Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, December 29, 2021
BORABORI
 Borabori
Lekóya- RohangKing
Tor gán ó foran
Mor gán ó foran
Zate zat fiyáñrar gañt
Ek dhuwar ek baañc
Lotar nocá háñt gañrát
Sam rong aladá boli
Rosóm biccáic síra boli
Foicá khorí beec-hom boli
Modda miyali forok boli
Giyañt gucthí bári boli
Usol niso mafa-mafi
Tui moille yó meçi
Mui moille yó meçi
# Burmese Translation
" တန်းတူမှု "
မင်းဟာလဲ အသက်
ငါ့ဟာလဲ အသက်ပဲလေ
မျိုးတူပုရွက်ဆိတ် တစ်တွင်းတည်းစုသလို
ဝါးရုံတစ်ရုံက ဝါးပင်တူတွေ
နွယ်တက်အညွှန့် အသွယ်သွယ်နဲ့
အသားအရောင် မတူခြားလို့
ယုံကြည်မှုဓလေ့ ခြားနားလို့
ငွေကြေးဥစ္စာ မညီမျှလို့
အဖိုအမ ကွဲပြားနေလို့
ဆွေမျိုးရင်းချာ ထူထပ်လို့
အဆင့်အတန်း ချိန်တွယ်သေးသတဲ့
မင်းသေရင်လဲ မြေကြီး
ငါသေရင်လဲ မြေကြီးပဲလေ။
ရေးသူ- ရိုဟင်းကိန်း
" ပြည်သူပိုင် သိမ်းပွဲကြီး"
" ပြည်သူပိုင် သိမ်းပွဲကြီး"
➖➖➖➖➖➖➖➖
( #ကြေးမုံဦးသောင်း )
🔹 မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာ စက်မှုလက်မှု စီးပွားရေး လုပ်ငန်းများကို တည်ထောင်သည် မဟုတ်ဘဲ တည်ရှိပြီး အရပ်သားပိုင် လုပ်ငန်းများကို သိမ်းယူသော စနစ် ဖြစ်သည်။
၁၉၆၃ ခု၊ ဇန်နဝါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီ နှင့် အိုင်ဘီပီ ရေနံလုပ်ငန်းကိုသိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။
ဖေဖော်ဝါရီလထဲတွင် ဘဏ်တိုက် ( ၃၁ ) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ စတင်သိမ်းတော့သည်။
အင်္ဂလို-ဘားမား သတ္တုတွင်း ကုမ္ပဏီနှင့် ပုလဲလုပ်ငန်း တို့ ပါသွား ကြသည်။
စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့် တပ်မတော် သက်သာချောင်ချိရေး တဖြစ်လဲ မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI) တို့ကိုလည်း သိမ်းလေသည်။
စီးကရက် ကုမ္ပဏီများ ၊ သတ္တုတွင်း လုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း ( ၈၁၄ ) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ ( ၁၈၂ ) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။
အကြီးဆုံး ပြည်သူပိုင် သိမ်းပွဲကြီးကို ရန်ကုန်မြို့နှင့်တကွ နယ်များတွင် ပါ ၁၉၆၄ ခု၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသည်။ အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်သည်။    ထောင်သောင်းချီသော ပါတီ မိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်ယံတွင် အောင်ဆန်း အားကစားကွင်းကြီး၌ စုထားသည်။
မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီလက်ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေး လုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။
ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်း ကြီးပါက ဗိုလ်မှူးက ကွပ်ကဲသည်။အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စား လုပ်ငန်းကို တပ်ကြပ်ကြီး တို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင် စစ်သားများက စောင့်ကြပ် ပေးရသည်။ ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအ၀ယ်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြသည်။
ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသောအခါတွင် မိမိတို့ ဆိုင်ရှေ့များတွင် စစ်အရာရှိနှင့် ပါတီမိတ်ဆွေ ဆိုသူများကို တွေ့ကြရသည်။
ပြည်သူပိုင်အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များနှင့် ကားသော့များ ဖြစ်၏။
ထိုနေ့ နံနက်က စတင်ပြီး ထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ် ကြီးပိုင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ တင်မောင်က နေ့စဉ် နေ့တိုင်း သမီးများကို ကျောင်းပို့၊ ကျောင်းကြို တာ၀န် ယူထားရသည်။ ပြည်သူပိုင် မသိမ်းမီက ကားပြာလေး တစီးနှင့် ကျောင်းလာလေ့ရှိသော မောင်နှမသုံးယောက်တို့ ခြေလျင် လာကြတာကို မြင်ရပြီး ခါတိုင်း ခြေလျင် ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာသည်ကို မြင်တွေ့ ရသည်။    ကားအထဲမှ ကလေးက အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့်တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်းတမော့မော့ ရှိလှသည်ကို မြင်ရသည်။
ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိ ပါတော့၏။ ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကား မအပ်သူများကို ကြီးလေးသော အပြစ်ကို ပေးလေ့ရှိသည်။
အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ ` မြန်မာပြည်မှ နေ့များ ´ ၀တ္ထု မှာ ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။
စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာသိမ်းစဉ်က ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီး ရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ် အပြစ်ပေးခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂) နှစ် ရှိရှာပါပြီ။
ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံ သွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်း ကောင်း၀ယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု    ညည်းလေ သောကြောင့် `ဝိပါက၀ဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်၀င် လာသည်။
ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့် သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏ မျက်နှာက ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့် မည်သို့မျှ ၀င်မပြောဘဲ ကြည့်နေမိ၏။
 `လာပါ ဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက ဖိတ်သည်ကို မထိုင်ဘဲ ဆူဆူပူပူ စကားပြောလေတော့သည်။
`တနေ့က ဆိုင်ကို ပြည်သူပိုင်သိမ်းတုန်းက ခင်ဗျားအပ်တဲ့ ကားမှာအပိုဘီး မပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြောသည်။
မိတ်ဆွေက ...
`ကားမှာ အပိုဘီး ပါ ပါတယ်ဗျာ။ ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖရိန်အောက်မှာ ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြရှာသည်။ `ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာလဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။
လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့် ကားကို ကိုယ်ရေးကိုယ်တာ ကိစ္စများ အတွက် သုံးကြသည်ကို မြင်ရသည်။
ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင်များကို သိမ်းရန် တာ၀န်ကျသူ စစ်ဗိုလ်များ သည် ချက်ချင်း ချမ်းသာကြတော့သည်။
ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်တို့တွင်ပါ လက်လီ လက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို သိမ်းပြီးသည့် နောက်တွင်
အမျိုးတူ ကုန်များ ပူးပေါင်း ရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများ ရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက် မြေညီထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီး ပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစု အိမ်ခန်း တသိန်းခန့်ကို စစ်ဗိုလ် မြူနီစီပါယ် (စည်ပင်) မင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်များနှင့် ပါတီ၀င် လက်နက်ချ ကွန်မြူနစ်များကို နေရာ ချပေးလေသည်။
အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့ စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေး ငါးလုံး ရယူပြီး တဆင့် ရောင်းစားသည်။
တရုတ်၊ ကုလား စီးပွားရေးစျေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ စစ်ဗိုလ်များက ပြန်လည် ရောင်းစား ကြသောကြောင့် တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွားပြန်ပေသည်။
ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။ အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်း မှန်သမျှကို လျော်ကြေး မပေးတော့ပေ။ သို့သော် ဘီအိုစီနှင့် နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်။
ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦး ပိုင်သည့် မန္တလေး မီးခြစ်စက်ကို လည်း နိုင်ငံခြားငွေနှင့် လျော်ကြေး ပေးသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင် ကိုးလတာမျှ ဥရောပနိုင်ငံများသို့ သွားရောက် ဇိမ်ခံလေ့ရှိသဖြင့် သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေရန် နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု    ဘဏ္ဍာရေး၀န်ကြီးဌာနမှ စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး နေ၀င်းက နိုင်ငံခြားသားများကို ကြောက်တတ်သည့် သူရဲဘောကြောင်သော စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များသည် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ကောင်းလှပေသည်။
မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော ဘဏ်တိုက်များကိုပင် လျော်ကြေး မပေးစေကာမူ ဗိုလ်ချုပ်နေ၀င်း ကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေး ပေးသည်။
ဒေါ်ခင်မေသန်း အမျိုးပိုင် အထပ်သားစက် လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုး အားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့ သွားရောက် နေထိုင်နိုင်ရန် နိုင်ငံကူး လက်မှတ်ပါ ထုတ်ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့ပေသည်။
ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည့် ဂယက်အဖြစ် ကုန်စည်များ ရှားပါးလာသည်ကို တနိုင်ငံလုံး ရင်ဆိုင်ကြရသည်။
ရှားပါးသဖြင့် ကုန်ဈေးနှုန်းများ တက်နေချိန် (၁၉၆၄) ခု၊ မတ်လ (၁၇) ရက်နေ့ တွင် အစိုးရက ထုတ်ဝေ သုံးစွဲထားသဖြင့် လူထု၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ် (၁၀၀) တန်နှင့် (၅၀) တန်ငွေစက္ကူများကို တရားမ၀င်ဟု ကြေညာလိုက်ပြန် သဖြင့် လူထုကြီး တရပ်လုံး နေ့ခြင်း ညခြင်း မွဲသွားရှာလေတော့သည်။
လှည့်လည်နေသော ငွေ၏ (၂၂) ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွားသည်။လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲသွားရသည်။
လူထု မည်သို့ ခံရစေကာမူ အစိုးရက နည်းနည်းမှ လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ် ထုတ်ကာ ချုပ်ကိုင်ပြန်သည်။
ကုန်စည် အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ    အစိုးရက သာ ရောင်း၀ယ်ခွင့် ရှိတော့သည်။ ဖွဲနု၊ ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်း၀ယ်ခွင့် ရှိတော့သည်။
ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များကလုယက်သည့် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများ ကျဆင်း ပျက်ပြား သွားလေတော့သည်။
၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန် ထုတ်လုပ်မှု တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅ -၆၆ ခုနှစ်မှာ ( ၂၄၁ ) ကုဋေအထိ ကျဆင်းသွားသည်။ အထူးသဖြင့် ဆန် ရှားသွားသည်။
၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင်    စပါးခင်းများ အကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်သွားသောကြောင့် လူထုကြီး မျက်ကလဲဆန်ပျာ ဖြစ်ကုန်ကြရသည်။
ရန်ကုန် တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ဆိုင်များပိတ်သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ် အမျိုးသားများကို လိုက်လံ ရိုက်နှက်ကြပြီး တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ #လူထုကြီး၏သွေးဖြင့် ဆန် ပြသာနာကို ဖြေရှင်းသည်။
များစွာ ရက်စက် ယုတ်မာ လှသည်။ လူထုကြီးမှာ ကျောကော့ပြီး ခံခဲ့ ကြရသည်။
#Copy ပြန်လည်မျှဝေပါသည်။
Monday, November 8, 2021
Fíriñg (႐ိုဟင္ဂ်ာစကားပေဒသာ ၅)
#ရိုဟင်ဂျာတို့ပြောစကားထဲက_ဥပမာအလင်္ကာ
Fíríng ngoñt dóil - နှံကောင်အတိုင်း/ နှံကောင်လို 
စကားပြောတဲ့အခါ တစ်ခါတလေ ဥပမာပေးပြီး ပြောလေ့ပြောထရှိပါတယ်။ ဥပမာပေးပြီး ပြောတဲ့အချက်က ကိုယ်ပြောတဲ့စကားကို သူတစ်ပါးက လွယ်လွယ်ကူကူ နားလည်အောင်လို့ပါပဲ။ 
အဲ့လိုမျိုး ဥပမာနဲ့ပြောတဲ့အခါ တန်ဆာဆင်တဲ့သဘောပါခဲ့ရင်တော့ ​မြန်မာစာမှာ ဒါကို ဥပမာအလင်္ကာမြောက်တဲ့အဖွဲ့လို့ ခေါ်ပါတယ်။ 
ကျွန်ုပ်တို့ ရိုဟင်ဂျာတွေကလဲ စကားပြောတဲ့အခါ ဥပမာအလင်္ကာတွေ သုံးကြတာရှိပါတယ်။ အဲ့လိုပြောတဲ့ ​ထဲမှာ ❝ Firíng ngoñt dóil - နှံကောင်အတိုင်း❞ ဆိုတဲ့ အသုံးအနှုန်းလဲပါဝင်ပါတယ်။ 
ဒီနေရာမှာ မြန်မာစာပေရဲ့ ဥပမာအလင်္ကာအကြောင်း နားလည်ရင် ရိုဟင်ဂျာတို့သုံးတဲ့ ဥပမာအလင်္ကာအသုံးအနှုန်းရဲ့သဘောတရားကို နားလည်ဖို့ အထောက်အကူဖြစ်စေမှာပါ။ 
(ဒီ link ထဲက ဝင်ဖတ်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=283182156977198&id=236426761652738)။
▪Fíríng (Eng) Grasshopper
(မြန်မာ) နှံကောင်
ဒီနှံကောင် (Fíríng) ဆိုတဲ့ ပိုးကောင်မှာ အငြိမ်မနေတတ်တဲ့အကျင့် ရှိတယ်။ သူတို့ဟာ နေရာတစ်ခုမှာ ကြာကြာ နားမနေတတ်ပါဘူး။ အမြဲပဲ ခုန်ရင်းလွှားရင်း နေတတ်တယ်။ ဟိုအပင်ကနေ ဒီအပင်ဆီ၊ ဒီအကိုင်းကနေ ဟိုအကိုင်းဆီ ပေါ့ပေါ့ပါးပါး ခုန်ပေါက်နေတတ်တယ်။ အဲ့လို ပေါ့ပေါ့ပါးပါး ခုန်လွှားနိုင်တာဟာ နှံကောင်တွေရဲ့ သွက်လက်မှု၊ ဖျတ်လတ်မှု စွမ်းရည်ပါပဲ။ သူတို့ဟာ မထိုင်းမှိုင်းဘူး။ မလေးကန်ဘူး။ အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်နိုင်တယ် ဆိုတဲ့သဘောပါ။
ရိုဟင်ဂျာတွေကလဲ လူတစ်ယောက်ကို ''အလုပ်လုပ်တဲ့အခါသွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ရှိတယ်၊ လျင်မြန်မှု ရှိတယ်၊ တစ်နည်းအားဖြင့် မထှိုင်းမှိုင်းဘူး၊ မလေးကန်ဘူး၊ ရေသာမခိုတတ်ဘူး'' စတဲ့အနက်တွေနဲ့ တင်စားပြီးပြောချင်တဲ့အခါ ❝Firíng ngoñt dóil - နှံကောင်အတိုင်း❞ ပဲလို့ ပြောကြပါတယ်။ 
သာဓက -
▪ Khon Thar bishí chuçúr cháçúl. Fóe fóé firíng ngoñt dóil. 
▪ ခွန်သာဟာ အင်မတန် သွက်လက်တယ်။ လုံးဝကို နှံကောင်အတိုင်းပါပဲ။ (Fóe fóé ဆိုတာ နှံကောင်ကို ကြည့်ရင် ခွန်သာကို မြင်ရမယ် ဆိုတဲ့သဘော)။ 
chuçúr cháçúl (အသံထွက် - ချူရုရ် ချရုလ်) = ဖျတ်လတ်သော၊ သွက်လက်သော။
▪ Gaálí goíllé torki noibá. Firíng ngoñt dóil bonóh. 
▪ ပျင်းရိနေလို့ကတော့ တိုးတက်မှာ မဟုတ်ဘူး။ နှံကောင်လို ဖြစ်လော့။ 
◼ သီချင်းထဲမှာ သုံးနှုန်းပုံ
ဒီ ❝Firíng ngoñt dóil❞ ဆိုတဲ့ အလင်္ကာကို ဒေါက်တာဘော်ရှိရ်က ရိုဟင်ဂျာ အချစ်ရေးသီချင်းတစ်ပုဒ်မှာ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းမှာတော့ ဒေါက်တာက ကျွန်တော်အပေါ်က ပြောပြတဲ့ အနက်နဲ့ သုံးထားတာမဟုတ်ဘဲ တခြားအနက်နဲ့ သုံးထားတာတွေ့ရပါတယ်။ သီချင်းထဲမှာဆိုတော့ လင်္ကာဆန်ဆန် လှလှပပ ဖွဲ့နွဲ့ သုံးနှုန်းသွားတယ်လို့ပဲ မြင်ပါတယ်။ 
ဒေါက်တာရဲ့ သီချင်းထဲက သုံးနှုန်းပုံကို လေ့လာကြည့်ကြရအောင်။ 
"Ashique kír etó zalaa zanitáam, honódín aíñ ashíque nogoittaam [ချစ်​​ခြင်းရဲ့ ဒီလောက် ရက်စက်မှုကို ကြိုသိခဲ့မယ်ဆိုရင် ငါ (မင်းကို) ဘယ်တော့မှ မချစ်ခဲ့လောက်ဘူး]'' အစချီတဲ့ ဒီသီချင်းမှာ - 
Ashique hoddé ki nosiní, fíríng ngoñt dóil oiñnot zaáb dii, chaantíi aáchílde chóril gaan zaalii felaí laam....
ဘာသာပြန်ရရင် ❝အချစ်ဆိုတာ ဘာမှန်းမသိခဲ့ဘဲ ''နှံကောင် မီးကိုတိုးသလို'' တိုးခဲ့ပြီး (ငါ့) အေးချမ်းဖူးတဲ့ နှလုံးလိပ်ပြာကို လောင်မြိုက်ပြာကျစေခဲ့တယ်❞ တဲ့။
ဘယ်လိုတောင် လှပတဲ့ ကဗျာဆန်ဆန် ဖွဲ့နွဲ့မှုပါလိမ့်။ 
အဲ့ဒီထဲမှာ - 
▪Fíríng ngoñt dóil oiñnot zaáb díi, 
(ဘာသာပြန် - နှံကောင် မီးကိုတိုးသလို တိုးခဲ့ပြီး)
သီချင်းထဲက ဒီအသုံးအနှုန်းဟာလဲ ဥပမာအလင်္ကာမြောက်ပြီး ဒီအလင်္ကာဟာ သွက်လက်ဖျတ်လတ်မှုရှိတယ်ဆိုတဲ့အနက်ကို ဖော်ပြတာထက် ''ရူးသွပ်တာ၊ ရူးမိုက်တာ၊ ရမ်းကားတာ၊ ရဲရင့်တာ'' ဆိုတဲ့အနက်မျိုးစုံကို ဖော်ပြနေပါတယ်။ 
❝မင်းရဲ့အချစ်က အချစ်တုပါပဲ။ အချစ်တုအတွက် ငါပေးဆပ်ခဲ့တာ အလကား ဖြစ်သွားတယ်။ ငါ့ကို ခံစားစေတယ်။ မင်းက သစ္စာဖောက်ပါပဲ❞ ဆိုပြီး ရိုးရိုးပြောတာထက် ...
