Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label literature. Show all posts
Showing posts with label literature. Show all posts
Sunday, May 3, 2026
Lain (ဝေါဟာရတွေနဲ့ စကားပြောကြရအောင် ၆)
ဝေါဟာရတွေနဲ့ စကားပြောကြရအောင်
လိုင်(ဏ်)
ဒီတစ်ခါ ဆွေးနွေးမယ့် ဝေါရဟာကတော့ ရိုဟင်ဂျာစကားမှာ အတော်ကို အသုံးဝင်တဲ့ "လှိုင်ဏ်" ဆိုတဲ့ စကားလုံးဖြစ်တယ်။ ဒီဝေါဟာရက အဓိပ္ပာယ် အင်မတန် ကြွယ်ဝတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ အသုံးပြုပုံအလိုက် အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားသွားတတ်တယ်။ လိုင်ဏ် ဟာ မူလရိုဟင်ဂျာ စကားလုံးမဟုတ်ပါဘူး။ မြန်မာစကားဖက်ကနေ ကူးဝင်လာတဲ့  မွေးစားစကားလုံးပေါ့။ မွေးစားစကားလုံး တစ်လုံးဖြစ်ပေမယ့် ရိုဟင်ဂျာဘာသာစကားမှာ နေရာကောင်းကောင်းယူထားတာ တွေ့ရတယ်။ မြန်မာကတော့ လိုင်း၊ ရိုဟင်ဂျာတွေက လိုင်ဏ် လို့ အသံထွက်ကြတယ်။ စကားလုံးဇာတ်မြစ်ကျတော့ Line ဆိုတဲ့ အင်္ဂလိပ် စကားလုံးဖြစ်တယ်။ ဒီ လိုင်ဏ် က ခရီးအတော်ပေါက်ခဲ့ရတယ်ပေါ့။ 
ကိုင်း.... အသုံးအလိုက် အဓိပ္ပာယ် ကွဲပြားသွားပုံကို လေ့လာကြည့်ကြရအောင်...
၁) အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်း
အလုပ်ကိစ္စ၊ အနေအထိုင်နဲ့ဆက်စပ်တဲ့ အပြောအဆိုတွေမှာ အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်းစတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးနှုန်းကြတာပေါ့။
ဥပမာ-
တွီ ဟာမ်တာမ် လွိုယ် လိုင်ဏောတ်နဲ့။
(မင်း အလုပ်အကိုင် အဆင်ပြေရဲ့လား။)
အလ္လာဟ်ဒီလဲ့ ဘီကုန်း လိုင်ဏောတ် အာဆေး။
(အရှင်မြတ်ရဲ့ ကရုဏာတော်နဲ့ အကုန် အဆင်ပြေပါတယ်။)
ဒီမှာတစ်ခါ ဘေ ဆိုတဲ့ အငြင်းပစ္စည်းနဲ့ တွဲပြီးတော့ အဆင်မပြေတဲ့သဘောအဖြစ်လည်း သုံးကြတယ်။ 
ဘောဒ္ဒါ အေက္ကား ဘေလိုင်(ဏ်) မီက္ကာဒေ့ အေးရီ။
(အစ်ကိုကြီး နဲနဲ အဆင်မပြေသလိုပဲ။)
အာရ် ဘီကုန်း လိုင်ဏောတ် ဖောရီဂီယွိုက်။
(ကျန်တဲ့အာလုံး အေးအေးဆေးဆေး ဖြစ်နေပြီ။)
ဖူအာဝါးရေ အဂျော့ ဟောနော့် လိုင်ဏ် ဂေါရိ နော်ဖါးရီ။
(သားလေးကို အခုထိ အဆင်ပြေအောင် မလုပ်ပေးနိုင်သေးဘူးဗျား။)
၂)  ချစ်ကြိုက်ခြင်း
ချစ်ရေးကြိုက်ရေးကိစ္စတွေမှာ ဗန်းစကားအဖြစ် ချစ်ကြိုက်ခြင်းအဓိပ္ပာယ်နဲ့ သွယ်သွယ်ဝိုက်ဝိုက် သုံးနှုန်းကြတယ်။ စာစကားနဲ့ ပြောရရင် ဝင်္ကဝုတ္ထိအလင်္ကာ အဖြစ်သုံးတာပေါ့ဗျာ။
ဥပမာ- 
မိုက်န္နာ ယေ ရူပါလီ ရေ့ လိုင်ဏ်မာရေ ဘာရာ။
(မိုက်နာက မယ်ရူပကို ချစ်ကြိုက်နေတယ်ကွာ။)
အောဘိုင် လိုင်ဏ် မာရီဘာလ္လာ အုဂွား မောနောရ် မာနူချ်ဒေ့ နဖိုက်ရ်။
(ချစ်ဖို့အတွက် စိတ်တိုင်းကျ မိန်းကလေး မတွေ့လို့ကွာ။)
၃) တန်းစီခြင်း
အစဥ်လိုက်စီတဲ့နေရာမှာ ဒီစကားလုံးရဲ့အဓိပ္ပာယ်က တန်းစီခြင်း၊ တစ်ဖြောင့်တည်းဖြစ်ခြင်း ဖြစ်သွားပြန်တယ်။ 
ဥပမာ- 
ဖူတီယား တာရာ ဘီကုန်း လိုက်ဏ် ဒေါ့ရော့ဆိုက်။
(ကလေးတွေ အကုန် တန်းစီကြပါ။)
ရစ္ဆတာရ် အေခ်ဟာံဆာရ်တု လိုင်ဏ် ဒေါ့ရိ ဟင်းရော။
(လမ်းတစ်ဖက်ကနေ တန်းစီလို့ သွားကြပါ။)
အေ ဖာရာတ်မာဇေ့ ဂေါ်ရ် အောက္ကောလ် လိုင်ဏ် ဒေါ့ရိ ဘိုင်နေး။
(ဒီရွာမှာ အိမ်တွေ တန်းလျား ဆောက်ထားတယ်။)
၄) ချိတ်ဆက်ခြင်း
ဒီအဓိပ္ပာယ်ကိုတော့ ဖုန်း၊ လျှပ်စစ်မီး၊ ပိုက်လိုင်း စတဲ့ဟာတွေနဲ့ ဆက်စပ်တဲ့စကားမှာ မြန်မာအသုံးနဲ့ အတူတူ သုံးကြတာဖြစ်တယ်။
အီတေ လိုင်ဏောတ် နိုက်။
(သူ လိုင်းပေါ်မှာ မရှိဘူး။)
ဖုန်းနော် လိုင်ဏ် ဆီးရီး ဂီယွိုက်။
(ဖုန်းလိုင်း ဖြတ်သွားပြီ။)
လိုင်ဏ် ဟာရီဒီယေ့။
(လိုင်း ချလိုက်တယ်။ လိုင်းဖြတ်လိုက်တယ်။)
ပြီးတော့ လျှပ်စစ်မီးလိုင်း၊ ဖုန်းလိုင်း အတွက်လည်း အထက်အဓိပ္ပာယ်နဲ့ သုံးနှုန်းကြတယ်...
တူအံရ် အင်ဂျီလ် သြရ်တုန်း အံရ် ဂေါ့ရောတ် လိုင်ဏ် ဒီဖာရီဘိနဲ့။ တေလ် ဟောစ္စာ ဒီယူမ်ဘာရာ။
(မင်းရဲ့ မီးစက်ကနေ ငါတို့အိမ်ကို မီး ပေးနို
င်မလား။ ဆီစရိတ် ပေးမှာလေ။)
မီးလိုင်း ကို လိုင်နော့ရ် ဘတ္တီ လို့၎င်း၊  ဖုန်းလိုင်းကို ဖုန်းနော့ရ်လိုင်ဏ်၊ ရေလိုင်း ပါနီးရ်လိုင်ဏ် လို့၎င်း သုံးကြတယ်။
၅) စီစီရီရီ ထားခြင်း၊ သိမ်းဆည်းထားခြင်း
ဥပမာ- 
မာလ်ဆားမနားဂုန်း လိုင်ဏ် ဂေါရိ အေရော။
(ပစ္စည်းတွေကို သိမ်းထားကြပါ။)
ဟောရ်ဆွိုရ် အဂျော့ ဘေလိုင်ဏ် ကီယား။
(အဝတ်အစား​တွေ အခုတိ ဖရိုဖရဲ ပါလားဟဲ့။)
၆) လမ်းကြောင်း၊ အခွင့်ကောင်း
ဥပမာ-
အိုင် ဘီယာရ် ဟောတား ဟွိုက်ဘာလ္လာ လိုင်ဏ် ဖိုက်ယိ။
(ငါ မင်္ဂလာဆောင်ကိစ္စ ပြောဖို့ လမ်းကြောင်းတွေ့ပြီ။)
ရန်ကုန် ဇိုက်ဘာရ် လိုင်ဏ် အဆေးနဲ့။
(ရန်ကုန်သွားဖို့ လမ်းကြောင်း ရှိလား။)
၇) ဆုံးမခြင်း
ဒါလည်း ဝင်္ကဝုတ္ထိနဲ့ သုံးနှုန်းတာ ဖြစ်တယ်။ ဆုံးမခြင်း၊ လမ်းမှန်ပေါ်ရောက်ခြင်းစတဲ့ သဘောကို ဆိုလိုတဲ့အခါ သုံးတာများတယ်။
ဥပမာ-
အိတားရေ လိုင်ဏောတ် အာနား ဖောရီပေါ့။
(သူ့ကို ဘောင်ထဲ ရောက်အောင် ဆုံးမရမယ်။)
ဒီ လိုင်ဏ် စကားလုံးနဲ့ ဒီမှာပဲ ရပ်နားတော့မယ်။ နောက်စကားလုံး တစ်လုံးနဲ့ နောက်ပို့စ်တစ်ခုမှာ ဆုံရအောင်....
RohangKing
5-4-2026
Tuesday, March 4, 2025
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင် ကျောက်စာတစ်ခု
An Inscription from Mrauk-U, Arakan.
