Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, March 31, 2017

ဧပရယ်ဖူးလ် သမိုင်းကြောင်း [April Fool]

ဧပရယ်ဖူးလ် သမိုင်းကြောင်း



အနောက်တိုင်း(ဥရောပ)၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို နှစ်သက်ကြသည့် အီမာန်ရှင်မုစ်လင်မ်တို့သည် ယင်းဓလေ့ထုံးစံများ မည်သို့ဖြစ်ပေါ်လာသည်ကို လေ့လာစူးစမ်းခြင်း မပြုဘဲ မွစ်လင်မ် အသိုင်းအဝိုင်း အတွင်း လက်ခံကျင့်သုံး နေကြသည်။ အနောက်တိုင်းမှ တီထွင်လိုက်သည့် ဓလေ့များတွင် ဧပရယ်လ်ဖူးလ် ဟုခေါ်သည့် ဓလေ့ဆိုးတစ်ခုလည်း ပါဝင်သည်။ ဧပရယ်လ်ဖူးလ် ဆိုသည်မှာ နှစ်စဉ် ဧပြီလဆန်း ၁ ရက်နေ့တွင် လူတို့အား အမှန်တကယ်မဖြစ်သည့် မရှိသည့် အကြောင်းအရာတို့ဖြင့် လှောင်ပြောင် ကျီစယ်ခြင်းပင် ဖြစ်သည်။

ဧပြီ ၁ ရက်နေ့တွင် လှောင်ပြောင် မုသားပြောပြီး လှည့်ဖျားကာ လူတို့အား အရူးလုပ်ရသည်ကို မွစ်လင်မ်တို့ က ပြုပိုင်သည့်ကိစ္စဟုပင် မှတ်ယူနေကြသည်။ ထိုဧပြီ ၁ ရက်နေ့တွင် လိမ်လည်ပြောသည့်လုပ်ရပ်အား မလုပ်ဖြစ်လိုက်သည်ဟု မရှိရလေအောင် သေချာစွာ ဂရုတစိုက် ပြုလုပ်ကြသည်။ ထိုနေ့တွင် လိမ်ညာခြင်းကို အများဆုံး ပြုလုပ်နိုင်သူကိုအား ချီးကျူးဂုဏ်ပြုကြသည်။ ဤသို့ အခြားသူများ ဒုက္ခရောက် စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုလုပ်ရသည့် ဧပရယ်လ်ဖူးလ် ကို ကောင်းသည့်ကိစ္စရပ်တစ်ခု၊ လူတို့အားပျော်ရွှင်စေ သည့် အရာတစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။

ဤလုပ်ရပ်သည် ကောင်းသောလုပ်ရပ် မဟုတ်ပါ။ လူတို့အား ဘေးဒုက္ခရောက်၊ အခက်အခဲဖြစ်စေသည့် လုပ်ရပ်ဆိုးပင် ဖြစ်သည်။ ထိုနေ့တွင် ဧပရယ်လ်ဖူးလ် လုပ်သူက ပြောဆိုလိုက်သည့် မုသားစကား လိမ်ညာသတင်းကြောင့် ကြားလိုက်ရသည့်သူမှာ ချက်ခြင်းသေဆုံးသွားရခြင်း၊ နှလုံးရပ်သွားခြင်း၊ ဆေးရုံ တင်လိုက်ရခြင်း စသည်အခြေအနေ အထိဖြစ်သွားရလေသည်။ ဥပမာ- မင်းအိမ်မီးလောင်သွားပြီ၊ မင်းအမျိုးတွေခရီးသွားတာ ကားအက်စီးဒင့်ဖြစ်သွားပြီ၊ စသဖြင့်ပြောလိုက်ပါက ကြားရသူမှာ ချက်ခြင်း စိတ်လှုပ်ရှားမှု ဖြစ်သွားပေမည်။ ဤသို့မဟုတ်ပဲ ကောင်းသတင်းများပေးပါကလည်း အပျော်လွန်ပြီး နှလုံးရပ် သွားနိုင်သည်။ မည်သို့ပင်ဆိုစေ လိမ်ညာထားသည့် အကောင်းများပြောသည်ပင် ဖြစ်စေ၊ ဒုက္ခပေးသည့် စကားများပြောသည်ပင် ဖြစ်စေ၊ လိမ်ညာ၊ မုသားပြောခြင်းကို အစ္စလာမ့်ရှရီအသ်တွင် လုံးဝ တားမြစ်ထား သည်။ မုသားပြောဆိုခြင်းသည် မုနာဖိက် (မွစ်လင်မ်အယောင်ဆောင်)တို့၏ လက္ခဏာများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ဟဒီးစ်တော်တွင် -“လူတွေ ရယ်မောဖို့ မုသားပြောဆိုသူဟာ ပျက်စီးဆုံရှုံးမယ်” ဟုမိန့်ကြားထားပေသည်။ အခြားဟဒီးစ်တော်တစ်ပါးတွင် "ရယ်မောပျော်ရွှင်သည့် အခါမှာဖြစ်စေ၊ တိုက်ခိုက်သည့် အခါမှာဖြစ်စေ၊ မုသားပြောဆိုခြင်းကို မစွန့်လွှတ်သရွေ့ ထိုသူသည် ပြည့်ဝသော အီမာန်ရှင်မဟုတ်ပါ" ဟု မိန့်ကြားထားသည်။

ဤ ဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုး စတင်လာပုံကို သမိုင်းပညာရှင်တို့ထံမှ အဆိုကွဲများစွာ လာရှိထား ၏။ အချို့က ပြင်သစ်တို့၏ ၁၆ ရာစုပြည့်နှစ်၏ ပထမဆုံးလမှာ ဇန်ဝါရီလမှ စတင်သည်မဟုတ်၊ ဧပြီလမှစတင်ခဲ့သည်။ ထိုဧပြီလကို ရောမသားတို့က ၎င်းတို့၏နတ်ဖုရား ဗီးနပ်စ်နှင့်ဆက်နွယ်နေသည်ဟု မှတ်ယူပြီး မြင့်မြတ်မှုရှိသည်ဟု ခံယူချက်ထားသည်။ ဗီးနပ်စ်ကို ယူနာနီ ဘာသာဖြင့် Aphradile ဟုခေါ်သည်။ ၎င်းယူနာနီဘာသာကိုပင် အခြေခံ၍ April (ဧပြီလ) ဟုခေါ်ဝေါ်ပုံရသည် ဟု ဆိုကြသည်။

နောက်အဆိုတစ်ခုမှာ ဧပြီတစ်ရက်နေ့သည် ရာစုနှစ်တစ်ခု၏ ပထမဆုံးနေ့အဖြစ် ကျရောက်ခဲ့သည်။ ထိုကဲ့သို့ နေ့မျိုးတွင် သီးသန့် နတ်ဖုရားရုပ်ထု တစ်ခုအား ပူဇော်ပသပါက ထွတ်မြတ်သည်ဟုလည်း အယူအဆရှိကြသည်။ ထို့ကြောင့်လူတို့သည် နတ်ပူဇော်ပွဲနှင့်အတူ ပျော်ပွဲ ရွှင်ပွဲများလည်း ပြုလုပ်ကြသည်။ ထိုပွဲတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်မှုများ ပြုလုပ်ကြသည်။ ယင်းလုပ်ရပ်သည် တဖြည်းဖြည်းနှင့် ဧပရယ်လ်ဖူးလ်ဟု အမည်တွင်ပြီး ပြန့်နှံသွားသည်။ အချို့သူတို့က ထိုဘုရားပွဲနေ့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ဆောင်ပေးကြသည်။ လူတစ်ဦးက လက်ဆောင် ပစ္စည်းပေါ်တွင် ဟာသစကားတစ်ခု ရေးပြီး နောက်တစ်ဦးကိုပေးလိုက်သည်။ ထိုလုပ်ရပ်ကို အခြားသူများကလည်း လိုက်လုပ်ကြပြီး ပြောင်လှောင်သည့် ဓလေ့တစ်ခု ဖြစ်သွားသည် ဟု ဆိုသည်။

