Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label اردو. Show all posts
Showing posts with label اردو. Show all posts

Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48

Monday, August 20, 2018

NOORANI QUAIDA BY a Rohingya Writer



ခေတ်အဆက်ဆက် အဖက်ဖက်မှ ရက်စက်မှုများစွာ ခံစားနေရသော ရိုဟင်ဂျာတို့သည် မိမိတို့ လူမျိုးအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးနေလျက်ရှိသည်။ ယခုဤ စာအုပ်သည်လည်း သာသနာ့စာပေ အခြေခံဖြစ်သော အာရဗီစာပေကို ဌာန်မှန် ကရိုဏ်းမှန် ရွတ်ဆိုနိုင်ရန် ရည်ရွယ်၍ အခြေခံသာသနာ့ မူကြိုကျောင်းများအတွက် ရေးသားထုတ်ဝေခြင်းဖြစ်သည်။ စာရေးဆရာမှာ ဂျမီယာတုလ် အီစ္စလာမီယာ မီယာဂျာန်ပူ ဘာသာရေး တက္ကသိုလ်၊ မောင်တောမြောက်ပိုင်း၊ အာရ်ကာန် မှ ကာရီ မော်လနာ နူရုလ်ဟောက် လာမ်ဘာဂုနား ဖြစ်သည်။
ဤသဒ္ဒာစာအုပ်သည် မူကြိုကျောင်းများအတွက် အလွန်အရေးပါသော စာအုပ်တစ်အုပ်ဖြစ်သည်။ ဆယ်စုနှစ် (၂) လောက်က ရေးသားထုတ်ဝေခဲ့သည်ဟု သိရသည်။ အာရ်ကာန်ပြည်၏ သာသနာ့ မူကြိုကျောင်း အားလုံးနီးပါးတွင် သင်ကြားလျက်ရှိသည်။ အာရ်ကာန်ပြည်သာမက မြန်မာနိုင်ငံ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌လည်း သင်ကြားလျက်ရှိကြောင်း တွေ့ရှိရသည်။

ရိုဟင်ဂျာအမျိုးသားတို့၏ လက်ရာမွန် အမြူတေစ်ခုအဖြစ် မှတ်တမ်းတင်လိုသော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ဖော်ပြပေးခြင်းဖြစ်သည်။

အခြားပြည်တွင်းပြည်ပ ရိုဟင်ဂျာအမျိုးသား စာရေးဆရာများနှင့် စာအုပ်များကိုလည်း ဆက်လက်တင်ပြပေးပါမည်။


Saturday, July 28, 2018

Béçar Sónnat Ballúkkia


Béçar Sónnat Ballúkkia


The_Wolf_in_Sheep-skin 

သိုးရေခြုံသောဝံပုလွေ


Ugguá bálluk e farar hañsar murát berár. Te ekkán merit foijja soolor sam dikké. Ossé aññí zodi samgán berái soolor zak ót gólirde óile sool soroinná fua ye moré forók gorí nofaríbou. Raitya aññí ebbe bódha sool gua mari loizai goi faijjum” bouli hoi báiffe.

A wolf was walking in the countryside. He found a sheep-skin spread on the ground. He thought, "If I wear this skin and get mixed up in the flock, the shepherd will not suspect me. At night, I will kill a stout sheep and then take him away with me". 

ဝံပု​လွေတစ်​​ကောင်​ဟာ ​တောအရပ်​​ကျေးလက်​​ဒေသမှာ သွားလာနေခဲ့တယ်​။ ​မြေ​ပေါ်​မှာ သိုး​အရေခွံတစ်​ခု ကျ​နေတာကို ​တွေ့ခဲ့တယ်​။ သူက " ဒီ​အ​ရေခွံကို ခြုံပြီး သိုးအုပ်​ထဲ ၀င်​​ရောလိုက်​ရင်​ သိုး​ထိန်းက ငါ့ကို သံသယဖြစ်​မှာမဟုတ်​ဘူး။ ည​ရောက်​ရင်​ ၀ဖိုင့်​ဖိုင့်​သိုးတစ်​​ကောင်​ကို သတ်​ပြီး အ​ဝေးသယ်​သွားမယ်​" လို့ ​တွေးလိုက်​တယ်​။ 


Toilé, bálluk e targaat mazé soolor sammán berái óre soolor zak ót góille gói. Tar báfa mozin ode ode óiye. Sool soroinna fua wá yé taré ót gorí noó faáre. Bálluk oré coó dhiñyai loizai soolor açailot gólai duwar gán bongorí féillé. Bálluk e rait ói bollá soiñgorí táikke. 

