Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Bangali. Show all posts
Showing posts with label Bangali. Show all posts

Sunday, November 19, 2023

မာလ်ကာဘာနူ နှင့် မောနူမျာ အချစ်ဇာတ်လမ်း

မာလ်ကာဘာနူ နှင့် မောနူမျာ  အချစ်ဇာတ်လမ်း


ကမ္ဘာ့အရပ်ရပ်တွင် လူမျိုးတိုင်းလိုလို၌ ထင်ရှားကျော်ကြားသော အချစ်ဇာတ်လမ်းများရှိသည်။ ဥပမာအားဖြင့် တင်ပြရလျှင်—

၁) နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာ၊

၂) ရိုမီယိုနှင့်ဂျူးလီယတ်

၃) လိုက်လာနှင့်မောဂျူနူန်

၄) ချေရီနှင် ဖောရာဟာဒ်

၅) အာနာရ်ကလီ

စသည်ဖြင့် ရှိခဲ့သည်။


ရခိုင်ဘင်္ဂလားနယ်တွင်လည်း ဒါလီယာနှင့်အာမီနာ၊ မာလ်ကာဘာနူနှင့် မော်နူမျာဟူ၍ ထင်ရှားသော အချစ်ဇာတ်လမ်းရှိခဲ့သည်။

သမိုင်းနောက်ခံ ၁၇ ရာစုအလယ်တွင် မဂိုမင်းသား ရှားချူးဇား သည် ဘင်္ဂလာနယ်ကို အုပ်ချုပ်လျက်ရှိခဲ့သည်။ သူ၏ စစ်သေနာပတိမှာ ရှေရ်မူစ်တကာဖြစ်ပြီး စစ်သားတစ်ထောင်ကို ကြီးကြပ်အုပ်ချုပ်ရသည်။ ၎င်းတွင် တစ်ဦးတည်းသောသား ဂျောဘောလ်မူစ်တကာ (ခ) ဂျောဘောလ်တောခါန် (ခ) မော်နူမျာ တစ်ယောက်ထွန်းကားခဲ့သည်။

ရှေရ်မူစ်တကာသည် ကောစ်ဘဇားနယ်မှ အာနူဝါရာခရိုင်ကို အပိုင်စားရ၍ အုပ်ချုပ်ခဲ့သည်။ ရှေရ်မူစ်တကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူမော်နူမျာက အဖ၏ အရိုက်အရာကို ဆက်ခံသည်။ မော်နူမျာလက်အောက်၌ လယ်ပိုင်ရှင်ငယ်များရှိခဲ့ပြီး မော်နူမျာအား လယ်ခွန်၊မြေခွန်များ ဆက်သရသည်။

အချစ်ဇာတ်လမ်း လွန်ခဲ့သောနှစ် (၃၅၀)ခန့်က ပေါ်ထွန်းခဲ့သည့် မာလ်ကာဘာနူ နှင့် မော်နူမျာ အချစ်ဇာတ်လမ်း အကြောင်းသည် ရိုဟင်ဂျာ လူထုအကြားတွင်လည်း ထင်ရှားစွာရှိခဲ့သည်မို့ ပြန်လည်ရှင်သန်ရန် တင်ပြခြင်းသာဖြစ်ပါသည်။

ရှေရ်မူစ်တာကာ (မဂိုရှားချူးဇာဘုရင်၏ ဘင်္ဂလားစစ်သေနာပတိ) ၁၇ ရာစုအလယ်လောက်တွင် ရှားချူးဇားသည် တြိပူရနှင့် ဘင်္ဂလားနယ်ကို အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ရှေရ်မူစ်တာကာသည် သူ့လက်အောက်၌ စစ်သေနာပတိဖြစ်ခဲ့ပြီး စစ်သားတစ်ထောင်ကို ဦးစီးကွပ်ကဲရသူဖြစ်သည်။ သူသည် စစ်တကောင်တိုင်းရှိ စကောရီယာ၊ အာနိုဝါရာ၊ ဘာရ်ှကာလီနှင့် စသော မြောက်စွာသောနယ်များကို ပိုင်ဆိုင်ခဲ့သည်။ သူ့လက်အောက်၌ လယ်ပိုင်ရှင်မြောက်မြားစွာရှိခဲ့ပြီး သူ့အားလယ်ခွန် မြေခွန်ဆက်သရသည်။

ခရစ်သက္ကရာဇ် ၁၇၀၇ခု နှစ်တွင် ဘင်္ဂလားနယ်သည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ လက်အောက်သို့ ရောက်ရှိခဲ့သည်။ ယင်းမတိုင်မီကပင် ရှေရ်မူစ်တာကာသည် ရခိုင်ဘုရင်လက်အောက်ရှိ သမုဒ္ဒရာရေပိုင်နက်၊ တောတောင်များ၊ လာလ်ရှော်ဘုစ်တီလာ၊ ဒိယန်ရာဇ်စသည့် သက်ပိုင်နယ်ကို ပိုင်စိုးပြီး မြိုလူမျိုးတို့၏ဘုရင်တဆူအဖြစ် ရပ်တည်ခဲ့သည်။