ဗရ်တာနေကာ (စွယ်စုံကျမ်း)တွင် ဧပရယ်လ်ဖူးလ် ဖြစ်ပေါ်လာသည့် အကြောင်းအရာတစ်ခုကို ပြောပြထား သည်မှာ မတ်လ ၂၁ ရက်ခန့်မှစတင်၍ ရာသီဥတု ပြောင်းလဲလာသည်။ ထိုသို့ ရာသီဥတုများ ပြောင်းလဲခြင်း ကို အချို့က (အလ္လာဟ့်အရှင့်ထံခိုလှုံမှုရယူပါသည်.) ဖန်ဆင်းရှင်သည် လှောင်ပြောင်သည့်အနေဖြင့် ရာသီဥတုများ ပြောင်းလဲ၍ ကျွန်ုပ်တို့ကို အရူးလုပ်နေခြင်း ဖြစ်သည်ဟု မှတ်ယူ၍ လူတို့တွင်လည်း တစ်ဦးနှင့်တစ်ဦး လှောင်ပြောင်၍ မုသားပြောဆိုခြင်းတို့ကို ထို(ရာသီဥတုကူးပြောင်းသည့်) ကာလတွင် ပြုလုပ်ကြလေသည်။ ဖန်ဆင်းရှင်၏ ကျီစယ်မှုဟု နာမည်တပ်၍ ဖြစ်ပေါ်လာသည့် ထုံးစံသည် ဖန်ဆင်းရှင်၏ နောက်လိုက်ပြုရန် (သို့မဟုတ်) ဖန်ဆင်းရှင်ထံမှ ပြစ်ဒဏ်ကိုဖိတ်ခေါ်နေခြင်းလား ဟူသည်ကို စတင် တီထွင်သူနှင့် နောက်လိုက်ကျင့်သုံးနေသူတို့ ယခုအချိန်ထိ ကွဲပြားစွာမသိကြသေးပေ။

ဧပရယ်လ်ဖူးလ် ဖြစ်လာရသည့် တတိယအကြောင်းခံကို ခရစ်နှစ် (၁၉)ရာစု၏ စွယ်စုံကျမ်းရှင် လားရူးစ်က တင်ပြထားသည်။ သူ့၏အဆိုကို အမှန်ဟု သတ်မှတ်ကြပေသည်။ ယဟူဒီနှင့် အီစာအီတို့၏ ပြောပြချက်အရ ဖြစ်ပေါ်လာပုံမှာ ဧပြီ (၁)ရက်နေ့ကို ရောမသားတို့နှင့် ယဟူဒီတို့က ဟဇရသ်အီစာ(အလိုင်)ကို လှောင်ပြောင် သရော်ခဲ့ကြသည့် အမှတ်တရနေ့အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ လက်ရှိ သမ္မာကျမ်းစာတွင် ထိုဖြစ်ရပ်ကို အကျယ်တဝန့်ဖော်ပြထားသည်။ လုကာ၏ သမ္မာကျမ်း၌ ပါရှိသည့် ရေးသားချက်မှာ “၎င်းနောက် အကြင်သူသည် ထိုသူ(တမန်တော်အီစာကို ဖမ်းဆီးလိုက်သည်။ ထို့နောက် တမန်တော်အား လှောင်ပြောင်၊ ဟားတိုက်ရယ်မောခဲ့သည်။ ၎င်းနောက် တမန်တော်၏ မျက်လုံးများကို (အဝတ်ဖြင့်)ပိတ်၍ ပါးရိုက်ခဲ့သည်။ ပြီးနောက် မေးသည်မှာ အသင့်ကို ဘယ်သူ ပါးရိုက်နေတာလဲ ဆိုသည်ကို နဗူဝသ်(အိလ်ဟာမ်)ဖြင့် ဖြေကြားပါ။ ၎င်းနောက် များစွာသော စကားတို့ကို လှောင်ပြောင် သရော်၍ ထိုသူ(တမန်တော်အီစာ)ပြောသည်နှင့် ဆန့်ကျင်ဖက်ပြောဆိုခဲ့သည်။” (လုကာ ၂၂၊ ၆၃ မှ ၆၅)
သမ္မာကျမ်းများ၌ပင် အကြောင်းတစ်ခု ထပ်မံတင်ပြထားသည်မှာ အီစာ(အလိုင်ဟိစ္စလာမ်)ကို ဦးစွာ ယဟူဒီခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်သည့် တရားရုံးသို့ ရုံးတင်လိုက်သည်။ ထိုရုံးမှတဆင့် ပိုင်လာသပ်စ် ဟူသည့် တရားရုံး၌ စီရင်ချက်ချမည်ဆို၍ ၎င်းနေရာသို့ ပို့ဆောင်လိုက်ပြန်သည်။ တဖန် ပိုင်လာသပ်စ်မှ ဟီရိုဒေးစ်၏ ရုံးသို့ပင် ပြန်ပို့လေသည်။

စွယ်စုံကျမ်းပညာရှင်လာရူးစ်က ဆက်လက်ပြောကြားသည်မှာ ဤသို့ တမန်တော်အီစာသခင်အား ခုံရုံးနောက်တစ်ခုသို့၊ နောက်တစ်ခုမှာ ပထမတစ်ခုသို့ ပို့နေကြခြင်းသည်လည်း ဒုက္ခရောက်၊ အခက်အခဲဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး တမန်တော်အား လှောင်ပြောင်သရော်ရန် ပြုလုပ်ကြခြင်းဖြစ် သည်။ ထိုဖြစ်ရပ်သည် ဧပြီ ၁ ရက်နေ့တွင် ဖြစ်ခဲ့ခြင်းကြောင့် ဧပရယ်လ်ဖူးလ် ထုံးစံသည် ထိုရိုင်းစိုင်းသည့် လုပ်ရပ်ကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

ဧပရယ်လ်ဖူးလ်နေ့တွင် (ဖူးလ်)အရူးလုပ်ခံရသူကို ပြင်သစ်ဘာသာဖြင့် Possand avail ဟုခေါ်သည်။ အင်္ဂလိပ်ဖြင့် ဘာသာပြန်လျှင် April Fish ဧပြီငါး ဟု အဓိပ္ပါယ်ထွက်သည်။ ဆိုလိုသည်မှာ ဧပြီလ၌ တံငါသည်ထံ ပထမဆုံးမိသွားသည့် ငါးကဲ့သို့ ဧပရယ်လ်ဖူးလ် လုပ်သူထံ ခံရသူကလည်း မိသွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အထက်ပါအဆိုကို လာရူးစ်ကပင် တင်ပြထားပြီး မခိုင်မာသည့်အဆိုဟု သတ်မှတ်ထားသည်။ အထောက်အထားပြသည်မှာ ပြင်သစ်ဘာသာတွင် ထို Posion အတိုင်း ဆင်တူသည့် စာလုံး နောက်တစ်မျိုးရှိသည်။ ထိုစာလုံး၏ အဓိပ္ပါယ်မှာ ဒုက္ခရောက်စေခြင်း၊ ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ယင်းအဓိပ္ပါယ်ကို ထောက်ရှုလျှင် ဤဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့သည် အမှန်တော့ တမန်တော်အီစာအပေါ် ၎င်းတို့ ဒုက္ခပေးခဲ့ကြသည်ကို အကြောင်းခံပြီး တီထွင်ထားသည့် ဓလေ့ဖြစ်ပြီး ယင်းဖြစ်ရပ်ကို အမှတ်ရနေစေရန် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။ (အီစာအီ (ခရစ်ယာန်)တို့၏ ပြောပြချက်အရ တမန်တော်အီစာအား ယဟူဒီ(ဂျူး)တို့က ဒုက္ခပေးခဲ့ကြကြောင်း သိရ သည်။)

ပြင်သစ်စာရေးဆရာတစ်ဦး၏ အဆိုမှာ Poisson သည် သူ့၏ မူရင်းပုံစံအတိုင်းသာ ရှိသည်။ သို့သော် ထို Poisson ကို စာလုံးငါးမျိုး၏ အစစကားလုံးများကို စုစည်းပြီး စာလုံးတစ်လုံးအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ ထိုစာလုံးငါးမျိုးကို ပြင်သစ်ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်လျှင် အစဉ်လိုက်အားဖြင့် “အီစာ၊ မစီးဟ်၊ အလ္လာဟ်၊ သား၊ ဖိဒ်ယာ” ဟု ဖြစ်သည်။ ထိုသူ့၏ ရေးသားချက်အရ ၎င်းထံတွင်လည်း ဧပရယ်လ်ဖူးလ်သည် တမန်တော်အီစာအား ဒုက္ခပေး လှောင်ပြောင်သည့်ဖြစ်ရပ်ကို သတိရစေသည့် ထုံးစံတစ်ခုပင် ဖြစ်ကြောင်း သိရသည်။