❝Firíng ngoñt dóil oiñnot zaáb díi - နှံကောင် မီးကိုတိုးသလို တိုးခဲ့တယ်❞ ဆိုပြီး သုံးလိုက်တော့... 
❝မင်းရဲ့အချစ်ဟာ ငါ့အတွက် မီးဖြစ်ခဲ့တယ်။ မီးမှန်းသိလျက်နဲ့ ရှေ့တိုးမိခဲ့တဲ့ ငါပဲ မှားခဲ့တာပါ။ မင်း အရမ်း ရက်စက်တတ်သူ၊ လိမ်လည်လှည့်ဖျားတတ်သူပဲ။ မင်းကြောင့် ငါ့ဘဝ ပျက်ပြီ❞ ဆိုတဲ့ အနက်ပါ ဒွန်တွဲပါလာတော့တယ်။ အဲ့ဒီ မီးလိုအချစ်ကိုရဖို့ ငါ ❝လုံလောက်အောင် ရဲရင့်ခဲ့တယ်။ ရူးသွပ်သလောက် ရူးသွပ်ခဲ့တယ်။ ရမ်းကားချင် ရမ်းကားခဲ့တယ်နော်❞ ဆိုတဲ့အဓိပ္ပါယ်တွေလည်း ရောပါနေတယ်။ 
ဒီသီချင်းနားထောင်နေသူဟာ အချစ်ရူး ရူးနေသူလေးနဲ့ တစ်ဖက်ရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့ ဝေဒနာကို အလူးအလဲ ခံနေရသူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်လာမှာ မလွဲပါဘူး။ တကယ် ထိရောက်တဲ့ အသုံးအနှုန်းပါပဲ။ 
မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတို
မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတိုးသလို❞ ဆိုတဲ့အသုံးအနှုန်းပါ။ ငါဟာ မင်းရဲ့အချစ်မှာ ''ပိုးဖလံ မီးကိုတိုးသလို တိုးမယ်'' ဆိုပြီး သုံးလို့ရပါတယ်။ 
မလုပ်သင့်တဲ့အလုပ်တစ်ခုကို မလုပ်ဖို့ သတိပေးပြောချင်တဲ့အခါလဲ ဒီအလင်္ကာကို သုံးလို့ရပါတယ်။
▪ Tiyañllah bólí hoí WY besa kina nogorísh naaw. Firíng ngoñt dóil oiñnot zaáb díyós faán oiboó.
▪ ငွေအတွက် ဆိုပြီး WY မူးယစ်ဆေးဝါးတွေ အရောင်းအဝယ် မလုပ်နဲ့နော်။ နှံကောင် မီးကိုတိုးသလို ဖြစ်နေအုံးမယ်။ 
ဆိုလိုတာက ❝မီးဆိုတာသိလျက်နဲ့ သွားမတိုးနဲ့။ သေလိမ့်မယ်။ ဒုက္ခရောက်မယ်၊ အကျိုးယုတ်မယ်❞ ဆိုတဲ့သဘောပါ။ 
ချုပ်ရရင် -
❝ ခိုင်းနှိုင်းဥပမာပေးတဲ့သဘောလဲ ပါမယ်၊ တိုက်ရိုက်တဲ့တိုးပြောတာ မဟုတ်ဘဲ သွယ်ဝိုက်တဲ့သဘောလဲ ပါမယ်၊ တန်ဆာဆင်တဲ့ သဘောလဲပါမယ်'' ဆို အဲ့ဒီအဖွဲ့အနွဲ့ကို ဥပမာအလင်္ကာမြောက်တဲ့ အဖွဲ့အနွဲ့လို့ ခေါ်နိုင်ကြောင်းပါ ခင်ဗျား။ ❞
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။ 
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား) 
၉၊ ၁၁၊ ၂၀၂၁
- ရိုဟင်ဂျာတို့ပြောစကားထဲက ဥပမာအလင်္ကာတွေ comment ထဲမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ 
- Firíng ngoñt dóil oiñnot zaáb díi လို အချစ်ရူး ရူးနေတဲ့ ကိုယ့်မိတ်ဆွေတွေကို Mention ခေါ်နိုင်ပါပြီ။ 😁
Tuesday, November 2, 2021
အာရကန်ပြည်သို့ ခိုးဝင်ကျူးကျော်ဝင်ရောက်လာသူတွေ ဘယ်သူလဲ?
အာရကန်ပြည်သို့ ခိုးဝင်ကျူးကျော်ဝင်ရောက်လာသူတွေ ဘယ်သူလဲ?
ကိုယ်တိုင်စစ်ပြီးမှ ယုံပါ။…
အာရကန်ပြည် ဖွံ့ဖြိုးရေးဆိုင်ရာ ဗြိတိသျှ အစီရင်ခံစာ စာအုပ် Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892) တွင်
- ၁၈၂၄ ခု၌ အာရကန်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးချိန်တွင် အာရကန်ပြည်၏ ဌာနေ လူဦးရေမှာ ၁၀၀,၀၀၀ ရှိခဲ့ကြောင်း
- ၁၈၅၃ ခုတွင် အာရကန်ပြည်၏ လူဦးရေမှာ ၃၆၆,၃၁၀ ထိ တိုးလာခဲ့ကြောင်း
- ဤမျှ လူဦးရေအလွန့်အလွန် တိုးလာခြင်းမှာ အဓိကအားဖြင့် ဗမာပိုင်နက် လက်အောက်ခံ ဒေသများမှ လူများ အုပ်လိုက်စုလိုက် ရွှေ့ပြောင်းလာခြင်းကြောင့် ဖြစ်ကြောင်း
- အထူးသဖြင့် ပဲခူး မှ ဖြစ်ကြောင်း (ပဲခူးနေပြည်တော်ကို ဒုတိယ အင်္ဂလိပ်-မြန်မာကျူးကျော်စစ် ၁၈၅၃ ခုတွင် အင်္ဂလိပ်တို့က သိမ်းယူခဲ့သည်။)
- ပဲခူး ကို သိမ်းပိုက်ပြီးနောက်ပိုင်း အာရကန်သို့ ထပ်မံ ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း
- ဤသို့ ဖမ်းဆီးအရေးယူမှုကြောင့် လူဦးရေ အဆမတန် ဖောင်းပွမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း
အင်္ဂလိပ်အုပ်ချုပ်ရေး ပထမ နှစ် ၂၀ တွင် အာရကန်ဒေသ၏ လူဦးရေ ၁၀၀,၀၀၀ မှ ၃၆၆,၃၁၀ ထိ (၂၆၆,၃၁၀) တိုးလာခဲ့သော်လည်း
ဒုတိယ နှစ် ၂၀ တွင် ၃၆၆,၃၁၀ မှ ၄၉၂,၀၇၃ အထိသာ (၁၂၅,၇၆၃) တိုးလာခဲ့ကြောင်း
ဖော်ပြထားပါသည်။
ဤအစီရင်ခံစာကို ထောက်ရှုခြင်းအားဖြင့် အာရကန်ပြည် (ယနေ့ ရခိုင်ပြည်နယ်) သို့ မတရားကျူးကျော် ခိုးဝင်နေထိုင်သူများမှာ အခြားမဟုတ် ဗမာပြည်က ပြည်သူများသာဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့ရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ကျူးကျော်ဝင်ရောက်လာသူများသည် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ပေါင်းသင်း၍ ဌာနေရခိုင်လူမျိုးနှင့် ရောနှောသွားခြင်း ဖြစ်လေသည်။
ထို့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ရခိုင်ပြည်နယ်သို့ အဘက်ဘက်မှ ဗုဒ္ဓဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုများ အဆက်မပြတ် ရှိခဲ့သည်။ ၁၉၇၅ ခု ဧပြီလ ၄ ရက်နေ့ထုတ် အထက်ပါ သတင်းစာတွင် စားဝတ်နေရေးကြပ်တည်းမှု အမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရ်ှမှ မဂ် ရခိုင်လူမျိုး နေ့စဉ် ခိုးဝင်လာနေဟု အတိအလင်း ဖော်ပြထားသည်။ နေ့စဉ် ခိုးဝင်လာသူပေါင်း ၂၀ မှ ၂၅ ယောက် အထိ ရှိကြောင်း ဖော်ပြထားသည်။ ထို မဂ်ရခိုင်များသည် စစ်တကောင်းနယ် ပရွတ်ချောင်း၊ ပန်းဝါးချောင်း၊ အင့်ဗိုလ်မင့်တောင်နယ်တို့မှ အများစုဖြစ်ကြောင်း တိတိကျကျဖော်ပြထားသည်။ မတ်လ ၃၁ ရက်တွင် မောင်တောမြို့နယ် ပြည်သူ့ကောင်စီရုံတွင် နယ်စပ်ပိတ်ဆို့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးကြောင်း၊ ပြည်သူ့ကောင်စီ ဥက္ကဌ ဦးရွှေသာအောင်၊ ပါတီယူနစ်ဥက္ကဋ္ဌ ဦးစောအောင်၊ မြို့နယ် ဦးစီးမှူး ဦးရွှေပိုး၊ အကောက်ခွန်မှ ဦးလှကြိုင်နှင့်   ရဲတပ်ဖွဲ့၊ တပ်မတော် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ 
