် အမျိုးသမီးတယောက်ဖြစ်ပြီး သူမရဲ့အိမ်မှာတစ်ပတ်ကို တစ်ခါ စာပေဆွေးနွေးပွဲ လုပ်ပီး နိုင်ငံရေးနဲ့အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးစတာတွေကို နှီးနှောဖလှယ်တယ်။  ပြောရရင် သူ့ခေတ်သူ့အခါက အတိုင်းထက်လွန်ေ​​​တ်ာတဲ့ ပညာတတ်အမျိုးသမီးတယောက်ပေါ့။


ဘာသာရေးရိုးရာ အစဉ်အလာအရ ဝတ်ဆင်ရတဲ့ Hijab ကို စွန့်ပီး အနောက်တိုင်းဝတ်စုံကို ရဲရဲကြီး စတင်ဝတ်ဆင်ခဲ့တဲ့ ပထမဆုံးအာရပ်အမျိုးသမီး တစ်ဦးဖြစ်တယ်။ သူ့ရဲ့အကြောင်းကို လက်ရှိမှာ အီရန်ရဲ့ မြို့တော် တီဟီရန် တက္ကသိုလ်ကနေ ဟားဗတ်အထိ သင်ရိုးထဲမှာ သင်ရပါတယ်။

ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ ကဗျာတွေကောင်းကောင်းဖွဲ့တတ်သလို စာအုပ်တွေလည်း ထုတ်တယ်။
ထိုခေတ်ကအီရန်ပြည်ရဲ့  မြေအောက် အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့အဖွဲ့ကို စတင် တည်ထောင်တာ လည်း သူပဲဖြစ်တယ်။

အရည်အချင်းရှိတဲ့သူမဟာ ထိုခေတ်က အီရန်(ပါရှား)ပြည်ရဲ့အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရသလို ယောက်ျားတွေရဲ့ပေါ်ပြူလာဖြစ်ခံရဆုံး အမျိုးသမီးလည်းဖြစ်ပြီး သူမရဲ့ အလှအပအကြောင်းကို ယောက်ျားတွေဟာ ကဗျာတွေသီ သီချင်းတွေပါဖွဲ့ဆိုကြပါတယ်။

Qajar မင်းသမီးဟာ အမျိုးသားပေါင်း ၁၀၀ကျော်ရဲ့ လက်ထပ်ခွင့်တောင်းခံခြင်းကိုခံခဲ့ရပြီး သူငြင်းပယ်ခဲ့တဲ့ အထဲက ၁၃ယောက်ဟာ သူ့အချစ်ကို မရလို့ ကိုယ့်ကိုယ်ကိုတောင်သေကြောင်းကြံခဲ့ပါတယ်။

တကယ်တော့ မင်းသမီး Qajar ဟာ ပုံမှန်အမြင်အရဆို အရပ်ပုပုနဲ့ဝဝဖိုင့်ဖိုင့် အမျိုးသမီးတယောက်ပါ။  ဒါ့အပြင် မျက်နှာကလည်း အမျိုးသမီးမဆန်ပဲနှုတ်ခမ်းမွေးရေးရေးနဲ့ ပုံမှန်လူတွေရဲ့ အလှတရားဆိုတဲ့ "စံ"နဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။

ထိုခေတ်က ပါရှားပြည်က လူတွေရဲ့ စဉ်းစားတွေးခေါ်မှုဟာ အရမ်းကောင်းတယ်။  ပညာတတ်တွေလည်း ပေါများတယ်။ Qajar မင်းသမီးရဲ့အဖေ ဘုရင်ကြီး Naser Al Din ဟာ မိန်းမချောလေးများကို အလွန်နှစ်သက်ပါတယ်။ တနေ့မှာ သူမေးခွန်းတခုကို စဉ်းစားမိခဲ့ပါတယ်။

A painting of ‘Esmat (painter unknown) in
the Bahman Bayani Collection. Courtesy
 
Women’s Worlds in Qajar Iran

"မိန်းကလေးတယောက်ရဲ့ စစ်မှန်တဲ့ အလှတရားဆိုတာ ဘာလဲ"တဲ့။
တကယ်ချောမောပီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာ ပိန်ရမယ်၊ မဝရဘူး၊  အသားအရေလေးက ကြည်ပီးဖွေးဖွေးလေးနဲ့ ရှိရမယ်ဆိုတဲ့ လူတွေရဲ့အမြင်ကို ဘုရင်ကြီးအနေနဲ့ လက်မခံချင်တော့ဘူး။  သူဟာနေ့တိုင်း မိန်းမချောလေးတွေနဲ့ ထိတွေ့မြင်နေရတာပဲ။ သူ့အတွက်ဘာမှ မဆန်းဘူး။
တဖြည်းဖြည်း သူနားလည်လာတယ်။ လူတွေနားလည်ထားတဲ့ မိန်းမတယောက်ရဲ့ စစ်မှန်တဲ့ အလှတရားဆိုတာ ရုပ်ရည်ပေါ် မူတည်တယ်ဆိုတဲ့ခေတ်ဟောင်းက အယူတွေကို သူမြေလှန်ဖို့ ကြိုးစားတယ်။ ဘုရင်ဖြစ်တဲ့သူ့ရဲ့ အယူအဆကို ပါရှားပြည်ရဲ့ပညာတတ် အသိုင်းအဝိုင်းက လက်ခံတယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တခုလုံးက လက်ခံလာတယ်ဆိုပါတော့။

