Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 31, 2017

ကမ္ဘာအရပ်ရပ်မှ မြို့များတွင်နေထိုင်သော မွတ်စလင်တို့၏ ဥပုသ်စောင့်ချိန်များ



ဉာဏ်အလင်း

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လဖြစ်တဲ့ ရမ်ဇန်လမှာ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေဟာ လပြက္ခဒိန်အတိုင်း ဥပုသ်စောင့်ထိန်းကြမှာဖြစ်ပါတယ်။ နေမထွက်ခင်အချိန်အစောပိုင်းကတည်းကနေ နေ၀င်ချိန်ထိအောင် အစားအသောက်လုံးဝရှောင်ကျဉ်ပြီး ဥပုသ်စောင့်ထိန်းကြမှာပါ။

လပြက္ခဒိန်ကိုအသုံးပြုတာဖြစ်လို့ မကြာသေးခင်နှစ်တွေက စပြီး ရမ်ဇန်လဟာ နွေရာသီပိုင်းကို တဖြည်းဖြည်းရောက်လာခဲ့ပါပြီ။ နွေဆိုတော့ ထုံးစံအတိုင်း ကမ္ဘာမြောက်ဘက်ခြမ်းမှာ နေ့တာရှည်ပြီး နိုင်ငံတော်တော်များမှာ ပူပြင်းတဲ့အပူချိန်ကို ခံစားရမှာပါ။ ပြောင်းပြန်အနေနဲ့ တောင်ဘက်ခြမ်းမှာတော့ ရမ်ဇန်နေ့ရက်တွေဟာ အတိုဆုံးဖြစ်လာပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက ရမ်ဇန်လမှာ ဥပုသ်စောင့်ရတဲ့အချိန်ကာလဟာ ၁၁ နာရီကနေ ၂၂ နာရီကြားမှာ ရှိခဲ့ပါတယ်။ ဒီလမှာတော့ ချီလီနိုင်ငံမှာ ၁၀ နာရီကနေ ဂရင်းလန်းမှာ ၂၁ နာရီထိ ရှိခဲ့ပါတယ်။

နေ၀င်နေထွက်ချိန်က နေ့စဉ်နဲ့အမျှပြောင်းလဲနေတာကြောင့် တစ်လလုံးမှာ ဥပုသ်စောင့်ချိန်ဟာလည်း တောက်လျှောက်ဆိုသလို မိနစ်အနည်းငယ်အပြောင်းအလဲရှိနေမှာပါ။ 

အောက်ဖော်ပြပါ မြို့တချို့ကတော့ ဥပုသ်ကို နာရီအကြာဆုံး စောင့်ထိန်းရမယ့် မြို့တွေပဲဖြစ်ပါတယ်။ ဥပုသ်စောင့်ချိန်ဟာ နေ့ရက်သာမက တွက်ချက်တဲ့ နည်းစနစ်တွေအရပါ အပြောင်းအလဲရှိနိုင်ပါတယ်။

1. Nuuk မြို့၊ ဂရင်းလန်းကျွန်း - ဥပုသ်စောင့်ချိန် ၂၁ နာရီ (မနက် ၂း၁၆ မှ ည ၁၁း၁၄ ထိ)

2. အော်စလိုမြို့၊ နော်ဝေးနိုင်ငံ - ဥပုသ်စောင့်ချိန် ၂၀ နာရီ (မနက် ၂း၂၄ မှ ည ၁၀း၁၅ ထိ)

3. ဟယ်လင်စကီးမြို့၊ ဖင်လန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၂၀ နာရီ (မနက် ၂း၂၆ မှ ည ၁၀း၂၄ ထိ)

4. စတော့ဟုမ်းမြို့၊ ဆွီဒင်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၉.၅ နာရီ (မနက် ၁း၅၇ မှ ည ၉း၃၉ ထိ)

5. မော်စကိုမြို့၊ ရုရှားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၉ နာရီ (မနက် ၁း၄၉ မှ ည ၉း၃၆ ထိ)

6. ကိုပင်ဟေဂန်မြို့၊ ဒိန်းမတ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၉ နာရီ (မနက် ၂း၂၉ မှ ည ၉း၃၆ ထိ)

7. ဘာလင်မြို့၊ ဂျာမနီနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၉ နာရီ (မနက် ၂း၄၁ မှ ည ၉း၃၄ ထိ)

8. Calgary မြို့၊ ကနေဒါနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈.၅ နာရီ (မနက် ၃း၀၅ မှ ည ၉း၃၉ ထိ)

9. ၀ါဆောမြို့၊ ပိုလန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈.၅ နာရီ (မနက် ၂း၀၃ မှ ည ၈း၄၂ ထိ)

10. လန်ဒန်မြို့၊ ယူကေနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈.၅ နာရီ (မနက် ၂း၂၉ မှ ည ၉း၀၃ ထိ)

11. အက်စ်တာနားမြို့၊ ကာဇက်စတန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈.၅ နာရီ (မနက် ၂း၄၃ မှ ည ၉း၁၅ ထိ)

12. ဘရပ်ဆဲလ်မြို့၊ ဘယ်ဂျီယံနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈.၅ နာရီ (မနက် ၃း၂၁ မှ ည ၉း၄၁ ထိ)

13. ဇူးရစ်မြို့၊ ဆွစ်ဇလန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈ နာရီ (မနက် ၂း၅၈ မှ ည ၉း၁၀ ထိ)

14. ပဲရစ်မြို့၊ ပြင်သစ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၈ နာရီ (မနက် ၃း၂၄ မှ ည ၉း၄၁ ထိ)

15. ဘူခါရက်စ်မြို့၊ ရိုမေးနီးယားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၇.၅ နာရီ (မနက် ၃း၁၉ မှ ည ၈း၅၀ ထိ)

16. ရောမမြို့၊ အီတလီနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၇ နာရီ (မနက် ၃း၃၆ မှ ည ၈း၃၅ ထိ)

17. မက်ဒရစ်မြို့၊ စပိန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၄း၅၁ မှ ည ၉း၃၆ ထိ)

18. လစ္စဘွန်းမြို့၊ ပေါ်တူဂီနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၄း၂၂ မှ ည ၈း၅၃ ထိ)

19. အေသင်မြို့၊ ဂရိနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၄း၁၅ မှ ည ၈း၄၀ ထိ)

20. ပေကျင်းမြို့၊ တရုတ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၂း၅၅ မှ ည ၇း၃၃ ထိ)

21. နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၃း၅၄ မှ ည ၈း၁၇ ထိ)

22. ပြုံယမ်းမြို့၊ မြောက်ကိုရီးယားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၂း၅၁ မှ ည ၇း၂၄ ထိ)

23. အန်ကာရာမြို့၊ တူရကီနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆.၅ နာရီ (မနက် ၃း၂၇ မှ ည ၈း၀၉ ထိ)

24. တိုကျိုမြို့၊ ဂျပန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၂း၄၄ မှ ည ၆း၄၉ ထိ)

25. ကာဘူးလ်မြို့၊ အာဖဂန်နစ္စတန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၀၂ မှ ည ၆း၅၈ ထိ)

26. ရာဘတ်မြို့၊ မော်ရိုကိုနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၃၈ မှ ည ၇း၃၁ ထိ)

27. အစ္စလာမ္မာဘတ်မြို့၊ ပါကစ္စတန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၂၀ မှ ည ၇း၁၁ ထိ)

28. တီဟီရန်မြို့၊ အီရန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၄း၀၆ မှ ည ၈း၁၃ ထိ)

29. ဘဂ္ဂဒက်မြို့၊ အီရတ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၁၆ မှ ည ၇း၀၅ ထိ)

30. ဘေရွတ်မြို့၊ လက်ဘနွန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၄၉ မှ ည ၇း၄၂ ထိ)

31. အလက်ပိုမြို့၊ ဆီရီးယားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၆ နာရီ (မနက် ၃း၃၁ မှ ည ၇း၄၁ ထိ)

32. ကိုင်ရိုမြို့၊ အီဂျစ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅.၅ နာရီ (မနက် ၃း၁၃ မှ ည ၆း၄၉ ထိ)

33. ဂျေရုစလင်မြို့၊ ပါလက်စတိုင်းနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅.၅ နာရီ၊ (မနက် ၃း၅၉ မှ ည ၇း၃၈ ထိ)

34. ကူဝိတ်စီးတီးမြို့၊ ကူဝိတ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅.၅ နာရီ (မနက် ၃း၁၇ မှ ည ၆း၄၂ ထိ)

35. ဂါဇာမြို့၊ ပါလက်စတိုင်းနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅.၅ နာရီ (မနက် ၄း၀၃ မိနစ်မှ ည ၇း၄၀ ထိ)

36. နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၃း၅၄ မှ ည ၇း၁၂ ထိ)

37. Kowloon မြို့၊ ဟောင်ကောင်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၄း၁၆ မှ ည ၇း၀၁ ထိ)

38. ဒက္ကာမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၃း၄၇ မှ ည ၆း၄၀ ထိ)

39. မွတ်စကတ်မြို့၊ အိုမန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၃း၅၂ မှ ည ၆း၄၇ ထိ)

40. ရီယာဒ်မြို့၊ ဆော်ဒီအာရေးဗျနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၃း၃၆ မှ ည ၆း၃၆)

41. ဒိုဟာမြို့၊ ကာတာနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၃း၁၅ မှ ည ၆း၁၈ ထိ)

42. ဒူဘိုင်းမြို့၊ ယူအေအီးနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၅ နာရီ (မနက် ၄း၀၂ မှ ည ၇း၀၄ ထိ)

43. Khartoum မြို့၊ ဆူဒန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၄.၅ နာရီ (မနက် ၄း၅၂ မှ ည ၇း၁၆ ထိ)

44. အေဒင်မြို့၊ ယီမင်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၄ နာရီ (မနက် ၄း၁၃ မှ ည ၆း၂၂ ထိ)

45. Dessye မြို့၊ အီသီယိုးပီးယား - ဥပုသ်စောင့်ချိန် ၁၄ နာရီ (မနက် ၄း၃၅ မှ ည ၆း၂၈ ထိ)

46. ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၄ နာရီ (မနက် ၄း၃၈ မှ ၆း၂၃ မိနစ်)

47. ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၄ နာရီ (မနက် ၄း၃၂ မှ ည ၆း၄၂ ထိ)

48. ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃.၅ နာရီ (မနက် ၅း၃၉ မှ ည ၇း၁၉ ထိ)

49. Novena မြို့၊ စင်ကာပူနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃.၅ နာရီ (မနက် ၅း၄၃ မှ ည ၇း၀၈ ထိ)

50. လူအန်ဒါမြို့၊ အန်ဂိုလာနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃ နာရီ (မနက် ၅း၀၁ မှ ည ၅း၅၄ ထိ)

51. ဆော်ပေါ်လိုမြို့၊ ဘရာဇီးနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃ နာရီ (မနက် ၄း၁၉ မှ ည ၅း၁၁ ထိ)

52. ဂျာကာတာမြို့၊ အင်ဒိုနီးရှားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃ နာရီ (မနက် ၄း၃၄ မှ ည ၅း၄၄ ထိ)

53. နိုင်ရိုဘီမြို့၊ ကင်ညာနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၃ နာရီ (မနက် ၅း၁၅ မှ ည ၆း၃၂ ထိ)

54. Harare မြို့၊ ဇင်ဘာဘွေနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၂.၅ နာရီ (မနက် ၅း၀၂ မှ ၅း၂၈ ထိ)

55. ပရီတိုးရီးယားမြို့၊ တောင်အာဖရိကနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၂ နာရီ (မနက် ၅း၂၃ မှ ည ၅း၂၆ ထိ) 

56. အော့ကလန်မြို့၊ နယူးဇီလန်နိုင်ငံ - ဥပုသ်စောင့်ချိန် ၁၁.၅ ကြိမ် (မနက် ၅း၅၂ မှ ည ၅း၁၄ ထိ)

57. မန်ဒိုဇာမြို့၊ အာဂျင်တီးယားနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၁.၅ နာရီ (မနက် ၇း၀၁ မှ ည ၆း၃၈ ထိ)

58. ကိပ်တောင်းမြို့၊ တောင်အာဖရိကနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၁.၅ နာရီ (မနက် ၆း၂၁ မှ ၅း၄၇ ထိ)

59. ကန်ဘာရာမြို့၊ သြစတေးလျနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၁.၅ နာရီ (မနက် ၅း၃၁ မှ ၅း၀၂ ထိ)

60. -Punta Arenasမြို့၊ ချီလီနိုင်ငံ - ဥပုသ်စောင့်ချိန် ၁၀ နာရီ (မနက် ၆း၃၄ မှ ည ၄း၄၁ ထိ)

မြန်မာနိုင်ငံမှာ ဥပုသ်လ စတင်ကျရောက်တဲ့ မေလ ၂၈ ရက် အချိန်ဇယားအရ စဟ်ရီပိတ် (၀ါချီချိန်) က ၄း၀၉ နာရီနဲ့ အိဖ်သာရီ (၀ါဖြေချိန်) က ၆း၃၆ နာရီဖြစ်ပါတယ်။ ဥပုသ်စောင့်ချိန်ကတော့ ၁၄.၄၁ နာရီဖြစ်ပါတယ်။

Ref: Al Jazeera 

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud      – http://bit.ly/2rp2r17
Dropbox   – http://bit.ly/2pNIeG7

Website   - http://wp.me/p5pNNN-nZ

Sunday, May 28, 2017

Facebook is banning the derogatory word, KALAR




Facebook, the most popular social media in Burma, has taken the initiative to fight against hate speech recently. Several Faceook users reported that their posts containing the word, kalar, was deleted and post owners were given notifications by Facebook.
However, it seems Facebook is indiscriminately (and hilariously) banning all the posts that contain the word, kalar. Although the word is deemed to be abusive and offensive by many, it is senseless to censor every post without checking the context or linguistic similarities.
A week earlier when I discovered this new policy of Facebook, I made a post telling my Facebook friends the word is banned. Ironically, my post was removed by Facebook and I was banned from liking, posting, and sharing content on Facebook for 24 hours because the post “doesn’t follow the Facebook Community Standards”.
A post made by one of my friends was deleted today because there was the word, kalar, in it. However, he was wittily asking his friends if they know where he can cure his lower back pain by using a pun. The phrase, ku la — ‘cure’ (ku) + question word (la) in Burmese language — bears striking resemblance verbatim with the racist term but they have a world of difference in context.

A Facebook friend’s post asking (jokingly) where he could cure his back pain was removed

It is getting more ridiculous as a Facebook post of someone who said, “I want to have vegetable and split pea soup (kalar bae hin)” got deleted. The soup is a popular vegetable dish consumed by the Burmese and named after chick pea (kalar bae).


There seems to be a two-factor trigger to have a post deleted: the presence of the word and report on that post. However, it is not clear whether Facebook uses AI software or a team of humans who understand and speak Burmese language to monitor the potentially hateful content.
Facebook is often criticized by the media such as Aljazeera and Myanmar Timesfor providing platform for hate speech against minority Muslims in Myanmar.
Despite the criticism and ridicule from the Burmese netizens on the recent change of Facebook policy, it is a sign that Facebook started to show commitment to remove hateful content and profiles during the past weeks. The Facebook account of an anti-Muslim monk, U Thu Seikkta, who is a secretary of the Patriotic Monks Union, was deleted from Facebook weeks ago on the ground of racism. Likewise, Facebook took an active role in blocking the ultra nationalists who incite violent hate speech against Muslims from Facebook.

Opinions of People
While Facebook, as a communication channel of ideas, is responsible to take action against the content that expressed animosity against vulnerable populations, the decisions it made should be based on common sense and reason. To provide protection and prevent spreading of hate speech, Facebook must do more than mindless banning of a particular word.



Dr. Kamal Okuda: Converted to Islam Because of One Verse


Dr. Kamal Okuda … A wonderful example for Japanese Muslims
Prof. Dr. Atsushi Kamal Okuda, Professor of Political Systems at Keio University. Japanese Muslim scientist and educator.
Dr. Kamal Okuda fought a long academy life searching of religions, until he reached to Islam. He explained his life before Islam: “Before Islam my life was barbaric.. Very barbaric! Ignorant..I didn’t know the truth!”
Dr. Okudais is very nice example for Muslims in Japan. He took an interest into the Islamic legislation, He moved to Aleppo-Sayria to continue his studies and to learn Arabic. He says: “At that moment! I converted to Islam.. I believe that this is the greatest gift from Allah in my life!”.
Today, Dr. Okuda works hardly with his colleagues and disciples in Japan to spread Islam there, and to save their nation. May Allah grant them his blessing and reward them good.
Very interested details in the story of Dr. Kamal Okuda. Watch in YouTube: (Click ‘CC’ button for English Subtitle)

Saturday, May 27, 2017

15-yr-Old Author Donate All sale Money of Her book for Education


Mehek Puntambekar

Sakal Times

Pune: A 15 year old school student, Mehek Puntambekar from Singapore has authored a compilation of stories, ‘Dancing in the Rain' (Ten stories -One ideas).

“Mehek announced that the money earned through the sale of the book will be donated to Vanarai to spend on the education of rural children.” 

The book has been published Vanrai and released by Lila Poonawala, a veteran industrialist and Chairperson of the Lila Poonawala Foundation, at the Eco Hall of Vanrai. 

Veteran socialist leader Bhai Vaidya presided over the function.

Ravindra Dharia, Chairman of Vanarai and Rohidas More, Trustee of Vanarai, were also present.  

The book is about people that have influenced the author in her life. 

Mehek announced that the money earned through the sale of the book will be donated to Vanarai to spend on the education of rural children. 

Photo: Socialist leader Bhai Vaidya (center), Lila Poonawala (second from right),   
              release.  ‘Dancing in the Rain’ by Mehek Puntambekar (extreme right).


A Mustached Bhodisattava Statue was found in Taxila



ISLAMABAD: After 14 years, the Islamabad Museum has added another attraction to its permanent connection from the 2nd to 4th centuries, the statue of Bodhisattva.

Sculpted from schist stone, the statue of a moustached Bodhisattva with a halo stands around 36 inches tall and 22 inches wide, a little above knee height. It was handed over to the Department of Archaeology and Museums from the Ministry of National Heritage.

According to the archaeology department, statues of Bodhisattva of this size are found in the Swat Valley, Peshawar and Taxila.

Such statues are typically found in Swat Valley, Peshawar, Taxila

In this depiction, Bodhisattva wears a high turban with a central globular bead and a fan-shaped crest.

The statue’s earlobes are slightly damaged, and it has deep set half open eyes, a flat nose and a rounded chin.

A band with two strands runs around its neck featuring a zigzag pattern, as well as a necklace with a thick chain and a stone held between the jaws of two dragon-like creatures. An amulet has been sculpted onto the right shoulder, and Bodhisattva appears in a meditative posture with legs crossed, holding a lotus flower in his left hand.

The museum’s deputy director, Ghafoor Lone, explained that Bodhisattva is a popular subject of Buddhist art.

“The statue is an impression of one of 24,000 Bodhisattvas that had come and gone in this world. Bodhisattva is a step below the final stage, before a practitioner of Buddhism attains Buddha-hood.”

Mr Lone explained that it was common for Buddhists to remain in the Bodhisattva stage to serve others and take them along. He said that in early Indian Buddhism, the term Bodhisattva was used primarily to refer to Gautama Buddha in his former life.

The Jataka tales, stories of the Buddha’s lives, depict the various attempts of the Bodhisattva to embrace qualities such as self-sacrifice and morality.

The Islamabad museum is already home to three stone Bodhisattva sculptures, all of which belong to the Gandhara region. These rare artefacts were confiscated by customs authorities when smuggled attempted to leave the country with them from the Peshawar and Islamabad airports.

The official said the sculpture will be displayed publicly soon.


