Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 23, 2019

ဒန်းရိုးရာ [Traditional Henna]

Rohingya's Traditional Moodi


ဒန်းရိုးရာ


ရေးဖွဲ့သူ- Shahida Win

ရိုတို့မင်္ဂလာ ဒန်းလက်ရာ
မိရိုးဖလာ ဓလေ့ပါ
အဆင်တန်ဆာ တင့်တယ်လှ
အနုပညာ ထင်ပေါ်ပါ့။

မင်္ဂလာအကြို ဒန်းရိုးရာ
စောင့်တမျှော်မျှော် သတို့ဖော်
ပျိုမေကညာ ရင်ခုန်သွား
ဖြူဖြူနုနု လက်ဖဝါး
နီနီရဲရဲ အဝိုင်းလေးနဲ့
နှလုံးသားအလား ဒန်းဆိုးထား။

လပြည့်ဝန်းသာ ညအခါ
ကညာအပျို တေးသံချိုနဲ့
ဆိုကြကကြ ငယ်ချင်းများ
စုလို့ပြုံလို့ ပြုံးလို့ ရွှင်လို့
ညဥ့်နက်သန်းခေါင် ဒန်းရွက်ပေါင်း
ကြေညက်အောင် ကြိတ်လို့တောင်း။

အနုစိတ်ညီ ဒန်းပန်းချီ
ခြယ်လှယ်အလီလီ
ပျော်ပျော်ပါးပါး ရိုးရာဝိုင်း
အနှိုင်းမရှိ အစဉ်အလာပိုင်း
ရိုမေတို့ဓလေ့ ဒန်းသမိုင်း......။

(၇-၁၂-၂၀၁၉)

Ref: 
TheArtGardenRohingya

Saturday, December 21, 2019

Fonná Foró



Fonná Foró

Buddi oité more fán,
Nitti goró bála ham.
E sair dinna duniyait,
Fut-zii goró bála nam.
Fonná bicí forí bá,
Leká fora cíki bá.
Fonná sára tákile,
din duniyai háçai ba.
Fut-zii zeré zaiba zo,
Allah Rosúl tuwaiyo.
Forttí óibó fotti ham
Allah zodi razi o.
Fonnár zarttún díyan nái,
Tarttú honó giyan nái.
Eendé soler fíréddé,
kintu asol foran nái.

- Anonymous 
- Rohingya Old Poetry 



Sunday, December 15, 2019

Dhor [RK Poem]



‘Dhor’


Horé horé tore tore
gurir añrá monzil sára.
Dukke dukke vuke vuke
sugór faní o besara.
Dóre doré tóre toré
zibon harír oinno fara.
Dhore Dhore mone mone
sinta zala rait nofúra.

-------------------------------------------
(Sep 1, 2019)
-Kuwaiccorjja
------------------------------------------------

Friday, December 13, 2019

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းမောင် [မမှေးမှိန်နိုင်သော ကြယ်တစ်ပွင့်]

 
 စာရေးဆရာ တက္ကသိုလ်ဘုန်းမောင်၊ ဆရာကြီး၏သမီး ၊စာရေးဆရာမ စောသန္တာထွန်း နှင့် ဦးဇော်နိုင်



စာရေးဆရာ တက္ကသိုလ်ဘုန်းမောင်


 ရေးသား - လူထုဝဏ္ဏ |


မြန်မာစာပေလောက၏ တစ်စိတ်တစ်ဒေသဖြစ်တဲ့ တက္ကသိုလ်ဘုန်းမောင်ကို ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။  ဖခင်မှာ အမ်၊အေ အာနိုဝါရ်သီဟ (နဒဝီ) ဖြစ်ပြီး ဒေးဝန်ကြီး မျိုးရိုးဖြစ်သည်။ ဒေးဝန်ကြီးမျိုးရိုးမှာ မယုခရိုင်ရှိ အထင်ကရ မျိုးရိုးထဲမှ တစ်စုဖြစ်သည်။ သားချင်း လေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဇော်မင်း (ခေါ်) ရှီးဗ္ဗလီ  ဖြစ်သည်။ အခြေခံပညာကို ငန်းချောင်းတွင်သင်ယူခဲ့ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့ကို မောင်တောမြို့ အထက်တန်းကျောင်း၌ သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘီအက်(စ)စီ ဘွဲ့ ရယူခဲ့သည်။ 