နောင်တွင် ရှေရ်မူစ်တကာသည် အာနူဝါရာနယ် ရှောလ်ကာတာရွာကို အခြေပြု၍ နေထိုင်ခဲ့သည်။

ရှေရ်မူစ်တကာ၏သား/သမီးများမှာ

၁) ဂျော်ဘောလ်တောခါန်(ခ)မော်နူမျာ

၂) ဘူရာဘီဘီ ဆော်ဒေါရာနီ

၃) ကာလာဘီဘီ ဆော်ဒေါရာနီတို့ဖြစ်ကြသည်။


 မော်နူမျာသည် သူ၏ ဖခင် ရှေရ်မူစ်တာကာ ကွယ်လွန်ပြီးနောက် ဖခင်ပိုင်ဆိုင်ခဲ့သော လယ်မြေများ၊ ပိုင်ဆိုင်မှုအဝဝကို ကြီးကြပ်ရသည်။

မောနူမျာသည် အဖရိုက်အရာကို ဆက်ခံအုပ်ချုပ်ရာ၌ မကယ်သူတဦးက မဟုတ် ဘခင်ထက်ပင် သာလွန်သူတစ်ဦးဖြစ်သည်။

မော်နူမျာ၏ အိမ်တော်ခြံ၏ အရှေ့အနောက် တံခါးပေါက်ကို ခိုင်ခန့်စွာတည်ဆောက်ထားသည်။ တံခါးဝအသီးသီးတွင် ကြီးမားသော အမြောက်တစ်ခုစီကို တပ်ဆင်ထားသည်။ အမြောက်တစ်ခု၏ အလေးချိန်မှာ ၂၇မောင်းရှိသည်။ ယခုအခါ ယင်းအမြောက်များကို စစ်တကောင်း ရေတပ်ဌာချုပ်တွင် တွေ့ရှိနိုင်သည်။ အမြောက်များကို ပေါ်တူဂီ ပင်လယ်ဓားပြများရန်မှ ကာကွယ်ရန် တပ်ဆင်ထားခြင်းဖြစ်သည်။

 မောနူမျာသည် သူ၏အိမ်တော်၏မနီးမဝေး အနောက်တောင်ဖက်တွင် ဗလီကြီးတစ်လုံးကို တည်ဆောက်ထားခဲ့သည်။

ယင်းနှင့်မနီးမဝေးတွင် ကန်ကြီးတခုကိုလည်း တူးဖော်ထားခဲ့သည်။ ယင်းတို့ကို ယခုတိုင် မောနူမျာဗလီနှင့်မောနူမျာကန်တော်ဟုခေါ်ကြသည်။

မာလ်ကာဘာနူ။

မာလ်ကာဘာနူသည် စစ်တကောင်းဒေသ ဘာရ်ှခါလီ၊ ရှောရောလာနယ်တွင် နေထိုင်သည်။ သူမ၏ဖခင်မှာ အာမိရ်မူဟာမတ်ဖြစ်သည်။ သူသည်ချမ်းသာသော ကုန်သည်တဦးဖြစ်ပါသည်။

မာလ်ကာဘာနူတွင် ညီ (၆)ယောက်ရှိခဲ့သည်။ မာလ်ကာဘာနူသည် အလွန်ချောမော လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ဘာသာရေးပညာရပ်ကို ရွာရှိ အာရဗီကျောင်းတွင် သင်ကြားခဲ့သည်။

မော်နူမျာသည် မိမိ၏လယ်မြေကိစ္စနှင့် ပတ်သက်၍ နယ်လည့်သွားလေ့ရှိသည်။ တနေ့သောအခါ သူသည်သူ့၏ နောက်လိုက်နောက်ပါများနှင့် မောလ်ကာဘာနူတို့ ရွာ ဘာရ်ှခါလီ ရှောရာလာရွာသို့သွားရာ မောပန်းသဖြင့် ယင်းနယ်၌ တစ်ညအိပ်ခဲ့သည်။ ဤတွင် ကျောင်းသူမလေး မာလ်ကာဘူနူကို တွေ့သွားရာ သဘောကျချစ်ကြိုက်မိလေတော့၏။

