Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 18, 2017

စဉ်းစားကြည့်ပါ သူငယ်ချင်း


စဉ်းစားကြည့်ပါ သူငယ်ချင်း

===================

📝 ရှင်ခေမာစာရ 

မင်း ရှေ့ထွက်လိုက်ပါ သူငယ်ချင်း
မင်း နေရာက ရှေထွက်ဖို့ ခက်တယ်ဆိုပေမဲ့ 
မင်း ရှေထွက်လို့  မရအောင်
ပိတ်ထားတယ်ဆိုတဲ့ အသံတွေ
လက်တွေ အကာတွေ ငါလက်မခံပါဘူး။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ဗုဒ္ဓ ဘာသာသမိုင်း
အနော်ရထာနှင့် ရှင်အရဟံ
ကမ္ပည်းတင်ပြီး ဗျတ်ဝိ ဗျတ်တကို
အစ္စလာမ် သာသနာမှာ
ရာဇဝင်မှာ ချန်လှပ်ခဲ့လို ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
မင်းတို့ကို ဧည့်သည်လို့ သမုတ်
အစုတ်လို သဘောထား
တိုင်းပြည်က နှင်ထုတ်လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ငါ သိသလောက် ပြောရရင်
ကိုယ်သမိုင်း ကိုယ်ရေးမယ်ဆိုပြီး
လွတ်လပ်ရေးသမိုင်းမှာ
မင်းတိုကို ဖြုတ်ထားခဲ့လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ကိုထွန်းစိန် နဲ့  ကိုရာရှစ် မပါဘဲ
ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း
ကျောင်းသားသမဂ္ဂ မော်ကွန်းကို
ခွတ်ဒေါင်းသမိုင်းလို့ ရေးထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ရွှေတိဂုံဘုရား ခြေတော်ရင်းက
မျက်နှာဖြူ ကို အံတုတဲ့
ခေါင်းဆောင် ဆယ့်တစ်ဦးရဲ့ 
အမည်ကမ္ဗည်း မှာ
ကိုဘရှင် ကို ဖျက်ပြစ်ခဲ့ရင်
အမျိုးသားနေ့လို့ ခေါ်လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
အာဇာနည်နေ့ အခမ်းအနားကို
ဦရာဇာတ် နဲ့  ရဲဘော်ကိုထွေးမပါဘဲ
အာဇာနည်နေ့လို့ ကျင်းပလို့ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ဒီမိုကရေစီအရေးတော်ပုံ
၁၉၈၈ မှာ မွတ်ဆလင်သမိုင်း
မင်းတို့ကို ချန်ပြီး
ကမ္ဗည်းထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ဗိုလ်မှုး သော်က မပါဘဲ
NLD သမိုင်းကို
အမေ ဒေါ်အောင်ဆန်းစုကြည်
တစ်ယောက်တည်း ရေးထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ရွှေဝါရောင်တော်လှန်ရေး မှာ
သံဃာတော်တွေနှင့် အတူပါဝင်ခဲ့ပြီး
တိုက်ပွဲဝင်ခဲ့သူ စည်သူမောင်ကို
ချန်ပစ်ထားလို့ ရပြီလား။

အို…..ကုန်ကုန်ပြောရရင်ကွာ
စိုးကျော်ကျော် သွင်းတဲ့  ဂိုးမိုလို့ 
ဒိုင်လူကြီး က ခရာရှည်မမှုတ်ပဲ နေလို့ ရပြီလား။

ထွန်ထွန်းမင်း…ဒူးခေါင်းတိုက်ချက်
လက်သီးထိုးချက်ကို
ချန်ပီယံ မဖြစ်စေရလို့ 
တားမြစ်ထားလို့  ရလို့လား။

ဒီတော့ 
တို့ နိုင်ငံ အနာဂါတ်အတွက်
တို့သွေး တို့ချွေးတွေ နဲ့ 
အမိမြေကို ကျေးဇူးဆပ်ဖို့ 
အတားအဆီးတွေ ကို ရိုက်ချိုးဖျက်လို့ 
မင်း ရှေထွက်လိုက်ပါ သူငယ်ချင်း။

ငါတို့နဲ့ အတူ
ရင်ချင်းအပ်ပြီး
လက်ချင်းချိတ်လို့
တမန်တော် မွေးနေ့
ရှေထွက်လိုက်ပါ သူငယ်ချင်း။          ။

==============================
အရှင် ခေမာစာရ (၁၅ ဇန်န၀ါရီ ၂၀၁၇) 