၁၉၀၀ခုနစ်ကျော်ဦးပိုင်းကာလ ပါရှားပြည်က မိန်းမတယောက်ရဲ့ အလှတရားအပေါ်ခံယူတဲ့ သဘောထားဟာ အဲ့လိုကိုပြောင်းသွားတာပါ။

ဒီလိုအချိန်မှာ Qajar မင်းသမီးလို အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေးကိုတောင်းဆိုရဲတဲ့ ပညာတတ် အမျိုးသမီးထွက်လာတယ်။ ခေါင်းဆောင်စိတ်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ သူမကို လိုချင်တဲ့ယောက်ျားတွေ ဝိုင်းဝိုင်းလည်လာတာ ဆန်းတော့မဆန်းဘူး။

ဤသို့ဖြင့် Qajar မင်းသမီးဟာ ယောက်ျားတိုင်းရဲ့ လိုချင်ရတဲ့ မိန်းမသားတယောက်ဖြစ်လာတာပေါ့။
သင့်​အနေနဲ့ သူများလှတယ်ဆိုတိုင်း လိုက်ကြိုက်ဖို့မလိုဘူး။ သူများလှတိုင်း သူ့လို လိုက်လှဖို့လည်း မလိုဘူး။
သင့်​မှာလည်း ကိုယ်ပိုင်အလှတရား ဆိုတာရှိတယ်။ ကိုယ့်ရဲ့ရုပ်ရည်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့
အခြား လူတယောက်ရဲ့ ဆုံးဖြတ်ခွင့်ကို သင်​ခံယူနေစရာ မလိုပါဘူး။

အလှတရားဆိုတာ ပြင်ပရုပ်ရည်ပေါ်မှာပဲရှိနေတာမှ မဟုတ်တာ။  သင့်​ရဲ့အကျင့်သိက္ခာ စိတ်ဓာတ် အရည်အချင်း ဒါတွေက ရုပ်ရည်အသွင်အပြင်ထက်ပိုတဲ့ တကယ့် အလှတရားဖြစ်ပါတယ်။

သင်​ဘယ်လို ဝတ်တယ်စားတယ်၊ ဒါတွေက အဓိက မကျပါဘူး။  အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ပါပဲ။

အလှတရားဟာ စစ်မှန်တဲ့ အရည်အချင်း မဟုတ်ပါဘူး။  အရည်အချင်းကတော့ စစ်မှန်တဲ့ အလှတရား တစ်ခုဖြစ်နိုင်ပါလိမ့်မယ်။

Qajar မင်းသမီးဟာ ဒီ့အတွက် အကောင်းဆုံး သက်သေပြခဲ့ပီးပါပြီ။ သူလှသလို လိုက်လှနိုင်ဖို့ သင့်​မှာ အရည်အချင်းတွေ အများကြီးလိုပါလိမ့်မယ်။

မိန်းမတစ်​​ယောက်​ရဲ့ အလှဆိုတာ .. အဆင်းမဟုတ်​ပဲ အချင်းဆိုတာ သက်​​သေပြသွားတဲ့ သူတစ်​​ယောက်​ဆိုလည်း မမှားပါဘူး။

#may


Monday, May 6, 2019

Azur Taim




Azur Taim

Lekóyá- RohangKing

Yián ki zindegi sinta bóra,
Honó taim nái tíyai sai bállá.

Goru soól ór dóil gastalar nise,
honó taim nái tíyai saité.

Bonortú añárá fári zaite,
Sulhaça luwar kér dhuwar nise.
Honó taim nái tíyai saité.

Dinor fooré sóra sonke,
 Tarar doillá raitot mazé.
Honó taim nái tiyái saité.

Cúndor maiyyá áñça saité,
Tar téñg hondilla nase.
Honó taim nái tíyai saité.

Tar fudki háñcá sugór tú niyoli
Mugót aité,
Honó taim nái soiñ goitté.

E zindegi yián oibóu gorib fáçá,
Zodi oilé sinta bóra.
Añárattú honó taim no táilé tíyai saibóllá. 


Hót: William Henry Davis ór “Leisure” Ceér or kullumkala torjuma.