ဤသို့ဖြင့် မကြာခဏဆိုသလို မော်နူမျာသည် မာလ်ကာဘာနူတို့ ရွာသို့ ရောက်သွားလေ့ရှိ၏။ စိတ်တွင်ပရိဒေဝ မီးကထလောင်တော့သဖြင့် အတောမသတ်နိုင်ဖြစ်၍ မာလ်ကာဘာနူကိုစာသင်ပြသော ကာဇီ(ခ)မော်လဝီမှတဆင့် ဖခင် အာမိရ်မူဟာမတ်ထံမှ မာလ်ကာဘာနူကိုတောင်းဆိုမှုပြုလေသည်။

အာမိရ်မူဟာမတ်မှ သဘောတူလက်ခံသော်လည်း မာလ်ကာဘာနူမာ သဘောမတူပါ။ အကြောင်းမူကား မောလ်ကာဘာနူ၏ရွာနှင့် မော်နူမျာတို့ ရွာကြားတွင် ရှောင်ခေါ်မြစ်ခံထားသည်ဖြစ်ရာ မြစ်ကြောင်းဖြင့်သူမအနေဖြင့် ယောက္ခမအိမ်သို့မသွားလိုပါ။ သူမသည် သမ္ဗာန်ဖြင့်ခရီးပေါက်ရမည့်ကိုကြောက်တတ်သည်။ ထိုကြောင့် သူမက မော်နူမျာအား ရှောင်ခေါ်မြစ်ပေါ်၌ တာဖို့ပေးရန်တောင်းဆိုမှုပြုခဲ့သည်။

အချစ်၏ဇောကြောင့် မော်နူမျာသည် တောင်းဆိုမှုကို ချက်ချင်းဆိုသလို လက်ခံလိုက်လေသည်။

ရှောင်ခေါ်မြစ်ပေါ်တွင် တာဖို့ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ သိပ်မကြာခင် တာဖို့မှုပြီးစီးခဲ့သည်။ *ရှောင်ခေါ်မြစ်သည် ကောစ်ဘဇားလမ်းခွဲ လိင့်လမ်းအတိုင်းအရှေ့ဘက်သို့ တစ်မိုင်ခန့် ခရီးအကွာတွင်ရှိသည့် တံတားကြီးနားတွင် ရှိသည်။ ယင်းမြစ်သည် အာနူဝါရာနှင့် ဘာရ်ှခါလီကြား ဖြတ်စီးသောမြစ်ဖြစ်သည်*။


တာဖို့ပြီးသောအခါ မာလ်ကာဘာနူနှင့်မော်နူမျာတို့၏ မင်္ဂလာပွဲက စတင်ခဲ့လေသည်။ မင်္ဂလာပွဲအကျွေးအမွေးနှင့် အဆိုအက ၊အတီးအမှုတ်၊ပွဲလမ်း၊သဘင်သည် တလတိတိ အချိန်ကြာညောင်းခဲ့သည်။ အနယ်နယ်အရပ်ရပ်မှသဘင်သည်၊ ဂီတပညာရှင်များမှလာရောက်ဖြေဖျော်ခဲ့သည်။ ပွဲသည် ခြိမ့်ခြိမ့်သဲ စည်ကားခဲ့သည်။ ယင်းပွဲတွင်သီဆိုခဲ့သော ထင်ရှားသည့်သီချင်း (ရိုလို ခေါံလာ) တပုဒ်မှာ

မောလ်ကာ ဘာနူ ဒေရှ့်ရေ ဗျီယာရ် ဗိုက်ဒေါ အလ္လာ ဘာဂျေရေ၊

မောလ်ကာဘာနူ ရှာတ္တေ ..ဗိုက်..

အိုဗိုက်...မော်နူမျာရ် ကီဟိုနိုက်...

မောလ်ကာ ဘာနူ ဗျာ ဟိုယ်ဘို

မော်နူမျာ ရှာတ် တေရေ။

မာလ်ကာဘာသည် မောနူများ၏ ဒုတိယမြောက်မယား ဖြစ်သည်။ သူမတွင် သား/သမီး တစ်စုံတစ်ဦး မထွန်းကားခဲ့ချေ။ မာလ်ကာဘာနူသည် မောနူမျာထံတွင်မပျော်။ သို့ကြောင့် မောနူမျာထံအကြာမနေတော့ မိဘရှိရာ ဘာရ်ှကာလီသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

မောလ်ကာဘာနူ၏ ဖခင် အာမိရ်မူဟာမတ်သည် သူမအတွက် ဗလီကြီးတလုံးတည်ဆောက်ပေးခဲ့ပြီး မနီးမဝေးတွင် ကန်ကြီးတခု တူးဖော်ပေးခဲ့သည်။