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင်ကျောက်စာတစ်ခု
မြောက်ဦးခေတ်သည် အာရကာနစ် မွတ်ဆလင် (ရိုဟင်ဂျာ) တို့၏ ဘုန်းမီးထွန်းခဲ့သည့် ခေတ်ဖြစ်သည်။ အာရကန်ပြည် ရာဇဝင်သည် ရိုဟင်ဂျာလူမျိုး၏ အခန်းကဏ္ဍမပါလျှင် မည်သည့်အခါမှ ပြည့်ပြီးစုံမည်မဟုတ်ပေ။ အာရကန်ပြည်၏ နေရာအနံ့တွင် ရှေးခေတ်ရိုဟင်ဂျာများ၏ သမိုင်းဝင်အဆောက်အဦးများ၊ ကျောက်စာများ၊ ပေပုရပိုက်စာများ၊ သတ္တု၊ ဝါးခြမ်းပေါ်ရေးထားသောစာများကို တွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက်က စစ်တပ်နှင့် မသာမာသူများက ဖျောက်ပစ်ရန် ကြိုးစားသော်လည်း ယနေ့အချိန်အထိ တွေ့ရှိနေရဆဲဖြစ်သည်။
ပုံပါကျောက်စာသည် မြောက်ဦးမြို့တွင် တွေ့ရှိရသော အာရဗီကျောက်စာတစ်ခုဖြစ်သည်။ ကျောက်စာပါ အရေးအသားသည် အာရဗီစာသားဖြစ်သော်လည်း ရှေးခေတ် ၁၆-၁၇ ရာစု အိုတိုမာန်ခေတ်က ပုံစုံနှင့် ရေးထိုးထားဟန်တွေ့ရသည်။ စာလုံးရေ ၂၁ လုံးခန့်ကို ရုပ်ကြွပုံစံဖြင့် ထိုးဆစ်ထားသည်။ အက္ခရာများများ ရှင်းလင်းမှုမရှိသော်ကြောင့် တ်ိတိကျကျ အဓိပ္ပာယ်ဖော်ရန် ခဲယဥ်းလှသည်။
ယခုကျောက်စာသည် အုတ်ဂူ သို့မဟုတ် အစ္စလာမ်ဘာသာရေးအဆောက်အဦး၏ မှတ်တမ်းကျောက်စာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော် ကျောက်စာမှာ သေဆုံးသူ၏ အမည်နှင့် ကိုယ်ရေးမှတ်တမ်းများပါဝင်ကြောင်း၊ ကျမ်းစာများ၊ အလှူရှင်၏ မှတ်တမ်းများ၊ ခုနှစ်သက္ကရာဇ်များ ပါရှိကြောင်း သိရှိရသည်။
ဤသို့သော် အဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်ကျောက်စာများကို လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံတော်အဆင့် ပညာရှင်များ၏ အကူအညီဖြင့် ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သမိုင်းမှန်ကို ဖော်ထုတ်သင့်သည်။  
အမ်းမြို့တွင် တွေ့ရှိသော အာရဗီကျောက်စာကို ဤလိင့်မှ ဖတ်ရှူရန်။ 
—RohangKing
Tuesday, January 9, 2024
On The Way To Mandalay
ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။
ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 
On The Way To Mandalay
By the old Moulmein Pagoda, lookin' lazy at the sea,
There's a Burma girl (broad) a-settin', and I know she thinks o' me;
For the wind is in the palm-trees, and the temple-bells they say:
"Come you back, you British soldier; come you back to Mandalay!"
    Come you back to Mandalay,
    Where the old Flotilla lay:
    Can't you 'ear their paddles chunkin' from Rangoon to Mandalay?
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!
'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .
When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .
But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .
I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .
Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!
By Rudyard Kipling
Sunday, November 19, 2023
မာလ်ကာဘာနူ နှင့် မောနူမျာ အချစ်ဇာတ်လမ်း
မာလ်ကာဘာနူ နှင့် မောနူမျာ  အချစ်ဇာတ်လမ်း
ကမ္ဘာ့အရပ်ရပ်တွင် လူမျိုးတိုင်းလိုလို၌ ထင်ရှားကျော်ကြားသော အချစ်ဇာတ်လမ်းများရှိသည်။ ဥပမာအားဖြင့် တင်ပြရလျှင်—
၁) နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာ၊
၂) ရိုမီယိုနှင့် ဂျူးလီယတ်
၃) လိုက်လာနှင့် မောဂျူနူန်
၄) ချေရီနှင့် ဖောရာဟာဒ်
၅) ဆလိမ််နှင့် အာနာရ်ကလီ
စသည်ဖြင့် ရှိခဲ့သည်။
ရခိုင်ဘင်္ဂလားနယ်တွင်လည်း ဒါလီယာနှင့်အာမီနာ၊ မာလ်ကာဘာနူနှင့် မော်နူမျာဟူ၍ ထင်ရှားသော အချစ်ဇာတ်လမ်းရှိခဲ့သည်။
သမိုင်းနောက်ခံ ၁၇ ရာစုအလယ်တွင် မဂိုမင်းသား ရှားချူးဇား သည် ဘင်္ဂလာနယ်ကို အုပ်ချုပ်လျက်ရှိခဲ့သည်။ သူ၏ စစ်သေနာပတိမှာ ရှေရ်မူစ်တကာဖြစ်ပြီး စစ်သားတစ်ထောင်ကို ကြီးကြပ်အုပ်ချုပ်ရသည်။ ၎င်းတွင် တစ်ဦးတည်းသောသား ဂျောဘောလ်မူစ်တကာ (ခ) ဂျောဘောလ်တောခါန် (ခ) မော်နူမျာ တစ်ယောက်ထွန်းကားခဲ့သည်။
ရှေရ်မူစ်တကာသည် ကောစ်ဘဇားနယ်မှ အာနူဝါရာခရိုင်ကို အပိုင်စားရ၍ အုပ်ချုပ်ခဲ့သည်။ ရှေရ်မူစ်တကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူမော်နူမျာက အဖ၏ အရိုက်အရာကို ဆက်ခံသည်။ မော်နူမျာလက်အောက်၌ လယ်ပိုင်ရှင်ငယ်များရှိခဲ့ပြီး မော်နူမျာအား လယ်ခွန်၊မြေခွန်များ ဆက်သရသည်။
အချစ်ဇာတ်လမ်း လွန်ခဲ့သောနှစ် (၃၅၀)ခန့်က ပေါ်ထွန်းခဲ့သည့် မာလ်ကာဘာနူ နှင့် မော်နူမျာ အချစ်ဇာတ်လမ်း အကြောင်းသည် ရိုဟင်ဂျာ လူထုအကြားတွင်လည်း ထင်ရှားစွာရှိခဲ့သည်မို့ ပြန်လည်ရှင်သန်ရန် တင်ပြခြင်းသာဖြစ်ပါသည်။
ရှေရ်မူစ်တာကာ (မဂိုရှားချူးဇာဘုရင်၏ ဘင်္ဂလားစစ်သေနာပတိ) ၁၇ ရာစုအလယ်လောက်တွင် ရှားချူးဇားသည် တြိပူရနှင့် ဘင်္ဂလားနယ်ကို အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ရှေရ်မူစ်တာကာသည် သူ့လက်အောက်၌ စစ်သေနာပတိဖြစ်ခဲ့ပြီး စစ်သားတစ်ထောင်ကို ဦးစီးကွပ်ကဲရသူဖြစ်သည်။ သူသည် စစ်တကောင်တိုင်းရှိ စကောရီယာ၊ အာနိုဝါရာ၊ ဘာရ်ှကာလီနှင့် စသော မြောက်စွာသောနယ်များကို ပိုင်ဆိုင်ခဲ့သည်။ သူ့လက်အောက်၌ လယ်ပိုင်ရှင်မြောက်မြားစွာရှိခဲ့ပြီး သူ့အားလယ်ခွန် မြေခွန်ဆက်သရသည်။
ခရစ်သက္ကရာဇ် ၁၇၀၇ခု နှစ်တွင် ဘင်္ဂလားနယ်သည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ လက်အောက်သို့ ရောက်ရှိခဲ့သည်။ ယင်းမတိုင်မီကပင် ရှေရ်မူစ်တာကာသည် ရခိုင်ဘုရင်လက်အောက်ရှိ သမုဒ္ဒရာရေပိုင်နက်၊ တောတောင်များ၊ လာလ်ရှော်ဘုစ်တီလာ၊ ဒိယန်ရာဇ်စသည့် သက်ပိုင်နယ်ကို ပိုင်စိုးပြီး မြိုလူမျိုးတို့၏ဘုရင်တဆူအဖြစ် ရပ်တည်ခဲ့သည်။
နောင်တွင် ရှေရ်မူစ်တကာသည် အာနူဝါရာနယ် ရှောလ်ကာတာရွာကို အခြေပြု၍ နေထိုင်ခဲ့သည်။
ရှေရ်မူစ်တကာ၏သား/သမီးများမှာ
၁) ဂျော်ဘောလ်တောခါန်(ခ)မော်နူမျာ
၂) ဘူရာဘီဘီ ဆော်ဒေါရာနီ
၃) ကာလာဘီဘီ ဆော်ဒေါရာနီတို့ဖြစ်ကြသည်။
 မော်နူမျာသည် သူ၏ ဖခင် ရှေရ်မူစ်တာကာ ကွယ်လွန်ပြီးနောက် ဖခင်ပိုင်ဆိုင်ခဲ့သော လယ်မြေများ၊ ပိုင်ဆိုင်မှုအဝဝကို ကြီးကြပ်ရသည်။
မောနူမျာသည် အဖရိုက်အရာကို ဆက်ခံအုပ်ချုပ်ရာ၌ မကယ်သူတဦးက မဟုတ် ဘခင်ထက်ပင် သာလွန်သူတစ်ဦးဖြစ်သည်။
မော်နူမျာ၏ အိမ်တော်ခြံ၏ အရှေ့အနောက် တံခါးပေါက်ကို ခိုင်ခန့်စွာတည်ဆောက်ထားသည်။ တံခါးဝအသီးသီးတွင် ကြီးမားသော အမြောက်တစ်ခုစီကို တပ်ဆင်ထားသည်။ အမြောက်တစ်ခု၏ အလေးချိန်မှာ ၂၇မောင်းရှိသည်။ ယခုအခါ ယင်းအမြောက်များကို စစ်တကောင်း ရေတပ်ဌာချုပ်တွင် တွေ့ရှိနိုင်သည်။ အမြောက်များကို ပေါ်တူဂီ ပင်လယ်ဓားပြများရန်မှ ကာကွယ်ရန် တပ်ဆင်ထားခြင်းဖြစ်သည်။
 မောနူမျာသည် သူ၏အိမ်တော်၏မနီးမဝေး အနောက်တောင်ဖက်တွင် ဗလီကြီးတစ်လုံးကို တည်ဆောက်ထားခဲ့သည်။
ယင်းနှင့်မနီးမဝေးတွင် ကန်ကြီးတခုကိုလည်း တူးဖော်ထားခဲ့သည်။ ယင်းတို့ကို ယခုတိုင် မောနူမျာဗလီနှင့်မောနူမျာကန်တော်ဟုခေါ်ကြသည်။
မာလ်ကာဘာနူ။
မာလ်ကာဘာနူသည် စစ်တကောင်းဒေသ ဘာရ်ှခါလီ၊ ရှောရောလာနယ်တွင် နေထိုင်သည်။ သူမ၏ဖခင်မှာ အာမိရ်မူဟာမတ်ဖြစ်သည်။ သူသည်ချမ်းသာသော ကုန်သည်တဦးဖြစ်ပါသည်။
မာလ်ကာဘာနူတွင် ညီ (၆)ယောက်ရှိခဲ့သည်။ မာလ်ကာဘာနူသည် အလွန်ချောမော လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ဘာသာရေးပညာရပ်ကို ရွာရှိ အာရဗီကျောင်းတွင် သင်ကြားခဲ့သည်။
မော်နူမျာသည် မိမိ၏လယ်မြေကိစ္စနှင့် ပတ်သက်၍ နယ်လည့်သွားလေ့ရှိသည်။ တနေ့သောအခါ သူသည်သူ့၏ နောက်လိုက်နောက်ပါများနှင့် မောလ်ကာဘာနူတို့ ရွာ ဘာရ်ှခါလီ ရှောရာလာရွာသို့သွားရာ မောပန်းသဖြင့် ယင်းနယ်၌ တစ်ညအိပ်ခဲ့သည်။ ဤတွင် ကျောင်းသူမလေး မာလ်ကာဘူနူကို တွေ့သွားရာ သဘောကျချစ်ကြိုက်မိလေတော့၏။
