Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Entertainment. Show all posts
Showing posts with label Entertainment. Show all posts

Thursday, December 28, 2023

Miss Global Myanmar 2023 Akari Su

 

Miss Global Myanmar 2023 Akari Su


SEX EDUCATION is her Advocacy Project


          သူမကတော မော်လမြိုင်မြို့ဇာတိ မွန်ရခိုင် ကပြားမလေးတစ်ဦးဖြစ်ပြီး မွေးချင်း လေးဦးအနက် တတိယမြောက်ဖြစ်ပါတယ်။ ပညာအရည်ချင်းကတော Physics (First Year Diploma In Yangon University) ဖြစ်သလို သူမရဲ့ အရပ်အမြင့်ကတော 5'11" လက်မဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာအကကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ကာ သရုပ်‌ေဆာင်ပညာရပ်ကိုလည်း လေ့လာဆည်းပူးနေသူတစ်ဦးဖြစ်ပါတယ်။

           Beauty Pageant ကို Passionate ဖြစ်နေတဲ့ သူမက ပြိုင်ပွဲမပြိုင်ခင်ကတည်းကနေ Pageant    Knowledge တွေအပြင် လိုအပ်တဲ့ Training တွေကို ဆရာတွေနှင့်အတူ လေ့ကျင့်သင်ယူနေခဲ့တာပဲဖြစ်ပါတယ်။ 

            Miss Global ရဲ့ SLOGAN ကတော.. Empower.... Embrace...Embody တို့ဖြစ်တယ်။       

         SEX EDUCATION ဆိုတဲ့ Advocacy Project ကတော သူမရဲ့ ချစ်ရတဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန် အကြောင်းရာကို အခြေခံပြီး လုပ်ဖြစ်နေခဲ့တဲ့ Project ပဲဖြစ်ပါတယ်။

           လူကြီးတွေ သဘောမတူရာကနေ Living Together အဖြစ်နေထိုင်ကာ သဓေတားဆေးအလွန်ကျွံသုံးရာမှ နောက်ဆုံး    အသက်ကိုပါပေးဆပ်လိုက်ရတဲ့ သူမရဲ့ သူငယ်ချင်းလိုမျိုး မိန်းကလေးတွေ အများကြီးရှိကြသလို Sex Education အားနည်းမှုတွေကြောင့် ကျန်းမာရေး ပြသနာတွေများစွာ ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဆောင်ပုဒ်ကတော "Everyone deserves to live long healthy life."


             Miss Global 2023 ကို Cambodia and Vietnam နှစ်နိုင်ငံတို့တွင် January 1 to 21 ထိ နိုင်ငံပေါင်း (၈၀) မှ ပြိုင်ပွဲ၀င်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Yangon International Airport မှတစ်ဆင့် ပြိုင်ပွဲကျင်းပရာသို့ 1st January 2024 မနက်ပိုင်းတွင် စတင်ထွက်ခွာမှာပဲဖြစ်ပါတယ်။







#Akarisu

#missglobal2023

#roadtomissglobal

#missglobalorganization

#pageantschool

#pageanttraining

#RangoonAkyabstars

Wednesday, March 14, 2018

အာမီရ်ခါန်းရဲ့ လူသိနည်းတဲ့ အကြောင်းတချို့



* တနင်္ဂနွေသား မျိုးရိုး *

အာမီရ်ခါန်းဟာ ၁၉၆၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ မှာ မွမ်ဘိုင်၊ မဟာရာချတြာ ၌ အဘ တွာဟဲရ် ဟူစိန်း (ရုပ်ရှင် ထုတ်လုပ်သူ) နှင့် အမိ ဇီနာသ်ဟူစိုင်း တို့မှ  မွေးဖွားခဲ့ပါတယ်။ မွေးချင်း လေးယောက်အနက် အကြီးဆုံးသား ဖြစ်ပါတယ်။  အမိရ်ခါးန်ရဲ့ အမည်ရင်းက မိုဟမ္မဒ် အမိရ် ဟူစိန်ခါန်း (Muhammad Aamir Hussain Khan) ဖြစ်ပါတယ်။
အမိရ်လေး ဖခင်ဖြစ်သူနဲ့ အတူ


အမေ အမနဲ့ အတူ တွေ့ ရတဲ့ အမိရ်ခါးန် အမေကတော့ အမိရ် အသဲကျော်ဖြစ်ပြီး
ဒီဘက်က အမိရ်အမကတော့ မင်းသား အင်မ်ရားန်ခါးန်ရဲ့ အမေပါ။
 အမိရ် ရဲ့ ဦးလေး နာဆဲရ်ဟူစိုင်းက ရုပ်ရှင်လောကမှာ လူသိများတဲ့ ဒါရိုက်တာ၊ မင်းသား၊ ထုတ်လုပ်သူ တစ်ဦးဖြစ်ပါ တယ်။ သူ့ဦးလေး အငယ်ဆုံး တွာရီခ် ဟာ Yaadoon Ki Baaraat ရဲ့ သရုပ်ဆောင် မင်းသားဖြစ်ပါတယ်။ ဂန္ဒီ၊နေရူး နဲ့ အတူ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဟာ အတွေးအခေါ် ပညာရှင် အဗူလ် ကလာမ် အာဇားဒ် ဖြစ်ပါတယ်။ အဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး အဗ္ဗဒွလ် ကလာမ်အာဇားဒ် ဟာ အမိရ်ခါးန်ရဲ့ ဦးလေးတော်ပါတယ်။ အမိရ် ဖခင်ရဲ့ အကိုတ၀မ်းကွဲပါ။ ဒါကြောင့် သူ့ ရဲ့ နောက်ဆုံးသား အမည်ကို အဖိုးနဲ့ အမည်တူ အဇာဒ်ခါးန်လို့  မှည့်ခေါ် ထားပါတယ်။
အာမီရ်ပေါက်စလေး
အိန္ဒိယ အမျိုးသားခေါင်းဆောင် ဂန္ဒီ၊နေရူးနဲ့ အာဇားဒ် [ဦးထုပ်နဲ့ မျက်မှန်နဲ့  ပုဂ္ဂိုလ်ဟာ 
အမိရ်ခါးန်ရဲ့ ဦးလေး မောင်လာနာ အဗူလ် ကလာမ်အာဇားဒ် ဖြစ်ပါတယ်။]
ညီကိုမောင်နှမတွေကတော့-
၁) အာမီရ်ခါန်း
၂) ဖိုက်ဆဲလ်ခါန်း
၃) မ- ဖာရ်ဟာတ်ခါန်း
၎) နီခါတ်ခါန်း တွေဖြစ်ကြပါတယ်။ 

* ပညာရေးနဲ့ အနုပညာခရီးအစ *

မွမ်ဘိုင်းမှာ ဂျေဘီ၊ ပတိတ် ကျောင်း၌ အခြေခံပညာသင်ယူနေရင်း အသက် (၈) နှစ်အရွယ်တွင် ဦးလေးရဲ့ ရုပ်ရှင်ကား Yaadon Ki Baaraat (၁၉၇၃)၌ စတင်သရုပ်ဆောင်ခဲ့တယ်။ နောက်နှစ်တွင် သူ့အဖေ ထုတ်လုပ်ခဲ့တဲ့ Madhosh ရုပ်ရှင်ဇာတ်၌လဲ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တယ်။ စိန့် အေနီ အထက်တန်းကျောင်း၌ ရှစ်တန်းထိ တက်ခဲ့တယ်။ ကိုးတန်းနဲ့ ဆယ်တန်းကို  ဘုံဘေ စကော့တစ်ကျောင်း၊ မာဟီးမ်၌ သင်ယူပြီး ၁၁ တန်း နှင့် ၁၂ တန်းကိုမူ နာရဆီ မုန်ဂျီ ကော်လိပ်၊ မွမ်ဘိုင်မှ အောင်ခဲ့တယ်။ အမိရ် အထက်တန်းအထိ ပညာသင်ပြီး ကျောင်းထွက်ကာ အနုပညာလောကမှာ လက်ထောက်ဒါရိုက်တာအဖြစ် Manzil Manzil (1984) အလုပ်လုပ်ခဲ့ပါတယ်။ အဲ့နောက် ရုပ်ရှင်ကားတချို့ မှာ အရံအဖြစ်လည်း သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ အမိရ်ခါးန်ရယ်လို့ မှတ်ကျောက်တင်ဖို့  ဖြစ်လာခဲ့ပါတယ်။ အမိရ်ခါးန်ရဲ့ ပထမဆုံး ဦးဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ Qyamat se Qyamat Tak ရုပ်ရှင်ဟာ အိန္ဒိယတခွင် အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဘောလီးဝုဒ်မင်းသားဖြစ်ခဲ့ပါတယ်။