Thursday, May 25, 2017

သမ္မတ ဦးကျော်ထင်ကို တစ်ချိန်က ထောင်ပို့ခဲ့သော ဦးဆန်းဆင့်

==================
မေလ ၂၄ ရက် နံနက် ၈နာရီကျော်တွင် တောင်ငူ အကျဉ်းထောင်၏ ခြံစည်းရိုးတံခါးပေါက်ရှေ့၌ သစ်လွင်သော အသားရောင် ရှပ်အင်္ကျီလက်ရှည်ကို ပိုးပုဆိုးအစိမ်း နုရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထား သူတစ်ဦးသည် လာရောက်ကြိုဆို သူများနှင့် လိုက်ပါမသွားမီ စောင့်ကြိုနေသော ကင်မရာများ၊ အသံဖမ်းစက်များနှင့် ဦးစွာ ရင်ဆိုင် လိုက်ရသည်။

‘‘အခုလို လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတကြီး ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကို အထူးကျေးဇူး တင်ပါတယ်’’ဟု အဆိုပါပုဂ္ဂိုလ် က လွတ်မြောက်လာပြီးစတွင် ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးဆန်းဆင့်၏ အကျဉ်းထောင်မှ လွတ် မြောက်လာခါစမြင်ကွင်းမှာ သံဝေဂရဖွယ်ရာ အတိလွှမ်းခြုံထားသည်။ ယခင်ထက် ညိုမောင်းသွားသော အသားအရေ၊ အနည်းငယ် ပိန်သွယ်သွားသည့် ခန္ဓာကိုယ်နှင့် မျက်နှာပြင်တစ်ဝိုက် ပိုမိုသိသာ ထင်ရှားလာသော ဇရာ၏ အရိပ်ယောင်များက အကျဉ်းထောင် အတွင်း သုံးနှစ်ခန့် နေထိုင်ခဲ့ရသည့် ၎င်း၏ ဘဝဖြတ်သန်းမှုကို ထင်ဟပ်နေသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်း ဆောင်ခဲ့သော ဦးဆန်းဆင့်သည် ယခင် စစ်အစိုးရလက်ထက်က ရန်ကုန်တိုင်း ဒုတိုင်းမှူး၊ ထိုမှတစ်ဆင့် စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး 
စစ်ဒေသမှူး အဖြစ် တာဝန်ယူထားစဉ် ယနေ့ သူ့ကို အကျဉ်း ထောင်အတွင်းမှ ထုတ်ပေးခဲ့သော သမ္မတ ဦးထင်ကျော်ကို ဖမ်းဆီးခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ၎င်း အာဏာ လက်ဝယ်ရှိစဉ်က သမ္မတဦးထင်ကျော်ကို ဖမ်းဆီးကာ အင်းစိန် ထောင်သို့ ပို့ဆောင်ခဲ့သူလည်းဖြစ်သည်။ 
သမ္မတ ဦးထင်ကျော် သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တစ် ခုအတွင်း ရန်ကုန်ဘူတာကြီး၌ဖမ်း ဆီးခံရပြီး အင်းစိန်အကျဉ်းထောင် တွင် လအနည်းငယ်ကြာ ထိန်း သိမ်းခံခဲ့ရသည်။

‘‘အဲဒီတုန်းက သူ (ဦးဆန်း ဆင့်)က စစ်ဒေသမှူးပေါ့။ ကျွန် တော်တို့က ထောင်ထဲမှာပဲရှိသေး တယ်။ သူက ဦးဆောင်ပြီး သမ္မတ ကြီး (ဦးထင်ကျော်)ကို ဖမ်းတာ။ အခုလို သူလွတ်မြောက်လာတဲ့အ ပေါ်မှာ ဒါဟာ အစိုးရသစ်ရဲ့ မူဝါ ဒကို ထင်ဟပ်နေပါတယ်။ အစိုးရ သစ်ရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ သင်ပုန်းချေရေးအတွက် သမ္မတကြီးအပါအဝင် အစိုးရသစ်က စိတ်ပါလက်ပါနဲ့ သွားနေတဲ့ ပြယုဂ်ပဲ’’ဟု နိုင်ငံရေးအကျဉ်း သားဟောင်းနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောသည်။

ယနေ့ သမ္မတဦးထင်ကျော် က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ဦးဆန်း ဆင့်အပါအဝင် အကျဉ်းသား ၂၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)အရ နိုင်ငံတော်သမ္မတသည် ၎င်း၏ အခွင့်အာဏာဖြင့် ပြစ် ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိလုပ်ပိုင်ခွင့်အာဏာရ ချိန်တွင်တစ်ချိန်က ရန်သူသဖွယ် ဆက်ဆံခြင်းခံခဲ့ရသူကို လှပစွာ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဦးဆန်းဆင့်ကို နိုင်ငံတော် ပိုင်ငွေ ကျပ်သိန်း ၁၀၀ ကျော် အလွဲသုံးစား ပြုလုပ်သည်ဆိုကာ ရာဇဝတ်မကင်းသည့် ယုံကြည် အပ်နှံဖောက်ဖျက်မှု ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ်သုံးနှစ်၊ အစည်း အဝေးတစ်ခုအတွင်း နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေ သည့် အသုံးအနှုန်းများ ပြောဆိုခဲ့ သည်ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)အရ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်းတို့ကို ချမှတ်ခဲ့ သည်။ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ကို ထောင်ချ လိုက်တဲ့သူတွေနဲ့ ပတ်သက်လို့ လည်း ဘယ်လိုအာဃာတမျိုးမှ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ တရားအားထုတ်ခွင့်တွေ ရခဲ့တယ်။ လောကုတ္တရာအရေးတွေ ဆောင်ရွက်ခွင့် ရခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ဘက်က ဘယ်သူ့အပေါ်မှာမဆို ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ အမှားအယွင်းများ ရှိခဲ့ရင်လည်း အားလုံးကို တောင်းပန်ပါတယ်’’ဟု ဦးဆန်းဆင့်က ၎င်းအား ထောင်ချခဲ့သည့် ယခင်အစိုးရဟောင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောသည်။

ဦးဆန်းဆင့်သည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပြီး ယင်း ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်း အောင် ဦးဆောင်သည့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများ မကြာခဏဖြစ် ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ဖေဖော် ဝါရီတွင် သာသနာရေးဝန်ကြီးအ ဖြစ် ခန့်အပ်ခံရသည်။

၎င်း၏ သာသနာရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းအပေါ် ဧရာ ဝတီတိုင်းဒေသခံများက ကန့် ကွက်ခဲ့ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ထမ်း ဆောင်ကြစေလိုကြောင်း ကျုံ ပျော်နှင့် ပန်းတနော် ဒေသခံများက ဆန္ဒပြခဲ့ကြ၍ ပြည်သူ့ထောက် ခံမှုကို ရှားရှားပါးပါးရရှိခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလည်းဖြစ်ခဲ့သည်။

ထို့အပြင် သာသနာရေး ဝန်ကြီးဘဝဖြင့် တရားစွဲဆိုခံရ သည့် ပုဒ်မများကို ရုပ်သိမ်းပေးရန် လွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော်က လက်မှတ်ရေးထိုး၍ သမ္မတထံ ပေးပို့တောင်းဆိုခံခဲ့ရ သူလည်းဖြစ်သည်။

သမ္မတဦးထင်ကျော်က ၎င်း ၏ အခွင့်အာဏာထဲမှ ဦးဆန်းဆင့်ကို လွတ်မြောက်စေခဲ့ပါသည်။
သို့သော် ယခင်အစိုးရလက် ထက်တွင်မူ ဦးဆန်းဆင့်သည် သမ္မတ၏ ညွှန်ကြားချက် အမိန့် များကို မလိုက်နာခြင်း၊ အချို့ကိစ္စ ရပ်များတွင် သမ္မတကို ကျော်လွန် လုပ်ဆောင်ခြင်းများ ရှိခဲ့ခြင်း ကြောင့် အရေးယူခံခဲ့ရကြောင်း ထိုစဉ်က သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းထံတွင် ယခင်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ သက်သေ အထောက်အထားများစွာ ရှိသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သော ဦးဆန်းဆင့်သည် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရရုံသာမက သရေစည်သူဘွဲ့ကိုပင် ပြန်လည်ရုပ် သိမ်းခံခဲ့ရသည်။

ယခုလွတ်မြောက်လာမှုနှင့် ပတ်သက်၍ ဝမ်းသာသော်လည်း အပြည့်အစုံ ဝမ်းမသာနိုင်သေး ကြောင်းနှင့် အားလုံးလွတ်မြောက် စေလိုကြောင်း ဦးဆန်းဆင့်က ပြောသည်။

‘‘ဝမ်းတော့ သာပါတယ်။ အားလုံးပြည့်ပြည့်စုံစုံတော့ ဝမ်း မသာနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုထောင်ထဲမှာ ကျန် နေသေးတဲ့ အကျဉ်းသားတွေ အ များကြီးကျန်ပါသေးတယ်။ သူတို့ ကိုပါ လွတ်စေချင်ပါတယ်’’

===========

Ref: 7Day News Journal

Tuesday, May 23, 2017

ပညာ၏ ဂုဏ် နှင့် အရေးပါပုံ

ရိုစာရေးအက္ခရာဖြင့် ရေးဖွဲ့ထားသော ‘ပညာ၏ ဂုဏ် နှင့် အရေးပါပုံ’ စာအုပ်ငယ်

ရေးသား📑 မုဖ်သီ အဗ္ဗဒူဆာလာမ်
ရိုပြန် 📑 ဟာလေဒ်





Atomic Size အကြောင်း


Atomic Size (အက်တမ် အရွယ်အစား)
======================
Atom တစ်လုံးရဲ့ size(အရွယ်အစား) ကို ၎င်းAtomရဲ့ radius(အချင်းဝက်)နဲ့ ကိုယ်စားပြု တင်ပြတယ်။
radius ကြီးရင် size ကြီးပြီး၊
radius သေးရင် size သေးတယ်။

Atomic radius => Atomic size
======================
Atom တစ်လုံးရဲ့ size (Atomic size) အပေါ် အဓိက လွှမ်းမိုးတဲ့ အချက် ၂ချက် ရှိတယ်။
၁) Nucleus ရဲ့ ဆွဲအား
၂) Electron အချင်းချင်းရဲ့ တွန်းအား