အထက်ပါပုဂ္ဂိုလ်တို့၏ အထောက်အထားခိုင်မာစွာဖြင့် တင်ပြထားသည့် ဖြစ်ရပ်တို့သည် အမှန်ဖြစ်ပါက ဖြစ်နိုင်ချေအများဆုံးမှာ ဤဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုးကို ယဟူဒီတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာလည်း တမန်တော်အီစာကို လှောင်ပြောင်ရန် ဖြစ်၏။ ဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့ကို ယဟူဒီ(ဂျုးလူမျိုး)တို့က (မအားဇလ္လာဟ်) အီစာနဗီကို လှောင်ပြောင်သည့်အနေဖြင့် ကျင့်သုံးခြင်းဖြစ်သည်။ ခရစ်ယာန်တို့ကလည်း ထိုဓလေ့ကို တားမြစ်ပိတ်ပင်ခြင်း၊ ရှုံချပြောဆိုခြင်းများ မရှိသည့်အပြင် ၎င်းတို့ကိုယ်တိုင်ကပင် လက်ခံကျင့်သုံးနေကြပြီး ဆက်လက်ပြန့်ပွား တည်ရှိနေရန် ကြိုးပမ်းကြခြင်းမှာ အံသြဖွယ်ရာပင်ဖြစ်သည်။ ဖြစ်နိုင်ချေတစ်ခုမှာ ခရစ်ယာန်တို့က ဧပရယ်လ်ဖူးလ်၏ ဇစ်မြစ်ကို သေချာစွာလည်း မသိသလို လေ့လာမှုလည်း မပြုကြပေ။

ယင်းခရစ်ယာန်တို့၏ အကျင့်မှာလည်း အံသြစရာပင် ဖြစ်၏။ ၎င်းတို့၏ အယူအဆအရ အီစာနဗီသည် လက်ဝါးကပ်တိုင်တွင် ကွပ်မျက်ခြင်းခံခဲ့ရသည်ဟု သတ်မှတ်ထားသည်။ သဘောတရားအရဆိုလျှင် အီစာနဗီကို ဒုက္ခရောက် သေးသိမ်စေခဲ့သည့် အရာကို ၎င်းတို့၏ အမြင်တွင်လည်း ရွံ့ရှာမုန်းတီးမှု ထားရမည်ဖြစ်သည်။ သို့သော် ၎င်းခရစ်ယာန်တို့သည် ရွံရှာရမည့်အစား အမြတ်တနိုး ထိန်းသိမ်းထားသည့် အပြင် ခရစ်ယာန်ဘာသာ၌ အမြင့်မြတ်ဆုံးအရာမှာ လက်ဝါးကပ်တိုင်ပင်ဖြစ်သည်ဟု သတ်မှတ်မှုပင် ထားလိုက်ကြသေး၏။

ဧပရယ်လ်ဖူးလ်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ခရစ်ယာန်တို့ထံ၌ အီစာနဗီကို လှောင်ပြောင် သရော်ခြင်းကိုလည်း မကောင်းသည့်အရာဟု မသတ်မှတ်သည့်အပြင် ခရစ်ယာန်အသိုင်းအဝိုင်းထဲ၌ပင် ဧပရယ်လ်ဖူးလ်လုပ်ရပ်များ ပြန့်ပွားစေရန် ဂရုစိုက်ကြဟန်တူသည်။ (အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်ပေသည်။)

အထက်ပါသမိုင်းကြောင်းများဖြင့် ဧပရယ်လ်ဖူးလ်သည် ဗီးနတ်စ် နတ်ဖုရားနှင့်လည်း ဆက်နွယ်နိုင်သလို (အရှင့်ထံခိုလှုံမှုယူပါ၏) ဖန်ဆင်းရှင်၏ ပြောင်လှောင်မှုကြောင့် လူတို့ကလည်း ပြောင်လှောင်မှုပြုသည်ဟု သတ်မှတ်ခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ဟဇရသ်အီစာအား သရော်ခြင်း၊ ဒုက္ခရောက်စေခြင်းကို အမှတ်ရနေစေရန် ကျင်းပခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။ မည်သည့်ပုံစံတွင်မဆို ဤ ဧပရယ်လ်ဖူးလ် သည် ရုပ်ထုကိုးကွယ်မှု၊ နဗီတမန်တော်အား သိက္ခာကျဆင်းစေခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောဒကတတ်ခြင်း စသည်တို့မှ တစ်မျိုးမဟုတ် တစ်မျိုးနှင့် မုချ ပတ်သက် ဆက်နွယ်နေမည် ဖြစ်၏။ မွစ်လင်မ်တို့အတွက် ဧပရယ်ဖူးလ်လုပ်ရပ်သည် အလွန်အောက်တန်းကျသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မကောင်းမှုများစွာ ပါဝင်နေသည့် ဂုနာဟ်တစ်ခုလည်း ဖြစ်၏။

ဧပရယ်ဖူးလ်လုပ်ခြင်းဖြင့် အောက်ပါ ဂုနာများကို ပြုလုပ်ရာ ရောက်၏။ (၁) လိမ်လည်ပြောခြင်း၊ (၂)သူတပါးအား လှည့်စားခြင်း၊ (၃) သူတစ်ပါးအား ဒုက္ခပေးခြင်း၊ (၄) ဧပရယ်ဖူးလ်သည် ရုပ်ထုကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ၊ နဗီအားပြောင်လှောင် ဒုက္ခပေးထားခြင်း စသည်တို့မှ တခုမဟုတ် တခုနှင့် ပတ်သက်ဆက်နွယ်နေမည်ဖြစ်သည်။

ထို့ကြောင့် မုစ်လင်မ်တိုင်းသည် ဧပရယ်ဖူးလ်အား မလုပ်ဆောင်ရန်နှင့် မိမိ မိသားစုနှင့် ဆွေမျိုး၊ အသိမိတ်ဆွေများတွင် လုပ်ဆောင်သူများရှိနေပါကလည်း ဆိုးကျိုးများကို ပြောပြပြီး မလုပ်ကြရန် သတိပေး တားမြစ်ရန် အထူးလိုအပ်ပါသည်။

အရှင့်ကျေးဇူးတော်ကြောင့်ပင် ကျွန်ုပ်တို့ မွစ်လင်မ်အသိုင်းအဝိုင်းတွင် ဧပရယ်ဖူး လုပ်ရပ် အများစုထံတွင် မရှိကြပါ။ သို့သော် နှစ်တစ်နှစ်၏ ဧပြီတစ်ရက်နေ့ ရောက်သည့်အခါ နောက်ပြောင် ပျော်ရွှင်တတ်သည့် အကျင့်ရှိသူတို့က အနည်းငယ်မဆို တဖက်သားအား ဒုက္ခပေးလိုက်ကြသည်ကိုတော့ ကြားသိနေရ ဆဲဖြစ်ပါသည်။

အကယ်၍ မိမိရှေ့တွင် ဧပရယ်ဖူးလ်လုပ်သည့်ပုံစံ အလိမ်စကားများ ပြောဆိုလာပါက ယင်းလုပ်ရပ်ဆိုး၏ မကောင်းခြင်းများ၊ မစ္စလာမ့်အဆုံးအမတို့နှင့် မကိုက်ညီမှု၊ ဧပရယ်ဖူးလ် ဖြစ်ပေါ်လာပုံတို့ကို သေချာစွာ နားလည်အောင် သင်ပြပေးပါက အင်န်ရှာအလ္လာဟ် ၎င်းတို့အနေဖြင့် နောက်နောင်ကို ဧပရယ်ဖူးလ် လုပ်ရပ်ကို တိုက်ဖျက်သူတစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။