ယင်းတို့ကို ယခုတိုင် မောလ်ကာဘာနူ ဒီဂီ(ကန်တော်ကြီး)နှင့် မောလ်ကာဘာနူဗလီဟုခေါ်ထွင်ကြသည်။ မာလ်ကာဘာနူ ဂူသင်္ချိုင်းသည် မာလ်ကာဘယနူ ဗလီကြီး၏ အနီးတွင်တည်ရှိသည်။ မော်နူမျာဂူသင်္ချိုင်းသည် ရွာသင်္ချိုင်းအလယ်အပင်ကြီးတပင်တွင်ရှိနေသည်။


ကိုးကားပြုစုသူ

မင်းဝန်ဇော်


Saturday, June 19, 2021

ဘင်္ဂါလီ (၅) သိန်းခန့် ခိုးဝင်ပြီး အခြေချနေထိုင်သွားခြင်း စွပ်စွဲချက်ကို စိစစ်ခြင်း


 ဘင်္ဂါလီ (၅) သိန်းခန့် ခိုးဝင်ပြီး အခြေချနေထိုင်သွားခြင်း စွပ်စွဲချက်ကို စိစစ်ခြင်း


" Bangladesh and Burma. He admitted that there were upward of - million bangalee trespassers in Arakan whom the Burmese had some right to eject. He had implored the Burmese authorities not to press this issue during Bangladesh's present troubles and had been pleased that the burmese had not taken advantage of his country's  misfortunes in this respect. He denied that there had been any fresh exodus into burma of refugees from Bangladesh. The recent troubles and scarcely affected the ordinary bangalee who was now happily anticipating a bumper rice crop. Mr. Kaiser's consul in Akyab had, in fact, spent an unusually queit late summer and autumn. "


"ဘင်္ဂလားဒေ့ရ်ှနှင့် ဗမာ ဆက်ဆံရေး။ ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားကျူးကျော် ခိုလှုံလာသူ သန်းတစ်ဝက်လောက် ရှိတယ်လို့ သူက ဝန်ခံခဲ့တယ်။ သူတို့ကို မြန်မာအစိုးရက နှင်ထုတ်ခွင့်ရှိတယ်။ သို့သော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခရောက်နေသည့်ယခုအချိန်တွင် ဤကိစ္စနှင်ပတ်သတ်၍ ဖိအားမပေးသင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင်ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့်အတွက် ၀မ်းသာမိကြောင်း ၎င်းက မြန်မာအာဏာပိုင်တွေကို ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရ်ှမှ ဒုက္ခသည်အသစ် ဝင်ရောက်ခြင်းမရှိခဲ့ကြောင်း ၎င်းက ငြင်းဆိုခဲ့တယ်။ ……………။ "

အထက်ပါ စာပိုဒ်ပါ ကော်ပီစာမျက်နှာတစ်ခုက အွန်းလိုင်းပေါ် တော်တော်ပျံ့နေတာကို တွေ့ရတယ်။ ဘင်္ဂလီတွေ မြန်မာပြည်ကို ခိုးဝင်လာတဲ့ အထောက်အထားဆိုပြီးတော့ ပို့စ်တင်တော့ မြန်မာပြည်သူတွေအကြား အတော်ပဲ မျက်နှာသာရခဲ့တယ်။ အာရကန်ဒေသက ရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ အခွင့်ကောင်းတစ်လက် ရသွားပြီပေါ့။ ဦးကိုကိုလှိုင် ဆိုတဲ့သူရဲ့ ဘလော့က တဆင့် စတင်ပျံ့နှံ့တယ်လို့ ထင်ရပါတယ်။

ကဲ... ဒီစာသားက ရန်ကုန်ရှိ ဗြိတိန်သံအမတ်ကြီး T.J O'Brein နဲ့ ဘင်္ဂလားဒေ့ခ်ျသံအမတ်ကြီး Mr. KM Kaiser တို့ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြောဆိုတဲ့ မှတ်တမ်းမှ ကောက်နုတ်ထားတဲ့ အချက်နံပါတ် (၅) ဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ တဆင့်ခံ ရေးထားတဲ့ မှတ်တမ်းဖြစ်တယ်။ ဘင်္ဂလာဒေ့ခ်ျသံအမတ်ကြီးက ပြောတယ်လို့ ဗြိတိန်သံအမတ်က ရေးမှတ်ထားတာလောက်ပဲ။ ဗြိတိန် စာကြည့်တိုက်တစ်ခုမှာ သိမ်းထားတဲ့စာလို့ ဒေါက်တာအေးချမ်းရဲ့ အဆိုအရ သိရတယ်။ ဘယ်အတိုင်းအတာအထိ ခိုင်လုံသလဲ၊ ယုံရမလဲတော့ မပြောတတ်ဘူး။ ထားပါတော့…။

