Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 23, 2019

ဒန်းရိုးရာ [Traditional Henna]

Rohingya's Traditional Moodi


ဒန်းရိုးရာ


ရေးဖွဲ့သူ- Shahida Win

ရိုတို့မင်္ဂလာ ဒန်းလက်ရာ
မိရိုးဖလာ ဓလေ့ပါ
အဆင်တန်ဆာ တင့်တယ်လှ
အနုပညာ ထင်ပေါ်ပါ့။

မင်္ဂလာအကြို ဒန်းရိုးရာ
စောင့်တမျှော်မျှော် သတို့ဖော်
ပျိုမေကညာ ရင်ခုန်သွား
ဖြူဖြူနုနု လက်ဖဝါး
နီနီရဲရဲ အဝိုင်းလေးနဲ့
နှလုံးသားအလား ဒန်းဆိုးထား။

လပြည့်ဝန်းသာ ညအခါ
ကညာအပျို တေးသံချိုနဲ့
ဆိုကြကကြ ငယ်ချင်းများ
စုလို့ပြုံလို့ ပြုံးလို့ ရွှင်လို့
ညဥ့်နက်သန်းခေါင် ဒန်းရွက်ပေါင်း
ကြေညက်အောင် ကြိတ်လို့တောင်း။

အနုစိတ်ညီ ဒန်းပန်းချီ
ခြယ်လှယ်အလီလီ
ပျော်ပျော်ပါးပါး ရိုးရာဝိုင်း
အနှိုင်းမရှိ အစဉ်အလာပိုင်း
ရိုမေတို့ဓလေ့ ဒန်းသမိုင်း......။

(၇-၁၂-၂၀၁၉)

Ref: 
TheArtGardenRohingya

Saturday, December 21, 2019

Fonná Foró



Fonná Foró

Buddi oité more fán,
Nitti goró bála ham.
E sair dinna duniyait,
Fut-zii goró bála nam.
Fonná bicí forí bá,
Leká fora cíki bá.
Fonná sára tákile,
din duniyai háçai ba.
Fut-zii zeré zaiba zo,
Allah Rosúl tuwaiyo.
Forttí óibó fotti ham
Allah zodi razi o.
Fonnár zarttún díyan nái,
Tarttú honó giyan nái.
Eendé soler fíréddé,
kintu asol foran nái.

- Anonymous 
- Rohingya Old Poetry 



Sunday, December 15, 2019

Dhor [RK Poem]



‘Dhor’


Horé horé tore tore
gurir añrá monzil sára.
Dukke dukke vuke vuke
sugór faní o besara.
Dóre doré tóre toré
zibon harír oinno fara.
Dhore Dhore mone mone
sinta zala rait nofúra.

-------------------------------------------
(Sep 1, 2019)
-Kuwaiccorjja
------------------------------------------------

Friday, December 13, 2019

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းမောင် [မမှေးမှိန်နိုင်သော ကြယ်တစ်ပွင့်]

 
 စာရေးဆရာ တက္ကသိုလ်ဘုန်းမောင်၊ ဆရာကြီး၏သမီး ၊စာရေးဆရာမ စောသန္တာထွန်း နှင့် ဦးဇော်နိုင်



စာရေးဆရာ တက္ကသိုလ်ဘုန်းမောင်


 ရေးသား - လူထုဝဏ္ဏ |


မြန်မာစာပေလောက၏ တစ်စိတ်တစ်ဒေသဖြစ်တဲ့ တက္ကသိုလ်ဘုန်းမောင်ကို ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။  ဖခင်မှာ အမ်၊အေ အာနိုဝါရ်သီဟ (နဒဝီ) ဖြစ်ပြီး ဒေးဝန်ကြီး မျိုးရိုးဖြစ်သည်။ ဒေးဝန်ကြီးမျိုးရိုးမှာ မယုခရိုင်ရှိ အထင်ကရ မျိုးရိုးထဲမှ တစ်စုဖြစ်သည်။ သားချင်း လေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဇော်မင်း (ခေါ်) ရှီးဗ္ဗလီ  ဖြစ်သည်။ အခြေခံပညာကို ငန်းချောင်းတွင်သင်ယူခဲ့ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့ကို မောင်တောမြို့ အထက်တန်းကျောင်း၌ သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘီအက်(စ)စီ ဘွဲ့ ရယူခဲ့သည်။ 

အသက်မွေးဝမ်းကျောင်းအဖြစ် ကျောင်းဆရာ အလုပ်ဝင်လုပ်ရာ ရန်ကုန်မြို့တစ်ဝိုက် တာဝန်ထမ်းဆောင်ခဲ့သည်။ B.Ed သင်တန်းကို အောင်မြင်ခဲ့၍ အထက်တန်းပြဆရာ၊ လယ်အုပ် စသော ရာထူးအသီးသီး တိုးမြင့်ခံခဲ့ရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၁) အထက်တန်းကျောင်းမှ ပင်စင်ရရှိခဲ့သည်။ 

ဘုန်းမောင်သည် စာပေလေ့လာလိုက်စားသူ ဖြစ်သည်။ စာဖတ်ဝါဿနာအရင်းခံနှင့် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင် ကိုယ်တိုင်ရေးဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးအမျိုးမျိုး ရေးသားလာခဲ့သည်။ စာပေလောကတွင် “ မိုးဇော်ရည် ” ကလောင်အမည်ဖြင့် စတင်ဝင်ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် တက္ကသိုလ်ဘုန်းမောင် ကလောင်အမည်ကို ခံယူကာ ထင်ရှားသော မဟူရာ ဗိုင်းကင်း (၁၉၈၅) ဘာသာပြန်ဝတ္တုများ၊ လောဘ တစ္ဆေ (2009)၊ လေယျာဉ်တစ္ဆေနှင့် ဝိညာဉ်လောက ဆန်းကြယ်မှု (2010)၊ လီချက် ၊ ဖျံတကာဖျံ၊ ရမ္မက်မီးလျှံ၊   ရင်လှိုက်သည်းဖို ဝတ္ထုတိုများ၊ အကြောင်းကြောင့်အကျိုးဖြစ်၊ ရက်ကလေးတစ်ရက်ဖျက်ပေးပါ (ရွှေရည်လူးတဲ့ ပိတောက်ဦး) သင်္ကြန်ဝတ္တု ၊ ကံ့ကော်သစ္စာနှင့်မြို့သစ်ရဲ့နှုတ်ဆက်လွမ်းချင်း (၂၀၁၁) စသော လုံချင်းဝတ္ထုများ၊ ဝတ္ထုတိုများ အမြောက်အမြား ရေးသားခဲ့သည်။ The Light Art Media စာပေလုပ်ငန်းကို ထူထောင်လျက် ကိုယ်တိုင်ရေးစာအုပ်များ၊ အခြားစာအုပ်စာနယ်များ ပုံနှိပ်ထုတ်ဝေကာ မိသားစုစာပေလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့သည်။  ရပ်ဝေးကျေးလက်ဒေသ၌  စာကြည့်တိုက်များ ထူထောင်နိုင်ရေးအတွက်လည်း ငွေအား၊ ဉာဏ်အားနှင့် ကလောင်အားဖြင့် အထူး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ 