ဤသို့ဖြင့် မကြာခဏဆိုသလို မော်နူမျာသည် မာလ်ကာဘာနူတို့ ရွာသို့ ရောက်သွားလေ့ရှိ၏။ စိတ်တွင်ပရိဒေဝ မီးကထလောင်တော့သဖြင့် အတောမသတ်နိုင်ဖြစ်၍ မာလ်ကာဘာနူကိုစာသင်ပြသော ကာဇီ(ခ)မော်လဝီမှတဆင့် ဖခင် အာမိရ်မူဟာမတ်ထံမှ မာလ်ကာဘာနူကိုတောင်းဆိုမှုပြုလေသည်။
အာမိရ်မူဟာမတ်မှ သဘောတူလက်ခံသော်လည်း မာလ်ကာဘာနူမာ သဘောမတူပါ။ အကြောင်းမူကား မောလ်ကာဘာနူ၏ရွာနှင့် မော်နူမျာတို့ ရွာကြားတွင် ရှောင်ခေါ်မြစ်ခံထားသည်ဖြစ်ရာ မြစ်ကြောင်းဖြင့်သူမအနေဖြင့် ယောက္ခမအိမ်သို့မသွားလိုပါ။ သူမသည် သမ္ဗာန်ဖြင့်ခရီးပေါက်ရမည့်ကိုကြောက်တတ်သည်။ ထိုကြောင့် သူမက မော်နူမျာအား ရှောင်ခေါ်မြစ်ပေါ်၌ တာဖို့ပေးရန်တောင်းဆိုမှုပြုခဲ့သည်။
အချစ်၏ဇောကြောင့် မော်နူမျာသည် တောင်းဆိုမှုကို ချက်ချင်းဆိုသလို လက်ခံလိုက်လေသည်။
ရှောင်ခေါ်မြစ်ပေါ်တွင် တာဖို့ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ သိပ်မကြာခင် တာဖို့မှုပြီးစီးခဲ့သည်။ *ရှောင်ခေါ်မြစ်သည် ကောစ်ဘဇားလမ်းခွဲ လိင့်လမ်းအတိုင်းအရှေ့ဘက်သို့ တစ်မိုင်ခန့် ခရီးအကွာတွင်ရှိသည့် တံတားကြီးနားတွင် ရှိသည်။ ယင်းမြစ်သည် အာနူဝါရာနှင့် ဘာရ်ှခါလီကြား ဖြတ်စီးသောမြစ်ဖြစ်သည်*။
တာဖို့ပြီးသောအခါ မာလ်ကာဘာနူနှင့်မော်နူမျာတို့၏ မင်္ဂလာပွဲက စတင်ခဲ့လေသည်။ မင်္ဂလာပွဲအကျွေးအမွေးနှင့် အဆိုအက ၊အတီးအမှုတ်၊ပွဲလမ်း၊သဘင်သည် တလတိတိ အချိန်ကြာညောင်းခဲ့သည်။ အနယ်နယ်အရပ်ရပ်မှသဘင်သည်၊ ဂီတပညာရှင်များမှလာရောက်ဖြေဖျော်ခဲ့သည်။ ပွဲသည် ခြိမ့်ခြိမ့်သဲ စည်ကားခဲ့သည်။ ယင်းပွဲတွင်သီဆိုခဲ့သော ထင်ရှားသည့်သီချင်း (ရိုလို ခေါံလာ) တပုဒ်မှာ
မောလ်ကာ ဘာနူ ဒေရှ့်ရေ ဗျီယာရ် ဗိုက်ဒေါ အလ္လာ ဘာဂျေရေ၊
မောလ်ကာဘာနူ ရှာတ္တေ ..ဗိုက်..
အိုဗိုက်...မော်နူမျာရ် ကီဟိုနိုက်...
မောလ်ကာ ဘာနူ ဗျာ ဟိုယ်ဘို
မော်နူမျာ ရှာတ် တေရေ။
မာလ်ကာဘာသည် မောနူများ၏ ဒုတိယမြောက်မယား ဖြစ်သည်။ သူမတွင် သား/သမီး တစ်စုံတစ်ဦး မထွန်းကားခဲ့ချေ။ မာလ်ကာဘာနူသည် မောနူမျာထံတွင်မပျော်။ သို့ကြောင့် မောနူမျာထံအကြာမနေတော့ မိဘရှိရာ ဘာရ်ှကာလီသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
မောလ်ကာဘာနူ၏ ဖခင် အာမိရ်မူဟာမတ်သည် သူမအတွက် ဗလီကြီးတလုံးတည်ဆောက်ပေးခဲ့ပြီး မနီးမဝေးတွင် ကန်ကြီးတခု တူးဖော်ပေးခဲ့သည်။
ယင်းတို့ကို ယခုတိုင် မောလ်ကာဘာနူ ဒီဂီ(ကန်တော်ကြီး)နှင့် မောလ်ကာဘာနူဗလီဟုခေါ်ထွင်ကြသည်။ မာလ်ကာဘာနူ ဂူသင်္ချိုင်းသည် မာလ်ကာဘယနူ ဗလီကြီး၏ အနီးတွင်တည်ရှိသည်။ မော်နူမျာဂူသင်္ချိုင်းသည် ရွာသင်္ချိုင်းအလယ်အပင်ကြီးတပင်တွင်ရှိနေသည်။
ကိုးကားပြုစုသူ
မင်းဝန်ဇော်
Monday, August 21, 2023
Aillá Sang Gór (Aillá sharí)
Aillár Sang Gór
Obairé...
Dukke chúkke rait fuwái, biina soore hal loi zai
Fukor beil guá fosímót zargoi batór dahá nái
Ailla giyé hál soitó, girós giyé sóñg goittó
Foror fuwa ailla boli hotó duk dito
Girós taito bor gorot, ailla taito sang gorot
Teppér teppér zóror fuçá forer sang gorot
Obairé...
Neke muke bat goijjé, Fól gasot lé fól doijjé
Foror fuwa ailla boli taalash nogore.
ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 
ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  
Dukké chukké rait fuwai, biina soore biilot zai
Fukor beil guá fosímót zargoi bat órr dahá nái
လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 
အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။
ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 
ဒုတိယ စာပိုဒ်မှာတော့…
Ailla giyé hal soitó, girós giyé sóñg goittó
Foror fuwa ailla boli hotó duk dito
လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 
ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။
တတိယအပိုဒ်မှာတော့…
Girós taito bor górot, ailla taito sang górot
Teppér teppér zóror fuçá forer sang górot
လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  
ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 
နောက်ဆုံးအပိုဒ်ကတော့ …
Neke muke bat goijjé, Fól gasot lé fól doijjé
Foror fuwa ailla boli taalash nogore.
လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 
ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။
ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။
_လူထုဝဏ္ဏ
(၂၀-၈-၂၀၂၃)
Tuesday, May 2, 2023
ပူရ်နီစန္ဒြာ (Purni Sandra ) Futí
ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)
ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် အာရကန်နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လင်္ကာရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။
ကဗျာဆိုလိုရင်းကတော့-
  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ဘုန်းမီးနေလ မည်းမှောင်ခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်အလွန် ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို ခိုင်းနှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ဆိုးက ပျက်သုဥ်းယူဆောင်သွားခဲ့လေတယ်။
  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။
  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ ခမည်းတော်၏ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုန်းဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။
  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာတော် ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။
  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။
ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များပြားလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နန်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ မရှူမလှ ကျဆုံးခဲ့လေတယ်။
* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလင်္ကာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလင်္ကာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။
_ လူထုဝဏ္ဏ
Ref: Patmavati By Alaol
Friday, April 28, 2023
Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)
Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)
သတ္တဝါဟူသည် အဆွေအမျိုးနှင့် မကင်းပင်တည်း။ ရိုဟင်ဂျာစကားတွင် အဆွေအမျိုးကို Egana guctí ဟု၎င်း၊ Giyañt gucti ဟု၎င်း ခေါ်သည်။ မျိုးဆက်ကို nosól ဟု၎င်း၊ fissán ဟု၎င်း၊ ဘိုးစဉ်ဘောင်ဆက် အစဉ်အလာကို Ishto kurum (silsila) ဟု၎င်း အသီးသီးခေါ်ကြသည်။ ဤအဆွေအမျိုးတို့၏ အခေါ်အဝေါ် အမျိုးမျိုးကို ရှင်းလင်းပီပြင်အောင် အုပ်စုအလိုက်အပိုင်းခွဲ၍ ဖော်ပြပေးပါမည်။ မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားကို လေ့လာနေသူများအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပါလိမ့်မည်ဟု ယုံကြည်ပါသည်။ 
အဆွေအမျိုးအခေါ်အဝေါ်ကို အုပ်စုခွဲရာ -
 ၁။  Bab-dada soiddo gucthí 
(မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက် အခေါ်အဝေါ်များ)
၂။ Cúddór gorór gucthí 
(မိသားစုအရင်း အခေါ်အဝေါ်များ)
၃။ Bái-boinór egawati 
(ညီအစ်ကိုမောင်နှမဆက် အခေါ်အဝေါ်များ)
၄။ Sañsato-Jerató, Fuuto-mooto eganawati
(ဘထွေးဘကြီး၊ အဒေါ်ဒွေးဒွေးဆက် အခေါ်အဝေါ်များ)
၅။ Biyádolar Eganawati
(အိမ်ထောင်ရေးဆက် ဆွေမျိုးအခေါ်အဝေါ်များ)