၁၉၇၅ ခုနှစ်က မှတ်တမ်းဆိုတော့ အာဏာရှင်ဗိုလ်နေဝင်း ချုပ်ကိုင်ထားတဲ့ မဆလခေတ်ပေါ့။ ၁၉၆၅ ခုလောက်မှာ ဗိုလ်နေဝင်းက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်မှ ရုပ်သိမ်းခဲ့ပြီး အပြတ်ရှင်းဖို့ အစီအစဉ်ရေးဆွဲပြီးတဲ့ ကာလလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မျက်ခြေမပြတ် ချုပ်ချယ်ဖိနှိပ်နေတဲ့ အချိန်ဆိုရင်လည်း မမှားပါဘူး။ 

- အထက်စာပိုဒ်မှာ လူ (၅) သိန်း ကိစ္စကို သုံးသပ်ကြည့်ရအောင်။  ဘင်္ဂါလီ သန်းတစ်ဝက် ဝင်ရောက်လာတာ ရှိတယ်လို့ ပါတယ်။ ဒါပေမဲ့ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ဒါမှမဟုတ် မူဆလင်လို့တော့ ဘယ်နေရာမှာမှ သဲသဲကွဲကွဲဖော်ပြထားတာ မရှိဘူး။ ဘင်္ဂါလီလို့ ကြားတိုင်း မုတ်ဆိတ်နဲ့ ကုလားတွေကို ပြေးမမြင်ကြနဲ့ဟ။ ဘင်္ဂါလီ က ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားကို ဆိုလိုတာပါ။  သူများယောင်တိုင်း လိုက်ကပြရင်ဘယ်ရမလဲ။ မိမိတို့ရဲ့ ဉာဏ်အားတွေလည်း အသုံးချကြည့်သင့်တယ်။ အဲ့ဒီ ဝင်ရောက်လာတဲ့ ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားဆိုတဲ့သူတွေဟာ အိစ္စလာမ်ဘာသာဝင်တွေလည်း ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။ 

- ဒီအဖြစ်အပျက်က ၁၉၇၁ ခုနှစ်မှာ ဘင်္ဂါလားဒေ့ခ်ျ-ပါကစ္စတန် စစ်ပွဲကြီးဖြစ်တော့ ပြည်သူတွေက အသက်ကယ်ရာ စစ်ဘေးရှောင်ပြေးထွက်ကြတဲ့ခါ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဘယ်နေရာမဆို စစ်ပွဲဖြစ်လာရင် စစ်ဘေးရှောင်တဲ့ အခြေအနေ ပေါ်လာတတ်တယ်။ ဒါက ဖြစ်ရိုးဖြစ်မြဲ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ခ်ျ စစ်တကောင်းအပိုင် ခရိုင်တွေဟာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ၊ ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေ၊ ဟိန္ဒူဘာသာဝင် ဘင်္ဂလီတွေ ရောနှောနေထိုင်တဲ့ ဒေသဖြစ်တယ်။ အဲ့လူတွေက လူများစုပဲ။ တခြား ခရစ်ယာန်စတဲ့ ဘာသာဝင်တွေက လက်ချောင်းချိုး ရေတွက်နိုင်သလောက်သာ ရှိတာကိုး။ 

ဒီတော့ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံဘက်ကို စစ်ဘေးရှောင် ခိုလှုံလာမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ။ ဘယ်လူမျိုးက အများဆုံးဖြစ်မလဲ။ ဘက်မလိုက်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ဝန်ခံမယ်ဆိုရင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေပဲ အများဆုံး ဖြစ်မယ်လေ။ ဒါက ရှင်းရှင်းလေးပဲ။ တခြား အိစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း အနည်းနဲ့အများတော့ ပါနိုင်တယ်။ မပါဘူးလို့ မငြင်းဘူး။ (မယုဒေသမှာ မွတ်စလင်များတယ်ဆိုလို့ အိစ္စလာမ်ဘာသာဝင်တွေကိုပဲ ပြေးမမြင်ကြနဲ့။)