ဆ ရာ မောင် ကြေး မုံ သ တင်း ထောက်

Sunday, January 15, 2017

လွှတ်တော်ထဲမှ " ကျိုင်း " အကြောင်း

ယနေ့ခေတ် ကျိုင်း

လွှတ်တော်ထဲမှ " ကျိုင်း " အကြောင်း

ရေးသူ 📝 သိန်းဝင်းဦး

ကျိုင်းကို အင်္ဂလိပ်ဘာသာတွင် (Mace) ဟု သုံးနှုန်းပါသည်။ မြန်မာလို အဓိပ္ပါယ်ကတော့ . .အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါသည်။ မြန်မာ စွယ်စုံကျမ်း အတွဲ (၂) မှာ ကျိုင်း၏ အဓိပ္ပာယ်ကို-
“မြင့်မြတ်သော အခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်” ဟု ဖွင့်ဆိုထားသည်။

ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီ မင်းသားတို့၏ အဆောင်အယောင် တစ်ပါး ဖြစ်သည်။ ဘုရင်က ချီးမြှောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့်အရ ကျိုင်းကို ကိုင်ဆောင် သုံးစွဲခွင့်ရပါသည်။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သော အခါ ဆိုင်ရာ ကျိုင်းကိုင် အမှုထမ်းများက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်း ပုံသဏ္ဍာန်သည် . . အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန် ရှိသောအရာ ဖြစ်သည်။ အထွတ်ကို ရွှေချထားခြင်း တစ်မျိုး အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ကို ဆေးနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီ သုတ်ခြင်း တစ်မျိုး။ စုစုပေါင်း (၃) မျိုးရှိပါတယ်။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုးတွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းတွင် ပါသော “ဝေါရှည်နှင့် ဝေါတော်ရှေ့ ကျိုင်း (၄) ချက်စီ၊ လက်ကိုင် မှန်စီ ကျိုင်းတော်နှစ်'' ဟူသော စကားအရ သိရသည်။

တစ်ခါတစ်ရံ ကျိုင်းကိုရှေ့မှ ကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကိုပြာဋိဟာခန်းပျို့တွင် . . .
"ယာဉ်ညှဉ်းစီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း" ဟူ၍၄င်း၊ လွှတ်တော် သတ်ပုံတွင် "အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြုသည့် အနေဖြင့်ဆောင်ထားသော ကျိုင်း ဖြစ်ပါသည်။မြန်မာ့ လွှတ်တော်တွင်ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်ပါသည်။ ဥက္ကဌ နှင့် နာယကသည် လွှတ်တော် အစည်းအဝေးခန်းမသို့ ကြွရောက်သော အခါ ဆိုင်ရာကျိုင်းကိုင် အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ (၈) ပေခန့် အကွာမှ ကျိုင်းကို ကိုင်လျက် သွားရပါသည်။ သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရပါသည်။ အစည်းအဝေးပြီး၍ ဥက္ကဋ္ဌကြီး ပြန်လည် ထွက်ခွာမည့်အခါ ကျိုင်းကိုင် အရာရှိသည် ကျိုင်းကို ယူဆောင်၍ရှေ့မှ သွားရပါသည်။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေပါသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင် အစည်းအဝေး ပြီးဆုံးပြီဟူသော အထိမ်းအမှတ် ဖြစ်ပါသည်။

ကျိုင်းကိုင် အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထောက် (ရဲမှူး) အဆင့်ထက် နိမ့်သူကို  ခန့်ထားရိုး မရှိပါ။
နိုင်ငံတော် တရားလွှတ်တော်ချုပ်နှင့်  တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်း အဆောင်အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါ ကျိုင်းနှင့် ဝင်ကြပါသည်။ တရားဝန်ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏  အခွင့်အာဏာကို ပြသည့်အပြင် " ဥပဒေနှင့် တရားမျှတမှု " ၏ အထိမ်းအမှတ် လည်းဖြစ်ပါသည်။

တရားလွှတ်တော်ချုပ်တွင် သုံးသော ကျိုင်းသည် (၆) ပေခန့်ရှည်၍ သစ်သားဖြင့် ပြုလုပ်ထားပါသည်။ ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားပါသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင် လုလင်က တရားဝန်ကြီး၏ ရှေ့ (၉)ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရပါသည်။ တရားဝန်ကြီးက နေရာတွင် ထိုင်လိုက်သည်နှင့် တပြိုင်နက် ကျိုင်းကိုင် လုလင်က ကြမ်းပြင်ကို ကျိုင်းဖြင့် ဆောင့်၍ အချက်ပေးရပါသည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်းကိုင် လုလင်က ဝင်လာသည့် နည်းတူ တရားဝန်ကြီး၏ ရှေ့က ထွက်နှင့်ရပါသည်။