* အားကစား *


အမီရ်ဟာ တဲနစ်ကစားနည်း၌ ဝါသနာပါပြီး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ၁၉၈၀ ခန့်တွင် ပြည်နယ် ချန်ပီယံ အဆင့်အထိ ရရှိခဲ့ဖူးသည်။ ၂၀၁၄ ခု၌ International Premier Tannis League ပြပွဲ၌ ပါဝင်ကာ ကမ္ဘာကျော် တဲနစ်ချန်ပီယံတွေ ဖြစ်တဲ့ Roger Federer,  Novak Djokovic. နှင့် Sania mirza တို့နှင့်အတူ နှစ်ယောက် တစ်တွဲ ကစားခဲ့ဖူးတယ်။  ၂၀၁၄ ခု ဖောဖော်ဝါရီလ တရုတ်ခရီးစဉ်၌ Ping Pong စားပွဲတဲနစ်ပြိုင်ပွဲကို အိုလံပစ် ချန်ပီယံဟောင်း Liu Guoliang နှင့် ယှဉ်ပြိုင်ကစားခဲ့တယ်။ 


* အိမ်ထောင်ရေး *

အမိရ် နဲ့ ရီနားတို့ အိမ်ထောင်ရေးမပြိုကွဲခင် Laggan ရုပ်ရှင် ဒါရိုက်တာ 
ဇနီးမောင်နှံနဲ့ အမိရ်တို့  ဇနီးမောင်နှံ

အမိရ်ခါးန် အဲ့ကား မတိုင်ခင်ကတည်းက Rena Dutta နဲ့ ၁၉၈၆ ခု ဧပြီလ ၁၈ ရက်တွင် လက်ထပ်ခဲ့ပါ တယ်။ အမိရ် က မွတ်စလင်မ်ဖြစ်ပြီး Rena က ဟိန္ဒူဖြစ်တာမို့ Rena မိဘတွေ သဘောမတူပါဘူး။ ဒါကြောင့် သူတို့ ၂ ဦး လက်ထပ်ထားတာကို လူသိမခံခဲ့ပါဘူး။ Qyamat se Qyamat Tak ရုပ်ရှင်ထဲက သီချင်းတစ်ပုဒ်မှာ Rena ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရုပ်ရှင်ထွက်ပြီး ၂ လအကြာမှာတော့ အမိရ်က သူလက်ထပ်ထားကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သူမှ သားသမီး နှစ်ဦး ထွန်းကားခဲ့တယ်။ သူ့ကို ၂၀၀၂ ခုတွင် ကွာရှင်းပြီး ၂၀၀၅ ခုနှစ်တွင် Lagaan ရုပ်ရှင် လက်ထောက် ဇာတ်ညွှန်း ကီရန် ရာဝ် နဲ့ လက်ထပ်ခဲ့ပြန်တယ်။ သူ့မှ သားတစ်ဦး ထွန်းကားခဲ့တယ်။ 
ဒုတိယ အိမ်ထောင် ကီရန်နဲ့  သားငယ် အဇားဒ်။

သားသမီးများမှာ-
၁) သား… ဂျုနှိုက်တ် (မိ- ရီနာဟ်)
၂) သမီး… အိရာ      (မိ- ရီနာဟ်)
၃) သား… အာဇာဒ် ခါန် ( မိ- ကီရန်)
ပထမဇနီးနဲ့ ရတဲ့ သား ဂျုနှိုက်တ်နဲ့ သမီး အိရာကို ရုပ်ရှင်လာပြတဲ့ အမိရ် (၂၀၀၄)


* ရုပ်ရှင်ဆုနဲ့ ဂုဏ်ထူးဆောင်ဆု *


အသက် ၈ နှစ် အရွယ်ကတည်းက ရုပ်ရှင်ထူးချွန်ဆုနဲ့အတူ အမီရ်ပေါက်စ

အမိရ်ခါးန် Awards ပွဲတွေမတက်တာ အစောပိုင်းကတည်းက မဟုတ်ပါဘူး။ Qayamat se Qayamat Tak ရုပ်ရှင်မှာကတည်းက အမိရ်က Film Fare Awards ရရှိခဲ့ပါတယ်။ အဲ့နောက် ၉၆ မှာ အမိရ်ခါးန် Awards ရဖို့ တစ်ပြေးခဲ့ပေမဲ့ ရှာရွခ် ရသွားပါတယ်။ အဲ့ကတည်းက အမိရ်က Awards ရှိုးတွေကို အယုံအကြည် မရှိကြောင်း ကြေညာခဲ့ပြီး ဘယ်ပွဲမှ မတက်တော့ပါဘူး။

သူရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့-
၁) Film Fare Awards…… (၉) ဆု 
၂) National Film Awards (၄) ဆု 
၃) AACTA Award (ဩစေၾတးလ်) 
၎) Douban Film Award (တရုတ်) 
၅) National Treasure of India (Government of China) 
၆) Academy Award (၂၀၁၂)

ဂုဏ်ထူးဆောင်
၁) Padma Shri (Government of India 2003)
၂) Padma Bhushan (GoI 2010)
၃) Honorary Doctorate (Moulana Azad National Urdu University) 
၎) Berlin Film Festival Jury Member (2011)
၅) Time, 100 list of most influence people in the world (2012, 2017)
၆) Member of Academy of Motion picture art and science  (2017)
၇) Master Dinanath Mangeshker Award (၂၀၁၆)
၈) Veshesh Puraskar (၂၀၁၆)
အာမီရ်  Padma Shri ဆုကို လက်ခံယူနေစဉ်


၇၅ ကြိမ်မြောက် Dinanath Mangeshkar Award ကို RSS အကြီးအကဲ Ram Bagwat ထံမှ
လက်ခံနေစဉ်။ Shanmukhanand Hall, King Circle,   မွမ်ဘိုင်မြို့ (Paramod Thakur/ HT ဓာတ်ပုံ)

အမိရ်ဘ၀ရဲ့ မုန်တိုင်းထန်ချိန်
******************
အမိရ်ခါးန် ရဲ့ လက်ရှိဇနီး ကီရန်နဲ့ Lagaan ရူတင်မှာတွေ့ ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ အိမ်ထောင်ရေး ပြသနာတွေလည်းတက်ပြီး အမိရ်နဲ့ Rena တို့ ကွာရှင်းခဲ့ပါတယ်။ Dil Chahta Hai ရိုက်ပြီး
နောက်ပိုင်း ၄ နှစ်လောက် အမိရ် ရုပ်ရှင်မရိုက်တော့ပါဘူး။ပြသနာတွေအေးသွားချိန် ၂၀၀၅ မှာ ကီရန်နဲ့ လက်ထပ်ပြီး ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။

ထိပ်တန်းမင်းသား
************
အမိရ်ဟာ လက်ရှိ အိန္ဒိယ အနုပညာလောကရဲ့ အအောင်မြင်ဆုံး မင်းသားအဖြစ် ရပ်တည်နေပါတယ်။ပြည်တွင်း၊ပြည်ပ ၀င်ငွေ အကောင်းဆုံး နဲ့ ကြေးအကြီးဆုံး မင်းသားဖြစ်ပါတယ်။ အမိရ်ရဲ့ ရိုက်ပြီးသား ရုပ်ရှင်ရဲ့ ၀င်ငွေကိုကျော်ဖို့ အမိရ်ခါးန်ရဲ့ နောက်ထပ် ရိုက်မဲ့ ရုပ်ရှင်ကိုသာစောင့်ရပါမယ်လို့ ဆိုရိုးရှိပါတယ်။

ဘယ်သူနဲ့ မှမတူ
***********
အမိရ်ဟာ မင်းသားတွေအနက် ထူးခြားသူပါ။ အိန္ဒိယလို ဘာသာရေးအကဲဆတ်တဲ့ တိုင်းပြည်မှာ အမိရ်က ဟဂ်ျလို့  ခေါ်တဲ့ ဆော်ဒီအရေဗျကို ဘာသာရေးခရီးသွားခဲ့ပါတယ်။ အိန္ဒိယ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ ဟဂ်ျဖတ်ဖူးတဲ့ ဘောလီးဝုဒ် မွတ်စလင်မ်သရုပ်ဆောင် တစ်ဦးမှမရှိပါ။ Dilip Kumar ကစလို့ A R Rahman အဆုံး ဘောလီးဝုဒ် နံမည်ကြီးအကုန် ဆော်ဒီကို အွမ္မရာလို့ ခေါ်တဲ့ ဘုရားဖူး အသေးစားမှာပဲ ပါဝင်ခဲ့ဖူးပြီး လနဲ့ ချီ ကြာတဲ့ ဟဂ်ျဘုရားဖူးကိုတော့ အမိရ်ခါးန် တစ်ဦးပဲ ပြုလုပ်ခဲ့တာပါ။