ဘုန်းမောင်သည် စာရေးဆရာမ ဒေါ်စိန်မြိုင် (စောသန္တာထွန်း) နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သား ရဲမင်းထိုက်နှင့် သမီး စောသဉ္ဇာထိုက် တို့နှစ်ယောက်ကို ဖွားမြင်ခဲ့သည်။ ဆရာကြီးသည် ၂၀၁၇ ခုနှစ် အသက် (၇၂) နှစ်တွင် အမှတ် ၄၂/၇၊ သီရိဂုဏ်ရည်ခြံ ဗဟန်းမြို့နယ်၊ ရန်ကုန်ရှိ မိမိအိမ်၌ ကွယ်လွန်သွားရှာသည်။ 

အစိုးရတာဝန်မှ အငြိမ်းစားယူပြီးနောက် ဆရာကြီးသည် နိုင်ငံတကာ ခရီးစဉ်လည်း ထွက်ခဲ့သည်။ ဂျပန်နိုင်ငံ၌ ဆယ်စုနှစ်ခန့် နေထိုင်ကာ နိုင်ငံခြားအတွေးသစ် အမြင်သစ်နှင့် စာအုပ်စာပေများစွာ ရေးသားခဲ့သည်။ ဆရာကြီး၏နောက်ဆုံး လက်ရာမှာ   ရေခဲပြင်အောက်တိုက်ပွဲနှင့် နိုင်ငံတကာစစ်ရေးဗျူဟာများ စာအုပ် ရေးသားခဲ့သည်။ 

ဘဝတစ်လျောက်လုံး ကလောင်နှင့် နိုင်ငံအပေါ် သစ္စာရှိခဲ့သော ရိုဟင်ဂျာ စာရေးဆရာတစ်ဦးဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ စာများရေးသားကာ နိုင်ငံအကျိုး၊ စာပေအကျိုးကို မနားတမ်း သယ်ပိုးထမ်းရွက်ခဲ့လေသည်။ 

  

မြန်မာအလင်းသတင်းစာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အတွက် စာအုပ်စာပေများလှူဒါန်းနေစဉ်|24,3,2005

(လူထုဝဏ္ဏ ရေးသည် )

🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓



Wednesday, December 11, 2019

ရက္ခိုသှ်ျ (သို့) ဘီလူးကျက်စားခဲ့တဲ့ပြည်

ရက္ခိုသှ်ျ (သို့) ဘီလူးကျက်စားခဲ့တဲ့ပြည်



သမိုင်းဦးခေတ်၌ ဘီလူးဆိုသော လူရိုင်းများကို  ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် ရှိနေကြသည်ကို သမိုင်းစာအုပ်များ၌ တွေ့ရှိရသည်။

ထို့အတူ ကိုယ့်ထီးကိုယ့်နန်းနှင့် ဘုန်းမီးနေလဝင်းပြောင်ခဲ့သည့် အာရ်ကာန်ပြည်၏ သမိုင်းဦး တစ်ချိန်က ကျောက်ခေတ်လူ မျိုးဆက်ဟု ယူဆရသော လူရိုင်း ဘီလူးတစ်မျိုး ကျက်စားခဲ့သည်မှာလည်း  ထူးထူးခြားခြား မဟုတ်ပေ။

ဤအကြောင်းကို ပထမဦးဆုံး မှတ်တမ်းတင်ခဲ့သူမှာ အေဒီ (၇) ရာစု အာရပ်ကုန်သည်များ ဖြစ်ကြသည်။ အာရပ်များသည် အာရှတစ်ခွင် ကုန်သွယ်ရေးခရီးထွက်စဉ် အာရ်ကာန်ပြည်ကိုလည်း မကြာခဏ လာရောက်ကြသည်။ သူတို့ မှတ်တမ်းတင်ထားသည့် အာရ်ကာန်ပြည်အကြောင်းအရာမှ လူသားစား ဘီလူးအကြောင်းကို  (၁၆) ရာစုတွင် စာအုပ်ရေးသား ထုတ်ဝေခဲ့ပါသည်။ 

အေဒီ ၆၈၀ ခန့် ကာရ်ဘာလ္လာစစ်ပွဲကြီး (ကူဖာ)တွင် အရေးနိမ့်၍ သေနာပတိ မိုဟာမတ်ဟာနီဖ် နဲ့ ရဲမက်ဗိုလ်ပါတို့သည် အိန္ဒိယဘက်သို့ ထွက်လာခဲ့သည်။ ထို့မှတဆင့် ယနေ့ ရခိုင်ပြည်မြောက်ပိုင်း မောင်းတောမြို့အနီး အာရပ်ရှားရွာတွင် ပြောင်းရွေ့လာခဲ့သည်။ ထိုအချိန်တွင် ကာယာပူရီဆိုတဲ့ ဘီလူးဘုရင်မနှင့် နောက်လိုက် တစ်စုသည် ဒေသခံတို့ကို  လုယက်တိုက်ခိုက် ညှဉ်းပန်းကြသည်။ ထိုအကြောင်းကို မိုဟာမတ်ဟာနီဖ်က သိရှိသွားသော်အခါ ကာယာပူရီ ဘုရင်မကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။  ကာယာပူရီလည်း အိစ္စလာမ်ဘာသာ လက်ခံယုံကြည်လာပြီး မိုဟာမတ်ဟာနီဖ်နှင့် ထိမ်းမြားခဲ့သည်။ ဘာသာမဲ့ လူရိုင်းမျိုးဖြစ်တဲ့ ကာယာပူရီဘုရင်မရဲ့ နောက်လိုက်နောက်ပါတွေလဲ ရှေ့ကနွာလားဖြောင့်ဖြောင့်သွား၊ နောက်နွား…သကဲ့သို့ အိစ္စလာမ်ဘာသာ အရိပ်ကို တစုတဝေးတည်း ခိုဝင်ခဲ့ကြသည်။ လူ့ယဉ်ကျေးမှုနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ထိုစဉ် ကူဝိုက်ရှော့လို့ အမည်ပေးခံထားရသည့် ဤဒေသသည်  အေးချမ်းသွား၍ လူရိုင်းတို့လည်း တဖြည်းဖြည်း ယဉ်ကျေးလိမ္မာလာခဲ့သည်။ မိုဟာမတ်ဟာနီဖ်နဲ့ ကာယာပူရီ တို့ နတ်ရွာစံတဲ့အခါ မယုတောင်တန်းရှိ တောင်ထွတ်နှစ်ခုမှာ မြေချသင်္ဂြိုဟ်ခဲ့သည်။  မိုဟာမတ်ဟာနီဖ်နဲ့ ကာယာပူရီ တို့ကို အစွဲပြု၍ ထိုတောင်ထွတ်နှစ်ခုကို ကာယာပူရီ တောင်ထွတ် [Kayapuri Tonki] နှင့် ဟာနီဖာ့ တောင်ထွတ် [Hanifa Tonki] လို့ ခေါ်ကြပါတယ် လို့ ဖော်ပြထားပါတယ်။ 