အထက်ပါကိုးကားချက်ကို ထောက်ဆလျှင်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက် ဘင်္ဂလားဒေ့ရ်ှမှ မဂ်ရခိုင်များ ခိုးဝင်လာမှုများရှိခဲ့သည်။ တစ်နှစ်လျှင် လူပေါင်း ၁၀၀၀၀ ခန့်  ခိုးဝင်လာခဲ့ကြောင်း သိရှိရသည်။ သို့သော် ထိုအချိန်က ဗုဒ္စဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုကို ဖုံးကွယ်ရန် ဗိုလ်နေဝင်းအစိုးရက ရိုဟင်ဂျာလူမျိုးအပေါ် အပြစ်ပုံချ၍ နဂါးမင်း စစ်ဆင်ရေးအမည်နဲ့ သောင်းကျန်း နှိပ်စက်ကာ သူတို့၏ ဇာတိမြေ မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့သည်။
သမိုင်းကို မည်မျှပင် ဖုံးကွယ်အမှောင်ချသည်ဖြစ်စေ အမှန်တရားတော့ ပျောက်ကွယ်ရိုးမရှိပါ။ ရခိုင်ပြည်နယ်သို့ ခိုးဝင်နေထိုင်မှု ပြဿနာတွင် အမှန်တကယ် လက်ညှိုးထိုးရမည့်သူများကို လူမသိသူမသိအောင် ဖုံးကွယ်ထား၍ ဘာသာခြားလူနည်းစုကို တမင်သက်သက် စွပ်စွဲသည်ကား အလွန် ရှက်စရာကောင်းလှပါသည်။
(လူထုဝဏ္ဏ တင်ပြသည်)
ကိုးကား-
Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892)
#Zawgyi
ဖော်ပြထားပါသည်။
ပုံ(၂) ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသော ဘင်္ဂလီရခိုင်လူမျိုးသတင်း၊ မေလ၊ ၂၀၁၃။
ပုံ(၃) ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီရခိုင် မျိုးနွယ်စုများ မောင်တောမြို့နယ်သို့ ခိုလှုံ၊ မတ်လ ၂၀၁၈။
ခေတ်ကာလနှင့်တပြေးညီ လေ့လာကြည့်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများ ခေတ်အဆက်ဆက် ခိုးဝင်လာမှုများရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ဖြစ်ပွားနေချိန်မှာလည်း ရခိုင်လူမျိုး အများအပြား ရခိုင်ပြည်နယ်သို့ ခိုးဝင်လာခဲ့သည်။ ယနေ့အချိန်ထိလည်း ခိုလှုံလာမှု၊ ခိုးဝင်လာမှုများ ရှိနေဆဲဖြစ်သည်။ 
(#လူထုဝဏ္ဏ တင်ပြသည်)
ကိုးကား-
#Arakan
#BurmeseMigrationToArakan
#RSF
လိင်အင်္ဂါ ချုပ်ပိတ်တဲ့ ရှေးမြန်မာ့ဓလေ့
လွန်ခဲ့တဲ့ နှစ် ၄၀၀ က မြန်မာမိန်းကလေးတွေ မွေးခါစမှာ မိန်းမအင်္ဂါကို ဆီးသွားနိုင်ရုံ နေရာချန်၊ အပ်နဲ့ချုပ်လိုက်ပြီး၊ လက်ထပ်တော့မှ ချုပ်ရိုးဖြေကြတယ်ဆိုရင် ယုံကြမလားဗျာ?
လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာမယ့် လူက မြန်မာပြည် အကြောင်း ရေးခဲ့တယ် ဆိုရင်ကော ယုံကြမလား ခင်ဗျား? ဟုတ်တယ်။ ကျွန်တော်လည်း မယုံတစ်ဝက်၊ ယုံတစ်ဝက်ပဲ။ နားရှက်စရာဖြစ်ပေမဲ့ အခြားအကြောင်းတွေလဲပါတဲ့ ခိုင်လုံတဲ့ အံ့ဩစရာ သမိုင်းမှတ်တမ်းတစ်ခု သွားတွေ့လို့ အများသိအောင် သမိုင်းဆရာများ သိအောင် ရေးလိုက်ရပါတယ်။.
သမိုင်း စိတ်ဝင်စားသူတွေ သိရအောင် ကျွန်တော် အတိုချုံ့ဘာသာ ပြန်ပေးလိုက်ပါတယ်။
စာမျက်နှာ-၂၉
.
Of the Coasts and Islands of Aracan, Pegu & Sian
Chapter 17
၁) အချို့က သမီးမိန်းခလေးမွေးလာရင် မွေးပြီးခါစမှာ အမျိုးသမီး လိင်အင်္ဂါကို ဆီးသွားနိုင်ရုံလောက် အပေါက် သေးသေးလေးပဲချန်ပြီး ချုပ်ပစ်လိုက်တယ်တဲ့ဗျ။ အဲဒီ မိန်းခလေး လက်ထပ်တဲ့အခါ ကျတော့မှ လင်ယောက်ျား ဖြစ်သူက အမျိုးသမီး အင်္ဂါကို လှီးဖြတ်ပြီး (ချုပ်ရိုးဖြည်ပြီး) ပြန်ဖွင့်လေ့ ရှိတယ်တဲ့ဗျာ။
(ပူးတွဲပါပုံတွေထဲက စာမျက်နှာ 29 လို့ ရေးထားတဲ့ စာမျက်နှာ၊ ညာဘက် ကော်လံ၊ ခလယ်လောက်မှာ ကြည့်ပါ။ မယုံနိုင်စရာပါပဲ။ ဘယ် မြန်မာ သမိုင်းစာအုပ်ထဲမှာမှ မတွေ့ဖူးတာတွေ တွေ့ရပါတယ်။ ဒီစာအုပ်ရေးတဲ့ Jan Huyghen ကိုယ်တိုင်လည်း မယုံ့တယုံနဲ့ပဲ၊ ပဲခူးမှာ နေတဲ့ ခရစ်ယာန်တွေ ပြောပြလို့ သိခဲ့ရတယ်လို့ ရေးထားပါတယ်။ ရေးထားတာက လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က old English ဖြစ်နေတဲ့အတွက် ကျွန်တော် ဘာသာပြန်တာလည်း ၁၀၀% မသေချာပါ။ ၁၀၀% အတည် မယူကြပါနဲ့ ခင်ဗျာ။ မူရင်း ရှေးအင်္ဂလိပ်စာကို ကြိုးစား ဖတ်ကြည့်ကြပါဗျာ။ အခုခေတ် အင်္ဂလိပ်စာနဲ့ စာလုံးပေါင်းတွေ နဲနဲလေး ကွဲပါတယ်။ အင်တာနက်ပေါ်မှာ old English dictionary တွေ ရှိပါတယ်။ google လုပ်ပြီး ရှာဖတ်ကြည့်ပါ။) သူရေးထားပုံက-- "There are like-wise some among them that doe sowe up (do sowed up) the private member (လိင်အင်္ဂါကို ဆိုလိုသည်) of their female children as soon as they are borne (born), leaving them but a little hole to avoid their water (ဆီးသွားရန်ဟု ဆိုလိုသည်); and when the marrieth the husband cutteth (cut) it open, and maketh (make) it as great or as little as hee will, which they with a certaine ointment or salue (glue?) can quickly heale." :o
.
၂) ပဲခူးမှာ ထူးခြားတဲ့ ဓလေ့ထုံးစံတစ်ခု ရှိတယ်။ လူစိမ်းတစ်ယောက် အခြားနိုင်ငံကနေ ရောက်လာပြီ၊ သူတို့နဲ့ တွေ့ပြီဆိုရင်၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာကို မေးပြီးရင် မိန်းခလေးတွေ အများကြီး ခေါ်လာပေးတယ်။ အကြိုက်ဆုံး တစ်ယောက်ကို ရွေးခိုင်းပြီး မိန်းမ သို့မဟုတ် ကျွန် တစ်ယောက်လို နေ့နေ့ညည အတူနေပြီး ပြုစုခိုင်းတယ်။ လာတဲ့ နိုင်ငံခြားသားကလည်း မိမိ ဇနီးမယားလို သူ့တစ်ယောက်ထဲကိုပဲ တွဲပြီး အခြား မိန်းမနဲ့ တွဲခွင့် မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်ရင် အသက်ကို ရန်ရှာတဲ့အထိ အန္တရာယ်ရှိတယ်။ ပဲခူးကနေ ထွက်ခွာ တော့မယ်ဆိုရင် သဘောတူညီ ထားသလို ပေးချေခဲ့ရလေ့ ရှိတယ်။ နောက်တစ်ကြိမ် ပဲခူးရောက်ရင် အရင်က ခေါ်ဖူးတဲ့ အိမ်အခေါ်ကို ခေါ်ခိုင်းလို့ရတယ်။ ယောကျာ်း ရှိနေပါစေ။ ယောကျ်ားအတွက် ရှက်စရာမဟုတ်သလို ဥပဒေနဲ့ တားလို့လည်း ရတဲ့ ကိစ္စ မဟုတ်ဘူးတဲ့ဗျ။ :o
.
