Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, June 19, 2025

ရိုဟင်ဂျာစကားထဲက ပေါ်တူဂီမွေးစားစကားလုံးများ



ရိုဟင်ဂျာစကားထဲက
ပေါ်တူဂီမွေးစားစကားလုံးများ

ROHINGYA LANGUAGE STUDY  |  PORTUGUESE LOANWORDS

          ​အေဒီ ၁၆-၁၇ ရာစု မြောက်ဦးခေတ် ပေါ်တူဂီတို့သည် အာရကန်ပြည်နှင့် ကုန်သွယ်ရောင်းဝယ်ရေး ကောင်းစားခဲ့သည်။ အာရကန်ပြည်သို့ ​ကြေးစားဝန်ထမ်းအဖြစ်လည်း​ကောင်း၊ ကုန်သွယ်​ရေးကိစ္စဖြင့်လည်း​ကောင်း အကြောင်းမျိုးမျိုးကြောင့် လာရောက်အ​ခြေချ နေထိုင်လာပြီး အာရကန်ပြည်သူများနှင့် ​ရော​နှောကာ လက်ထပ်ထိမ်းမြားမှုအထိ ပြုလာခဲ့သည်။ ဘုရင် ဇ​ဘောက်သျှား (ခ) မင်းဘင် လက်ထက်မှာ ​​ပေါ်တူဂီ ကုန်သည်များတပ်​တောင် ရှိခဲ့သည်။ မြောက်ဦး၌ စက်ရုံများ ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။ ​ပေါ်တူဂီတို့သည် ကျွန်​ရောင်းဝယ်​ရေးနှင့် ပင်လယ်ဓားပြမှုဖြင့် သမိုင်းတွင် ထင်ရှားခဲ့သည်။ ရိုဟင်ဂျာများသည် အဆိုပါ ပေါ်တူဂီ ပင်လယ်ဓားပြများကို ဟာရ်မာဒါ/ ဟာရ်မာဒျာ ဟု ခေါ်လေ့ရှိကြသည်။ ​ဆော်လိမ်သျှား (ခ) မင်းရာဇာကြီးက ​ပေါ်တူဂီတို့နှင့် မဟာမိတ်ဖွဲ့ကာ နန္ဒာဘုရင်ကို စစ်ချီခဲ့သည်။ ​​ပေါ်တူဂီသား ဖီးလိစ် ​ဒေ ဗြီတို အား သန်လျင်ကို စား​စေခဲ့သည်။ တဖန် ဒတ်ချ်နှင့် မဟာမိတ်ဖွဲ့ကာ ​ပေါ်တူဂီတို့၏ အင်အား​​လျော့ချ​စေရန် စစ်ချီခဲ့သည်။ ဤသို့ နှစ်ပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါး ထိတွေ့ဆက်ဆံမှုများ ရှိခဲ့ရာမှ ပေါ်တူဂီတို့၏ ဝေါဟာရအချို့သည် အချိန်ကာလ ကြာလာသည်နှင့်အမျှ အာရကန်ပြည်သူများ၏ ဘာသာစကားသို့ ကူးပြောင်း စိမ့်ဝင်လာခဲ့သည်။ ယင်းမွေးစား စကားလုံးများကို ယနေ့ အချိန်အထိ ရိုဟင်ဂျာတို့က မူမပျက် သုံးနှုန်းပြောဆိုလေ့ ရှိကြသည်။ ရိုဟင်ဂျာစကားသို့ ​ပေါ်တူဂီဘာသာစကားမှ ဆင်းသက်ဝင်​ရောက်လာ​သည့် ထင်ရှား​သော ​မွေးစားစကားလုံး အချို့ကို ​အောက်တွင် ​ဖော်ပြထားသည်။