အာရ်ကာန်ဘုရင်များနှင့် လူရိုင်းတို့ တိုက်ခိုက်ထိတွေ့မှုကို သမိုင်းစာအုပ်များတွင် တွေ့ရပါသည်။
 တစ်ချို့ပုံပြင်များတွင် `အုလ်ဒါမာနုသှ်ျ´ ဟုလည်းကောင်း၊ တစ်ချို့တွင် ရက္ခိုသှ်ျဟုလည်းကောင်း တွေ့ရပါသည်။ စိုင်းဒေါင် တောင်ပေါ် လူရိုင်းအကြောင်းကလည်း ရိုပုံပြင်များတွင် မကြာခဏ တွေ့ရပါသည်။ 

၁၈၄၇ ခုလောက်က ခရစ်ယာန် သာသနာပြုဆရာတော်ရဲ့ မှတ်တမ်းအရ ရခိုင်ဆိုသည် ရက္ခသျှ (Rakshasas) မှ `ရက္ခိုက်´ `ရက္ခိုင်´ `ရခိုင်´ အဆင့်ဆင့် ဆင်းသက်လာခဲ့သည်။ အဓိပ္ပာယ်က အသားစား လူရိုင်းဖြစ်သည်။ အသားစား လူရိုင်းမှ ဆင်းသက်လာ၍ လူမျိုးကို ရခိုင်လူမျိုး ဟု နာမည်တွင်ခြင်း ဖြစ်သည် စသည်ဖြင့် မှတ်တမ်းများကို တွေ့ရပါတယ်။ ဤကိုးကားချက်ကို ရာဇဝင်လင်္ကာ၌လည်း စပ်ဆိုဖော်ပြထားသည်။

ဤအာရ်ကာန်ဒေသသို့ ရှေးနှစ်ရာစုများစွာက ပြောင်းရွှေ့ဝင်ရောက်လာသူများ နှင့် လူရိုင်းတို့သည် အကြိမ်ကြိမ် တိုက်ခိုက်မှုများဖြစ်ခဲ့ကြောင်း ရိုရာဇဝင်နှင့် ရခိုင်ရာဇဝင်တို့မှာ တစ်ထပ်တည်း ကျနေပါသတည်း။  

  (လူထုဝဏ္ဏ- ရေးသည်။)

ကိုးကား-

၁။ Traditional Cannibalism in Southeast Asia and Beyond 
By Joachim Schliesinger
၂။ The Spread of Islam
By Abu Al Faz
၃။ ရခိုင်ရှေးဟောင်းမြို့တော်များ
ထွန်းရွှေခိုင် (စစ်တွေကောလိပ်)



Monday, November 25, 2019

ယူရေနီယမ် သတ္တု (Uranium)



ယူရေနီယမ် သတ္တု (Uranium)


ယူရေနီယမ် (Uranium)သည် တွင်းထွက် သတ္တု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ရွှေဘို မိုးကုတ် သပိတ်ကျင်းတဝိုက်မှာထွက်ရှိတယ်။
ယူရေနီယမ် သတ္တု ကို ဘယ်တွေမှာအသုံးပြုသလဲဆိုရင်
နျူကလီးယားဓာတ်ပေါင်းဖိုလောင်စာနှင့်နျူကလီးယားရေငုပ်သဘောင်္ပါဝါ..နျူကလီးယားစစ်လက်နက်နှင့်စစ်တပ်သုံးကရိယာတွေမှာအများဆုံးအသုံးပြုပါတယ်။

၁၉၄၅၊ သြဂုတ်လ (၆) ရက်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ပေါ်ကို အရှည် ၁၀-ပေရှိတဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီး တစ်မိနစ်အတွင်းမှာ တစ်မိုင်ပတ်လည်မှာရှိတဲ့ သက်ရှိ၊သက်မဲ့ အရာတွေအားလုံး ပြာကျခဲ့ပါတယ်။ ဗုံးပေါက်ကွဲအားကြောင်း ဖြစ်ပေါ်လာတဲ့ မီးတောက်မီးလျံတွေကလည်း နောက်ထပ် မိုင်ပေါင်းများစွာကို မုန်တိုင်းလို တိုက်ခတ်ဝါးမြိုခဲ့တဲ့အတွက် လူပေါင်းထောင်ပေါင်းသောင်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဒါဟာ စစ်ပွဲမှာ အက်တမ်ဗုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပါပဲ။ အက်တမ်ဗုံးကို ဒီလောက် အဖျက်စွမ်းအား ကြီးမားစေတာကတော့ ယူရေနီယံသတ္တုပါပဲ။ ယူရေနီယံဟာ ရေဒီယိုသတ္တိကြွတဲ့ သတ္တုတစ်မျိုးပါ။ နျူကလိယပ် တစ်လုံးထဲမှာ နျူထရွန်အရေအတွက်ကွာခြားမှုပြ အိုင်ဆိုတုပ် ယူရေနီယံ-၂၃၅ ရှိတဲ့အတွက် နျူကလီးယား ဓါတ်ပေါင်းမယ့်ဒဏ်ကို ခံနိုင်မယ့် တစ်မျိုးတည်းသော သတ္တုဖြစ်ပါတယ်။
ယူရေနီယံကို သဘောပေါက်နားလည်ဖို့  ရေဒီယိုသတ္တိကြွမှုကို အရင်နားလည်ဖို့ လိုပါတယ်။