၃) မင်းမျိုးမင်းနွယ် အပါအဝင် ပဲခူးက ယောက်ျားတွေဟာ လက်ထပ်တော့မယ်ဆိုရင် မိမိရဲ့ သူငယ်ချင်း သို့မဟုတ် လူစိမ်းတစ်ယောက်ယောက်ဆီကိုတောင် ချဉ်းကပ်ပြီး၊ သူလက်ထပ်မယ့် သူတို့သမီးနဲ့ မင်္ဂလာဦးညကို အတူနေခိုင်းတယ်တဲ့ ခင်ဗျ။ :o (အံဩကြမှာ အမှန်ပါပဲ။) အဲဒီလို လုပ်ပေးတဲ့ အတွက် သူတို့သားက နာကြင်မှု မခံစားရတော့တဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူကြတယ်တဲ့ ခင်ဗျ။ ဒီဓလေ့က လူကုံတန်တွေတင် လုပ်တာ မဟုတ်ဘဲ၊ ဘုရင်ကိုယ်တိုင် အဲဒီလို သူများကို လုပ်ခိုင်း လေ့ ရှိခဲ့တယ်တဲ့ ခင်ဗျ။ (ခုခေတ် မြန်မာတွေကတော့ ဘယ်လိုမှ ယုံနိုင်မယ် မထင်ဘူးနော် ခင်ဗျ)
.
၄) နောက်တစ်ခုက ပဲခူးက လူတွေက (ကျား-မ ခွဲမပြောထားပါ) အတော် နားဝင်ချိုတဲ့ အသံထွက်တဲ့ ခေါင်းလောင်းလေးတွေကို မိမိတို့ရဲ့ yarde မှာ ချိတ်ဆွဲထားလေ့ ရှိတယ်။ အချို့က ၂ လုံး ဆွဲထားတယ်။ (yarde ဆိုတာ ဘာကို ဆိုလိုမှန်း ရှာမရပါ။ နားရွက်လို့ ထင်တာပဲ ခင်ဗျ) ခေါင်းလောင်း အရွယ်က acorn သီးအရွယ် (၁ လက်မ ဝန်းကျင်) ရှိတယ် လို့ ရေးထားတယ်။
.
၅) ရခိုင်၊ ပဲခူး၊ မုတ္တမ၊ ရှမ်း ဆိုတဲ့ ပဒေသရာဇ် နိုင်ငံတွေက အတော်ကို စည်ပင်သာယာ ဝပြောတယ်။ ရွှေ၊ ပတ္တမြား၊ နီလာ၊ မြ စတဲ့ ရတနာတွေနဲ့ ချမ်းသာကြတယ်။ အဲဒီ နိုင်ငံတွေမှာ ဆင်တွေကို အိန္ဒိယမှာထက် ပိုများတာ တွေ့ရတယ်။ မြင့်မြတ်တဲ့ ဆင်ဖြူတော် ဆိုတာလည်း ပဲခူးမှာ ရှိတယ်။.
စာမျက်နှာ-၃၀
.
၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓန
၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓနိရေ အခါး ထင်တယ်) အကြောင်းလဲ ရေးသွားတယ်။ စိတ်ဝင်စားစရာ ဂုဏ်ယူစရာ နောက်တစ်ခုက Nype de Tanassaria လို့ နာမည်ကြီးပြီး အုန်းသီးကနေ ချက်တဲ့ အရက်လို့ ရေးထားတယ်။
.
၇) AD 1568 မှာ မြန်မာနဲ့ ထိုင်း အကြီးအကျယ် စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲ စဖြစ်ခဲ့ပုံက မြန်မာဘက်က ထိုင်းဘုရင်ကို "ကြိုက်တာ တောင်းပါ ပေးပါ့မယ်။ ဆင်ဖြူတော်ကိုတော့ ပေးပါ" လို့ တောင်းခဲ့တာက စခဲ့တယ်လို့ ဆိုတယ်။ ဆင်ဖြူကို မပေးရာက စစ်ဖြစ်ပြီး၊ နှစ်ဘက်စလုံးက လူ သိန်းကျော် သေကျေခဲ့ကြတယ်။ နောက်ဆုံး မြန်မာဘက်က စစ်နိုင်သွားပြီး၊ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် တစ်ခု ဖြစ်လာခဲ့တယ်။
.
၇) တနင်္သာရီမြို့ က အခုလို မြို့သေးလေး မဟုတ်ဘဲ၊ အရင်က သီးသန့် ကိုယ့်ထီးကိုယ့်နန်းနဲ့ ဘုရင်ရှိခဲ့တဲ့ နိုင်ငံဖြစ်တယ်။
.
စာမျက်နှာ-၃၂၇-၃၂၈
၈) ရခိုင် ပြည်နယ်ကို ရောက်အောင် သီဟိုကို ဖြတ်ပြီး၊ ဘယ်လို သွားရမယ် ဆိုတာတွေ ရေးထားတယ်။ ၂၀ ဒီဂရီလောက်မှာ ရှိတဲ့ အကြောင်း၊ ရခိုင်ကမ်း‌ခြေကို ရေစူး တိမ်တဲ့အတွက် ၃ မိုင်လောက်ထက် ပိုကပ်လို့ မရတဲ့ အကြောင်းတွေ ရေးထားတယ်။
၉) မုတ္တမမြို့ကို သင်္ဘောရွက်လွှင့်တဲ့ လမ်းညွှန်ကို အသေးစိတ် ရေးထားပြီး၊ အခြား စိတ်ဝင်စားစရာ ကိစ္စမပါပါ။
.
.
1598 မှာ ထုတ်ဝေခဲ့တဲ့ ဒီခရီးသွား မှတ်တမ်း စာအုပ်နာမည်က- “Iohn Hvighen Van Linschoten - His Discours of Voyages into East & West Indies” ဖြစ်ပါတယ်။ စာအုပ်ကို ရေးသူက- Dutch East India Company ကို တည်ထောင်ခဲ့တဲ့ ဒတ်ချ်လူမျိုး ဂျန်-ဟျူဖန် (Jan Huyghen van Linschoten, 1563-1611) ဖြစ်ပြီး၊ သူ့ရဲ့ သင်္ဘောတွေက မြန်မာပြည်နဲ့ အကြိမ်ကြိမ် ကုန်သွယ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဂျန်-ဟျူဖန် ဟာ အဲဒီခေတ်က နောက်ပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီခေတ်က သူ့ရဲ့ချမ်းသာမှုကို အခုခေတ်ငွေနဲ့ တိုင်းတာလိုက်ရင် သူ့ရဲ့ Dutch East India Company က ပိုင်ဆိုင်မှုက US$7.9 trillion ဖြစ်နေလို့ပါပဲ။ (အခု Apple Inc. ရဲ့ ပိုင်ဆိုင်မှုက 2 trillion ပဲ ရှိပါသေးတယ်။)
.
ဟံသာဝတီ ပဲခူး နေပြည်တော်၊ မုတ္တမ၊ ရခိုင်တို့အကြောင်းအရာတွေကို chapter ၃ ခုတောင်ရေးခဲ့ပါတယ်။ အင်္ဂလိပ်စာ အတိုင်းလည်း ဖတ်ကြည့်ကြပါ။
.
စာက အင်္ဂလိပ်စာပါပဲ။ ဒါပေမဲ့ old English နဲ့ ရေးထားပြီး Gothic font ဖြစ်နေလို့ နဲနဲတော့ ဖတ်ရခက်ပါလိမ့်မယ်။ ရှေးက u ကို v လို့ ရေးတယ်။ s ကို f လိုလို အတက်မပါတာနဲ့ ရေးတယ်။ ဖတ်တာများရင် အသားကျ လာပါလိမ့်မယ်။
.
အဲဒီစာအုပ်ထဲ ပါလာတဲ့ မြေပုံကို သေခြာကြည့်ကြည့်ပါ။ မြေပုံကြီးရဲ့ ဘယ်ဘက်အောက်ထောင့် ဧရိယာကို အပေါ်ပိုင်းမှာ အကြီးချဲ့ပြထားပါတယ်။ထူးခြားပါတယ်။ ဥရောပတိုက်သားတွေ ကမ္ဘာ့မြေပုံတောင် မှန်အောင် မဆွဲနိုင်ခင်ကတည်းက Bramas, Pegu, Martaban, Aracan, Ava တို့ကို သူတို့က သိနေကြတယ်။ အံ့ဩတယ်ဗျာ။ မြန်မာက ကမ္ဘာအကြောင်း ဘာမှ သိပ်သိခဲ့ပုံ မရဘူး ထင်တာပဲဗျာ။ မြန်မာ့နန်းတွင်းသမိုင်း မှတ်တမ်းတွေ ကောင်းကောင်း မရေးခဲ့တာ၊ ရေးခဲ့တာလေးတွေတောင် ကောင်းကောင်း မကျန်တာ အရမ်း နှမြောမိတယ်။ :(
.