ထူးခြားဖြစ်စဉ်အချို့ 
***************
အမိရ်ဟာ ဘယ်သွားသွား သူ့ ကိုယ်ပိုင် ခေါင်းအုံးသယ်သွားလေ့ရှိပြီး ရေချိုးပျင်းသူ ဖြစ်ပါတယ်။ ဒါ့အပြင် အမိရ်ဟာ အိန္ဒိယ နံမည်ကျော်တွေအနက် အရပ်အပုဆုံး မင်းသားဖြစ်ပါတယ်။ အမိရ်ခါန်းဟာ ဘောလီးဝုဒ်ရဲ့ Criminal Record ကင်းရှင်းတဲ့ မင်းသားတွေအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး သူ့ ဘ၀မှာ လက်ပါပြီး ရန်ဖြစ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်လောကမှာ မီဒီယာတွေမှာ လှူပ်ခတ်တဲ့အထိ သူနဲ့ ပြသနာဖြစ်ဖူးသူတွေကတော့ Juhi Chawla နဲ့ ရှာရွခ်တို့ ဖြစ်ပါတယ်။ Juhi နဲ့ ရူတင်တစ်ခုမှာ ငြှိတာဖြစ်ပြီး ဆယ်စုနှစ်နဲ့ ချီသူတို့ ၂ ယောက် စကားမပြောခဲ့ပါဘူး။ ရှာရွခ်နဲ့ ကတော့ ရှာရွခ်ရဲ့ စကားပြောမဆင်ခြင်မှုတချို့ ကြောင့် အမိရ်က မီဒီယာတွေမှာ တန်ပြန်ပြီး စစ်မျက်နှာဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ရှာရွခ်နဲ့ လည်း ပြန်ပြေလည်သွားပြီ ဖြစ်ပါတယ်။



* စလ်မားန် နဲ့ ဆက်ဆံရေး *

ဘောလီဝုဒ်ရဲ့ ခါန်း ကြယ်ပွင့် (၃)ပွင့်


စလ်မားန်ခါန်းကို အမိရ် စိတ်ဆိုးခဲ့ဖူးတာရှိပါတယ်။ သူတို့ ၂ ယောက် ရုပ်ရှင် အတူတူရိုက်တဲ့ Andaz Apna Apna ရုပ်ရှင်ကားမှာ စလ်မားန်က ရူတင်ပျက်တာ၊ အချိန်နောက်ကျတာတွေ ရှိလို့  နောက်နောင် စလ်မားန်နဲ့ တွဲပြီး ဘယ်ကားမှ တွဲမရိုက်တော့ဘူးလို့ အမိရ်က ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ ၂ ယောက် အပြင် ဘ၀မှာတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တယ်လို့ ပြောပါတယ်။ အမိရ်ရဲ့ အမေနဲ့  သမီးကြီးက စလ်မားန်ခါးန်ဖန်ပါ။စလ်မားန်ရဲ့ ရုပ်ရှင်တွေကိုသာ အမိရ်တို့ မိသားစုလိုက် ရုံမှာ ရုပ်ရှင် သွားကြည့်ကြပါတယ်။ (အထူးသဖြင့် အီးဒ်ပိတ်ရက်တွေမှာ ရုံတင်လေ့ရှိတဲ့ စလ်မားန်ခါးန် ကားသစ်တွေကို အမိရ်တို့ မိသားစုဆွေမျိုးတွေ အယောက် ၅၀ ကျော် ရုံတစ်ရုံလုံး ပွဲချိန်တစ်ခု ပုဒ်ဖြတ်ဌားပြီး
သွားကြည့်လေ့ရှိပါတယ်။


* အပေါ်ယံ ပရဟိတသမားမဟုတ် *


အမိရ်ဟာ တချို့ သော အနုပညာရှင်တွေလို ပေါ်ပင် ပရဟိတ လုပ်ရတာ ၀ါသနာမပါတာမို့ အတွင်းကျကျ စိတ်ရောကိုယ်ပါနှစ်ပြီး ပရဟိတ လုပ်သူဖြစ်ပါတယ်။ တကယ်ကို အိန္ဒိယမှာ ဖိနှိပ်ခံ၊ အနိုင်ကျင့်ခံ၊အခက်အခဲဖြစ်နေသူတွေ သိန်းချီထံ ဆာဗေးဆင်းပြီး Satyamev Jayate ဆိုတဲ့ ပရိုဂရမ်ကို
စတင်လှူပ်ရှားခဲ့တဲ့အတွက် ဗြိတိန် ၀န်ကြီးချုပ်ကစပြီး ကမ္ဘာခေါင်းဆောင်တွေ ကိုယ်တိုင် အမိရ်ရဲ့ ပရဟိတ
လုပ်ငန်းစဉ်တွေကို သီးသန့် လာရောက် အချိန်ပေး လေ့လာခံခဲ့ရသလို တဖက်မှာလည်း အဲ့သလို တကယ်
အားနည်းသူတွေ၊ လိုအပ်နေသူတွေကို ရုပ်ပိုင်း၊ နာမ်ပိုင်း အစစအရာရာ ထောက်ပံ့ပေးခဲ့လို့ အသက်အန္တာရာယ် ခြိမ်းခြောက်ခံရဆုံး အိန္ဒိယမင်းသားဖြစ်ခဲ့ဖူးပါတယ်။ 
အင်အားကြီး တူရကီ နိုင်ငံတော်အစီအစဉ်နဲ့ ဖိတ်ခေါ်ပြီး သမ္မတအိမ်တော်မှာ 
သမ္မတနဲ့ တွေ့ ခွင့်ရခဲ့တဲ့ အိန္ဒိယရဲ့ ပထမဆုံး မင်းသား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့အတူ အာမီရ် (၂၀၀၉)

ဗြိတိန် ၀န်ကြီးချုပ် အာဏာရစဉ်က သီးသန့် တစ်ရက်အချိန်ပေးပြီး အမိရ်ရဲ့ ပရဟိတ
အလုပ်တွေမှာ ၀င်ရောက်လေ့လာပါဝင်ပေးခဲ့
အာမီရ် ဟာ ပါကစ္စတန် PTI ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်။ (၂၀၀၄-ပါကစ္စတန်)

*ကောလဟာလ*


လက်ရှိမှာတော့ အမိရ်ခါးန်နဲ့ ပတ်သတ်ပြီး Dangal မင်းသမီး Fatama Sana Sheikh နဲ့  ဇာတ်လမ်းဖြစ်ပေါ်နေတယ် ဆိုပြီး ကောလဟာလတချို့  ထွက်ပေါ်နေပါတယ်။ Fatama က ခုနှစ်ထဲ
ထွက်မဲ့ Thugs Of Hindustan ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးပါ။ Katrina က အရံမင်းသမီးပါ။ (သီချင်း ၂ပုဒ်မှာ အဓိက ပါဝင်တာကလွဲရင် Katrina နေရာက အရံနေရာဖြစ်ပါတယ်။)
Thugs Of Hindustan ရူတင်က ဆဲလ်ဖီ