 ရေဒီယိုသတ္တိကြွတယ် ဆိုတာ နျူကလိယညးတွေ မတည်ငြိမ်တာကိုပြောတာပါ။ အဲဒီသတ္တုဟာ နျူကလိယား တည်ငြိမ်သွားတဲ့ အခြေအနေ တစ်ခုကို ရောက်တဲ့အထိ ဆက်တိုက်ယိုယွင်းပျက်စီးလာတာပါ။
၁၈၉၇ မှာ ပြင်သစ်ရူပဗေဒပညာရှင် ဟင်နရီ ဘက်ကွီရယ် က ယူရေနီယမ်ဆားပွင့်အချို့ ကို ဓါတ်ပုံပလိပ်ပြားပေါ်တင်ပြီး အလင်းနဲ့ ယူရေနီယမ်ဆားပွင့်တွေ ဘယ်လိုဓါတ်ပြုသလဲဆိုတာကို လေ့ခဲ့တဲ့အခါ ပလိပ်ပြားဟာ မှိုင်းထလာတာကိုတွေ့ ရတဲ့အတွက် ယူရေနီယမ် ဆားပွင့်တွေကနေ တစ်ခုခုကိုထုတ်လွှတ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒီတွေ့ ရှိမှုနဲ့ ပဲ ဘက်ကွီရယ်ဟာ ၁၉၀၃ ခုနှစ် ရူပဗေဒဒဆိုင်ရာ နိုဘယ်ဆုကို မယ်ရီကျူရီနဲ့  ပီယယ်ရီကျူရီ တို့ နဲ့ တွဲဖက်ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ယူရေနီယမ်အကြောင်းကို အတိအကျမှတ်တမ်းတင်ခဲ့ရာမှာ ဒြပ်စင်အမှတ် ၉၂၊ ဒြပ်စင်သင်္ကေတ U ဒြပ်စင်အလေးချိန် ၂၃၈ ဒသမ ၀၂၈၉၁၊ ကျစ်လျစ်မှု တစ်ကျူးပစ်စင်တီမီတာလျင် ၁၈ ဒသမ ၉၅ ဂရမ်၊ အခန်းတွင်း အပူချိန်တွင် အခဲ၊ အရည်ပျော်မှတ် ၂၀၇၅ ဒီဂရီဖာရင်ဟိုက်၊ ရေဆူမှတ် ၇၄၆၈ ဖာရင်ဟိုက်၊ အိုင်ဆိုတုပ်အရေ အတွက် ၁၆၃၊ အတွေ့ အရအများဆုံး အိုင်ဆိုတုပ် U-234, U-235, U- 238 တို့  ဖြစ်ပါတယ်။



စကြာဝဋ္ဌာကြီးထဲမှာ ယူရေနီယမ်သတ္တုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ ဒသမ ၆ ဘီလီယံတုန်းက အလွန်တောက်ပတဲ့ ကြယ်ကြီးတစ်လုံးကနေ စတင်ခဲ့တာလို့  ကမ္ဘာ့နျူကလီးယားအသင်း က ဖော်ပြထားပါတယ်။ ယူရေနီယမ်ကို ကမ္ဘာ တ၀န်းမှာ တွေ့ ရှိရပြီး သဘာဝကျောက်စိုင်ကျောက်ခဲတွေနဲ့  ရောနှောနေလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အတွေ့ ရ အများဆုံး ကျောက်သားနဲ့ သတ္တုစာရင်းမှာ အမှတ်စဉ် ၄၈ ဖြစ်ပြီး ငွေထက်အဆပေါင်း ၄၀ ပိုပြီးတော့ ဖောဖောသီသီ တွေ့ ရလေ့ရှိပါတယ်။

ယူရေနီယံနဲ့  ရေဒီယိုသတ္တိကြွမှုနဲ့ က ဒွန်တွဲနေလေ့ရှိပါတယ်။ ရေဒီယိုသတ္တိကြွရင် ဖော်ပြခဲ့တဲ့အတိုင်း မရပ်မနား ယိုယွင်းပျက်စီးပါတယ်။ ဒါပေမယ့် ယူရေနီယံရဲ့  ယိုယွင်းပျက်စီးမှုနှုန်းက နှေးလွန်းလေတော့ U-238 အမျိုးအစား ဟာဆိုရင် သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံတောင် ရှိနေပါပြီ။ U-235 က သက်တမ်း နှစ်ပေါင်း သန်း ၇၀၀ အနည်းဆုံးရှိနေပြီးတော့ သက်တမ်းအတိုဆုံးဖြစ်တဲ့ U-234 တောင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၄၅,၅၀၀ ရှိပြီ ဖြစ်ပါတယ်။ နှိုင်းပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရေဒီယိုသတ္တိအကြွဆုံသတ္တုက ပိုလိုနီယမ်ပါ။ သက်တမ်း ၁၃၈ ရက်ပဲ ရှိပါတယ်။

ဒါတွေကြောင့်လည်း ယူရေနီယံဟာ နျူကလီးယား ဆင့်ကဲဖြစ်စဉ်ကို ခံနိုင်တာဖြစ်ပါတယ်။ U-235 ရဲ့  နျူကလိယ တစ်ခုနှာ နျူထရွန် ၁၄၃ လုံး ရှိပါတယ်။ လွတ်နေတဲ့ နျူထရွန်တစ်လုံးက အက်တမ်နဲ့ ဝင်တိုက်မိရင် နျူကလိယကို နှစ်ခြမ်းကွဲစေပြီး နျူရွန်အရေအတွက် ပိုလာစေပါတယ်။ အဲဒီနျူရွန်တွေက နီးစပ်ရာ အက်တမ်များကို ထပ်ပြီး ၀င်တိုက်ပါတယ်။ အဲဒီမှာ နျူရွန်အရေအတွက်တွေ ပိုများလာပါတယ်။ ဒီဆင့်ကဲဖြစ်စဉ်တွေကနေ အပူကိုထုတ်လွှတ် ပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခုမှာ ဒီအပူကို ရေဆူအောင်ကျိုဖို့  အသုံးပြုပါတယ်။ ရေဆူရင်ထွက်လာတဲ့ ရေငွေ့ ကိုအသုံးပြုပြီး ရေနွေးငွေ့ စွမ်းအင်နဲ့  လျှပ်စစ်ဓါတ်အားထုတ်လုပ်ပါတယ်။

ဟီရိုရှီးမားကို ပြာကျသွားစေခဲ့တဲ့ အက်တမ်ဗုံးမျိုးဟာဆိုရင် နျူရွန်ကအက်တမ်ကိုထိပြီး ပေါက်ကွဲ၊ ပေါက်ကွဲတော့ အပူထွက်၊ အပူထွက်တော့ နျူရွန်တွေက အက်တမ်ကိုထပ်ထိ၊ ထပ်ထိတော့ နျူရွန်အသစ်တွေထပ်ဖြစ်နဲ့  အလွန် ကြီးမားတဲ့စွမ်းအင်ကြီးတစ်ခု တမုဟုတ်ခြင်းဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုအသွင်ကို ဆောင်သွားတာဖြစ်ပါတယ်။ ဟီရိုး ရှီးမားကို ဖျက်စီးခဲ့တဲ့ အက်တမ်ဗုံးဟာ ပေါက်ကွဲမှုပမာဏ ၁၅ ကီလိုတန် ရှိခဲ့ပါတယ်။