Nucleus ရဲ့ ဆွဲအားက Electron အချင်းချင်းတွန်းအားထက် များနေရင်
(တစ်နည်း)
Nucleus ဆွဲအားက ပိုကောင်းရင်
**********************
Nucleus က Electron တွေကို တင်းကြပ်စွာ စည်းနှောင် ဆွဲငင်တဲ့ အတွက်...
➳ Electron တွေဟာ Nucleus နဲ့ ပိုနီးလာတယ်၊
➳ Electron လှည့်ပတ်ရာ ပတ်လမ်း/လမ်းကြောင်း (shell) တွေဟာ အလယ်ကို စုလာတယ်၊
➳ Atom တို့ရဲ့ အရွယ်အစားဟာ
contract ကျုံ့လာပြီး၊
Size ဟာ သေးသွားတယ်။
======================

အကယ်၍
Nucleus ဆွဲအားထက် Electron အချင်းချင်းရဲ့ တွန်းအားကသာ ပိုများနေခဲ့ရင်
**********************
မျိုးတူ Electron အချင်းချင်း တွန်းကန်ကြတဲ့အတွက်
➳ Electron တွေဟာ Nucleus နဲ့ တဖြည်းဖြည်း ဝေးလာမယ်၊
➳ Electron လှည့်ပတ်ရာ ပတ်လမ်း(shell) တွေဟာ အပြင်ကို ကားလာမယ်
➳ Atom တွေရဲ့ အရွယ်အစားဟာ expand ပွပြီး၊
Size ဟာ ကြီးလာမယ်။
======================

ဒါဆိုရင်...
ဘယ်အချိန်မှာ Nucleus ရဲ့ဆွဲအားနဲ့ ပြောရမလဲ?
ဘယ်အချိန်မှာ Electron အချင်းချင်း တွန်းအားနဲ့ ပြောရမလဲ?
*** တူညီသော Period(အတန်း) တစ်ခုထဲတွင် ရှိရင်၊ Electron shell no.(ပတ်လမ်းအရေအတွက်) ချင်း တူတယ်...
ဥပမာ,
Period 2ထဲက ကြိုက်ရာ Atom ရေး...သူတို့မှာ Shell 2 shell ရှိတယ် ...
Period 3 ထဲက မည်သည့် Atom မဆို သူ့တို့မှာ Shell 3 shell ရှိတယ်
(Period ကိုကြည့်ရင် Shell no. ကို သိတယ်)

အဲဒီလို Shell အရေအတွက်ချင်း တူရင်
Nucleus က Electron တွေကို ဆွဲရတဲ့ အကွာအဝေးတူတဲ့ အတွက်....
➳ ➳ ➳ Nucleus ရဲ့ ဆွဲအားက အဓိက ကျတယ်
(အဲဒီအချိန်မှာ Electron အချင်းချင်း တွန်းအားက မပြောပလောက်ဘူး Negligible)

ဒါကြောင့်
Period တူရင် Shell အရေအတွက်တူတယ်၊
Shell အရေအတွက် တူရင် Nucleus က ဆွဲရတဲ့ အကွာအဝေး တူတယ်၊
ဆွဲရတဲ့ အကွာအဝေးတူရင် ဆွဲအားနဲ့ပဲ နှိုင်းယှဉ်ရတယ်
Same period ထဲမှာ
Left to Right သွားရင်
* Atom တွေရဲ့ Atomic no. ကြီးလာတယ်
* Nucleus အတွင်းရှိ Proton အရေအတွက် များလာတယ်
* Nuclear charge အားပိုကောင်းလာတယ်
ပိုအားကောင်းလာတဲ့ Nucleus ဟာ Electron တွေကို ပိုပိုဆွဲတဲ့အတွက်
Electron တွေဟာ Nucleus နဲ့ ပိုနီးလာပြီး၊ Shell တွေဟာ ပိုပိုကျုံ့လာပြီး၊Size တွေဟာ သေးသွားတယ်..
(Left to Right ➳ Small size)
=====================

အကယ်၍
Period မတူခဲ့လျှင်တော့
Shell no. မတူတော့တဲ့အတွက်
Nucleus က ဆွဲရတဲ့ အကွာအဝေး မတူတော့ဘူး..
အဲဒီလို ဆွဲရတဲ့ အကွာအဝေး မတူရင် ဆွဲအားနဲ့ မပြောရဘူး
(Nucleus ရဲ့ ဆွဲအားက အဓိက မကျဘူး)
Electron အချင်းချင်း တွန်းအားနဲ့ပဲ နှိုင်းယှဉ်ရတယ်...။
Same group အတွင်း
Top to Bottom သွားရင်..
Atomic no. တွေကြီးလာတာ မှန်ပေမဲ့၊
Proton အရေအတွက်တွေ များလာတာ မှန်ပေမဲ့၊
Nuclear charge တွေ ကောင်းလာတာ မှန်ပေမဲ့...
Shell အရေအတွက်ချင်း မတူတော့တဲ့ အတွက်၊
Nucleus က
ဆွဲရတဲ့ အကွာအဝေး(လက်တံ) မတူတော့တဲ့အတွက်..
ဆွဲအားနဲ့ မပြောရတော့ဘူး...
(Nucleus ရဲ့ ဆွဲအားက အဓိက မကျတော့ဘူး)
အဲဒီ အခါမှာ..
Electron အချင်းချင်း တွန်းအားနဲ့သာ နှိုင်းယှဉ်ရတယ်
တူညီသော Group အတွင်း
အပေါ်မှ အောက်သို့ သွားရင်
➳ Shell အရေအတွက် ပိုများလာမယ်
➳ Electron အရေအတွက် ပိုပိုများလာမယ်
➳ ပိုများလာတဲ့ Electron တွေဟာ မျိုးတူကြတဲ့အတွက် အချင်းချင်း တွန်းကန်ကြပြီး၊
Electron တွေဟာ Nucleus နဲ့ ပိုဝေးလာတယ်၊
Shell တွေဟာ အပြင်ကို တဖြည်းဖြည်း ကားလာပြီး၊
Atom တွေရဲ့ အရွယ်အစား (Atomic size) ဟာ ကြီးလာတယ်
***(အပေါ်ကအောက်သွား Size ကြီးသွား)
======================
...

Monday, May 22, 2017

အသက် ၁၁ နှစ်သား အရွယ် ဟက်ကာ: Cyber Ninja


တက္ကဆက်ပြည်နယ်မှ ငါးတန်းကျောင်းသားလေးကို Cyber Ninja လို့ နာမည်ပေးထားပါတယ်။ အမေရိကန်ရဲ့ အငယ်ဆုံး ရှောင်လင်ကွန်ဖူ ခါးပတ်နက်ပညာရှင်လည်း ဖြစ်တဲ့ ဒီကလေးဟာ တစ်နေ့ မှာ နယ်သာလန်နိုင်ငံ ဆိုင်ဘာလုံခြုံရေးကွန်ဖရင့် ကျင်းပနေစဉ် ကမ္ဘာ့ပညာရှင် ရာပေါင်းများစွာကို အံ့ဩ သင့်စေမယ့် ကိစ္စတစ်ခုကို လက်တွေ့ လုပ်ဆောင်ပြခဲ့ပါတယ်။

ရူဘန်ပေါလ်လို့ ခေါ်တဲ့ ကလေးငယ်ဟာ နယ်သာလန်ဆိုင်ဘာလုံခြုံရေးကွန်ဖရင့်ကို တက်ရောက်လာတဲ့ ဆိုင်ဘာကျွမ်းကျင်ပညာရှင်များရဲ့ စမတ်ဖုန်းများကို Teddy Bear လို့ ခေါ်တဲ့ စမတ်ဝက်ဝံရုပ်လေးသုံးပြီး ဟက်ခ်ပြခဲ့ပါတယ်။ ပေါလ်ဟာ ဘလူးတုချိတ်ဆက်နိုင်တဲ့ ကလေးကစားစရာ စမတ်ရုပ်လေးတွေကို လက်နက်လို သုံးလို့ ရတယ်ဆိုတဲ့ အကြောင်းကို သက်သေပြချင်လို့ ယခုလို သရုပ်ပြပေးခဲ့တာပါ။
“လေယာဉ်ပျံကနေ ကားတွေအထိ ၊ စမတ်ဖုန်းတွေကနေ စမတ်အိမ်တွေ အထိ နောက်ဆုံး ကစားစရာ အရုပ်ကလေးတွေအထိ IoT လို့ ခေါ်တဲ့ အပြန်အလှန်ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်တွေထဲမှာ ပါနေပါတယ်။ ” လို့  သည်ဟိဂ်မြို့ မှာ ကျင်းပတဲ့ ကမ္ဘာ့ဖိုရမ်ရဲ့ စင်မြင့်ထက်မှာ ပြောပြခဲ့ပါတယ်။ “Terminators တွေကနေ Teddy Bears တွေ အထိ ဘယ်လိုကစားစရာမဆို လက်နက်တစ်ခု ဖြစ်သွားနိုင်တယ်” လို့ လည်း သတိပေးခဲ့ပါတယ်။

ယခုသရုပ်ပြချိန်မှာ ပေါလ်ဟာ သူ့ ရဲ့ စမတ်ဝက်ဝံရုပ်ကလေးကနေ Wifi နဲ့ Bluetooth စမတ်နည်း ပညာကနေ iCloud နဲ့ ချိတ်ပြီး လုံခြုံရေးချိုးဖောက်ဝင်ရောက်သွားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အတွက် ပေါလ်ဟာ သူ့ ရဲ့ လက်ပ်တော့မှာ Raspeberry Pi ကို ပလပ်ထိုးချိတ်ဆက်ပြီး အခန်းထဲမှာ ရှိသမျှ ဘလူးတုချိတ်ဆက်ထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို စကင်ဖတ်လိုက်ပြီး ဒါဇင်ပေါင်းများစွာပါတဲ့ အိုင်ဒီ နံပါတ်တွေကို ဒေါင်းလုပ်ဆွဲသွားပါတယ်။ ။ ပြီးတာနဲ့ Python လို Programming Languag ကို သုံးပြီး အရုပ်ကလေးကနေတစ်ဆင့် နံပါတ်တစ်ခုခုကို ဖွင့်ပြီး ပရိတ်သတ်ထဲက မက်ဆေ့ခ်ျတစ်ခုကို Record ဖမ်းသွားတာပါ။

