Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 24, 2019

နော်ဝေက သာသနာ့ သူရဲကောင်း




နော်ဝေက သာသနာ့ သူရဲကောင်း

တင်ဆက်သူ- နတ်မျက်စိ |

ယခုတလော၌ ကမ္ဘာတစ်လွှားရှိ မွတ်စ်လင်မ်များသည် 'ကုရ်အာန်ကာကွယ်သူ' ဟု ကင်ပွန်းတပ် ဂုဏ်ပြုပြောဆိုနေသော နော်ဝေမှ ရဲရဲတောက်လူငယ် တစ်ယောက် ဆိုရှယ်မီဒီယာတွင် အထူး ပျံ့နှံ့နေသည်။ 

၂၀၁၉ ခု နိုဝင်ဘာလ ၂၂ ရက် ၊ နော်ဝေနိုင်ငံ၊ ခရစ်တီယင်ဆန်မြို့ [Kristiansand] ၌ အိစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို နော်ဝေနိုင်ငံအိစ္စလာမ်ဘာသာရပ်တန့်ရေး [ Stop Islamisation of Norway ] လှုပ်ရှားမှုမှ ဦးဆောင် ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် SIAN ကို ဦးဆောင်သူ Lars Thorsen က အိစ္စလာမ်ဘာသာ၏ အထိတ်အမြတ် ကျမ်းဖြစ်သော ကုရ်အာန် ကျမ်းတော်မြတ်ကို မီးရှို့ဖျက်ဆီးရန် ကြိုးစားနေစဉ် အသက် ၂၂ အရွယ် လူငယ်တစ်ဦးသည် ကင်ပိန်းဧရိယာ ထဲသို့ ရုတ်တရက် ခုန်ကျော်ဝင်လာကာ အယူသည်း လူယုတ် လားစ် တိုစိန် ကို ခြေနှင့် ကန်ကျောက် တိုက်ခိုက်ခဲ့သည်။ 





အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ကို ဆန္ဒပြရာတွင် ကုရ်အာန်ကျမ်းမြတ်ကို မီးရှို့လျှင် တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိသဖြင့် လုံးလုံးလျားလျား ရှောင်သင့်ကြောင်း၊  ဒေသခံရဲအရာရှိများမှ  သတိပေးမှုများ ရှိခဲ့သော်လည်း လိုက်လျောနာခံခြင်းမရှိဘဲ ဤလူမဆန်အယူသည်းသော လားစ် တိုစိန် ဆိုသူက မိုက်မိုက်မဲမဲ ကျူးလွန်လိုက်သည်။  

ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ်များသည် ကူစိုင် ရာရှစ် ကို လူမှုမီဒီယာများမှတဆင့်  ထောက်ခံချီးမွမ်းလာသည်။ လူမှုမီဒီယာ ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် ကူစိုင် ရာရှစ် သည် စင်ကြည်သန့်ရှင်းသော ကျမ်းတော်မြတ်ကို ရှုတ်ချခံရခြင်းမှ ကာကွယ်ရန် ခြင်္သေ့ကဲ့သို့ လမ်းဆို့ကာ များကို ခုန်ကျော်သွားနေသည်ကို တွေ့မြင်နိုင်သည်။



မွတ်စ်လင်မ်သူရဲကောင်း ကူစိုင် ရာရှစ် သည် Thorsen ၏ အင်္ကျီကိုင်ပြီး ဆွဲငင်လှည့်ရစ်ပတ်လိုက်သည်။ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်အား ကန်ထုတ်ရန် ကြိုးစားပြီးနောက် တိုက်ခိုက်သူသည် မြေပြင်သို့ ကျသွားသည်။ ထို့နောက်  Thorsen အနားသို့ အခြားသူများ  အလျင်အမြန် ပြေးဝင်လာသည်နှင့် ဒေသခံရဲများသည် တိုက်ပွဲကိုရပ်တန့်ရန် ကြိုးစားခဲ့သည်။


ဒေသခံရဲများသည် Thorsen နှင့်  တိုက်ခိုက်သူများကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ဒေသခံမီဒီယာများမှ ဖော်ပြခဲ့သည်။

အစီရင်ခံစာများအရ ကျမ်းတော်မြတ်ကုရ်အာန်  (၂) စောင်ကို ချီတက်ဆန္ဒပြနေစဉ် အမှိုက်ပုံးထဲ ပစ်ချခံခဲ့ရပြီး လူယုတ်မာ Thorsen သည် အခြားတစ်စောင်အား မီးရှို့ပစ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

#ilyas_Hero_of_Muslim_Ummah, 
#Norway, #Defender_of_Quran, 
#TheGloriousQuran 

No comments:

Post a Comment