၁၉၆၁ ခုနှစ် နိုင်ငံမဲ့ဖြစ်မှုလျော့ချရေးဆိုင်ရာ ကွန်ဗင်းရှင်း စာအုပ်
Thursday, November 6, 2025
Sunday, March 24, 2024
ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..
စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ
ရေးသူ- လူထုဝဏ္ဏ
ဘာသာစကား- မြန်မာ
ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄
ဆိုက်- 7 MB
* Pcloud Link
— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
* Website Link
— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
*Scribd Link
— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
Muhibullah by Kuwaiccorjja Bai on Scribd
Thursday, December 14, 2023
သမိုင်းသုတေသီ ဆရာအာမာန်
သမိုင်းသုတေသီ ဆရာအာမာန်
ဆရာအာမာန်၏ အမည်ရင်းမှာ အာမာန်အုလ္လာဖြစ်သည်။ အာမာန်အုလ္လာကို ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ သူသည် ကွယ်လွန်သူ မိုဟာမတ်ရှဖီးနှင့် ကွယ်လွန်သူ ဖရိဇာမာန်ခါတုန် တို့၏ တတိယမြောက်သားဖြစ်သည်။
အစောပိုင်းတွင် မောင်တောမြို့ အစိုးရအထက်တန်းကျောင်းနှင့် ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၆၉ ခုနှစ်တွင် ရန်ကုန်ဆရာများသင်တန်းကျောင်း (RTTI) တွင် ၂ နှစ် သင်တန်းဆင်းလက်မှတ်ရခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ပြင်ပကျောင်းသားအဖြစ် ၁၉၇၇ ခုနှစ်တွင် ဘီေအဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာ (ဒီပလိုမာ) ကို ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ Higher-Grade Pleader's Examination (HGP) ကိုလည်း အောင်မြင်ခဲ့သည်။
ဆရာအာမာန်အုလ္လာသည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အစိုးရ အလယ်တန်းကျောင်း ၄ ကျောင်းတွင် မူလတန်းပြဆရာ (P.A.T) မှ အထက်တန်းပြဆရာ (S.A.T) အထိ ရာထူးအဆင့်ဆင့်ဖြင့် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကြောင့် ၁၉၈၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ရိုဟင်ဂျာ တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဆရာသည် မိမိလူမျိုးနှင့် တိုင်းပြည်ငိမ်းချမ်းရေးအတွက် လှုပ်ရှားမှု ကဏ္ဍအမျိုးမျိုးတွင် တက်ကြွပါဝင်ခဲ့သည်။ အချို့အတွက် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အာရကန်ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး (ARNO) ၏ အထွေထွေအတွင်းရေးမှူး အဖြစ် နှစ်ကာလအချို့ တာဝန်ယူခဲ့သည်။ ARNO သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာအဖွဲ့အစည်းများ ပေါင်းစည်းပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆရာသည် ၂၀--၌ တည်ထောင်ခဲ့သော အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့ (ARNA)၏ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဆရာအာမာန်အုလ္လာသည် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့်ပတ်သက်သော သမိုင်း၊ နိုင်ငံရေး၊ တရားစီရင်ရေးစနစ်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ဆရာ၏ ဆောင်းပါးအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများနှင့် နိုင်ငံတကာ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခြင်းခံရသည်။ ဆရာ The Citizenship Issue of Rohingya and Myanmar's Policy of Denationalization (၂၀၂၃)နှင့် A History of Rohingyas to 1948(၂၀၂၄) ဟူ၍ အရေးပါသော သမိုင်းစာအုပ် ၂ အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ သူ၏ ဆောင်းပါးအများစုကို ၎င်း၏ အင်တာနက်ဝဘ်ဆိုက် www.masteramanullah.com တွင် ဝင်ရောက်လေ့လာဖတ်ရှူနိုင်သည်။
ပြုစုရေးသား- လူထုဝဏ္ဏ
Sunday, November 19, 2023
မာလ်ကာဘာနူ နှင့် မောနူမျာ အချစ်ဇာတ်လမ်း
မာလ်ကာဘာနူ နှင့် မောနူမျာ အချစ်ဇာတ်လမ်း
ကမ္ဘာ့အရပ်ရပ်တွင် လူမျိုးတိုင်းလိုလို၌ ထင်ရှားကျော်ကြားသော အချစ်ဇာတ်လမ်းများရှိသည်။ ဥပမာအားဖြင့် တင်ပြရလျှင်—
၁) နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာ၊
၂) ရိုမီယိုနှင့် ဂျူးလီယတ်
၃) လိုက်လာနှင့် မောဂျူနူန်
၄) ချေရီနှင့် ဖောရာဟာဒ်
၅) ဆလိမ််နှင့် အာနာရ်ကလီ
စသည်ဖြင့် ရှိခဲ့သည်။
ရခိုင်ဘင်္ဂလားနယ်တွင်လည်း ဒါလီယာနှင့်အာမီနာ၊ မာလ်ကာဘာနူနှင့် မော်နူမျာဟူ၍ ထင်ရှားသော အချစ်ဇာတ်လမ်းရှိခဲ့သည်။
သမိုင်းနောက်ခံ ၁၇ ရာစုအလယ်တွင် မဂိုမင်းသား ရှားချူးဇား သည် ဘင်္ဂလာနယ်ကို အုပ်ချုပ်လျက်ရှိခဲ့သည်။ သူ၏ စစ်သေနာပတိမှာ ရှေရ်မူစ်တကာဖြစ်ပြီး စစ်သားတစ်ထောင်ကို ကြီးကြပ်အုပ်ချုပ်ရသည်။ ၎င်းတွင် တစ်ဦးတည်းသောသား ဂျောဘောလ်မူစ်တကာ (ခ) ဂျောဘောလ်တောခါန် (ခ) မော်နူမျာ တစ်ယောက်ထွန်းကားခဲ့သည်။
ရှေရ်မူစ်တကာသည် ကောစ်ဘဇားနယ်မှ အာနူဝါရာခရိုင်ကို အပိုင်စားရ၍ အုပ်ချုပ်ခဲ့သည်။ ရှေရ်မူစ်တကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူမော်နူမျာက အဖ၏ အရိုက်အရာကို ဆက်ခံသည်။ မော်နူမျာလက်အောက်၌ လယ်ပိုင်ရှင်ငယ်များရှိခဲ့ပြီး မော်နူမျာအား လယ်ခွန်၊မြေခွန်များ ဆက်သရသည်။
အချစ်ဇာတ်လမ်း လွန်ခဲ့သောနှစ် (၃၅၀)ခန့်က ပေါ်ထွန်းခဲ့သည့် မာလ်ကာဘာနူ နှင့် မော်နူမျာ အချစ်ဇာတ်လမ်း အကြောင်းသည် ရိုဟင်ဂျာ လူထုအကြားတွင်လည်း ထင်ရှားစွာရှိခဲ့သည်မို့ ပြန်လည်ရှင်သန်ရန် တင်ပြခြင်းသာဖြစ်ပါသည်။
ရှေရ်မူစ်တာကာ (မဂိုရှားချူးဇာဘုရင်၏ ဘင်္ဂလားစစ်သေနာပတိ) ၁၇ ရာစုအလယ်လောက်တွင် ရှားချူးဇားသည် တြိပူရနှင့် ဘင်္ဂလားနယ်ကို အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ရှေရ်မူစ်တာကာသည် သူ့လက်အောက်၌ စစ်သေနာပတိဖြစ်ခဲ့ပြီး စစ်သားတစ်ထောင်ကို ဦးစီးကွပ်ကဲရသူဖြစ်သည်။ သူသည် စစ်တကောင်တိုင်းရှိ စကောရီယာ၊ အာနိုဝါရာ၊ ဘာရ်ှကာလီနှင့် စသော မြောက်စွာသောနယ်များကို ပိုင်ဆိုင်ခဲ့သည်။ သူ့လက်အောက်၌ လယ်ပိုင်ရှင်မြောက်မြားစွာရှိခဲ့ပြီး သူ့အားလယ်ခွန် မြေခွန်ဆက်သရသည်။
ခရစ်သက္ကရာဇ် ၁၇၀၇ခု နှစ်တွင် ဘင်္ဂလားနယ်သည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ လက်အောက်သို့ ရောက်ရှိခဲ့သည်။ ယင်းမတိုင်မီကပင် ရှေရ်မူစ်တာကာသည် ရခိုင်ဘုရင်လက်အောက်ရှိ သမုဒ္ဒရာရေပိုင်နက်၊ တောတောင်များ၊ လာလ်ရှော်ဘုစ်တီလာ၊ ဒိယန်ရာဇ်စသည့် သက်ပိုင်နယ်ကို ပိုင်စိုးပြီး မြိုလူမျိုးတို့၏ဘုရင်တဆူအဖြစ် ရပ်တည်ခဲ့သည်။
နောင်တွင် ရှေရ်မူစ်တကာသည် အာနူဝါရာနယ် ရှောလ်ကာတာရွာကို အခြေပြု၍ နေထိုင်ခဲ့သည်။
ရှေရ်မူစ်တကာ၏သား/သမီးများမှာ
၁) ဂျော်ဘောလ်တောခါန်(ခ)မော်နူမျာ
၂) ဘူရာဘီဘီ ဆော်ဒေါရာနီ
၃) ကာလာဘီဘီ ဆော်ဒေါရာနီတို့ဖြစ်ကြသည်။
မော်နူမျာသည် သူ၏ ဖခင် ရှေရ်မူစ်တာကာ ကွယ်လွန်ပြီးနောက် ဖခင်ပိုင်ဆိုင်ခဲ့သော လယ်မြေများ၊ ပိုင်ဆိုင်မှုအဝဝကို ကြီးကြပ်ရသည်။
မောနူမျာသည် အဖရိုက်အရာကို ဆက်ခံအုပ်ချုပ်ရာ၌ မကယ်သူတဦးက မဟုတ် ဘခင်ထက်ပင် သာလွန်သူတစ်ဦးဖြစ်သည်။
