Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 28, 2023

Miss Global Myanmar 2023 Akari Su

 

Miss Global Myanmar 2023 Akari Su


SEX EDUCATION is her Advocacy Project


          သူမကတော မော်လမြိုင်မြို့ဇာတိ မွန်ရခိုင် ကပြားမလေးတစ်ဦးဖြစ်ပြီး မွေးချင်း လေးဦးအနက် တတိယမြောက်ဖြစ်ပါတယ်။ ပညာအရည်ချင်းကတော Physics (First Year Diploma In Yangon University) ဖြစ်သလို သူမရဲ့ အရပ်အမြင့်ကတော 5'11" လက်မဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာအကကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ကာ သရုပ်‌ေဆာင်ပညာရပ်ကိုလည်း လေ့လာဆည်းပူးနေသူတစ်ဦးဖြစ်ပါတယ်။

           Beauty Pageant ကို Passionate ဖြစ်နေတဲ့ သူမက ပြိုင်ပွဲမပြိုင်ခင်ကတည်းကနေ Pageant    Knowledge တွေအပြင် လိုအပ်တဲ့ Training တွေကို ဆရာတွေနှင့်အတူ လေ့ကျင့်သင်ယူနေခဲ့တာပဲဖြစ်ပါတယ်။ 

            Miss Global ရဲ့ SLOGAN ကတော.. Empower.... Embrace...Embody တို့ဖြစ်တယ်။       

         SEX EDUCATION ဆိုတဲ့ Advocacy Project ကတော သူမရဲ့ ချစ်ရတဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန် အကြောင်းရာကို အခြေခံပြီး လုပ်ဖြစ်နေခဲ့တဲ့ Project ပဲဖြစ်ပါတယ်။

           လူကြီးတွေ သဘောမတူရာကနေ Living Together အဖြစ်နေထိုင်ကာ သဓေတားဆေးအလွန်ကျွံသုံးရာမှ နောက်ဆုံး    အသက်ကိုပါပေးဆပ်လိုက်ရတဲ့ သူမရဲ့ သူငယ်ချင်းလိုမျိုး မိန်းကလေးတွေ အများကြီးရှိကြသလို Sex Education အားနည်းမှုတွေကြောင့် ကျန်းမာရေး ပြသနာတွေများစွာ ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဆောင်ပုဒ်ကတော "Everyone deserves to live long healthy life."


             Miss Global 2023 ကို Cambodia and Vietnam နှစ်နိုင်ငံတို့တွင် January 1 to 21 ထိ နိုင်ငံပေါင်း (၈၀) မှ ပြိုင်ပွဲ၀င်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Yangon International Airport မှတစ်ဆင့် ပြိုင်ပွဲကျင်းပရာသို့ 1st January 2024 မနက်ပိုင်းတွင် စတင်ထွက်ခွာမှာပဲဖြစ်ပါတယ်။







#Akarisu

#missglobal2023

#roadtomissglobal

#missglobalorganization

#pageantschool

#pageanttraining

#RangoonAkyabstars

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Friday, December 15, 2023

ARU အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဝါကာအုဒ္ဒိန်း

 


ပါမောက္ခ ဒေါက်တာ ဝါကာရ်အူဒ္ဒိန်း(၁၉၅၄-၂၀၂၂)


ဝါကာရ်အူဒ္ဒိန်းကို ဇန္နဝါရီလ ၁၅ ရက်၊ ၁၉၅၄ ခုတွင် မောင်တောမြို့နယ် ဟားဘီဘ်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မလဝီ လာလ်မိုဟာမတ်၏သား ဆရာမွီဆဒ္ဒိန်း(ခ) မာဆူတ်အုဒ္ဒိန်း ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကျောင်းဆရာတစ်ဦးဖြစ်သည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်သည်။

ဝါကာသည် အခြေခံပညာကို မောင်တောမြို့မှာ ဆည်းပူးခဲ့သည်။ မောင်တောမြို့မအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ပျဉ်းမနားမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ BAgrSc ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်သို့ ပညာတော်သင်အဖြစ် သွားရောက်ကာ အမေရိကန်ပြည်ထောင်စု နာဗာဒါတက္ကသိုလ် (Navada University)မှ ပိုးမွားလောက စီမံခန့်ခွဲမှု (Integrated Pest Management) ဘာသာရပ်ဖြင့် မဟာဘွဲ့ရယူခဲ့သည်။ ၁၉၉၆ ခုတွင် ဂျော်ဂျီယားတက္ကသိုလ်မှ အပင်ရောဂါဗေဒဖြင့် ပါရဂူဘွဲ့  ရရှိခဲ့သည်။