__________ #zshtut
Sunday, October 31, 2021
တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)
တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)
-------------------------------------------------
ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူဟု တင်စားခံရသော တက္ကသိုလ်နန္ဒမိတ်သည် စာရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ စာပေထုတ်ဝေသူ၊ ဗမာပြည်၏ အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ စသည်ဖြင့်ကျော်ကြားခဲ့သော ရခိုင်ပြည်သား မွတ်စလင်သွေး အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။
တက္ကသိုလ်နန္ဒမိတ်ကို ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်၊ မတ်လ ၈ ရက် ကြာသပတေးနေ့၌ သံတွဲခရိုင်၊ တောင်ကုတ်တွင် ဖွားမြင်ခဲ့သည်။ အဖ တောင်ကုတ်မြို့ပိုင် ဦးမောင်မောင်ကြီးနှင့် အမိ ဒေါ်ရွှေတို့၏ သားဖြစ်သည်။ မောင်တင်အောင်၊ မောင်တင်မောင်နှင့် မတင်တင် ဟူ၍ ညီကိုမောင်နှမ သုံးယောက်ရှိခဲ့သည်။ အမြွှာမွေးချင်း နှစ်ယောက်အနက် ဆရာသည် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ မိုဟာမတ်အလီ (ခ) မောင်တင်အောင် ဖြစ်ပြီး မိဘတို့က "ကိုကို" ဟု ချစ်စနိုးခေါ်ကြသည်။
မိုဟာမတ်အလီသည် တောင်ကုတ်မြို့ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် ပဉ္စမတန်းထိ ပညာဆည်းပူးခဲ့သည်။ မိသားစုနှင့်အတူ သံတွဲမြို့သို့ ရွေ့ပြောင်းရာ ၁၉၄၆ ခုတွင် သံတွဲ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။
နန္ဒမိတ်သည် ၁၉၄၇ ခု၊ ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃) ပါ "မောင်တို့ရခိုင်ပြည်" ကဗျာနှင့် စာပေလောကသို့ ခြေလှမ်းရောက်လာခဲ့သည်။ "မောင်တို့ရခိုင်ပြည်" ကဗျာသည် ဆရာ၏ အစောဆုံး စာပေလက်ရာဟု သိရှိရသည်။
ဆရာနန္ဒမိတ်သည် ၁၉၄၉-၅၀ တွင် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍ တွဲဖက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ ဒု-ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် "မောင်တင်အောင် (၀ိဇ္ဇာ-အထက်တန်း)" အမည်ဖြင့်ရေးသားခဲ့သော "ကဗျာတကျော့" ၀တ္ထုတိုနှင့် ပထမဆုရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်စာစောင် (တွဲ-၁၊ အမှတ်-၃)၌ "ကိုယ်ပျောက်ဆေးလုံး ပြဇာတ်" ကို ရေးသားဖော်ပြခဲ့သည်။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် "ခေတ်၏ကြေးမုံ" (တေးကြို) ကဗျာကို ရေးသားဖော်ပြခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့သည်။ ဆရာ၏ ပထမဆုံးလုံးချင်း " နန္ဒာပုလဲ " ၀တ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ (ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုတွင် ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ လုပ်ခဲ့သည်။
၁၉၅၄ ခုတွင် မြ၀တီမဂ္ဂဇင်းတိုက်ထုတ် "ရောင်ခြည်ဂျာနယ်" အယ်ဒီတာ ဖြစ်ခဲ့သည်။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိ ဆောင်ရွက်ခဲသည်။ "မောင်ကြီးလာပါဟေ့" လုံးချင်းဝတ္ထုထုတ်ဝေသည်။ ၁၉၅၆ ခုတွင် ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထု ရေးသားထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ "စုံထောက်မဂ္ဂဇင်း"ကို အယ်ဒီတာအဖြစ် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ "ရွှပြည်ကြီး" မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့် "ပန်းဖွက်တမ်း" ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့သည်။
၁၉၆၁ ခုတွင် သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ကိုယ်တိုင်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ "စာရေးချင်သောသူများသို့" စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုတွင် "စစ်ကြောင်းချီသော်" စစ်ဝတ္ထုထုတ်ဝေသည်။
၁၉၆၄ ခုတွင် ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထုတ်ဝေသည်။ ၁၉၆၅ ခုတွင် ဂျပန်တော်လှန်ရေးတိုက်ပွဲ၊ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာပြည် စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များ ရေးသားထုတ်ဝေသည်။
၁၉၆၆ ခုတွင် သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊ တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်၊ ဇက်တပ်ဖွဲ့ စသော ဘာသာပြန်လုံးချင်းများထုတ်ခဲ့သည်။ ၁၉၆၇ ခုတွင် အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ ပန်းဝါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊ မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၆၈ ခုတွင် ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များ၊ ၁၉၆၉ ခုတွင် သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများ၊ ၁၉၇၁ ခုတွင် ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ၊ ၁၉၇၇ ခုတွင် ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများ၊
၁၉၈၁ ခုတွင် သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)၊
၁၉၈၂ ခုတွင် တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များ၊ ၁၉၈၃ ခုတွင် တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များ၊ ၁၉၈၄ ခုတွင် မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့အမွေ၊ စသောစာအုပ်များ၊
၁၉၈၅ ခုတွင် တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ)၊ ၁၉၈၆ ခုတွင် သံမဏိသစ္စာ၊ ၃၄-အရှေ့၊ စသောဘာသာပြန်လုံးချင်းများကို ရေးသားထုတ်ဝေခဲ့သည်။
ဆရာ တက္ကသိုလ်နန္ဒမိတ်သည် စာပေတာဝန်ကို ဘဝနောက်ဆုံးအချိန်အထိ မနားတမ်း ထမ်းရွက်ပြီး အသက် ၆၄ နှစ်အရွယ်၊ ၁၉၈၆ ခု၊ နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅) နာရီ အချိန်တွင် အင်းစိန်မြို့ ရွာမအရှေ့၊ အောင်မင်္ဂလာလမ်းသွယ်၊ အိမ်အမှတ် (၉၉၁)၌ ကွယ်လွန်ခဲ့လေသည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့သည်။ ဆရာ ကွယ်လွန်ပြီးနောက် ဆရာ၏အထိမ်းအမှတ်အဖြစ် "အမြွှာညီနောင်" စာအုပ်တိုက်ကို အမြွှာညီ တက္ကသိလ်ဇော်မင်းက ဦးဆောင်၍ ထူထောင်ခဲ့သည်။ ထို့အပြင် ဆရာ၏တပည့်အချို့က ဦးစီး၍ "တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ" စာအုပ်ကို ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ခဲ့သည်။
(#လူထုဝဏ္ဏ တည်းဖြတ်တင်ပြသည်)
စာညွှန်း ။ ။
၁။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
၂။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
၃။ မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
၎။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
၅။ စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
၆။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]
၇။ ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)
၈။ ကြည်နိုင်- တက္ကသိုလ်နန္ဒမိတ် ဘဝနှင့်စာပေ အတ္တုပ္ပတ္တိ
#Well_Known_Writer
#RSF
www.rohangking.blogspot.com
Thursday, October 28, 2021
Girá (ရိုဟင်ဂျာစကားပဒေသာ ၃)
 🔹 အသုံးအနှုန်း ကြွယ်ဝ၊ ရိုဟင်ဂျာစကား 🔹
❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ .... ထပ်ဘာတွေရှိမယ်ထင်သလဲ။ လေ့လာကြည့်ကြရအောင်။
ဘာသာစကားတွေကို လေ့လာတဲ့အခါ အနက်တစ်ခုတည်းနဲ့ စကားလုံးတွေများစွာ တွေ့ရတတ်တယ်။ အဲ့လိုအနက်တစ်ခုနဲ့ အပြန်အလှန်အစားထိုးသုံးနိုင်တဲ့ စကားလုံးတွေကို အင်္ဂလိပ်စာမှာဆို Synonym လို့ပြောကြတယ်။ ဒါဟာ ဘာသာစကားတစ်ခုရဲ့ စကားလုံးကြွယ်ဝမှုလို့လည်း ပြောနိုင်ပါတယ်။ 
ကျွန်ုပ်တို့ ရိုဟင်ဂျာစကားကလဲ အလွန် ကြွယ်ဝပါတယ်။ အဓိပ္ပါယ်တစ်ခုတည်းအောက်မှာ အမျိုးမျိုးသော စကားလုံးတွေ၊ အမျိုးမျိုးသော ပြောပုံတွေ ရှိပါတယ်။ အနက်တူပြီး အသုံးအနှုန်းမတူတဲ့ Synonym တွေလည်း မြောက်များစွာ ရှိပါတယ်။
ဖွဲ့စည်းပုံအရပြောရရင် ''ပင်ကိုစကားလုံးတွေ'' လဲ ရှိသလို၊ ''ထိုးထွင်းဉာဏ်နဲ့ ဖန်တီးထားတဲ့စကားလုံးတွေ'' ရှိနေပါတယ်။ အနက်သဘောတရားအရ ''ရိုးရိုးအနက်နဲ့ တင်စားမှုအနက်'' နှစ်မျိုးရှိပါမယ်။
ဘာသာစကားဟာ ရွာတစ်ခုဆိုရင် ''တင်စားမှုတွေ၊ အလင်္ကာတွေ'' ဆိုတာ အဲ့ဒီရွာကလေးလယ်က ပန်းဥယျာဥ်လိုပါပဲ။ လှပတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ မြတ်နိုးစရာလဲ ဖြစ်တယ်။ ပန်းဥယျာဥ်ဆီ အလည်သွားရတဲ့အခါ တကယ် ကြည်နူးရတယ်မဟုတ်လား။ ရိုဟင်ဂျာတို့ရဲ့ ပြောစကားတွေထဲမှာလဲ အလွန်လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ ''တင်းစားမှုစကားလုံးတွေ၊ အလင်္ကာတွေ'' ရှိနေပါတယ်။
ဒီနေ့တင်ပြလိုတာကတော့ ''ကပ်စေးနှဲတယ် '' လို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းတွေပါ။ အင်္ဂလိပ်လို ''Stingy, Miser''။ 
ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတယ်''လို့ ပြောတဲ့အခါ အမျိုးမျိုးသုံးကြပါတယ်။ ထူးဆန်းတာက အသုံးအနှုန်းအများစုဟာ တင်စားမှုသဘော၊ အလင်္ကာသဘောပါနေတာပါပဲ။ တိုက်ရိုက်အနက်ပါတဲ့ တည်ပုဒ် စကားလုံးတွေလဲ ရှိပါတယ်။ 
လေ့လာကြည့်ကြရအောင် -
၁။ 𝐅𝐞𝐭é𝐧𝐢𝐢
▪ Myo Thant gyá itay enkén feténii !