(စအာဒသ်မဂ္ဂဇင်းတွင်ပါသော မုဖ်သီသကီးဆွာဟိဗ်၏ ဆောင်းပါးကို အလ်မုဖီးဒ်မှ မြန်မာမှုပြု၍ ပြန်လည် တင်ဆက်ပါသည်။)

Wednesday, March 29, 2017

ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းထားပုံ


ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းထားပုံ


(၁)ပြည်ထောင်စုဝန်ကြီးရုံး
(၂)အဆင့်မြင့်ပညာဦးစီးဌာန
(၃)ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန
(၄)အခြေခံပညာဦးစီးဌာန
(၅)မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
(၆)မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
(၇)ကျောင်းပြင်ပပညာရေးဦးစီးဌာန
(၈)သုတေသနနှင့်ဆန်းသစ်တီထွင်မှုဦးစီးဌာန
(၉)စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
(၁၀)လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး)
(၁၁) လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)
(၁၂)တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်(၁၅၈)ခု တို့ဖြင့်ပါဝင်ဖွဲ့စည်းထားပါတယ်။


ပေါင်းစည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ


- ၀ိဇ္ဇာ/သိပ္ပံ (၃၈)ခု
- ပညာရေး (၂၇)ခု
- စီးပွားရေး (၄)ခု
- နိုင်ငံခြားဘာသာ (၂)ခု
- အဝေးသင် (၂)ခု
- သမ၀ါယမ (၅)ခု
- စိုက်/မွေး/သစ်တော (၃)ခု
- အနုပညာ(ယဉ်ကျေးမှု) (၂)ခု
- ဆေးနှင့်နှီးနွယ် (၁၆)ခု
- နည်းပညာ (၃၃)ခု
- ကွန်ပျူတာ (၂၇)ခု


ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(၃၈)ခု


၁။မြစ်ကြီးနားတက္ကသိုလ်
၂။ဗန်းမော်တက္ကသိုလ်
၃။လွိုင်ကော်တက္ကသိုလ်
၎။မုံရွာတက္ကသိုလ်
၅။ကလေးတက္ကသိုလ်
၆။ရွှေဘိုတက္ကသိုလ်
၇။ စစ်ကိုင်းတက္ကသိုလ်
၈။ မကွေးတက္ကသိုလ်
၉။ ပခုက္ကူတက္ကသိုလ်
၁၀။ မန္တလေးတက္ကသိုလ်
၁၁။ ရတနာပုံတက္ကသိုလ်
၁၂။ မိတ္ထီလာတက္ကသိုလ်
၁၃။ကျောက်ဆည်တက္ကသိုလ်
၁၄။တောင်ကြီးတက္ကသိုလ်
၁၅။ ပင်လုံတက္ကသိုလ်
၁၆။ လားရှိုးတက္ကသိုလ်
၁၇။ကျိုင်းတုံတက္ကသိုလ်
၁၈။ဘားအံတက္ကသိုလ်
၁၉။မြိတ်တက္ကသိုလ်
၂၀။ထားဝယ်တက္ကသိုလ်
၂၁။တောင်ငူတက္ကသိုလ်
၂၂။ပဲခူးတက္ကသိုလ်
၂၃။ပြည်တက္ကသိုလ်
၂၄။မော်လမြိုင်တက္ကသိုလ်
၂၅။စစ်တွေတက္ကသိုလ်
၂၆။ရန်ကုန်တက္ကသိုလ်
၂၇။ဒဂုံတက္ကသိုလ်
၂၈။ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
၂၉။ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
၃၀။ပုသိမ်တက္ကသိုလ်
၃၁။ဟင်္သာတ တက္ကသိုလ်
၃၂။မအူပင်တက္ကသိုလ်
၃၃။မိုးညှင်းတက္ကသိုလ်
၃၄။ရေနံချောင်းဒီဂရီကောလိပ်
၃၅။မြင်းခြံဒီဂရီကောလိပ်
၃၆။မန္တလာဒီဂရီကောလိပ်
၃၇။တောင်ကုတ်ဒီဂရီကောလိပ်
၃၈။ဟားခါးဒီဂရီကောလိပ်


ပညာရေးတက္ကသိုလ်/ကောလိပ် (၂၇)ခု



(၁)ရန်ကုန်ပညာရေးတက္ကသိုလ်
(၂)စစ်ကိုင်းပညာရေးတက္ကသိုလ်
(၃)ကျောက်ဖြူပညာရေးကောလိပ်
(၄)စစ်ကိုင်းပညာရေးကောလိပ်
(၅)တောင်ကြီးပညာရေးကောလိပ်
(၆)တောင်ငူပညာရေးကောလိပ်
(၇)ထားဝယ်ပညာရေးကောလိပ်
(၈)ပခုက္ကူပညာရေးကောလိပ်
(၉)ပုသိမ်ပညာရေးကောလိပ်
(၁၀)ပြည်ပညာရေးကောလိပ်
(၁၁)ဘားအံပညာရေးကောလိပ်
(၁၂)ဘိုကလေးပညာရေးကောလိပ်
(၁၃)မကွေးပညာရေးကောလိပ်
(၁၄)မော်လမြိုင်ပညာရေးကောလိပ်
(၁၅)မုံရွာပညာရေးကောလိပ်
(၁၆)မန္တလေးပညာရေးကောလိပ်
(၁၇)မိတ္ထီလာပညာရေးကောလိပ်
(၁၈)မြစ်ကြီးနားပညာရေးကောလိပ်
(၁၉)မြောင်းမြပညာရေးကောလိပ်
(၂၀)ရန်ကင်းပညာရေးကောလိပ်
(၂၁)လှည်းကူးပညာရေးကောလိပ်
(၂၂)သင်္ကန်းကျွန်းပညာရေးကောလိပ်
(၂၃)လားရှိုးပညာရေးကောလိပ်
(၂၄)လွိုင်ကော်ပညာရေးကောလိပ်
(၂၅)ဟားခါးပညာရေေးကာလိပ်
(၂၆)ကသာပညာရေးကောလိပ်
(၂၇)ကျိုင်းတုံပညာ​ရေး​ကောလိပ်


စီးပွားရေးတက္ကသိုလ်/ကောလိပ်(၃)ခု



(၁)ရန်ကုန်စီးကွားရေးတက္ကသိုလ်
(၂)မုံရွာစီးပွားရေးတက္ကသိုလ်
(၃)မိတ္ထီလာစီးပွားရေးတက္ကသိုလ် နဲ့
(၄)အမျိုးသားစီမံခန့်ခွဲမှုပညာရေးဒီဂရီကောလိပ်


နိုင်ငံခြားဘာသာတက္ကသိုလ်(၂)ခု



(၁)ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၂)မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်


အဝေးသင်တက္ကသိုလ်(၂)ခု



(၁)ရန်ကုန်နိုင်ငံအဝေးသင်တက္ကသိုလ် (၂)မန္တလေးအဝေးသင်တက္ကသိုလ်


စိုက်/မွေး/သစ်တော တက္ကသိုလ်များ(၃)ခု 



၁။ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၂။မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
၃။သစ်တောတက္ကသိုလ်


အနုပညာတက္ကသိုလ်(၂)ခု



၁။ ရန်ကုန်ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
၂။ မန္တလေးယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်


သမ၀ါယမတက္ကသိုလ်(၅)ခု



၁။သန်လျင်သမ၀ါယမတက္ကသိုလ်
၂။စစ်ကိုင်းသမ၀ါယမတက္ကသိုလ်
၃။ဖောင်ကြီးသမ၀ါယမတက္ကသိုလ်
၎။မန္တလေးသမ၀ါယမတက္ကသိုလ်
၅။ယွန်းပညာကောလိပ်