ဒီလောက်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်လာအောင်လို့  ယူရေနီယံ ၂ ဒသမ ၂ ပေါင် ကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 
ယူရေနီယမ်ရဲ့ အက်တမ်၊နျူရွန်တို့ ဆင့်ကဲပေါက်ကွဲပြန့် ပွားမှုအား ပိုကောင်းလာဖို့  နျူကလီးယားနည်းပညာရှင် တွေက ယူရေနီယံကို သန့် စင်ကြပါတယ်။ သဘာဝအတိုင်းရရှိတဲ့ ယူရေနီယံဟာ အိုင်ဆိုတုပ် ၀ ဒသမ ၇ U-235 ပဲ ရှိပါတယ်။ U-235 ရဲ့ စွမ်းပကားကို ပိုကောင်းလာအောင်လို့  ယူရေနီယံကို ဂက်စ်ပေးပြီး အိုင်ဆိုတုပ်တွေကို ခွဲထုတ် ပါတယ်။ အသန့် စင်ဆုံး ယူရေနီယမ်မှာ U-235 အိုင်ဆိုတုပ် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ 

နျူကလီးယားဗုံးတွေရဲ့ အဖျက်စွမ်းအားကြီးမားပုံ၊ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် မပြန့် ပွားရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်နေရပုံတို့ ကို တစေ့တစောင်း နားလည်သဘောပေါက်စေဖို့  ယူရေနီယမ်အကြောင်းကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

(#ဘဝခါးခါး အထွေထွေဗဟုသုတ)


Sunday, November 24, 2019

နော်ဝေက သာသနာ့ သူရဲကောင်း




နော်ဝေက သာသနာ့ သူရဲကောင်း

တင်ဆက်သူ- နတ်မျက်စိ |

ယခုတလော၌ ကမ္ဘာတစ်လွှားရှိ မွတ်စ်လင်မ်များသည် 'ကုရ်အာန်ကာကွယ်သူ' ဟု ကင်ပွန်းတပ် ဂုဏ်ပြုပြောဆိုနေသော နော်ဝေမှ ရဲရဲတောက်လူငယ် တစ်ယောက် ဆိုရှယ်မီဒီယာတွင် အထူး ပျံ့နှံ့နေသည်။ 

၂၀၁၉ ခု နိုဝင်ဘာလ ၂၂ ရက် ၊ နော်ဝေနိုင်ငံ၊ ခရစ်တီယင်ဆန်မြို့ [Kristiansand] ၌ အိစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို နော်ဝေနိုင်ငံအိစ္စလာမ်ဘာသာရပ်တန့်ရေး [ Stop Islamisation of Norway ] လှုပ်ရှားမှုမှ ဦးဆောင် ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် SIAN ကို ဦးဆောင်သူ Lars Thorsen က အိစ္စလာမ်ဘာသာ၏ အထိတ်အမြတ် ကျမ်းဖြစ်သော ကုရ်အာန် ကျမ်းတော်မြတ်ကို မီးရှို့ဖျက်ဆီးရန် ကြိုးစားနေစဉ် အသက် ၂၂ အရွယ် လူငယ်တစ်ဦးသည် ကင်ပိန်းဧရိယာ ထဲသို့ ရုတ်တရက် ခုန်ကျော်ဝင်လာကာ အယူသည်း လူယုတ် လားစ် တိုစိန် ကို ခြေနှင့် ကန်ကျောက် တိုက်ခိုက်ခဲ့သည်။ 





အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ကို ဆန္ဒပြရာတွင် ကုရ်အာန်ကျမ်းမြတ်ကို မီးရှို့လျှင် တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိသဖြင့် လုံးလုံးလျားလျား ရှောင်သင့်ကြောင်း၊  ဒေသခံရဲအရာရှိများမှ  သတိပေးမှုများ ရှိခဲ့သော်လည်း လိုက်လျောနာခံခြင်းမရှိဘဲ ဤလူမဆန်အယူသည်းသော လားစ် တိုစိန် ဆိုသူက မိုက်မိုက်မဲမဲ ကျူးလွန်လိုက်သည်။  

ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ်များသည် ကူစိုင် ရာရှစ် ကို လူမှုမီဒီယာများမှတဆင့်  ထောက်ခံချီးမွမ်းလာသည်။ လူမှုမီဒီယာ ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် ကူစိုင် ရာရှစ် သည် စင်ကြည်သန့်ရှင်းသော ကျမ်းတော်မြတ်ကို ရှုတ်ချခံရခြင်းမှ ကာကွယ်ရန် ခြင်္သေ့ကဲ့သို့ လမ်းဆို့ကာ များကို ခုန်ကျော်သွားနေသည်ကို တွေ့မြင်နိုင်သည်။



မွတ်စ်လင်မ်သူရဲကောင်း ကူစိုင် ရာရှစ် သည် Thorsen ၏ အင်္ကျီကိုင်ပြီး ဆွဲငင်လှည့်ရစ်ပတ်လိုက်သည်။ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်အား ကန်ထုတ်ရန် ကြိုးစားပြီးနောက် တိုက်ခိုက်သူသည် မြေပြင်သို့ ကျသွားသည်။ ထို့နောက်  Thorsen အနားသို့ အခြားသူများ  အလျင်အမြန် ပြေးဝင်လာသည်နှင့် ဒေသခံရဲများသည် တိုက်ပွဲကိုရပ်တန့်ရန် ကြိုးစားခဲ့သည်။


ဒေသခံရဲများသည် Thorsen နှင့်  တိုက်ခိုက်သူများကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ဒေသခံမီဒီယာများမှ ဖော်ပြခဲ့သည်။

အစီရင်ခံစာများအရ ကျမ်းတော်မြတ်ကုရ်အာန်  (၂) စောင်ကို ချီတက်ဆန္ဒပြနေစဉ် အမှိုက်ပုံးထဲ ပစ်ချခံခဲ့ရပြီး လူယုတ်မာ Thorsen သည် အခြားတစ်စောင်အား မီးရှို့ပစ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

#ilyas_Hero_of_Muslim_Ummah, 
#Norway, #Defender_of_Quran, 
#TheGloriousQuran 

Saturday, November 23, 2019

Ali Baba arde Salic Sur [Part-3]




Ali Baba arde Salic Sur


Lekoya Ω Kuawiccorjja |

Read here:

① Part One
② Part Two



Bák-Tin:  “Ali Babaré Tuwati”



O Murat mazé, Salic suraya ókkole aró cúna sañdi hodúddgún loi gúfar uzu aai zargoi. Tará biyák1 kúcit buzá zar. Tára házana aró barai bar kuci éri. 

“Aiyó! Añárar mal gún salamot2 aséné saigoi” sóddár e dak maijjé. “Gúfáttu honikká yé kessú loi ballá himmót e nodóribo. Zehón ítará saloi lotkaiya lac gúa dekí bóu, dhouré sérai bou. É boyankar3 halot e taráré abbar bafá baibo.”