ဗြိတိသျှ ပါလီမန်မှာ လွှတ်တော် နှစ်ရပ် အပြင် စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိသည်။ တိုင်းပြည်၏ အရေးပါသည့် လွှတ်တော်ကို ဗြိတိသျှတို့၏ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီး၏ ရှေ့မှောက်မှာ ကျင်းပ သည်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင်မကြီးက မတက်ရောက်နိုင်ခြင်းလည်း ရှိသည်။ ထို့ကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထားခြင်း ဖြစ်သည်။ အစည်းအဝေး "စ" တော့မည်ဆိုရင် ကျိုင်းကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာသော အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးလျှင် ပြန်သယ်သွားရသည်။

နယူးဇီလန် နှင့် သြစတေးလျနိုင်ငံကဲ့သို့ ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတို့၏ ပါလီမန်မှာလည်း ကျိုင်းကို ထားရှိသည်။ ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ ၏ အထိမ်းအမှတ်ဖြစ်၍ အခြား နိုင်ငံများတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရား လွှတ်တော်များနှင့် တက္ကသိုလ်များမှာ ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင် အဖြစ် ထားရှိသည်။အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဝန်ထံတွင်ငွေကျိုင်း အဆောင်အယောင် ရှိသကဲ့သို့ ကျိုင်းကိုင် သည့် အမှုထမ်းများကိုလည်း ထားရှိပါသည်။ “ ဆောင်းသည့်ကျိုင်း" ဟူသော စကားအရ၄င်း သိရပါသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌ မင်းနှင့် မိဖုရားကား (၈)လက် အိမ်ရှေ့မင်းနှင့် မင်းညီ မင်းသားတို့က (၄) လက်၊ တစ်ခါတစ်ရံ (၆) လက် ဆောင်သည်ဟု သိရပါသည်။

ကျိုင်းကို မင်္ဂလာ အခမ်းအနားများတွင် သာမက အသုဘ အခမ်းအနားများတွင်လည်း အဆင့်အတန်း အလိုက် ဆိုင်ရာအမှုထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။
ကျိုင်းသည် မြင့်မြတ်သူတို့၏ အဆောင်အယောင် ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား "ကျိုင်းနှင့် သပေါက်၊ မထောက်မတန်" ဟူ၍၄င်း "သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့်သည်" ဟူ၍၄င်း စာပေတွင် စပ်ဆိုကြပါသည်။


 ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဌ တို့တွင်
ငွေဖြင့် ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထို ကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ငွေသား ကျပ်ချိန် ၆ဝဝ ရှိပါသည်။ အဆိုပါ ကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏မြင့်မြတ်သော အခွင့် အာဏာကို ပြသပါသည်။

မြန်မာမင်းများ လက်ထက်က ကျိုင်းနှင့် ယခု လွှတ်တော်တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွဋ် အမြတ်ဖြစ်သော သဘောချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်း မတူပါ။ရှေးမြန်မာမင်းများ လက်ထက်က ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန်ရှိပြီး ရွှေထီးကဲ့သို့အောက်ခြေခုံတွင် ထောင်ထားရကြောင်း သိရှိရပါသည်။


ပါလီမန်ဒီမိုကရေစီခေတ် ကျိုင်း


 အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြုသည့် အနေဖြင့်
ဆောင်ထားသောကျိုင်း ဖြစ်ပါသည်။မြန်မာ့ လွှတ်တော်တွင်ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်ပါသည်။ ဥက္ကဌ နှင့် နာယကသည် လွှတ်တော် အစည်းအဝေးခန်းမသို့
ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ (၈) ပေခန့် အကွာမှ ကျိုင်းကို ကိုင်လျက် သွားရပါသည်။ သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရပါသည်။ အစည်းအဝေးပြီး၍ ဥက္ကဋ္ဌကြီး ပြန်လည် ထွက်ခွာမည့်အခါ ကျိုင်းကိုင် အရာရှိသည် ကျိုင်းကို ယူဆောင်၍ရှေ့မှ သွားရပါသည်။
လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေပါသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင် အစည်းအဝေး ပြီးဆုံးပြီဟူသော အထိမ်းအမှတ် ဖြစ်ပါသည်။