မော်နူမျာ၏ အိမ်တော်ခြံ၏ အရှေ့အနောက် တံခါးပေါက်ကို ခိုင်ခန့်စွာတည်ဆောက်ထားသည်။ တံခါးဝအသီးသီးတွင် ကြီးမားသော အမြောက်တစ်ခုစီကို တပ်ဆင်ထားသည်။ အမြောက်တစ်ခု၏ အလေးချိန်မှာ ၂၇မောင်းရှိသည်။ ယခုအခါ ယင်းအမြောက်များကို စစ်တကောင်း ရေတပ်ဌာချုပ်တွင် တွေ့ရှိနိုင်သည်။ အမြောက်များကို ပေါ်တူဂီ ပင်လယ်ဓားပြများရန်မှ ကာကွယ်ရန် တပ်ဆင်ထားခြင်းဖြစ်သည်။
မောနူမျာသည် သူ၏အိမ်တော်၏မနီးမဝေး အနောက်တောင်ဖက်တွင် ဗလီကြီးတစ်လုံးကို တည်ဆောက်ထားခဲ့သည်။
ယင်းနှင့်မနီးမဝေးတွင် ကန်ကြီးတခုကိုလည်း တူးဖော်ထားခဲ့သည်။ ယင်းတို့ကို ယခုတိုင် မောနူမျာဗလီနှင့်မောနူမျာကန်တော်ဟုခေါ်ကြသည်။
မာလ်ကာဘာနူ။
မာလ်ကာဘာနူသည် စစ်တကောင်းဒေသ ဘာရ်ှခါလီ၊ ရှောရောလာနယ်တွင် နေထိုင်သည်။ သူမ၏ဖခင်မှာ အာမိရ်မူဟာမတ်ဖြစ်သည်။ သူသည်ချမ်းသာသော ကုန်သည်တဦးဖြစ်ပါသည်။
မာလ်ကာဘာနူတွင် ညီ (၆)ယောက်ရှိခဲ့သည်။ မာလ်ကာဘာနူသည် အလွန်ချောမော လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ဘာသာရေးပညာရပ်ကို ရွာရှိ အာရဗီကျောင်းတွင် သင်ကြားခဲ့သည်။
မော်နူမျာသည် မိမိ၏လယ်မြေကိစ္စနှင့် ပတ်သက်၍ နယ်လည့်သွားလေ့ရှိသည်။ တနေ့သောအခါ သူသည်သူ့၏ နောက်လိုက်နောက်ပါများနှင့် မောလ်ကာဘာနူတို့ ရွာ ဘာရ်ှခါလီ ရှောရာလာရွာသို့သွားရာ မောပန်းသဖြင့် ယင်းနယ်၌ တစ်ညအိပ်ခဲ့သည်။ ဤတွင် ကျောင်းသူမလေး မာလ်ကာဘူနူကို တွေ့သွားရာ သဘောကျချစ်ကြိုက်မိလေတော့၏။
ဤသို့ဖြင့် မကြာခဏဆိုသလို မော်နူမျာသည် မာလ်ကာဘာနူတို့ ရွာသို့ ရောက်သွားလေ့ရှိ၏။ စိတ်တွင်ပရိဒေဝ မီးကထလောင်တော့သဖြင့် အတောမသတ်နိုင်ဖြစ်၍ မာလ်ကာဘာနူကိုစာသင်ပြသော ကာဇီ(ခ)မော်လဝီမှတဆင့် ဖခင် အာမိရ်မူဟာမတ်ထံမှ မာလ်ကာဘာနူကိုတောင်းဆိုမှုပြုလေသည်။
အာမိရ်မူဟာမတ်မှ သဘောတူလက်ခံသော်လည်း မာလ်ကာဘာနူမာ သဘောမတူပါ။ အကြောင်းမူကား မောလ်ကာဘာနူ၏ရွာနှင့် မော်နူမျာတို့ ရွာကြားတွင် ရှောင်ခေါ်မြစ်ခံထားသည်ဖြစ်ရာ မြစ်ကြောင်းဖြင့်သူမအနေဖြင့် ယောက္ခမအိမ်သို့မသွားလိုပါ။ သူမသည် သမ္ဗာန်ဖြင့်ခရီးပေါက်ရမည့်ကိုကြောက်တတ်သည်။ ထိုကြောင့် သူမက မော်နူမျာအား ရှောင်ခေါ်မြစ်ပေါ်၌ တာဖို့ပေးရန်တောင်းဆိုမှုပြုခဲ့သည်။
အချစ်၏ဇောကြောင့် မော်နူမျာသည် တောင်းဆိုမှုကို ချက်ချင်းဆိုသလို လက်ခံလိုက်လေသည်။
ရှောင်ခေါ်မြစ်ပေါ်တွင် တာဖို့ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ သိပ်မကြာခင် တာဖို့မှုပြီးစီးခဲ့သည်။ *ရှောင်ခေါ်မြစ်သည် ကောစ်ဘဇားလမ်းခွဲ လိင့်လမ်းအတိုင်းအရှေ့ဘက်သို့ တစ်မိုင်ခန့် ခရီးအကွာတွင်ရှိသည့် တံတားကြီးနားတွင် ရှိသည်။ ယင်းမြစ်သည် အာနူဝါရာနှင့် ဘာရ်ှခါလီကြား ဖြတ်စီးသောမြစ်ဖြစ်သည်*။
တာဖို့ပြီးသောအခါ မာလ်ကာဘာနူနှင့်မော်နူမျာတို့၏ မင်္ဂလာပွဲက စတင်ခဲ့လေသည်။ မင်္ဂလာပွဲအကျွေးအမွေးနှင့် အဆိုအက ၊အတီးအမှုတ်၊ပွဲလမ်း၊သဘင်သည် တလတိတိ အချိန်ကြာညောင်းခဲ့သည်။ အနယ်နယ်အရပ်ရပ်မှသဘင်သည်၊ ဂီတပညာရှင်များမှလာရောက်ဖြေဖျော်ခဲ့သည်။ ပွဲသည် ခြိမ့်ခြိမ့်သဲ စည်ကားခဲ့သည်။ ယင်းပွဲတွင်သီဆိုခဲ့သော ထင်ရှားသည့်သီချင်း (ရိုလို ခေါံလာ) တပုဒ်မှာ
မောလ်ကာ ဘာနူ ဒေရှ့်ရေ ဗျီယာရ် ဗိုက်ဒေါ အလ္လာ ဘာဂျေရေ၊
မောလ်ကာဘာနူ ရှာတ္တေ ..ဗိုက်..
အိုဗိုက်...မော်နူမျာရ် ကီဟိုနိုက်...
မောလ်ကာ ဘာနူ ဗျာ ဟိုယ်ဘို
မော်နူမျာ ရှာတ် တေရေ။
မာလ်ကာဘာသည် မောနူများ၏ ဒုတိယမြောက်မယား ဖြစ်သည်။ သူမတွင် သား/သမီး တစ်စုံတစ်ဦး မထွန်းကားခဲ့ချေ။ မာလ်ကာဘာနူသည် မောနူမျာထံတွင်မပျော်။ သို့ကြောင့် မောနူမျာထံအကြာမနေတော့ မိဘရှိရာ ဘာရ်ှကာလီသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
မောလ်ကာဘာနူ၏ ဖခင် အာမိရ်မူဟာမတ်သည် သူမအတွက် ဗလီကြီးတလုံးတည်ဆောက်ပေးခဲ့ပြီး မနီးမဝေးတွင် ကန်ကြီးတခု တူးဖော်ပေးခဲ့သည်။
ယင်းတို့ကို ယခုတိုင် မောလ်ကာဘာနူ ဒီဂီ(ကန်တော်ကြီး)နှင့် မောလ်ကာဘာနူဗလီဟုခေါ်ထွင်ကြသည်။ မာလ်ကာဘာနူ ဂူသင်္ချိုင်းသည် မာလ်ကာဘယနူ ဗလီကြီး၏ အနီးတွင်တည်ရှိသည်။ မော်နူမျာဂူသင်္ချိုင်းသည် ရွာသင်္ချိုင်းအလယ်အပင်ကြီးတပင်တွင်ရှိနေသည်။
ကိုးကားပြုစုသူ
မင်းဝန်ဇော်
Saturday, August 13, 2022
သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား
သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား
----------------------------------------
သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်တွေကိုသာ ရည်ညွှန်းကြောင်း ဖရန်စစ်ဘူချာနန်ရဲ့ သမိုင်းစာအုပ်ကို ကိုးကားပြီးတော့ တစ်မျက်နှာစာလောက် ကူးယူဖော်ပြခဲ့တာ FB ပို့စ်တစ်ခုမှာ ဖတ်ဖူးတယ်။ ပုံ-၁ ကို ရှူပါ။
- ထုံးစံအတိုင်း ကော်မန့်တွေမှာ သမိုင်းလေ့လာသူ ရိုဟင်ဂျာတွေနဲ့ အပြန်အလှန် ထိပ်တိုက်တွေ့တာတော့ ရှိတယ်။ ကော်မန့်ရှင် တစ်ယောက်က ဆရာကြီးကို ယုံကြည်တဲ့အနေနဲ့ ရိုးရိုးသားသား မေးမြန်းလိုက်တယ်။ "ဆရာကြီးရဲ့ သုံးသပ်ချက် တင်ပေးရင် ကောင်းပါမယ်" တဲ့။ ပုံ-၂ ကို ရှူပါ။
- ဒီတော့ ဆရာကြီးလည်း အခွင့်သာသွားပြီပေါ့။ လေးလေးစားစား မေးတဲ့သူကို မှိုင်းတွေဂျင်းတွေ ခံတွင်းလိုက် ကျွေးပေးပြီပေါ့။ ဘယ်လို ဖြေသွားလဲသိလား။ " ရှင်းပါတယ်တဲ့။ ရခိုင်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတယ်။ ၁၇၈၄ နောက်ပိုင်း ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ ရခိုင်တွေကို မောက် လို့ ခေါ်ကြတယ်။ ဒါကြောင့် ရို ဆိုတာ ရခိုင်ကိုခေါ်တာ။ သူတို့တွေကိုကတော့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်" လို့ ဆရာကြီးက သုံးသပ်ပြတယ်။ ပုံ-၂ ကို ရှူပါ။
- ကဲ့… ဒီသုံးသပ်ချက်ကို ဆန်းစစ်ကြည့်ချင်တော့ မူရင်းသမိုင်းကို သွားကုပ်ရတာပေါ့။
"All the way from Chanpour to Barratulla we have had low hills between us and the Sea: but now there is nothing in that direction except plains, these in some places however are covered with Woods. Various parts of the Hills in this neighbourhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng or Rung, for by all these names is Arakan called by the Bengalese." These people left their country on its conquest by the Burmas, and subsist by fishing, Boat building, a little cultivation, and by the Cloth made by their Women. They also build houses for the Mohammedan refugees, of whom many came from Arakan on the same occasion, and settling among men of their own Sect, are now much better off than their former Masters. A Bengalese Mohammedan would consider himself as polluted by living in a House built by Mug. The Natives of Arakan pay no rent for their Lands, as every three years they remove and clear away some new Spot overgrown with Wood. [T]hey pay to the Zemeendars a consideration for the ground occupied by their houses, in the same manner as the fishermen do. In the Hills between my route and the Sea there live no Joomea Mugs: but they are much frequented by Wild Elephants, on account of the fruit of the Chalta (Dillennia Indica) which these beasts eat very greedily.