Baade, sur ókkol beggún gúf-gúf gorí gúfár uzu zar. 

Zehón tará fattór gúar muúntú foñsíló, gúrattú fól mari fólmarí laimmé. Toi, tilismá duar gán ór muúntú giyé. Sóddar e “Kúliza… Sim sim!” boli dhak maijjé. 

Duwar gán kúli baade sóddare duwar baái góli gúfar sairó mikká sailó. 

“O bazi…horé giyoi. Lac gúa horé giyoi!” hoi sikkiran maijjé. Tarbaade, teñg oré merít guccá gorí mari oré sáñti ókkol ór uzu saiyé. 

“Aññí hoilám, sur ar ekzon asé bóli” hoi sikkirar4. “Añrá ekzon mari feillí montor5 ar ek suraya ai itar lac gúa loi gel goi dé.”

Sóddar e aró zehón gúri-garí sailó, tar mon aró hóraf o fán harbar dekílo. Aró mal hodún dahá nozar. 

“Añárattú ite honnua dé, ar horé také de yián tuwai dóri hamahá mari féla foribou” hoi sóddar e gufár butóre goille dé sur gún oré hoiyé.  

“Montor, íte honnúa dé yián añrá keené zani faijjum?" hoi ekzon e súwal goijjé.

“Íte lac loi giyoi dé yian loi éri…” hoi soddar e juwab diyé. “Añárar manúic ekzon coorót zai óre mancé ki hoor fúna foribou. Honó ekzon e to zani bóu. Manúic ugguá mara giye yá tuwai nofar de yián. Zettót añára íba honnuá de, ar íba horé táke dé zani faijjúm, Yá ar ekzon honnuá de tuwa aasán óizaibou.” boli sóddar e buzái yé.

“Aññí zaiyum. Íba honnúa de ar horíyar de yián añí tuwai nelaiyúm” boli sur ekzon e hoiyé. 

“Tui himmot oula arde salák ó. Ham yian bicí dorhari6 ham.” hoi soddár e cabáic7 diyé.

“Oi ze, añí hañsá tuwai faijjum.” boli suraiya ye hoiyé.

“Eén óile za, montor, tortú sónna8 bodola foríbó. Ugguá lamba zubba9 fin ar uggúa baicádar ór sonna dóríc. Mancóré tui coór yiánót noya aiccós boli hois. Hodún cúna yo loiza, hobór dorí báiccót lagibó. Manúic ókkol loi matic ar tará ki hor fúnic.” hoi cíkai diyé.

Baade tará gúfattu nioli aiccé, sóddar e “Bon óiza… Sim Sim!” hoi duwar gán bon goijjé. 

Tarfoddin, suraiya ye ugguá tikka oula zubba finní coórót accé. Códor okkól loi mal or baabote suwala suwali gorér. Te rosí, kurá, gusto, hoor or babote zani faijjé. Íte Kofír10 duwanot zai muusom arde bom-tom or babote hotá-batra hoiyé. Ité bagan ot, górot zai zai manúc ókkol loi dola óiyé. Ek cót hañsá haissá manúic loi dola oiyé. 

Montor honó kessú nofailó. Honókiyé manúic marahaiyé dé babote no hoiló. Honó kiyar mugóttún gúfar házanar hotá nó-fúné. 

“Aññí hodún mancór loi hotá hoilam mogor honikká yé mortú lagerde hotá gán no-hoilo” boli targá te báfer. ''Honikka ye lac guar hotá no-hoilo. Mui sórdar oré zai ki juwab diyum? Íba dé bicí gorom óizai boi. ''

Suraiya ye din bór ikká-uikká duñri duñri fusár goitté goitté óran oigiyói. Íte ekkán holibár duwanor dáke boi ziraiyé. Baade ítar zutar uzu sailóu. Dekhér dé zuta fáçí giyoi. 

Duwanot mazé ugguá burá holibá yé recómór Killa11 ugguá sílar de dekér. 

''Mor zuta gún ekká soo'' hoi holibáré zuta gún kúli daháiyé. 

''Tuñí eré façá dekor né?'' hoi holibáre fusár goijjé. ''Ehón andár óizaiboi. Tuñí dekhí bá né ya. Tuáñr sugé éto bol nofor faállá.''

''Noó kí? aññí deikkí. Cúkuriya . Añár sug ajó gom asé, sinta gorá nofori bóu'' hoi Mustafa holibá yé zuwab diyé. '' Aññí ajó óddo e coórót baríq holibá. Aññí ajó fúiñc ót mazé nize baze taga12 gólai fari. E coórót mazé añárnán sílai fare de eén honó beçain nái. ''

Te aró hoor dé, “Ho ekdin age, mui bicí dukkór ham oddó gojjillúm. Ugguá andár fulit13 mazé lac ugguár lá khamis sílai diilám! Ugguá miala fuaye ítaro górot loigiíl dé.''

“Ugguá mora mancór!” hoi te ammúk mikká óiye. Suraya aste-aste buijjá holibár hañsé zai oré, ″baade keén oiyé, ekká moré hooná! Kengorí moijjé dé?″ 

“Aññí tuáñré yiánor babote kessú hoi no faijjúm,” boli holibá yé fírai zuwab diyé. “Iin bedor14 hotá__ Aññí mila fua wáré no hoiyúm boli zuban diyí.”

Suraiya ye zubbatú cúnár foisá ugguá niolai holibá ré diyé. 

“Tuáñr nam ki nam ze, o murobbi sab?” Íte fusár loiyé. 

“Añár nam Mustafa,” hoi holibá yé zuwab diyé.

“Mustafa mou, aññí honó tuáñrtú moijjé dé manúic íbar nam zainto sair dé noó. Aññí íbar babote kessú zainto nosair. Cúde tuñí añáré íbar gór gan dahai do. Aññí tuáñré bout tiyañ diyum,” boli suraya ye háñci háñci hoiyé. 

Mustafa holibá ye hotún báfi lo. Baade uite diyé dé foisá wá bóri loi óre “ Aññí kucíc gorí sai” boli hoiyé. “Montor, miala fua wá ye moré sug bañdí loigiyé dé, yíanollá mui de gór no-siním.”

“ Aiyó, ehón ére zai” boli dahaittha ye hoiyé. “ Tuñí odeode foilar dikká sugót hoor baindó. Abbar aite yó sug bandi feliyúm. Taaké, tuiñ gór yian no sinófán.” Tuñí kessú no dekílé yó, rastar abaz fúnifariná, Fúlor khucbó loi faribá, Aró háná-finár khucbo yó faiba. Iin loi gór siní bólla zeddúr faro éddur kucíc goró. Aññí tuáñré balá boccíc15 diyum.”

