Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, July 9, 2021

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။

သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။

ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့

အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း

နာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ

ထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး

အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။

၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ

နာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး

ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်

ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့

ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။


ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ

*********

၁။ Mask မတ်(စ်)တပ်ပါ။

၂။ လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ဆေးပါ။

၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။

၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။

၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဥ်ပါ။

၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။


ကြိုတင်ပြင်ဆင်မှုများ

************

၁။ ကိုယ်ခံအားကောင်းစေမည့် အစားအသောက်ကိုစားပါ။

၂။ အိပ်ရေးဝဝအိပ်ပါ။

၃။ Vit.C ကြွယ်ဝသော အစားအစာ စားပါ။ (သို့) Vit.C 100mg တနေ့တလုံးသောက်ပါ။

၄။ Zinc ပါသောအားဆေး မှီဝဲပါ။

၅။ မိမိအိမ်တွင်း ကိုယ်လက်လှုပ်ရှား အားကစား တနေ့အနည်းဆုံး မိနစ် ၂၀ ခန့်ပြုလုပ်ပါ။

၆။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပါ။ ပြုလုပ်နည်းကို Google တွင်ရှာပါ။

၇။ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်သော မိမိကြိုက်နှစ်သက်သည့် စာဖတ်ပါ။ (သို့) တရားထိုင်ပါ။

———————————————————


# Covid အတွက် ဆောင်ထားရမည့်ဆေးများကို ဤ post တွင် တစုတစည်းတည်းရှိနေစေရန် အောက်ပါစာများအား Hello Dr. မှကူးယူဖော်ပြပါသည်။


Covid အတွက် ဘာဆေးတွေ ဆောင် ထားမလဲ။


▶ ဖျားလျှင်

Paracetamol 500mg [မနက် နေ့ ည]

▶ ကိုယ်လက် ကိုက်ခဲလျှင်

Paracetamol 500mg [မနက် နေ့ ည]

သို့မဟုတ်

Aclofenac 100mg [မနက် ည (အစာစားပြီး သောက်ပါ)]

▶ နှာရည် ယိုလျှင်

Cetrizine [မနက် ည]

▶ ချောင်းဆိုးလျှင်

Presco [မနက် နေ့ ည]

▶ သလိပ်ရလျှင် ၊ လည်ချောင်းနာလျှင်

Amoxicillun 500mg ၂ ကတ် [မနက် နေ့ ည ၇ ရက်]

သို့မဟုတ်

Azithromycin 250 mg [မနကျ ည ၃ရကျ]

နှင့်

Strepsil or Degirol or Mybacin ငုံဆေးပြား[မနက် နေ့ ည]

▶ ဝမ်းလျှောလျှင်

ဓာတ်ဆား တိုက်ပါ။

▶ အန်လျှင်

Dimperidone 10mg [မနက် နေ့ ည

အစာမစားမီ နာရီဝက် ခန့် ကြို သောက်ပါ]


Cevit ၁၀လုံး [မနက် ည]

(တတ်နိုင်လျှင် Vitacee or Enervon C တရက် တလုံးသောက်ပါ)

အားဆေး တရက် တလုံး

Supravit, Zincovit, Becozinc, Nutrivita

Revicon max

(ကို​ယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ)


အစားအကုန်စားပါ။ 

ဝအောင်အိပ်ပါ။

စိတ်ကို ကြံ့ခိုင်အောင်ထား။

Mask တပ်ပါ။

မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့။


#Credit_to_owner

Friday, May 25, 2018

ကင်ဆာရောဂါဖော်ထုတ်ပေးမယ့် MasSpec Pen ဘော်ပင်နဲ့ တီထွင်သူ အီစ္စလာမ်ဘာသာဝင် Aydin Zahedivash


ကင်ဆာရောဂါကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်ပေးမဲ့ MasSpec Pen ဘောပင်ကို တီထွင်သူ အီရန်နွယ်ဖွား အစ္စလာမ်ဘာသာဝင် အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash)
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

ဒီ MasSpec Pen ဘောပင်ကလေးနဲ့ ခန္ဓာကိုယ်ကို တစ်ချက်ထိလိုက်ယုံနဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာရှိ/မရှိ ချက်ခြင်းသိနိုင်ပါတယ်။

“ဒါက အခြေနေတွေ လုံးဝ ပြောင်းလဲသွားစေပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ တစ်နေ့က ခွဲစိတ်စမ်းသပ်မှု လုပ်တော့ အဖြေ ထွက်ဖို့ နောက်ထပ် ၁ နာရီစောင့်ရပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိနည်းလမ်းဟာ အဲဒီလောက် အချိန်ကြာတတ်လို့ပါ။”


“ဒါပေမဲ့ ဒီနည်းလမ်းသစ်နဲ့ ကင်ဆာရှိ/မရှိ စက္ကန့် ၂၀ အတွင်းမှာ အဖြေထုတ်ပေးနိုင်သလို စမ်းသပ်နေကြ နည်းလမ်းဖြစ်တဲ့ အသားစထုတ်ယူမှုတွေ မပါဝင်ပါဘူး။ ကင်ဆာရှိ/မရှိ လက်ရှိစမ်းသပ်မှုမှာ လူနာ ကိုယ်ထဲက အသားစတွေကို ထုတ်ယူကြ တာပါ။ ကျနော်တို့ရဲ့ နည်းလမ်းကတော့ အဲဒီနေရာကို အသားစယူဖို့မလိုသလို အဲဒီနေရာကို ဘောပင်လေးနဲ့ထိလိုက်ယုံနဲ့ သိနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပြပါတယ်။

ခွဲစိတ်မှု လုပ်နေချိန်မှာ ကင်ဆာဖြစ်နေပြီလို့ ထင်ရတဲ့ နေရာက မော်လီကျူးကို ဘောပင်ထိပ်က ရေစက် ကလေးကနေ စုပ်ယူပီး စမ်းသပ်တာပါ။ ဒါကို ရောင်စဉ်တိုင်း က၇ိယာလို့ ခေါ်ပါတယ်။ အဲဒီလို စုပ်ယူလာတဲ့ မော်လီကျူးကို ခွဲခြမ်း စိတ်ဖြာပြီးတော့ ကင်ဆာရှိမရှိ အဖြေထုတ်ပေးတာပါ။

နောက်ပြီး ကောင်းတာတစ်ခုက ကင်ဆာရှိတဲ့နေရာကို အတိကျတိုင်းပေးပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘယ်နေရာက အသားစ ဘယ်လောက်ဖြတ်ထုတ်ရမယ် ဆိုတာ ခွဲစိတ်ဆရာဝန်တွေ သိနိုင်ပါလိမ့်မယ်။
“လူအသားစတွေနဲ့ ကျနော်တို့ စမ်းသပ်ပြီးပါပြီ။ လူနာတွေရဲ့ အသားစတွေနဲ့ ကျနော်တို့စမ်းသပ်တဲ့အခါ ကင်ဆာရှိမရှိ ၉၆ % ကျနော်တို့ မှန်ကန်နေတာကို တွေ့ခဲ့ကြပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပါတယ်။
ဒီကင်ဆာစမ်းသပ်တဲ့ ဘောပင်သစ်ကို ကျနော်တို့ ထုတ်လုပ်ဖို့ ၂ နှစ်ခွဲလောက် ကျနော်တို့ အချိန်ယူခဲ့ရ ပါတယ်။ ကျနော် တို့မှာ 3-D printer ရှိတဲ့အတွက် အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချက်ခြင်းပဲ ထုတ်ယူနိုင်ခဲ့တာပါ။

နှစ်ပိုင်းအတွင်းမှာပဲ MasSpec ဘောပင်တွေကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တက္ကဆက်တက္ကသိုလ်၊ Dell ဆေးကျောင်းရဲ့ ခွဲစိတ်ခန်းထဲမှာ စမ်းသပ် အသုံးပြုနိုင်တော့မယ်လို့ အိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု တလွှားမှာရှိတဲ့ ဆေးကျောင်းတွေမှာလည်း ဒီဘောပင်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ပြီးယင် ဈေးနှုန်းအလွန်ချိုသာတဲ့ အိမ်သုံးဘောပင်တွေကို ထုတ်လုပ်ဖြန့်ချီဖို့ စီစဉ်ထားပါတယ်။

ဒါကြောင့်မိုလို့ နှစ်ပေါင်း အနည်းငယ်အတွင်းမှာ ဆီးချိုတိုင်းသလို လူတိုင်းကင်ဆာရှိ/မရှိ ကြိုတင် သိနိုင်တော့မှာ ဖြစ်ပါတယ်။

အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash) ဆိုတဲ့ ဆေးပညာခေတ်သစ်ကို ဆန်းသစ်နိုင်ခဲ့တဲ့ ဒီသူရဲကောင်း လူငယ်လေး ဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့ခိုလှုံလာတဲ့ အီရန်လူမျိုး အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးက မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ မွေးရပ်ဇာတိမြေဟာ ဟူစတန်မြို့ဖြစ်ပါတယ်။ သူဟာ The University of Texas မှာ BS, Biomedical Engineering နဲ့ ဘွဲရရှိခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့အခါ သူဟာ နည်းပညာပိုင်းမှာ ထူးချွန်တာကို သတိထားမိ သွားပါတယ်။ သူဟာ ဇီဝအင်ဂျင်နီယာဘာသာရပ်နဲ့ လူသားတွေရဲ့ အသက်ကိုကယ်တင်မယ်လို့ သတိထားမိလာပါတယ်။

သူဟာ နည်းပညာဆရာဝန်ဖြစ်လာတဲ့အခါမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ ပိုမိုကောင်းမွန်လာအောင် စီမံခန့်ခွဲတဲ့နေရာမှာ သမားတော်တွေကို အထောက် ကူပေးတဲ့ ကရိယာတွေကို သုံးပြီး စက်အားဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးတဲ့နေရာမှာ အကူညီပေးလို့ရအောင် သုတေသီအဖွဲ့တွေနဲ့ အတူတွဲအလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ အရာကပဲ နည်းပညာနဲ့ ဆေးပညာနှစ်မျိုး ပေါင်းစပ်အသုံးပြုဖို့ ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အိုင်ဒန်က ပြောပါတယ်။

Dell ဆေးကျောင်းမှာတော့ အိုင်ဒန်လေးဟာ ကွာဟချက်တွေ ကျဉ်းမြောင်းသွားစေဖို့နဲ့ ဆရာဝန်တွေ အလုပ်လုပ်တဲ့ နည်းလမ်း တွေကို လွယ်ကူသက်သာအထောက်ကူရဖို့ ဒီဘောပင်လေးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ဒန် အမြဲပြောနေတဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ “ဆရာဝန်တွေဟာ သိပ္ပံနဲ့ လူသားအကြားက သံတမန်တွေ ဖြစ်ပါတယ်ဗျာ” တဲ့။

This cancer-detecting pen could one day help surgeons better remove tumors


ရုပ်သံနားထောင်ရန်- ဗီအိုအေ သတင်း
https://www.facebook.com/VoA.Burmese.News/videos/10156104489085170/


Saturday, January 13, 2018

ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ဖခင် အာဘီ စီနာဟ်


Ibn Sina : FB

ခေတ်သစ်ဆေးသိပ္ပံပညာ၏ဖခင် အဘီစီနာဟ်


Ibn Sina သည် ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ အနောက်တိုင်းတွင် Avicenna နာမည်ဖြင့် ထင်ရှားသည်။ သူ့ နာမည်ရင်းမှာ Abu-Ali Al-Husain Ibn Abdullah ibn Sina ဖြစ်သည်။ သူသည် ပါရှန်လူမျိုး တစ်ယောက်ဖြစ်ပြီး မွတ်စလင်ကမ္ဘာနှင့် အလယ်ခေတ် ဥရောပမှာ သြဇာရှိခဲ့သူဆိုလဲ မှားမည်မဟုတ်ချေ။ Uzbekistan နိုင်ငံ၊ Bukhara မြို့တွင် အေဒီ ၉၈၀ခန့်မှာ မွေးဖွားသန့်စင်ခဲ့သည်။ အေဒီ ၁၀၃၇ တွင် အီရန်နိုင်ငံ Hamadan မြို့တွင် ကွယ်လွန်ခဲ့သည်။ 

သူသည် ဂရိ နှင့် မွတ်စလင်တို့၏ အတွေးအခေါ်နှင့် တက္ကဗေဒပညာတွေကို လေ့လာသင်ယူခဲ့သည်။ အသက် ၁၆နှစ် အရွယ်တွင် ဆေးပညာကိုလေ့လာရင်းပင် ဥပဒေရေး အငြင်းပွားမှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။ အသက်၁၈နှစ်မှာတောင် ထူးချွန်သောဆေးပညာရှင်ဖြစ်နေပါပြီ။ ထို့နောက် ကျမ်းစာအုပ် ပေါင်းများစွာကို ရေးသားပြုစုခဲ့သည်။ သူ့အား သမိုင်းတွင် Prince of Physicians (သမားတော်အပေါင်း ၏ မင်းသား) ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။ 

သူသည် ဆေးပညာကို အချိန်တိုအတွင်း တက်မြောက်ခဲ့၍ ထူးချွန်သော သမားတော်ကြီးများကပင် သူ့ထံလာရောက် ပညာဆည်းပူးရသည်အထိ ပေါက်မြောက်လာခဲ့သည်။ လူနာများကို ကိုယ်တိုင် ကိုယ်ကျ ကုသရင်း လက်တွေ့အသုံးချဆေးပညာကို တတ်ကျွမ်းလာခဲ့သည်။ သူသည် အခက်ခဲကြုံလာသည့်အခါမျိုးတွင် ဗလီဝတ်ပြုကျောင်းတော်သို့ သွားရောက်ကာ ဖန်ဆင်းရှင်ထံ ဆုတောင်းလေ့ရှိသည်။ သူသည် ကျမ်းပေါင်း ၄၅၀ ခန့် ပြုစုခဲ့သည်။ သူပြုစုခဲ့သည့်  "ကိသာဗုရှ်ရှိဖာ (The Book of Healing)" ကျမ်းသည် ကမ္ဘာ့သမိုင်းတွင် ပုဂ္ဂိုလ်တစ်ဦးတည်းက ရေးသားပြုစုခဲ့သည့် ကျမ်းများအနက် အရှည်လျားဆုံး၊ အထူကဲဆုံးကျမ်းဖြစ်သည်သာမက သီအိုရီပိုင်း နှင့်လက်တွေ့ပိုင်း နှစ်ပိုင်းစလုံးပါဝင်သော စွယ်စုံကျမ်းကြီးဖြစ်ပေသည်။ 

The Canon of Medicine ကျမ်းသည်လည်း သူ၏ထင်ရှားသောလက်ရာမွန် ဖြစ်ပါသည်။ ဤစာအုပ်သည် ဆေးကျမ်းကြီးဖြစ်ပြီး ဥရောပမှာ အလွန်နာမည်ကြီးခဲ့လေသည်။ လက်တင်ဘာသာစကားဖြင့် ပြန်ဆို၍ ဥရောပတက္ကသိုလ်များတွင် သင်ပြပို့ချခဲ့သည်။ ဆေးပညာရပ်၏ ပင်မ မှီငြမ်းကျမ်းကြီးဟု ဆိုလျှင်လည်း မမှားချေ။ သူ့အား ခေတ်သစ်ဆေးသိပ္ပံပညာ၏ ဖခင်ကြီး (Father of Modern Medicine) ဟု နောင်ခေတ်ပညာရှင်တို့က ခေါ်ဆိုခဲ့ကြသည်။ ထို့ပြင်  The 100 Most Influential Scientists of All Time ကမ္ဘာ့သမိုင်းတွင် အလွှမ်းမိုးဆုံးသော သိပ္ပံပညာရှင် (၁၀၀) စာရင်းတွင် သူ့ကို ထည့်သွင်းဖော်ပြထားသည်။ 

သူသည် ဆေးပညာရပ်တစ်ခုတည်းမှာ မဟုတ်ဘဲ အခြားသိပ္ပံပညာရပ်များတွင်လည်း ထူးချွန်သည်။ ဘူမိဗေဒဆိုင်ရာ ကျမ်းတစ်ကျမ်းကိုလည်း ပြုစုခဲ့သေးသည်။ ထိုကျမ်းသည် ဘူမိဗေဒ ပညာရပ်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ဖော်ပြထားသည့် ကမ္ဘာ့ပထမဦးဆုံးကျမ်းဖြစ်ကြောင်း ပညာရှင်များက အတည်ပြုသည်။ Father of Geology (ဘူမိဗေဒ၏ ဖခင်ကြီး) ဟုခေါ်ဆိုရန် ထိုက်တန် သည်ဟု The History of Clinical Endocrinology: A Comprehensive Account of Endocrinology from the Earliest Times to the Present Day တွင် ဖော်ပြထားသည်။ သူ့ကို ဂုဏ်ပြုသောအားဖြင့် နေစကြ၀ဠာရှိ ဂြိုဟ်သိမ်ဂြိုလ်မွှား အမှတ် (၂၇၅၅) အား Avicenna ဟူ၍ ပေးထားကြောင်း Dictionary of Minor Planet Names, Volume 1 တွင် ဖော်ပြထားသည်။ 🔬