* ဘာသာရေးဆိုင်ရာ ထူးခြားချက် *


အမိရ်ခါးန်ရဲ့ ထူးခြားချက်တွေ အများကြီးရှိတဲ့အနက် နောက်ဆုံး ထူးခြားမှုတစ်ခုကို တင်ပြရင်းပို့ စ်ကို နိဂုံးချုပ်ပါမယ်။ အမိရ်ဟာ ကမ္ဘာတလွှားက ဘာသာတရားတိုင်းရဲ့ ကျော်ကြားတဲ့ ဘာသာရေး
အဆောက်အဦး(ဘုရားကျောင်း)တွေကို တိတ်တိတ်လေး သွားပြီး လည်ပတ်လေ့ရှိပါတယ်။ သူ မရောက်ဖူးတဲ့ ဘာသာတရားတစ်ခုခုရဲ့ ဘာသာရေး အထင်ကရ နေရာမရှိဘူးလို့ အမိရ်ကဆိုပါတယ်။
သူ့ အနေနဲ့ ဘာသာတရားတိုင်းကို လေးစားတန်ဖိုးထားတဲ့အတွက် သူ အဲ့သလို သွားရောက် လည်ပတ်ရတာကို နှစ်သက်ပြီး ဘုရားကျောင်းတွေရောက်တိုင်း သူအလှူဒါနပြုလုပ်တယ်လို့ ဆိုပါတယ်။
ဘုရားကျောင်းတွေ သွားတဲ့အခါ သူ့ ရဲ့ ကျော်ကြားမှုကြောင့် လူတွေအုံလာပြီး ဘုရားကျောင်းလာသူတွေ အနှောက်အယှက်ြဖစ်မှာ မလိုလားလို့ သူတိတ်တိတ်လေးပဲ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
အမိရ်ခါးန်ဟာ မွတ်စလင်မ်တွေရဲ့ အထင်ကရ မက္ကာကျောင်းတော်၊ ဆိခ်တွေရဲ့ အထင်ကရကျောင်းတော်Golden Temple, ဟိန္ဓူ၊ဂျူး၊ ခရစ်ယာန်ဘာသာဝင်တို့ ရဲ့ အထင်ကရ ဘုရားကျောင်းတွေအပါအ၀င် ဗုဒ္ဓဘာသာဝင်တို့ ရဲ့ အထင်ကရဖြစ်တဲ့ ဗုဒ္ဓဖွားမြင်ရာ နီပေါနိုင်ငံ
Lumbini ထိအောင် သွားရောက်ခဲ့ဖူးသူဖြစ်ပါတယ်။
ဟဂ်ျဘုရာဖူး မက္ကဟ်ရွှေမြို့တော်၌ အမီရ်

နီပေါနိုင်ငံ ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီ ဥယာဉ်တော်ကို ရောက်ရှိစဉ်


(ပုံတင်ပေးထားပါတယ်။)
Happy Birthday Aamir!!
#MTN

ကိုးကား
1. Aamir Khan Wiki
2. Bollywood Updated News Myanmar 
3. NDTV news / Aamir Khan 52th Birthday 
4. The Hindustan Times


Wednesday, January 3, 2018

ဟာသ သရုပ်ဆောင် အောင်ရဲထွေး လူရိုင်းကောင်တွေရဲ့ အကြမ်းမှုကြောင့် အသတ်ခံရ (အခင်းစ…ဆုံး)

သရုပ်ဆောင် အောင်ရဲထွေး ခေါ် မိုဟာမတ် အီဆ်ဟာခ်

၂၊ ၁၊ ၂၀၁၈|

လူမှုကွန်ရက် စာမျက်နှာပေါ် ဟာသ ဗီဒီယိုဖိုင်များတင်ခဲ့ရာမှ လူသိများပြီး ဟာသ ရုပ်ရှင် သရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့သည့် အောင်ရဲထွေးမှာ ရန်ငြှိုးရန်စကြောင့် ပါတီပွဲတစ်ခုတွင် ဝိုင်းရိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းတွင်နေထိုင်သူ အောင်ရဲထွေး ခေါ် မိုဟာမတ် အီစ်ဟာခ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment သို့ နှစ်သစ်ကူး ညက ၎င်း၏ချစ်သူနှင့်အတူ သွားရောက်ခဲ့ပြီး ပါတီပွဲ တက်ရောက်ခဲ့ရာ အဆိုပါ ပါတီတွင် ပြီးခဲ့သည့် လေးရက်ခန့်က မရမ်းကုန်းမြို့နယ်ရှိ The Brave Bar ကလပ်တွင် ၎င်းနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည့် အမည်မသိ အမျိုးသား ငါးဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် အောင်ရဲထွေးမှာ ဝိုင်းထိုးကြိတ်ကန်ကျောက် ခံရပြီး ဦးခေါင်းခွံ ကြေမွဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်း၏ချစ်သူ အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

“ဒီအမှုက ကျူးလွန်သူတွေရဲ့ ဓာတ်ပုံနဲ့ အမည်တွေ ရထားတာပါ။ လက်ရှိ ဘယ်သူ့ကိုမှ မမိသေးဘူး။ သေဆုံးသူ မိသားစုဘက်က ဓာတ်ပုံတွေ ရထားပြီဆိုတော့ ဖမ်းမိထားပြီလို့ ထင်တာဖြစ်မယ်။”ဟု ရဲအရာရှိက ပြောသည်။ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ ရန်ငြှိုးရန်စကြောင့် မဟုတ်ဘဲ အောင်မြင်မှုကို မလိုလားသူများက အညွှန့်ချိုးလိုက်တာဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူက ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှ အောင်ရဲထွေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီက သေဆုံးခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားမှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသိသက်သေများရဲ့ ထွက်ဆိုချက်အရ ဇာတ်လမ်း စဆုံး အောက်တွင် ဖတ်ရှုပါ။…

သစ်​လုပ်​ငန်းရှင်​ ခရိုနီကြီး​ဦးခင်​​မောင်​​လေးရဲ့ သားများနဲ့ သူငယ်​ချင်း​တွေ ရန်​ငြိုး​တွေ​ကြောင့်​ အပြစ်​မရှိဘဲ အသတ်​ခံလိုက်​ရတဲ့ ​ရဲ​ထွေး​အောင်​ (​ခေါ်) ​အောင်​ရဲ​ထွေး

မင်းမဲ့စရိုက်​ဆန်ပြီး အင်​မတန်​မှ မိုက်​ရူးရဲဆန်​​လွန်းတဲ လုပ်​ရပ်​ပါ။ ရဲ​ထွေး​အောင်​ အသတ်​မခံရခင်​ (၄)ည​လောက်​အလိုက ရဲ​ထွေး​အောင်​အကို ​နေဇင်​လတ်​ နဲ့ အခုပုံထဲက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး တို့ အဖွဲ့ နဲ့ Brave Bar မှာ မီးခြစ်​ငှါးတဲ့ကိစ္စက​နေ စဖြစ်​တာပါ။ 

အဲ့ဒီ​နေ့က ရဲ​ထွေး​အောင်​က Brave Bar ကို သူ့ရဲ့ချစ်​သူရယ်​ , Funny ရိုက်​တဲ့ ရဲရင့်​ရယ်​ , သူ့အကိုဖြစ်​သူ ​နေဇင်​လတ်​ရယ်​၊ လေး​ယောက်​ အတူလာခဲ့ပါတယ်​။ ထားပါ။ ပြသနာစဖြစ်​တဲ့ အ​ကြောင်းရင်း ပြန်​​ပြောပြပါ့မယ်​။

ရဲ​ထွေး​အောင်​အကိုဖြစ်​သူ ​နေ​ဇင်​လတ်​က တဖက်​ဝိုင်းက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီးဆီမှာ မီးခြစ်​ရှိလားဆိုပြီး သွား​ငှါးပါတယ်​။ ​ သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မူးမူးရူးရူးနဲ့ ``မရှိဘူး ... ရှိလည်း မငှါးနိုင်​ဘူး´´လို့​ ပြန်​တုံ့ပြန်​​ပြောလိုက်​ရာက​နေ အ​ချေအတင်​ စကားများကြပြီး ပြသနာ​တွေဖြစ်​ကြပါတယ်​။ 

စကားများရာက​နေ နေဇင်​လတ်​ပခုံးကို သားကြီးက ​ဆောင့်​တွန်းလိုက်ချိန်မှာ ​နေဇင်​လတ်​က နာရီချွတ်​ပြီး နာရီနဲ့ တစ်​ဖက်​က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီး ကို ပြန်​ရိုက်​ခဲ့ပါတယ်​။ ပြသနာ​တွေတက်​လာ​တော့ Bar က Security ​တွေနဲ့ တခြားဝိုင်းက အသိမိတ်​​ဆွေ​တွေ ဝင်​ရှင်း​ပေး​ပေမယ့်​လည်း ပြသနာက မပြီးသွား ပါဘူး။ ဝင်​ဆွဲတဲ့လူ​တွေနဲ့ သန်းထွဋ်​​အောင်​(ခ) သားကြီး တို့အဖွဲ့နဲ့ ပြသနာ​တွေတက်​ကြပါ​သေးတယ်​။ အဲ့ဒီ​နေ့က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မ​ကျေနပ်​လို့ဆိုပြီး ​နေဇင်​လတ်​ လိပ်​စာကို ရိုရှမ်း ဆိုတဲ့လူဆီက​နေ ​တောင်းပါတယ်​။ ရိုရှမ်း ဆိုတာ ရဲ​ထွေး​အောင်​ အခုရိုက်​​နေတဲ့ ရုပ်​ရှင်​ကြီး (ဒိုင်​ယာရီ ဇာတ်​ကားရဲ့ ပရိုဂျူဆာ)ပါ။ သူလည်း အဲ့ဒီ​နေ့က ဝင်​ဆွဲတဲ့သူ​တွေထဲမှာ ပါတယ်​လို့ ယူဆရပါတယ်​။ အဲ့ဒီ ရိုရှမ်းကို ​မေးလို့မရလို့​ သားကြီးတို့အဖွဲ့က ရိုရှမ်းဆိုတဲ့ လူကိုပါ အဲ့ညကပဲ ဝိုင်းဝန်းထိုးကြိတ်​ခဲ့ပါ​သေးတယ်​။ ကိုယ်​​တွေ သိသ​လောက်​​ပြောရရင်​ အဲ့ညက အဆို​တော်​ ယုန်​​လေးတို့နဲ့လည်း ပြသနာ တက်​ခဲ့ပါ​သေးတယ်​။ ဒါ​ပေမယ့်​ သူတို​နဲ့တက်​တဲ့ပြသနာက ရိုးရိုးပဲပြီးသွားပါတယ်​။

