Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 14, 2021

42 ór Lorhori [Old Rohingya Poetry]




42 ór Lorhori


Hoinna haaçer kuf maári
             Oi-ló jádur lorhori,
Sei Jaadu rey maári felléy 
             Luwár seél maári.

Selór agaát jádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handoón
           Jongol etáy bói.

Niz stánor goór fayli 
             Musoólman oór lorhóry,
Musoólman haça haái
         Góbon góillo apókor faari.

Afokór dhálaát zaái
             Kiwórey dháker baáf oh bhái,
Haázar Haázar Mori zaddéy
              Faánir loót no fai.

Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálaát mazáy felai aisshéy
               Harái no faári.




[English translation of this song]


The girls have been killed by wrath.
Innocent childrens become Helpless.
Childrens killed by a sharp iron rod(sel).

After entom the child  on the sharp rod (sel) the mogh (Rakhine)
started dancing.
Rohingyas are crying around the forest.

Rohingya become more helpless after leaving theirs home of mother's country.
The Afookor valley become much memorable after Rohingyas massacre.

Going to Afookor Valley- hailed as father and brother to others, 
Thousands of people died by thirsty.

Those peoples become very helpless who have old parents,
they flees afookor valley after keep them at that dangerous place.

Thursday, September 2, 2021

ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း

 


ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း


အမဲသားဟင်းကျတော့ စီးပွားရေး အလယ်အလတ် အဆင်ပြေနေတဲ့ မိသားစုတွေအတွက်တော့ တစ်ပတ်တစ်ခါလောက်တော့ စားဖြစ်တယ်။ ပြီးတော့ ရိုးရာဖာတီယားပွဲတွေမှာတော့ အမဲသားကိုပဲ အဓိကထား ချက်ပြုတ်လှူဒါန်းကြတယ်။ ရိုဟင်ဂျာတို့ရဲ့ အသည်းစွဲမုန့်ဖြစ်တဲ့ လူရီဖီရားနဲ့ အစပ်တည့်တဲ့ ဟင်းကောင်း တစ်မျိုးလည်းဖြစ်တယ်။

မဂ်လာဆောင်ပွဲတွေမှာလည်း အမဲသားပဲချက်ကျွေးတာဖြစ်တယ်။ မေလာ စာလောန်ကျတော့ ရိုဟင်ဂျာတွေအကြား အထူးထင်ရှားတယ်။ တစ်ခါ အိမ်မှာ ဧည့်သည်တွေရောက်လာရင်လည်း အသားချက်ကျွေးမှ ဧည့်ဝတ်ကျေသလိုပါပဲ။

ကဲ... ဒီလောက် အရေးပါအရာရောက်တဲ့ ဟင်းတစ်မျိုးကို ရိုဟင်ဂျာနည်းရိုဟင်ဂျာဟန်နဲ့ ဘယ်လိုချက်ကြမလဲ ကြည့်ကြရအောင်-


လိုအပ်တဲ့ပစ္စည်းတွေ

  • အသားစိမ်း
  • ငရုတ်စိမ်း
  • ငရုတ်ခြောက်
  • ဆီ
  • ဆား
  • နနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဖာလာ
  • နံနံရွက်
  • မဆလာ
  • အာလူး
  • ခရမ်းသီး
  • ရေ


ချက်နည်း

ဦးစွာ အမဲသားတွေကို ငယ်ငယ်လေး ပိုင်းဖြတ်ရမယ်။ နှစ်လက်မ နှစ်လက်ခွဲလောက်ပေါ့။ ပြီးတော့ နနွင်း နဲနဲလူးကာ သေချာ ဆေးကြော့ရမယ်။ သုံးကြိမ်လောက်ဆေးရင် ရပြီ။ ဟင်းသီးဟင်းရွက်တွေကိုလည်း လှီးဖြတ်ထား၊ မဆလာ၊ ငရုတ်ကြိတ်စတာတွေပြင်ထားပေါ့။ မီးမွေးပြီးတော့ အိုးလွတ်ကို မီးဖိုမှာ တင်ထားရတယ်။ အိုးကင်းသွားရင် ဆီထည့်ရတယ်။ ဒါကို "ဇူတ္တာ"လို့ ခေါ်တယ်။ ပြီးရင် မဆလာ၊ ငရုတ်ရေ၊ ကြက်သွန်၊ နနွင်း၊ ဂျင်း စတဲ့ဟာတွေကို အသားနဲ့ ရောနှောပြီးတော့ အိုးထဲရတယ်။ ဒီမှာ မဆလာကတော့ စျေးကနေ အသင့်ဝယ်ထားတဲ့ဟာမဟုတ်ဘူး။ အိမ်မှာပဲ ပြုလုပ်ထားတဲ့ မဆလာဖြစ်တယ်။ ပြီးရင် အဖုံးအုပ်ထားပြီးတော့ နာရီဝက်လောက် မီးခံထားရတယ်။ ဒါကို "ဟောချား"လို့ ခေါ်တယ်။ ဟောချားရတဲ့အချိန်က ဆီနဲ့ရေ ရောသွားတဲ့အချိန်၊ ရေမရှိတော့တဲ့အချိန်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရတယ်။ အသားဟင်းတွေဆိုရင် ပိုပြီးတော့ မီးခံထားရတယ်ပေါ့။ ငရုတ်သီးကျတော့ ဆောင်းရာသီမှာ ငရုတ်စိမ်းကြိတ်နဲ့ ထည့်ချက်တာများတယ်။ တခြားရာသီမှာကျတော့ ငရုတ်သီးခြောက်ကြိတ်နဲ့ပေါ့။

အသားတွေကျက်သွားပြီးဆိုရင် အသင့်ပြင်ထားတဲ့ အာလူး၊ ခရမ်းသီး၊ စတဲ့ ဟင်းသီးတွေကို ထည့်ကာ ရေထည့်ပေးရတယ်။ ရေပမာဏကတော့ သားနဲ့ ဟင်းသီးတွေ မပေါ်တပေါ် ဖြစ်အောင်လောက် ထည့်ပေးရတယ်။ ပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက် မီးခံထားရတယ်။ ပြီးရင် ဆားပမာဏ စမ်းသပ်ပြီးတော့ လိုအပ်ရင် နဲနဲ ခတ်ပေးရတယ်။ နံနံရွက်တွေကိုလည်း အစိတ်စိတ် ခတ်ထည့်ပေါ့။ ဟင်းမွေးဟင်းနံ့တွေ တစ်အိမ်လုံး ကြိုင်ကြိုင်လာရင်တော့ စားဖို့အဆင်အသင့် ဖြစ်ပြီးပေါ့။

ဂုစ်တောစာလောန်မှာတော့ အသားသက်သက် ချက်တဲ့ပုံစံလဲ ရှိတယ်။ အခု ဖော်ပြတဲ့ဟင်းကတော့ အမြဲလိုလို ရိုဟင်ဂျာတို့ရဲ့အိမ်တွေမှာ ချက်နေကျ ထင်ရှားတဲ့ဟင်း ဖြစ်ပါတယ်။

ထမင်းနဲ့ တို့စားချင်ရင်စား၊ လူရီဖီရားနဲ့ တို့စားချင်ရင်စား၊ ဓုံဖီရားနဲ့ တို့စားချင်ရင်စားပြီးတော့ ရိုဟင်ဂျာ ဂုစ်တောစာ့လောန်ရဲ့ အရသာမြိန်ကြပေါ့ဗျာ။


- ရိုဟင်လေး