▪ မျိုးသန့်ဆိုတဲ့ကောင်က ဘယ်လိုတောင် ကပ်စေးနှဲနေသူလဲဟ။
▪ taé! itay bishí feténii yé.
▪ တောက်၊ ဒီကောင် အရမ်း ကပ်စေးနှဲတာပဲ။
ဒီအသုံးအနှုန်းဟာ မနှစ်မြို့တဲ့သဘောနဲ့ ''ကပ်စေးနှဲသူ၊ ကပ်စေးနှဲတယ်'' လို့ ပြောလိုတဲ့အခါ သုံးလေ့ရှိပါတယ်။ တစ်ခုခု သုံးစရာပေါ်လာရင် ချီတုံချတုံဖြစ်ပြီး မသုံးတတ်သူ။ တစ်ခုခုဝယ်တဲ့အခါ အရမ်းစျေးစစ်တတ်သူ။ သူများကို ပေးရမယ်ဆို မပေးချင်ပေးချင် ဖြစ်တတ်သူ။ ဦးကော်တရာပေါ့ဗျာ။ 
၂။ 𝗦𝗮𝗺𝗮𝗮𝗿
▪ Ro Mehrooz hédduur samaar noé.
▪ရိုမဲဟ်ရုစ့်ကတော့ သိပ်ပြီး ကပ်စေးမနှဲပါဘူး။ 
▪Samaari gorí gorí hodin taíbá.
▪ဘယ်နေ့ထိ ​ကပ်စေးနှဲနေမလဲဗျာ။
ဒီအသုံးအနှုန်းဟာ ကပ်စေးနှဲတာကို သာမန်ထက်နဲနဲပိုကဲတဲ့ အနက်နဲ့ သုံးကြဟန်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးမွေးဖို့က ဝေး၊ ကိုယ်ကိုယ်တိုင်တောင် တစ်ခုခုဝယ်မစားတတ်သူ။ ဝယ်မဝတ်တတ်သူကို ဆိုလိုပါတယ်။
၃။ 𝗠𝘂𝘁á (မြန်မာ) - မကြွပ်သော၊ ပျောင်းသော။ (ဒါရိုက်ဘာသာပြန်) 
▪Bet ibá beshí mutá. 
▪ဒီကြိမ်က အလွန် ပျောင်းတယ်။ (ချိုးရမလွယ်ဘူးလို့ အနက်ရပါတယ်။) 
- 𝗠𝘂𝘁á - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။
▪ Zay Yaa Nyein ardé Khon Thar , honay besh mutá ré?
▪ ဇေယျာငြိမ်းနဲ့ ခွန်သာမှာ ဘယ်သူက ပိုပြီး ကပ်စေးနှဲလဲ။
▪ Zay Yar doíllá mutá manúish, mui arr lot noófóm. 
▪ ဇေယျာလို ကပ်စေးနှဲတဲ့လူ ငါ နောက်ထပ် မတွေ့ဖူးဘူး။
▪ Mutár Fuá Mutá 😁 
(ဦးကပ်စေးနှဲရဲ့သား မောင်ကပ်စေးနှဲ) 😁
- လူတစ်ယောက်က သူ့မှာရှိတဲ့ဟာကနေ ဖဲ့ပြီး သူများကို မပေးတတ်တာ၊ မကျွေးတတ်တာ၊ တစ်နည်းအားဖြင့် ကပ်စေးနှဲတာကို ဆိုလိုချင်လို့ လွယ်လွယ်ဖြတ်မရတဲ့၊ မကြွပ်တဲ့အနက်ပါတဲ့ Mutá စကားလုံးကို တင်စားမှုသဘောနဲ့ သုံးဟန်ရှိပါတယ်။ Mutá နေရာမှာ Musi လို့လဲ သုံးလေ့ရှိပါတယ်။ 
၄။ 𝗖𝗵𝗮𝗮𝘁 - (မြန်မာ) - အသားမာ။ 
▪ Dukkór haam goittí goíttí aátot chaat boch cháy. 
▪ အလုပ်ကြမ်းလုပ်ရင်း လက်မှာ အသားမာတက်နေပြီ။
- 𝗖𝗵𝗮𝗮𝘁 - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။
▪ Thulay haén chaat noó. Híbar baaf chaat de.
▪ သူလေး အဲ့လောက် ကပ်စေးမနှဲပါဘူး။ သူ့အဖေပဲ ကပ်စေးနှဲတာ။ 
ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတာ'' ကို ''Doró'' ဆိုပြီးလဲ ပြောကြတယ်။
▪ Itay bishí doró. Kessú kini nahá.
▪ ဒီလူ သိပ် ကပ်စေးနှဲတယ်။ ဘာမှကို ဝယ်မစားဘူး။
Doró ရဲ့မူရင်းအနက်က ခိုင်ခံ့တယ်။ မာကျောတယ်။ ဆိုတော့ ဒီ ''chaat'' ဆိုတဲ့ စကားလုံးမှာလဲ မာတယ်ဆိုတဲ့ အနက်ရှိတယ်။ မာတဲ့အနက်နဲ့ Doró ကို ကပ်စေးနှဲတယ်သဘောနဲ့ သုံးသလိုမျိုး မာတဲ့အနက်နဲ့ Chaat ကိုလဲ ကပ်စေးနှဲတယ် သဘောနဲ့ တင်စားပြီး သုံးဟန်ရှိပါတယ်။ 
၅။ ''𝐆𝐢𝐫á'' - (​မြန်မာ) အထုံး(ကြိုး)။ အဆစ် (ဝါး၊ အပင်၊ ခြေလက်)။
▪ Aadoror rósír girá kuíltí mushkil.
▪ ချစ်ကြိုးရဲ့ အထုံးအဖွဲ့ကို ဖြေရတာ ခက်တယ်။
▪ Bañchór girá. ဝါးမှာပါတဲ့အဆစ်။ 
- ''𝐆𝐢𝐫á'' - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။ 
▪ Hítár baaf bishí girá baazi. 
▪ သူ့အဖေ တော်တော် ကပ်စေးနှဲတယ်ဗျာ။
ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ
ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ နဲနဲခက်တယ်။ ကပ်စေးနှဲသူရဲ့ အိတ်ထဲက ငွေထွက်လာဖို့ကလဲ ခက်တယ်။ ခက်တယ်သဘောချင်း တူလို့ Giraá ကို ကပ်စေးနှဲတယ် သဘောနဲ့ သုံးလာသလား မသိဘူး။ နောက် ''Giraá-အဆစ်'' ဆိုတာကလည်း ချောချောမွတ်မွတ်မရှိ၊ ညက်ညက်ညောညောမရှိတဲ့ အနက်ပါတယ်။ ချောချောမွတ်မွတ်မရှိတဲ့နေရာကနေ တစ်ခုခု ဖြတ်ကျော်သွားရတာ မလွယ်ဘူး။ အလားတူ ကပ်စေးနှဲသူရဲ့လက်ထဲက ငွေတွေထွက်လာဖို့ဆိုတာကလဲ အဲ့လိုမလွယ်ကူပါဘူး။ လမ်းဆစ်တဲ့ခရီးကြမ်းကို ဖြတ်ပြီး ငွေတွေထွက်လာရမှာ တော်တော်ခက်မယ်။ အဲ့ဒါကြောင့်ပဲ Giraá လို့သုံးနေသလားတော့ မသိဘူး။
၆။ ''𝗕𝗼𝗸𝗵í𝗹'' - ကပ်စေးနှဲသူ။ ကော်တရာ။ 
မိမိအတွက်ကော မိမိ မိသားစုအတွက်ကော လိုအပ်တဲ့နေရာမှာတောင် မသုံးဘဲ ကပ်စေးနှဲတတ်သူ၊ ကော်တရာ ဖြစ်နေသူကို ဆိုလိုပါတယ်။ အပြစ်တင်တဲ့သဘောနဲ့ သုံးကြတယ်။ တော်တော်လေးကို ပြင်းထန်တဲ့သဘောရှိပါတယ်။
▪ Hítéy bódda bokhíl! Tar maa wáré óddo gom jinís nohábá.