ဟူ၍ မျိုးတူရာရာ အုပ်စု (၅) စု ခွဲကာ လေ့လာကြရအောင်......။
၁။ Babdada soiddó fissán
မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက်မှာ ရှေ့ဆွေမျိုး (၇) ဆက်၊ နောက်ဆွေမျိုး (၇) ဆက် စုစုပေါင်း ၁၄ ဆက် ရှိတယ်။ ဤ ၁၄ ဆက်ကို Ek guctí (သို့) Handan မျိုးနွယ်စု၊ ဆွေမျိုးစု ဟုခေါ်လေ့ရှိတယ်။ 
Soiddó Fissán [ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်]
(၇) Dhoñr Dada   = အဘော (အဘဲ၏ အဖေ)
(၆) Bor Doñbá     = အဘဲ (အဘင်၏ အဖေ)
(၅) Dhoñbá         = အဘင် (အဘီ၏ အဖေ)
(၄) For Dada       = အဘီ (အဘေး၏ အဖေ)
(၃) Bor Dada       = အဘေး (အဘိုး၏ အဖေ)
(၂) Dada             = အဘိုး (မိမိ၏ အဘိုး)
(၁) Bab               =  အဘ (မိမိ၏ အဖေ)
(၀) Nize              =  မိမိ
(၁) Fuwa            =   သား (မိမိမွေးသော သား)
(၂) Nati              =   မြေး (သား၏ သား)
(၃) Futi               =   မြစ် (မြေး၏ သား)
(၄) Chúti             =  တီး (မြစ်၏ သား)
(၅) Luti               =  တွတ် (တီး၏ သား)
(၆) Muoti             =  ကျွတ် (တွတ်၏ သား)
(၇) Gutí               =  ဆက် (ကျွတ်၏ သား)
၂။ Cúddor Góror Gucti
ရိုဟင်ဂျာစကားမှာ မိသားစုကို Góror gucthí ဟုသုံးကြသည်။ အိမ်ထောင်စု ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်ချင်းချင်း နီးစပ်သည်။ cúddór မှာ အရင်းအချာ အနက်ရသည်။ အိမ်တစ်အိမ်မှာ အမိရင်း၊ အဖရင်းကို ဗဟိုပြု၍ အတူတကွနေထိုင်သော အမှန်တကယ် သား၊သမီး မြေးမြစ်များအစု ဖြစ်သည်။ ထိုမိသားစုဝင်များ ဆွေမျိုးတော်စပ်ပုံ အခေါ်အဝေါ်များမှာ-
  • Góror gucti = မိသားစု (မိဘရင်းနှစ်ဦးပါဝင်သော                          သားသမီးအစု) 
  • Bab           = အဖေ (မိဘနှစ်ပါးတွင် အဖေဖြစ်သူ)
  • Baba         = အဖေ၊ ဖခင် (ဖခင်ကို ချစ်စနိုးခေါ်သော                        နာမည်)
  • Babá         =  အဖေ ၊ ဖခင်
  • Ba | Bao    = အဖေ ၊ ဖခင် (bab မှ အသံပြောင်းဖြစ်                     လာသော နာမည်)
  • Bazi           = အဖေ ၊ ဖခင် 
  • Pepe          = အဖေ ၊ ဖခင်  (မြန်မာဘာသာစကားမှ မွေးစားထားသော နာမည်)
  • Maa           = အမေ၊ မိခင် (မိဘရင်း နှစ်ပါးတွင် မိခင်ဖြစ်သူ)
  • Mamá       = အမေ၊ မိခင် (မိခင်ကို ချစ်စနိုးခေါ်သော နာမည်)
  • Mamma     = အမေ၊ မိခင်
  • Aái            = အမေ၊ မိခင် (ရှေးခေတ်သုံး စကား)
  • Átáibab      = ဖထွေး (မိခင်၏ ပထမ လင်ယောက်ျား)
  • Átái              = ဖခင်၏ ဒုတိယမိန်းမ
  • Atáimaa      = မိထွေး (ဖခင်၏ ဒုတိယ မိန်းမ) 
  • Hátatóbai   = ဝမ်းကွဲညီအစ်ကို
  • Fuwain cúwain = သားသမီးများ
  • Fuwa         = သား (မိဘရင်းမှ ပေါက်ဖွားလာသော သား)
  • Fut            = သား
  • Futúya       = သား (သားကို ချစ်စနိုးခေါ်သော နာမည်) 
  • Laafuwá     = ပထမယောက်ျား/ ပထမမိန်းမ၏ သား(လင်ပါ/မယားပါ သား)
  • Firafitta fuwa = မွေးချင်း (ကျော့ကပ် မွေးဖွားလာသော သား)
  • Zii              = သမီး (မိဘအရင်းမှ ပေါက်ဖွားလာသော သမီး)
  • Zérfua        = သမီး၊ မိန်းကလေး
  • Báiná         = တူ
  • Bañní.         = တူမ
  • Báifút          = တူ
  • Batzii         = တူမ
  • Futuní        = သမီး (သမီးကို ချစ်စနိုးခေါ်သော နာမည်)
  • Nati futi      = မွေးမွဈ (သား/သမီးရင်းမှ မွေးဖွားလာသော သားသမီး)
၃။ Bai-boinor egawati nam
ညီကိုမောင်နှမဆက်အစုတွင် ညီအစ်ကိုအစဉ်များ၊ ဝမ်းကွဲညီကိုများနှင့် သမီးမြောက်သားများကိုပါ ထည့်သွင်းထားသည်။
Bái-boin          = မောင်နှမ
Bái                 = ညီကို (မိဘအရင်းမှ ပေါက်ဖွားလာသော မွေးချင်း)
Dhoñrbái       = အစ်ကို (မိမိထက် အသက်အရွယ်ကြီးသော အစ်ကို)
Bodda            = အစ်ကိုကြီး (အစ်ကိုများထဲတွင် အကြီးဆုံး အစ်ကို)
Majjábái        = အစ်ကိုလတ်
Kúillabái        = ဒုတိယ အစ်ကိုလတ် (တတိယမြောက်အစ်ကို)
Dudúbái        = ဒုတိယ အစ်ကိုလတ် (* စတုတ္ထမြောက်အကို အတွက်လေ့ သုံးလေ့ရှိသည်)
Gurabái         = အစ်ကိုလေး
Báiso            = အစ်ကိုထွေး (အစ်ကိုများထဲတွင် ငယ်သော အစ်ကို)
Lalábai          = အစ်ကိုထွေး (အစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သော အစ်ကို)
Atúbái            = အစ်ကိုထွေး
Chóñro bái      = ညီငယ်
Firafitta bái     = မောင်ဖား၊ မောင်ဖွား (မွေးချင်းဖြစ်သော မောင်၊ညီ)
Mazudabái        = ဝမ်းကွဲညီအစ်ကို
boín               = ညီအစ်မ
Bu                   = အစ်မ (မိမိထက်ကြီးသော အစ်မ)
Bubu               = အစ်မ (အစ်မကို ချစ်စနိုးခေါ်သော နာမည်)
Dhoñbu           = အစ်မကြီး
Majjábu           = အစ်မလတ်
kúillabu           = တတိယမြောက် နှမ
Dudu              = တတိယမြောက် နှမ (*စတုတ္ထမြောက်အတွက်လည်း သုံးလေ့ရှိသည်)
Gurabu            = နှမငယ်
Atúbu / Atí bu             = နှမထွေး (အငယ်ဆုံးနှမ)
Lalabu             = နှမထွေး
Guraboin         = ညီမ
Sañsato-jeçáto bái/boin = ဘထွေးဘကြီးဖက်က ဝမ်းကွဲညီအစ်ကိုမောင်နှမ
Sañsatobái     = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)
Sañsarfút bái   = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)
Sañsato boin   = ဝမ်းကွဲညီအစ်မ (ဘထွေး၏သမီး)
Jeçátobái       = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား)
Jeçárfút bái     = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား) 
Jeçárfút boin   = ဝမ်းကွဲညီအစ်မ (ဘကြီး၏သမီး) 
Mooto-fuuto bái-boin= အဒေါ်ဦးလေးဖက်က ဝမ်းကွဲမောင်နှမများ
Moorfut bái    = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)
Mooto bái      = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)
Mooto boin    = ဝမ်းကွဲညီအစ်မ (ဦးလေး၏သမီး)
Muírfút bái    = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)
háláto bái     = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)
Háláto boin    = ဝမ်းကွဲညီအစ်မ (အဒေါ်၊ ဒွေးလေး၏သမီး)
Moto-fuuto bái-boin = အဒေါ်၊ ဦလေးတို့ဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်
Sañsato-jeçáto bái-boin = ဘကြီးသားဘထွေးဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်
Mazuda bái-boin = မိကွဲမောင်နှမ (မိထွေးဘက်မှ သားသမီး)
Ataito bái          = မိကွဲညီအစ်ကို (မိထွေးဘက်မှ သား)
၄။ Sañsato-Jerató,Fuuto-mooto egana
Sañsa           = ဘထွေး (အဖေ၏ ညီ)
Hakku          = ဘထွေး (အဖေ၏ ညီ)
Kaka             = ဘထှေး (အဖေ၏ ညီ)
Kow              = ဘထှေး (အဖေ၏ ညီ)
Jeçá             = ဘကြီး (အဖေ၏ အစ်ကို)
Jeçi/jiçu     = ဘကြီး၏ မိန်းမ
Doñbazi       = ဘကြီး (အဖေ၏ အကြီးဆုံးအစ်ကို)
Fuu              = အရီး (အဖေ၏ အစ်မ)
Fuinná          = အရီး (အဖေ၏ ညီအစ်မ)
Babu            = အဒေါ် (အဖေ၏ ညီအစ်မကို ချစ်စနိုးခေါ်သော နာမည်)
Moo              = ဦးလေး (အမေ၏ ညီအစ်ကို)
Mamu           = ဦးလေး (အမေ၏ ညီအစ်ကို)၊ အဒေါ်၏ ယောက်ျား
Gura mamu     = ဦးလေး (အမေထက်ငယ်သော မောင်)
Dhoñr mamu    = ဦးရီး၊ ဦးကြီး (အမေထက် ကြီးသောအစ်ကို)
Mami              = အရီး (ဦးရီး၏ မယား)
Mūi                 = အဒေါ် (အမေ၏ ညီအစ်မ)
Hálá                = အဒေါ် (အမေ၏ ညီအစ်မ)၊ *လင်၏ မိခင်ကိုလည်း ခေါ်လေ့ရှိသည်
Gurama           = ဒေါ်လေး (အမေ၏ ညီမလေး)