Francis Buchanan In Southeast Bengal (1798) | Pages-31-32
မူရင်းအင်္ဂလိပ်စာကို ဖတ်ကြည့်တဲ့အခါ အာရကန်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတာတော့ ဟုတ်တယ်။
အာရကန်ပြည်ကို ဗမာတွေက သိမ်းပိုက်တဲ့နောက်ပိုင်း မောက် (ရခိုင်)တွေ ထွက်ပြေးလာတာလည်း တွေ့ရတယ်။ ရခိုင်တွေကို မောက် ခေါ်တာလည်း ပါတယ်။ ဒါပေမဲ့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်လို့ ဆရာကြီးရဲ့အဆိုပြုချက်ကတော့ လုံးဝ မရိုးသားဘူး။ အဲဒီမူရင်းမှာ Mohammedan လို့သာ ကွဲကွဲပြားပြား ရေးသားထားတာ ဖြစ်တယ်။
နောက်တစ်ချက်က အာရကန်ပြည်ကို Roang (ရိုဟင်း) ခေါ်တယ်။ ရခိုင်ကို မောက် ခေါ်ကြတယ် လို့ အတိအလင်းပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်မှာ ကျတော့ ပဟေဠိဆန်သွားတယ်။ ရခိုင်က မောက် မဖြစ်ဘဲ ရိုဟင်ဂျာ ဘယ်လိုဖြစ်သွားတာလဲ။ အံ့စရာနော်။ (ဒေသစွဲနာမည်အဖြစ်ကောက်ရင် အာရကန်ပြည်သူတွေကို ရိုဟင်ဂျာ ခေါ်တာလို့ သုံးသပ်ရင်တောင် ယုတ္တိတန်သေးတယ်။ မှတ်တမ်းတွေအရဆိုရင် ရခိုင်ကို မောက် လို့ပဲ မှတ်တမ်းတွေ့ရတာ။ *ရိုဟင်ဂျာ ဟာ မွတ်စလင်တွေဖြစ်ကြောင်း တခြားသမိုင်းမှတ်တမ်းတွေ တပုံကြီးရှိတယ်။)
သမိုင်းဆရာကြီးလဲ အသက်နည်းနည်း ကြီးလာတော့ မေ့သွားတတ်တာလားတော့ မသိဘူး။ အဲဒီမူရင်းမှာ ရိုဟင်ဂျာ ရှာတော်ပုံအတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ "အဲဒီ ၁၇၈၄ ခုနောက်ပိုင်း ထွက်ပြေးခိုလှုံခဲ့တဲ့ သူတွေထဲမှာ အာရကန်ပြည်က မိုဟာမေဒင် အုပ်စုလည်း ပါတယ်။ သူတို့က သူတို့အစုနဲ့ သူတို့ နေကြတယ်"လို့ ဘူချာနန်ရဲ့ မူရင်းစာသားမှာ ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဒီအချက်ဟာ ရခိုင်ပြည်က မွတ်စလင်တွေ ဗမာကျူးကျော်စစ်မတိုင်မီ အာရကန်ပြည်တွင် ရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ၁၈၂၃ မတိုင်မီ ရှိနေတဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ပင်ရင်းတိုင်းရင်းသားတွေဖြစ်ကြတယ်။ အဲဒီအချက်ကိုကျတော့ ဆရာကြီးက မေ့ကျန်သလိုလို ခုန်ကျော်သွားခဲ့တယ်။ (တမင်ကျော်သွားတာလား၊ မေ့လို့ ကျော်သွားတာလား ဒါက ဆရာကြီးပဲ အသိဆုံးဖြစ်တယ်။) ဒါပေမဲ့ အဲဒီ Mohammedan ကို ဘင်္ဂါလီမိုဟာမေဒင် လို့ ဇာတ်နာနာ သုံးသပ်ဖို့တော့ မမေ့ခဲ့ဘူးနော်။
တစ်ခါ ဒီသုံးသပ်ချက်မှာပဲ မေ့လျော့သွားတာဖြစ်မယ် ဆိုလို့ ဆရာကြီးရဲ့ ဘူချာနန်ဘာသာပြန်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာလည်း ထူးထူးခြားခြားပါပဲ။ ၁၇၈၄ နောက်ပိုင်း မွတ်စလင်တွေ အာရကန်ပြည်က နေရပ်စွန့်ခွာကာ အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံခဲ့တဲ့ မူရင်းအပိုင်းကို ဘာသာပြန်တောင် မပြန်ခဲ့ဘူး။ တစ်ခါတည်း ဖျက်ချေလိုက်လေတယ်။ ပုံ-၃ ကို ရှုပါ။
ဒီနေရာမှာ တစ်ခုပြောချင်တာက ဘူချာနန်ဟာ အာရကန်က ဒုက္ခသည်မွတ်စလင်နဲ့ ဘင်္ဂါလားက ဘင်္ဂလီမွတ်စလင်ကို သိသိသာသာကွဲပြားနိုင်အောင် ဖော်ပြထားတယ်။
"မောက် တွေက မဟာမေဒင် ဒုက္ခသည်တွေအတွက် အိမ်တွေလည်း ဆောက်လုပ်ပေးတဲ့အလုပ်ကို လုပ်ကြပြီး မိုဟာမေဒင်တွေလည်း မောက်တွေနဲ့အတူတူ အာရကန်မှ ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်။ အဆိုပါ မိုဟာမေဒင်တွေဟာ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပြီး ၎င်းတို့ရဲ့ ယခင်သခင်တွေထက် ကောင်းမွန်စွာ နေထိုင်ကြတယ်။ ဘင်္ဂါလီမိုဟာမေဒင် တစ်ယောက်က မောက်တွေ ဆာက်လုပ်တဲ့အိမ်တွေမှာ နေထိုင်ရင် မိမိကိုယ့်ကို ညစ်ညူးတယ်လို့ ယူဆတယ်။"
ဆိုလိုတာက ရခိုင်တွေ ဆောက်လုပ်တဲ့ အိမ်တွေမှာ အာရကန်က မွတ်စလင်တွေ နေကြတယ်။ ဒီလိုမျိုး မောက်တွေ ဆောက်တဲ့အိမ်တွေမှာ ဘင်္ဂါလီမွတ်စလင်တွေကျတော့ မနေတတ်ဘူး။ ရွံ့ကြတယ်။ ဒီအပိုင်းက အာရကန်က မိုဟာမေဒင်နဲ့ အဲဒီ ဒေသခံဘင်္ဂါလီမိုဟာမေဒင်တွေဟာ ဓလေ့ထုံးတမ်းမတူကြောင်း ထောက်ပြနေတယ်လို့ ကောက်ချက်ချနိုင်တယ်။
- ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို သမိုင်းဆရာကြီးအေးချမ်းက ကျော်သွားတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ ထင်ကြေးပေးနိုင်တယ်။ ဒါက တို့ပြည်ရဲ့ ပညာရှင်တွေရဲ့ သမာဓိပါပဲ။ သမိုင်းပညာရှင် ဆိုတာ ဘက်မလိုက်ရဘူး။ အရှိကိုအရှိအတိုင်း ထုတ်ဖော်ရဲရတယ်။ ဒါမှ အမှန်ကန်တဲ့ အတိတ်အကျိုးအကြောင်းကို လူတွေက သိရှိလာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ မိမိစိတ်ကြိုက်ဖြစ်အောင် ဖုံးကွယ်ဖို့ကြိုးစားရင်တော့ သာမန်ပြည်သူတွေလဲ ဘယ်တတ်နိုင်ပါမလဲ။ ပညာရှိဆိုတိုင်း ယုံမှားမိပြီးတော့ ပဋိပက္ခတွေစွဲနေမှာပေါ့။
— #လူထုဝဏ္ဏ
(10-8-2022)
*ဒီဘူချာနန်ရဲ့ မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ကိုလင်းသက်ဆွေရဲ့ သုံးသက်ချက်ကို အောက်ပါလိင့်ကနေ ဖတ်ရှူနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid0Dr2WPQeBECmPVX72sUSzPwuBAwR2MqmsNoNE7SxLu7qHYcs9EF7vKYjDt4YxXZaMl&id=744769315
Monday, August 8, 2022
အိဗ္ဗနုဘတ္တူတာ တွေ့ရှိခဲ့သည့် ထူးဆန်းသောပြည်
အိဗ္ဗနုဘတ္တူတာ တွေ့ရှိခဲ့သည့် ထူးဆန်းသောပြည်တစ်ပြည်
————————————————————
၁၄ ရာစု မိုရိုကိုနိုင်ငံသား ကမ္ဘာလည်ပတ်ခရီးထွက်ခဲ့သူ မိုဟမ္မဒ် အိဗ္ဗနု ဘတ္တူတာဟာ သူရဲ့ နှစ် ၃၀ ခန့် စွန်းစားခရီးအတွင်း တွေ့မြင်သမျှကို မှတ်တမ်းတင်ခဲ့တယ်။ နောင်တွင် Rihlah (အူရ်ဒူ- Safar Nama| အင်္ဂလိပ်- Travels of Ibn Battuta) နာမည်နဲ့ ကမ္ဘာကျော် ခရီးသွားမှတ်တမ်းစာအုပ် ထုတ်ဝေခဲ့တယ်။ သူ့ရဲ့စွန်းစားခန်းဟာ ကိုလမ်ဘစ်၊ ဗစ်ကိုဒဂါးမား၊ မာကိုပိုလို တို့လို အာရပ်ကမ္ဘာမှာ ထင်ရှားပါတယ်။
ကမ္ဘာကျော် အိဗ္ဗနု ဘတ္တူတာရဲ့ ခရီးသွားမှတ်တမ်းမှာ ထူးဆန်းတဲ့ လူမျိုးတွေ၊ နေရာဒေသတွေ ဓလေ့ထုံးထမ်းတွေ၊ အဖြစ်အပျက်တွေကို တွေ့မြင်ရတယ်။ ဒီပို့စ်မှာ ထူးဆန်းတဲ့ ပြည်တစ်ပြည်အကြောင်းကို တင်ပြပေးပါမယ်။
အိဗ္ဗနုဘတ္တူတာဟာ အရှေ့တောင်အာရှ ခရီးစဉ်ကိုစတင်ခဲ့ရာ စစ်တကောင်းမှ ဂျာဗာ၊ ဆူမတြာသို့ ထွက်ခွာရန် ရွက်လွှင့်ဖို့ အသင့်ဖြစ်နေတဲ့ သင်္ဘောတစ်စင်းပေါ်တက်ကာ လိုက်ပါခဲ့တယ်။ ဂျာဗာဟာ အဲဒီနေရာမှ ရက်ပေါင်း လေးဆယ်ကြာ ခရီးနှင်ရတယ်။ သင်္ဘောလွင့်ကာ ဆယ့်ငါးရက်ကြာပြီးနောက် ဘတ္တူတာတို့ဟာ ဗြာဟ်နကား [Barahnakar]တွေရဲ့ ပြည်ကို ရောက်သွားတယ်။ အဲဒီပြည်ကလူတွေဟာ အိန္ဒိယဘက်က ဘာသာကိုးကွယ်တဲ့လူမျိုးလဲမဟုတ်သလို တခြားဟာလဲ မဟုတ်ဘူး။ အက်စကောတိပ် လူမျိုးတွေလိုပါပဲ။ သူတို့ဟာ ပင်လယ်ကမ်းစပ်အနီး သက်ကယ်အမိုးပါတဲ့ ဝါးအိမ်တွေမှာ နေထိုင်ကြတယ်။ အဲဒီပြည်မှာ ငှက်ပျောသီးပင်တွေ၊ ကွမ်းသီးပင်တွေနဲ့ ကွမ်းရွက်ပင်တွေ ပေါတယ်။ အမျိုးသားတွေရဲ့ ပါးစပ်ကတော့ ခွေးပါးစပ်နဲ့တူသလိုပဲ။ မိန်းကလေးတွေကတော့ မျက်နှာလှပပြီး ရုပ်ရည်အလွန်လျောက်ပတ်တယ်။ သူတို့ရဲ့ အမျိုးသားတွေက လုံးဝအဝတ်ဗလာနေကြတယ်။ တချို့က အရှက်အင်္ဂါကို အရုပ်တွေဆေးခြယ်ထားတဲ့ ဝါးခြမ်းပိုင်း၊ ကျူပင်ပိုင်းတွေနဲ့ ဖုံးကွယ်ထားတယ်။ အဲဒီအရှက်ဖုံးခွက်ကို ဝမ်းဗိုက်နဲ့ချိတ်ဆွဲထားတယ်။ သူတို့မိန်းမတွေက အရှက်ကို သစ်ရွက်တွေနဲ့ ဖုံးအုပ်ထားလေ့ရှိကြတယ်။