ဆေးနှင့်နှီးနွယ်တက္ကသိုလ်များ(၁၆)ခု


၁။ ဆေးတက္ကသိုလ်(၁)
၂။ ဆေးတက္ကသိုလ်(၂)
၃။ ဆေးတက္ကသိုလ်၊မန္တလေး
၎။ ဆေးတက္ကသိုလ်၊မကွေး
၅။ ဆေးတက္ကသိုလ်၊တောင်ကြီး
၆။သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊ရန်ကုန်
၇။ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊မန္တလေး
၈။ဆေးဝါးတက္ကသိုလ်၊ရန်ကုန်
၉။ဆေးဝါးတက္ကသိုလ်၊မန္တလေး
၁၀။ တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး
၁၁။ဆေးဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်
၁၂။ဆေးဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊မန္တလေး
၁၃။ သူနာပြုတက္ကသိုလ်၊ရန်ကုန်
၁၄။ သူနာပြုတက္ကသိုလ်၊မန္တလေး
၁၅။ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ရန်ကုန်
၁၆။ အခြေခံကျန်းမာရေးတက္ကသိုလ်၊မကွေး


ကွန်ပျူတာတက္ကသိုလ်(၂၇)ခု


၁။ ကွန်ပျူတာတက္ကသိုလ်၊မြစ်ကြီးနား
၂။ ကွန်ပျူတာတက္ကသိုလ်၊ ဗန်းမော်
၃။ ကွန်ပျူတာတက္ကသိုလ်၊ ဘားအံ
၎။ ကွန်ပျူတာတက္ကသိုလ်၊ လွိုင်ကော်
၅။ ကွန်ပျူတာတက္ကသိုလ်၊ မုံရွာ
၆။ ကွန်ပျူတာတက္ကသိုလ်၊ ကလေး
၇။ ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်
၈။ ကွန်ပျူတာတက္ကသိုလ်၊မြိတ်
၉။ ကွန်ပျူတာတက္ကသိုလ်၊ပြည်
၁၀။ ကွန်ပျူတာတက္ကသိုလ်၊တောင်ငူ
၁၁။ ကွန်ပျူတာတက္ကသိုလ်၊ မကွေး
၁၂။ ကွန်ပျူတာတက္ကသိုလ်၊ ပခုက္ကူ
၁၃။ ကွန်ပျူတာတက္ကသိုလ်၊ မန္တလေး
၁၄။ ကွန်ပျူတာတက္ကသိုလ်၊ကျောက်ဆည်
၁၅။ ကွန်ပျူတာတက္ကသိုလ်၊ မိတ္ထီလာ
၁၆။ ကွန်ပျူတာတက္ကသိုလ်၊ သထုံ
၁၇။ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေ
၁၈။ ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်
၁၉။ ကွန်ပျူတာတက္ကသိုလ်၊တောင်ကြီး
၂၀။ ကွန်ပျူတာတက္ကသိုလ်၊ လားရှိုး
၂၁။ ကွန်ပျူတာတက္ကသိုလ်၊ပင်လုံ
၂၂။ ကွန်ပျူတာတက္ကသိုလ်၊ ကျိုင်းတုံ
၂၃။ ကွန်ပျူတာတက္ကသိုလ်၊ မအူပင်
၂၄။ ကွန်ပျူတာတက္ကသိုလ်၊ ပုသိမ်
၂၅။ ကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတ
၂၆။မြန်မာ့သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ ရန်ကုန်
၂၇။မြန်မာ့သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ မန္တလေး


နည်းပညာတက္ကသိုလ်(၃၃)ခု


၁။ နည်းပညာတက္ကသိုလ်၊မြစ်ကြီးနား
၂။ နည်းပညာတက္ကသိုလ်၊ ဗန်းမော်
၃။ နည်းပညာတက္ကသိုလ်၊ ဘားအံ
၎။ နည်းပညာတက္ကသိုလ်၊ လွိုင်ကော်
၅။ နည်းပညာတက္ကသိုလ်၊ မုံရွာ
၆။ နည်းပညာတက္ကသိုလ်၊ စစ်ကိုင်း
၇။ နည်းပညာတက္ကသိုလ်၊ ကလေး
၈။ နည်းပညာတက္ကသိုလ်၊ ထားဝယ်
၉။ နည်းပညာတက္ကသိုလ်၊မြိတ်
၁၀။ နည်းပညာတက္ကသိုလ်၊ပြည်
၁၁။ နည်းပညာတက္ကသိုလ်၊တောင်ငူ
၁၂။ နည်းပညာတက္ကသိုလ်၊ မကွေး
၁၃။ နည်းပညာတက္ကသိုလ်၊ ပခုက္ကူ
၁၄။ နည်းပညာတက္ကသိုလ်၊ မန္တလေး
၁၅။ မန္တလေးနည်းပညာတက္ကသိုလ်
၁၆။ နည်းပညာတက္ကသိုလ်၊ကျောက်ဆည်
၁၇။ နည်းပညာတက္ကသိုလ်၊ မိတ္ထီလာ
၁၈။ နည်းပညာတက္ကသိုလ်၊ ရမည်းသင်း
၁၉။ နည်းပညာတက္ကသိုလ်၊ ဆိုက်ဘာစီးတီး
၂၀။ နည်းပညာတက္ကသိုလ်၊မော်လမြိုင်
၂၁။ နည်းပညာတက္ကသိုလ်၊ စစ်တွေ
၂၂။ နည်းပညာတက္ကသိုလ်၊ ရန်ကုန်
၂၃။ နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း
၂၄။ နည်းပညာတက္ကသိုလ်၊သန်လျင်
၂၅။ နည်းပညာတက္ကသိုလ်၊မှော်ဘီ
၂၆။ နည်းပညာတက္ကသိုလ်၊ လားရှိုး
၂၇။ နည်းပညာတက္ကသိုလ်၊တောင်ကြီး
၂၈။ နည်းပညာတက္ကသိုလ်၊ ပင်လုံ
၂၉။ နည်းပညာတက္ကသိုလ်၊ ကျိုင်းတုံ
၃၀။ နည်းပညာတက္ကသိုလ်၊ မအူပင်
၃၁။ နည်းပညာတက္ကသိုလ်၊ ပုသိမ်
၃၂။ နည်းပညာတက္ကသိုလ်၊ ဟင်္သာတ
၃၃။မြန်မာနိုင်ငံလေကြောင်းနှင်အာကာသပညာတက္ကသိုလ်

Copy & Share
Ko Yie Thway / Yie Thway Aung

Friday, March 24, 2017

လူသားကွန်ပျူတာဟု ခေါ်ဆိုနိုင်မည့် အသက်အငယ်ဆုံး သင်္ချာပညာရှင်

လူသားကွန်ပျူတာဟု ခေါ်ဆိုနိုင်မည့် အသက်အငယ်ဆုံး သင်္ချာပညာရှင် ပေါ်ထွက်



လန်ဒန်၊ မတ် ၂၃

လူသားကွန်ပျူတာဟု ဘွဲ့ပေးနိုင်မည့် အသက် ၁၄ နှစ်အရွယ် သင်္ချာထူးချွန်ကျောင်းသားလေး တစ်ဦးကို တက္ကသိုလ်မှ လူကြီးများအား သင်္ချာပုစ္ဆာများ ကူညီဖြေရှင်းပေးနိုင်ရန် ဆရာအဖြစ် ခန့်အပ်လိုက်ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

အသက် ၁၄ နှစ်အရွယ်ရှိ ယာရှာ အက်စ်လေဆိုသူကို Leicester တက္ကသိုလ်က ဘွဲ့ရကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်ပြီး ဆရာအဖြစ် ခန့်အပ်လိုက်သောကြောင့် တက္ကသိုလ်၏ အသက်အငယ်ဆုံး ဝန်ထမ်းတစ်ဦး ဖြစ်လာကြောင်း ယင်းသတင်းက ဆိုသည်။

ယာရှာကို Leicester တက္ကသိုလ်က ခေါ်ယူပြီး ဆရာခန့်ရန် အင်တာဗျူးစဉ်က ၁၃ နှစ်သာ ရှိသေးပြီး ပြိုင်ဘက်လူကြီးများ အားလုံးကို ကျော်ဖြတ်ကာ အနိုင်ရပြီး ဆရာဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူ့အသက်က ငယ်လွန်းသော်လည်း သင်္ချာတွင် ထူးချွန်လွန်းသောကြောင့် မြို့တော်ကောင်စီသည် အထူးအခွင့်အရေးများပေးပြီး ဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရသည်။