ကျိုင်းကိုင် အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထောက် (ရဲမှူး) အဆင့်ထက် နိမ့်သူကို  ခန့်ထားရိုး မရှိပါ။
နိုင်ငံတော် တရားလွှတ်တော်ချုပ်နှင့်  တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်း အဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါ ကျိုင်းနှင့် ဝင်ကြပါသည်။ တရားဝန်ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏  အခွင့်အာဏာကို ပြသည့်အပြင် " ဥပဒေနှင့် တရားမျှတမှု " ၏ အထိမ်းအမှတ် လည်းဖြစ်ပါသည်။

တရားလွှတ်တော်ချုပ်တွင် သုံးသော ကျိုင်းသည် (၆) ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထာပါသည်။
ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားပါသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ
ကျိုင်းကိုင် လုလင်က တရားဝန်ကြီး၏ ရှေ့ (၉)ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရပါသည်။
တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက် ကျိုင်းကိုင် လုလင်က ကြမ်းပြင်ကို ကျိုင်းဖြင့် ဆောင့်၍ အချက်ပေးရပါသည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်းကိုင် လုလင်က ဝင်လာသည့် နည်းတူ တရားဝန်ကြီး၏ ရှေ့က ထွက်နှင့်ရပါသည်။

ဗြိတိသျှ ပါလီမန်မှာ လွှတ်တော် နှစ်ရပ် အပြင် စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။
တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီး၏ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင် မကြီးက မတက်ရောက်နိုင်တာ ရှိပါတယ် ။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထားတာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။

နယူးဇီလန် နဲ့ သြစတေးလျနိုင်ငံတွေလို . . .ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။ ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏
အထိမ်းအမှတ်ဖြစ်၍ အခြား နိုင်ငံများတွင်လည်း . . .ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ နဲ့ 
တက္ကသိုလ်များမှာ ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင် အဖြစ် ထားရှိပါတယ်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဝန်ထံတွင်ငွေကျိုင်း အဆောင်အယောင် ရှိသလို ကျိုင်းကိုင်သည့်
အမှုထမ်းများကိုလည်း ထားရှိပါသည်။




ရှေးခေတ်ဟောင်းက စစ်ဖက်ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင်အောင် ပြုလုပ်ထားသလို
အိန္ဒိယနိုင်ငံတွင်မူ အလှအပ မွမ်းမံထားသော ကျိုင်းအပြင် လက်နက်သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။

တချို့သော သူများက မြန်မာ့ လွှတ်တော်တွင် . . .
ကျိုင်းထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုသည် ကိုတွေ့မြင်ဖူးပါသည်။
မဟုတ်ပါ။ ကျိုင်းထားခြင်းကို မြန်မာ့ လွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်း မင်းနားများတွင် ဖတ်မှတ်ဖူးပါသည်။

မည်သို့ပင်ဖြစ်စေ ကျိုင်းသည် ယဉ်ကျေးမှု အစဉ်အလာအားဖြင့် ကြီးမားသော နိုင်ငံများတွင်  အလွန် အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

Friday, January 6, 2017

ဘော်လီဝုဒ်ရဲ့ ကြယ်ပွင့် အိုမ်ပူရီ နှလုံးရောဂါဖြင့် ကွယ်လွန်ရှာ




ဘော်လီဝုဒ်ရဲ့ ကြယ်ပွင့် အိုမ်ပူရီ နှလုံးရောဂါဖြင့် ကွယ်လွန်ရှာ၊

ဘော်လီဝုဒ်။     အိုမ်ပူရီရဲ့ ရုပ်ကလပ်မှာ အာနဒေရီ ရှိ သူနေအိမ်၌ ယူဆောင်သွားပြီး ဘော်လီဝုဒ်ရဲ့ မိတ်ဟောင်းမိတ်ဖက်များက နောက်ဆုံး နှုတ်ခွန်းဆက်သရန် ရောက်လာနေကြသည်။ 

ဘော်လီဝုဒ် ဝါရင့် ဇာတ်ဆောင်မင်းသား အိုမ်ပူရီ (Om Puri)၊ အသက် (၆၆)နှစ်သည် ဒီကနေ့ ၆.၁.၂၀၁၇ သောကြာနေ့ မနက်တွင် ပြင်းပြင်းထန်ထန် နှလုံးသွေးကြောပိတ်ဆို့မှုဖြင့် ကွယ်လွန်သွားခဲ့သည်။ ဘော်လီဝုဒ်ရုပ်ရှင် ကမ္ဘာရဲ့ အကျော်အမော် မိတ်ဖက်မိတ်ပေါင်းများက နောက်ဆုံး နှုတ်ခွန်းဆက်သရန် အစုလိုက် ရောက်လာနေကြသည်။ ရုပ်ကလပ်ကို  ကိုပါ ဆေးရုံ [Cooper Hospital] သို့ ခွဲစိတ်စုံစမ်း (Postmortem) ရန် ယူဆောင်သွားခဲ့သည်။ 