Source - Internet

Thursday, November 9, 2017

NOLA HAÑZI: A Rohingya Traditional Soup


ရေးသား 📚 ရိုဟင်လေး
အမျိုးအစား 🍜 Rohingya Traditional Foods


💓နောလာ ဟာံဇီ [အရိုးစွပ်ပြုတ်]💓

Arailla farailla Melat bói 
Nola záñrér juwanki loi 
Ek záñráyé soun furaiyé 
Sinír basón hán hán goijjé.
နောလာဟာံဇီ သည် ရိုဟင်ဂျာတွေရဲ့ အစားအစာများအနက် ဂုဏ်တင် အထင်ကြီး၊ ဂါရဝတောစကို ဆောင် တဲ့ ဘောဇဉ်တစ်မျိုး ဖြစ်တယ်။ အများအားဖြင့် ဂုဏ်သရေရှိတဲ့၊ ဂါရဝပြုထိုက်တဲ့ လူကြီးမိဘတွေကို လေးစား ကြည်ညို ဧည့်ခံ ကျွေးမွေးလေ့ရှိတယ်။ မြန်မာလို အရိုးစွပ်ပြုတ်လို့ အဓိပ္ပာယ်ဖွင့်ရင် သင့်တော်ပါ မယ်။ ‘နောလာ’[Nola] ရဲ့ အဓိပ္ပာယ်က ခြေသကျဥ့်/ခြေရိုး၊ ‘ဟာံဇီ’ [Hañzi] က စွပ်ပြုတ်ရည် (သို့) ဟင်းချို ဟု အဓိပ္ပာယ်ရပါတယ်။

ဧည့်ခံပွဲတွေမှာ လူကြီးမိဘတို့ကို လေးစား ဂုဏ်တင်သော အားဖြင့် ဤ စွပ်ပြုတ်ကို ဧည့်ခံရတယ်။ မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ဆိုရင် နော်ဟာံဇီ ဟင်းရည်တစ်မျိုးတော့ မဖြစ်မနေ ချက်ပြုတ်လေ့ရှိတယ်။ အဲ့ဒီ ဟင်းလျာပွဲဟာ လူကြီးမင်းတွေကိုပဲ ချပေးတယ်။ ရိုမင်္ဂလာဆောင် ဧည့်ခံပွဲမှာ သွားပြီးတော့ နော်လာ ဟာံဇီ မပေးဘူး ဆိုပြီး မာန်မပါရဘူး။ ထုံးစံအရ ဂုဏ်တိုက်တယ် မထင်လို့ မစားရတာရှိမယ်။ နော်လာနဲ့ တွဲပြီးတော့ နောက်တစ်မျိုးရှိတယ်။ အဲ့ဒါက နို့ချဉ်ပေါ့။ ဒီမှာ နော်လာအကြောင်းဆွေးနွေးနေတော့ နို့ချဉ် အကြောင်းမပြောတော့ပါဘူး။ နောက်ပို့စ်တစ်ခုမှာ တင်ပြပေးပါမယ်။

ကဲ…နောလာ ဟာံဇီ ချက်ပြုတ်ကြရအောင်…

ပါဝင်ပစ္စည်းများ
၁။ အသားကပ်ပါတဲ့ ခြေထောက် အရိုး  /အရိုး 
၂။ ကြက်သွန်ဖြူ 
၃။ ကြက်သွန်နီ 
၎။ ဆီ 
၅။ မဆလာ 
၆။ အချဉ် 
၇။ နှနွင်း 
၈။ ချင်း 
၉။ ငရုတ်ကောင်း 
၁၀။ ရေ
(မှတ်ချက်။                ဆိတ်၊ နွား၊ သမင်၊ ကျွဲ စသည်တို့ရဲ့ ခြေထောက် အရိုးဖြင့် ပြုလုပ်နိုင်ပါတယ်။) 

ချက်ပြုတ်နည်း

ချက်ပြုတ်ရတာက သိပ်လွယ်တယ်။ အချိုးအစားစပ်နည်းကိုတော့ မိမိချက်ပြုတ်မယ့် ပမာဏအလိုက် ချိန် ကိုက် စပ်ရမှာဖြစ်တယ်။  ဦးစွာ ခြေရိုးတွေကို အရွယ်အစား အသင့်အတန်အလိုက် ပိုင်းဖြတ်ရတယ်။ နနွင်း၊ မဆလာ၊ ဆား၊ ချင်း တွေကို သမအောင် သုပ်လိမ်းပေးရတယ်။ အိုးကြီးနဲ့ ထည့်ပြီး အသင့်ဖြစ်နေလျှင် မီးဖိုပေါ်တင်ရတယ်။ အိုးပူလာလျှင် ရေ ထည့်ပေးရတယ်။   ပြီးရင်  တစ်နာရီလောက် ခပ်ကြာကြာ မီးကျဲကျဲ ပေါ် ကျက်အောင်ထားပါ။ ပြီးနောက် အရိုးထဲမှ ဓာတ်တွေ အဆီတွေ ရေနဲ့ ရောသွားပြီးဟု ထင်တဲ့ အခါ ကျန် ပစ္စည်းတွေကို သမအောင် လောင်ထည့်လိုက်ပါ။ နာရီကြာ ကျက်ခဲ့တဲ့အခါ ရေအနည်းငယ် လျော့သွားပါ လိမ့်မယ်။ အဲ့ဒါကြောင့် ရေနည်းနည်း ထည့်ပေးပါ။  ဟင်းအရည်ပမာဏတော့ သိသိသာသာ များရ မယ်။ အိုးအဖုံးကို သေသေချာချာ ဖုံးဖိထားပါ။ အကြာကြီး ကျက်စေရတယ်။ အရိုးမှ ပရိုတင်းဓာတ်တွေ ခြင်ဆီတွေ အရည်နဲ့ ရောညက်သည်အထိ မီးပေါ်တင်ထားရတယ်။ အနံ့အမွှေး ဝေဆာလာရင်ပြီးရော့။ နောလာဟာံဇီ ဟင်းပွဲ အသင့် ဖြစ်နေပြီ။ စားလှည့်ပါရှင်။

ဒုတိယနည်းက အစပ်ချက်တဲ့ နည်းလဲ ဖြစ်တယ်။ ငရုတ်သီး၊ ငရုတ်ကောင်းစေ့တွေ နဲ့ အရည် နည်းနည်း ထည့်ချက်တဲ့ နည်းဖြစ်တယ်။ ရေတော့ မများရဘူး။

🍴နောလာဟာံဇီနှင့် ကိုယ်ခန္ဓာကျန်းမာရေး 🍴

ရိုဟင်ဂျာ အစားအစာတွေဟာ ကျန်းမာရေးနဲ့ လိုက်ဖက်တယ်။ ခန္ဓာကိုယ်အတွက် အလွန်ကိုအကျိုးပြုစေတဲ့ အစားအသောက်မျိုး ဖြစ်နေတယ်။  ရှေး ရိုဟင်ဂျာတွေဟာ ဆေးပညာနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်လို့ သုံးသပ်နိုင်တယ်။ အရိုးစွပ်ပြုတ်ဟာ ကျန်းမာရေးအတွက် အင်မတန် အထောက်အကူပြုတယ်လို့ ဆေး ပညာရှင်တွေက ထောက်ပြနေတယ်။

အရိုးစွပ်ပြုတ်မှာ ကဲလ်ဆီယမ်{Calcium}၊ ပိုစ်ပိုရစ်{Phosphorus}၊ မဂ္ဂနီဆီယမ် {Magnesium} နှင့် အခြား သတ္တုဓာတ် {Minerals} တွေ ကြွယ်ဝတယ်။ 

ဒါ့အပြင် အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Amino acids arginine ရယ်၊ အာရုံကြော၊ ကိုယ်ခံအား Immune System နဲ့ အစာကြည် စနစ်ကို ပံ့ပိုးတဲ့ Glycine နှင့် အရေပြား ကျန်းမာအောင် ပံ့ပိုးသည့် Proline ဓာတ်တွေလဲပါဝင်ပါတယ်။

Fats၊ Gelatin၊ Collagen ဓာတ်ပြည့်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် ပရိုတင်း ၃၀ ရာခိုင်နှုန်းအထိ ဖြည့်တင်း ပေးနိုင်ပါတယ်။ အန်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပြီးတော့ Gut ရောဂါကို တားဆီးပေးနိုင် ပါတယ်။
Glucosamine၊ Chondroitin နှင့် Hyaluronic acid တို့ဟာ ခန္ဓာကိုယ်နှင့် အဆစ်ရှိကြွက်သား Tissue များကို အထောက်အကူပြုပေတယ်။

⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

ဆက်လက် စောင့်မျှော် ဖတ်ရှူပါ………To Be Continued …

Friday, October 27, 2017

Dindahánir Niyom loi kené Girá duré goríbá?


Toskara Goróyá: Fáidá Halu|

E toskarat mazé, Dindaháni Niyom e tuáñr andha bati óibár din oré hoek Gusólór Miyat or uore kiyas gorí faribá.

Dindahánir Niyom oré kené estemal goríbá?

Girá duré goríbollá Dindahánir niyom oré estemal gorár age, tuáñrtú homot 6 bár mací gusólór miyat oré tík gorá foribó. Tuíñ yián oré Dindaháni loi hót gorí faribá.

Yiáñt kengoríba dehái dilam: Gusólor foilá din oré dak do (iba gusólor foila tarík). Baáde muúmór maicót gusólór foilá din oré dak do. Ebar furá gusólór miyat oré gono (foilábar foilá din ottú loti muumor baror foilá din fán).