အဲဒီပြည်မှာ မွတ်ဆလင်အသိုင်းအဝိုင်းတွေလဲရှိကြတယ်။ သူတို့ဟာ ဂျာဗာနဲ့ ဘင်ဂါက မွတ်ဆလင်ဖြစ်ပြီး သီးခြားရွာတွေမှာအုပ်စုဖွဲ့နေထိုင်ကြတယ်။ အဲဒီပြည်သားတစ်ယောက် ပြောပြတာက အံ့ဖွယ်ကောင်းတယ်။ သူတို့ဟာ တိရစ္ဆာန်တွေလို ပွင့်ပွင့်လင်းလင်း ကာမဆက်ဆံကြတယ်။ ဘာတစ်ခုမှ မဖုံးကွယ်ကြဘူး။ အမျိုးသားတစ်ယောက်မှာ မိန်းမ အယောက် ၃၀ ထိထိရှိတယ်။ ပိုလည်းမပို၊ လျော့လဲ မလျော့တတ်ဘူး။ ဒီလူတွေဟာ အိမ်ထောင်ရေးဖောက်ပြန်တာ ဘယ်တော့မှ မလုပ်ကြဘူး။ အိမ်ထောင်ရေးဖောက်ပြန်လို့ ဖမ်းမိရင် ကြိုးပေးဒဏ်ခံရတယ်။ ပြစ်ဒဏ်ကျခံရတဲ့သူရဲ့နေရာမှာ အခြားသူ့ အဖော်အဆွေ ဒါမှမဟုတ် ကျွန်တစ်ယောက်ကို အစားပေးရင် ချမ်းသာခွင့်ရတတ်တယ်။ အမျိုးသမီးကိုကျတော့ မြို့စားမင်း(စူလတန်)ရဲ့ ကျွန်တွေနဲ့ သေဆုံးတဲ့အထိ တစ်ယောက်ပြီးတစ်ယောက် ကာမဆက်ဆံစေတဲ့ ပြစ်ဒဏ်ပေးလေ့ရှိတယ်။ အဲလို ကွပ်မျက်လိုက်တဲ့ အလောင်းတွေကို သမုဒ္ဒရာထဲပစ်ချကြတယ်။ အဲဒီပြည်သားတွေက အပြင်မှရောက်လာတဲ့ သင်္ဘောကုန်သည် သူစိမ်းတွေကို သူတို့ ရွာထဲ ဝင်ခွင့်မပြုကြဘူး။ ရာသပန်နေထိုင်ချင်ရင်တော့ ပြဿနာမရှိပါဘူး။ နေလို့ရတယ်။ ပြည်သူတွေ အများစုကတော့ ကမ်းနားကို လာရောက် ရောင်းဝယ်လေ့ရှိကြတယ်။ သူတို့ဟာ သင်္ဘောခရီးသည်၊ ကုန်သည်တွေကို ဧည့်ခံဖို့အတွက် သောက်ရေတွေကို ဆင်နဲ့ သယ်ဆောင်သွားလေ့ရှိကြတယ်။ ကမ်းနားတွင် ရေချိုမရှိတာကြောင့် သင်္ဘောသားတွေ မြို့ထဲကနေ ရေသယ်ဖို့ဝင်လာမှာကို စိုးရိမ်လို့ဖြစ်တယ်။ သူတို့ရဲ့ အမျိုးသမီးတွေက ချောမောတဲ့ သင်္ဘောသားတွေနဲ့တွေ့လို့ ဆွဲဆောင်ချစ်ကြိုက်မိမှာ စိုးတဲ့အတွက်ကြောင့် သူစိမ်းတွေ ရွာထဲဝင်တာ တားမြစ်ခြင်းဖြစ်တယ်။
အဲဒီပြည်မှာ ဆင်တွေကပေါတယ်။ ဒါပေမယ့် မင်းညီမင်းသား၊ မင်းသမီးတွေကလွဲလို့ တခြားဘယ်သူမှ ရောင်းခွင့်မရှိပါဘူး။ မြို့စားမင်းဆီက အဝတ်အထည်အစား ဆင်တွေကို ဝယ်ယူကြတယ်။ သူတို့ရဲ့ အပြောအဆိုက ထူးဆန်းတယ်။ အဲဒီမှာနေတဲ့ သူတွေ၊ အဲဒီပြည်နဲ့ အသွားအလာရှိတဲ့ သူတွေမှအပ တခြားဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။
အိဗ္ဗနုဘတ္တူတာတို့ အဲဒီဆိပ်ကမ်းကို ဆိုက်ရောက်သွားတဲ့ခါ ပြည်သားတွေက သစ်တစ်တုံးတည်းနဲ့ ပြုလုပ်ထားတဲ့ လှေငယ်တွေနဲ့ ရောက်လာကြတယ်။ သူတို့က ငှက်ပျော့သီးတွေ၊ ဆန်၊ ကွမ်းရွက်၊ ကွမ်းသီးတွေနဲ့ ငါးတွေ ယူဆောင်လာကြတယ်။ သူတို့ရဲ့ မြို့အုပ်မင်း (စူလတန်) က ဆင်စီးလို့ လာတယ်။ ဆင်ပေါ်မှာ သားရေနဲ့ပြုလုပ်ထားတဲ့ ကုန်းနှီးတန်ဆာ ရှိတယ်။ မြို့အုပ်မင်းက အမွှေးတွေ ထောင်နေတဲ့ ဆိတ်သားရေ ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ခေါင်းပေါ်မှာ အရောင်သုံးရောင်နဲ့ ပိုးချည်တုံးသုံးတုံးဆင်ထားတယ်။ သူ့လက်ထဲမှာ ကျူပင်နဲ့လုပ်ထားတဲ့ လှံတံတစ်တစ်စင်း ရှိတယ်။ အယောက် ၂၀ ခန့်ရှိတဲ့ သူရဲ့ အပေါင်းအဖော်တွေက ဆင်စီးလျက် နောက်လိုက်ပါတယ်။ မြို့စားမင်းက အိဗ္ဗနုဘတ္တူတာတို့အတွက် လက်ဆောင်ပဏ္ဏာအနေနဲ့ ငရတ်သီး၊ ချင်း၊ သစ်ကြံပိုးခေါက်၊ ငါး၊ မော်လဒိုက်နဲ့ ဘင်္ဂါက အထည်တွေကို ပေးတယ်။ အဲဒီအထည်တွေကို ပြည်သားတွေက မဝတ်ဆင်ကြဘူး။ သူတို့ရဲ့ ပွဲတွေမှာ ဆင်တွေကို အဲဒီအထည်တွေနဲ့ တန်ဆာဆင်ပေးတာ ဖြစ်တယ်။ အဲဒီဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘောတစ်ခုစီက
သူတို့ရဲ့ ပွဲတွေမှာ ဆင်တွေကို အဲဒီအထည်တွေနဲ့ တန်ဆာဆင်ပေးတာ ဖြစ်တယ်။ အဲဒီဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘောတစ်ခုစီက ကျွန်ထီး၊ ကျွန်မ တစ်စုံ၊ ဆင် တန်ဆာဆင်တဲ့ အထည်၊ မြို့စားမင်းကတော် ဝတ်ဆင်ဖို့ ရွှေလက်ဝတ်ရတနာတွေ ပေးဆောင်ရတယ်။ တကယ့်လို့ တစ်ယောက်ယောက်က မပေးဘူးဆိုရင် ပြည်သားတွေက မှော်ပယောဂဆန်ဆန် ကျိန်ဆဲတတ်တယ်။ ဒါနဲ့ လက်ဆောင်မပေးသွင်းခဲ့တဲ့ သူအတွက် သမုဒ္ဒရာခရီးက ကြမ်းတမ်းသွားနိုင်တယ်။ သူပျက်စီပျက်စီးရာပျက်စီးကြောင်း ရောက်တတ်တယ်။
အဲဒီပြည်ရဲ့ဆိပ်ကမ်းမှာ တည်းခိုရင်း တစ်ညမှာတော့ ပြဿနာနာတစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတော့တယ်။ သင်္ဘောဦးစီးရဲ့ ကျွန်တစ်ယောက်ဟာ အရောင်းအဝယ်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဒေသခံတွေဆီ အဝင်အထွက်ရှိကြတယ်။ အဲဒီကျွန်ဟာ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီးတော့ စကားစမြည်ပြောကြတယ်။ တစ်ည ဂူတစ်ခုအနီးမှာ ကတိကဝတ်အရ နှစ်ယောက်ချင်း တွေ့ဆုံကြတော့တယ်။၊ အဲဒီအကြောင်းကို အမျိုးသမီးရဲ့ခင်ပွန်းသည်က သတင်းရရှိပြီး ၎င်းတို့ နှစ်ဦးစလုံးကို မြို့စားမင်း(စူလတန်)ဆီ ခေါ်ဆောင်သွားခဲ့တယ်။ မြို့စားမင်းက အကြောင်းစုံ စုံစမ်းပြီးတော့ ပြစ်မှုကျူးလွန်တဲ့ ကျွန်ရဲ့ ဝှေးစေ့တွေကို ဖြတ်၍ ကြိုးဆွဲချရန် အမိန့်ပေးလိုက်တယ်။ အမျိုးသမီးကိုကျတော့ အဲဒီမှာရောက်ရှိနေတဲ့ လူတွေအားလုံးက အမျိုးသမီးသေတဲ့အထိ ကာမဆက်ဆံစေရန် အမိန့်ပေးလေတယ်။ အဲဒီနောက် မြို့စားမင်းဟာ ကမ်းနားရှိ သင်္ဘောဆိုက်ရာဆီ ကြွရောက်လာပြီးတော့ သင်္ဘောဦးစီးကို မိန့်ဆိုတာက ငါက ထုံးထမ်းနဲ့အညီ ဒီအမိန့်ကို မလွဲမသွေ ပေးလိုက်ရတယ်။ ငါ့မှာ တခြားရွေးစရာလမ်းမရှိဘူး။ ပြီးတော့ မြိုးစားမင်းက သင်္ဘောဦးစီးကို ကျွန်တစ်ယောက် အစားပေးခဲ့လေသတဲ့။
— #လူထုဝဏ္ဏ
(၈-၈-၂၀၂၂)
မှတ်ချက်- ဒီပြည်ကို တချို့က Arakan ရဲ့ ကမ်းရိုးဒေသတစ်ခုလို့ ယူဆကြတယ်။
- ဗြာဟ်နကား [Barahnakar] ကို တချို့က လူမျိုးနာမည်၊ တစ်ချို့က တိုင်းပြည်နာမည်လို့ ယူဆကြတယ်။
Ref: 1. The Travels of Ibn Battuta
2. Safar Nama
Tuesday, May 24, 2022
ဝိုင်ယာလစ် ဆိုင်ရာစာအုပ်များ (အခမဲ့ ဒေါင်းယူ)
ဝိုင်ယာလစ် ဆိုင်ရာစာအုပ်များ
စာအုပ်နာမည်များကို နှိပ်၍ ဒေါင်းယူပါ။
1. Wireless communications and Networking
3. Wireless Hacking- The Invisible Network
5. Wireless Network တပ္ဆင္ရာတြင္သိသင့္သည့္အခ်က္မ်ား
Saturday, February 26, 2022
Maalumati Kitaab
This Maalumati Kitaab 2 was written by Sheik Yaakub Qasimi in Rohingya Zuban arabic script
Maalumati Kitaab by Kuwaiccorjja on Scribd
Friday, February 25, 2022
Sunday, October 31, 2021
တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)
တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂- ၁၉၆၈)
-------------------------------------------------
ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူဟု တင်စားခံရသော တက္ကသိုလ်နန္ဒမိတ်သည် စာရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ စာပေထုတ်ဝေသူ၊ ဗမာပြည်၏ အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ စသည်ဖြင့်ကျော်ကြားခဲ့သော ရခိုင်ပြည်သား မွတ်စလင်သွေး အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။