​ပေါ်တူဂီမွေးစားစကားလုံးများ


စဉ်

ရိုဟင်ဂျာစကားလုံး

မြန်မာအဓိပ္ပာယ်

ပေါ်တူဂီမူရင်း

1

Kamrá

𐴑𐴝𐴔𐴌𐴝𐴤

အခန်း

câmara

2

Almari

𐴀𐴝𐴓𐴔𐴝𐴌𐴞

ဗီရို

armário

3

Varandah

𐴁𐴝𐴌𐴝𐴕𐴋𐴝

ဝရန်တာ

varanda

4

Saabí

𐴏𐴦𐴝𐴁𐴥𐴞

သော့

chave

5

Balti

𐴁𐴝𐴓𐴄𐴥𐴞

ပုံး

balde

6

Gaalá

𐴒𐴝𐴀𐴓𐴥𐴝

ဇလုံ

gamela

7

Pinis

𐴉𐴞𐴕𐴞𐴏

လက်ဖက်ရည်ပန်းကန်ပြား

pires

8

Basón

𐴁𐴝𐴏𐴥𐴡𐴕

ပန်းကန်

bacia

9

Khatírá

𐴈𐴝𐴃𐴥𐴞𐴌𐴝

ကုလားထိုင်

cadeira

10

Butam

𐴁𐴟𐴄𐴝𐴔

ကြယ်သီး

botão

11

Khamis

𐴈𐴝𐴔𐴞𐴏

အင်္ကျီ

camisa

12

Sáiya

𐴏𐴥𐴙𐴘𐴧𐴝

အတွင်းခံ

saia

13

Fíta

𐴉𐴥𐴞𐴃𐴝

ဖဲကြိုး

fita

14

Sábún

𐴏𐴥𐴝𐴁𐴥𐴟𐴕

ဆပ်ပြာ

sabão

15

Toilá

𐴃𐴡𐴘𐴓𐴥𐴝

ကိုယ်သုတ်ပုဝါ

toalha

16

Gudam

𐴒𐴟𐴋𐴝𐴔

ဂိုဒေါင်း

Gudão

17

Istiri

𐴀𐴞𐴏𐴄𐴞𐴌𐴞

မီးပူ

estirar

18

Hármada

𐴇𐴥𐴝𐴌𐴔𐴝𐴊𐴝

ပင်လယ်ဓားပြ

armada

19

Chura

𐴐𐴟𐴌𐴝

ဆေးပေါ့လိပ်

charuto

20

Fáaltu

𐴉𐴦𐴝𐴓𐴄𐴟

အသုံးမကျသော

falta

21

Mistírí

𐴔𐴞𐴏𐴃𐴥𐴞𐴌𐴥𐴞

လက်သမား

mestre

22

Girja

𐴒𐴞𐴌𐴅𐴝

ခရစ်ယာန်ဘုရားကျောင်း

igreja

23

Padúrí

𐴉𐴝𐴋𐴥𐴟𐴌𐴥𐴞

ခရစ်ယာန်ဘုန်းကြီး

Padre

24

Martul

𐴔𐴝𐴌𐴃𐴟𐴓

တူ

Martelo

25

Pudin

—𐴜𐴟𐴋𐴞𐴕

ပူတင်း

pudim

26

Anaash

𐴀𐴠𐴕𐴝𐴀𐴝𐴐

နာနတ်သီး

ananás

27

Kaju badam

𐴑𐴝𐴎𐴟𐴁𐴝𐴊𐴝𐴔

သီဟိုဠ်သရက်​စေ့

caju

28

Tambakú

𐴃𐴝𐴔𐴁𐴝𐴑𐴥𐴟

ဆေးရွက်

tabaco

29

Khoppi

𐴈𐴡𐴜𐴧𐴞

ဂေါ်ဖီထုပ်

couve

30

Paoruti

𐴉𐴡𐴌𐴟𐴄𐴞

ပေါင်မုန့်

pão


  • လူထုဝဏ္ဏ

(၀၃-၀၅-၂၀၂၅)


ကိုးကား

  • D.G.E Hall, A history of south-east Asia.