Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 19, 2017

သင်ကြားရေးလုပ်ငန်းမှာ စတင်ခြေချလာတဲ့ အန်ဂျလီနာဂျိုလီ



အေးပြည့်| ကြေးမုံ

တစ်ချိန်က ဟောလိဝုဒ်ရဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ အန်ဂျလီနာဂျိုလီဟာ လတ်တလောမှာ သူ့ဘဝရဲ့ မှတ်တိုင် အသစ်တစ်ခုကို စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။ အနုပညာရပ်ဝန်းကနေ ခြေဆန်းကာ အန်ဂျလီနာဂျိုလီဟာ သင်ကြားရေး အသိုင်းအဝိုင်းအတွင်း  စတင်ခြေချလာတာဖြစ်ပါတယ်။ သူဟာလန်ဒန် စီးပွားရေး တက္ကသိုလ်မှာ ဧည့်ပါမောက္ခတစ်ဦးအဖြစ် ပထမဆုံးအကြိမ် စာသင်ကြားပေး ခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

လာမယ့် စတင်ဘာလအတွင်းမှာတော့ အန်ဂျလီနာဂျိုလီက အဆိုပါ တက္ကသိုလ်မှာ ဘွဲ့လွန် သင်တန်း သားတွေကို တာဝန်ယူသင်ကြားပေးသွားမှာ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။ 

ယခုလို ကျော်ကြားတဲ့ သူတစ်ဦး တက္ကသိုလ် ပရဝဏ်းအတွင်း သွားလာနေချိန်တွေမှာလည်း အားလုံးသော သူတို့ရဲ့ အကြည့်တွေဟာ အန်ဂျလီနာဂျိုလီ ဆီမှာ ရှိနေကြောင်းလည်း အဆိုပါ တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်တဲ့ ကမ်မီလာ ယာဟာယာ က ဖွင့်ဟလာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အန်ဂျလီနာဂျိုလီရဲ့ အတန်းကို တက်ရောက်ခဲ့တဲ့ ကမ်မီလာရဲ့ သူငယ်ချင်း တစ်ဦးက အန်ဂျလီနာဂျိုလီဟာ စာသင်ကြားပေးဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်လည်း အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်နေတာကို တွေ့ရကြောင်း ပြန်လည်ပြောပြခဲ့တယ်လို့ သိရပါတယ်။

ပီးပဲလ် မဂ္ဂဇင်းကြီးရဲ့ ပြောကြားချက်အရ အန်ဂျလီနာဂျိုလီဟာ အဆိုပါ တက္ကသိုလ်မှာ အမျိုးသမီး အခွင့်အရေးဆိုင်ရာတွေကို ဆွေးနွေး ပို့ချပေးမယ်ဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အခြားရာဇဝတ်မှုတွေကို အထူးအလေးပေး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

No comments:

Post a Comment