- နောက်တစ်ချက်ကတော့ ခိုလှုံလာခဲ့တဲ့လူတွေကို မဆလအစိုးရက ဒီတိုင်းလွတ်ထားခဲ့တာတော့ မဟုတ်ဘူးဗျာ။ သေသေချာချာ စာရင်းဇယား ပြုစုပြီးတော့ Public Place တွေဖြစ်တဲ့ ကျောင်းဝင်း၊ ဆေးရုံးဝင်း၊ အလွှတ် အစိုးရအဆောက်အအုံ၊ နေရာလပ်တွေမှာ နေရာချပေးထားခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံ ဒုက္ခရောက်နေချိန်မှာ ကူညီခဲ့တဲ့ သဘောပဲဗျာ။ ဒီလူတွေက နောက်ပိုင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တည်ငြိမ်းအေးချမ်းလာတဲ့ခါ နှစ်နိုင်ငံအစိုးရ အစီအစဉ်ဖြင့် သူ့မြေကို သူတို့ပြန်သွားကြတာပါပဲ။ ဒါကို တချို့မျိုးချစ်တွက မသိကျွန်ပြု ဟန်ဆောင်နေတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ချေမှုန်းနေတဲ့ မဆလခေတ်မှာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ ဘယ်ပုန်းဝှက် နေရဲပါ့မလဲ။ အဲဒီချိန်မှာ ဗမာပြည်က အာဏာရှင်လက်အောက်မှာဖြစ်နေတယ်။ သို့သော် ခိုလှုံလာတဲ့ သူတို့ရဲ့မြေက လွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာကိုး။ ပြီးတော့ သူတို့ရဲ့ အိုးအိမ်၊ လယ်မြေပိုင်ဆိုင်မှု၊ အဆွေအမျိုးတွေ အကုန် ဘင်္ဂလားဒေ့ခ်ျမှာ ရှိနေတယ်လေ။ သူတို့ကို ကြိုးနဲ့တုပ်ပြီးတော့ နေစေခဲ့ရင်လဲ ပြန်ထွက်ပြေးမှာပဲ။ 

- ဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်။ "ဟုတ်တယ်… မင်းတို့ကို လယ်မြေတွေပေးမယ်၊ အိုးအိမ်တွေဆောက်ပေးမယ်။ အလုပ်အကိုင်တွေရအောင် လုပ်ပေးမယ်"လို့ အစိုးရက ကတိနဲ့ အာမခံပေးမယ်ဆိုရင်တော့ တချို့သူတွေ နေကောင်းနေနိုင်တယ်။ အဲလိုကတိကဝတ်တွေကို အာဏာရှင်အစိုးရက အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေအား ဘယ်တော့မှ ပေးမှာမဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေကိုတော့ အစိုးရက ကတိပေးကောင်းပေးနိုင်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာလည်း အဲ့လို ကတိကဝတ်တွေပေးပြီးတော့ တဖက်နိုင်ငံက ဘာသာတူတွေ ခေါ်လာတာကို တွေ့ရပါတယ်။ 

- ဒီစာပိုဒ်ထဲမှ စာတစ်ကြောင်းကို အမှန်တရား မဖော်လိုတဲ့ သူတချို့က ဖုံးကွယ်ထားတယ်။ အဲတာက "နောက်ထပ်အသစ် ဒုက္ခသည်တွေ ရောက်လာခြင်းမရှိဘူး" လို့ သံအမတ်ကြီးက ငြင်းခဲ့တဲ့ စာကြောင်းပေါ့။ ဒီစာကြောင်းက ဘာကို ထောက်ပြနေသလဲဆိုရင် ဘင်္ဂလား-ပါကစ္စတန်စစ်ပွဲ ဖြစ်ခဲ့တဲ့အချိန်က ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေမှအပ နောက်ထပ် ဒုက္ခသည်တွေ ရောက်လာတာမရှိဘူး။ စစ်ပွဲတုန်းက ဝင်လာခဲ့တဲ့ ဒုက္ခသည်တွေဟာ နှစ်နိုင်ငံအစီအစဉ်နဲ့ ပြန်လည်ထွက်ခွာသွားတာ၊ ကျန်နေနိုင်တဲ့သူတွေက မူဆလင်တွေမဖြစ်နိုင်တာကို အထက်မှာ တင်ပြပြီးပြီ။ 