ကလေးတစ်ယောက်ရဲ့ နည်းပညာကျွမ်းကျင်မှုကို ပွဲတက်ရောက်လာတဲ့ ပညာရှင်များ ကိုယ်တိုင် အံ့အားသင့် သွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါလ်ရဲ့ဖခင်ဖြစ်သူ မာနိုပေါလ်ဟာ သတင်း အချက်အလက် နည်းပညာ ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်ပြီး ရူဘန်အသက် ခြောက်နှစ်သားကတည်းက IT Skills ပိုင်းကို ညွှန်ကြားသင်ပြပေးသွားတာ ဖြစ်ပါတယ်။

ရူဘန်ဟာ အိုင်တီပညာပိုင်းသာ ကျွမ်းကျင်ရုံသာမက အမေရိကန်နိုင်ငံမှာ အသက်အငယ်ဆုံး ရှောင်လင် ကွန်ဖူး ခါးပတ်နက်ပညာရှင် တစ်ဦးလည်း ဖြစ်ပြီး Cyber Shaolin ဆိုတဲ့ နာမည်နဲ့ NGO အဖွဲ့ အစည်းတစ်ခုလည်း တည်ထောင်ထားပါတယ်။


Credit: Duwun

Sunday, May 21, 2017

Dr. GARY MILLER: A MATHEMATICIAN and A THEOLOGIAN, REVERTS TO ISLAM


Dr Gary Miller (Abdul-Ahad Omar)

Dr Gary Miller is a mathematician and a theologian. He was active in Christian missionary work at a particular point of his life but he soon began to discover many inconsistencies in the Bible. In 1978, he happened to read the Qur’an expecting that it, too, would contain a mixture of truth and falsehood.

He discovered to his amazement that the message of the Qur’an was precisely the same as the essence of truth that he had distilled from the Bible. He became a Muslim and since then has been active in giving public presentations on Islam including radio and television appearances. He is also the author of several articles and publications about Islam.
He says that,the key to avoiding this endless dissatisfaction is to satisfy ourselves about standards first; to satisfy ourselves that such and such are a list of criteria that constitute proof, satisfying proof, and then we test the subjects that we examine. In particular I will apply this to the Qur’an.

Ask a thoughtful Christian why he is Christian, and he will usually reply, “The miracle of Resurrection.” The basis for his belief being that about two thousand years ago a man died and he was raised from the dead. That is his miracle, his ‘touchstone’, because all else depends on that.

Ask a Muslim, “Well, what is your miracle? Why are you a Muslim? Where is your miracle?” and the Muslim can go over and take his miracle off the shelf and hand it over to you because his miracle is still with us today. It is the Qur’an; it is his ‘touchstone’.

He has recorded his amazement in the book: ‘The Amazing Quran”
He says that Calling the Quran amazing is not something done only by Muslims, who have an appreciation for the book and who are pleased with it; it has been labelled amazing by non-Muslims as well. In fact, even people who hate Islam very much have still called it amazing.

Dr.Gary Miller says that ‘no author in the world has the courage of writing a book free of errors, but the Koran says, on the contrary that it has no error and also challenges you to find the errors .He discusses some important topics that opened his mind to Islam.Some of which are…

“Scientific approach of QuranThe source of the QuranOrigin of the universe and lifeMathematical approach of QuranQuran mentions about “the people of the book”The miraculous nature of BeesExactness of time zones”

The catholic churches studying the Qur’an for centuries in an attempt to find proof that it is a fabrication, yet they have not done so.

The falsification test:“Do they not consider the Quran? Had it been from any other than Allah, they would surely have found therein much discrepancy.”

The surprising attitude of Quran: the Quran repeatedly deals with its advice to the reader. The Quran informs the reader about different facts and then gives the advice: “If you want to know more about this or that, or if you doubt what is said, then you should ask those who have knowledge.” This too is a surprising attitude

Proof of authencity of quran

Dr Gary Miller talks about the instances in his life and his researchs and analysis that got him accept Islam.In my opinion this book is a best of its kind.It is a must read and infact we should gift this book to every aethist.I have enjoyed this book to the extent, that I would like to read it a hundred times more.It is so engazing and full of wisdom.

Friday, May 19, 2017

သင်ကြားရေးလုပ်ငန်းမှာ စတင်ခြေချလာတဲ့ အန်ဂျလီနာဂျိုလီ



အေးပြည့်| ကြေးမုံ

တစ်ချိန်က ဟောလိဝုဒ်ရဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ အန်ဂျလီနာဂျိုလီဟာ လတ်တလောမှာ သူ့ဘဝရဲ့ မှတ်တိုင် အသစ်တစ်ခုကို စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။ အနုပညာရပ်ဝန်းကနေ ခြေဆန်းကာ အန်ဂျလီနာဂျိုလီဟာ သင်ကြားရေး အသိုင်းအဝိုင်းအတွင်း  စတင်ခြေချလာတာဖြစ်ပါတယ်။ သူဟာလန်ဒန် စီးပွားရေး တက္ကသိုလ်မှာ ဧည့်ပါမောက္ခတစ်ဦးအဖြစ် ပထမဆုံးအကြိမ် စာသင်ကြားပေး ခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

လာမယ့် စတင်ဘာလအတွင်းမှာတော့ အန်ဂျလီနာဂျိုလီက အဆိုပါ တက္ကသိုလ်မှာ ဘွဲ့လွန် သင်တန်း သားတွေကို တာဝန်ယူသင်ကြားပေးသွားမှာ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။ 

ယခုလို ကျော်ကြားတဲ့ သူတစ်ဦး တက္ကသိုလ် ပရဝဏ်းအတွင်း သွားလာနေချိန်တွေမှာလည်း အားလုံးသော သူတို့ရဲ့ အကြည့်တွေဟာ အန်ဂျလီနာဂျိုလီ ဆီမှာ ရှိနေကြောင်းလည်း အဆိုပါ တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်တဲ့ ကမ်မီလာ ယာဟာယာ က ဖွင့်ဟလာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အန်ဂျလီနာဂျိုလီရဲ့ အတန်းကို တက်ရောက်ခဲ့တဲ့ ကမ်မီလာရဲ့ သူငယ်ချင်း တစ်ဦးက အန်ဂျလီနာဂျိုလီဟာ စာသင်ကြားပေးဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်လည်း အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်နေတာကို တွေ့ရကြောင်း ပြန်လည်ပြောပြခဲ့တယ်လို့ သိရပါတယ်။

ပီးပဲလ် မဂ္ဂဇင်းကြီးရဲ့ ပြောကြားချက်အရ အန်ဂျလီနာဂျိုလီဟာ အဆိုပါ တက္ကသိုလ်မှာ အမျိုးသမီး အခွင့်အရေးဆိုင်ရာတွေကို ဆွေးနွေး ပို့ချပေးမယ်ဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အခြားရာဇဝတ်မှုတွေကို အထူးအလေးပေး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဥပုသ် သီလ ဆောက်တည်ခြင်း



(အပိုင်း-၁)

ဆရာကြီး ဃနီ (ဓုဝံ-ရှမ်းပြည်)

✍️ ဒုတိယကျင့်ဝတ် ‘အိဗာဒသ်’ အဖြစ် သင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်ချမှတ်ထားသော ‘ဖရဒွ်’ မုချတာဝန်မှာ ‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ခြင်းဖြစ်၏။

‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ရခြင်း၏ သဘောမှာ နံနက်အာရုဏ်တက်ချိန်မှ ညနေ နေ၀င်သည့် အချိန်အထိ စားခြင်း၊ သောက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အစရှိသည့်အမှုတို့မှ လုံးဝရှောင်ကြဉ် နေထိုင်ခြင်း
ဖြစ်သည်။

(၁) ကမ္ဘာဦးက ဥပုသ်များရှိခဲ့၏
➖➖➖➖➖➖➖➖➖➖➖
‘ဆွလာသ်’ ၀တ်ပြုခြင်းကဲ့သို့ ဤကျင့်ဝတ် ‘ဆွီယာမ်’ဥပုသ်မှာလည်း ကမ္ဘာဦးအစကပင် ‘နဗီ’ တမန်တော် အပေါင်းတို့၏ ‘ရှရီအသ်’ တရားလမ်းစဉ်များတွင် ‘ဖရဒ်ွ’မုချတာဝန်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်၏။

ရှေးအထက်ကျော်အခါ ကာလကရှိခဲ့သော သာသနာတိုင်း၊ အုပ်စုတိုင်း၌လည်း ‘နဗီ’ တမန်တော် ‘မုဟမ္မဒ်’ ၏(အွမ္မသ်) အသင်းတော်ဝင်များနည်းတူ ‘ဆွီယာမ်’ ဥပုသ်သီလကိုဆောက်တည်ခဲ့ကြရလေသည်။ သို့တစေတည်း ‘ဆွီယာမ်’ ဥပုသ်၏စည်းကမ်းချက်များ၊ ၄င်းဥပုသ်ဆောက်တည်ရသောရက်များ၊ ၄င်းဥပုသ်ဆောက်တည်ရသော အချိန်ပိုင်းကာလများမှာ ထိုထိုသော ‘ရှရီအသ်’တရားလမ်းစဉ်တို့၌ ကွဲပြားခြားနားချက်များ အမျိုးမျိုးရှိခဲ့လေသည်။

ယနေ့မျက်မှောက်တွင်လည်း များစွာသော ဘာသာတို့တွင် ဥပုသ်သီလဆောက်တည်ခြင်းဆိုင်ရာ ကျင့်ဝတ်မှာ အသွင်တစ်မျိုး၊ ပုံစံတစ်မျိုးစီးဖြင့် အသီးသီးတည်ရှိလျက်ပင်ရှိပေသည်။ သို့ရာတွင် လူတို့သည် မိမိတို့ ဘက်မှ အချို့အချက်များကို ပြုပြင်ပြောင်းလဲ ရောစွက်ထားကြသဖြင့် မူလဥပုသ်၏ ပုံစံမှာ ပျက်ပြယ် သွားခဲ့စေသည်။ 

