Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 29, 2019

ခေတ်အဆက်ဆက်က သင်ပုန်းကြီးဖတ်စာ ကဗျာလေးများ



မျိုးဆက် သုံးဆက် ဖြတ်သန်းခဲ့သော ခေတ်သုံးခေတ် 
သင်ပုန်းကြီးဖတ်စာ ကဗျာလေးများ ။ ။
====================================

က-ကန်စွန်းပင် ရေမှာရွှင်
ခ-ခရမ်းသီး ဓါးနဲ့လှီး
ဂ-ဂဏန်းကောင် လက်မထောင်
င-ငါးပုဏ္ဏား ဟင်းချက်စား
စ-စံပယ်ဖြူ မွှေးကြူကြူ
ဆ-ဆရာကြီး ခေါင်းလောင်းတီး
ဇ-ဇလားမှာ ဆန်ထည့်ပါ
ည-ညနေခင်း လေညင်းညင်း
တ-တယောသံ တညံညံ
ထ-ထရံထက် အိမ်မြှောင်တက်
ဒ-ဒရယ်ဖို (ဂျို)ချိုတိုတို
ဓ-ဓနိငုတ် ဓါးနဲ့ခုတ်
န-နဖားမှာ ကြိုးလျှို ပါ
ပ-ပလူတွင်း ပုရွက်ဆင်း
ဖ-ဖယောင်းတိုင် ကြာပန်းကိုင်
ဗ-ဗလုံထိုး တို့ချောင်းရိုး
မ-မရမ်းသီး ဆားနဲ့မြည်း
ယ-ယမနေ သစ်ကောင်းပေ
ရ-ရထားလှည်း မြင်းနွားဆွဲ
လ-လနတ်တော် မုန့်ဆန်းလှော်
ဝ-ဝရီးက ဦးကြီးပ
သ-သပိတ်လွယ် ငှက်ကျားငယ်
ဟ-ဟတတ တံခါးဝ
အ-အမှာ လူ အအ

(ဆရာ မင်းသုဝဏ်)

=============

က-ကညစ် ပေမှာခြစ်
ခ-ခရာ အသံသာ
ဂ-ဂဏန်း ရေမှာဖမ်း
င-ငရုတ်စိမ်း စပ်ရှိန်းရှိန်း
စ-စပါး တို့အားထား
ဆ-ဆရာ ရိုသေပါ
ဇ-ဇရပ်မှာ တည်းခိုပါ
ည-ညအခါ လ သာသာ
တ-တလင်းဝယ် စပါးနယ်
ထ-ထမနဲ တပို့တွဲ
ဒ-ဒရယ်လေး ဘေးမဲ့ပေး
ဓ-ဓနိပင် အသုံးဝင်
န-နယုန် လေရူးသုန်
ပ-ပလောင် တို့ညီနောင်
ဖ-ဖရုံပေါ တို့ယာတော
ဗ-ဗလ အင်အားပြ
ဘ-ဘယက် ရွှေဒေါင်းခွက်
မ-မမ အဖော်ရ
ယ-ယမင်း ပပဝင်း
ရ-ရထား စီးလို့သွား
လ-လမင်း ထိန်ထိန်လင်း
ဝ-ဝကလေး ဝိုင်းဝိုင်းရေး
သ-သမင် အပြေးလျှင်
အ-အလံ အောင်ပွဲခံ

(ဆရာ တက္ကသိုလ် မောင်မောင်ကြီး)
=====================

က-ကလေးငယ် ချစ်စဖွယ်
ခ-ခရေကုံး မလေးပြုံး
ဂ-ဂဏန်းသင် ပြုံးရွှင်ရွှင်
င-ငချိပ်ပေါင်း စားလို့ကောင်း
စ-စခန်းသာ တောင်တန်းပြာ
ဆ-ဆရာမ ရိုသေကြ
ဇ-ဇလပ်ဖြူ သင်းကြူကြူ
ည-ညနေခင်း ရေခပ်ဆင်း
တ-တမာပင် ရွာအဝင်
ထ-ထမင်းပွဲ လက်ဆုံနွှဲ
ဒ-ဒရယ်ယုန် သားမျိုးစုံ
ဓ-ဓနိတန်း ပင်လယ်ကမ်း
န-နဂါးမောင် အမောက်ထောင်
ပ-ပလွေမှုတ် ကိုဖိုးတုတ်
ဖ-ဖရုံယို အလွန်ချို 
ဗ-ဗလကြီး ဆင်ပြောင်စီး
ဘ-ဘဖိုးအို ဆီးလို့ကြို
မ-မမလေး ဝလုံးရေး
ယ-ယမင်းခင် ကကြိုးဆင်
ရ-ရထားကြီး ပျော်ပျော်စီး
လ-လဝါဝါ ထိန်ထိန်သာ
ဝ-ဝတုတ်တုတ် ဖိုးဝရုပ်
သ-သပြေညို အောင်ပွဲကြို
ဟ-ဟ ဟာ ဟ ရယ်လိုက်ရ
အ-အမေ တို့တိုင်းပြည်(ပြေ)
ငါတို့ချစ်တဲ့မြေ။ ။

(ဆရာ တင်မိုး)
================
(3-10-2016)


Credit. to original. Uploader


No comments:

Post a Comment