Mūisó              = ဒွေးတော် (အမေ၏ အငယ်ဆုံး ညီမလေး)
၅။ Biyá dolar Eganawati
ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုလိုက်သောအခါ ဆွေမျိုးအသစ်များ တိုးလာလေ့ရှိသည်။ နှစ်ဘက် လင်မယား၏ အပြန်အလှန် အမျိုးတော်စပ်ပုံ အခေါ်အဝေါ်များလည်း လေ့လာကြရအောင်။ 
Bera-beri        = ဇနီးမောင်နှံ
Bera                 = လင်ယောက်ျား (ကာမပိုင်ယောက်ျား)
Nek               = လင်ယောက်ျား
Fuwainor bab = လင်ယောက်ျား(မိန်းမက တရှက်တကန်းခေါ်သော နာမည်)
Hóchom          = လင်ယောက်ျား
Beçi                = ဇနီးမိန်းမ 
Muk                = ဇနီးမိန်းမ
Bibi                = ဇနီးမိန်းမ (မိန်းမကို ချစ်စနိုးခေါ်သော နာမည်)
Fuwainór maa = ဇနီးမိန်းမ
Diyor              = မတ် (လင်ယောက်ျား၏ ညီ)
Báshuor         = ခဲအို (လင်ယောက်ျား၏ အစ်ကို)
Nonon           = ခယ်မ (လင်ယောက်ျား၏ ညီမ)
Noncoc          = ယောက်မ (လင်ယောက်ျား၏ အစ်မ)
Zal                = လင်ညီအစ်မ (ညီအစ်ကိုတို့၏ မယားအချင်းချင်း တော်စပ်ပုံ) 
Hotin            = မယားဖက် (လင်ယောက်ျား၏ မယားအချင်းချင်း အပြန်အလှန်တော်စပ်ပုံ)
Háñlá           = ယောက်ဖ (မယား၏ မောင်)
Hóñdí           = ခဲအို (မယား၏အစ်ကို)
Háñlí            = ခယ်မ (မယား၏ ညီမ) 
Dessos          = မရီး  (မယား၏ အစ်မ)
Hózón           = မယားညီအစ်ကို (ညီအစ်မတို့၏ လင်သားအချင်းချင်း တော်စပ်ပုံ) 
Hwouri          = ယောက္ခမ (လင်/မယား၏ မိခင်) 
Hwour           = ယောက္ခမ (လင်/မယား၏ ဖခင်)
*မြန်မာဝေါဟာရ ယောက္ခမသည် ဒွိလိင်ဖြစ်၍ ယောက်ျားရော့ မိန်းမရော့ အတူတူသုံးသည်။
Biyai             = ခမည်းခမက် (လင်၏ ဖခင် နှင့် မယား၏ဖခင်တို့ အပြန်အလှန်တော်စပ်ပုံ)
Biyáini          = ခမိခမက် (လင်၏ မိခင် နှင့် မယား၏မိခင်တို့ အပြန်အလှန်တော်စပ်ပုံ)
Futtra          = ခမည်းခမက်၏ သား
Zamai          = သမက် (သမီး၏ ယောက်ျား)
Buo             = ချွေးမ (သား၏ ဇနီးမယား)
Oribou         = သမီးယောက္ခမ (ချွေးမနှင့် ယောက္ခမတို့ အပြန်အလှန် တော်စပ်ပုံ)
Bouzamai     = သမီးယောက်ျား (လင်နှင့် မယား အပြန်အလှန်တော်စပ်ပုံ)
Buos           = မရီး (အစ်ကို၏ မယား)
Bábi            = မရီး 
Baibo          =  ယောက်မ (ညီမောင်၏ မယား)
Mukgour     = လင်ငယ် (အကြောင်းအားလျော်စွာ ယာယီလက်ထပ်ထားသော ယောက်ျား)
Boinor zamai = ယောက်ဖ (ညီမ၏ လင်)
Bonái           = ခဲအို (အစ်မ၏ လင်ယောက်ျား)
Biyairo guicti = ခမည်းခမက် ဆွေမျိုးများ 
Ouror guctí = ယောက္ခမဘက်က ဆွေမျိုးများ 
Talói       = ညီအစ်ကို ၊ ညီမ ၏ ယောက္ခမ
Talóiní    = အစ်ကို ၊ ညီမ ၏ ယောက္ခမ (အမျိုးသမီး)
Taltó bái = မရီး၊ ယောက်မ၏ ညီအစ်ကို
Taltó boin = မရီး၊ ယောက်မ၏ အစ်မ၊ညီမ
Taltori    = မရီး၊ ယောက်မ၏ အစ်မ၊ညီမ
RohangKing
(၁၂-၄-၂၀၂၃)
Tuesday, February 28, 2023
Ek Hotár Dui Lobzó
အနက္တူ စကားလံုးကြဲမ်ား [Ek hotár Dui Lobzó]
[ရိုဟင်ဂျာဝေါဟာရပဒေသာ ကဏ္ဍ]
ဘာသာစကားတိုင်းသည် ခေတ်အလျောက် ပြောင်းလဲသွားတတ်သော သဘောရှိသည်။ ခေတ်ကာလ ရှေ့ဆက်လာသည်နှင့်အမျှ အချို့စကားလုံးများ၏ လေယူလေသိမ်းများ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ပတ်ဝန်းကျင်မှ မွေးစားစကားလုံးများ ထိုးဖောက်ဝင်ရောက်လာတတ်ကြသည်။ စကားလုံးအသစ်များလည်း တီထွင်သုံးစွဲလာတတ်ကြသည်။ ဤသို့ ပြောင်းလဲမှုအမျိုးမျိုးကြောင့် အနက်တူစကားလုံးများ တိုးပွားလာကြသည်။ ရှေးဟောင်းစကားလုံးများ အသုံးနည်းလာတတ်ကြသည်။ အချိန်မီ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းပါက ပျောက်ကွယ်သွားသည့်အထိ ရှိနိုင်သည်။ 
ဤပို့စ်တွင် အနက်တူ စကားလုံးကွဲ အချို့ကို ဖော်ပြပေးပါမည်။ စကားလုံးကွဲပြားသော်လည်း အနက်အဓိပ္ပာယ်တူသည်ဟု ဆိုရာတွင် အချို့စကားလုံးများသည် ရာနှုန်းပြည့် အနက်တူသော်လည်း အချို့မှာမူ သူ့နေရာနှင့်သူ အသုံးဝင်မှုအပေါ် အနက်အဓိပ္ပာယ် အနည်းငယ်ကွဲလွဲမှုရှိသည်ကို တွေ့ရှိရပါမည်။ အောက်ပါ အနက်တူ စကားလုံးကွဲ အချို့ကို လေ့လာကြရအောင်-
Andha ~ Boda = ဥ
Ailla ~ Mozur = အစေခံ
Ara ~ Tiyanra = ခြံစည်းရိုး
Bátdani ~ Thak = ထမင်းချိုင့်
Bazu ~ Hamis = အင်္ကျီ
Beça ~ Nek = လင်ယောက်ျား
Beçi ~ Mug = ဇနီးမိန်းမ
Biinggi zal ~ Gaala zal = ပိုက်
Bilding ~ Kutha = တိုက်အိမ်
Bossi ~ Gaala = ဇလုံ
Bozi ~ Bábi = မရီး
Canthar ~ Zuta = ဖိနပ်
Céri ~ Hatta = လှေကား
Cémith ~ Cílmeçi = ဘိလိပ်မြေ
Cíyana ~ Salák = လိမ္မာသော
Cirá ~ Matá = ခေါင်း
Cóin ~ Fúñwaijjá = မိတ်ဆွေ
Cóinno ~ Melithéri = စစ်တပ်
Dabai ~ Daru = ဆေးဝါး
Daktor ~ Hákim = သမားတော်
Dándha ~ Gúroni = အဖုံး
Dengga ~ Nou = လှေ
Dhoñr ~ Bóddha = ကြီးမားသော
Dhudhu gari ~ Motor sairkol = ဆိုက်ကယ်
Dhula ~ Hárañg = ခြင်း
Dii ~ Bor foir = ကန်ကြီး
Doir ~ Handail = 
Duwar ~ Kebar = တံခါး
Egana ~ Giñyat = ဆွေမျိုး
Fath ~ Firá = ခုံ
Failla ~ Decci = အိုး
Falong ~ Soiñ = ကုတင်
Fanká ~ Fórfori = ပန်ကာ
Fecák ~ mut = ဆီး
Fethi ~ Sónduk = သေတ္တာ
Fólonso ~ Lelín = ဝရံတာ
Fut ~ Fua = သား
Fúk ~ Kíl = ချက်
Garí ~ Rot = ယာဉ်
Golti ~ Álda = လမ်းကြား
Gul gór ~ Átina = အိမ်ရှေ့ခန်း
Gul isa ~ Kiyáñra = ဂဏန်း
Guli ~ Bonduk = သေနတ်
Gusól ~ Háiñs = ရာသီပေါ်သည်။
Hanjja ~ Taak = ကျီ
Háñtura ~ Marttul = တူ
Hábar jahañs ~ Pelin = လေယာဉ်ပျံ
Hala murá ~ Faar = တောင်တန်း
Hoddá ~ Haññ = ခွက်
Hoil ~ Hoijja = ခိုက်ရန်
Hólméçi ~ Couk = မြေဖြူ
Hou gorer ~ Ouler = အန့်ပျို့သည်
Jaañs ~ Buth = သင်္ဘော
Jok ~ Moshok = ရေခရာ
Kaman ~ Sirhóndhá = လေး
Kitab ~ Boi = စာအုပ်
Kucúm ~ Lali = ဝှေးစေ့
kumbala ~ Taimmaw = ရေအိုးစင်
Letholom ~ Letfincol = ခဲတံ
Lorí ~ Laçí = တောင်ဝှေ့၊ တုတ်
Lunggi ~ Dúti = ပုဆိုး
Lura ~ Hotti = လိုရာအိုး
Manuic ~ Maniccó = လူသား
Masa ~ Fúlazi = စင်
Mirá hodu ~ honri = ရွှေဖရုံသီး
Mocók ~ Zouk = ကရား
Mo ~ Mamu = ဦးလေး
Mothór rasta ~ Garir rasta = ကားလမ်း
Mui ~ Hála = အဒေါ်
Mukta ~ Moti = ပုလဲ
Mumbatti ~ Bumbatti = ဖယောင်းတိုင်
Murda ~ Mora  = အလောင်း၊ မသာ
Muwáñ ~ Kuna    = ထောင့်
Nafit ~ Missíri = လှသာဆရာ
Nal ~ Nol = ပိုက်
Nalá ~ Gor = မြောင်း
Nar v~ Círa = နာဗ်ကြော့
Nátun ~ Hanfúl = နားတောင်း
Nica ~ Córak = အရက်
Ninnam ~ hámicá = အမြဲ
Nummal ~ Matárhoor = ထပတ်
Nuwal ~ Fagíth = လက်ကိုင်ပုဝါ
Oola ~ Booskhána = မီးဖိုချောင်
Óran ~ Fudin = နွေရာသီ
Ossí ~ Gorba = ဧည့်သည်
Raza ~ Badcá = ဘုရင်
Ret balu ~ Dúm balu = သဲ
Rit ~ Muusóm = ရာသီ
Sál ~ bahol = အခွံ
Sebdan ~ Fitdan = တွေးခံ
Sélen ~ Diip = ဆေးရည်
Sita ~ Sinta = ဝမ်နည်းခြင်း
Sodul ~ Tánjan = ထမ်းစင်
Sóppor ~ Dondoma = 
Sújja moris ~ Toris = ငရုတ်ရိုင်း
Tál ~ Soun = ပန်းကန်
Tatthi ~ Letthin = အိမ်သာ
Theñg Gari ~ Sairkol = စက်ဘီး
Thiyañ ~ Khorí = ဒင်္ဂါး
Tóila ~ Hóilla = အိတ်
Uñíjjá ~ Sóñg = စောင်း
Ustat ~ Muin = ဆရာ။၊ ဂုရု
Waiggá ~ Mobbúl = မီးပုံ
Zal ~ Záiñ = ပိုက်ကွန်
Zár ~ Zounl = တော၊ ချုံ
Zañlá ~ Sommoni = လမ်းခွဆုံ
Zermaic ~ Baricá = မိုးဥတု
Zun ~ San = လ၊ စန္ဒာ
Thursday, December 15, 2022
ရှေးစကားရွှေအလား (၈)
ရှေးစကားရွှေအလား (၈)
"Andañg, Kalung, Baassóra, 
guli mairle tóttorá."