သတင်းကို အတည်ပြုရန် အိုမ်ပူရီ၏ အနီးဆုံး မိတ်ဆွေ တစ်ဦးဖြစ်သော ရုပ်ရှင်ထုတ်လုပ်သူ အာချိုခ် ပဏ္ဍိတ် ကို မေးမြန်းခဲ့ရာ “အိုမ်ပူရီဟာ ဒီနေ့မနက်တွင် နှလုံးပိတ်ဆို့မှုရောဂါကို ရုတ်တရက် ခံစားနေတယ်။ ကျနော်တို့ သူ့အိမ်ကို ခဏလေးနဲ့ ရောက်နေမယ်” ဟု ပြောကြားခဲ့တယ်။

ဝါရင့် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ရှားဘ်နာ အဇ်မီက တွီတာဖြင့် သတင်း အသေးစိတ်ကို မျှဝေခဲ့တယ်။ သူ တွီတာမှာ တင်တာက “အိုမ်ပူရီကို ကိုပါ ဆေးရုံတွင် ခွဲစိတ်စုံစမ်းနေပြီ။ ည ၃ နာရီတွင် တြီရှာလ် [Trishul] သို့ ယူဆောင်လာမယ်၊ ည ၆ နာရီတွင် အိုချီဝါရာ အီလက်ထရွန်နစ် ဆီမေတိုရီယာမ် [Oshiwara electric crematorium] ၌ ဈာပနာ အခမ်းအနား ကျင်းပမှာဖြစ်တယ်” ဟု ဖော်ပြထားတယ်။ 

အိုမ်ပူရီသည် ဘော်လီဝုဒ်၊ ပါကိစ္စတန်ရုပ်ရှင်၊ ဗြိတိသျှရုပ်ရှင်၊ ဟောလီဝုဒ် ရုပ်ရှင်လောက၌ပင် ခေတ်စားထင်ရှားခဲ့သည့် မင်းသားဖြစ်သည်။ သူသည် OBE ဆုအပြင် အိန္ဒိယရဲ့ စတုတ္ထ အမြင့်မြတ်ဆုံးဆုဖြစ်သော ပါဒ်မာ သျှီ ဆုကိုလည်း ရရှိခဲ့သည်။ နိုင်ငံတော် ဝန်ကြီးချုပ် နရီန္ဒြာ မိုဒီ ကလည်း သူဖြတ်သန်းခဲ့သော ရုပ်ရှင်ဘဝကို အောက်မေ့ရင်း ရုတ်တရက် ကွယ်လွန်ခြင်းအပေါ် ကြေကွဲ ဝမ်းနည်းမှု ဖော်ပြခဲ့တယ်။

အိုမ်ပူရီသည် ၁၉၅၀ ခုနှစ်တွင် ဟာရီယာနားပြည်နယ်၊ အမ်ဘာလိုက်မြို့ရှိ ဟီန္ဒူ-ပန်ဂျာပီ မျိုးနွယ်စု၌ ဖွားမြင်ခဲ့သည်။ ဖခင်သည် အိန္ဒယ ရထားဆက်သွယ်ရေး၌ အမှူးထမ်း တစ်ဦးဖြစ်သည်။ ယင်းမတိုင်မီ ဖခင်သည် အန္ဒိယ စစ်တပ်တွင်လည်း အမှူးထမ်းခဲ့ဖူးသည်။

အိုမ်ပူရီသည် အိန္ဒိယ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သင်တန်းကျောင်း [Film and Television Institute of India] နှင့် အမျိုးသား ပြဇာတ်ကျောင်း  [National School of Drama] ဆင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး Art Film လှုပ်ရှားမှု ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင်လောက၌ စတင်ဝင်ရောက်ခဲ့သည်။ ဂါဆီးရာမ် ကုသုဝါလ် [Ghasi Ram Kutuwal] အမည်ရှိ မာရာတီဇာတ်ကားတွင် ပထမဆုံး သရုပ်ဆောင်ကာ ခရီးစခဲ့သည်။ သူရဲ့ ကျော်ကြားသော ဇာတ်ကားအချို့မှာ Bhavni Bhavai (၁၉၈၀), Sadgati (၁၉၈၁), Ardh Satya (၁၉၈၂), Mirch Masala (၁၉၈၆) and Dharavi (၁၉၉၂) စသည်တို့ဖြစ်ကြတယ်