- ဗိုလ်နေဝင်းအစိုးရက ၁၉၇၈ မှာ ကြောက်မက်ဖွယ် နဂါးမင်း စစ်ဆင်ရေးဆိုတာကို ဆင်နွှဲခဲ့တယ်။ အိမ်တိုင်ရာရောက် စစ်ဆေးခဲ့တယ်။ ရိုဟင်ဂျာတွေကို စစ်ဆေးခဲ့တာနော်။ ရခိုင်တွေကို စစ်ဆေးတာ မဟုတ်ပါဘူး။ စစ်တာလည်း ရိုးရိုးသားသား မဟုတ်ဘူး။ ဖိနှိပ်ညှည်းပန်းမှုပေါင်းစုံနဲ့ အသက်အန္တရာယ်ပြု စစ်ဆေးတာပဲ။ ဒါနဲ့ ရိုဟင်ဂျာတွေက မိမိတို့ အိုးအိမ်တွေကို စွန့်ပြီးတော့ အသက်ကယ်ထွက်ပြေးရတယ်။ အဲ့ဒီလူတွေကို ဗမာအစိုးရက တစ်ခါ ပြန်ခေါ်တယ်။ ပြန်ခေါ်တာကလည်း "အနောက်တံခါး ဖွင့်ပေးတယ်။ လာကြ… လာကြ" နဲ့ မဟုတ်ဘူး။ စစ်ဆေးရေးစခန်းတွေဖွင့်ပြီးတော့ သေချာစစ်ဆေးပြီးမှ မှန်ကန်တဲ့ အထောက်အထားတွေကို ပြနိုင်မှသာလျှင် ပြန်လာခွင့်ပေးတာနော်။ လက်ခံစာတွေလည်း တစ်ပါတည်း ပေးခဲ့တယ်။ ဒီမှာ တစ်ချို့ မျိုးချစ်တွေက ပြောကြတာရှိတယ်။ "နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ပြန်ခေါ်ရတာတဲ့။" စဉ်းစားရမှာက ဗမာပြည်ကို မတရားချုပ်ကိုင်ထားတဲ့ အာဏာရှင် ဗိုလ်နေဝင်းအစိုးရက နိုင်ငံတကာရဲ့ မတရားဖိအားတွေကို ကြောက်မလို့လား။ အဲ့လို နိုင်ငံတကားဖိအားကို ကြောက်မယ်ဆိုရင် အာဏာတောင် သိမ်းမှာမဟုတ်ပါဘူး။ တဖက်က အစိုးရမှာ ဘင်္ဂလား သံအမတ်ကြီးက ဝန်ခံထားတဲ့ ဝန်ခံချက်တွေရှိနေတယ်ဆို။ ခေါ်လာစရာ အကြောင်းတောင်မရှိဘူး။ ကလေးဆန်တဲ့ စကားတွေ မပြောကြပါနဲ့ဗျာ ကိုမျိုးချစ်ရာ။ ဇွတ်မငြင်းပါနဲ့။

- ဒါ့အပြင် ရိုးရိုးသားသား ဝန်ခံထားတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် အမျိုးသားတစ်ချို့ရဲ့ တင်ပြချက်ကိုလည်း လေ့လာကြည့်ပါဦး။ ခိုးဝင်လာသူတွေ ဘယ်သူဘယ်ဝါဆိုတာ ပို၍ ထင်ရှားသွားပေလိမ့်မယ်။ ဦးမြစိန်ထွန်းပါ (၅) ဦးက (အသိအမြင်ရှိ နယ်စပ်ဒေသမှ ရခိုင်တိုင်းရင်းသားများ) အမည်ဖြင့် ရန်ကုန်မြို့ ရခိုင်သဟာယအသင်းသို့ တင်ပြခဲ့သည့် (၁၀.၁.၁၉၉၇) ရက်စွဲပါ စာ-၄တွင်-

"လွန်ခဲ့သော နှစ်၂၀/၂၅နှစ်အတွင်းက ဘင်္ဂလီများ ခိုးဝင်လာခြင်း မရှိကြောင်း၊ ခိုးပြေးသူများသာရှိကြောင်း၊ တဖက်ဒေသမှ ရခိုင်လူမျိုး (၅)သိန်းခန့် ဝင်ရောက်လာပြီး ပြည်နယ်အနှံ့ နေထိုင်လျက်ရှိကြောင်း အစိုးရဌာန အဖွဲ့အစည်းများ၌ အမှုထမ်းနေကြကြောင်း" အသေးစိတ် ရေးသားတင်ပြထားတာကို တွေ့ရှိရတယ်။(ပုံကိုရှုပါ)



- ဘင်္ဂလား- ပါကစ္စတန် စစ်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီရွာ ၁၀၀ ခန့် လုံးလုံး ပျောက်သွားတယ်လို့ ရခိုင်မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ နာမည်နဲ့ တကွ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီလူတွေက ဘယ်ကို ရောက်သွားသလဲ။ ရိုဟင်ဂျာလို Genocide လုပ်ခံလိုက်တာလား။ ဒါမှမဟုတ် တခြားတစ်နေရာရာမှာ ရောက်သွားတာလား။ မစဉ်းစားချင်ဘူးလား။

- ၁၉၇၄ မှ ၁၉၇၈ ခုနှစ်အတွင်းက ဘင်္ဂလားအဝကျွန်းတွင် မွေးဖွားခဲ့သူ ဗိုလ်မှူးကျော်မောင် ရခိုင်ပြည်နယ်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ကာလလည်းဖြစ်၊ ရိုဟင်ဂျာတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းနေတဲ့ အာဏာရှင်ချုပ်ကိုင်ထားတဲ့ ပြည်သူ့ကောင်စီခေတ်လည်းဖြစ်ရာ ရခိုင်အမျိုးသား ဦးမြစိန်ထွန်းပါ(၅)ဦးရဲ့ တင်ပြချက်အရသော်၎င်း၊ ရခိုင်ပြည်အတွင်း ဝင်ရောက်လာသူ (၅)သိန်းမှာ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီ (အနောက်သားရခိုင်)ဆိုသူတွေသာ ဖြစ်တယ်ဆိုခြင်းမှာ ပို၍ မှန်ကန်ပါမယ်။ 