Een hoi holibár hátot tiyañ ar ugguá diyé. “Aññí kucíc gorí sai ” bolí holibáye mug-gali16 hoiyé. Yiar baade holibáye surayar zuta síla ejjé. Duwan gán ó thala maijjé17.  

Dahaittha yé oloiddá doñr nuwal ekkán niyalai baade Mustafa hólibár suggún oré cúndor gorí bainddé. 

“Ére,” dahaitta ye hoor. “ Aññí hamgoróni miala fuwa bolí mone mone kiyál goró. Foila bar gór yían ot zaite failá dé khucbo okkól, abas ókkol oré ótgoró.”

Tará dunízón neyeli zar cúru. Zaite foñtót modot gorí farefán, Dahaittha ye Mustafa hólibar dhuñwá sái doijjé. 

Ekká gorí zai Mustafa holibá tíyai óre fuñc fuñc gorí nake fúñwer. “Bol hári!18” holibáyé hoiló. “Honíkká yé añzinná bol hári hár. Ín bicí khucbo urér ána. Añrá fakká soi foñt bai zair deya.”

Hoek miníth baade, holibá ye hoiló. “Mor bandhák ottún mui gadár abas fúnomor. Añrattún foñt yián bái zafori bóde. Yian soi foñt.”

Ar hoddúr zai baade tíyai óre hoordé, “ Mui deki gura fuwa ugguár handani fúnomor. É besara wá gúm zaito mone no ho dé étolla foittódin áñzinná hande de. Zañ oibo ouk, añárá soi rastat así ar gór yían loot faite hañsáiye.”

Ar hoddúr áñri zai holibáye abar fúñc-fúñc nake fúñwer.“Añí gulab fúlor khucbo fair. Gulab fúl dekí mor fosónór fúl. Goto hailla yó mui gulab fúl or khucbo faiyóm. Gór Yían érí, ziyian ót mui hamis sílaitó accílúm. O bainá”

Gulab fúl or khucbo deki Kasímor góror kírkirir gulab or top ottún aiyérde. Holibá ye dahaitha ré Kasím or górot loigiyé dé, zeré íbayé hamis sílail. 

“Gom gom hoorde ne?” hoi dahaithta ye fusár loiye.

“Ói homór dé nóní” hoi holibáye zuwab diyé. “Montor, yian hon zaga de mui hoi no-farím. Ar har gór déyó hoi no-farím.”

“O cúida nái. Tuñí eddur hoi faijjo, bicí oiyé. Tuiñ deki moré bicí modotot gorí feillo. Dóro thiyañ iín lo, añí tuáñré duwanot abar barái di aiyí.”

Dahaittha ye zeb ottún hól meri19 ekkán niyalai góror duwarot hót diyé. 

“Eré, gór de beggún ek doillá” hoi mone mone báfér. “Aññí zehón sóddar cab oré aníyúm, e hól merír marhá yé hon górot dou tou loi góli añárar házana sur goijjé dé sur ore mara foredde, sinno faiyum.”

Dahaittha ye mustafaré duwanot barai di, sóddar ore hóbor hoi bolla murat giló. Te bafer dé, “ Sóddar cab aijja bicí kúci oibó. Cab bicí gorom de hísafe, e hóbor faile motton, añarar mal sur goijjé ítar siyará gunibó20.” hoi hoi háñcer. 

Tarfoddin biinná, Morjina ye Ali babar tarar lá nasta banar. Íbayé ek keteri Kofi banai yé ar hodun Hoñla sírjjé. Toi ibaye filot, fiyañla lamai yé. Dejher dé oulat21 mazé haibolla ruti nái. Baar tún kini aníyúm boli hoi, bazaror dhula wá hátot loi óre bazarot nili giyoi.

  Morjina ye bazarottú górot golergai dé ére duwarot noiya marhá ugguá kíyal goijjé. Íbaye hañse zai cúndor gorí saiyé.

“E marhá ibá dé goto hailla no accíl. Iba ki marhá oibou de yá? Honó betal marhá né? Zorúr hóraf mancé añár girós oré nuksan goittó diyéde óit fare.” hoói matá uñtai uñtai mone mone báiffe. Tói baade, íbayé gorót góli hólmeçi34 ekkán ainné. É goltit asé de gór biggúnnór duwarot mazé éndilla marhá okkól mari diyé.

“Een gorílé, ze marhá diyé te bekub oi zaiboi” Morjina ye baiffe. Toi baade wafes górot gelgoi.  

………………………………………………………………
Lobzór Maáni

1. Biyák = beggúlún. 2. Salamot = Hefazot
3. Boyankar = bicí dhorór.              4. Sikkirar = Guzorer.
5. Montor   = Mogor. 6. Dorhari = Zoruri.
7. Cabáic = Tarif gorón. 8. Sónna = ruf. Surot.
9. Zubba = Arobi kurta. 10. Kofí = Saa banai háde kofí.
11. Killa = Lamba feen. 12. Taga = Fúñtá.
13. Fuli = hambára. 14. Bédor hatá = Gufon hotá.
15. Boccíc = Enam. Hadiya. 16. Mug-gali = Futhki háñci.
17. Thala maijjé = bongorí feillé. 18. Bol hári= mas ya gusso re gulgul fagai rande dé sálon.
19. Hól meri = couk. 20. Gunibó = mone mone báfibo. 
21. Oula = sular gór.



Tuesday, November 19, 2019

သောကခရီးဝယ် ဒုက္ခသယ်




သောကခရီးဝယ် ဒုက္ခသယ်


ရေးဖွဲ့- လူထုဝဏ္ဏ

(၁)
တို့ဖွားမြင်တဲ့ မြန်ပြည်သာမှာ
လူဦးရေမှန်း ခြောက်သန်းခန့်ရှိတယ်။
သူတချို့က တိုက်တွေမှာနေ၊ 
လူတစ်ချို့က တွင်းထဲအောင်းရတယ်။
တို့အဖို့တော့ ခုချိန်ထိ
 နေရာတကွက်လောက် မရှိပါလား၊ 
အို အဆွေ!

(၂)
ဟိုးတစ်ချိန်က တို့တွေမှာလည်း
 ပြည်တိုင်းမြေသာ ရှိခဲ့တယ်။ 
တရားမျှတ လွတ်လပ်ကလို့ 
သမိုင်းသက်သေ ပြောင်ခဲ့တယ်။
ကမ္ဘာမြေပုံမှာ ရှာကြည့်မယ်ဆို၊
တို့ပြည်ရွှေသာ တွေ့မှာမုချ။
သို့ပေမဲ့ ခုတို့တွေက နေခွင့်ရှိဘူးတဲ့၊ 
အိုအဆွေ! 