ဒီလင်္ကာဟာ လွတ်လပ်ပြီးခေတ်တွင် ပေါ်ပေါက်ခဲ့တဲ့ တေးတစ်ပုဒ်ရဲ့ အပိုင်းအစတစ်ခုဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရသွားပြီးနောက် ရိုဟင်ဂျာတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မျှမျှတတ မရရှိခဲ့တဲ့အတွက် လက်နက်စွဲကိုင်တော်လှန်ခြင်း လမ်းစဉ်ကို စတင်လိုက်လေတယ်။ ဒီနေရာမှာ ကုလားတွေ လက်နက်စွဲကိုင် တော်လှန်တယ်လို့ ကြားရုံနဲ့ ဟာ… ဒီကောင်တွေဟာ အကြမ်းဖက်သမားပဲ၊ တိုင်းရင်းသားတွေကို သောင်းကျန်းနေခဲ့တာပဲလို့ တချို့မျက်စိတစ်ဖက်ကန်းတွေက ပြေးမြင်ကြတယ်။ တကယ်တော့ ဘယ်လူမျိုး၊ ဘယ် ဘာသာပင်ဖြစ်စေ မိမိတို့အမှန်တကယ် ရသင့်တဲ့အခွင့်အရေးတွေကို နှုတ်နဲ့စာနဲ့ လွယ်လွယ်လေးတောင်းဆိုလို့ မရရှိခဲ့ရင် ရရာဖက်ကနေ တော်လှန်တာက မွန်မြတ်တဲ့အာဇာနည်သူရဲကောင်း လုပ်ရပ်ဖြစ်တယ်။ မဖြစ်မနေလုပ်ရမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ တာဝန်တစ်ခုလည်းဖြစ်တယ်။ ဒါကို ဘုမသိဘမသိဘဲ မုတ်ဆိတ် မြင်လိုက်ရုံနဲ့ နာလန်ပိန်းတွေလို အကြမ်းဖက်သမား၊ နယ်ချဲ့သမားလို့ သမုတ်ခြင်းက ကိုယ်ချင်းစာတရားမရှိတဲ့၊ အဓမ္မတရားကို ကိုးကွယ်တတ်တဲ့ မျက်စိတစ်ဖက်ကန်းတွေရဲ့ ဖွင့်ဆိုချက်ပါပဲ။ 
ကဲ… ရိုဟင်ဂျာတွေ တန်းတူအခွင့်အရေးအတွက် ဒီလို လက်နက်စွဲကိုင် တော်လှန်လာတဲ့ကာလတလျှောက် ခေါင်းဆောင်အမျိုးမျိုး ပေါ်ပေါက်ခဲ့တယ်။ အဲဒီထဲက ဗိုလ်ကာဆိမ့်ဆိုတဲ့ ခေါင်းဆောင်တစ်ဦးက အတော့်ကို ထင်ရှားခဲ့တယ်။ အင်အားတွေလဲ တော်တော် တောင့်တင်းရှိခဲ့တယ်။ တစ်ဖက်က ကြမ်းကြုတ်တဲ့ နာမည်ဆိုးနဲ့လည်း လူသိများကြတယ်။ သူ့ခေတ်မှာ မယုဒေသကို ယခင် တော်လှန်ရေးသမားတွေထက် တိုးချဲ့ထိန်းချုပ်နိုင်ခဲ့ပြီး ၈ နှစ်တိုင်တိုင် ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ဗမာခြေကျင်တပ်နဲ့ ရေတပ်တို့ရဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်မှုကြောင့် နောက်ဆုံးတွင် အင်အားပျက်ပျော့လာကာ တစ်ဖက်နိုင်ငံသို့ ခိုလှုံခဲ့လေတယ်။ 
ဒီလင်္ကာကား အဲဒီ ကာဆိမ့်ခေတ်က ဆိုရိုးဖြစ်တယ်။ ဒီဟာက ဗိုလ်ကာဆိမ့်ရဲ့ ဩဇာအာဏာနဲ့ ရဲရင့်မှုကို ဖော်ပြတဲ့ အဖွဲ့လည်းဖစ်တယ်။ ဒီမှာ Añgdañg, Kalung, Baassóra တွေဟာ ကျေးရွာနာမည်တွေဖြစ်တယ်။ ဗိုလ်ကာဆိမ့် လှုပ်ရှားခဲ့တဲ့ ဧရိယာတွေပေါ့။ guli ကျတော့ သေနတ်၊ mairle က ပစ်ရင်၊ tóttora ကတော့ တုန်ခါသွားတတ်တယ်။ ဆိုလိုတာက ဗိုလ်ကာဆိမ့် သေနတ်ပစ်ရင် အင်းဒင်၊ ကလုန်း၊ ဘာစ္စာရာ ထိ လှုပ်ခါတတ်တယ်။ 
တချို့က ဆိုကြတယ်။ ဗိုလ်ကာဆိမ့်ရဲ့ သေနတ်ပစ်သံမှာ ကာဆိမ့်…ကာဆိမ့်… လို့ အသံပါလာတတ်တယ်။ ဒီစကားတွေဟာ ဒေသခံတွေက ဗိုလ်ကာဆိမ့် ကို ကြောက်ရွံ့လို့ ပြောဆိုခဲ့တဲ့ စကားတွေဖြစ်တယ်။ ကာဆိမ့်ရဲ့ ကြမ်းကြုတ်မှုကြောင့် ဒေသခံတွေရဲ့ စိတ်ထဲ အကြောက်တရား ဖြစ်လာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။ တဖက်က သူရဲ့ ရဲရင့်မှုကို ဖော်ကျူးတဲ့ ဆိုရိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 
အများအကျိုးအတွက် လက်နက်ကိုင် တော်လှန်တယ် ဆိုတာနဲ့ အမျိုးမျိုးအပြားပြား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီမှာ အောင်မြင်တဲ့အရွေ့နဲ့ ရှေ့ဆက်နိုင်ခြင်းက တော်လှန်ရေးအောင်ပွဲရဲ့ နိမ်ိတ်ဖြစ်တယ်။ အာဏာအားကိုး အတ္တဆန်ခေါင်းမာတဲ့ ဆုံးဖြတ်ချက်တွေက တော်လှန်ရေးကို နေဝင်မီးငြိမ်းစေတယ်။ အဲလို အကျပ်အတည်းတွေကို ပညာသားပါပါ၊ စည်းစနစ်ကျကျ ကျော်လွှားနိုင်တဲ့ နည်းဗျူဟာဆိုတာ ခေါင်းဆောင်ပိုင်းတွေမှာ မဖြစ်မနေ ရှိသင့်တယ်။ အကျိုးဆောင် လက်တွေ့ကျတဲ့ဗျူဟာနဲ့ မကျော်လွှားတတ်ဘူးဆိုရင် ကိုယ့်အမျိုးကို ကယ်တင်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဟာ ကိုယ့်အမျိုးအပေါ် ပြန်အန္တရာယ်ဖြစ်သွားတတ်တယ်။ ဗိုလ်ကာဆိမ့်အဖွဲ့ကလည်း ဘဏ္ဍရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သူက နည်းလမ်းကောင်းတွေ မချမှတ်ဘဲ ဒေသခံတွေဖက် ဦးလှည့်ခဲ့တယ်။ ဒေသခံတွေထံမှ ဆက်ကြေးတွေ ရိက္ခာတွေ မရရအောင် ကောက်ခံတယ်။ ငြင်းတဲ့သူ၊ ဆန့်ကျင်တဲ့သူတွေကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တယ်။ ဒါနဲ့ တဖြေးဖြေး ညှည်းပမ်းမှုလည်း များလာတော့ ဒေသခံတွေရဲ့ ထောက်ခံမှုလည်း လျော့နည်းသွားတယ်။ နောက်ဆုံး ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ မောင်းထုတ်လိုက်ခြင်းခံရလေတယ်။
သူဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပေမယ့် သူ့ရဲ့ လုပ်သွားတဲ့ခြေရာတွေဟာ ရိုဟင်ဂျာတော်လှန်ရေးသမိုင်းစာမျက်နှာမည်းအဖြစ် ယနေ့ထက်ထိ ကျန်ရစ်နေဆဲ။ "လူသေသော်လည်း နာမည်မသေ။" ပြောမှတ်စကားရှိပေမဲ့ နာမည်ကောင်းနဲ့ ဂုဏ်ယူစရာဖြစ်ချင်သလား ဒါမှမဟုတ် နာမည်ဆိုးနဲ့ နှာခေါင်းရွံ့စရာ ဖြစ်ချင်သလား။ ဒီစိတ်ဓာတ်က အခရာပါပဲ။ 
(ရိုဟင်လေး)
စက်တင်ဘာ ၂၂၊ ၂၀၂၀။
#Burá_burír_hotá
Thursday, May 12, 2022
ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်
ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်
" လူမျိုးစုတစ်စုတွင် ကိုယ်ပိုင်အရေးအသား မရှိလျှင် ထိုလူမျိုးစု ဖြစ်တည်ခြင်းကိုပါ အငြင်းပွားရန် လွယ်ကူပေလိမ့်မည်။ "
                                             — မိုဟာမတ်ဟာနိဖ် 
လွတ်လပ်ရေးခေတ်တွင် မှေးမှိန်နေသော စာပေအရေးအသားကို မြင့်တင်ရန် ရှေးရိုဟင်ဂျာ အရေးအသားစနစ်မှ လမ်းခွဲထွက်၍ ခေတ်သစ်အက္ခရာ တစ်မျိုးကို တီထွင်၍ ရိုဟင်ဂျာစာပေအရေးအသား လောကတွင် တဟုန်းဟုန်း ကျော်ကြားသူမှာ ဆရာမိုဟာမတ်ဟာနိဖ် ပင်ဖြစ်ပါသည်။ ဆရာမိုဟာမတ်ဟာနိဖ် တီထွင်ခဲ့သော အက္ခရာကို တီထွင်သူ၏ အမည်စွဲ၍ ဟနဖီအက္ခရာဟု အမည်တွင်ကြသည်။ လက်ယာဘက်မှ လက်ဝဲဘက်သို့ ရေးရသည့် ဟနဖီအက္ခရာသည် ကိုယ်ပိုင်မူ၊ ကိုယ်ဟန်ရှိသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရိုဟင်ဂျာအမျိုးသားများ၏ တစ်ခဲနက် ထောက်ခံမှုအများဆုံး ရရှိထားသော အက္ခရာဖြစ်ပါသည်။ အသုံးတွင်ကျယ်လာခဲ့သည်။ ယခုဆိုလျှင် အင်တာနက်စာမျက်နှာများတွင် သုံးနှုန်းနိုင်သည်အထိ တိုးတက်လာခဲ့သည်။
ဟနိဖီအက္ခရာတီထွင်သူ မိုဟာမတ်ဟာနိဖ်၏ အမည်အပြည့်အစုံမှာ မိုဟာမတ်ဟာနိဖ် ရာဂီပ် [Muhammad Hanif Rageb] ဖြစ်ပါသည်။ ၁၉၅၂ ခုနှစ်တွင် ရသေ့တောင်မြို့နယ်၊ ပရိမ်တောင်ကျေးရွာတွင် ဖခင် ဪလီအဟ်မတ် (တာဂျဲရ်မုလ်လုခ်)နှင့် မိခင် မာဆူမာခါတွန် တို့မှ ဖွားမြင်ခဲ့သည်။ ကျောင်းနေအရွယ်ရောက်လာသောအခါ ဖခင်က ဦးစွာ သာသနာ့ပညာကို သင်စေခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် အခြေခံသာသနာ့ပညာ ၁-တန်းမှ ၅ တန်းအထိ မိမိတို့ရွာရှိ မိုဟာမ္မဒီယာ အာရဗီကျောင်း၌ သင်ယူခဲ့သည်။ ၆ တန်း မှ ၉ တန်းထိ ကို မျှာဇင်ပူရ်အာရဗီကျောင်းမှ သင်ယူ၍ အဆင့်မြင့်ပညာအတွက် နိုင်ငံခြား ပညာတော်သင် သွားရောက်ခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် ၁၉၆၉ ခု မှ ၁၉၇၂ ခု အထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ ထင်ရှားသော အာရဗီတက္ကသိုလ် ပဋ္ဌီယာအာရဗီတက္ကသိုလ်နှင့် ဟင်ဌာဇားရီ အာရဗီတက္ကသိုလ်တို့၌ ပညာဆည်းပူးခဲ့သည်။ ၁၉၇၃ ခုတွင် "ဖနုနာသ် အေ အာလီယာ" အာလိမ်ဘွဲ့ကို ရရှိခဲ့သည်။ မိုဟာမတ်ဟာနိဖ်၏ ထင်ရှားသော ဆရာသမား တစ်ပါးမှာ စစ်တွေမြို့၊ သက်ကေပြင်ရပ်ကွက်ဇာတိ မော်လနာ အဗ္ဗဒူလ်ဟောက် ဖြစ်ပါသည်။ 