အဲ့လို​တွေ ပြသနာတက်​နေချိန်​မှာ ရဲ​ထွေး​အောင်​ဟာ Taxi ငှါးပြီး ပြန်​သွားပါပြီ။ ဒီပြသနာ​တွေကို သူဘာမှ မသိခဲ့ပါဘူး။

New Year ညမှာ ရဲ​ထွေး​အောင်ဟာ သူ့အကိုအ​ပေါ်ကို ငြိုးထားတဲ့ ခရိုနီသား​တွေရဲ့ ရန်​စလက်​ကျ​​န်​ တွေ​​ကြောင့်​ ပါတီက​နေ ဆွဲထုတ်​ခံရပြီး ဝိုင်းဝန်းရိုက်​နှက်​ခြင်းကို ခံခဲ့ရတာပါ။ ။ သူ့ကိုရိုက်​တဲ့သူ​တွေက အရင်​ညက သူ့အကိုနဲ့ Brave Bar မှာ ငြိခဲ့တဲ့ သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး , ​ကျော်​ဇဲ , ​အောင်​​လေး , သားငယ်​ တို့အဖွဲ့ပဲဖြစ်​ပါတယ်​။ သူတို့က ရဲ​ထွေး​အောင်​ကို ​​ခေါ်ထုတ်​ပြီး အဖွဲ့လိုက်​ ထိုးကြိတ်​ကြတာပါ။ CCTV မှတ်​တမ်း​တွေရယ်​ ရဲ​တွေရထားတဲ့ ဓာတ်​ပုံ​တွေရယ်​ ယှဉ်​လိုက်​ရင်​ သိပါလိမ့်​မယ်​။

အဆိုပါ 4 ​ယောက်​က ဒီပြသနာမှာ လုံးဝ​သေချာတဲ့ လူသတ်​တရားခံ​တွေပါ။ Club ရဲ့ CCTV ​တွေမှာ 6 ​ယောက်​ဝိုင်းရိုက်​​နေတယ်​ဆိုတာကလည်း မဟုတ်​ပါဘူး။ ​ဆွဲတဲ့သူ​တွေရယ်​ လူရှုပ်​​နေတာ​တွေရယ်​​ကြောင့်​ လူအုပ်​နဲ့ ဝိုင်းရိုက်​တယ်​လို့ထင်​ရတာပါ။ ရိုက်​တာ​တော့ လူအုပ်​လိုက်​ပါပဲ။ ဒါ​ပေမယ့်​ အဲ့ဒီ​လေး​ကောင်​ပါ။
အဲ့လို လူတစ်​​ယောက်​ကို ရက်​ရက်​စက်​စက်​နဲ့ ကြက်​က​လေး/ ငှက်​က​လေးလို သတ်​သွားတဲ့အဖွဲ့က သူ​တွေက​ မွတ်​စလင်​ကုလား (၂) ​ယောက်​၊ ဗမာ (၂) ​ယောက်​ စုစု​ပေါင်း (၄) ​ယောက်​ပါ။

သူတို့​တွေကို​အထင်​မ​သေးပါနဲ့။ အကုန်​လုံးက ခရိုနီသားသမီး​တွေချည်းပါပဲ။ အရင်​က စစ်​အစိုးရလက်​ထက်​တုန်းက စစ်​အစိုးရနဲ့​တောင်​ ပတ်​သတ်​မှုကြီး​တွေ အများကြီးရှိခဲ့ဘူးတဲ့ လူ​တွေချည်းပါပဲ။

အဲ့ထက်​ပို​ကောင်းတဲ့ Cover က သူတို့က ဖိုးလပြည့်​ သူငယ်​ချင်း​တွေဖြစ်​​နေတဲ့ အချက်​ပါပဲ။ ရဲ​တွေကလည်း သူတို့ တရားခံဆိုတာကို သိပါတယ်​။ ရဲ​ထွေး​အောင်​​ဆေးရုံတက်​​နေရတဲ့ မနက်​ပိုင်းကထဲက ဓာတ်​ပုံ​တွေ ရဲစခန်းမှာ ရထားပြီးသားပါ။ ဒါ​ပေမယ့်​ ဖမ်းဆီးဖို့အတွက်​ကျ​တော့ ​ဝေ့ဝိုက်​​နေတယ်​လို့ သိရပါတယ်​။ 
ဘာ့​ကြောင့်​လည်း ? 

ဒီနိုင်​ငံမှာ ဖိုးလပြည့်​နဲ့ခင်​ရင်​ လူတစ်​​ယောက်​ကို ကြက်​သတ်​/ ငှက်​သတ်​သလို သတ်​လို့ရပါသလား ?
သူတို့ကို ဒီအချိန်​မှာ သွားရှာရင်​​တော့ ​တွေ့မယ်​မထင်​​တော့ပါဘူး။ အကုန်​လုံးက တိမ်း​ရှောင်​ကုန်​ပြီလို့ ယူဆရပါမယ်​။ ဘာသတင်းအစနမှ မကြားရ​တော့ပါဘူး။ ဒါ​ပေမယ့်​ ခုထိ သတင်းရ​သေးတာက သားငယ်​ ဆိုတဲ့တစ်​​ယောက်​ (ဓာတ်​ပုံထဲတွင်​ ဘယ်​ဘက်​အခြမ်းတွင်​ရပ်​​နေ​သောတစ်​​ယောက်​) ကျန်​ပါ​သေးတယ်​။
သူ့ကိုဖမ်းပီး ​ခေါ်စစ်​ရင်​ အကုန်​သိရမယ်​လို့ ထင်​ပါတယ်​။ တရားခံ​တွေ အားလုံးကို Photo ​တွေနဲ့တစ်​ကွ တင်​​ပေးလိုက်​ပါတယ်​။

မတရား အသတ်​ခံလိုက်​ရတဲ့ လူသတ်​တရားခံ​တွေကိုလည်းပြည်​သူ့ရဲ​ ​တွေအ​နေနဲ့ မိ​အောင်​ဖမ်း​​စေချင်​ပါတယ်​။ အဲ့​နေ့ကလည်း ခရိုနီ ဦးခင်​​မောင်​​လေးရဲ့အိမ်​ကို သွားရှာတယ်​လို့် သိရပါတယ်​။ ဒါ​ပေမယ့်​ သူတို့ကိုပဲ မ​တွေ့ခဲ့တာပဲလား ... အိမ်​ထဲဝင်​ပီး အရှာမခံခိုင်းတာ​ကြောင့်​ပဲလား ဘာ​ကြောင့်​မှန်းမသိဘဲ ဒီတိုင်း ပြန်​လာခဲ့ကြတာလည်း သိပါတယ်​။ ပြည်​သူ့ရဲကို ပြည်​သူ​တွေ အယုံကြည်​မဲ့သွားမယ့်​ ဖြစ်​ရပ်​မျိုး​တော့ မလုပ်​​လောက်​ဘူးလို့ ယုံကြည်​ထားပါတယ်​။ စခန်းမှာလည်း တိကျတဲ့ information ရှိ​နေတာ​တောင်
မဖမ်းနိုင်​ဘူးဆိုရင်​ မြန်​မာနိုင်​ငံမှာ​နေရတဲ့ ကျွန်​​တော်​တို့ လူလတ်​တန်းစား​တွေရဲ့ ဘဝဟာ အရမ်းကို လုံခြုံမှု အားနည်း​နေပါပြီ။

ကျွန်​​တော်​တို့ဟာ အမှန်​တရားဘက်​က ရပ်​တည်​​ပေး​နေမှာဖြစ်​လို့် ဒီအမှုကို ဖမ်းမိ​စေချင်​ပါတယ်​။ အများသိ​အောင်​လည်း ဝိုင်းပြီး Sharing လုပ်​​ပေးကြပါ။


- အမှန်​တရားရဲ့ ဘက်​​တော်​သားတစ်​ဦး
-The Voice
- Photo Credit to Facebook 








Saturday, October 7, 2017

Finally, Aamir Khan break out his Silent on Rohingya Issue



Istanbul [Turkey]: Bollywood superstar Aamir Khan, who is in Instanbul to promote his film ‘Secret Superstar’, is surprised to learn about his huge fan following in Turkey.