- ဒါ့အပြင် စကားထဲက ဇာတိပြဆိုတဲ့ စကားအတိုင်း စစ်တွေမြို့ပေါ်က "ဝါး ၁၀၀ ဓနိ ၁၀၀" ဆိုတဲ့ စကားတစ်ခုကို လေ့လာကြည့်ပါ။ ဒီစကားက စစ်တွေမြို့ပေါ်ကသူတွေ အသိဆုံးဖြစ်တယ်။ စစ်တွေမြို့မှာ အနောက်သားရခိုင်တွေကို ဝါး ၁၀၀ ဓနိ ၁၀၀ အတွက် မျှောလာသူတွေဟု လောင်ပြောင် ခေါ်ဝေါလေ့ရှိတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားစစ်ပွဲဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ခိုလှုံလာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီတွေကို ဝါး ၁၀၀ ဓနိ ၁၀၀ ဆီ၊ ဆန် စတဲ့ဟာတွေကို ထောက်ပံ့လေ့ရှိခဲ့တယ်။ ထိုသို့ ဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂလီတွေမှာ ယခုအခါ မောင်တော၊ စစ်တွေမြို့(ဘောလုံးကွင်းတဝိုက်)၊ ပေါက်  တော၊  မြေပုံ၊ မင်းပြား၊ သံတွဲ နှင့်တခြားမြို့နယ်များတွင် ပျံနှံနေထိုင်လျက်ရှိပါတယ်။ ဒေသခံတွေက သူတို့ကို အနောက်သားရခိုင်များဟု ခေါ်ကြတယ်။ ရခိုင်ပြည်နယ်အပြင် ပြည်မ ရန်ကုန် ရှိ ပုဇွန်တောင်၊ အင်းစိန်၊ သမိုင်း၊ လှိုင်သာယာ၊  ရွှေပြည်သာ၊ နိုင်ငံအနှံ့  ရောက်ရှိနေပါပြီ။

မြန်မာနိုင်ငံတွင် အထက်တန်းစား ရာထူးတွေ၊ ဒေသခံရခိုင်လူမျိုး မျက်နှာဖုံးလူကြီးတွေ ဖြစ်နေပါပြီ။ ဝန်ကြီး  ဇော်အေးမောင်   ယောက္ခမ ဦးအနီမောင်၊ ANP ပါတီအတွင်းရေးမှုး ထွန်းအောင်ကျော်ရဲ့မိန်းမ စတဲ့သူတွေလည်း ခိုးဝင်လာတဲ့ ဗုဒ္ဓဘာသာဘင်္ဂလီတွေ ဖြစ်တယ် (ပုဂ္ဂိုလ်ရေးတိုက်တာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ)။ ၎င်းတို့ကို ဦးနေ၀င်းအစိုးရလက်ထက်မှာ အရေးယူမှုအချို့လည်း ရှိခဲ့တယ်။ ဒေါက်တာကျော်လှစိန် (ဘောလုံးကွင်း) ကဲ့သို့ ဆရာဝန်ကို အစိုးရရာထူးမှ ဖြုတ်ချခဲ့တယ်။ အလားတူ ရေတွက်လို့မကုန်နိုင်အောင် အများကြီးရှိခဲ့တယ်။ ယနေ့ထိလည်း ခိုးဝင်လာနေတဲ့ သူတွေရှိနေပါတယ်။ မြန်မာနိုင်ငံက အထောက်အထား မပြနိုင်လို့ မှတ်ပုံတင်ကတ် မထုတ်နိုင်သေးတဲ့ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေ တစ်ပုံကြီး ရှိနေတယ်။ 

- ဓနသဟာယ၏ မှတ်တမ်းပါစာတွင် ဘင်္ဂလီ(၅)သိန်းဝင်ရောက်ခဲ့ကြောင်း ဝန်ခံထားသော်လည်း မွတ်ဆလင်များ ဖြစ်ကြတယ်လို့ တစ်လုံးတပါဒမျှ မပါရှိပါဘဲလျက် ဒေါက်တာအေးချမ်းက ထိုသူတွေဟာ မွတ်ဆလင်ဟု ထင်မြင်ချက်ပေးခြင်းက အဘယ်အတိုင်းအတာအထိ ယုတ္တိရှိတာကို စဉ်းစားတတ်တဲ့ပရိသတ်တို့သာ ဆုံးဖြတ်လိုက်ပါတော့။

(လူထုဝဏ္ဏ)


ကိုးကား-

အွန်းလိုင်း စာစုနှင့် မှတ်တမ်းပုံများ