Tuáñttú éndilla homot 6 bár or gusolor miyat ( Period cycles ) oré hót gori raká foribo. Yaat tuaro bicí gori faille aró bála. Mesál:

Gusólor Foilá Din|Gusólor miyati Dinól|Gusólor foilá Din |Gusólor miyati dinòl

January 20                        29                                      May 12                              26

February 18                      29                                       June 9                               28

March 18                           29                                        July 9                                30

April 16                             29                                        August 5                           27

Ossé fottí Gusólor miyat deki 27 din ottú baçí oilé, Dindahánir Niyom e has nodibo. Sóyi fól no faibá.

Dindaháni miyatot uore Milmilat goríbar héfazoti din (safe day) kiki?

Tuáñr soledde gusólor miyatot foilabar anda fagar din( first fertile day ) kiyas gorí bálla(zeñtté tuiñ hámil oit faro):

Tuáñr agor Gusólor miyat hót ottún ebbe baçí wáre tuwa.

Zoma Gusólor miyat or din ottún 18 ré haçi félo.

Foilar gusór dinor túloti goní haçi faibade din oré dak do.(hattuá x)
Dak diyódé din deki tuáñr foilá andha fagar din.

Mesál: ossé tuáñr ebbé baçí gusólor miyat 26 din dóro. 26 ottu 18 haçi félo—Tóilé 8 faiba. Baáde, é 8 din oré tuáñ gusolor foila tarikottú lóti gono. Zodi tuáñr foilá gusólór cúru déki ingerazi maicór 4 taríkká oilé,  11 garo tarikót dak(X) do. Én oile 11 tarik deki tuáñr gusólor miyatot maze andha fagibár foila din. É tarikot milmilat gorá bon gorá foribo. Yá oinno zuu gorá foribo.



Tuáñr soledde gusólor miyatot ahéri bar andha fagar din( last fertile day ) kiyas gorí bálla (zeñtté tuiñ hámil oit faro)

Tuáñr agor Gusólor miyat hót ottún ebbe lamba wáre tuwa.

Zoma Gusólor miyat or din ottún 11 ré haçi félo.

Foilar gusór dinor túloti goní haçi faibade din oré dak do.(hattuá x)

Dak diyódé din deki tuáñr ahéri andha fagar din.

Mesál: ossé tuáñr ebbé lamba gusólor miyat 30 din dóro. 30 ottu 11 haçi félo—Tóilé 19 faiba. Baáde, é 19 din oré tuáñ gusolor foila tarikottú lóti gono. Zodi tuáñr foila gusólor cúru déki ingerazi maicór 4 taríkka oilé,  22  tarikot dak(X) do. Én oile 22 tarik deki tuáñr gusólor miyatot maze andha fagibár ahérí din. É tariko baáde lotí oñsá sárá milmilat gorí foriba.

Dindaháni Niyom loi tuáñr héfazoti din ar be héfazoti din oré kiyas gorí faribá— e niyom ibáyé tuáñré tik andha fagar din honó ebbe soyi soyi dóri difarede no. Étolla , gusólor miyat zodi 27 din ottú aró baçi oilé, yá fotti mací miyat bec hom ot táilé e niyom oré estemal gorí kiyasgorá muckil.

Dindaháni niyom e aró bicí faida goré, zehón tuiñ oino oino andha fagar hót gorí faredé niyom fúañti estemal goró. Zendilla deki,  gaár goromor niyom, hop Niyom ókkol. 

💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

Friday, October 6, 2017

ရိုနလ်ဒိုက ငွေကြေး ထောက်ပံ့ကူညီမှုအတွက် ၂၀၁၃ အကောင်းဆုံး ဘော်လုံးသမားဆု ကို ရောင်းချ လှူဒါန်း

ရီးရဲယ်မဒရိတ် ကွင်းလယ်တောင်းပံ ပေါ်တူဂီ အမျိုးသား ဘော်လုံးသမား
ခရစ်တီယာနို ရိုနယ်ဒို 2013 Ballon d'Or ဆု လက်ခံပြီး မြင်ကွင်း ၊ အင်တာနက်ပုံ

တင်ပြ 🔰 အဂ္ဂ|

“၂၀၁၅ ခုနှစ် ငွေကြေးအများဆုံး ထောက်ပံ့သည့် အားကစားသမားအဖြစ် ရိုနယ်ဒို ရွေးချယ်ခြင်းခံခဲ့သည်။ သူ့ ၂၀၁၃ အကောင်းဆုံးဘော်လုံးသမားဆုကို ရောင်းပြီး ရောင်းရငွေ ပေါင် ၆ သိန်း လှူရင်း သူ့ကောင်းမှုကို ဆက်လက် ဆောင်ရွက်လာသည်။”   

ရိုနယ်ဒိုသည် ကစားကွင်းတွင် မိမိကိုယ့်ကို စွဲလမ်းတတ်သူ၊ စိတ်ကောက်သူ စသည်နှင့် နာမယ်ကြီးသော် လည်း ကွင်းအပြင်တွင် သူ့စေတနာ ရက်ရောမှုက သူ့ ဘော်လုံးကစားမှု စွမ်းရည်ကဲ့သို့ပင် ပြိုင်ဘက်ကင်း အောင် ထက်မြက်လှသည်။  

ရီးရဲယ် မဒရိဒ် ကြယ်ပွင့်သည် သိပ်ကောင်းသော အကြောင်းတရားပေါ် လှုဒါန်းပေးကမ်းမှုမှာ ရှည်လျားသော စာရင်းရှိလာသည်။ ၂၀၁၀ ခုနှစ်တွင် ၁၀ နှစ်အရွယ် သူ့ Fan ကလေးတစ်ဦးအား ဦးဏှောက် ခွဲစိတ်ကုသ နိုင်ရန် ထောက်ပံ့ခြင်း၊ နောက် နှစ်နှစ်အကြာ ၉ နှစ်အရွယ် ကလေးတစ်ယောက်အား ကင်ဆာရောဂါ ကုသမှုခံယူနိုင်ရန် ထောက်ပံ့ခြင်း၊ ၂၀၁၅ ခုနှစ် နီပေါ့နိုင်ငံ ငလျင်ဒုက္ခသည်များအတွက် ပေါင် ၅ သန်း ထောက်ပံ့ခြင်း စသည့် အထောက်အပံ့သည် အားကျဖွယ် သူ့စေတနာသဒ္ဓာသက်သန်မှုကို ထင်ဟပ်နေသည်။ 

၂၀၁၅ ခုနှစ် ငွေကြေးအများဆုံး ထောက်ပံ့သည့် အားကစားသမားအဖြစ် ရိုနယ်ဒို ရွေးချယ်ခြင်းခံရသည်။ သူ့ ၂၀၁၃ အကောင်းဆုံးဘော်လုံးသမားဆုကို ရောင်းပြီး ရောင်းရငွေ ပေါင် ၆ သိန်း လှူရင်း သူ့ကောင်းမှု ကို ဆက်လက် ဆောင်ရွက်လာသည်။ reports The Independent

ရိုနယ်ဒို သည် အကောင်းဆုံး ဘော်လုံးသမားဆု အားလုံးပေါင်း လေးလုံး ဆွတ်ခူးထားသည်။ ၂၀၁၃ ဆုကို လွန်ခဲ့သော အားလပ်ရက်က ဒိုချဲ့စတား ဟိုတယ်၌ ကျင်းပခဲ့သော  လန်ဒန်လေးလံပွဲ တွင် ရောင်းချ လှူဒါန်းခဲ့သည်။ ရောင်းရငွေကို  အသက်ခြိမ်းခြောက်မှုနှင့် သေလုမြောပါး ရောဂါသည် ကလေးများအား ကုသနိုင်ရေး ထောက်ပံ့နေသည့် ဖောင်ဒေးရှင်း ဖြစ်သော Make-A-Wish Foundation သို့ လှူဒါန်း လိုက်ခြင်းဖြစ်သည်။ 

သူသည် ၂၀၀၈၊ ၂၀၁၄နှင့် ၂၀၁၆ အကောင်းဆုံးဆုများ ရရှိထားသော်လည်း ဤ ၂၀၁၃ ဆုမှာ သူ့အတွက် သိပ်ကို အရေးကြီးလှကြောင်း၊ တန်ဖိုးကြီးလှကြောင်း ထင်မိသည်။ ထိုအကောင်းဆုံးဘော်လုံးသမားဆုကို ရရှိရန် သူ၏ ပြိုင်ဘက်ဖြစ်သော ဘာစီလိုနာ ကစားသမား Lionel Messi နှင့် လေးနှစ်နှစ်တိုင်တိုင် မဆုတ်မနစ် ပြိုင်ခဲ့ပြီး ရရှိခြင်းဖြစ်သည်။ 

အချုပ်ပြောရလျှင် သေလုမြောပါး ရောဂါစွဲ ကလေးသူငယ်အား ထောက်ပံ့ရန် အလှူခံပွဲ၌ စုစုပေါင်း ပေါင် ၂.၇ သန်း ကောက်ခံရရှိခဲ့သည်အနက် ၂၂%သည်  ရိုနယ်ဒို၏ ထောက်ပံ့ငွေ  ပါဝင်သည်။  