ကျမ်းမြတ်ကုရ်အာန်တွင် မိန့်တော်မူထားသည်မှာ-
"အို ……… ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူအပေါင်းတို့၊ အသင်တို့အလျင် ရှေးယခင်ရှိခဲ့ကြသော (သာသနာဝင်) လူတို့ အပေါ်၌ ‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ရန်အတွက် အမိန့်တော်မြတ်သတ်မှတ်ခဲ့ သကဲ့သို့ အသင်တို့အပေါ်၌လည်း ‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ကြရန် အမိန့်တော်မြတ် ချမှတ်တော် မူချေသည်။ သို့မှသာ သင်တို့သည် ‘သတ်က်ဝါ’ ရှိသူ သူတော်စင် သူတော်ကောင်းများဖြစ်ကြပေမည်။"
(ကုန်အာန် - ၂း၁၈၃)

ဤအာယသ်တော်အရ သိရှိရသည်မှာ ရှေးအထက်ကျော် အခါကာလများ၌လည်း အလ္လာဟ်အရှင်မြတ် ချမှတ်ထားအပ်သော ‘ရှရီအသ်’ တရားလမ်းစဉ်များတွင် ‘ဆွလာသ်’၀တ်ပြုရခြင်းနှင့် ‘ဆွီယာမ်’ ဥပုသ်သီလ ဆောက်တည်ရခြင်းဟူသော ‘အိဗာဒသ်’ ခ၀ပ်မှုကိုလည်း ချလှပ်ခြင်းမရှိဘဲ ပြဋ္ဌာန်းထားခြင်းရှိချေသည်။

စဉ်းစားကြစို့။ အလက္ခာဟ်အရှင်မြတ်သည် ခေတ်တိုင်း ခေတ်တိုင်း၌ ဤ ‘ဆွီယာမ်’ ဥပုသ်သီလဆောက် တည်ရခြင်းကို ကျင့်ဝတ်တစ်ရပ်အနေနှင့် ‘ဖရဒ်ွ’ မုချတာဝန်အဖြစ် သတ်မှတ်ပေးအပ် ထားခဲ့ခြင်းများမှာ ဤ ‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ရာ၌ မည်သည့်ထူးခြားချက်များ ကိန်းအောင်တည်ရှိနေပါသနည်း။

အစ္စာလာမ်၏ အဓိကရည်ရွယ်ချက်မှာ လူသားတို့၏ ဘ၀သက်တမ်း တစ်လျှောက်လုံးကို အလ္လာဟ် အရှင်မြတ်အား ‘အိဗာဒသ်’ ခ၀ပ်ကိုးကွယ်ဆည်းကပ်နေရခြင်းအဖြစ်နှင့် ကျင့်ဆောက်တည်သွား ကြစေရန် ဖြစ်သည်ဟူ၍ ယခင်က အကြိမ်ကြိမ်အဖန်ဖန်တင်ပြခဲ့လေပြီ။ လူသည် အမိဝမ်းတွင်းကတည်းကပင် သြဇာခံ ကျွန်အဖြစ်နှင့် မွေးဖွားလာခဲ့ကြရခြင်းဖြစ်သဖြင့် ကျွန်ရင်းခံရခြင်းအမှုသည် လူတို့၏ သဘာဝ သဘောတရားပင် ဖြစ်ပေသည်။

သဘောမှာ ‘အိဗာဒသ်’ ခ၀ပ်ကိုးကွယ်ခြင်းဟူရာ၌ လူသားတို့သည် မိမိတို့အတွေးအခေါ်တို့၌ လည်းကောင်း၊ အားလုံးသောဆောင်ရွက်မှု၊ လှုပ်ရှားမှုဟူသမျှ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ သြဇာခံ ကျွန်ရင်းခံရခြင်းအဖြစ်မှ မျက်တောင်တစ်ခပ်၊ လျှပ်တစ်ပြက် အချိန်မျှပင် လွတ်လပ်ခွင့် ရယူရန် မပြုသင့်။

လူသားတို့အဖို့ မိမိတို့ ကျွန်ရင်းခံရခြင်း၌ အစဉ်အမြဲ အချိန်ရှိသရွေ့အရေးကိစ္စတိုင်းတွင် ဤသို့ ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြရမည်။ အလ္လာဟ်အရှင်မြတ်၏ အလိုဆန္ဒတော်နှင့် နှစ်ခြိုက်မှုကား မည်သည့်အချက်တို့ ဖြစ်သည်။ ထိုအရှင်၏ အလိုဆန္ဒတော်နှင့် မကိုက်ညီသောအချက်တို့ကား မည်သည့်အမှုကိစ္စတို့ဖြစ်သည်။ 

သို့ဆင်ခြင်ပြီးသည့်နောက်တွင် အလ္လာဟ်အရှင်မြတ်၏ အလိုဆန္ဒတော်နှင့် နှစ်ခြိုက်မှုရှိသော လမ်းစဉ် ဘက်သို့သာ လျှောက်လှမ်းကြရမည်။ ထို အရှင်အလိုဆန္ဒတော်မရှိသော၊ မနှစ်မြို့သော အချက်တို့နှင့်လည်း မီးကျီး၊ မီးခဲတို့နှင့် ကင်းဝေးအောင်ရှောင်ကွင်း နေထိုင်ဘိသကဲ့သို့ ဝေးစွာ ရှောင်ရှားနေထိုင်ကြရမည်။

အချုပ်မှာ ‘အလ္လာဟ်’ အရှင်မြတ်အလိုတော်ရှိသော လမ်းစဉ်အပေါ်၌သာခရီးနှင်ကြ၍ ထိုအရှင်မနှစ်သက် သော လမ်းစဉ်တို့ကို ရှောင်ကွင်းကြရန်ဖြစ်သည်။

လူသားတစ်ဦး၏ ဘ၀သက်တမ်း တစ်လျှောက်လုံးကို ဤပုံစံအတိုင်းအရောင်ဆိုးခြင်းဖြင့် အရောင်ပြောင် လာမည်ရှိသော် ထိုအခါမျိုးတွင် ထိုသူ့အဖို့၌ အရှင်သခင်၏ သြဇာခံ ကျွန်ရင်းခံ ရာသောဝတ္တရားများကို တိတိ ကျကျပင် ကျေပွန်ခြင်းရှိပြီဟူ၍ မှတ်ယူ ကြရမည်ဖြစ်၏။

"၄င်းပြင် ကျမ်းတော်မြတ် ‘ကုရ်အာန်’ (၅၁း၅၆)လာ ‘အလ္လာဟ်’အရှင်မြတ်၏ ဗျာဒိတ်တော် (…………စင်စစ်သော်ကား ငါအရှင်မြတ်သည် လူသားနှင့် ဂျင်န်တို့ကို ငါအရှင်မြတ်အားသာလျှင် ‘အိဗာဒသ်’ ခ၀ပ်ကိုးကွယ်ခြင်းပြုလုပ်ကြရန်အလို့ငှာ ငါအရှင်ဖန်ဆင်းထားတော်မူပေသည်။)…"
ဟူသော ဒေသနာတော်မြတ်၏ ဆိုလိုသည့် အဓိက ရည်ရွယ်ချက်ကိုလည်း ပြည့်ဝအောင်မြင်စွာ ကျင့်သုံးခြင်းရှိပြီဟူ၍ ယူဆနိုင်ပြီဖြစ်သတည်း။


••••••••••••••••••••••••••••••••••▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

(အပိုင်း-၂)


♦️(၂) ကျင့်ဝတ်တိုင်း၏ အဓိကရည်ရွယ်ချက်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ကျွန်ုပ်တို့အပေါ်တွင် ‘ဖရဒွ်’ မုချတာဝန်အဖြစ်နှင့် ချမှတ်ချက်ထားသော ‘ဆွလာသ်’၊ ‘ဆွီယာမ်’၊ ‘ဇကာသ်’၊ ‘ဟဂ်ျ’ အစရှိသော ကျင့်ဝတ်များ၏ အဓိကရည်ရွယ်ချက်မှာ ယင်းသည့်ကျင့်ဝတ်များကို ကျင့်သုံးကြပြီးနောက် ‘အလ္လာဟ်’အရှင်မြတ်အား (အခါမလပ်) ခ၀ပ်ကိုးကွယ် ဆည်းကပ်နေကြစေခြင်းအလို့ငှာ ကြိုတင်ပြင်ဆင်၍ ပေးအပ်နေခြင်းအမှုများပင်ဖြစ်သည်ဟူ၍ ယခင်ကတင်ပြခဲ့ချေပြီ။

ဤအမှုကိုပင် ဧရာမ ‘အိဗာဒသ်’ဟူ၍ ခေါ်ဆိုချေသည်။သင်တို့သည် တစ်နေ့လျှင် ငါးကြိမ်ငါးခါမျှ ‘ရုကူအ်’ နှင့် ‘စဂ်ျဒဟ်’ ပြုလုပ်နေကြပြီဆိုကာမျှနှင့် ‘ရမဒွန်’ လမြတ်၌ ရက်ပေါင်း သုံးဆယ်တိတိ နံနက်အရုဏ်တက်အချိန်မှ ညနေ နေ၀င်သည့် အချိန်အထိ အစာငတ်၊ ရေငတ်ခံနေကြပြီဆိုကာမျှနှင့် ပြီးနောက် ပစ္စည်းဥစ္စာ ကြွယ်ဝသူအနေနှင့် နှစ်စဉ်နှစ်တိုင်း ‘ဇကာသ်’ပေးဆောင် နေကာမျှနှင့် သင်တို့အပေါ်တွင် တင်ရှိနေသော အလ္လာဟ်အရှင်မြတ်၏ ဓမ္မ၀တ်များသည် အားလုံးကျေပွန်ခြင်း၊ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကြပြီဟူ၍ မမှတ်ယူသင့်ချေ။

ထိုကျင့်ဝတ်တို့မှအပ အခြားအချိန်များတွင် မိမိတို့အလိုရှိရာ (စိတ်သွားတိုင်းကိုယ်ပါ)နေထိုင်ကျင့်သုံး နိုင်ခွင့်ရလျက် ထိုအရှင်မြတ်၏ သြဇာခံအဖြစ်မှ လွတ်လပ်ခွင့်ရရှိကြပြီဟူ၍လည်း မယူဆသင့်ချေ။