ဝါကာသည် ပညာသင်ယူပြီးနောက် ဂျော်ဂျီယားတက္ကသိုလ် Plant Disease Clinic အလုပ်ဝင်ရင်း အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။ ထို့အပြင် အခြား အပင်ရောဂါဗေဒဆိုင်ရာ အလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုတွင် Penn State University တွင် မြက်ပင်ရောဂါဗေဒပညာရှင် (Turfgrass Pathologist)အဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Pennsylvania State University ၌ပင် အဏုဇီဝဗေဒ ပါမောက္ခဖြစ်လာခဲ့သည်။

ဒေါက်တာ ဝါကာသည် ၂၀၀၅ နောက်ပိုင်းတွင် နိုင်ငံရေးဘက်ကို စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခု မေလတွင် The Burmese Rohingya Association North America အဖွဲ့ကို ထူထောင်ကာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုရရှိရေး လှုပ်ရှားလာခဲ့သည်။ ၂၀၁၁ ခု မေလတွင် အိုအိုင်စီကဦးဆောင်၍ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၅ ခုကျော်နှင့်ဖွဲ့စည်းထားသော Arakan Rohingya Union (အာရကန်-ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ချုပ်)၏ အထွေထွေညွှန်ကြားရေးမှူးချုပ်(DG) အဖြစ်တင်မြောက်ခံရသည်။ ၂၀၁၂ ခု ရခိုင်လူသတ်မှု အရေးအခင်းနောက်ပိုင်းတွင် ဒေါက်တာဝါကာ၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မြင့်လာခဲ့သည်။ လှေစီးပြေးဒုက္ခသည်များအရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လတွင် အမေရိကန်အခြေစိုက် Muslim Aid America ၏ ဥက္ကဌ အဖြစ်တင်မြောက်ခံခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ပါကစ္စတန် ဒုဝန်ကြီးချုပ် Chaudhary Pervaiz Elahi နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၄ ခုတွင် ရိုဟင်ဂျာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အမေရိကန်အောက်လွှတ်တော် စသည်တို့၌ တက်ရောက်ကာ ရိုဟင်ဂျာတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၅ စက်တင်ဘာလတွင် အမေရိကန်၌ကျင်းပသော အထက်လွတ်တော်အမတ် ဦးရွှေမောင်နှင့်အတူ ASEAN Parliamentarians အစည်းအဝေးတွင်တက်ရောက်ကာ ရိုဟင်ဂျာအရေးနှင့် မြန်မာပြည် အမုန်းဖျန်းဝါဒကို ရှုတ်ချတင်ပြကာ ဆွေးနွေးခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီ၌ ဆန္ဒပြခဲ့သော Interfaith Rally တွင် ပါဝင်ကာ ရိုဟင်ဂျာအရေးကို ကမ္ဘာသိအောင် တင်ပြခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ၂၄ ကြိမ်မြောက် Congress of Int'l Union of Muslim Communities တွင်တက်ရောက်ကာ ကမ္ဘာမူဆလင်တို့အား ရိုဟင်ဂျာတို့ကို ကူညီရန်တိုက်တွန့်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ယူအေအီနိုင်ငံ ဒိုဘိုင်း ရိုဟင်ဂျာစင်တာ၌ ပြည်ပရောက်ရိုဟင်ဂျာများနှင့် တွေ့ဆုံကာ သူတို့၏ အခက်အခဲတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၁၆ ဧပြီလတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ အဂျီဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ ကျင်းပသော ၂၀၁၆ ဂလိုဘဲလ် ဖိုရမ်သို့ ဖိတ်ကြားခံရကာ ရိုဟင်ဂျာအရေး တင်ပြခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် အိမ်ဖြူတော်၌ ကျင်းပခဲ့သော အိဒ်ပွဲတော်အခမ်းအနားတွင် သမ္မတအိုဘာမား၏ ဖိတ်ကြားခြင်း ခံရသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၈ ခုတင် နောက်တစ်ကြိမ် အာဒိုဂန်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးတွင် ပါဝင်ကူမည်ဟု သမ္မတက ကတိပေးခဲ့သည်။ အောက်တိုဘာလတွင် မက္ကာတွင်ကျင်းပသည့် ၄၃ကြိမ်မြောက် The Supreme Council of Muslim World League တွင် ဖိတ်ကြားခြင်းခံရသည်။ ၂၀၁၉ နိုဝင်ဘာလ အိုအိုင်စီ၏ ရွေရတုသဘင်အခမ်းအနားတွင် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားမှုအတွက် "လူထုအကျိုးပြုပုဂ္ဂိုလ်ဆု" ချီးမြင့်ခံရသည်။