တက္ကသိုလ်နန္ဒမိတ်ကို ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်၊ မတ်လ ၈ ရက် ကြာသပတေးနေ့၌ သံတွဲခရိုင်၊ တောင်ကုတ်တွင် ဖွားမြင်ခဲ့သည်။ အဖ တောင်ကုတ်မြို့ပိုင် ဦးမောင်မောင်ကြီးနှင့် အမိ ဒေါ်ရွှေတို့၏ သားဖြစ်သည်။ မောင်တင်အောင်၊ မောင်တင်မောင်နှင့် မတင်တင် ဟူ၍ ညီကိုမောင်နှမ သုံးယောက်ရှိခဲ့သည်။ အမြွှာမွေးချင်း နှစ်ယောက်အနက် ဆရာသည် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ မိုဟာမတ်အလီ (ခ) မောင်တင်အောင် ဖြစ်ပြီး မိဘတို့က "ကိုကို" ဟု ချစ်စနိုးခေါ်ကြသည်။
မိုဟာမတ်အလီသည် တောင်ကုတ်မြို့ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် ပဉ္စမတန်းထိ ပညာဆည်းပူးခဲ့သည်။ မိသားစုနှင့်အတူ သံတွဲမြို့သို့ ရွေ့ပြောင်းရာ ၁၉၄၆ ခုတွင် သံတွဲ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။
နန္ဒမိတ်သည် ၁၉၄၇ ခု၊ ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃) ပါ "မောင်တို့ရခိုင်ပြည်" ကဗျာနှင့် စာပေလောကသို့ ခြေလှမ်းရောက်လာခဲ့သည်။ "မောင်တို့ရခိုင်ပြည်" ကဗျာသည် ဆရာ၏ အစောဆုံး စာပေလက်ရာဟု သိရှိရသည်။
ဆရာနန္ဒမိတ်သည် ၁၉၄၉-၅၀ တွင် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍ တွဲဖက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ ဒု-ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် "မောင်တင်အောင် (၀ိဇ္ဇာ-အထက်တန်း)" အမည်ဖြင့်ရေးသားခဲ့သော "ကဗျာတကျော့" ၀တ္ထုတိုနှင့် ပထမဆုရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်စာစောင် (တွဲ-၁၊ အမှတ်-၃)၌ "ကိုယ်ပျောက်ဆေးလုံး ပြဇာတ်" ကို ရေးသားဖော်ပြခဲ့သည်။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် "ခေတ်၏ကြေးမုံ" (တေးကြို) ကဗျာကို ရေးသားဖော်ပြခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့သည်။ ဆရာ၏ ပထမဆုံးလုံးချင်း " နန္ဒာပုလဲ " ၀တ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ (ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုတွင် ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ လုပ်ခဲ့သည်။
၁၉၅၄ ခုတွင် မြ၀တီမဂ္ဂဇင်းတိုက်ထုတ် "ရောင်ခြည်ဂျာနယ်" အယ်ဒီတာ ဖြစ်ခဲ့သည်။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိ ဆောင်ရွက်ခဲသည်။ "မောင်ကြီးလာပါဟေ့" လုံးချင်းဝတ္ထုထုတ်ဝေသည်။ ၁၉၅၆ ခုတွင် ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထု ရေးသားထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ "စုံထောက်မဂ္ဂဇင်း"ကို အယ်ဒီတာအဖြစ် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ "ရွှပြည်ကြီး" မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့် "ပန်းဖွက်တမ်း" ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့သည်။
၁၉၆၁ ခုတွင် သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ကိုယ်တိုင်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ "စာရေးချင်သောသူများသို့" စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုတွင် "စစ်ကြောင်းချီသော်" စစ်ဝတ္ထုထုတ်ဝေသည်။
၁၉၆၄ ခုတွင် ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထုတ်ဝေသည်။ ၁၉၆၅ ခုတွင် ဂျပန်တော်လှန်ရေးတိုက်ပွဲ၊ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာပြည် စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များ ရေးသားထုတ်ဝေသည်။
၁၉၆၆ ခုတွင် သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊ တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်၊ ဇက်တပ်ဖွဲ့ စသော ဘာသာပြန်လုံးချင်းများထုတ်ခဲ့သည်။ ၁၉၆၇ ခုတွင် အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ ပန်းဝါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊ မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၆၈ ခုတွင် ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များ၊ ၁၉၆၉ ခုတွင် သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများ၊ ၁၉၇၁ ခုတွင် ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ၊ ၁၉၇၇ ခုတွင် ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများ၊
၁၉၈၁ ခုတွင် သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)၊
၁၉၈၂ ခုတွင် တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များ၊ ၁၉၈၃ ခုတွင် တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များ၊ ၁၉၈၄ ခုတွင် မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့အမွေ၊ စသောစာအုပ်များ၊
၁၉၈၅ ခုတွင် တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ)၊ ၁၉၈၆ ခုတွင် သံမဏိသစ္စာ၊ ၃၄-အရှေ့၊ စသောဘာသာပြန်လုံးချင်းများကို ရေးသားထုတ်ဝေခဲ့သည်။
ဆရာ တက္ကသိုလ်နန္ဒမိတ်သည် စာပေတာဝန်ကို ဘဝနောက်ဆုံးအချိန်အထိ မနားတမ်း ထမ်းရွက်ပြီး အသက် ၆၄ နှစ်အရွယ်၊ ၁၉၈၆ ခု၊ နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅) နာရီ အချိန်တွင် အင်းစိန်မြို့ ရွာမအရှေ့၊ အောင်မင်္ဂလာလမ်းသွယ်၊ အိမ်အမှတ် (၉၉၁)၌ ကွယ်လွန်ခဲ့လေသည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့သည်။ ဆရာ ကွယ်လွန်ပြီးနောက် ဆရာ၏အထိမ်းအမှတ်အဖြစ် "အမြွှာညီနောင်" စာအုပ်တိုက်ကို အမြွှာညီ တက္ကသိလ်ဇော်မင်းက ဦးဆောင်၍ ထူထောင်ခဲ့သည်။ ထို့အပြင် ဆရာ၏တပည့်အချို့က ဦးစီး၍ "တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့်မြေကြီးကို တောင်းခံသူ" စာအုပ်ကို ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ခဲ့သည်။
(#လူထုဝဏ္ဏ တည်းဖြတ်တင်ပြသည်)
စာညွှန်း ။ ။
၁။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
၂။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
၃။ မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
၄။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
၅။ စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
၆။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]
၇။ ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)
၈။ ကြည်နိုင်- တက္ကသိုလ်နန္ဒမိတ် ဘဝနှင့်စာပေ အတ္တုပ္ပတ္တိ
#Well_Known_Writer
#RSF
www.rohangking.blogspot.com
Sunday, August 15, 2021
ဗမာပြည်က လူမျိုး တစ်ရာ့တစ်မျိုး (၁၆၇၉)
ဗမာပြည်က လူမျိုး တစ်ရာ့တစ်မျိုး (၁၆၇၉)
(အုပ်စု ၄ စု နဲ့ အသေးစိတ် ဖော်ပြထားတယ်။ ကုလားအုပ်စုမှာ ရခိုင်၊ ပဋိက္ကရာ၊ ရောဂါ အပါအဝင် ၆၄ မျိုးတောင်ရှိတယ်။ ဒီအုပ်စုက အများဆုံးပဲ။)
လူမျိုးတရာ့တပါးကား မြန်မာ ခုနှစ်၊ မွန် သုံး၊ ရှမ်း နှစ်ဆယ့်ခုနှစ်၊ ကုလား ခြောက်ဆယ်လေး တည်း။
* မြန်မာ ခုနှစ်ကား-
မြန်မာကြီး၊ ပြူ၊ သက်၊ ဒဝယ်၊ ဒနု၊ တောင်သူ၊ တောင်လာ။
* မွန် သုံးကား-
မွန်တိ၊ မွန်စ၊ မွန်ည။
* ရှမ်း နှစ်ဆယ့်ခုနှစ်ကား-
ယွန်း၊ ယိုးဒယား၊ ရှမ်း၊ လင်းဇင်း၊ တရုတ်၊ တရက်၊ နဘက်၊ နဘဲ၊ ရုံ၊ အင်းကြယ်၊ ကတူး၊ ကစက်၊ ကရင်၊ သက်ရံ၊ ပလေ၊ ပလောင်၊ စိမ့်၊ လဝိုက်၊ လဟင်၊ ချင်း၊ ကချင်၊ မြက်၊ ကရင်၊ ကသည်း၊ မျက်နှာမည်း၊ လူး၊ သောက္ကတဲ။