ယင်းကျင့်ဝတ်တို့ကို ‘ဖရဒွ်’မုချတာဝန်အဖြစ် ပြဋ္ဌာန်းထားပေးရခြင်း၏ အဓိပ္ပာယ်သဘော အဓိကရည်ရွယ် ချက်မှာ ထိုကျင့်ဝတ်တို့ဖြင့် လူသားတို့ကို ပြုစုပျိုးထောင်ရန်ဖြစ်သည့်ပြင် လူသားတို့၏ ဘ၀တစ်ခုလုံးကို “ဧရာမအိဗာဒသ်” အလ္လာဟ်အရှင်၏ သြဇာခံယူမှုအတွက် အသုံးချသွားနိုင်သော အရည်အချင်းတို့နှင့် ပြည့်ဝသူများအဖြစ် ပြုလုပ်ရန်ဖြစ်၏။

ဤရည်ရွယ်ချက်ကို ရှေ့ဝယ်သို့ထားရှိပြီး ‘ဆွီယာမ်’ ဥပုသ်သီလဆောက်တည်ရသည့် ကျင့်ဝတ်သည် လူသားတို့ကို ဤ ‘ဧရာမအိဗာဒသ်’ အလို့ငှာ မည်ကဲ့သို့ ပြုပြင်ပေးသည်ကို ကျွန်ုပ်တို့ လေ့လာ သုံးသပ်ကြ ပါစို့။

♦️(၃) “ဆွီယာမ်” ဥပုသ်၏ ထူးခြားချက်များ
➖➖➖➖➖➖➖➖➖➖➖➖➖➖
“ဆွီယာမ်” ဥပုသ်သီလဆောက်တည်ရသော ကျင့်ဝတ်မှ တစ်ပါး အခြား “အိဗာဒသ်” ခ၀ပ်မှုဆိုရာ ကျင့်ဝတ်တို့မှာ အပြင်အပမှ အမြင်ခံရွက်ဆောင်ကြရသော ကျင့်ဝတ်များဖြစ်ချေသည်။ 

ဥပမာ-(က) “ဆွလာသ်” ၀တ်ပြုရခြင်း၌ လူတို့သည် ထိုင်ရခြင်း၊ ထရခြင်း၊ ”ရုကူအ်” ကုန်းရခြင်းနှင့် ”စဂ်ျဒဟ်” ဦးချရခြင်းအမှုများကို ပြုလုပ်ကြရသည်ကို လူတို့တွေ့မြင်ကြရသည်။

(ခ) ”ဟဂ်ျ” ပြုလုပ်ရာ၌လည်း ခရီးရှည်ကိုသွားကြရသည်။ ထို့ပြင် သောင်းသိန်းများစွာသောလူတို့နှင့် ခရီးထွက်ကြရသည်။

(ဂ) ”ဇကာသ်” ဆင်းရဲသားကြေးပေးဆောင်ရာ၌လည်း အနည်းဆုံးလူတစ်ဦးကပေးရ၍ အခြားလူတစ်ဦး က လက်ခံယူရ၏။

ယင်း ”အိဗာဒသ်” ခ၀ပ်မှုဆိုင်ရာကျင့်ဝတ်များမှာကား ဖုံးဖိလျှို့ဝှက်၍ထားခြင်းငှာမဖြစ်နိုင်ချေ။ အကယ်၍ သင်တို့က ထိုခ၀ပ်ခြင်းအမှုတို့ကို ပြုလုပ်မည်ဆိုကလည်း တစ်ပါးသူတို့ သိမြင်နိုင်၏။ သင်တို့ ကိုယ်တိုင် ထိုအမှု တို့ကို မပြုလုပ်ဘဲနေကြမည်ဆိုကလည်း တစ်ပါးလူတို့က သိရှိနိုင်ချေသည်။ သို့ရာတွင် ၄င်း “အိဗာဒသ်” ခ၀ပ်မှုဆိုင်ရာကျင့်စဉ်တို့နှင့် မတူကွဲပြား၍ ”ဆွီယာမ်” ဥပုသ်သီလဆောက် တည်ရသော ကျင့်ဝတ်မှာကား အလ္လာဟ်အရှင်မြတ်နှင့် ဥပုသ်ဆောက်တည်ထားသော သြဇာခံကျွန်ပီသသူ ”ဗန္ဒဟ်” မှ တစ်ပါး အခြားသူတို့ အတိအကျ သိရှိနိုင်ခြင်းမရှိဖြစ်၏။

လူတစ်ဦးသည် အခြားလူအများ၏ ရှေ့တွင် “စဟ်ရီ” ခေါ် ဥပုသ်ယူသော ထမင်းကို စားသုံးပြီးနောက် ”အိဖ်ွသွာရ်” ဥပုသ်လွှတ်ချိန်အထိ လူတို့ရှေ့၌ မည်သည့်အစားအသောက်ကိုမျှ စားသုံးခြင်းမရှိ၊ သို့ရာတွင် လူတို့မမြင်အောင် ထိုသူသည် တိတ်တဆိတ် ရေကိုသောက်လိုက်မည်၊ သို့တည်းမဟုတ် ခိုးဝှက်၍ တစ်စုံတစ်ရာ စားသုံးလိုက်မည်ဆိုသော် ဤသည်ကို ”အလ္လာဟ်” အရှင်မြတ်မှတစ်ပါး မည်သူကမျှ သိမည် မဟုတ်ချေ။ သို့ရာတွင် လူတိုင်းက ထိုသူသည် ”ဆွီယာမ်” ဥပုသ်ဆောက်တည်နေသည်ဟု ယူဆထားကြပေဦးမည်။ စင်စစ်ထိုသူ ”ဆွီယာမ်” ဥပုသ်သီလဆောက်တည်ထားခြင်းမဟုတ်ပေ။

”ဆွီယာမ်” ဥပုသ်၏ ယင်းအခြေအနေကို ရှေ့ဝယ်ထား၍ သင်တို့ကောင်းစွာဆင်ခြင်လော့။

အကြင်သူသည် တကယ်စစ်မှန်သော ”ဆွီယာမ်” ဥပုသ်သီလကို ဆောက်တည်၍နေသည်ဆိုအံ့။ ထိုသို့ ဆောက်တည်ခြင်း၌ ထိုသူသည် တိတ်တဆိတ်ခိုးဝှက်၍လည်း တစ်စုံတစ်ရာ စားသောက်ခြင်းမပြု။ အလွန်ပူခြင်း ခြောက်သွေ့သောရာသီတွင် ရေငတ်သဖြင့် လျှာထွက်လုမတတ်ရှိရာ၌လည်း ရေတစ်ပေါက်မျှ အာခံတွင်းသို့ မထည့်။ အစာငတ်၍ မွတ်သိပ်လွန်းသဖြင့် မျက်စိများပြာဝေလျက်ရှိသော်လည်း အစားအသောက် တစ်စုံတစ်ခု တို့ကို စားသုံးလိုက်ရန်ကြံရွယ်ခြင်း၊ အားထုတ်ခြင်း၊ အလျင်းမရှိ။ ထိုသူ့စိတ်နှလုံး၌ အလ္လာဟ်အရှင်မြတ်သည် ကြွင်းမဲ့ဥဿုံအလုံးစုံကို သိမြင်နိုင်စွမ်းတော်မူသည်ဟူသော ဂုဏ်တော်ကို အဘယ်မျှ ယုံကြည်သက်ဝင်မှု ထက်သန်စွာ ရှိနေချေသနည်း။

၎င်း၏ အပြုအမူ တစ်စုံတစ်ရာကို တစ်လောကလုံးကပင် မမြင်အောင် ဖုံးကွယ်၍ ထားနိုင်စေကာမူ “အလ္လာဟ်”အရှင်မြတ်မမြင်အောင် ကွယ်ဝှက်၍ မရကြောင်းကို ထိုသူ၌ အဘယ်မျှ လေးလေးနက်နက် စွဲမြဲယူဆ ထားရှိနေတော့သနည်း။

ထိုသူ၏ စိတ်နှလုံး၌ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့စိတ် “သတ်က်ဝါ”အဘယ်မျှ ၀င်ဆံ့၍လာခဲ့ သနည်း။ မနိုင်သည့်ဝန်၊ ကြီးလေးသည့်ဒုက္ခတို့ကို ထမ်းရွက်ရှာသည်။ အလ္လာဟ်အရှင်အား ကြောက်ရွံ့ စိတ်ဖြင့် “ဆွီယာမ်” ဥပုသ်၏ ပျက်စီးရာ ပျက်စီးကြောင်း အမှုတို့ကို မည်သို့မျှ မပြုလုပ်ဘဲ နေပေသည်။ ထိုသူသည် ”အာခိရသ်” တမလွန်ဘ၀တွင်ကောင်းမှု၊ မကောင်းမှုတို့၏ အစားခံစံကြရမည် ဟူသော ယုံကြည်ချက် “အကီဒဟ်” မှာ အဘယ်မျှပင် ခိုင်မာစွဲမြဲစွာ ထားရှိနေခဲ့သနည်း။

တစ်လတိတိအချိန်တွင် အနည်းဆုံး နာရီပေါင်း (၃၆၀)ကြာမျှ ”ဆွီယာမ်” ဥပုသ်သီလဆောက်တည်လျက် ရှိနေခဲ့သည်။ ထိုကာလ အတောအတွင်း၌ သေပြီးနောက်ရင်ဆိုင်ရမည့် တမလွန်ဘ၀နှင့် စပ်လျဉ်း၍ ဒွိဟ သံသယ ဖြစ်ဖွယ်ရာသောအချက်မှာ ထိုသူ၏ စိတ်နှလုံး၌ မြူမှုန့်ခန့်မျှပင် ပေါ်ပေါက်လာခဲ့ခြင်းမရှိဖြစ်ခဲ့၏။

