Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 9, 2017

အသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ရခဲ့တဲ့အဘိုးအို




အသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ရခဲ့တဲ့အဘိုးအို
===============================

ဂျော်ဂျီယာနိုင်ငံက အဘိုးအိုတစ်ယောက်ဟာ အသက် ၈၈ နှစ်ရောက်မှ ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။
Horace Sheffield အမည်ရှိတဲ့ အဘိုးအိုကက Shorter တက္ကသိုလ်ကို ၁၉၆၀ ကနေ ၁၉၆၅ ခုနှစ်ထိ တက်ခဲ့ပေမယ့်လည်း သူ့သမီးတွေကို စာသင်ပေးတဲ့နေရာမှာ ထောက်ပံ့ကူညီပေးဖို့ ဘွဲ့မရခင် တက္ကသိုလ်ကနေထွက်ခဲ့ရသူပါ။ ခုဆိုရင် သူ့ရဲ့ ဘဝရည်မှန်းချက်တစ်ခုတော့ ပြည့်မြောက်သွားပါပြီ။

အဘိုးအိုဟာ အငြိမ်းစားတစ်ဦးဖြစ်လို့ ပုံမှန်ဝင်ငွေလေးတွေပေါ်မှာ ရပ်တည်နေသူဖြစ်လို့ ကျောင်းတတ်ဖို့ ကို မစဉ်းစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် စီနီယာကျောင်းသားတွေ အခမဲ့ အတန်းတက်နိုင်တယ်ဆိုတဲ့ မဂ္ဂဇင်း တစ်ခုက ဆောင်းပါးကို ဖတ်မိပြီးတဲ့နောက်မှာ သူတက်ခဲ့တဲ့ တက္ကသိုလ်ကို ပြန်လျှောက်ခဲ့တာပါ။

အသက် ၈၈ နှစ်ရှိတဲ့ Horace Sheffield
အဘိုးအိုက အွန်လိုင်းသင်တန်းတွေကတဆင့် ခရစ်ယာန် ဘာသာရပ်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘွဲ့ရဖို့အတွက် ဒေါ်လာ ၂၀၀ သာ ကုန်ကျခဲ့ပါတယ်။ ဒီဘာသာရပ်ကို လေ့လာနိုင်ဖို့အဘိုးအိုမှာ ကျူတာ ဆရာမတစ်ယောက်က အထောက်အကူပေးခဲ့ပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ စာတွေကို သူမက ကွန်ပြူတာနဲ့ အကုန်စာစီပေးခဲ့တာပါ။ ဒါကြောင့် အဘိုးအိုက သူမသာ မရှိရင် ဘွဲ့မရနိုင်ဘူးလို့ ဆိုပါတယ်။
အဘိုးအိုက ကျောင်းဘွဲ့နှင်းသဘင်ကို Walker ( လမ်းလျှောက်ရာတွင် အထောက်အကူပေးတဲ့ လေးချောင်း ထောက်ပစ္စည်း) ကို အားပြုပြီး ဘွဲ့တက်ယူခဲ့ပါတယ်။

Ref: ⏩ Abc news; 88-year-old Georgia man graduates from college: 'I wanted that degree'

Credit ⏩Tun Tun Mint

မူရင်းလင့်​⏩https://m.facebook.com/story.php story_fbid=10211200388236906&substory_index=0&id=1574238350

No comments:

Post a Comment