* ကုလား ခြောက်ဆယ့်လေးမျိုးကား-
ပဋိက္ကရား၊ ရခိုင်၊ သင်းတွဲ၊ ဇော်ဂျီ၊ ပန်းသေး၊ သူလှောင်၊ သူလှီ၊ တပသီ၊ ဟာရီ၊ ဂန္ဓာ၊ မလ္လကာ၊ ဇပါ၊ ဇဝိန်၊ လဘူ၊ လမြင်၊ စင်ကြံ၊ ကြမ်းတန်း၊ ဥဿဟ။ လိင်္ဂါ၊ ကာမြို့၊ ပတ္တူန၊ လင်းယောင်၊ အသာ၊ ပင်းကား၊ ခေါဇာ။ ကမ်းယံ၊ ကလယ်၊ ရှိန်ကူ၊ မိစ္ဆာ၊ ရေဆူ၊ လင်းလေ၊ ပိတ်သွေ၊ ကမ်ခို၊ သီဟိုဠ်၊ ကည၊ မဇာဂီ၊ ရောဂါ၊ ဇောရာ။။ ဇဟုတ်၊ ဇေတုတ်။ လေယာ၊ ကျည်း၊ ပုဏ္ဍား၊ ဗောဓိ၊ အိမ်ပတ်၊ သရော၊ လင်း၊ ခရော။ ပညာ၊ ဗျာဘာ၊ ဇုံ၊ မာန်၊ ပြော့၊ ဥုံ၊ သုတ္တံ၊ မာလိမ်၊ သက်မြက်၊ ဥပျည်း၊ ပင်ဝါ၊ ပင်ကာ၊ ရေမီးထွက်၊ ပိတ်စိတ်၊ ခေါမာ၊ ဇယာ။
ပေါင်း လူမျိုးတရာ့တယောက် တို့ကို ရေတွက်၍ ရွှေတိုက်သွင်းရ၏။
Ref:
The Royal Order of Burma AD 1598-1885
Part Two AD 1649-1750
By Than Tun M.A., B.L., Ph.D (London)
* မြန်မာ ခုနှစ်ကား-
* မွန် သုံးကား-
မွန်တိ၊ မွန်စ၊ မွန်ည။
Ref:
Part Two AD 1649-1750
Photo Credit : Internet
Tuesday, August 10, 2021
စစ်တွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်
![]() |
| E.K. Maracan, Akyab. |
စဈတွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်
| (-လူထုဝဏ္ဏ)
ကိုလိုနီခေတ်တွင် စစ်တွေမြို့၏ အချမ်းသာဆုံး ပညာတတ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သူမှာ အခြားမဟုတ် သူဌေးကြီး မာရကန်ပင် ဖြစ်သည်။ မာရကန်သည် စစ်တွေမြို့ဇာတိဖြစ်သည်။ ဝတ်လုံတော်ရ ပည်ရွင်တစ်ဦးဖြစ်သည်။ နာမည်အပြည့်အစုံမှာ မစ္စတာ အီ၊ ကာဒေရ် မာရကန် ဖြဈသည်။
မစ္စတာ အီ၊ ကာဒေရ် မာရကန် သည် ၁၉၀၆ ခု ကတည်းကပင် စစ်တွေမြို့ မြူနီစီပယ် ကော်မရှနာ တစ်ဦးဖြစ်ပြီး အကျိုးတော်ဆောင် ရာဇဝတ်တရားသူကြီး တစ်ဦးလည်းဖြစ်သည်။ အာရကန် အင်ဂျူမာ အေ အိစ္စလာမီယား (Arakan Anjuman I Islamia)၏ ဒု-ဥက္ကဋ္ဌ တစ်ဦးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ((*အာရကန် အင်ဂျူမာန်အေ အီစ္စလာမီယာကို ၁၉၀၉ ခု တွင် ဆရာကြီး မီယျာ အဗ္ဗဒူလ် ဟာမီတ်က ထည်ထောင်ခဲ့သည်။ အဗ္ဗဒူလ် ဟာမိတ်မှာ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ရခိုင်ပြည်၏ ပထမဆုံး သတင်းစာ The Arakan News အယ်ဒီတာချုပ် T.U Ahmed က အကျိုးဆောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။)) စစ်တွေမြို့ပေါ်တွင် အထက်တန်းစား စီးပွားရေးလုပ်ငန်းများဖြစ်သော ကုန်တင်ကုန်ချလုပ်ငန်း၊ အထွေထွေ ကုန်သွယ်ရေး၊ ကော်မရှင်အဖွဲ့ ကိုယ်စားလှယ် စသော ထိပ်တန်းလုပ်ငန်းများကို ချုပ်ကိုင်ထားသူဖြစ်သည်။ ထို့အပြင် သင်္ဘောကြီးတစ်စင်းနှင့် တန်ချိန် ၅၀ မှ ၆၀ ထိ တင်နိုင်သော ကုန်တင်သင်္ဘော ၁၅ စင်း ကို ပိုင်ဆိုင်သူဖြစ်သည်။ ဝန်ထမ်း တစ်ထောင်ကျော်သည် သူ့ကို အမှီသဟဲ ပြုနေသည်။ သူသည် Maracan E.K, Well st. Sub agent Burma Oil Co. ကုမ္ပဏီထူထောင်ကာ အစိုးရမှ အရေးပါသော ကျောက်မီးသွေးနှင့် ရေနံပို့ဆောင်ရေး ကန်ထရိုက် ယူပြီး ပြည်ပသို့ တင်ပို့ခဲ့သူဖြစ်သည်။ သူ၏ စီးပွားဖက် ကိုယ်စားလှယ်များမှာ Thomas Brock e Co., 29, Waterloo Street, Glasgow, နှင့် Mr. A. J. Ismay, Stoke Newington, London တို့ဖြစ်ကြသည်။
အီ၊ ကာဒေရ် မာရကန်၏ စီးပွားရေးလုပ်ငန်းကြီးကို မူလတည်ထောင်သူမှာ သူ၏ ဖခင်ဖြစ်သော သူဌေးကြီး မစ္စတာ အီ၊ အက်စ်၊ မာရကန် (E. S. Maracan) ဖြစ်သည်။ ကာရီကဲလ်၊ ပန္ဒီရှာရီ ဇာတိဖြစ်သည်။ စစ်တွေမြို့သို့ ၁၈၅၀ ကျော်ခန့်က တက်လာခြင်းဖြစ်သည်။ ဖခင် မာရကန်သည် အလှူဒါန အမျိုးမျိုးကို ရက်ရက်ရောရော လှူဒါန်းခဲ့သော ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အထွေထွေ ဆေးရုံကြီး၏ ပင်မအဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ခြင်းနှင့် အခြားအဆောက်အအုံများကို သူ၏ ပင်ကိုအသုံးစရိတ်ဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ သူသည် အလွန်တင့်တယ်ခမ်းနားသော ပလီ အဆောက်အဦတစ်ခုကိုလည်း ဆောက်လုပ်ပေးခဲ့သည်။ အင်္ဂလိပ်ကျောင်းတစ်ကျောင်းကိုလည်း ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ စစ်တွေမြို့ပေါ်အပြင် အခြားမြို့နယ်ဘက်မှာလည်း စာသင်ကျောင်းများ၊ ပလီအဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ ထိုခေတ်က မွတ်စလင်အသိုင်းအဝိုင်း၏ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သက်တမ်းတစ်ခုအထိ မြူနီစီပယ် ကော်မရှနာ အဖြစ် တာဝန်ထမ်းဆောင်ကာ လူထုအကျိုးပြုခဲ့သည်။ ၁၉၆၀ ခုတွင် မစ္စတာ E.S. မာရကန် ကွယ်လွန်သွားရှာသည်။
ဖခင်ကွယ်လွန်ပြီးနောက် အီ၊ ကာဒီရ် မာရကန်သည် ထိုအမွေဥစ္စာ၏ စီမံအုပ်ချုပ်သူဖြစ်လာခဲ့သည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ဖခင်က ချန်ရစ်ခဲ့သော ဥစ္စာ၏ ထိုခေတ် ကာလတန်ဖိုးမှာ ရူပီ ၃ သိန်းကျော်ရှိသည်။ ဖခင်တည်ဆောက်ခဲ့သော စာသင်ကျောင်းကို မြူနီစီပယ် အဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်။ နောင်တွင် မြူနယ်စီပယ်က ဒေသန္တရ အစိုးရအထက်တန်းကျောင်းနှင့် တွဲဖက်၍ စီမံအုပ်ချုပ်ကြီးကြပ်ခဲ့လေသည်။ ကျောင်းနာမည်ကို ထည်ထောင်သူ၏ နာမည်ကိုစွဲ၍ E. S. Maracanas Anglo-Vernacular School အဖြစ် ပြောင်းလဲခေါ်ဝေါ်ပေးခဲ့သည်။
![]() |
| Maracan Residence at Akyab. |
အီ၊ ကေ၊ မာရကန်မှ ထွန်းကားခဲ့သော သားသမီးများအနက် ဗမာ့နိုင်ငံရေးလောက၌ ကျော်ကြားခဲ့သော သား နှစ်ယောက်ရှိခဲ့သည်။ သားကြီး E.G.S Maracan [Esmail Ghani Shah Maracan] နှင့် E.D.S Maracan [Esmail Dawood Shah Maracan] တို့ဖြစ်ကြသည်။ E.G.S Maracan မှာ Gani Maracan (Gani Markin) ဟု ထင်ရှားသည်။ ဂနီမာရကန် သည် ၁၉၃၆ ခု တွင် စစ်တွေခရိုင် မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ မြင်းစီးဝါသနာထုံသူဖြစ်သည်။ မြင်းများ မွေးမြူပြီး မြင်းစီးပြိုင်ပွဲဝင်လေ့ရှိသည်။သူ၏ မြင်းစီးပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သူလည်းဖြစ်သည်။ E.D.S မာရကန် မှာ Dawood Shah Marakan ဖြစ်ပြီး Tanbi Saheb ဟု လူသိများသည်။ ၁၉၄၂ အဓိကရုဏ်းမီး ငြိမ်သတ်နိုင်အောင် လှုပ်ရှားခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သား ၂ ယောက်စလုံးသည် အဲလီဇဘက်ဘုရင်မ၏ ခမည်းတော် George the sixth ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
![]() |
| EDS Maracan |
မာရကန် မိသားစုသည် အလှူအတန်းပြုရာ၌ အလွန်လက်လွန်သည်။ စိတ်အားထက်သန်သည်။ ဥတ္တမပန်းခြံမြေနေရာသည်လည်း မာရကန်မိသားစုမှ လှူဒါန်းခဲ့သော မြေနေရာဟု သိရသည်။ စစ်တွေအပြင် ဗမာပြည်အခြားမြို့များတွင်လည်း သူတို့၏ အလှူဒါနများ၊ ပိုင်ဆိုင်မှုများ ရှိခဲ့သည်။
ကိုးကား-
၁။ Twentieth century impressions of Burma : its history, people, commerce, industries, and resources Page 398
၂။ The Anglo-Burmese Library
၃။ အဆွေအမျိုးများ၏ ထွက်ဆိုချက်များ