The ‘Dangal’ star arrived in Istanbul Wednesday on a special invitation of Turkey during which he will also promote his upcoming film that will be released worldwide on October 20.

Speaking at a news conference, the critically-acclaimed actor, whose films often break box office records in India and around the world, said he had been “constantly getting messages from Turkey” to visit the country.

He also expressed an interest in Turkish cinema.

Earlier, Culture Ministry said in a statement that the ‘PK’ star had been invited to Turkey during which he will visit Istanbul and capital Ankara between Wednesday and Saturday.

The actor is also scheduled to meet Culture Minister Numan Kurtulmus as well as Turkish film producers, actors and cinema students.

During the his visit, about a question on persecution of Rohingya Muslims in Myanmar, Khan said: “I think what is happening in Myanmar is very heartbreaking.

“Anywhere in the world when people suffer, anywhere in the world when people go through this kind of tragic experiences it is really heartbreaking and it happens all over the world at different times.”

Since August 25, some 507,000 Rohingya have crossed from Myanmar’s western state of Rakhine into Bangladesh, according to the UN.

“I can only hope and pray that as human beings we can somehow get over this,” he added.

Later, Bollywood’s Mr Perfectionist met his Turkish fans at an Istanbul theater ahead of the screening of his 2016 hit ‘Dangal’. The film – a biographical sports drama – was released on August 18 in Turkey. (ANI)

Source : The Siasat Daily

Thursday, October 5, 2017

ဘော်လီဝုဒ် သရုပ်ဆောင်လောကမှ ကွယ်ပျောက်ခဲ့သော ကြယ်ပွင့်များ၊ သူတို့၏ အထင်မှားတတ်သော ယနေ့ ရုပ်သွင်ပြင် !

စုစည်းတင်ဆက် 💰 နတ်မျက်စိ|

ဘော်လီဝုဒ်။      ကမ္ဘာ့ စွဲလမ်းဖွယ်ရာ တောက်ပမှု၊ ခမ်းနားထည်ဝါမှု နှင့် ဖျော်ဖြေပွဲ၊ အငြင်းပွားမှုနှင့် ကြားမကောင်းသော သတင်းသည် အားနည်းချက်ကို ဆိုလိုတာမဟုတ်ပေ။ ၎င်းသည် သင့်ကို ထောက် လှမ်းနေသည့်၊ မပြောလောက်သော အမှားကိုပင် မီဒီယာတွေက ပုံကြီးချဲ့၍ လာမည့်နှစ်တိုင် ဝေဖန်နေသော  ဤရုပ်ရှင်လုပ်ငန်းတွင် ကျော်လွှားရပ်တည်နိုင်အောင် သတ္တိသာဖြစ်သည်။ လူများစွာတို့သည် သူတို့၏ ကံကြမ္မာ ထွန်းပေါက်စေရန် မဟာပြိုက်ဖက်များနှင့် ယှဉ်ပြိုင်ရသော ဤ ရုပ်ရှင်စကြာထဲ ရုန်းကန်ကြသည်။ သို့သော် အချိန်ကြာမြင့်စွာ မရပ်တည်နိုင်ဘဲ လက်မြောက် အရှုံးသွားကြသည်။ 

ဤစာမျက်နှာတွင် ရေပန်းစားရာမှ ကွယ်ပျောက်သွားသည့် ဘော်လီဝုဒ် ရုပ်ချင်မင်းသား အချို့ကို ဖော်ပြပေးမည်။  

၁။ ရာဟုလ် ရွိုင်  [Rahul Roy]



ရာဟုလ် ရွိုင်သည် ရုပ်ရှင်လောကတွင် ၁၉၉၀ ခု လူကြိုက်အများဆုံးဖြစ်သော   “Aashiqui” (အချစ်) ဇတ်ကားဖြင့် ခြေချခဲ့သည်။ သူသည် ‘Bigg Boss’ ဂိမ်းရှိုး ပထမရာသီ ပြိုင်ပွဲကို နိုင်ခဲ့သည်။ ၎င်းပွဲ နောက်ပိုင်းတွင် သူ့ကို ဘော်လီဝုဒ် ရုပ်ရှင်ကမ္ဘာ၌ မတွေ့ခဲ့ရချေ။ များမကြာမီ သူ့ကို စီ အဆင့် ဇာတ်ကား ‘Her Story’ တွင် သရုပ်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ယခုမူ ရာဟုလ်ကို သူ့ပုဂ္ဂိုလ်ရေးတိုင်ရာ သတင်းများတွင် တွေ့ရသည်။ သတင်းမှာ “မူလ ‘Aashiqui’ သရုပ်ဆောင် မင်းသားက အင်ဒိုရ်မှာ တွေ့ခဲ့သော မော်ဒယ် ဆာဒ်န ဆိန်းနှင့် ချိန်းတွေ့ဆုံ။ အမြင်ဦးတွင် ချစ်သွားသည်ဟု ဝန်ခံ။”

၂။ ချန်ဒြာချို ဆိန်း [Chandrachur Singh]



တချိန်က လူသန်းပေါင်းများစွာ၏ အကြိုက်ဆုံးဖြစ်ခဲ့ဖူးသူ ချန်ဒြာချို ဆိန်း ကို ယနေ့ မေ့ပစ်သွားသည်။ ချော့ကလက် လူပျိုဟု ထထင်စားခဲ့သော မင်းသားသည် ယနေ့ မည်သူဖြစ်ကြောင်း ခွဲခြားနိုင်ရန်ပင် ခက်လှ၏။ လက်ရှိတွင် သသူသည် အင်မတန် အဝလွန်နေသည်။ သူ၏ ပထမဆုံးသရုပ်ဆောင်ခဲ့သည့် ဇတ်ကားမှာ ‘Tere Mere Sapne’ ဖြစ်သည်။ သို့သော် သူ့ ‘Maachis’ ဇာတ်ကား အောင်မြင်ပြီး ကျော်ကြားလာခဲ့သည်။ ထို့နောက် Betaabi, Dil Kya Kare, Josh, Daag: The Fire, Kya Kehna စသော နာမယ်ကြီး ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည်။ 

၃။ ကုမာရ် ဂေါ်ရဗ် [Kumar Gaurav]



သူ ရုပ်ရှင်လောကထဲ အစဦး ခြေချခဲ့သော နာမယ်ကျော် ဇာတ်ကား  Love Story (၁၉၈၁) ပြီးနောက် အခြား ရုပ်ဇာတ်ကားများတွင် အလုပ်လုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထိုခေတ်၌ သူသည် ရုပ်မြင်သံကြား အချို့တွင် အသွင်ပြောင်း သရုပ်ဆောင်ခန်းမှ အလုပ်လုပ်ခဲ့သော်လည်း Love Story ဇာတ်ကား၌ Bunty အမည်ဖြင့် သရုပ်ဆောင်ခဲ့သည့် အရည်အချင်းကို မှီအောင် မစွမ်းနိုင်ခဲ့ချေ။ သူ့ကို ၂၀၀၂ ခု ထုတ် Kaante ဇာတ်ကားတွင် နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့သည်။ 

၎။ ဟီမန်သျှု မာလိခ် [Himanshu Malik]



Kamasutra: The Tale Of Love ဇာတ်ကားဖြင့် ရုပ်ရှင်လောကတွင် ဝင်ရောက်ခဲ့သော မင်းသား ဟီမန်သျှု မာလိခ်ကို ယနေ့ မှတ်မိရန်တောင် ခက်ခဲနေသည်။ တစ်ချိန်က အတော် ရုပ်ရည်ချောမောခဲ့သော် လည်း ယနေ့ သူ့ရုပ်ရည် သိသိသာသာ ပြောင်းလဲသွားသည်။ Jungle, Tum Bin, Khwahish နှင့် Rog စသော ဇာတ်ကားများဖြင့် ဟီန္ဒီရုပ်ရှင်လောကတွင် အသိအမှတ်ပြုခြင်းခံရသည်။ ဟီမန်သျှု မာလိခ်ကို နောက်ဆုံးအနေဖြင့် Yamla Pagla Deewana ဇာတ်ကားတွင် မြင်တွေ့ခဲ့ရသည်။ 