ရိုနယ်ဒိုသည် ကုန်ဆုံးသွားသော ရာသီတွင် ရီးယဲယ်ကို ၁၂ ကြိမ်မြောက် UEFA ချန်ပီယံလိဂ် ချန်ပီယြံဖစ် နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လာမည့် ဇန္နဝါရီတွင် ကျင်းပမည့် အကောင်းဆုံး ဘော်လုံးသမားဆုကို သူ ပဉ္စမအကြိမ် ရရှိနိုင်ကြောင်း မျှော်လင့်ချက်များသည်။ ဤနှစ်တွင် သူသာ အကောင်းဆုံး ဘော်လုံးသမားဆုကို ရရှိလျှင် Messi နှင့် အဆင့်တူသွားလိမ့်မည်။ မက်ဆီသည် ဆု ၅ ဆုကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။   

Source : Dhaka Tribune 

Monday, October 2, 2017

HIV/AIDS ရောဂါကို ခါးခါးသီးသီး ရင်ဆိုင်ခဲ့ရသော ထင်ရှားကျော်ကြား သရုပ်ဆောင် (၇) ဦး

စုစည်းတင်ဆက် 🌟 နတ်မျက်စိ

ယခုတိုင် ကုသမှု တစ်ခုကို ရှာဖွေနေသည့် ရောဂါမှာ အေအိုင်ဒီအစ် ရောဂါပင်ဖြစ်သည်။ လူတို့ကို အေအိုင်ဒီအစ်ရောဂါ ကြိုတင်ကာကွယ်မှုများကို စည်းရုံးလှုံဆော်ပွဲ နှင့် ဆောင်ရွက် စီမံချက်မရွေး လှုံဆော်နေ သော်လည်း ယနေ့တိုင် လူတို့သည် ထို အသက်သေစေသော ရောဂါဖြင့် ဇာတ်သိမ်းနေ ကြသည်။ ၎င်း ရောဂါဆိုး၏ သားကောင်အဖြစ် သာမန်လူသာ ကျရောက်သည်မဟုတ်၊ အချို့ ထင်ပေါ် ကျော်ကြားသော သရုပ်ဆောင်များပင် အေအိုင်ဒီအစ် လူသတ်သမားကြောင့် သေဆုံးခဲ့ရသည်။ HIV/AIDS Positive စမ်းသပ်တွေ့ရှိခဲ့သော သရုပ်ဆောင် (၇)ဦး အောက်တွင် ဖော်ပြထားသည်။   


၁။ ဂျီိယာ ကာရင်ဂီ ( Gia Carangi)




သူမသည် အမေရိကန်နိုင်ငံသား ထိပ်တန်း ကိုယ်ဟန်ပြမောင် မော်ဒယ် တစ်ဦးဖြစ်သည်။ Levi , Giorgio Armani, နှင့် Maybelline စသည့် ထင်ပေါ်ကျော်ကြားသော ကုန်အမှတ် တံဆိပ် Brand အတွက် အလုပ်လုပ်ဖူးခဲ့သည်။ သို့သော် ဘိန်းဖြူစသော မူးယစ်ဆေးဝါး စွဲနေမှုမှ မကင်းလွတ်နိုင်ခဲ့ပေ။ အချိန်တို အတွင်း သူ့၏ ခန္ဓာကိုယ်ထဲ အေခ်ျအိုင်ဗွီ ဗိုင်းရစ် (HIV virus) ကူးစက်လာခဲ့သည်။ ဂျီယာသည် အသက် ၂၆ နှစ် အရွယ်တွင် နာမကျန်းမှုဖြင့် ဆုံးပါးခဲ့လေသည်။ 


၂။ ရော့ခ် ဟာဒ်စန် (Rock Hudson)




သူ့ခေတ်တွင် အသာစီးနေသော မင်းသားတစ်ယောက်ဖြစ်သည်။ ဟဒ်စန်သည် နှလုံးသွေးလှည့်ပတ်လမ်း ပြောင်းလွဲ ခွဲစိတ်မှု ( Heart Bypass Operation ) ခံယူနေစဉ် သွေးသွင်းရာမှ AIDS ရောဂါ ကူးစက်ခံခဲ့ရသည်။ အသက် ၆၀ နှစ်တွင် ကွယ်လွန်ခဲ့သည်။ 


၃။ ရိက္ခီ ဝေ့လ်စန် (Ricky Wilson)




ဤ အမေရိကန်နိုင်ငံသား ဂီတပညာရှင်သည် ကျော်ကြားသော တေးဂီတအဖွဲ့ B52 ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ဂီတာ တီးခတ်သည့် တာဝန် ဆောင်ရွက်ခဲ့သည်။ သူ့တွင် AIDS/HIV ရောဂါပိုး ရှာဖွေတွေ့ရှိ ပြီးနာက် သူ့အသက် ကယ်ဆယ်ရန် (၂) နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့သည်။ သို့သော် အသက် ၃၂ နှစ် အရွယ်တွင် သူ တိုက်ပွဲ ကျရှုံခဲ့လေသည်။ 


၎။ ပတ်ဒရို ပါပလို ဇာမိုရာ ( Pedro Pablo Zamora) 




အမေရိကန် သမ္မတ ဘီလ် ကလင်တန် ကပင် ဇာမိုရာ၏ လိင်ပိုင်းဆိုင်ရာ ကိုင်းညွှတ်မှု သဘောထားကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ဝန်ခံပြောဆိုမှု အတွက် ချီကျူးခဲ့သည်။ ဇာမိုရာသည် AIDS သေနတ်ကြောင့် နုပျိုရွယ် အသက် ၂၂ နှစ်တွင် ဘဝပြောင်းခဲ့လေသည်။  


၅။ ဘရဒ် ဒေဗီစ် (Brad Davis)




‘Midnight Express’ ညည့်နက် ယာဉ် အမည်ရှိ ဇာတ်၌ သရုပ်ဆောင်မှု ဖြင့် သူ့ကို လူသိများကြသည်။ ဘရဒ်သည် ၁၉၈၅ ခုနှစ်တွင် အေအိုင်ဒီအစ် ရောဂါပိုးကူးစက်နေကြောင်း စမ်းသပ်တွေ့ရှိခဲ့သော်လည်း သူသည် ထိုသတင်း ဖွက်ကွယ်ခဲ့သည်။ သူမသေဆုံးမီ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းတွင် သူသည် ရောဂါဖုံးကွယ်ထားခဲ့ခြင်းမှာ သူ့မိသားစု အကျိုးအတွက်ကြောင့်သာ ဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံခဲ့သည်။ သူရဲ့ရောဂါက သူ့မူးယစ်ဆေးသုံးစွဲမှုကို မတားဆီးနိုင်ခဲ့ချေ။ တစ်နေ့တွင် ဆေး ကဲလွန် သုံးစွဲမမှုကြောင့် ဆေးရုံသို့ တက်ခဲ့ရသည်။ ထိုနေရောတွင် သူ့ မိတ်သဟာများနှင့် မိသားစု ရှေ့မှောက်၌ ကမ္ဘာကို နောက်ဆုံး ခွဲခွာနှုတ်ဆက်စကားပြောရန် ဆုံးဖြတ်ခဲ့သည်။ သူသည် စက်တင်ဘာလ ၈ ရက်၊ ၁၉၉၁ ခုနှစ် ကုမနိုင်သော ရောဂါမှ ချမ်းသာခွင့်ရရန် သက်တောင့်သက်သာ သေစေရန် ညင်သာစွာ ဇီဝန်ခြွေပေးခြင်း( Euthanasia )ကို ဆုံဖြတ်ခဲ့သည်။


၆။ တီမိုသီ ပထ်ရီခ် မာရ်ဖီ (Timothy Patrick Murphy)



 

အသက် 29 နနှစ် အအရွယ်တွင် AIDS ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။ တီမိုသီသည် အမေရိကန် နိုင်ငံသား ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်ပြီး ဘရဒ် ဒေဗစ်နှင့် တွဲနေသည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။ သူ့တွင် နောက်ပိုင်းမှ ကူးစက်ခဲ့သည်ဟု ပြောဆိုကြသည်။    


၇။ နီရှာ နိုရ် (Nisha Noor)




နီရှားသည် တာမီလ် ရုပ်ရှင် သရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်သည်။ Kalyan Agathigal ကဲ့သို့သော် ရုပ်ရှင်ဇာတ်ကားများဖြင့် ကျော်ကြားသည်။ သူမကို ရုပ်ရှင်ထုတ်လုပ်သူက  ဖိအားပေး၍ ပြည့်တန်ဆာမှုထဲ ပို့ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နောက်ပိုင်းတွင် သူသည် HIV/AIDS သေမင်း ကူးစက်ခြင်း ခံခဲ့ရလေ သည်။ 

➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿

Monday, September 25, 2017

ကမ္ဘာ့ အလေးချိန်အများဆုံး အမျိုးသမီး အာဘူဒါဘီ ဆေးရုံတွင် ကွယ်လွန်



အီဂျစ်နိုင်ငံသူ ကမ္ဘာ့အလေးချိန်းအများဆုံး အမျိုးသမီးသည် အဘူဒါဘီဆေးရုံ ၊ ယူအေအီ၌ အလေးချိန်လျော့ချရန် ဆေးကူသမှုခံယူနေစဉ် နှလုံးနှောက်ယှက်မှု၊ ကျောက်ကပ်ပျက်စီးသွားမှုကြောင့် တနင်္လာနေ့တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာဝန် အယောက် ၂၀ ပါဝင်သော အဖွဲ့သည် ကုတင်စီး အီမာန် အဟ်မဒ် အဗ္ဗူလ်လတီပ် (၃၇ နှစ်) အား မေလတွင် ဗြုရ်ဂျေလ် ဆေးရုံ[Burjal Hospital]၌ ရောက်ရှိခဲ့သည့် အချိန်မှ စ၍ ကုသပြုစုလာခဲ့သည်။

အိမာန်အဟ်မဒ်သည် အစတွင် အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီးယားမြို့မှ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်မြို့သို့ အထူး အသင့်စီစဉ်ထားသော လေယာဉ်ဖြင့် အလေးချိန်လျော့ ဆေးကုသမှုခံယူရန် ဖေဖော်ဝါရီ အစပိုင်းတွင်း ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။


သူသည် ရောဂါရှုပ်ထွေမှုကြောင့် လေယာဉ်ပျံဖြင့် ခရီးထွက်ခွာရန် အချိန်အတန် စောင့်ခဲ့ရသည်။

သူသည် အဝလွန်ကဲ၌ လမ်းမလျှောက်နိုင်သဖြင့် အိမ်မှ အပြင်ထွက် မနိုင်သည်မှာ ဆယ်စုနှစ် နှစ်ခု လောက်တောင်ကြာ မြင့်ခဲ့သည်။ သူ့အလေးချိန်မှာ (၅၀၀) ကီလိုဂရမ်ခန့် (ပေါင် ၁၁၀၀) ရှိခဲ့သည်။

သူ၏ အိန္ဒိယ ဗီဇာအတွက် တောင်ပန်းချက်ကို အစက ငြင်းပယ်ခံရသော်လည်း သူ့အား စေတနာ့ ကုသပေးမည့် ဆရာဝန်အဖွဲ့က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးအား တွီတာမှ တဆင့် ကြားဝင်စေ့စပ် အသာနားခံခြင်းကြောင့် ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့သည်။ 

အစ်မ Shamee နှင့်အတူ


သူသည် bariatric ခွဲစိတ်ကုသမှု၊ a stomach-shrinking bypass procedure တို့ကို ၎င်းလတွင် ဆိုက်ဖီး ဆေးရုံ [Saifee Hospital] ၌ ကုသမှုခံယူ၍ အလေးချိန် ၁၀၀ ကီလိုဂရမ် လျော့ချ နိုင်ခဲ့သည်။

သူ၏ မိသားစုဝင်က ကလေးပေါက်စချိန်တွင် ဆင်ခန္ဓာဆန်ရောဂါ ကုသမှုခံယူရာ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဝပွလာခဲ့ကာ မလှုပ်မရှားနိုင်အောင် ဖြစ်လာခဲ့သည်ဟု ဆရာဝန်အား ပြောပြသည်။ 

သူ မွမ်ဘိုင်မှ ထွက်ခွာချိန်တွင် ဆရာဝန်က သူ၏ အလေးချိန် ထပ် တစ်ဝက်လျော့ရမည်ဟု ညွှန်ကြားခဲ့သည်။


သူ့ အစ်မ ရှာမီ အဟ်မဒ် သည် ဆေးရုံနှင့် အီမာန်၏ ကုသမှုနှင့် တိုးတက်မှု ဆိုင်ရာ ဆေးရုံနှင့် အငြင်းအခုံ ဖြစ်နေသည့်အချိန်တွင် သူတို့ မွမ်ဘိုင်မြို့မှ ထွက်ခွာသွားခဲ့သည်။ 

အာဘူဒါဘီမြို့၏ ဗြုရ်ဂျေဆေးရုံမှ ဆရာဝန်များက သူမကို လမ်းလျှောက်နိုင်သည့်အထိ ကုသ ကူညီရန် ကန့်လန့်ခဲ့ရာမှ UAE သို့ ရောက်ရှိခဲ့လေသည်။ 

အီမာန်သည် သူ၏ မွေးနေ့ကို လွန်ခဲ့သောလတွင် မိသားစုဝင်နှင့် ဆရာဝန်များနှင့်အတူ ပြုလုပ်ခဲ့သည်။

အလက်စ်ဇန်းဒြယားသူ အိမာန်သည် တစ်နေ့နေ့ ကမ်းခြေသို့ အလည်အပတ်သွားမည့် အိပ်မက်ရှိခဲ့သည်ဟု Indian Express သတင်းဌာနက အစ်မကို ကိုးကားပြီး ဖော်ပြခဲ့သည်။

Sunday, May 14, 2017

ခတ္တနာပြုခြင်း၏ အကျိုးကျေးဇူးများ



ခတ္တနာပြုခြင်းသည် အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ လိင်တံထိပ် အအရေပြားဖြတ်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ ယနေ့အခါ ဆေးသိပ္ပံ သုတေသနတွေ့ရှိချက်အရ အန္တရာယ်ရှိသော ရောဂါဘေးများ ပူးဝင်လာသည်ကို ထောက်ပြခြင်းအားဖြင့် ဘာသာခြားများလည်း ခတ္တနာပြုကြသည်။ 

ခတ္တနာပြုခြင်းသည် များသောအားဖြင့် လိင်တံထိပ်မှာရှိတဲ့ အသားနုကနေ ခံစားလို့ရတဲ့ ထိတွေ့မှု အရသာကို ပိုအားကောင်းစေပါတယ်။ မိမိအိမ်ထောင်ရေးဘဝကို ပျော်ရွှင်စေပြီး အမျိုးသမီးကို စိတ်ကျေနပ်အောင် ပေးစွမ်းနိင်တယ်လို့ပဲ အတော်များများ သိကြပါတယ်။

မှန်သင့်သလောက်လည်း မှန်ပေမယ့် ဒီထက်ပိုအရေးပါတဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ငယ်ရွယ်စဉ် ကလေးဘ၀ အသက် ၅ နှစ် မတိုင်ခင် ဒီလို အရေပြားဖြတ်လိုက်ခြင်းအားဖြင့် အရွယ်ရောက်တဲ့အခါ STD ( Sexually Transmitted Diseases) လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ၈၀ ရာခိုင်နှုန်းအထိကို လျှော့ကျ စေနိုင်တယ်လို့ တချို့သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ 

အရေးအကြီးဆုံးကတော့ ဒီလိင်တံရဲ့ထိပ် (ဒစ်) နဲ့ အရေပြားကြားမှာ ချေးကပ်ခြင်းပါပဲ။ အနံ့ အသက် မကောင်း ချေးဖတ်ကပ်နေတဲ့ လိင်တံဟာ Carcinoma Penis လို့​ခေါ်တဲ့ လိင်တံကင်ဆာ ဖြစ်စေနိုင်တာပါပဲ။ သန့်ရှင်းရေး သိပ်အရေးကြီးပါတယ်။

နောက်တခြား ပြသနာတွေဖြစ်တဲ့ အရေပြားရှည်ပြီး ပိုးဝင်ခြင်း၊ ရောင်ရမ်းပြီး ထိပ်ပိတ်ခြင်း၊ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စသဖြင့် အစီအစဉ်လိုက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားတွေအတွက် လိင်တံ အရည်ပြားဖြတ်ခြင်းနဲ့ ပတ်သက်လို့ ထုံဆေး ထိုးတဲ့အချိန် အပ်ဆူးလို့နာတာကလွဲလို့ ကျန်တဲ့ Complication အတော်နည်းပါတယ်။ STD လျှော့ကျမယ်၊ ထိတွေ့ မှု ပိုကောင်းလာမယ်၊ သန့်ရှင်း​ရေး ပိုမို လွယ်ကူလာမယ်၊ ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
သိပ်ခက်​ခက်​ခဲခဲ လုပ်ရတဲ့ ခွဲစိတ်မှုမျိုးလည်း မဟုတ်ပဲ ဆရာဝန်နဲ့ သေချာပြ ခွဲစိတ်လိုက်ရင် ဆေးခန်း အတော်များများ အဆင်ပြေပါတယ်။

ဈေးနှုန်းကတော့ ကိုယ်လုပ်ရင်လုပ်တဲ့ နေရာပေါ် မူတည်ပြီး ၃ သောင်းကနေ၊ အများဆုံး ၅ သိန်းလောက် အထိ ယူကြပါတယ်။

သင်​တို့ရဲ့ ချစ်​သူ​ ကျန်းမာ​ရေး​ကောင်းမွန်​ဖို့ လိင်​တံအ​ရေးပြားဖြတ်​ခြင်းကို ပူး​ပေါင်းပါဝင်​ ကူညီကြပါစို့...