The wolf covered himself with the sheep-skin and got mixed up with a flock of sheep. As he had expected, the shepherd took him as a sheep and shut him also in the pen. The wolf was waiting for the night. 

ဝံပု​လွေဟာ သူ့ကိုယ်​သူ သိုးအ​ရေခွံကို ခြုံပြီး သိုးအုပ်​ထဲ ၀င်​​ရောလိုက်​တယ်​။ သူ ​မျှော်​လင့်​ထားတဲ့အတိုင်း သိုး​ထိန်းဟာ သိုးအဖြစ်​နဲ့ ​ခေါ်သွားပြီး သူ့ကိုလည်း သိုးခြံထဲ ပိတ်​ထားခဲ့တယ်​။ ၀ံပု​လွေဟာ ည​အချိန်​​ရောက်​လာဖို့ ​စောင့်​​နေခဲ့တယ်​။


Soólor girós é raitta fua bát hár. Soijja fua ugguá diferái óre ugguá sool dorát diyé.  Tar sugót Béça soolor béddoijjé dé bállúk gwa sugót foijjé.  Adá raitta bálluk gwa ré zorgorái hái feillé. 

The shepherd had a feast that night. He sent a servant to fetch a fat sheep. The servant saw the sheep-skin covered wolf by chance. That night, the guests had the wolf for supper. 

သိုး​ထိန်းက အဲ့ညမှာ ​ပျော်​ပွဲရွှင်​ပွဲ စားပွဲ​ကျင်းပတယ်​။ သူဟာ အ​စေခံတစ်​​ယောက်​ကို ​၀ဖိုင့်​ဖိုင့်​ သိုးတစ်​​ကောင်​  သွားဆွဲခိုင်းခဲ့တယ်​။ အ​စေခံဟာ သိုး​အ​ရေခြုံထားတဲ့ ၀ံပု​လွေကို အ​ကြောင်းတိုက်​ဆိုင်​စွာ ​မြင်​ခဲ့တယ်​။ အဲဒီညမှာ ဧည့်​သည်​​တွေဟာ ညလယ်​စာအတွက်​ ၀ံပု​လွေကို စား​သောက်​ခဲ့ကြပါ​တော့တယ်​။ 


Sóbok: Hóraf báfilé Hóraf loi fúra.

MORAL : Evil thoughts have evil ends.

"မ​ကောင်းတာကြံရင်​ မ​ကောင်းတာနဲ့ပဲ အဆုံးသတ်​ရတယ်​။"

#Translated_by_TsT

Friday, December 29, 2017

Tarana e Milli by Allama Iqbal



Tarana e Millat 


Cheen-o-Arab Humara, Hindustan Humara
Muslim Hain Hum, Watan Hai Sara Jahan Humara

China and Arabia are ours; India is ours.
We are Muslims, the whole world is ours.

 Touheed Ki Amanat Seenon Mein Hai Humare
Asan Nahin Nitana Naam-o-Nishan Humara

God’s unity is held in trust in our hearts.
It is not easy to erase our name and sign.

 Dunya Ke Butkadon Mein Pehla Woh Ghar Khuda Ka
Hum Uss Ke Pasban Hain, Woh Pasban Humara

Among the idol temples of the world the first is that house of God;
We are its keepers; it is our keeper.

 Taighon Ke Saye Mein Hum Pal Kar Jawan Huwe Hain
Khanjar Hilal Ka Hai Qoumi Nishan Humara

Brought up in the shadow of the sword, we reached maturity;
The scimitar of the crescent moon is the emblem of our community.

 Maghrib Ki Wadiyon Mein Goonji Azan Humari
Thamta Na Tha Kisi Se Seel-e-Rawan Humara

In the valleys of the west our call to prayer resounded;
Our onward flow was never stemmed by anyone.

Batil Se Dabne Wale Ae Asman Nahin Hum
Sou Baar Kar Chuka Hai Tu Imtihan Humara

We, oh heaven, are not to be suppressed by falsehood!
A hundred times you have tested us.

Ae Gulistan-e-Aundlas ! Woh Din Hain Yaad Tujh Ko
Tha Teri Daliyon Par Jab Ashiyan Humara

Oh garden of Andalusia! Do you remember those days,
When our nest was in your branches?

Ae Mouj-e-Dajla! Tu Bhi Pehchanti Hai Hum Ko
Ab Tak Hai Tera Darya Afsana Khawan Humara

Oh waves of the Tigris! You also recognize us;
Your river still relates our story.

