Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 13, 2019

အလယ်သံကျော် အာရကာနစ်မွတ်စလင် ညီလာခံ

 


အလယ်သံကျော် အာရကာနစ်မွတ်စလင် ညီလာခံ


၁၉၄၈ ခု နောက်ပိုင်းတွင် BTF (Battalion of Territorial Force) နှင့် ကွန်မြူနစ်ပါတီတို့က ရိုဟင်ဂျာလူမျိုးကို အမျိုးမျိုး နှိပ်ကွပ် သောင်းကျန်းလာသောအခါ တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကာဆိမ့်က ရခိုင်တိုင်း မွတ်စလင်ညီလာခံ တစ်ရပ်ကို ကျင်းပရန် စီစဥ်ခဲ့သည်။ ညီလာခံကို မောင်တောမြို့နယ် မြောက်ပိုင်း အလယ်သံကျော်၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ညီလာခံတွင် အာရကန်တိုင်း အရပ်ရပ်မှ ရိုဟင်ဂျာ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။ ထိုအလယ်သံကျော်ညီလာခံတွင် ကျင်းပသော အာရကန်မွတ်စလင်ညီလာခံ၌  ဦးဇော်ဟီးရ်အမတ်ကို အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဆွာလေအဟ်မတ် (ဥဒေါင်း) ကို ဥက္ကဌအဖြစ်လည်းကောင်း၊ ဗိုလ်ကာဆိမ့်ကို သေနပတိအဖြစ်လည်းကောင်း၊ ဦးနာဇီရ်အမတ်ကို အတိုင်အပင်အဖြစ်လည်းကောင်း ရွေးချယ်တင်မြောက်ခဲ့သည်။

အလယ်သံကျော်ညီလာခံမှ အချက် (၁၃) ခုကို တညီတညွတ်တည်း ဆုံးဖြတ်ကာ မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက် မူရင်းကို အောက်ပါလိင့်မှ ဒေါင်းယူဖတ်ရှူပါ။ 






No comments:

Post a Comment