၂၀၁၉ ဒီဇင်ဘာလတွင် ဒေဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျီ၌ ရိုဟင်ဂျာကိုယ်စား တက်ရောက်ခဲ့သည်။ 

ဒေါက်တာဝါကာသည် ပထမအိမ်ထောင်အဖြစ် Patricia Chapwaske နှင့် လက်ထပ်ခဲ့သည်။ သမီး Najat Uddin ဖွားမြင်ခဲ့သည်။ ဒုတိယအိမ်ထောင် Saarah Naaem နှင့် လက်ထပ်ခဲ့သည်။ သား Jassim Uddinနှင့် Yunus Uddin ဖွားမြင်ခဲ့သည်။ ဝါကာ ၏ ညီကိုများမှာလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူများဖြစ်ကြသည်။ ညီ Tayub Uddin မှာ Democracy and Himan Rights Party ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ၂၀၁၀ တွင် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ___Uddin မှာ မောင်တောမြို့တွင် အစိုးရရုံးဘာသာပြန်အဖြစ် ဆောင်ရွက်သည်။ ညီငယ် Reza Uddin မှာ ဝါကာ ကွယ်လွန်ပြီးနောက် ARU ၏ ကြားကာလ ယာယီ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာသည်။

မိမိ၏ အဖိနှိပ်ခံလူမျိုး လွတ်မြောက်ရေးအတွက် ဘဝရင်းနှီးရုန်းကန်နေသော ဒေါက်တာဝါကာအုဒ္ဒိန်းသည် တစ်နေ့ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် John's Hopskin University Hospital, Baltimore, Maryland တွင် တစ်လကြာ ကုသမှုခံယူရာမှ  ၂၀၂၂ ခု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် မိမိချစ်မြတ်နိုးသော အမျိုးနှင့် မိသားစုများကို နှုတ်ဆက်၍ အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။ ပါမောက္ခ ဒေါက်တာဝါကာအုဒ္ဒိန်း၏ ရုပ်ကလပ်ကို Baltimore, Maryland ရှိ King Memorial Cemetry သချ်င်း၌ ဒဖ်နာခဲ့သည်။ ဒေါက်တာသည် မိမိ၏ အဖိနှိပ်ခံနေရသော လူမျိုးကို လွှတ်မြောက်အောင် ကြိုးပမ်းရင်း အိပ်မက် တစ်ပိုင်းတစ်ဝက်နှင့် မိမိလူမျိုးကို နှုတ်ခွန်းဆက်သခဲ့ရလေသည်။ 

ဒေါက်တာဝါကာ ကွယ်လွန်ပြီးနောက် ကမ္ဘာခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့အပြားမှ သူ့တပည့်အပေါင်းများနှင့် ရိုဟင်ဂျာလူမျိုးများက ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ရိုဟင်ဂျာလူမျိုးသည် အလွန်တန်ဖိုးရှိသော ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရလေသည်။ ဒေါက်တာသည် ရိုဟင်ဂျာလွှတ်မြောက်ရေးသမိုင်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် အစဉ်လင်းလက်နေမည်။ အလ္လာဟ်အရှင်မြတ်သည် ဒေါက်တာဝါကာအုဒ္ဒိန်းအား မြင့်မြတ်သောအစား ချီးမြင့်တော်မူပါစေ။ အာမိန်း။ 


— လူထုဝဏ္ဏ

(၁၃-၁၂-၂၀၂၃)