 Ae Arz-e-Pak! Teri Hurmat Pe Kat Mare Hum
Hai Khoon Teri Ragon Mein Ab Tak Rawan Humara

Oh land of purity! We fell and died for your honour;
 Our blood still courses through your veins.

 Salar-e-Karwan Hai Meer-e-Hijaz (S.A.W.) Apna
Iss Naam Se Hai Baqi Aram-e-Jaan Humara

The Lord of Hijaz is the leader of our community;
From this name comes the peace of our soul.

Iqbal Ka Tarana Bang-e-Dra Hai Goya
Hota Hai Jadah Pema Phir Karwan Humara

Iqbal’s song is like the bell of a caravan;
Once more our caravan measures the road.

🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘

Watch and download Here full song!





Tuesday, December 19, 2017

အကောင်းဆုံးလူသားနှင့် အဆိုးဆုံးလူသား


                    အလ္လာဟ်အသျှင်မြတ်သခင်ဟာ အလွန်ပဲကြီးကျယ်မြင့်မြတ်တော်မူသော အသျှင်ဖြစ်ပါတယ်။ အလွန်ပဲ သနားကြင်နာ တော်မူသောအသျှင်ဖြစ်ပါတယ်။
حضرت موسی علیہ السلام نے ایک مرتبہ اللہ تعالی سے پوچھا یا اللہ میری امت کا سب سے بدترین شخص کون سا ھے ؟
တမန်တော်မူစာ(အ)က အလ္လာဟ်အသျှင်မြတ်ကို လျှောက်ထားတော်မူတယ်။ ယား အလ္လာဟ် ကျွန်ုပ်၏
အွမ္မသ်သားများအနက် အဆိုးဆုံးလူက မည်သူနည်း??
اللہ تعالی نے فرمایا کل صبح جو شخص تمھیں سب سے پہلے نظر آئے وہ آپ کی امت کا بد ترین انسان ھے
မနက်ဖြန်မနက်မှာ အရင်ဆုံးတွေ့ရမည့်သူဟာ သင့်အွမ္မသ်ထဲက အဆိုးဆုံးလူပဲလို့ အလ္လာဟ်အသျှင်မြတ်က အမိန့်တော်ရှိတယ်။
حضرت موسی علیہ السلام صبح جیسے ہی گھر سے باہر تشریف لائے ایک شخص اپنے بیٹے کو کندھے پر بٹھائے ھوئے گزرا حضرت موسی علیہ السلام نے دل میں سوچا اچھا تو یہ ھے میری امت کا سب سے برا انسان
မနက်မိုးလင်းတော့ တမန်တော်မူစာ(အ)က မိုးလင်းလင်းချင်း အိမ်အပြင်ကို ထွက်ကြည့်တယ်။
လူတစ်ယောက်ဟာ သူ့ကလေးကို ပခုံးပေါ်တင်ပြီး ဖြတ်လျှောက်သွားတာကိုတွေ့တော့ တမန်တော်မူစာက မှတ်ယူလိုက်တယ် “ဒီလူက အဆိုးဆုံး လူပဲ”ဆိုတာ…။
پھر آپ اللہ تعالی سے مخاطب ھوئے اور کہا یا اللہ ! میری امت کا سب سے اچھا انسان کون سا ھے
တဖန် တမန်တော်မူစာ(အ)က အလ္လာဟ်ထံတော်ပါးမှာ လျှောက်ထားတော်မူတယ်။ ယား အလ္လာဟ် ကျွန်ုပ် အွမ္မသ်သားများတွင် အကောင်းဆုံးသောလူက မည်သူနည်း???
اللہ تعالی نے فرمایا شام کو جو شخص سب سے پہلے آپ سے ملے وہ آپکی امت کا سب سے بہترین انسان ھے
ညနေခင်း အချိန်မှာ အရင်ဆုံးတွေ့တဲ့သူဟာ သင့်အွမ္မသ်ထဲမှာ အကောင်းဆုံးသော လူပဲလို့ မိန့်တော်မူ တယ်။
حضرت موسی علیہ السلام شام کو انتظار کرنے لگے کہ اچانک انکی نظر صبح والے بد ترین انسان پر پڑی یہ وہی شخص جو صبح ملا تھا
တမန်တော်မူစာသည် ညနေခင်းကိုရောက်တော့ မနက်က အဆိုးဆုံးဆိုတဲ့ လူကိုပဲတွေ့ပြန်တယ်။