မျိုးချစ်စိတ်ထက်သန်သော ဆရာ မိုဟာမတ်ဟာနိဖ်သည် ဘွဲ့ရရှိပြီးနောက် မိမိဇာတိပြည်သို့ ရောက်လာကာ မျှာဇင်ပူရ် အာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၇၇ ခုအထိ သင်ပြခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ပင် အမျိုးသားရေးလှုပ်ရှားမှုကြောင့် အမိမြေကိုစွန့်လွှတ်ကာ နိုင်ငံခြားသို့ ထွက်ခွာခဲ့ရသည်။ ဘင်္ဂလားဒေ့ခ်ျသို့ ခိုဝင်လာပြီး နီလာအာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၈၀ ပြည့်နှစ်အထိ သင်ပြခဲ့သည်။ ထို့နောက်ဆရာသည် မုဖ်သီဓမ္မသတ်ပညာ ဆည်းပူးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနိုင်ငံ၌ ဓမ္မသတ်ပညာကို နှစ်နှစ်ထိထိ လေ့လာသင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်ကာ သုံးနှစ်ထိထိ နေထိုင်ခဲ့သည်။ ဆော်ဒီအရေဗီးယား၌ နေထိုင်စဉ် အဖိုးမဖြတ်နိုင်သော ခေတ်သစ် ဟနဖီအက္ခရာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဘာသာဗေဒ ကျွမ်းကျင်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် Rohingya Zuban Committee ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဆရာသည် ဟနဖီအက္ခရာ အရေးအသားနှင့် ပတ်သတ်၍ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ကာ စာပေဟောပြောပွဲများစွာ ကျင်းပခဲ့သည်။ စာအုပ်စာပေများ ရေးသား၍ ရိုဟင်ဂျာလူထုအထိ ရောက်အောင် အပတ်တကုတ် ဆောင်ရွက်ခဲ့သည်။ဟနဖီအက္ခရာ အရေး၊ အဖတ်နှင့် ပတ်သတ်သော ရိုဟင်ဂျာဖတ်စာ၊ သဒ္ဒါလမ်းညွှန်းကျမ်း စသော စာအုပ်ပေါင်း ၅၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ 
စာပေဘက်သို့ အားထုတ်နေသော ဆရာ၏ စိတ်ဓာတ်သည် အဖိနှိပ်ခံနေရသော မိမိအမျိုးကို ကယ်တင်ရန် တော်လှန်ရေးဘက်သို့ ပြောင်းလဲလာခဲ့သည်။ ဆရာသည် ၁၉၈၅ ခုတွင် ဆော်ဒီအာရေဗီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုနှစ်မှာပင် မူဂျာဟီဒ် ညီညွတ်ရေးအဖွဲ့ (IMA Attahade Mujahedin/Junudul Islam)ကို တည်ထောင်ခဲ့သည်။ ဆရာသည် ထိုအဖွဲ့အစည်းကို ၁၀ နှစ်တိုင်တိုင် ဦးဆောင်မှုပေးခဲ့သည်။ 
ဆရာမိုဟာမတ်ဟာနိဖ်သည် အာရဗီ၊ ဖာရေစီ၊ အင်္ဂလိပ်၊ အူရ်ဒူ ဘာသာစကား ကျွမ်းကျင်သည်။ ဆရာသည် ရိုဟင်ဂျာ နှင့် အူရ်ဒူ ဘာသာစကားဖြင့် စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သည်။ ဆရာ၏ ထင်ရှားသော စာအုပ်အချို့မှာ Mosala e Arakan aur Uska Hol (အာရကန် ပြဿနာနှင့် ၎င်း၏အဖြေ)၊ Jihaad e Arakan aur Uska Ahkaam (အာရကန် တော်လှန်ရေးနှင့် လုပ်ဆောင်ဖွယ်များ)၊ Kulliyat e Rageb (ရာဂီပ် ဆောင်းပါးစုံ)၊ Ezhar e Hakikot (အမှန်တရား၏ အလင်းတော်) တို့ဖြစ်ကြသည်။ 
ဆရာမိုဟာမတ်ဟနိဖ်သည် ဒုတိယအကြိမ်အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍ နီးလားအာရဗီတက္ကသိုလ်၌ အထက်တန်းနည်းပြ၊ ရှိခ်အုလ်ဟာဒီးစ်(ဓမ္မသတ်ပါမောက္ခ)၊ ဆဒေါရ်အေ မုဖ်သီ (မုဖ်သီချုပ်) အဖြစ် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 
ဆရာသည် ကျောင်းဆရာ၊ ဓမ္မသတ်ချုပ်၊ စာရေးဆရာ၊ တော်လှန်ရေးသမား၊ ဟနိဖီအက္ခရာ တီထွင်သူ စသော မိမိအမျိုးအကျိုးဆောင် တာဝန်အမျိုးမျိုးကို ဘဝတစ်လျှောက် ထမ်းရွက်ခဲ့သည်။ ဆရာမော်လနာ မိုဟာမတ်ဟာနိဖ်သည် မိမိ၏ ကိုယ်စွမ်းကိုယ်စရင်းကာ ရိုဟင်ဂျာစာပေတိုးတက်ရေး၊ ရိုဟင်ဂျာလူမျိုး လွတ်မြောက်ရေးအတွက် မနားတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ ဆရာသည် ယနေ့အချိန်အထိ သက်ရှိထင်ရှား ရှိနေပါသည်။ 
လူထုဝဏ္ဏ
(၁၉-၅-၂၀၂၂)
Wednesday, April 6, 2022
ရိုဟင်ဂျာစကား၊ ဗမာစကား၊ ဘင်္ဂါလီစကား ကွဲပြားပုံ
  ရိုဟင်ဂျာစကား၊ ဗမာစကား၊ ဘင်္ဂါလီစကား ကွဲပြားပုံ
တို့မြန်မာပြည်က လူရိုင်းသူယုတ်မာ အချို့သည် ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကားသည် တစ်မျိုးတည်း၊ အတူတူပင်ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ရိုဟင်ဂျာလူမျိုးကို ဘင်္ဂါလီဟု စွပ်စွဲကြသည်။ လူလူချင်း အထင်သေး အမြင်ကတ် နေကြသည်။ မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် ဘာသာပင် ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့် အသားအရောင်ပင်ဖြစ်စေကာမူ လူလူချင်း ကဲ့ရဲ့မုန်းတီးခြင်းသည် ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း၏လက္ခဏာ မဟုတ်ပေ။ ဉာဏ်ပညာမရှိသော တိရစ္ဆာန်တို့၏ စရိုက်ပင် ဖြစ်သည်။ မိမိကိုယ့်ကို အမျိုးဂုဏ်မြင့်ဟန် ကြွားဝါးသော်လည်း ထိုကြွားဝါးမှုသည် စာအုပ်စာပေ၌သာ အဖတ်ကောင်းမည်သာ။ အဆိုပါအသိုင်းအဝိုင်းကို တကယ့်လက်တွေ့ကျကျ လေ့လာကြည့်သော် သူတို့၏ ယဉ်ကျေးမှုအဆင့် မည်မျှပင် အောက်တန်းကျနေသည်ကို တွေ့ရလျှင် သရော်ခံရပေလိမ့်မည်။ ဤသို့ ဖြစ်ရခြင်းမှာ ကိုယ်တိုင်လေ့လာမှုမရှိ၊ ဉာဏ်ပညာ အားနည်း၍ သူများ ကတိုင်း လိုက်ကပြသည့်အတွက်ပင် ဖြစ်ရခြင်းများသည်။ တကယ့် ကွင်းဆင်း လေ့လာမှုမရှိဘဲ သူများယောင်တိုင်း ဘုမသိဘမသိ ထောက်ခံပြောဆိုကြသည်မှာ တို့ဗမာပြည်၌ အများဆုံး ဖြစ်ပေသည်။ ဤသည်မှာ အဘယ် ယုတ္တိရှိပါမည်နည်း။
လူမျိုးတစ်မျိုး၏ ဘာသာစကားကို နားနှင့်ကြားရုံသက်သက်ဖြင့် မည်သည်စကား ဖြစ်သည်၊ မည်သည်စကားကြောင့် မည်သည်လူမျိုးဖြစ်သည်ဟု အတင်းအကျပ် မဆိုနိုင်လောက်ပေ။ ဥပမာ တစ်ခုနှင့် ရှင်းပြလျှင် နားလည်ရ ပို၍လွယ်ကူပါမည်။ ရခိုင်စကားနှင့် ဗမာစကားမှာ အလွန်နီးစပ်သည်မှာ လူတိုင်းသိကြသည်။ ပြောဟန် လေယူလေသိမ်းသာ အနည်းငယ်ကွဲပြားသည်။ (ယခုခေတ်တွင် သီးခြားဘာသာစကား တစ်ရပ်အဖြစ် အခိုင်အမာရပ်တည်နိုင်ရန် စာလုံးပေါင်းသတ်ပုံများကို မူကွဲအောင် အစားထိုးရေးနေကြသည်ကို တွေ့ရပါသည်။) ထိုသို့ ဗမာစကားနှင့် ရခိုင်စကား နီးစပ်လွန်းသောကြောင့် ရခိုင်လူမျိုးကို ဗမာလူမျိုးဟု စွပ်စွဲလျှင် ယုတ္တိရှိပါမည်လော။ ထိုလူမျိုးတို့၏ ပထဝီအနေအထား၊ သမိုင်းနောက်ခံ၊ ဘာသာစကားရင်းမြစ်၊ စကားအင်္ဂါရပ် ဝိသေသလက္ခဏာ၊ လေယူလေသိမ်းစသည်တို့ကို သေသေချာချာ လေ့လာပြီးမှ ကောက်ချက်ချသင့်သည် မဟုတ်ပါလော။
ထို့အတူ ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကားတို့ကို နက်နက်ရှိုင်းရှိုင်း လေ့လာ ကြည့်သောအခါ ဗမာစကား၏ ဒေသိယစကား တစ်မျိုးဟု စွပ်စွဲခံရသော ရခိုင်စကားနှင့် ဗမာစကား နီးစပ်ဆင်တူသလောက်ပင် နီးစပ်သည်မဟုတ်ပေ။ လွန်စွာ ကွဲပြားလှသည်။ ဘာသာစကား သုံးမျိုးကို ယှဉ်တွဲလေ့လာနိုင်ရန် အောက်ပါဇယားတွင် စကားလုံးအချို့ကို စုစည်းဖော်ပြထားပါသည်။
ဤစုစည်းမှုသည် သူယုတ်မာ မျက်တစ်ဖက်ကန်းများကို သက်သေပြနေခြင်း အလျှင်းမဟုတ်ပေ။ မျက်ကန်းကို ကြည့်မှန်ပြ၍ အချည်းးနှီး ဖြစ်မည်သာ။ ရိုဟင်ဂျာဘာသာစကား လေ့လာနေသော သူတို့အတွက် ဗဟုသုတတစ်ခွက်အဖြစ် တင်ပြပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် ဘင်္ဂါလားဒေ့ရ်ှနိုင်ငံရှိ ဒုက္ခစခန်းတွင် ခေတ္တခိုလှုံနေရသော ရိုဟင်ဂျာဒုက္ခသည်များသည် ထိုနိုင်ငံသုံး ဘင်္ဂါလီဘာသာစကား သုံးနှုန်းပြောဆိုရန် အဆင်မပြေ၍ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ ထိုသူတို့အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ကဲ… လေ့လာကြရအောင်-
(#လူထုဝဏ္ဏ စုစည်းတင်ပြသည်)
—————————————————
ဆက်လက်ဖော်ပြပါမယ်....