|(-လူထုဝဏ္ဏ)
ကိုးကား-
(ဆက်လက် ဖြည့်စွက် ဖော်ပြပါမည်။)
Sunday, August 1, 2021
အရေးကြုံမှ မိတ်ကောင်းပြ
အရေးကြုံမှ မိတ်ကောင်းပြ
တစ်နေ့ သူဌေးကြီးတစ်ယောက်ဟာ အိမ်နီးချင်းတွေကို ဟင်းလျာစုံနဲ့ ထမင်းဖိတ်ကျွေးဖို့ စီစဉ်တယ်။
"သား… ငါ့ရဲ့ အချစ်ဆုံး မိတ်ဆွေ တွေနဲ့ အိမ်နီးနားချင်းတွေကို ထမင်းစားဖို့ သွားဖိတ်လိုက်စမ်း။ ဒီ စားသောက်ပွဲကြီးနဲ့ ဧည့်ခံ ရအောင်နော်။"
ဒီတော့ သားကလည်း လမ်းပေါ်ထွက် ပြီးတော့ တကျယ်ကျယ် အော်ဟစ် ဖိတ်ခေါ်လိုက် တာပေါ့။ သူ့ဖိတ်ဟန်က တစ်မျိုး။
"ကျေးဇူးပြုပြီးတော့ ကျွန်ုပ်တို့ကို ကူညီကြပါ။ ကျွန်ုပ်ရဲ့အိမ် မီးလောင်နေပါတယ်။ ကူကြပါဦး…။"
ခဏချင်းနဲ့ပင် လူအုပ်ငယ်တစ်စု ကူညီဖို့ တကူးတက ထွက်လာကြတယ်။ အိမ်အနီးအနားက ကျန်တဲ့လူ တစ်ချို့ကတော့ လူငယ်ရဲ့ အကူအညီတောင်းခံသံကို မကြားသယောင် ဟန်ဆောင်နေကြတာပေါ့လေ။
ဒီလို ရောက်လာတဲ့ သူတွေက မီးငြိမ်သတ်ရတာမဟုတ်ဘဲ စားလိုက်သောက်လိုက် ပျော်လိုက်နဲ့ ဝမ်းတောင့်ရပြီပေါ့။ အဖေကလည်း သားဘက် လှည့်ပြီးတော့ တအံ့တဩ မေးတယ်။
"သားရေ… ဒီမှာ ရောက်လာတဲ့ လူတွေကို ငါ သိတောင်မသိဘူး။ အရင် ဘယ်တော့မှ မမြင်ဖူးဘူးကွာ။ ငါ ဖိတ်ခိုင်းတဲ့ ငါ့ရဲ့ အချစ်ဆုံးတွေ၊ မိတ်ဆွေသဟတွေ၊ အပေါင်းအဖော်တွေ ဘယ်မှာတုံး။"
"ဟုတ်ကဲ့…ဖေဖေ။ အခု ဒီကိုရောက်လာကြတဲ့သူတွေဟာ သားတို့အိမ် မီးလောင်နေတာကို ငြိမ်သတ်ဖို့ ရောက်လာကြတာပါ။ ပါတီပွဲမှာ ထမင်းပဲစားဖို့လာတာ မဟုတ်ပါဘူး။ ဒီလူတွေဟာ သားတို့ရဲ့ စေတနာ ရက်ရောမှု၊ ဧည့်ခံကျွေးမွေးမှုနဲ့ ထိုက်တန်တဲ့ လူမှန်တွေပါပဲ…ဖေဖေ။ မိတ်ဆွေအစစ်တွေပါ့။" ဒါနဲ့ သားက လူမှန်ရွေးခဲ့တဲ့ အကြောင်းကို ဆက်ပြောပြလိုက်တာပေါ့လေ။✳
✳သိမှတ်ဖွယ်ရာ✳
"တစ်ခါတစ်ရံ သင့်ကို အမှန်တကယ် ချစ်ခင်ဂရုစိုက်တဲ့ လူမှန်ကို သိဖို့အတွက် ဟန်ဆောင်ရတယ်။"
#zawgyi
✳သိမှတ်ဖွယ်ရာ✳
(လူထုဝဏ္ဏ)
#ဘာသာပြန်
ပန်းချီ- အာရ်ကေ
Monday, July 19, 2021
Aung Aung Sittwe's Books
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ စာရေးဆရာ အောင်အောင် (စစ်တွေ) ရဲ့ အဖိုးမဖြတ်နိုင်တဲ့ စာအုပ်နှင့် သုတေသန စာတမ်း အချို့
အောက်ပါလိင့်အသီးသီးမှ ဒေါင်းယူပါ⤵
https://u.pcloud.link/publink/show?code=XZmH9CXZUMGzAR7w6k0gqyqyISRcYhNDXJ3V
2. Myanmar Crimes Against Humanity
https://u.pcloud.link/publink/show?code=XZop9CXZpGAqCe95peyLKo27vuDdH7utEIs7
3. We Need Your Help To End Rohingya Genocide
https://u.pcloud.link/publink/show?code=XZbp9CXZsJDVEEkcyd5qMbDJU8p8FzSTJSUk
#AungAung_Sittwe
#RohingyaGenocide
Friday, May 28, 2021
ရိုဟင်ဂျာ ကဗျာဆရာမ ရိုမရုန်(န) [၁၉၈၁-၂၀၂၀]
┄┅═❁❁═┅┄
ကဗျာဆရာမ ရိုမရုန်(န)ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အမည်ရင်းမှာ ရိုကိုင်ယ်ယာဟ် (ခေါ်) မလှလှဝင်း ဖြစ်ပါတယ်။ မိဘတို့မှာ ဖခင် ဦးဝလီအုလ္လာဟ် ခေါ် ဦးကျော်ဝင်း နှင့် မိခင် ဒေါ်ဆော်ဖူရာ တို့ဖြစ်ကြတယ်။ မိဘဇာတိမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မငါးခူရ ဖြစ်ပါတယ်။
အခြေခံပညာကို စစ်တွေမြို့တွင် သင်ယူပြီး အဆင့်မြင့်ပညာအဖြစ် ဓာတုဗေဒဘာသာရပ် အထူးပြုဖြင့် ဘီအက်စစီဘွဲ့ ရရှိခဲ့ပါတယ်။ အရွယ်ရောက်လာပြီး အသက် ၂၁ နှစ် အရွယ်တွင် ကြင်ရာစုံမက် ဆုံခဲ့တယ်။ အိုစမာ နာမည်နဲ့ သားရတနာတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။
ဆရာမသည် စာဖတ်ခြင်းနှင့် စာရေးခြင်းကို အထူးဝါသနာပါတယ်။ "ကဗျာကတော့ ကျမစိတ်ထဲ တစ်ခုခုခံစားရတဲ့အခါမျိုးမှ ရေးဖြစ်တာပါ" လို့ အင်တာဗျူးတစ်ခုမှာ ကိုယ်တိုင်ဆိုဖူး ပါတယ်။ ဆရာမသည် Rohingya Today ၊ Arakan Pen ၊ The Art Garden Rohingya စတဲ့ အွန်လှိုင်းစာမျက်နှာတွေမှာ ကဗျာများစွာ ရေးဖွဲ့ဖော်ပြခဲ့ပါတယ်။ ဆရာမရဲ့ ထင်ရှားတဲ့ကဗျာတွေဟာ ကမ်းပျောက်ဘဝ၊ ချန်ရစ်ခဲ့တော့၊ ရော်ရွက်ဝါ၊ ပြုံးစမ်းပါ-မိရို့၊ မွေးရပ်မြေတမ်းချင်း စတာတွေ ဖြစ်တယ်။
ဆရာမက The Art Garden Rohingya မှာ ကဗျာတွေရေးဖွဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အယ်ဒီတာ ဖြစ်လာခဲ့တယ်။ အယ်ဒီတာအဖြစ် နောက်ဆုံးအချိန်ထိ စိတ်ကောင်းစေတနာနဲ့ ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာမ နောက်ဆုံး ရေးသားခဲ့တဲ့ ကဗျာမှာ "ချစ်သောမေမေ" ဖြစ်ပါတယ်။ ဆရာမက အကြည်တော်ရဲ့ ကဗျာအဖွဲ့တွေကို အင်မတန် နှစ်သက်ပါတယ်။ "သူရဲ့စာတွေဟာ စာဖတ်သူကို ရယ်မောခြင်းဖြင့် အပန်းပြေယုံမကဘဲ ရသမျိုးစုံပေးစွမ်းနိုင်လို့ပါ" လို့ ကဗျာတွေ နှစ်သက်ရခြင်း၏ အကြောင်းကို ပြောဖူးခဲ့ပါတယ်။
ဆရာမသည် ၂၀၁၉ ခုနှစ် အစောပိုင်းကပင် အဆုတ်ကင်ဆာ ခံစားနေရပြီး ပြည်တွင်းပြည်ပ ဆေးကုသမှုတွေကို အဆမပြတ် ခံယူခဲ့ပါတယ်။ သေခြင်းတရားက ဘယ်သူ့ကိုမှ မလွှတ်ပေ။ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဉာဏ်ပညာ ကြီးသည်ဖြစ်စေ၊ ခွန်အားဗလသန်သည်ဖြစ်စေ အချိန်တန်ရင် သွားရမြဲက ဓမ္မတာပါပဲ။ သတ္တဝါတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မုချ မြည်းကြရပါမယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက် ညနေ ၄ နာရီချိန်တွင် မိမိ၏ ချစ်သောမေမေ၊ တစ်ဦးတည်းသော ချစ်သားတို့ကို ကျော့ခိုင်း နှုတ်ခွန်းဆက်ကာ အလ္လာဟ့်အမိန်တော် ခံယူခဲ့လေတယ်။
ဆရာမ ရိုမရုန်း ကွယ်လွန်ပြီးနောက် ဆရာမရဲ့အထိမ်းအမှတ်အဖြစ် " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" ကဗျာစုစည်းမှုစာအုပ်ကို ရိုဟင်ဂျာအနုပညာဥယျာဉ်မှ ထုတ်ဝေခဲ့တယ်။
အလ္လာဟ်အသျှင်မြတ်တော်သည် ဆရာမ ရိုမေရုန်(န)အား အအေးချမ်းဆုံး နေရာ ချီးမြှင့်တော်မူပါစေ။ အာမိန်း။ 🚷
ရေးသူ- ရိုဟင်းကိန်း
ကိုးကား- " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ"
ဆေးဘက်သိပ္ပံပညာရှင် Ibn Zuhr [၁၀၉၄-၁၁၆၂]
အိဗ်နု ဇူဟရ်သည် ခွဲစိတ်ကုသမှုနှင့် ဆေးပညာကို တိုးတက်စေခဲ့သည့် ထင်ရှားသော အာရပ် ဆေးဖက်သိပ္ပံပညာရှင်နှင့် ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၀၉၄ ခုတွင် အလ်မိုရာဗစ် အင်ပါယာ အင်ဒိုလူစီးယားနိုင်ငံ (Andalusia)၊ စဗီးလ် (Seville, Almoravid empire) [ ယခု စဗီးလ် စီရင်စု၊ စပိန်]တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ အဘူမရ်ဝါန် အဗ္ဗဒူအလ်မာလိက် ဘင် ဇူဟရ် ဖြစ်သည်။ အနောက်တိုင်းသားများက လက်တင်မူ အဗင်ဇို(Avenzoar) အမည်နှင့် လူသိများကြသည်။ Averroes ၊ Ibn Tufail တို့နှင့် ခေတ်ပြိုင်တစ်ဦးဖြစ်ပြီး သူ့ခေတ်၌ အထင်ရှားဆုံးသော ဆေးသမားတော်ဖြစ်သည်။ သူသည် Iyad အာရပ်မျိုးနွယ်စုဝင် ဘနုဇုဟရ် မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘနုဇုဟရ် မျိုးနွယ်စုသည် ၁၀ ရာစု အစောပိုင်းကစ၍ မျိုးဆက် ၆ ဆက်တိုင်တိုင် ဆရာဝန်များအပါအဝင် တရားသူကြီးများ၊ စာဆိုတော်များ၊ နန်းတွင်း အမှူးထမ်း အတွင်းဝန်များ၊ သူနာပြု ဆရာဝန်များတို့ မွေးထုတ်ပေးကာ အင်ဒိုလူစီးယား အုပ်ချုပ်ရေး အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