حضرت موسی علیہ السلام نے اللہ سے کلام کیا یا اللہ یا رب کریم! یہ کیا ماجرہ ھے جو شخص بدترین تھا وہی سب سے بہترین کیسے ھوسکتا ھے ؟
တမန်တော်မူစာက အလ္လာဟ်ထံတော်ပါးတွင် လျှောက်ထားပြန်တယ်။ ယား အလ္လာဟ် ဒါဘာအဖြစ်ပျက်လဲ
မနက်က အဆိုးဆုံးဆိုတဲ့လူကိုပဲတွေ့ပြန်တယ်။
اللہ تعالی نے فرمایا صبح جب یہ شخص اپنے بیٹے کو کندھے پر بٹھائے جنگل کی طرف نکلا تو اس کے بیٹے نے اس سے پوچھا 
အလ္လာဟ်အသျှင်မြတ်က မိန့်တော်မူတယ်။ အိုး မူစာ(အ) သူဟာ မနက်က ကလေးကို ပခုံးပေါ်တင်ရင်း တောထဲကို ရောက်သွားတော့ သူ့သားလေးက သူ့ကိုမေးတယ်။
ابا ،،، کیا اس جنگل سے بڑی کوئی چیز ھے اس نے کہا ہاں بیٹا یہ پہاڑ جنگل سے بھی بڑے ہی
အိုးအပါ… ဒီတောကြီးထက်ကြီးတာရှိ့သေးလား။ အပါကဖြေတယ်။ ဒီတောကြီးထက်ကြီးတာကတော့ တောင်ကြီးပါ။
بیٹا بولا ابا ،،،، ان پہاڑوں سے بھی بڑی کوئی شئے ھے؟ وہ بولا ہاں بیٹا یہ آسمان پہاڑوں سے بھی بہت بڑا بہت وسیع و عریض ھے
သားက ထက်မေးပြန်တယ်။ အိုးအပါ… ဒီတောင်ကြီးထက် ကြီးတဲ့အရာရှိ့သေးလား??? အပါကဖြေတယ် သား တောင်ကြီးထက်ကြီးတာ ကောင်းကင်ကြီးပေါ့။ သူက တောင်ကြီးထက်ကြီးလည်းကြီးသလို
ကျယ်လည်းကျယ်တယ်…သားရယ်။
بیٹے نے کہا ابا ! اس آسمان سے بڑی بھی کوئی چیز ھے؟ باپ نے ایک سرد آہ بھری اور دکھ بھری اواز میں بولا ہاں بیٹا اس آسمان سے بھی بڑے تیرے باپ کے گناہ ہیں
သားလေးက ထက်မေးပြန်တယ်။ အပါ… ဒီကောင်းကင်ကြီး ထက်ကြီးတာရှိ့သေးလား???
အပါက အလွန်နာကျဉ်ဝမ်းနည်းပြီး ခံစားချက်အပြည့်နဲ့ဖြေလိုက်တယ်။ ဒီကောင်းကင်ကြီး ထက် ကြီးတာကတော့ အပါရဲ့အပြစ် ဂုနဟ်တွေပါပဲ။
بیٹے نے کہا ابا ! تیرے گناہ سے بڑی بھی کوئی چیز ھے؟ باپ کے چہرے پر ایک چمک سی اگئی اور بولا ہاں بیٹا تیرے باپ کے گناھوں سے بہت بہت بڑی میرے رب کی رحمت اور اسکی مغفرت ھے
သားလေးက ထက်မေးပြန်တယ်။ အိုး အပါ--- အပါ့ဂုနဟ်ထက်ကြီးတာရှိ့သေးလား???
အပါ မျက်နှာမှာ အလင်းရောင်တစ်ခုရောက်လာတယ်။ သားကိုဖြေတယ်။ ဟုတ်တယ်သား… အပါအပြစ်တွေထက်ကြီးမားတဲ့ အရာကတော့ အလ္လာဟ်ရဲ့ ကရုဏာတော်တွေနှင့် မဂ်ဖိရသ်တွေပဲဖြစ်တယ်။
اللہ رب العزت نے فرمایا اے موسی ! مجھے اس شخص کا اعتراف گناہ اور ندامت اس قدر پسند آیا کہ میں نے اس بدترین شخص کو تیری امت کا بہترین انسان بنا دیا میں نے اسکے تمام گناہ ناصرف معاف کر دئیے بلکہ گناھوں کو نیکیوں سے بدل دیا ۔۔۔۔۔
အလ္လာဟ်အသျှင်မြတ်က တမန်တော်မူစာကို အမိန့်ရှိ့တယ်။ ငါအလ္လာဟ်အသျှင်မြတ်က သူ့ကို ဂုနဟ်ကို ဂုနဟ်မှန်းသိပြီး ရှက်ကြောက်တဲ့အတွက် နှစ်သက်ရုံတွင်မကဘူး သင့်အွမ္မသ်ရဲ့ အဆိုးဆုံးလူကို
အကောင်းဆုံးလူအဖြစ်ပြုလုပ်ပြီး တကာလ သူ့ရဲ့ မကောင်းမူတွေကို မအ်ဖ် လုပ်ရုံတင်မဟုတ်ပဲ
ဂုနဟ်တွေကို ကောင်းမှုအဖြစ်ပြောင်းလိုက်တယ်