ယာရှာ၏ အလုပ်မှာ ကျောင်းသားကြီးများသည် ဆရာများက ပေးလိုက်သည့် သင်္ချာပုစ္ဆာများကို တွက်ချက်ခြင်း မပြုနိုင်ပါက အကူအညီပေးသည့် အနေနှင့် တစ်ဦးချင်းကို လိုက်လံရှင်းပြရန်အတွက် တာဝန်ပေးအပ်ခြင်း ခံရသည်ဟု The Guardian တွင် ရေးသားထားသည်။

“ကျွန်တော့်ဘ၀အတွက် အကောင်းဆုံးနှစ် ရောက်လာပါပြီ။ ကျွန်တော် တက္ကသိုလ်ကို သွားရတာလည်း သဘောကျတယ်။ ကျောင်းသားတွေကို သင်္ချာကူညီပြီး တွက်ပေးရတဲ့ ကျွန်တော့် အလုပ်ကိုလည်း နှစ်သက်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ယာရှာက မိမိအနေနှင့် ကျောင်းယူနီဖောင်း မဝတ်ရဘဲ တက္ကသိုလ်သို့ လာနေရခြင်းကို ပိုပြီး နှစ်သက်မိကြောင်း၊ တက္ကသိုလ်ကလည်း သူ့ကို နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး အနေနှင့် လက်ခံပေးထားပြီး၊ သင်တန်းပြီးဆုံးလျှင် Ph.D ဘွဲ့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

သူသည် မူလတန်းကတည်းက သင်္ချာဘာသာရပ်တွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ် အသက် ၁၂ နှစ် အရွယ်ကတည်းက တက္ကသိုလ်အဆင့် သင်္ချာများကို အားလုံး တွက်ချက်နိုင်ခဲ့ပြီး ဖြစ်သည်။

အသက် ၈ နှစ်အရွယ်တွင် သင်္ချာစစ်ဆေးမှု ၆ ခု ဖြေဆိုရာတွင် ၂ ခုတွင် ၁၀၀ မှ ၉၉ မှတ်အထိ ရခဲ့ပြီး သင်္ချာအဆင့်တိုင်းတွင် A အဆင့်ကို ရရှိခဲ့သော ကမ္ဘာ့သင်္ချာအတော်ဆုံး ကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။ 

အသက် ၁၀ နှစ်သား အရွယ်ကတည်းက A Levels အဆင့်ကို အောင်မြင်ထားသူဖြစ်ကာ ၆ တန်းအဆင့် ပြီးကတည်းက တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့် ရခဲ့သူလည်း ဖြစ်သည်။ 

Thursday, March 23, 2017

၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း



၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း
●●●●●●●●●●●●●●●●●●●●●●●
ဓမ္မရတနာ

{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၎ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ။
{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။
{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ
{ နိသဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင်းရှိသော်လည်း နှစ်ထည်ထက်ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက်သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း ၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၃၇ ။ ရွှေ ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်းအဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို (၇)ရက်ထက်ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက်ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။အမျိုးတော်ခြင်းဖိတ်ခြင်းမရှိဘဲရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီသရိတ်သင်္ကန်းနှင့်(၆) ညဥ့်အကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။
{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသားမပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌လူ ၊ သာမဏေနှင့် (၃)ညဥ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော ဈာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။
၅၉ ။ မြေကိုမတူးရ။
၆၀ ။ သစ်ပင်မခုတ်ရ။
၆၁ ။ ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂဒေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့်ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်းနေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ်မခံဘဲ ဘာကိုမျှမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အဂါင်္(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။
၁၁၀ ။ ပိုး၊တိရစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။
{ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။
{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာနေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာမသွားရ။
၁၅၆ ။ ရွာထဲမှာကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာကျယ်ကျယ် စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည် ။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက်စားရမည်။
၁၇၉ ။ ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်းမပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာမသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကိုတရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)
{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ပြုအပ်သောယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။

ကျမ်းမှီး
၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။
၂ ။ ပါတိမောက်ဘာသာဋိကာ၊ "အရှင်ဇနကာဘိဝံသ"။
၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။
၎ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊ "အရှင် ဩဘာသ"။
၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။
ဓမ္မဒါန ......မှ ကူးယူဖော်ပြပါသည်။
ဝိနည်းတော်ထဲ မပါဘဲ ဒေဝဒတ်၏ ဘုရားထံ တောင်းဆိုသော ဥပဒေများ ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
ဒေဝဒတ် တောင်းဆိုသော အချက် ၅ ချက်
၁ ။ သံဃာတော်များ ကပ်လှူဆွမ်းအစား ခံဆွမ်းသာစားရန်။
၂ ။ လှူသင်္ကန်းအစား ပံသကူသာဝတ်ရန်။
၃ ။ ကျောင်းတိုက်အစား သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။
၎ ။ သင်္ကန်းသုံးထည်ထက်ပို မထားရန်။
၅ ။ သတ်သတ်လွတ် ဆွမ်းဟင်းများသာစားရန်။

Credit>> Oo Manaw
ဘဘုန်းတို့ မြတ်စွာဘုရားက တပည့် သာဝက နှင့် ရဟန်းတွေကို ဝိနည်းတော် (၂၂၇)ပါးကို လိုက်နာစေပါတယ်။ မလိုက်နာရင်တော့ ငါ့ဘုရား၏ သားတော်(ရဟန်း) မဟုတ်တော့ဘူး
ဒေဝဒတ်၏ အသင်းအပင်း အပေါင်းပါ ဖြစ်သွားပြီး ဦးပြည်း(ခေါ်) ကတုံးဖြစ်သွားပြီဟု ပြောဆို ဆုံးမလေ့
ရှိပါတယ် သူတော်ကောင်းတို့
( အရှင် ခေမာ စာရ )
7-3-2017

Monday, March 20, 2017

ရိုအစားအစာ အပိုင်း(၆)၊ ဘော်လဖီရာ့

(ပုံ-၁) ဘော်လဖီရာ့

ရေးသား     📜  ရိုဟင်လေး
          အမျိုးအစား 📢  ရိုဟင်ဂျာရိုးရာ အစားအစာ

[နွေရာသီလဲ ရောက်လာပြီ၊ နေပူပြင်းပြင်းက ကိုယ့်စိတ်ထဲတွင် ပေါလောပေါ် အတွက်ပေါ်ပေးသော ဘော်လဖီရာ့ အကြောင်းကို မျှဝေလိုက်ပါတယ်]


ဘော်လ ဖီရာ့ [မုန့်လက်ဆောင်း] 


ဘော်လဖီရာ့ [Bolá Fiçá]သည် နွေရာသီတွင် စားသောက်သော ရာသီအစားအစာ [Seasonal Food] တစ်မျိုးဖြစ်သည်။ သရေစာ အဖြစ် သုံးဆောင်ကြသည်။ နေပူကျဲကျဲတွင် အအေးဓာတ် ခံစားနိုင်ရန် စားသောက်သော မုန့်ဖြစ်သောကြောင့် သားန္ဒာ ဖီရာ့ [Tándha Fiçá] (သားန္ဒာ = အေးချမ်းသော၊ အအေး၊ ဖီရာ့ = မုန့်) ဟုလည်း တစ်ချို့က ခေါ်ကြသည်။ လူငယ်တို့၏ အသည်းစွဲ မုန့်တစ်မျိုးလည်း ဖြစ်သည်။ ဤမုန့်ကို ရိုဟင်ဂျာလူမျိုးသာမက မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးအသီးသီးတို့က သုံးဆောင်ကြသည်ကို လည်း တွေ့ရသည်။ မြန်မာလို မုန့်လက်ဆောင်း ဟုခေါ်ကြသည်။ သင်္ကြန်ပွဲ အများအပြားသုံးစွဲကြသည်။ နွေရာသီတွင် လမ်းခွဆုံ၊ ဈေး၊ ရွာ၊ လမ်းစသည်တို့၌  ရောင်းချသည်ကိုလည်း တွေ့ရပါမည်။

ပါဝင်ပစ္စည်းများ

၁။ ဆန်မှုန့်        [Soilor Guri]
၂။ ထန်းလျက်   [Tháiñya]

၃။ အုန်းသီး      [Najjol]

၎။ ဆား            [Nun]

၅။ နွားနို့/နို့ချဉ်   [Dud/Doi]