အကယ်၍သာ “အာခိရသ်” တမလွန်ဘ၀ရှိ/မရှိဟူသော အချက်နှင့် ဆိုးကျိုး/ကောင်းကျိုးတို့၏အစား-ခံ/စံ ရမည် (သို့မဟုတ်) မခံ/မစံရဟူသောအချက်များသည် ထိုသူ့အဖို့ ပြတ်သားမှုမရှိဘဲ ယုံမှားသံသယသာ ဖြစ်နေသော် ၄င်း၏ ဆွီယာမ်ဥပုသ်ဆောက်တည်နေရသော သိက္ခာပုဒ်မှာ အဘယ်မှာအောင်မြင်နိုင်ခွင့် ရှိနိုင်တော့ မည်နည်း။

ယုံမှားသံသယဖြစ်ခြင်း၏ သဘောတရားကား ရည်မှန်းချက်ကို အခြေမခိုင်စေဘဲ စိတ်ဓာတ်ဖောက်ပြန်ခြင်း သို့ရောက်ရှိစေနိုင်သည်။ သို့အတွက် အလ္လာဟ်အရှင့် အမိန့်ဗျာဒိတ်တော်တို့ကို သံသယဖြစ်လျက်နှင့် နာခံကျင့်သုံး ခြင်းဖြင့် တစ်စုံတစ်ရာလုံးဝမစား၊ မသောက်၊ ကာမဂုဏ်မခံစားဘဲနေမည်ဟူသော ရည်ရွယ် ချက်ကို တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ရန်မှာ ဖြစ်နိုင်စရာအကြောင်းမရှိချေ။ ယုံကြည်မှု မရှိလျှင် ဤမျှ အပင်ပန်း ဆင်းရဲခံစွာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာနိုင်မည် မဟုတ်ပေ။

ဤသို့ အလ္လာဟ်အရှင်သည် နှစ်စဉ်နှစ်တိုင်း မွတ်စ်လင်မ်တို့၏ ”အီမာန်” ယုံကြည်ခြင်းကို တစ်လတိတိ စမ်းသပ်စစ်ဆေးလေ့ရှိတော်မူသည်။ ထိုစစ်ဆေးခြင်း၌ အောင်မြင်သည်နှင့်အမျှ ထိုထိုသော သူတို့၏ ”အီမာန်” ယုံကြည်ချက်မှာလည်း ပိုမိုခိုင်မာလာသည်။

ဤကားစစ်းဆေးခြင်းတစ်ရပ်အနေနှင့် စမ်းသပ်မှု တစ်ရပ်ဖြစ်၍ လေ့ကျင့်ခန်းတစ်ရပ်အနေနှင့် လေ့ကျင့်မှု တစ်ရပ်လည်းဖြစ်သည်။

တစ်ဦးတစ်ယောက်သောသူထံတွင် ပစ္စည်းဥစ္စာတစ်ခုခုကို ”အမာနသ်”အပ်နှံထားခြင်းသည် ထိုသူ၏ သီလ သမာဓိတို့ကို သင်တို့က တနည်းအားဖြင့် စမ်းသပ်ခြင်းပင်ဖြစ်သည်။ အကယ်၍ ထိုစမ်းသပ်ခြင်း၌ ထိုသူသည် အောင်မြင်သည်ရှိသော်၊ အပ်နှံသော ပစ္စည်းဥစ္စာတို့တွင် လိမ်လည်ကောက်ကျစ်ခြင်းမရှိခဲ့သော် ထိုသူ၌ ”အမာနသ်” ပစ္စည်းဥစ္စာများကို ထိန်းသိမ်းနိုင်စွမ်းသော အရည်အချင်းများ အထူးတိုးတက် လာလေသည်။ ၄င်းပြင် ထိုသူမှာ ယခင်ကထက် ပို၍ သစ္စာရှိသူ (များစွာ စိတ်ချယုံကြည်ထိုက်သူတစ်ဦး) ဖြစ်လာရချေသည်။

ထိုကဲ့သို့ပင်လျင် အလ္လာဟ်အရှင်သည် တစ်လတိတိသော အချိန်ကာလကို တစ်နေ့လျှင် (၁၂)နာရီစီ၊ (၁၄)နာရီစီအထိ သင်တို့၏ ”အီမာန်”ကို ထိထိရောက်ရောက်စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းပြုတော်မူပေသည်။ ထိုစမ်းသပ်ခြင်း၌ သင်တို့အောင်မြင်မှုရရှိသောအခါ၌ သင်တို့တွင် အောက်ပါအရည်အချင်းများ ဖွံ့ဖြိုးတိုးတက် ရင့်သန်လာမည်ဖြစ်သည်။

အဘယ်အရည်အချင်းများနည်းဆိုသော.......

အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သော စိတ်ဓာတ်ဖြင့် ”ဂုနဟ်”အကုသိုလ်မကောင်းမှုဟူဟူသမျှတို့မှ ရှောင်ကြဉ်နေထိုင်ကြမည်။ အလ္လာဟ်အရှင်မြတ်သည် ကြွင်းမဲ့ဥဿုံအလုံးစုံကို သိမြင်နိုင်စွမ်းသော အရှင်မြတ် ဖြစ်သည်ဟူသော ယုံကြည်မှုမှာပိုမိုခိုင်မာလာသဖြင့် တိတ်တဆိတ်ခိုးဝှက်၍ ထိုအရှင်၏ စည်းမျဉ်း ဥပဒေတို့ကို ကျူးလွန်ခြင်းတို့မှ ရှောင်ကြဉ်နေထိုင်ကြမည်။ အခါအခွင့် ကြုံတိုင်းကြုံတိုင်း ”ကိယာမသ်” ကမ္ဘာ့အဆုံးတစ်နေ့တွင် တရားစီရင်ခြင်းခံယူရမည်ကိုလည်း ထပ်တလဲလဲ အမှတ်တရ ရှိနေကြပေမည်။

အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် မည်သည့်အချက်တို့ကိုမျှ ထောက်ညှာခြင်းမရှိဘဲ ကောင်းမှုတို့ အလျောက် ကောင်းကျိုး၊ မကောင်းမှုတို့အလျောက် မကောင်းကျိုးများကို မုချအစားရရှိခံစံကြရမည်ကို သိမြင်ထားရှိနေကြခြင်းကြောင့်ပင်ဖြစ်သည်။

အောက်ပါ ဒေသနာတော်မြတ်အရ ဤအဓိပ္ပယ်သဘောကိုသာ ရရှိစေသည်။
‘အို… ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူအပေါင်းတို့၊ အသင်တို့အလျင် ရှေးယခင်ရှိခဲ့ကြသော (သာသနာဝင်) လူတို့အပေါ်၌ ”ဆွီယာမ်” ဥပုသ်သီလဆောက်တည်ရန် အတွက် အမိန့်တော်မြတ် သတ်မှတ်ခဲ့သကဲ့သို့ အသင်တို့ အပေါ်၌လည်း ”ဆွီယာမ်”ဥပုသ်သီလဆောက်တည်ကြရန် အမိန့်တော်မြတ် ချမှတ်တော်မူချေသည်။ သို့မှသာ သင်တို့သည် ”သတ်က်ဝါ” ရှိသူ သူတော်စင် သူတော်ကောင်းများဖြစ် ကြပေ မည်။’
(ကုရ်အာန် - ၂း၁၈၃)

ဆွီယာမ်ဥပုသ်သီလဆောက်တည်ရာတွင် အခြားထူးခြားချက် တစ်ရပ်လည်းရှိ၏။ ထိုအချက်မှာ ရှည် လျားသော အချိန်နာရီတို့ကို ”ရှရီအသ်” စည်းကမ်းဥပဒေများအရ နာခံကျင့်သုံးနေထိုင်ရခြင်းဖြစ်သည်။

”ဆွာလာသ်”၀တ်ပြုမှုအချိန်မှာ တစ်ချိန်တစ်ချိန်တွင် မိနစ်အနည်းငယ်မျှသာရှိ၏။ ”ဇကာသ်” ဆင်းရဲသား ကြေးပေးဆောင်ရခြင်းမှာလည်း တစ်နှစ်လုံးမှ တစ်ကြိမ်တစ်ခါသာလျှင်ဖြစ်၏။ ထို့နောက် ဥစ္စာ ဓနကြွယ်ဝ ချမ်းသာ သူများအတွက်သာဖြစ်၏။ 

ဟဂ်ျပြုလုပ်ရာတွင် အချိန်ကြာမြင့်စွာ အကုန်ခံရသော်လည်း တစ်သက်တာ၌ တကြိမ် သာ အခါအခွင့်ရရှိ၏။ သို့ဖြစ်ငြားလည်း လူခပ်သိမ်းတို့အတွက် မဟုတ်ချေ။

(ဆွီယာမ် အခြေပြကျမ်းမှ အပိုင်းခွဲ ဖေါ်ပြခြင်း ဖြစ်ပါသည်။ ကျန်အပိုင်းများကိုလည်း ဆက်လက်ဖေါ်ပြပေးသွားမည်။)
••••••••••••••••••••••••••••••••••▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ဥပုသ် သီလ ဆောက်တည်ခြင်း(အပိုင်း-၁)
https://www.facebook.com/irac.myanmar/posts/1456991697673674:0 

("ဆွီယာမ်အခြေပြကျမ်း"ပါမာတိကာ)

အခန်း (၁) 

‘ဆွီယာမ်’ ဥပုသ်ဆောက်တည်ခြင်း 

၁။ ကမ္ဘာဦး ဥပုသ်များရှိခဲ့၏ 
၂။ ကျင့်ဝတ်တိုင်း၏ အဓိကရည်ရွယ်ချက် 
၃။ ‘ဆွီယာမ်’ ဥပုသ်၏ထူးခြားချက်များ 
၎။ ပြုစုပျိုးထောင်ပေးရေးသင်တန်း 
၅။ ကောင်းမှုဝေဆာသောရာသီ 

အခန်း (၂) 

‘ဆွီယာမ်’ ဥပုသ်၏ရည်ရွယ်ချက် 

၁။ ထမင်းစားပုံ ဥပမာ 
၂။ အဓိကရည်ရွယ်ချက်ကိုသိမှ အကျိုးခံစားရ 
၃။ အစာငတ်-ရေငတ်ခံရုံမျှဖြင့်ဥပုသ်မရ 
၎။ သတိပြုရန်အချက်(၂)ရပ် 
၅။ ဥပုသ်၏ ဥပမာ

ကိုးကား 🍁  Islamic Religious Affairs Council Myanmar