سبق اپنے رب کے سامنے رونا اور اعتراف گناہ کرنا -عاجزی سے اسکے سامنے خود کو جھکا دینا بہت 
بڑا عمل ھے
ဒီဖြစ်စဉ်က ဘာသင်္ခန်းစာပေးလဲဆိုရင် အလ္လာဟ်ထံမှာငိုခြင်း၊ ဂုနဟ်ကိုဂုနဟ်မှန်းသိခြင်း၊
အလ္လာဟ်ထံတော်ပါးမှာ ဦးညွှန့်ခြင်းဟာ အကြီးမားဆုံးသောလုပ်ရပ်တစ်ခုဖြစ်တယ်ဆိုတာ သိရပါတယ်။

ယား အလ္လာဟ် ကျနော်မျိုးတို့ကိုလည်း ဂုနဟ်ကို ဂုနဟ်မှန်းသိပြီး သောင်ဝ်ဗဟ်လုပ်နိုင်စွမ်း ချီးမြှင့်တော်မူပါ။ (အာမီးန်)

❄လေးစားလျှက်❄
✒မော်လဝီမုဟမ္မဒ်အစ္စမာအီးလ်ဥက္ကံ

Sunday, October 1, 2017

ဘဟားဒူရ်ရှား ဇားဖော်ရ်၏ နောက်ဆုံးရက်များ.Pdf

غازیوں میں بو رھےگی جب تک ایمان کی”

“تخت لندن تک چلےگی تیغ ھندوستان کی

အသံထွက်-

[ Ghaziyoñ meñ bū rahegī jab tak imān kī

tab to [takht] Landan tak chalegī tegh Hindostān kī]


As long as there remains the scent of faith in the hearts of our Ghazis, so long shall the Talwar of Hindustan flash before the throne of London.
-Emperor Bahadur Shah Zafor
အဓိပ္ပာယ်-
သူရဲကောင်းတို့၏ နှလုံးသားတွင် အီမာန်ယုံကြည်မှု၏    အနံ့အသက် ရှိနေသရွေ့၊
လန်ဒန် နန်းတော် ရှေ့တော်သို့တိုင် ဟိန္ဒူစ္စတန်၏ ခုခံကာကွယ်မှု ရှိနေလိမ့်မည်။

-ဧကရာဇ်ဘုရင် ဗဟားဒူးရှား ဇာဖော်ရ်


မဂိုမင်းဆက်၏ နောက်ဆုံး ဧကရာဇ် ဘုရင်၊ ဒုတိယ အက္ကဘာရဲ့  သားတော် ဘဟားဒူးရှား ဇာဖော်ရ် ရှား [၁၈၃၇-၁၈၅၇] ၏ ဗမာပြည်၌ ကုန်ဆုံးစေခဲ့သော နောက်ဆုံးရက်များ စာအုပ် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။ မူရင်းစာအုပ်ကို ပြန်လည်ကူယူးရာတွင် အချို့ အူရ်ဒူ လင်္ကာများ ကူးယူရန် အခက်အခဲဖြစ်နေသဖြင့် စာရိုက်သူသည် ယင်းတို့ကို ချန်ထားခဲ့သည်။ ဘုရင် ဗဟာဒူးရှား ဇာဖော်သည် ၁၇၇၅ ခခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ဒေလီမြို့၊ မဂိုအင်ပါယာ၌ ဖွားမြင်ခဲ့ပြီး ၁၈၆၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက် (သက်တော် ၈၇နှစ်) တွင် ရန်ကုန်မြို့၊ ဗြိတိသျှ-ဗမာပြည်၌ နတ်ရွာစံခဲ့လေသည်။ ရွှေတိဂုံခြေရင်း၌ သင်ဂြိုဟ်ခဲ့သည်။