Saturday, February 26, 2022
Maalumati Kitaab
This Maalumati Kitaab 2 was written by Sheik Yaakub Qasimi in Rohingya Zuban arabic script
Maalumati Kitaab by Kuwaiccorjja on Scribd
Thursday, February 17, 2022
မြန်မာစကား ဝေါဟာရကြွယ်ဝလိုက်ပုံများ
မြန်မာစကား ဝေါဟာရကြွယ်ဝလိုက်ပုံများ
တစ်ခါက-ရွာတစ်ရွာကို မြန်မာစာ မြန်မာစကားလုံး ဝေါဟာရ အကြောင်းများ လေ့လာနေတဲ့ နိုင်ငံခြားသား တစ်ယောက် ရောက်လာတယ်...။
ရွာခံ သူ့မိတ်ဆွေအိမ်ကို သွားပြီး မြန်မာစကားနဲ့ဝေါဟာရအကြောင်း သိလိုကြောင်း ပြောတော့ ရွာခံမှ တစ်ညအိပ်ပြီး မိုးလင်းရင်သိရမယ်လို့ ပြောပြီး တစ်ည သိပ်လိုက်တယ်...။
မိုးလင်းလို့ အလင်းရောင်ထွက်ချိန်မှာ- မနက်စာ စားသောက်ပြီး နိုင်ငံခြားသားကို ရွာလယ်လမ်းမကြီးအတိုင်း ခေါ်သွားပြီး ရွာထိပ်က လမ်းလယ်ခေါင်မှာ မစင်ပုံ အကြီးကြီးကို ပြလိုက်တယ်...။
ပြပြီးသည့်နောက်-
"မိတ်ဆွေရေ ၊ ဒါကို `မစင် လို့ ခေါ်တယ်...။
မိတ်ဆွေ သိလိုတဲ့ အကြောင်းကို ဒီသစ်ပင်အောက်ကနေ စောင့်ကြည့်ရအောင် လို့ပြောပြီး မလှမ်းမကမ်း သစ်ပင်အောက်က စောင့်ကြည့်ကြတယ်...။
တအောင့်နေတော့ -
အကြော်သည် တစ်ယောက် အကြော်ရောင်းရင်း မစင်ပုံနားကို ရောက်လာပြီး တွေ့သွားတော့...
"ဟယ်... လမ်းလယ်ကြီးမှာ ဘယ်သူ `ချီး ' လာပါသွားလဲ မသိဘူး "လို့ ပြောလိုက်တယ်...။
နိုင်ငံခြားသားကြီးလည်း မှတ်ထားလိုက်တယ်...။
ဘုန်းကြီးကျောင်းသားလေး နှစ်ယောက် ရောက်လာပြန်တော့...
"ဟာ... `အီး တွေ တက်နင်းမိအုံးမယ်"လို့ ပြောပြီး ထွက်ပြေးသွားကြတယ်...။
နိုင်ငံခြားသားကြီးလည်း ပြုံးပြီး မှတ်ထားလိုက်တယ်...။
၂-နှစ်အရွယ် သားလေးကို လက်ဆွဲပြီး သားအမိနှစ်ယောက် ဖြတ်သွားပြန်တယ်..။
"ဟယ်! သားသားရေ `ဘွတ်ဘွတ်' တွေ ဒီဖက်ကိုလာ ဒီဖက်ကိုလာ"လို့ ပြောပြီး ကလေးကိုချီပြီး ထွက်သွားပြန်ရော...။
ဟိုလူလည်း မှတ်လိုက်ပြန်ရော....။
အဘွားအိုတစ်ယောက် ဆွဲခြင်းလေး ဆွဲပြီး ရောက်လာပြန်တယ်...။
"အမလေး... လမ်းမကြီးမှာ ဘယ်သူ အရှက်မရှိ `အခင်းကြီး' သွားထားတာလဲ မသိဘူး ဒုက္ခ ဒုက္ခ..." ဆိုပြီး ရှောင်သွားပြန်တယ်...။
ဟိုလူလည်း ခေါင်းလေးကုတ်ပြီး ထပ်မှတ်ရရော...။
ယောင်္ကျားကြီးတစ်ယောက် အိတ်ကြီးလွယ်ပြီး ခပ်သွက်သွက် လျှောက်လာပြီး မစင်ပုံနား ရောက်လာပြီး မြင်သွားပြန်တော့...
"ဟာ.. ဘယ်ကောင် ဒီမှာ `ကျင်ကြီး' စွန့်သွားလဲ မသိဘူးကွာ" ဆိုပြီး ဆက်လျှောက်သွားတယ်...။
နိုင်ငံခြားသားကြီးလည်း သက်ပြင်းချပြီး မှတ်လိုက်ပြန်တယ်...။
တစ်ခါ သစ်ခုတ်ပြီး ပြန်လာတဲ့ သစ်ခုတ်သမား နှစ်ယောက် ဖြတ်သွားပြီး တွေ့သွားတဲ့အခါ...
"ဟေ့လူ! ဟေ့လူ! အရှေ့မှာ `ဝမ်းသွား ' ထားတာတွေ ရှောင်သွားဦးဟ" ဆိုပြီး အော်ဟစ်သွားကြပြန်တယ်...။
ဟိုလူလည်း မျက်နှာတွေ ပျက်ပြီး မှတ်လိုက်ပြန်တယ်...။
မိန်းမရွယ်လေး သုံးယောက် ဖြည်းဖြည်းလေး လျှောက်လာရင်း
ဖြတ်သွားတဲ့အခါ...
"အမလေးတော့ ! လမ်းလယ်ကြီးမှာ `အလေး' တွေ သွားထားတာ ရွံစရာကြီး "-ဆိုပြီး တစ်ယောက်လက် တစ်ယောက်ဆွဲပြီး သွက်သွက်လေး ရှောင်ပြီး ထွက်သွားကြပြန်ရော...။
နိုင်ငံခြားသားကြီးလည်း လက်နှစ်ဖက်နဲ့ ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး မှတ်နေရရှာတယ်...။
ဆေးဆရာဦးတုတ်ကြီး တောထဲ ဆေးခူးဖို့ ထွက်လာတော့ မစင်ပုံနားက ဖြတ်သွားတော့...
"အလိုလေးလေး ! လမ်းမှာ `ဓာတ်'တွေ သွားထားပါလား" ဆိုပြီး ပြောသွားပြန်ရော....။
ဟိုလူကြီးလည်း သက်ပြင်းတွေ အခါခါချရင်း မှတ်လိုက်ပြန်ရော...။
ကျောင်းဆရာကြီးဦးမြ ကျောင်းသွားဖို့ ထွက်လာရင်း တွေ့သွားတဲ့အခါ...
"စည်းမရှိ~ ကမ်းမရှိ လမ်းမကြီးမှာ `နောက်ဖေး'တွေ သွားထားပါလား" လို့ ပြောသွားပြန်တယ်...။
နိုင်ငံခြားသားကြီးလည်း ခေါင်း တခါခါနဲ့ မှတ်ထားလိုက်ရတာပေါ့...။
ကိုသာအေး ထန်းရည်မူးပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ ရောက်လာတော့...
"ဘယ်ငတိ ရွာလယ်လမ်းမှာ `ဗုံးကြဲ 'သွားလဲ မသိဘူး...ထွီ" တဲ့...။
ဟိုလူလည်း တောက်တခေါက်ခေါက်နဲ့ မှတ်လို့...။
ရွာထဲက ငွေတိုးချေးတဲ့ ဒေါ်ဂျမ်းဘုံ တစ်ယောက် အကြွေးတောင်းမရလို့ စိတ်တွေဆိုးပြီး မစင်ပုံဘေးက ဖြတ်ရတဲ့အခါ လက်၂ ဘက်နဲ့ ထမီကို မပြီး သစ်ပင်အောက်က နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာကတော့...
"ဘယ်သေနာကျက လမ်းလယ်ခေါင်မှာ `ကာလနာတိုက်' ထားလဲ မသိဘူး" -တဲ့ ။
😁 မြန်မာတွေ~ ဝေါဟာရ ကြွယ်ပါတယ်ဆို😄
Credit#မှာ မြန်စာဂုဏ်ဂျာနယ်ထဲကလို သိရပါတယ်။