-ကျောက်နီမော် ဗိုလ်အောင်ဒင်

Sunday, May 7, 2017

ရိုအစားအစာ [Rohingya Traditional Food]၊ အပိုင်း (၇) ဟောံဆူဟားခ်




ရေးသား    📌 ရိုဟင်လေး 
အမျိုးအစား 📌 ရိုဟင်ဂျာ ရိုးရာ အစားအစာ

လူမျိုးစုတစ်မျိုးမှာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ဆိုတာတွေက အရေးကြီးသော ဗဟိုရွှေလယ်တိုင်တစ်တိုင် ဖြစ်ပါ တယ်။ ရိုဟင်ဂျာတို့ရဲ့ ရိုးရာ အစားအစာများထဲမှာ ဟောံစူအာခ်း [Hoñsu Haák] ကို ရိုဟင်ဂျာတို့က စွဲစွဲမြဲမြဲ စားသုံးကြသော အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ‘ဟောံဆူ’က ပိန်းပင်/ ပိန်းဥ ဖြစ်ပြီး အားခ်/ဟားခ်မှာမူ ဟင်းစားရွက် ဖြစ်ပါတယ်။ 

 ဟောံစူဟားခ်သည် အရသာ ထူးကဲတဲ့အပြင် ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။ ခန္ဓာကိုယ်၌ များစွာသော အကျိုးကျေးဇူးတွေပြုပါတယ်။ မျက်စိအား ကောင်းစေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ၆ စတဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေလဲ အင်မတန် ကြွယ်ဝပါတယ်။ ယနေ့ သိပ္ပံဆေးပညာရဲ့ အဆိုအရ ကင်ဆာရောဂါ၊ နှလုံးရောဂါတွေကိုတောင် ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလဲ မြှင့်တင်ပေး ပါတယ်တဲ့။ 

ရိုဟင်ဂျာတို့၏ ခေတ်အစဉ်အဆက်က ပြောလာခဲ့သော ဆိုရိုးစကားအရ ‘ဟော့ဆူဟားခ်က ဆွေမျိုးမေ့ အောင် စားလို့ကောင်းတဲ့’ တင်စားပြီး ပြောပါတယ်။ ‘Hoñsu fatat Faní no bazé’ ဟု မောက်မာ ကြွားဝါးတတ်သူတွေကို ညွှန်းဆို ပြောလေ့ရှိတယ်။ တကယ်တော့ ဟော့စူအာခ်း ချက်ပြီဆိုရင် အများ စားနိုင်အောင် ချက်ကြပါတယ်။ ဘာကြောင့်ဆိုရင် ဆွေမျိုးမေ့အောင် စားလို့ကောင်းတယ်လို့ ဆိုပေမယ့် ဆွေမျိုးများအားလုံးနဲ့ မျှဝေစားသုံးကြပါတယ်။

 ဟော့ဆူအားခ်ကို ‘လောခ္ခီးအားခ်’ [Lokkí Haák] ဟုလည်း အခေါ် ရှိပါတယ်။  လောခ္ခီးအားခ်လို့ ခေါ်တဲ့ ရှေးလူကြီး သူကြီးများရဲ့ ပုံပြင်တစ်ပုံရှိတယ်။ တစ်ချိန်က ရွာတစ်ရွာမှာ ညီမနှစ်ယောက် နေထိုင်ပါတယ်။ တစ်ယောက်က ချမ်းသာကုံလုံပြီး နောက်တစ်ယောက်က ဆင်းရဲမွဲတေပါတယ်။ ညီမငယ်က အစ်မအိမ်၌ အလုပ်လုပ်ပြီး သူ့သားသမီး အသက်မွေးပါတယ်။ အစ်မကြီးက ကပ်စေးနှဲပြီး ခေါင်းပုံဖြတ်တဲ့စိတ်ထားရှိသူ ဖြစ်ပါတယ်။ အလုပ် ပိုပို လုပ်ခိုင်းပြီး ငွေကျတော့ အလုပ်နဲ့အတန် မပေးပါဘူး။ အကြောင်းပြချက် တစ်ခုခုပြပြီး ငွေဖြတ်ကြတယ်။ ညီမကိုတောင် မသနားဘူးတဲ့။ တစ်နေ့တော့ ညီမငယ်က ခါတိုင်းလို အလုပ်လုပ်တယ်။ အလုပ်ရင် လှမ်းခေါ်ကာ “ဒီနေ့ နင် ငါ့ခေါင်းမှ သန်းကောင်တွေ ရှာပေးရမယ်။ သန်းကောင်တွေ ခွက်အပြည့် ရှာပေးနိုင်မှ လုပ်ခရမယ်” လို့ ခွက်ငယ်တစ်ခွက်ပေးပြီး ပြောလိုက်တယ်။ ညီမငယ်လည်း ရွေးစရာမရှိ မရရအောင်ရှာနေတယ်။ သူ့စိတ်ထဲမှာက သူ့သားသမီးတွေအတွက် ဆန်ပဲ တမ်းတနေတာကိုး။  ညီမငယ်ဆင်းရဲလဲ သန်းကောင် ရှာရင်းရှာရင်းနဲ့  မိုးချုပ်သွားပြီ။ သို့သော် ခွက်မပြည့် သေး။ ဘယ်က ပြည့်မှာလဲ ခေါင်းထဲက သန်းကောင်နဲ့ ခွက်ပြည့်နိုင်ပါမလား။ အစ်မကြီးလဲ “နင်က ဘာမှ အသုံးမကျတဲ့ ကောင်မပဲ။ အလုပ်တစ်ခုကိုတောင် ပိုင်ပိုင် မလုပ်နိုင်တတ်ဘူး။ ဒါကြောင့် နင် မွဲပြာကျနေတာ သိလား။ ဒီနေ့ နင့်ကို လုပ်ခမပေးနိုင်ဘူး။ သွားတော့…” ဟု ကြိမ်းမောင်း နှင်ထုတ်လိုက်တယ်။  ညီမငယ်က အလွန်တရာ စိတ်ဆင်းရဲမှုဒဏ် ခံစားရပြီး မျက်တပွေ့ပွေ့နဲ့ အစ်မအိမ်က ထွက်လာတယ်။ လမ်းခရီး တလျှောက် အိမ်ရောက်ရင် သားသမီးတွေကို ဘာကျွေးပြီး ကျေနပ်စေမလဲ လို့စဉ်းစားရင်း ဘုရားသခင်အား လောကဓံတရား အနှုတ်ပြနေတာကို ဘုရားသခင်အား တိုင်တည်တယ်။ မိမိက မုဆိုးမဖြစ်နေခြင်းကို ပြစ်တင်နေရင်း  မိမိအိမ်သို့ရောက်လာလေတယ်။

အိမ်သို့ရောက်ချင်း သားသမီးတွေက အမေကို ရှေ့မှနောက်မှ ဝိုင်းဝန်းဖက်ကာ ခါတိုင်းလို အမေ ယူဆောင် လာသော စားစရာတွေကို ရှာဖွေနေတယ်။ အမေ့ကလဲ မျက်နှာငယ်လျက် “ခဏနေအုံ ချစ်သားတို့။ အမေ ဒီနေ့ မုန့်တစ်မျိုး ပြုလုပ်နည်း သင်လာတယ်။ မင်းတို့ စားကြမှာလား” ဆိုကာ ဓားတစ်လက်နဲ့ အပြင်ထွက်ကာ ခြံဘေးနားရှိ ပိန်းပင်မှ ပိန်းရွက်တွေကို ယူလာတယ်။ ပြီးတော့ ရေတွေ ဘာတွေ ရှိသမျှနဲ့ ပေါင်းထည့်ပြီး ဒယ်အိုးတည်တယ်။ ပိန်းရွက်တွေ ပျော့ပျောင်းကာ အရည်တွေ ခမ်းခြောက်လာတဲ့အခါ ဟင်းမွှေးနံ့တွေ ထွက်လာတယ်။ ဒယ်အဖုံးလှန်ကြည့်တော့ အမေက အသံတိတ်လုမတတ် အံ့ဩသွားတယ်။ ဒယ်ထဲကနေ ရွှေရောင် တတောက်တောက် လင်းနေတယ်။ အထဲမှာ ပိန်းရွက်တွေ မရှိတော့ဘူး။ ရွှေတုံးကြီး ဖြစ်သွားတယ်တဲ့။ ရွှေတုံးကနေ ရွှေအနည်းငယ်ရောင်းကာ သားသမီးတွေအတွက် စားစရာတွေ ယူလာ တယ်တဲ့။ မုဆိုးမက ထိုဟင်းကို “လောခ္ခီးဟားခ်” လို့ အမည်တွင်လေတယ်။ အဓိပ္ပာယ်ကတော့ ဥစ္စာဓန တိုးပွားစေသော ဟင်းရွက် ဖြစ်တယ်။ ပြီးနောက် မုဆိုးမလဲ ဆင်းရဲဘဝမှ လွတ်မြောက်ပြီး ချမ်းသာ သွားလေတယ်။” လို့ ပါးစပ် ရာဇဝင်လဲ ရှိပါတယ်။