အသက်မွေးဝမ်းကျောင်းအဖြစ် ကျောင်းဆရာ အလုပ်ဝင်လုပ်ရာ ရန်ကုန်မြို့တစ်ဝိုက် တာဝန်ထမ်းဆောင်ခဲ့သည်။ B.Ed သင်တန်းကို အောင်မြင်ခဲ့၍ အထက်တန်းပြဆရာ၊ လယ်အုပ် စသော ရာထူးအသီးသီး တိုးမြင့်ခံခဲ့ရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၁) အထက်တန်းကျောင်းမှ ပင်စင်ရရှိခဲ့သည်။ 

ဘုန်းမောင်သည် စာပေလေ့လာလိုက်စားသူ ဖြစ်သည်။ စာဖတ်ဝါဿနာအရင်းခံနှင့် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင် ကိုယ်တိုင်ရေးဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးအမျိုးမျိုး ရေးသားလာခဲ့သည်။ စာပေလောကတွင် “ မိုးဇော်ရည် ” ကလောင်အမည်ဖြင့် စတင်ဝင်ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် တက္ကသိုလ်ဘုန်းမောင် ကလောင်အမည်ကို ခံယူကာ ထင်ရှားသော မဟူရာ ဗိုင်းကင်း (၁၉၈၅) ဘာသာပြန်ဝတ္တုများ၊ လောဘ တစ္ဆေ (2009)၊ လေယျာဉ်တစ္ဆေနှင့် ဝိညာဉ်လောက ဆန်းကြယ်မှု (2010)၊ လီချက် ၊ ဖျံတကာဖျံ၊ ရမ္မက်မီးလျှံ၊   ရင်လှိုက်သည်းဖို ဝတ္ထုတိုများ၊ အကြောင်းကြောင့်အကျိုးဖြစ်၊ ရက်ကလေးတစ်ရက်ဖျက်ပေးပါ (ရွှေရည်လူးတဲ့ ပိတောက်ဦး) သင်္ကြန်ဝတ္တု ၊ ကံ့ကော်သစ္စာနှင့်မြို့သစ်ရဲ့နှုတ်ဆက်လွမ်းချင်း (၂၀၁၁) စသော လုံချင်းဝတ္ထုများ၊ ဝတ္ထုတိုများ အမြောက်အမြား ရေးသားခဲ့သည်။ The Light Art Media စာပေလုပ်ငန်းကို ထူထောင်လျက် ကိုယ်တိုင်ရေးစာအုပ်များ၊ အခြားစာအုပ်စာနယ်များ ပုံနှိပ်ထုတ်ဝေကာ မိသားစုစာပေလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့သည်။  ရပ်ဝေးကျေးလက်ဒေသ၌  စာကြည့်တိုက်များ ထူထောင်နိုင်ရေးအတွက်လည်း ငွေအား၊ ဉာဏ်အားနှင့် ကလောင်အားဖြင့် အထူး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ 







ဘုန်းမောင်သည် စာရေးဆရာမ ဒေါ်စိန်မြိုင် (စောသန္တာထွန်း) နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သား ရဲမင်းထိုက်နှင့် သမီး စောသဉ္ဇာထိုက် တို့နှစ်ယောက်ကို ဖွားမြင်ခဲ့သည်။ ဆရာကြီးသည် ၂၀၁၇ ခုနှစ် အသက် (၇၂) နှစ်တွင် အမှတ် ၄၂/၇၊ သီရိဂုဏ်ရည်ခြံ ဗဟန်းမြို့နယ်၊ ရန်ကုန်ရှိ မိမိအိမ်၌ ကွယ်လွန်သွားရှာသည်။ 

အစိုးရတာဝန်မှ အငြိမ်းစားယူပြီးနောက် ဆရာကြီးသည် နိုင်ငံတကာ ခရီးစဉ်လည်း ထွက်ခဲ့သည်။ ဂျပန်နိုင်ငံ၌ ဆယ်စုနှစ်ခန့် နေထိုင်ကာ နိုင်ငံခြားအတွေးသစ် အမြင်သစ်နှင့် စာအုပ်စာပေများစွာ ရေးသားခဲ့သည်။ ဆရာကြီး၏နောက်ဆုံး လက်ရာမှာ   ရေခဲပြင်အောက်တိုက်ပွဲနှင့် နိုင်ငံတကာစစ်ရေးဗျူဟာများ စာအုပ် ရေးသားခဲ့သည်။ 