ပုလုပ်နည်း

မီးဖိုပေါ် ရေအချိုးအစားထည့်ပြီး ဆူပွက်စေရသည်။ ရေဆူလာသောအခါ ဆန်မှုန့်ကို အနည်းငယ်စီ လောင်းထည့်ပြီး မွှေရသည်။ ဆန်မှုန့်ပျော့ပျောင်းလာသောအခါ မီးဖိုမှ ပြန်ဘေးချပြီး အအေးခံထားရသည်။ ပြီးလျှင် အပေါက်ပါသော ဇကာတစ်ခုတွင် အနည်းငယ်စီလောင်းထည့်ကာ မုန့်နှစ်ကို ယောင်းမ သို့မဟုတ် အခြား ပြားပြားလေးတစ်ခုဖြင့် ဖိချပေးရသည်။   အထက်က ဖိညှပ်လျှင် ဇကာအောက်တွင် ခံထားသော ရေအေး ထည့်ထားသော ဇလုံကြီးတွင် အစိတ်ငယ်အမျှင်ကြီးပုံစံ(ပုံ-၂) အဖြစ် ဤအခါ မုန့်ဖတ် အသင့်ဖြစ်နေသည်။ 
(ပုံ-၂) ဘော်လဖီရာ့ အဖတ်


ထန်းလျက်ကို ဒယ်ထဲ ရေအနည်းငယ် ထည့်ပြီး မီးပြင်းပြင်းဖြင့်  အရည်ကျိုပေးပြီး မပျစ်မကျဲ အနေအထား ရောက်လျှင် ဆား ပြက်သိကာထည့်ပြီး အအေးခံထားရသည်။ ယင်းကို ရာပ် [Rab]ဟု ခေါ်သည်။ အုန်းသီးများကိုလည်း ခြစ်ထားပါ။

အားလုံး အသင့်ဖြစ်လျှင့် ခွက်ထဲ ဘော်လဖီရာ့ဖတ် တစ်ဝက်ထည့်ပြီး ထန်းလျက်ရည်၊ နွား သို့မဟုတ် နို့ချဉ်ထည့်၊ အပေါ်မှ ဖြူဖွေးအောင် အုန်းခြစ်ထည့်၍ ပြင်ရသည်။ ထန်းလျက်ရည်နှင့် နွားနို့အစား အုန်းနို့နှင့်လည်း ပြုလုပ်ကြသည်။ သုံးအောင်၍ ပီတိဖြင့် အပူပြင်းလှသော နွေကို ပြန်ကျေးဇူးထင်လိမ့်မည်။  



ဘော်လဖီရာ့သည် အရသာချိုမြိန်သည် သာမက ရာသီနှင့် လိုက်ဖက်လှ၍ ကိုယ်စိတ်ကို အေးမြစေသည်။ ယခုခေတ်တွင် ရေခဲတုံး၊ ရေခဲမှုန့်များလည်း ထည့်စားကြသည်။ နွေကျက်သရေ အစားအစာကို မြိန်လေတော့။ ရပ်ဝေးနယ်ခြားရောက် မြန်မာပြည်သူပြည်သားတို့သည်  နွေရာသီလျှင် ဘော်လဖီရာ့ကို မလွမ်းဘဲ နေနိုင်မည်ဟု မထင်ပါတကား။


🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹


Saturday, March 18, 2017

မုန်းပင် Vs ဗမာဇာတ်ကား အာဘော်


ရေးသား  ✏  ဝါဇီ လှမြင့်

ဗမာဇာတ်ကား အတော်များများ ကြည့်ဖြစ်သလို ကြိုက်လည်းကြိုက်ပါတယ်။ ခွေတော့ မဌားဖြစ်တာ မဝယ်ဖြစ်တာ နှစ်ပေါက်နေပေမယ့် free လိုင်းက လွှင့်သမျှ ဘာကား လာ လာ ထိုင်ကြည့်ဖြစ်ပါတယ်။ အဲ့လို အားပေးပါတယ်။

ဗမာ ကားတွေက ရိုးရှင်းတယ်။ ပရိတ်သတ်ကို လှည့်တာပတ်တာ မပါဘူး၊ ဇာတ်ကား အစ ၁၅ မိနစ်လောက်ဆို ဇာတ်သိမ်းကို ကြိုပြောနိင်တယ်လေ ( 90 % အပိုင် ပြောနိင်ပါတယ် ၁၀ ကားမှာ ၉ ကားလောက်တော့ အပြီဘဲ)။ မင်းသမီး အန် နေရင် ကိုယ်ဝန်ရှိပြီ၊ ဖိနပ်မှောက် ဖျော်ရည်ခွက်မှောက် ရင် မုဒိန်းကျင့် နေပြီ (ကြိုက်သလို တစ်ခါပဲ ကျင့် တန်းကိုယ်ဝန်ရှိတာ ​အောင်​လိုက်​တဲ့ မျိုးဥ)။ ဘုရားစင်က သောက်တော်ရေပဲဖြစ်ဖြစ် ဓာတ်ပုံမှန်ဘောင်ပဲဖြစ်ဖြစ် ကျကွဲရင် ကားတိုက် ကားမှောက် လူသေ ပေါ့။

ကုလားဆို မာလီ /ဒရိုင်ဘာ ( အသားမဲမဲ မျက်လုံးပြူးပြူး ဆံပင်လိမ်လိမ်နဲ့ တခါတလေ နဖူးမှာ တပျောက်ပါတယ် )။ တရုတ်ဆို ငွေတိုးပေး/ခေါက်ဆွဲရောင်း/အပေါင်ခံ အစ ရှိတဲ့သူဌေး အဲ့ဒီ စကေးနဲ့ ဗမာ့ ဗမာ့ ရုပ်ရှင်ခေတ်ကတည်းက ခုချိန်ထိ နည်းတဲ့နှစ်လား။

တော်လှန်ရေးဆိုလည်း သတ်လိုက်ရတဲ့ ဂျပန် ကုန် ကုန်နိင်ဘူးရယ် (ဂျပန် ဇာတ်ရုပ်ကလည်း ဘယ်ခါလာလာ ဒင်းတို့ ၇ ယောက်ပဲ)။ ပြောလိုက်တဲ့စကားကလည်း ဇာတိသွေး ဇာတိမာန်တွေ တက်လာပြီး အရိုးနဲ့စည်းရိုးထိုးချင်စိတ်တွေ တဖွားဖွား ( စဉ်းစားကြည့်ရင် ပြောပါတယ် ။ အရိုးနဲ့ စည်းရိုးထိုးမယ်ဆိုမှာ့တော့ ကာလနာတိုက် မသာပေါ်နေပြီပေါ့လေ) အတွေးခေါ်တွေ တော်ကြတာ ပြောပါတယ်။

ဇာတ်ကားတစ်ကားဆို အတော်ကောင်းတယ်။ အခု အရှင်ဘုရားဖြစ်သွားလို့ ဘုရားထူးနေရတဲ့ မင်းသားကြီးကျော်ဟိန်း ကားပေါ့။ ကျော်ဟိန်း က လူဆိုး၊ ဂျပန် အလိုတော်ရိ ၊ အတော်ယုတ်မာတဲ့ ဇာတ်ရုပ် ပေါ့။ ရွာထဲမှာ လူတကာကို အနိင်ကျင့် ရိုက်နှက်၊ အမျိုးကောင်းသမီးတွေကိုဖျက်ဆီး၊ သူနဲ့မတည့်တဲ့သူဆို ချောက်တွန်း ပေါ့။ သူ့ ဂျပန်အားကိုးနဲ့ပေါ့။ ၁၅ မိနစ်လောက်နေတော့ ဂျပန် ၇ ယောက်လည်း သေရှာရော။  ကျော်ဟိန်းလည်း ရွာက ထွက်ပြေးရတာပေါ့။ အဲ့ ၁၀ မိနစ်လောက်နေတော့ ကျော်ဟိန်း ရွာကို ပြန်လာပြီဆိုပြီး ထုံးစံ အတိုင်းအားယျားနေတဲ့ ရွာထိပ်ကတစ်ယောက်က အော်ပြီး ပြေးလာပြောတာပေါ့။ရွာသူ ရွာသားတွေလည်း ငါတို့ကို ဒီလောက်နှိပ်စက်တဲ့ကောင် ရိုက်မယ် သတ်မယ် ဆိုပြီး ဒုတ်ဆွဲ ဓားဆွဲ နဲ့ ရွာဝင်လမ်းက စောင့်နေကြတာပေါ့။ မကြာပါဘူး… ကျော်ဟိန်းကို တွေ့လည်း တွေ့လိုက်ရော၊ တုတ်တွေ ဓားတွေ ချပြီး လက်အုပ်ကလေးတွေ ချီ လို့ ၊ ကျော်ဟိန်းက သင်္ကန်းကြီးတလွှားလွှားနဲ့လေ စောင့်ကြွားကြွား လမ်းလျှောက်လာရင်း မထေ့ပြုံးလေးတောင် ပြုံးလိုက်သေးတယ်။ ဇာတ်ကားနံမည်တော့ မေ့တေ့တေ့ပဲ။ မိုက်ချက်က ကမ်းကုန်လား။ မောင်ရင် ငတေ လား မသိတော့ဘူး။ အဲ့ ကား အတော် ပေါက်တယ်ဗျ။ အခုချိန်ထိ အချို့ဆို အရှိန် မသေသေးဘူး အဟက်… အဟက်…။