ပိန်းရွက်

🔥ပါဝင်ပစ္စည်းများ 🔥

၁။  ပိန်းရွက်   [Hoñsu Fata] 
၂။  ရေ          [Faní] 
၃။  ဆား        [Nun] 
၎။  ငရုတ်      [Moris] 
၅။  အချဉ်      [Horó] 
၆။  မဆလ    [Mosálla] 
၇။  ချင်း         [Ada] 
၈။  နံနံပင်     [Bor Fata] 
၉။  ကြက်သွန်ဖြူ [Ruon] 
၁၀။ လုံပင်   [Lum Fata]

🔥ချက်ပြုတ်နည်း🔥


ပိန်းရွက်သုပ် ချက်တာကို ရိုစကားမှာတော့ Hoñsu Hák Gáñré လို့ ခေါ်ပါတယ်။ ချက်ပြုတ်နည်းက လွယ်ပါတယ်။ ဖော်ပြထားတဲ့ ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားရမယ်။ ပေါင်းထည့်ရမယ့် ပမာဏကတော့ ပြုလုပ်မယ့် ပမာဏပေါ်မူတည်ပါတယ်။ အချိုးအစားညီညီထည့်ပေါ့။ 

အစတွင် ပိန်းရွက်နှင့် ရေထည့်ကာ ဒယ်အိုးနဲ့ ကျက်စေရတယ်။ အရွက်တွေ ပျော့ပျောင်းလာသောအခါ အသင့်ပြင်ထားသော ပစ္စည်းတွေကို အချိုးအစား သင့်ညီအောင်ထည့်ရပါမယ်။ ပြီးရင် ယောက်မဖြင့် ပစ္စည်း အားလုံး ရောနှောသမ သွားအောင် မွှေပေးရပါတယ်။ ပြီးရင် အဖုံးဖုံးအုပ်ပြီးထားလျက် အတန်ကြာရင် အနံ့မွှေးက တစ်အိမ်လုံး ပျံ့နှံ့သွားမှာပါ။ အနံ့မွှေးက စားချင်စိတ်ကို နိုးထပေးမှာလေ။ ပန်းကန်တောင် ဆေးကြောစရာ မလိုအောင် လျက်မှာပဲ။

မိမိအိမ်တွင် ရိုအစားအစာ ဆေးဖက်ဝင်၊ အာဟာရကြွယ်ဝတဲ့ ဟောံဆူဟားခ် ကို ပြုလုပ်ပြီး ကဲလွန်သော အရသာကို မြိန်ရှက်ကြရအောင်……။


🔥ပိန်းရွက်သုပ် တစ်ခွက် (၁၄၅ ဂရမ်)တွင် ပါဝင်သော အာဟာရဓာတ် [ဆားမပါ]🔥

Calories 35                        Calories from fat 5% Daily Value 
Total carbohydrate           5.8g 2% 
Dietary fiber                        2.9g 12% 
Total fat                                0.6g 1% 
Omega-3 fatty acids         74mg  
Omega-6 fatty acids        170mg  
Protein                                      4g 8% 
Vitamin A                        6145 IU 123% 
Vitamin C                          51.5mg 86% 
Thiamin (vitamin B1)      0.2mg 13% 
Ribovlavin (vitamin B2) 0.6mg 32% 
Niacin (vitamin B3)         1.8mg 9% 
Vitamin B6                         0.1mg 5% 
Folate                                  70mcg 17% 
Calcium                              125mg 12% 
Iron                                      1.7mg 10% 
Magnesium                         29mg 7% 
phosphorus                      39.2mg 4% 
sodium                                 3mg  
zinc                                      0.3mg 2%
copper                                0.2mg 10% 
manganese                        0.5mg 27%
cholesterol                          0mg         0%
📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍

ကိုးကား ⏩A.Khaleque Facebook Account

            ⏩ http://drhealthbenefits.com/herbal/leaves/taro-leaves-benefits

Monday, November 7, 2016

သွားတိုက်ဆေး ဝယ်သည့်အခါ သတိပြု

သွားတိုက်ဆေး ဝယ်သည့်အခါ သတိပြု



သင် ဘာသွားတိုက်ဆေး ဘရင့် (Brand) ကိုသုံးသလဲ။ သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကိုကော့ ဖတ်ဖူး သလား။ ဒါတွေက မေးရိုးမေးနေကျ မေးခွန်းတွေပါပဲ။ 

ကျွန်ုပ်တို့ လူအများစုဟာ သွားတိုက်ဆေး ဝယ်သည့်အခါ စာညွှန်းကိုသာ ဖတ်ရှူကြတယ်။ ဒါပေမဲ့ သွားတိုက်ဆေးရဲ့ အောက်ခြေမှာရှိတဲ့ ဟာကို ဘယ်သူတွေက အမှန်တကယ် ဖတ်ရှူကြသလဲ။ ယင်းဟာ အဘယ်မျှလောက် အရေးကြီးတာကတော့ သင့်သိရှိပါသလား။ 

သွားတိုက်ဆေးရဲ့ အောက်ခြေဖျားမှာရှိတဲ့ ဟာ အရေးကြီးတဲ့ အကြောင်းတစ်ခုကို ဖော်ထုတ်ပါတယ်။ ၎င်းက ထို သွားတိုက်ဆေးကို ဓာတုပစ္စည်းများ ပါဝင် ဖွဲ့စည်းထားခြင်း ဟုတ်မဟုတ်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ 

သန့်စင်ခန်းမှာ သွား၍ သင့်သွားတိုက်ဆေးရဲ့ အောက်ခြေဖျားကို ခဏလေး ကြည့်လိုက်ပါ။ ထိုနေရာမှာ လေးထောင့်ကွက် အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်နှင့် အမည်းရောင် အကွက်များမှ တစ်ခုခု ရှိပါလိမ့်မယ်။ ဒီလေးထောင့်ကွက်လေးဟာ သွားတိုက်ဆေးရဲ့ အရည်အသွေးကို ဖော်ပြနေခြင်း ဖြစ်တယ်။ 

်လေးထောင့်ကွက် အရောင်ရဲ့ လှို့ဝှက်ချက်က အောက်ပါအတိုင်းဖြစ်ပါတယ်။

သင့် သွားတိုက်ဆေးရဲ့ အောက်ခြေဖျားက လေးထောင့်ကွက်လေးဟာ

  •  အမည်းရောင်ဖြစ်နေရင် သွားတိုက်ဆေးတွင် ဓာတုပစ္စည်းသက်သက်သာရှိနေကြောင်း ဖော်ပြနေ ပါတယ်။
  • အနီရောင် ဖြစ်နေရင် သွားတိုက်ဆေးကို သဘာဝပစ္စည်းနှင့် ဓာတုပစ္စည်းဖြင့် ပေါင်းစပ် ပြုလုပ်သွားကြောင်း ညွှန့်ပြနေခြင်းဖြစ်တယ်။
  • အပြာရောင်ဖြစ်နေရင် ဓာတုဆေးများနှင့် ဆေးဖက်ဝင်ပစ္စည်းများ ပါဝင်နေကြောင်း ဖော်ပြတာပါ။
  • နောက်ဆုံးတော့ အစိမ်းရောင် ဖြစ်နေလျှင် သင့် သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေဟာ သဘာဝဆေးဖက်ဝင် ပစ္စည်းတွေသာ ရှိပါကြောင်း ဖော်ပြထားခြင်းဖြစ်တယ်။


သင့်သွားရဲ့ ကျန်းမာရေး မူလအခြေအနေသည် သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါ ပါတယ်။  အဲဒါကြောင့် သင် နောက်တစ်ခါ ဈေးမှ သွားတိုက်ဆေး ဝယ်ယူခဲ့ရင် ဒါတွေကိုသတိပြုကြပါ။ 

သင်ဝယ်ချင်တဲ့ သွားတိုက်ဆေးကို ဖွင့်ကြည့်ပါ။ အစိမ်းရောင်မှအပ အခြား တစ်မျိုးမျိုး ဖြစ်နေရင် ချက်ချင်းပြန်လဲပါ။

အပြာရောင်ဖြစ်နေရင်လဲ သင့်တော်ပါတယ်။ သို့သော် အစိမ်းရောင်ဟာ သင့်ရဲ့ ဦးစားအပေးဆုံး ဖြစ်ပါတယ်။ သင့်ရဲ့ခံတွင်း အခန်းပေါက်တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ထားပါတယ်။ 

အဲဒီသွားတိုက်ဆေးရဲ့ အာနိသင် ကြောင့် သင် ပထမအပတ်အတွင်း သွားတွေရဲ့ အခြေအနေ ပြောင်းလဲမှုကို သတိပြုပါလိမ့်မယ်။ 

သင့်သွားကျန်းမာရေးကို ဂရုစိုက်ပါလျက်-