အိဗ်နု ဇုဟရ်သည် ပညာရေးကို အလယ်ခေတ် မွတ်စလင်လူမှုရေးထုံးတမ်းစဉ်လာအတိုင်း ဘာသာရေးစာပေများကို လေ့လာခြင်းဖြင့် စတင်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းကပင် ဖခင် Abu'l-Ala Zuhr (d.1131) နှင့်အတူ ဆေးပညာကို လေ့လာခဲ့သည်။ ဖခင်က သူ့ကို Galen နှင့် Hippocrates တို့၏ လက်ရာများနှင့် မိတ်ဆက်ပေးခဲ့ပြီး Hippocratic နည်းနာကို လက်ခံ ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။
အိဗ်နုဇူဟရ် သည် ဆေးကုသမှုခရီးကို အလ်မိုရာဗစ် အင်ပါယာ အတွင်းတော် သမားတော်အဖြစ် စတင်ခဲ့သည်။ နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် အလ်မိုရာဗစ် ဘုရင် အလီ ဘင် ယူဆူဖ် ဘင် တာရှူဖင်နှင့် မျက်နှာသာမရဖြစ်ကာ စဗီးလ်မှ ထွက်ပြေးခဲ့ရသည်။ ၁၁၄၀ ခုနှစ်၌ Marrakesh တွင် အဖမ်းခံရပြီး ထောင်ချခံခဲ့ရသည်။ ၁၁၄၇ နောက်ပိုင်းတွင် Almohad အင်ပါယာသည် စဗီးလ်ကို သိမ်းပိုက်သည့်အခါ သူသည်ဆေးကုသမှုခံယူရန် ပြန်လာသည်။ သူသည် ၁၁၂၂ ခုနှစ် (အသက် ၆၈ နှစ်)တွင် စဗီးလ်၌ ကွယ်လွန်ခဲ့လေသည်။
အိဗ်နူဇူဟရ် သည် ပထမဆုံးစမ်းသပ်မှု လေပြွန်ခွဲစိတ်ကုသမှု (tracheotomy) ကို ဆိတ်နှင့် ပြုလုပ်ခဲ့သည်။ သူသည် bezoar ကျောက်များကို ဆေးဖက်ဝင်အဖြစ် အစောဆုံး ဖော်ပြသည်ဟု ယူဆရသည်။
လီယို အာဖရိကစ်၏ အဆိုအရ Ibn Zuhr သည် Averroes ၏ ဟောပြောချက်ကို သဘောကျ၍ ဆေးပညာကို သင်ယူခဲ့သည်။ သူသည် Galen ကို အထင်ကြီးလေးစားသူဖြစ်ပြီး ရမ်းကု နှင့် နက္ခတ်ဗေဒင်ဆရာများ၏ အယူသီးကုစားမှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။ Ibn Zuhr သည် ပို၍ ယုတ္တိရှိသော၊ လက်တွေ့ကျသော ဆေးပညာ၏အခြေခံအပေါ် အထူး အလေးထား ခဲ့သည်။ သူ၏လက်ရာမွန်ဖြစ်သော Al-Taysīr fil-Mudāwāt wal-Tadbīr ("ကုထုံးနှင့် အစားအစာ ရိုးရှင်းလွယ်ကူစေခြင်း") ကျမ်းကို လက်တင်နှင့်ဟီဘရူး ဘာသာသို့ ပြန်ဆိုပြီး ခွဲစိတ်ကုသမှု၏တိုးတက်မှု၌ လွှမ်းမိုးခဲ့သည်။ သူသည် ရောဂါအမျိုးမျိုးနှင့် ကုထုံးများကို ဖော်ထုတ်ခြင်း ဖြင့် ခွဲစိတ်ကုသမှုနှင့်ဆေးဘက်ဆိုင်ရာ အသိပညာများကို ဖွံ့ဖြိုးစေခဲ့သည်။
သူ၏ ထင်ရှားသော လက်ရာများမှာ Kitab al-Iqtisad ၊ Kitab al-Aghdhiya ၊ Kitab al-Taysir ၊ Fi al-Zinah (ချမ်းသာသုခ)၊ Al-Tiryaq al-Sabini (ဖြေဆေးများ)၊ Fi Illat al-Kila (ကျောက်ကပ်ရောဂါများ)၊ Fi Illat al-Baras wa al-Bahaq (နူနာနှင့် Vitiligo)၊ Al-Tadhkirah (သတိရခြင်း) ကျမ်းတို့ဖြစ်ကြသည်။
Kitab al-Iqtisad ကျမ်းသည် အိဗ်နုဇုဟရ် အရွယ်နုချိန်တွင် Almoravid မင်းသား အီဗြာဟီ်းမ် ယူစုဖ်ဘင် တာခ်ျဖီးဏ် အတွက် ရေးသားခဲ့သော အထွေထွေကုထုံးဆိုင်ရာစာတမ်း ဖြစ်သည်။ အဆိုပါ စာအုပ်တွင် ရောဂါအမျိုးမျိုး၊ ကုထုံးနှင့် အထွေထွေ သန့်ရှင်းရေး အကျဉ်းချုပ်ကို ဖော်ပြထားသည်။ အလှပြင်ပစ္စည်းနှင့် ရုပ်ပိုင်းအလှအပဆိုင်ရာ အကြံဉာဏ်များကိုလည်း ရေးမှတ်ထား သည်။ နှာခေါင်းကြီးများ၊ နှုတ်ခမ်းထူ ကဲ့သို့ ပုံမမှန်သောအင်္ဂါများကိုလည်း ပြုပြင်ရန် ပလပ်စတစ် ခွဲစိတ်ကုသမှုကိုပင် အိဗ်နုဇုဟရ်က အကြံပြုခဲ့သည်။
Kitab al-Aghdhiya အစားအစာ ကျမ်းသည် ဘဝနှင့်ကျန်းမာရေး လမ်းညွှန်ချက်များ ပါဝင်သည့် ဘောဇဉ်လက်စွဲဖြစ်သည်။ အိဗ်နုဇူဟရ်သည် ထောင်မှထွက်လာပြီးနောက် သူ့သခင် Almohad ခေါင်းဆောင် အဗ္ဗဒူလ် မုအ်မိန်း အတွက် ထိုစာအုပ်ကို ရေးသားခဲ့သည်။ သူသည် တိရိစ္ဆာန်အမျိုးမျိုး၏ အသားအရေ၊ အရသာ၊ အသုံးဝင်မှုနှင့် အစာချေနိုင်မှု အပေါ်အခြေခံ၍ အသားများကို ခွဲခြားပြသည်။ ရာသီလိုက် အစားအစာများကိုလည်း အကြံပြုသည်။
Kitab al-Taysir ကျမ်းသည် သူ့သူငယ်ချင်း Averroes ၏ တောင်းဆိုမှုဖြင့် သူ မကွယ်လွန်မီ နောက်ဆုံးရေးခဲ့သည့်ကျမ်းဖြစ်သည်။ ဆေးပညာ၏ အထွေထွေ အကြောင်းအရင်းများ အပေါ် ပိုမိုအာရုံစူးစိုက်စေသော ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းဖြစ်သည်။ နောက်ပိုင်းတွင် ဟိဗရူနှင့် လက်တင်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၎င်းကျမ်းသည် ၁၈ ရာစု နှောင်းပိုင်းအထိ ကျော်ကြားခဲ့သည်။ အခန်းပေါင်း ၃၀ ပါဝင်သည့် အဆိုပါစာအုပ်တွင် ဦးခေါင်းမှစ၍ ရောဂါများ၊ လက်တွေ့ဖော်ပြချက်များ နှင့် ရောဂါရှာဖွေတွေ့ရှိချက်များကို ဖော်ပြထားသည်။ အိဗ်ဇုဟရ်သည် အစာပြွန်၊ အစာအိမ်၊ အလတ်တန်းစား ကင်ဆာများနှင့် အခြားတွေ့ရှိချက်များကိုလည်း တိကျသော ဖော်ပြချက်ပေးခဲ့သည်။ သူသည် otitis media နှင့် pericarditis ကဲ့သို့သော ရောင်ရမ်းခြင်းများ၏ ရောဂါဗေဒ ဖော်ပြချက်ကို ပထမဦးဆုံး ဖော်ပြခဲ့သည်။
အိဗ်နုဇူဟရ်သည် အဏုဇီဝဗေဒဆိုင်ရာ တိုးတက်မှုအတွက် အထောက်အကူပြုသော Scabies mite ၏ အထောက်အထားကိုလည်း အစောဆုံးမှတ်တမ်းတင်ခဲ့သည်။ သူသည် Kitab al-Taysir ကျမ်းတွင် "လက်၊ ခြေချင်းဝတ် နှင့် ခြေဖဝါးများ၏ အောက်တွင် သန်းသဖွယ် ပိုးကောင်များရှိသည်။ ခြေအောက်ပိုင်း၌ပိုးများက ထိုနေရာတစ်ဝိုက်ကို ထိခိုက်ပွန်းပဲ့စေသည်။ အကယ်၍ အရေပြားကိုဖယ်ရှားလျှင် မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးကောင်တိရစ္ဆာန် တစ်မျိုးသည် အစိတ်အပိုင်းအနှံ့အပြားတွင် ပေါ်လာသည်။" ဟု ဖော်ပြထားသည်။
Ibn Zuhr ၏ ဆေးပညာဘက်တွင် အကြီးမားဆုံးဆောင်ရွက်မှုမှာ တိရိစ္ဆာန်နှင့် စမ်းသပ်သောနည်းကို မိတ်ဆက်ပေးခြင်းဖြစ်သည်။ သူသည် လူသားများအား ထိရောက်နိုင်မနိုင် သိရှိရန် တိရစ္ဆာန်များအပေါ် ကြိုတင်စမ်းသပ်သော ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် လူသိများသည်။ အထင်ရှားဆုံးမှာ ထိုအချိန်က အငြင်းပွားဖွယ်ရာဖြစ်သည့် Tracheotomy ခွဲစိတ်ကုသမှုအတွက် သူ၏ အတည်ပြုချက်ဖြစ်သည်။ အဆိုပါ အငြင်းပွားဖွယ်ရာကို ဖြေရှင်းရန် ကြိုးစားရာတွင် အိဗ်ဇုဟရ်သည် ဆိတ်နှင့်ပြုလုပ်ခဲ့သော စမ်းသပ်မှုကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
"ကျွန်တော် ဒီအငြင်းပွားစရာများကို လေ့လာတဲ့အခါ ဆိတ်ရဲ့ အရေပြားနဲ့ အဖုံးကို လှီးဖြတ်ပြီးနောက် အဆုတ်ပိုက်ကိုဖြတ်တောက်လိုက်တယ်။ အဲဒီနောက် လူပင်စေ့၏ အရွယ်အစားထက်ငယ်တဲ့နေရာ အဲဒီပိုက်ရဲ့ ပစ္စည်းတွေကို လုံးဝဖြတ်လိုက်တယ်။ ပြီးတော့ အနာကို ပျောက်စေသည့်တိုင်အောင် ရေနှင့်ပျားရည်ဖြင့် ဆေးကြောပြီး အနာလုံးဝပျောက်ကင်း သွားတယ်။ အဲဒီ တိရိစ္ဆာန်ဟာ အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့တယ်။ "
ဂျုးသမားတော်-ဒဿနိကပညာရှင် Maimonides သည် Ibn Zuhr ကို“ သူသည် အသက်အရွယ်နှင့် မလိုက်အောင် ထူးခြားသည့် ပညာရှိများအနက် တစ်ပါးဖြစ်သည်” ဟု ချီးကျုးခဲ့သည်။ သူသည် သူ၏ဆေးဘက်ဆိုင်ရာကျမ်းစောင်များတွင် အိဗ်နုဇူဟ်ကို မကြာခဏ ကိုးကားခဲ့သည်။ Galen ပြီးလျှင် သူ့ကို အကြီးမားဆုံးသမားတော်အဖြစ် အေဗာရိုက ချီးကျုးခဲ့သည်။ သူ့သမီးနှင့် မြေးနှစ်ဦးစလုံးသည် သားဖွားမီးယပ်အထူးကု သမားတော်ကြီးဖြစ်လာသည်။ 🚑🚑🚑
Source : Internet
အခြားမွတ်စလင်ပညာရှင်ကြီးများအကြောင်းကို အောက်လိင့်တို့မှ ဖတ်ရှုပါ။
1. Ibn Sina
.jpg)
.jpg)