နောက် ရဟန်းစားရသော ဆွမ်တနပ် ၊ အတော်ကောင်းတယ် ။ မပြပါနဲ့တော့ ဘဘ ခင်ဗျား အပြင်မှာ ဘဘ ပြောတဲ့ရဟန်းမျိုး တပည့်တော်တို့ ရှာရဖွေရ ခက်လို့ပါ ဘဘ ခင်ဗျား ဆိုပြီး ဆက်မပြဘို့ တားယူရတဲ့ ဇာတ်ကားမျိုး :)

ထားပါတော့…၊ ပြောချင်တာက တနေ့က အုတ်ကြားမြက် ဆိုပြီး ထုံးစံ အတိုင်း ဇာတ်ကား တစ်ကား ရိုက်တယ်တဲ့။ ထုံးစံ အတိုင်း ကုလားကို ဗီလိန် ဆန်ဆန် ထားပြီး ကားပေါက်ဘို့ ရင်းတယ်ဆိုလားဘဲ။ကိုယ်လည်း ဖရီးလိုင်းက မလာသေးတော့ မကြည့်ရသေးဘူး လေ။

ကုလားဒုက္ခ ရောက်လာတော့ အိမ်ဦးခဏ်းတင်ကြွေးထားတာ ကုလားက ငွေရတဲ့အလုပ်အကုန်လုပ်ပြီး အိမ်ပါသိမ်းလိုက်တယ် ဆိုလား ဘာလား မသိပါဘူး။ ကိုယ်တွေက ရင်တောင်မခုန်ဘူး ဒီထက် ဇာတ်နာအောင် ရိုက်ပြရမှာ တချက်လိုသွားတာ ငွေရရင် ဘာမဆို လုပ်တဲ့နေရာမှာ ကုလား အစား ကျနော်တို့ဗမာရဲ့ကျေးဇူးရှင် တရုတ်လူမျိုးထည့်ရိုက်ရင် ပိုသဘာဝကျနိင်တယ် (ကေတီဗီ/ မာဆက်/ဘိန်းခဏ်း/ အတိုး/ အပေါင်အနှံ/လောင်းကစား/ ဘီယာ အရက်ဆိုင်/ ဖာဘိ-- အစ ရှိတာတွေကို မွတ်စလင်က ဘာသာရေးဥပဒေနဲ့တားထားလေတော့ ၊ နဖူးတပျောက် ကုလားတော့ မပြောတတ်ဘူးရယ်)။ အကြံတောင်ပေးမိသေးတယ် ညွန့်ဗမာ ညီညီအောင် ကို နောက် ရခီးနေတိုး ပြောသွားတာ။ အဲ့ဒါကတော့ ရှင်းပါတယ်။ ကိုခင်မောင်ထွန်း ပြောသလို အိမ်ရှင် ဧည့်သည် ပေါ့။
ကျနော့် အမြင်ကတော့ ဒါ သူ့ရဲ့လူမျိုးရေး လေ။

ရခိုင်တွေ ဧည့်သည် ဘဝ ရောက်နေတာ နှစ်ထောင်ချီ ကြာနေလေတော့ ဗမာတွေ အပေါ်အမြင်မကြည်ရှာဘူးလေ ၊ ထားလိုက်ပါ ၊တောင်ပံချိုးပြီး ပင်လယ်ဘက် ပစ်ပစ် ချက်စားစား မွေးကတည်းက လဥ ဒါးနဲ့ ဖြတ်ထားတဲ့ အမျိုးတွေ အပေါ်မှာတော့ ငဲ့စောင်းလို့တောင် မကြည့်ရဲရှာပါဘူး ၊ မင်းသားဆိုတာ အပြော မလျော့ဘို့ လိုတယ်ဗျ ။ အဲ့သာက သူရဲ့ လူမျိုးရေး အမြင်တွေပါ။

နောက်ရှိသေးတယ် ဟိုးအရင်ခေတ်ကတည်းက အခုချိန်အထိ မင်းသားတွေ မင်းသမီးတွေ လူပျက်တွေ ခဏ ခဏ ဘာသာရေးဘက်ကို လှည့်ပြီး ကုလား ခလုပ်တိုက်တဲ့ကိစ္စ။ မသိတဲ့သူဆို ဒါသက်သက် အတွင်းစိတ်ထဲကကိုယ် ကိုယ်​တို့ဘာသာကို မနာလို လို့ ထင်ကြမှာပါ။ ထားပါ ၊ ပြောချင်တာက ဆက်ရိုက်ပါ ဆက်တင်ပြပါ။


စကားမဆပ် သတိထားဘို့တခု ပြောပြချင်တယ် ။ အစ္စလာမ်သာသနာကို တစိုက်မတ်မတ်စော်ကား မော်ကား ပြောဆို ကျမ်းတော်မြတ် ကုရ်အာန် ကို တလွဲ အဓိပ္ပါယ်ဖွှငိ့ ဆို တဲ့ အရက်သမားနေမျိုးဝေဆိုတဲ့ ကောင်တကောင်ကြောင့် ဒီကနေ့ ကုရ်အာန်ဘာသာပြန်ကို ဘာသာခြား အတော်များများ လေ့လာဖြစ်သွားကြသလို ဘယ်သူမှာ့ နေမျိုးဝေ ပြောတာ မှန်ကြောင်း ဟုတ်ကြောင်း ထောက်ခံကြောင်း တရားစွဲသင့်ကြောင်းဆိုတာမျိုးလည်း မကြားမိကြောင်းပါဗျာ။ ကျနော်တို့ကို တိုက်ခိုက်တာလည်း ကျိ တိုက်ခိုက်ကြပါ ။ ခင်ဗျားတို့ တိုက်ခိုက်မှာ့ လူပိုသိလာ သလိုဘဲ။

ကဲပါ - - - ကျနော်တို့ ပြည်သူတွေအတွက်လည်း ဗဟုသုတ ရအောင် ခင်ဗျားတို့လည်း အကယ်ဒမီ လေး ဘာလေး ရအောင် ( အကယ်ဒမီ မရဘဲ ဖမ်းခံထိနေရင်တော့  ဆောရီး နော် ) ဒါရိုက်တာမင်း များအနေနဲ့ ရိုက်ရဲ တင်ပြရဲခဲ့ရင် PK တို့ My Nane Is Khan တို့ Oh My God တို့ကို ဗမာမူ့ ပြု ပြီး ပြန်ရိုက်ပေးပါလားဗျာ။ ( ရိုက်​ဖြစ်​မယ်​ဆို ကြို​တော့​ပြောဗျ အဲ့ဒီဗမာမူ့ပြုထားတဲ့ ဇာက်​ကား​တွေ ရုံမတင်​ခင်
ကျ​နော်​တို့ မိသားစု နိင်​ငံခြား ထွက်​ ​ရှောင်​​နေချင်​ လို့ပါ :) စ သာ ပါ စ သာ ပါ။

ကိုးကား ။    ။ ခင်မောင်အေး FB အကောင့်မှ ကူးယူဖော်ပြသည်။