ဘဝတစ်လျောက်လုံး ကလောင်နှင့် နိုင်ငံအပေါ် သစ္စာရှိခဲ့သော ရိုဟင်ဂျာ စာရေးဆရာတစ်ဦးဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ စာများရေးသားကာ နိုင်ငံအကျိုး၊ စာပေအကျိုးကို မနားတမ်း သယ်ပိုးထမ်းရွက်ခဲ့လေသည်။ 

  

မြန်မာအလင်းသတင်းစာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အတွက် စာအုပ်စာပေများလှူဒါန်းနေစဉ်|24,3,2005

(လူထုဝဏ္ဏ ရေးသည် )

🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓



Wednesday, December 11, 2019

ရက္ခိုသှ်ျ (သို့) ဘီလူးကျက်စားခဲ့တဲ့ပြည်

ရက္ခိုသှ်ျ (သို့) ဘီလူးကျက်စားခဲ့တဲ့ပြည်



သမိုင်းဦးခေတ်၌ ဘီလူးဆိုသော လူရိုင်းများကို  ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် ရှိနေကြသည်ကို သမိုင်းစာအုပ်များ၌ တွေ့ရှိရသည်။

ထို့အတူ ကိုယ့်ထီးကိုယ့်နန်းနှင့် ဘုန်းမီးနေလဝင်းပြောင်ခဲ့သည့် အာရ်ကာန်ပြည်၏ သမိုင်းဦး တစ်ချိန်က ကျောက်ခေတ်လူ မျိုးဆက်ဟု ယူဆရသော လူရိုင်း ဘီလူးတစ်မျိုး ကျက်စားခဲ့သည်မှာလည်း  ထူးထူးခြားခြား မဟုတ်ပေ။

ဤအကြောင်းကို ပထမဦးဆုံး မှတ်တမ်းတင်ခဲ့သူမှာ အေဒီ (၇) ရာစု အာရပ်ကုန်သည်များ ဖြစ်ကြသည်။ အာရပ်များသည် အာရှတစ်ခွင် ကုန်သွယ်ရေးခရီးထွက်စဉ် အာရ်ကာန်ပြည်ကိုလည်း မကြာခဏ လာရောက်ကြသည်။ သူတို့ မှတ်တမ်းတင်ထားသည့် အာရ်ကာန်ပြည်အကြောင်းအရာမှ လူသားစား ဘီလူးအကြောင်းကို  (၁၆) ရာစုတွင် စာအုပ်ရေးသား ထုတ်ဝေခဲ့ပါသည်။ 