(၃)
ငါ့ရွာဟောင်းရဲ့ ဝတ်ပြုကျောင်းမှာ 
ခရေပင်အို တစ်ပင်ရှိခဲ့တယ်။
နွေဦးချိန်တိုင်း ပွင့်သစ်ခိုင်းတွေနဲ့
 ဝေဆာနေပါတယ်။
တို့ရာဇဝင်အိုက  အဲ့လိုပွင့်သစ် 
မလန်းနိုင်ဘူးတဲ့၊ အိုအဆွေ!

(၄)
အာဏာရှင်က စားပွဲခုံကို 
ထုပြီးတော့ ရမ်းပြောတယ်
တကယ်လို့ မင်းတို့ ဘင်္ဂလီမခံရင် 
မင်းတို့ တရားဝင် သေပြီတဲ့။
သို့ပေမဲ့ တို့က ရှင်သန်နေဆဲပါပဲ။ 

(၅)
ကော်မရှင်ဆီသွား ခွင့်ရေးတောင်းတော့
ထိုင်ခုံပေးကာ သိမ်မွေ့စွာ 
ဘင်္ဂလီခံမှပြန် ပြောဖန်ဖန်။
သို့ပေမဲ့ တို့ဒီနေ့ ဘယ်ကိုသွားမတုံး၊ 
အိုအဆွေ!

(၆)
ရပ်သားသွေးခြား စည်းဝေးကာ
နာယက က  မိန့်ခွန်းမြွက် 
“သူတို့ကို ဝင်ခွင့်ပေးမယ်ဆို
ငါတို့ဝမ်းစာ ခိုးစားမယ်”တဲ့။
အိမ်ရှင်ဖြစ်တဲ့ ငါနဲ့မင်းကို 
သူတို့က သခိုးယိုးစွပ်နေတာပါ၊ 
အိုအဆွေ!

(၇)
ကောင်းကင်ယံပေါ် မိုးခြိမ်းသံများ 
ကြားရသလို ငါထင်မိတယ်။
အဲ့ဒါက တို့ဌာနေပေါ် ဖေါက်ကွဲနေတဲ့ 
ဝရဇိန်တွေပါ။ 
“ကုလားတွေ စင်အောင်သတ်”လို့ 
တကျယ်ကျယ်အော်သံပါ။
ငါတို့ကို ချေမှုန်းလိုက်ပြီ။ အိုအဆွေ! 

(၈)
ဂျာကင်ဝတ်တဲ့ ခွေးရိုင်းတကောင်က 
ကြောင်တကောင်အား
ဖွင့်ဟနေတဲ့တံခါးတစ်ခုမှ
 ဝင်ခွင့်ပေးတာကို မြင်တယ်။ 
သို့သော် သူတို့က ရိုမဟုတ်ကြောင့်သာတဲ့။ 
အိုအဆွေ! 

(၉)
ဆိပ်ကမ်းနားသို့ သွားပြီးတော့
 လှေဆိပ်ပေါ် ရပ်ကြည့်တဲ့ခါ 
ငါးကလေးတွေက လွှတ်လပ်လပ်
 ရေကူးနေကြတယ်။ 
သို့ပေမဲ့ တို့ကတော့ခါ ဆယ်ပေလောက်ပဲ 
သွားလာနိုင်တာကိုး၊ အိုအဆွေ!

(၁၀)
တောမှတခေါက် လျှောက်သွားတဲ့ခါ 
သစ်ပင်တွေပေါ် ငှက်ဖော်စုံတွေကို မြင်ရ၏။ 
သူတို့မှာ နိုင်ငံရေးသမား မရှိဘူး။ 
သူ့စိတ်သက်သာရာ သီချင်းတွေကို 
သီဆိုနိုင်ကြတယ်။ 
သူတို့ လူထက်တောင် သာနေတယ်၊ အိုအဆွေ!

(၁၁)
အိပ်မက်ထဲတွင် အထပ်တစ်ထောင်၊
 ပြူးတင်းပေါက် တစ်ထောင်နှင့် 
တံခါးတထောင်ရှိတဲ့ အိမ်ကိုမက်ခဲ့၏။ 
သို့ပေမဲ့ တံခါးတစ်ပေါက်ရှိတဲ့ 
တို့အိမ်ကိုတောင် မျိုးချစ်မောင်တို့က
 ကြေမွေလိုက်တယ်လေ။ 
အိပ်မက်ထဲမှ တစ်ခုမျှလောက်
ကျနော်တို့ မပိုင်ခဲ့ပါလား။ အိုအဆွေ!

(၁၂)
မိုးပြင်းနေတဲ့ လွင်ပြင်တစ်ခုမှာ
ရပ်၍ခဏ စောင့်ကြည့်ခဲ့၏။ 
လက်နက်ကိုင်ရှင် သန်းလောက်ထင် 
သွားလိုက်လာလိုက် ကင်းလှည့်နေတယ်။ 
မင်းနဲ့ငါ့ကို ရှာနေတာတဲ့။ အိုအဆွေ!

Sep17, 2019, 8: 36




Thursday, November 7, 2019

Híjrot



Híjrot 


Bangladecót híjrot gorílam 
baindá gór feli 

Salot sailé soiñyor borá
Khetít sailé morisor horá
Góror duare hander kutta 
girós giya féli, 
Bangladecót híjrot gorilam, 
jati bái bóli!


Dehá gelé fukor thonki,
decór monot urér sonki.
Haire maa-baf hore gelí?
Añará Bangladecót híjrot gorí.

Hijrot gorílam Bormádec féli (II)

___________________________


ENGLISH TRANSLATION

Migration

We migrated to Bangladesh leaving behind 
our beautiful homes

On our rooftop had dried food
In our field we had fresh chilies
we migrated to Bangladesh leaving 
everything behind thinking that 
we are of same (Muslim) brotherhood

Now when we look back to the East,
We remember many things of the past

O, where are my beloved parents?
You sent us to Bangladesh
We had to leave our beloved country Burma

Source: a group of undocumented female refugees from the hilltop area


Monday, November 4, 2019

Añrá hóilam Forbáci




Añrá hóilam Forbáci


Oh Allah Gofurur Rahim,
Añrá hóilam Forbáci
Añrá hóilam refugee (2)

E murar butóré Allah
ar hotto kaal rakíbi
Fuker, zuker hoñrani
Ar hoto din handaibi (2)

Zulúmór doriyat foriroilam baciya baci,
Oo khuda, tui saile faros 
añrar Arakanor cánti,
Añrár mog bormar canti. (2)

-Old Rohingya Poetry 


English Translation


We have become refugees

Oh God, Forgiving and Merciful.
We are in exile.
We have become refugees (2)

For how long will you keep us in this mountain caves.
For how long will you make us eaten by insects. (2)

We remained adrift suffering from tortures.
Oh God, make our country peaceful if you wish. (2)

Ref: 
Memories of Burmese Rohingya Refugees 
by Fahima Farzana