၅။ ဖရ်ဒီန်းခါန် [Fardeen Khan]



၁၉၉၈ခု တွင် ပထမဆုံး ဇာတ်ကား Prem Aggan ဖြင့် Filmfare Best Debut Award ဆုကို ဆွတ်ခူး ခဲ့ပြီးနောက် ဖရ်ဒီန်းခါန်သည် Pyaar Tune Kya Kiya, All The Best – Fun Begins နှင့် Heyy Babyy စသော ဇာတ်ကားကောင်းများ၌ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ခဲ့သည်။ တသီတတန်း ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကမှ ကွယ်ပျောက်သွားလေသည်။ သူ့၏ နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာ ၂၀၁၀ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Dulha Mil Gaya ဇာတ်ကားဖြစ်ပြီး မင်းသ္မီး Sushmita Sen , Ishita Sharma တို့လည်း ပါဝင်သရုပ်ဆောင်သည်။ ယခု သူရဲ့ အဝလွန်မှုက သူ့ပရိတ်သတ်တွေကို တုန်လှုပ်စေလိမ့်မည်။ တချိန်က ကျိုင်းစင်မြဝါ ရုပ်ချောလေးဖြစ်ခဲ့ ဖူးသော မင်းသားမှာ ယနေ့ ဖိုးသာထု ဖြစ်နေသည်။  

၆။ ဟာမန် ဘဝေဂျာ [Harman Baweja]



ခြေလှမ်းဦး ဇာတ်ကား ‘Love Story 2050’ မှာ အောင်မြင်မှု မရခဲ့သော်လည်း  ‘What’s Your Rashee’, ‘Dhishkiyaaoo’ နှင့် ‘It’s My Life’ စသော ဇာတ်ကားများ၌ သရုပ်ဆောင်ပေမယ့် မမျှော်လင့်သော အရှုံးနဲ့ ပြင်းပြင်းထန်ထန် ကြုံရခဲ့သည်။ သူသည်လည်း ဘော်လီဝုဒ် ရုပ်ရှင်လောကမှ ပျော်ကွယ်သွားရသည်။ ယခုမူ သူ့ကို လုံးဝ မှတ်မိနိုင်မည့် ပုံမပေါ်ချေ။ ဝတုတ်တုတ်လေး။ 
  
၇။ ပူနီတ် အီစ္စာရ် [Puneet Issar]


ပူနီတ်သည်လည်း ကျော်ကြားသော အိန္ဒိယ ရုပ်ရှင်မင်းသားနှင့် ဒါရိုက်တာ တစ်ဦးဖြစ်သည်။ သူသည်  Mahabharata (၁၉၈၈-၁၉၉၀) တီဗွီ ဇတ်လမ်း၌ Duryodhana သရုပ်ဆောင်ခန်းဖြင့် လည်းကောင်း၊ နာမယ်ကျော် မင်းသား ဆာလ်မာခါန် သရုပ်ဆောင်ခဲ့သော  Garv: Pride and Honour (2004) ကို ဒါရိုက်တာ ဇာတ်ညွှန်းခြင်းဖြင့် လည်းကောင်း ပိုမို ထင်ရှားလာခဲ့သည်။ သူ့၏အခြား မှတ်သားဖွယ် ဇာတ်ကားများမှာ Border (၁၉၉၇)၊ Purana Mandir (၁၉၈၃) စသည်တို့ဖြစ်သည်။ သူ့ရုပ်ရှင်လောက ခြေလှမ်းဦး သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာ Coolie (၁၉၈၃) ဖြစ်သည်။ ပူနီတ်သည်     Bigg Boss season ၈ (၂၀၁၄-၁၅) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 
၈။ ရှာဒါးဘ်ခါန် [Shadaab Khan]


ရှာဒါးဘ်ခါန် သည် ဘော်လီဝုဒ်၏ အကျော်ကြားဆုံး လူကြမ်းသရုပ်ဆောင် အမ်ဂျဒ်ခါန် [Amjad Khan aka Gabbar] ၏ သားဖြစ်သည်။ သူ့ ရုပ်ရှင်လောက ခြေလှမ်းဦး ဇာတ်ကားမှာ Raja Ki Ayegi Baarat ဖြစ် သည်။ သူသည်လည်း ရုပ်ရှင်လောကထဲ ရပ်တည်နိုင်ခြင်းမရှိချေ။ ဘော်လီဝုဒ်တွင် ထကြွနေစဉ် သူရုပ်သွင် မှာ မိန်းကလေးတွေ နောက်လိုက် ရှိခဲ့ပြီး ယခုမှမူ သင်ကိုယ်တိုင် ပုံနှင့် နှိုင်းယှဉ်ကြည့်ပါ။

၉။  ဥဒေး ချိုပ္ပရာ [Uday Chopra]


 ဥဒေး ၏ ရုပ်ရှင်လောက ပွဲထွက် ဇာတ်ကားမှာ Mohabbatein ဖြစ်သည်။ သူ မင်းသားအဖြစ်နောက်ဆုံး DOOM 3 ၌ သရုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ရှင်ကားချပ်မှာ မြင်ရခြင်းမရှိချေ။ ဥဒေးသည် သူ့ဖခင်၏ Yash Raj Film Production Company တွင် CEO နှင့် ပိုင်ရှင်တစ်ဦးဖြစ်သည်။ ၂၀၁၂ တွင် ကိုယ်ပိုင် Yomics ဇာတ်ကားထုတ်လုပ်ရေး ကုမ္ပဏီကို ထူထောင်သည်။  ၂၀၁၄ တွင် Grace of Monaco နှင့် The Longest Week လို ဟောလီဝုဒ် ရုပ်ရှင်ကို ပထမဆုံးအကြိမ် Yash Raj Film ကုမ္ပဏီက ထုတ်လုပ်ခဲ့ သည်။ 
အသက် 44 နှစ် အရွယ်ရှိပြီးဖြစသော ယခင် မောင်ဗလမင်းသားသည် ယနေ့ ထူးထူးခြားခြား ရုပ်သဏ္ဍာန်ပြောင်းလဲလာသည်။ 


Ref: Bollywood Papa.com



Tuesday, October 3, 2017

သင့်မိသားစုဘဝကို ပိုမိုလန်းဆန်စေမည့် မီးဖိုချောင်သုံး ကိရိယာ (၂၅) မျိုး

စုစည်းတင်ဆက်သူ⏩ နတ်မျက်စိ

ပြည့်စုံသည့် မီးဖိုချောင်တစ်ခု ဖြစ်ဖို့မတွက် လှို့ဝှက်ချက်တွေ သင်သိပါသလား? လှပသော ဒီဇိုင်းလုပ်ထားခြင်း၊ ခေတ်မီသော ကိရိယာများရှိခြင်း၊ ပိုမိုလွယ်ကူအသုံးဝင်သော ပစ္စည်းများသည် သူ့နေရာနှင့်သူ အလွန်အရေးကြီးသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ ရိုးရှင်းသော အဖြေသည်လည်း သက်သောင့်သက်သာ ဇိမ်ကျတဲ့ မီးဖိုချောင် တစ်ခုကို ဖန်တီးပေးတယ်။ 

အာရ်အစ်အေဖ် က ဤ ပို့စ်တွင် မီးဖိုချောင်သုံး ခေတ်မီ ကိရိယာတန်ဆာပလာ ၂၅ ခု ကို တင်ဆက်ပေးမည် ဖြစ်သည်။ 

၁။ ဟင်းရွက် ညှပ် ကတ်ကြေး
ဤ ကတ်ကြေးသည် ဟင်းရွက်၊ အစိမ်းရွက်တွေ အလွယ်တကူ  ပိုင်းဖြတ်နိုင်သည်။ အရွယ်တန် ကလေးများပင် အရွယ်အစား ညီညီ ပိုင်းဖြတ်နိုင်သည်။ 


၂။ မွန်းတည့်နေပုံ ဥကြော်
ရာသီဥတု မည်သို့ပင် ရှိစေကာမူ ဤ ကြော်ပြားသည် သင့် နံနက် သရေစာကို နေသာစေလိမ့်မယ်။ 