အေဒီ ၆၈၀ ခန့် ကာရ်ဘာလ္လာစစ်ပွဲကြီး (ကူဖာ)တွင် အရေးနိမ့်၍ သေနာပတိ မိုဟာမတ်ဟာနီဖ် နဲ့ ရဲမက်ဗိုလ်ပါတို့သည် အိန္ဒိယဘက်သို့ ထွက်လာခဲ့သည်။ ထို့မှတဆင့် ယနေ့ ရခိုင်ပြည်မြောက်ပိုင်း မောင်းတောမြို့အနီး အာရပ်ရှားရွာတွင် ပြောင်းရွေ့လာခဲ့သည်။ ထိုအချိန်တွင် ကာယာပူရီဆိုတဲ့ ဘီလူးဘုရင်မနှင့် နောက်လိုက် တစ်စုသည် ဒေသခံတို့ကို  လုယက်တိုက်ခိုက် ညှဉ်းပန်းကြသည်။ ထိုအကြောင်းကို မိုဟာမတ်ဟာနီဖ်က သိရှိသွားသော်အခါ ကာယာပူရီ ဘုရင်မကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။  ကာယာပူရီလည်း အိစ္စလာမ်ဘာသာ လက်ခံယုံကြည်လာပြီး မိုဟာမတ်ဟာနီဖ်နှင့် ထိမ်းမြားခဲ့သည်။ ဘာသာမဲ့ လူရိုင်းမျိုးဖြစ်တဲ့ ကာယာပူရီဘုရင်မရဲ့ နောက်လိုက်နောက်ပါတွေလဲ ရှေ့ကနွာလားဖြောင့်ဖြောင့်သွား၊ နောက်နွား…သကဲ့သို့ အိစ္စလာမ်ဘာသာ အရိပ်ကို တစုတဝေးတည်း ခိုဝင်ခဲ့ကြသည်။ လူ့ယဉ်ကျေးမှုနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ထိုစဉ် ကူဝိုက်ရှော့လို့ အမည်ပေးခံထားရသည့် ဤဒေသသည်  အေးချမ်းသွား၍ လူရိုင်းတို့လည်း တဖြည်းဖြည်း ယဉ်ကျေးလိမ္မာလာခဲ့သည်။ မိုဟာမတ်ဟာနီဖ်နဲ့ ကာယာပူရီ တို့ နတ်ရွာစံတဲ့အခါ မယုတောင်တန်းရှိ တောင်ထွတ်နှစ်ခုမှာ မြေချသင်္ဂြိုဟ်ခဲ့သည်။  မိုဟာမတ်ဟာနီဖ်နဲ့ ကာယာပူရီ တို့ကို အစွဲပြု၍ ထိုတောင်ထွတ်နှစ်ခုကို ကာယာပူရီ တောင်ထွတ် [Kayapuri Tonki] နှင့် ဟာနီဖာ့ တောင်ထွတ် [Hanifa Tonki] လို့ ခေါ်ကြပါတယ် လို့ ဖော်ပြထားပါတယ်။ 

အာရ်ကာန်ဘုရင်များနှင့် လူရိုင်းတို့ တိုက်ခိုက်ထိတွေ့မှုကို သမိုင်းစာအုပ်များတွင် တွေ့ရပါသည်။
 တစ်ချို့ပုံပြင်များတွင် `အုလ်ဒါမာနုသှ်ျ´ ဟုလည်းကောင်း၊ တစ်ချို့တွင် ရက္ခိုသှ်ျဟုလည်းကောင်း တွေ့ရပါသည်။ စိုင်းဒေါင် တောင်ပေါ် လူရိုင်းအကြောင်းကလည်း ရိုပုံပြင်များတွင် မကြာခဏ တွေ့ရပါသည်။ 

၁၈၄၇ ခုလောက်က ခရစ်ယာန် သာသနာပြုဆရာတော်ရဲ့ မှတ်တမ်းအရ ရခိုင်ဆိုသည် ရက္ခသျှ (Rakshasas) မှ `ရက္ခိုက်´ `ရက္ခိုင်´ `ရခိုင်´ အဆင့်ဆင့် ဆင်းသက်လာခဲ့သည်။ အဓိပ္ပာယ်က အသားစား လူရိုင်းဖြစ်သည်။ အသားစား လူရိုင်းမှ ဆင်းသက်လာ၍ လူမျိုးကို ရခိုင်လူမျိုး ဟု နာမည်တွင်ခြင်း ဖြစ်သည် စသည်ဖြင့် မှတ်တမ်းများကို တွေ့ရပါတယ်။ ဤကိုးကားချက်ကို ရာဇဝင်လင်္ကာ၌လည်း စပ်ဆိုဖော်ပြထားသည်။

ဤအာရ်ကာန်ဒေသသို့ ရှေးနှစ်ရာစုများစွာက ပြောင်းရွှေ့ဝင်ရောက်လာသူများ နှင့် လူရိုင်းတို့သည် အကြိမ်ကြိမ် တိုက်ခိုက်မှုများဖြစ်ခဲ့ကြောင်း ရိုရာဇဝင်နှင့် ရခိုင်ရာဇဝင်တို့မှာ တစ်ထပ်တည်း ကျနေပါသတည်း။  

  (လူထုဝဏ္ဏ- ရေးသည်။)

ကိုးကား-

၁။ Traditional Cannibalism in Southeast Asia and Beyond 
By Joachim Schliesinger
၂။ The Spread of Islam
By Abu Al Faz
၃။ ရခိုင်ရှေးဟောင်းမြို့တော်များ
ထွန်းရွှေခိုင် (စစ်တွေကောလိပ်)