DOWNLOAD PDF


ရွှေတိဂုံ ခြေရင်းရှိ ဗဟားဒူး ရှား၏ ဂူဗိမာန်
ဘုရင်ကြီး ဗဟားဒူးရှား ဇာဖား လဲလျောင်းနေရာ ဂူ


ဗမာပြည်သို့ ခေါ်ဆောင်လာခဲ့သော ဗဟားဒူးရှား ဇာဖား၏ မိဖုရား





Sunday, September 24, 2017

ကျမ်းတော်မြတ်ကုရ်အာန်၏ သင်မသိသော အရေအတွက်အချို့


ကျမ်းတော်မြတ်ကုရ်အာန်၏ အံ့ဖွယ်များသည် မရေမတွက်နိုင်လောက်အောင်ရှိသည်။  အရေအတွက်အချို့ကို အောက်တွင်ဖော်ပြထားပါသည်။ မှတ်သား အသိပညာ ပွားကြပါ။ ကိုယ်တိုင်လေ့လာကြပါ။ ကုရ်အာန် ကျမ်းတော်မြတ်ကို ကိုယ်နှင့်မကွာ ဆောင်ထားပါ။ အချိန်မရွေး ဖတ်ရှူကြပါ။

အခန်း            سپارے....................30
စဂျီဒါဟ်          سجدے...................14
မောဏ်ဇီလ်       منزل........................7
ကဏ္ဍ            سورتیں..................114
မက္ကီး ကဏ္ဍ      سورتیں مکی..........86
မဒ်နီ ကဏ္ဍ      سورتیں مدنی.........28
ရူကူအ်           رکوع....................540
အာယာတ်       آیات ....................6666
စာလုံး           حروف.................323760
ဇဘောရ်         زبر .......................53243
ဇေရ်             زیر......................53243
ဖံခ်ျ              پیش............... ... ... 8804
မဒ်              مد......................1771
ရှ့ဒ်             شد......................1243
နုခ်သာ့          نقطے..................105681

۞۞۞۞۞۞۞۞۞۞۞

‘အလိဖ်’ အက္ခရာ               الف 48872
‘ဘာ’ အက္ခရာ                      ب 11228
‘သာ’ အက္ခရာ                        ت 1199
‘စား’ အက္ခရာ                        ث 1276
‘ဂျီမ်’ အက္ခရာ                         ج 3273
‘ဟ’ အက္ခရာ                            ح 973
‘ခေါ့’ အက္ခရာ                         خ 2416
‘ဒါလ်’ အက္ခရာ                         د 5642
‘ဇာ့လ်’ အက္ခရာ                       ذ 4697
‘ရာ’ အက္ခရာ                         ر 11793
‘ဇာ့’ အက္ခရာ                            ز 1590
‘ဆီးဏ်’ အက္ခရာ                   س 5891
‘ရှီးဏ်’ အက္ခရာ                     ش 2253
‘ဆွာသ်’ အက္ခရာ                   ص 2013
‘ဒွါသ်’ အက္ခရာ                     ض 1607
‘တွာ’ အက္ခရာ                        ط 1274
‘ဇွာ့’ အက္ခရာ                            ظ 842
‘အိုက်ဏ်’ အက္ခရာ               ع 92200
‘ဂိုက်ဏ်'                                 غ 2208
‘ဖား’ အက္ခရာ                         ف 8499
‘ကွာဖ်’ အက္ခရာ                       ق 6813
‘ကာဖ်’ အက္ခရာ                     ک 9522
‘လာမ်’ အက္ခရာ                       ل 3432
‘မီမ်’ အက္ခရာ                         م 26535
‘နူဏ်’ အက္ခရာ                      ن 26560
‘ဝါ’ အက္ခရာ                            و 2556
‘ဟ-ရစ်’ အက္ခရာ                     ھ 1907
‘လာ’ အက္ခရာတွဲ                     لا 3720
‘ဟာမ်ဇာငယ်’ အက္ခရာ            ء 4115
‘ယာ’ အက္ခရာ                       ی 25919

۞۞۞۞۞۞۞

Thursday, November 26, 2015

ميري بيٹي شيركي طرح دنياسے رخصت هوئ


- See more at: http://www.thenewstribe.com/urdu/2015/11/25/537563#sthash.x9v8C7Cw.dpuf