၃။ မီးဖိုချောင်သုံး ဆေးကြော့ ဖိုမ်
ဤ ဆပ်ပြာမြှုပ်စုပ် ဖိုမ်သည် အိပ်ရာကုတင် ပုံရှိ၍ သင့် မီးဖိုချောင်ကို အိပ်ခန်းသဖွယ် ပျော်ဖွယ်ကောင်းစေမည်။ 

၎။ ကြက်ဥခွက်

ဤကိရိယာဖြင့် ကြက်ဥကို ကျက်စေပါက သင့်မိသားစုနှင့် ဧည့်သည်များ အံ့ဩသွားပါလိမ့်မည်။ သင့်၏ ဟင်းများသည် ပန်းချီကားချပ် ငယ်တစ်ခုပမာ ရှုမြော်ဖွယ်ကောင်းပါလိမ့်မည်။  

၅။ အသား နုစေသောအပ်စက်
ဤကိရိယာသည် သင့်အသားတုံးကို ဆူညံမှုမရှိဘဲ လျင်မြန်စွာ နုညံ့စေရန် ကူညီပါလိမ့်မည်။ 

၆။ သခွားလှီးဓား
ဤ ကိရိယာသည် သင့် သခွား အမျိုးဝင် အသီးများ၏ အရေခွာနိုင်ပြီး အချိုးအစားမျှ လှီးဖြတ်နိုင်သည့်အပြင် အလယ်မှ အစေ့များကိုလည်း အလွယ်တကူ ထုတ်ပယ်ပေးသည်။ သင့်မှာ ညစ်ပေခြင်းမရှိဘဲ သန့်သန့်ရှင်းရှင်းသာ ရှိပေလိမ့်မည်။ 

၇။ အပူပေးဓား
ဤဓားကို ပေါင်မုန့်များ လှီးဖြတ်သောအခါ တစ်ခါတည်း ကင်းသွားအောင် ပြုလုပ်ထားသည်။ ပေါင်မုန့်ပြားပေါ်၌ သုတ်လိမ့်ထားသော ထောပတ်ကိုလည်း အရည်ပျော်နိုင်အောင် လိုအပ်သော အပူချိန်ကို ထုတ်ပေးသည်။

၈။ သုံးထပ်သွင်း ရေကရား
ဤရေကရား တွင်း ရေခဲ၊ သစ်သီးဝလံ၊ လက်ဖက်တို့အတွက် ပြောင်းလဲအသုံးပြုနိုင်သော ခွက်သုံးခွက်ရှိသည်။ ကိုယ်တိုင် ဖျော် ဖျော်ရည်ယာမကသောက်သုံးတတ်သူတို့အတွက် အထူးကြိုက်နှစ်သက်ရာ ကိရိယာ တစ်ခုဖြစ်သည်။ 

၉။ ဆီလီကုန်း ဆီဖျန်းဘူး
ဤကိရိယာသည် စားစရာတို့၏ မျက်နှာပြင်တွင် ဆီ ညီညီမျှမျှ သုတ်ပေးနိုင်ရန် အကူအညီပေးသည်။ သင့် လက်နှင့် စားပွဲပေါ်တွင် ဆီစွန်းစက်တင်နေမည်မဟုတ်၊ အလွန်အသုံးဝင်သော ကိရိယာတစ်မျိုးဖြစ်သည်။  

၁၀။ ဟင်းရွက်စမ့်ဘူး
ဤစိမ့်ဘူးသည် အထူးသဖြင့် ဟင်းထဲ ကြက်သွန်ဖြူ/နီ၊ မဆလာ၊ ဟင်းမွှေးရွက်များ မကြိုက်သူများ ပြုလုပ်ထားသည်။ ဘူးထဲ၌ သီးခြားထဲပြီး ဟင်းအိုးတွင် ချပေးခက်ပြုတ်နိုင်သည်။ 

၁၁။ ဆေးခွက် ဆီန္နီပြား

ဆီန္နီပြါးသည် မီးဖိုချောင်တိုင်း၏ အားထားရာဖြစ်သည်။ ယခုမှာ လှီးထားသော ဟင်းသီးဟင်းရွက်ကို တစ်ခါတည်း ဇလုံပေါ်တင်ပြီး ဆေးကြောနိုင်သည်။ 

၁၂။ ဆီလီကုန်း အဖုံး

ဆန့်ချုံ့နိုင်သော ဤ အဖုံးသည် မည်သည့်အရွယ်အစား ခွက်မှာမဆို ဖုံးနိုင်သည်။ သင့်၏ ဟင်းသီးဟင်းရွက်များလည်း သန့်သန့်ရှင်းရှင်း ရှိနိုင်သည်။

၁၃။ ဟင်းရွက်စိတ် ဒလိမ့်
ဤ ဒလိမ့်စက်သည် နုနယ်သော ဟင်းသီးဟင်းရွက်များကို အလွယ်တကူ အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပေးနိုင်သည်။ 


၁၄။ ဟင်းရွက်ထည့်ဘူး
ဤဘူးသည် သင့်ဟင်းရွက်များကို အချိန်ကြာမြင့်စွာ လတ်လတ်ဆတ်ဆတ် ထားနိုင်သည်။ 
ဘူးထဲ ရေထဲပြီး ရေခဲသေတ္တာတွင် သိမ်းထားနိုင်သည်။ 

၁၅။ ချိပ်ပိတ်စက်
ပစ္စည်းများကို ဖုံ၊ ပိုးမွှားများမှ ကာကွယ်နိုင်ရန် အလွန်အရေးပါသည်။

၁၆။ ဟင်းသီးဟင်းရွက် ချက်ခြင်း 

ဤခြင်းဖြင့် ဟင်းသီးဟင်းရွက်များကို ထည့်ပြီး အိုးထဲ အလွတ်ထည့်ကာ ကျိုချက်နိုင်သည်။ 

၁၇။ နာနတ်လှီးဓား
နာနတ်သီးကို နှစ်သက်ပြီး အရေနွှာရန် ပျင်းရိသူ အတွက် ၅ မိနစ်အတွက် နာနတ်သီး တစ်လုံး လှီးဖြတ်ပေးနိုက်သော အံ့ဖွယ်ကိရိယာဖြစ်သည်။


၁၈။ ကဘာဘ်လှီးဘူး
အသား၊ ဟင်းသီးဟင်းရွက်များကို အလွှာလွှာထည့်ပြီး အရွယ်ညီမျှ ပါးပါး လှီးနိုင်ရန် အလွယ်ကူဆုံးဖြစ်သည်။ 



 ၁၉။ ကြက်သွန်လှီး အိုးထည့်ပြား

အခင်းတွင် ပေမနေဘဲ အိုးထဲ တစ်ခါတည်း ထည့်နိုင်သည်။ 

၂၀။ ဗူးဖွင့်စက်

မည်သည့်ဘူးမျိုးကို မဆို အလွယ်တကူ ဖွင့်ပေးနိုက်သည်။


၂၁။ လှီးဖြတ်တွဲထည့်ပြား
အပို ခွက်တွေ မလိုဘဲ သင်ပြင်ဆင်ထားသော အသီးအရွက်၊ အသား၊ ငါး စသည်တို့ကို ထည့်ထားနိုင်သည်။ 


၂၂။ ကြက်သွန်ဖြူလှီးဓား
အလွန် လွယ်ကူပြီး မီးဖိုချောင်တွင် ထားသင့်သော ကိရိယာတစ်မျိုးဖြစ်သည်။

၂၃။ ဓား၊ ဇွန်း ဆေးကြောစက်

သင်၏ တန်ဖိုးရှိသော အချိန်ကို အလွန်သက်သာစေမည်။ 

၂၄။ တန်းချောင်းစင်
ဆေးကြောပြီး ပန်းကန်ခွက်၊ ပန်းကန်ပြား၊ သစ်သီးများကို ရေချွတ် ခြောက်သွေ့စေရန် အသုံးပြုနိုင်သော စင်ဖြစ်သည်။ ရစ်လိပ် ရွေ့နိုင်သောကြောင့် သုံးရ လွယ်ကူသည်။

၂၅။ စလင်း၊ယောက်မတင်ခုံ

မီးဖိုချောင်တွင် အသုံးပြုနေဆဲဖြစ်သော ဟင်းရည်၊ အဆီများ၊ အငွေ့များဖြင့် ပေနေသော စလင်း/ အိုးဖုံး၊ ယောက်မ၊ တို့ကို တင်ထားနိုင်သော ခုံဖြစ်သည်။ သင်၏ မီးဖိုချောင်ကို သပ်သပ်ရပ်ရပ် ရှိစေမည့် ကိရိယာဖြစ်သည်။ 




Ref: Bright.com