▪ သူဟာ တကယ်ကို ကပ်စေးနှဲတတ်သူ။ သူ့အမေကိုတောင် အစာကောင်းတွေ မကျွေးတတ်တာ။
▪ Bokhílaí gorí zindigi nohaçach.
▪ စေးကပ်နှဲရင်း ဘဝကို မဖြတ်သန်းပါနဲ့။
၇။ 𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼
(မြန်မာလိုတိုက်ရိုက်ဘာသာပြန်) - လက်ဆုပ်မာတယ်။
▪Hítár bibir bishí múth dóroo. Hétollah hitay torki ouiyéde.
▪သူ့မိန်းမရဲ့ လက်ဆုပ်က တော်တော်မာတယ်။ ဒါကြောင့် သူ တိုးတက်ခဲ့တာလေ။ (ဒါရိုက်ဘာသာပြန်) 
ဒါဟာ ကပ်စေးနှဲတာကို ဝင်္ကဝုတ္တိအလင်္ကာဆန်ဆန် ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအသုံးအနှုန်းမှာ စည်းကမ်းရှိရှိ သုံးစွဲတာ၊ ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲတာ၊ မလိုအပ်တဲ့နေရာမှာ မဖြုန်းတာ၊ အသုံးမကြမ်းတဲ့ သဘောတရားပါရှိပါတယ်။ 
အင်္ဂလိပ်လိုကလဲ ဒီ ''Múth dóroo'' ကို Tight-fisted ဆိုပြီး သုံးကြတာတွေ့ရတယ်။ စကားဖွဲ့စည်းပုံကရော အနက်ကရော အတော်တူကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။
၈။ 𝐇á𝐭𝐨𝐭𝐭ú 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞 (𝐨𝐫) 𝐎𝐮ñ𝐥𝐥𝐨𝐫 𝐜𝐡é𝐭𝐭𝐢 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞
▪ Hítár Hátottú paní nogole. 
▪ သူ့လက်ထဲကနေ ရေယိုမကျဘူး။ (တိုက်ရိုက်ဘာသာပြန်) 
▪ Mutá oílé mutá, Jamil loddoél mutá aar lot nófóm. Tar Ouñllor chétti Paní Nogole dé hoífárósné.
▪ ကပ်စေးနှဲသူထဲမှာ ဂျမိလ်လို ကပ်စေးနှဲသူ မတွေ့ဖူးဘူး။ သူ့ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ဘူးသိလား။ (တိုက်ရိုက်ဘာသာပြန်) 
တိုက်ရိုက်ဘာသာပြန်က ''လက်ထဲကနေ ရေယိုမကျ'' ၊ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ပါပဲ။ ဆိုလိုရင်းကတော့ ''စေးနှဲ'' တာကို ဆိုလိုတာပါပဲ။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကပ်စေးနှဲတာကို အလင်္ကာဆန်ဆန်ပြောလိုတဲ့အခါ ဒီအသုံးအနှုန်းနဲ့ ပြောလေ့ရှိပါတယ်။
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၊၉ ၁၀၊ ၂၀၂၁ 
အခုလိုမျိုး အနက်တူ သုံအနှုန်းပုံကွဲတွေနဲ့ အသုံးအနှုန်းမျိုးကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ 
ကိုယ့်မိတ်ဆွေတွေထဲမှာ ❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ ရှိရင် mention ခေါ်ပေါ့လေ။ 😁 
Mutár fūa mutáyá.
Mutár zeé mutání.
Chaattor fūa chaat
Chaattor zeé chaattyani.
Samaaror fūa samaar
Samaaror zeé samaarni.
Feténiír fūa feténií
Feténiír zeéyo feténií.
Girár fūa girá.
Girár zeé girá ni.
Bokhilór fūa bokhíl
Bokhilór zeéyo bokhíl.
Hoiñ çár fūa hoiñ çá
Hoiñ çár zeé hoiñ çá ní.
Lefórtór fūa lefórt
Lefórtór zeé lefórtní.
Múth dóroor fūa múth dórooyá
Múth dóroor zeé múth dórooni.
ဒါကဗျာမဟုတ်ဘူး 😁
တစ်စုံတစ်ယောက်ကို ကပ်စေးနှဲလွန်းလို့ ကြည့်မရတဲ့အခါ ယဥ်ယဥ်ကျေးကျေး ဆဲချင်ရင် အဲ့လိုဆဲလိုက်ရမယ်ထင်တယ်။
''ကပ်စေးနှဲတာကို'' ရိုဟင်ဂျာတွေ ဘယ်လိုသုံးနှုန်းကြလဲဆိုတဲ့ ဆောင်းပါးလေးကို link ထဲကနေ ဝင်ဖတ်လို့ရပါတယ်။ https://m.facebook.com/story.php?story_fbid=959519554601311&id=100016298259586
#ယျာတင် (ရိုဟင်းသား)
- ဆက်ရန် -
Tuesday, October 26, 2021
Hát Baçi (႐ိုဟင္ဂ်ာစကားပေဒသာ ၂)
𝐀á𝐭 𝐁áç𝐢 / 𝐇𝐚á𝐭 𝐁áç𝐢 - (မြန်မာ) လက်တိုတယ်။
(၁) 
ဘာသာစကားတိုင်းမှာ စကားကိုတန်ဆာဆင်ပြီး ရေးလေ့ပြောလေ့ ရှိကြပါတယ်။ ရိုဟင်ဂျာစကားထဲက အလင်္ကာအသုံးအနှုန်းအကြောင်း မတင်ပြခင် ကိုယ်နဲ့အနီးစပ်ဆုံး ဘာသာစကားဖြစ်တဲ့ မြန်မာစာပေရဲ့ တန်ဆာဆင်နည်းအကြောင်း နဲနဲ ပြောပြပါရစေ။ မြန်မာစာပေမှာ တန်ဆာဆင်နည်း နှစ်မျိုးရှိပါတယ်။
၁။ “သဒ္ဒါလင်္ကာရ” လို့ ခေါ်တဲ့ “စကားတန်ဆာ” နဲ့
၂။ “အတ္ထာလင်္ကာရ” လို့ ခေါ်တဲ့ “အနက်တန်ဆာ” တို့ ဖြစ်ပါတယ်။
“သဒ္ဒါလင်္ကာရ” ဆိုတာ စာပေရေးဖွဲ့ရာမှာ စကားနဲ့ တန်ဆာဆင်ခြင်းကို ဆိုလိုပါတယ်။ ပသာဒဂုဏ်၊ သြဇဂုဏ်၊ မဓုရတာဂုဏ် စတဲ့ ဂုဏ်မြောက်အောင် ရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနက်ကို ပြေပြစ်အောင်ဖွဲ့ဆိုတဲ့ နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုချင်တဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူထံ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ ရောက်သွားအောင် ပို့ဆောင်တဲ့ နည်းများဖြစ်ပါတယ်။
- "အတ္ထာလင်္ကာရ" ဆိုတာ စာရဲ့ အဓိပ္ပာယ်ကို စာဖတ်သူတွေအတွက် စိတ်၀င်စားဖွယ် ဖြစ်အောင် တန်ဆာဆင်ရေးဖွဲ့ခြင်းကို ဆိုလိုပါတယ်။ မြန်မာစာသင်ကြားရေးမှာ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသဖြင့် ရှိကြတဲ့ အလင်္ကာ အမျိုးအစားများဟာ “အတ္ထာလင်္ကာရ” လို့ခေါ်တဲ့ အနက်တန်ဆာများဖြစ်ပါတယ်။ အတ္ထာလင်္ကာရ နည်းတွေဟာ အနက်ကို ဆန်းကြည်အောင်ဖွဲ့တဲ့နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူအဖို့ အဆန်းတကြယ် နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့တဲ့နည်းများ ဖြစ်ပါတယ်။
အခု အတ္ထာလင်္ကာရအကြောင်းပဲ နဲနဲပြောပြပါမယ်။ အတ္ထာလင်္ကာရကို အဓိကအားဖြင့် နှစ်မျိုးခွဲပါတယ်။ 
၁။ “သဘာ၀၀ုတ္တိအလင်္ကာ” (မသွယ်မဝိုက် တိုက်ရိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) နဲ့
၂။ “၀င်္ကဝုတ္တိအလင်္ကာ” (သွယ်ဝိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) တို့ပဲ ဖြစ်ပါတယ်။ 
ဒီမှာတစ်ခါ သွယ်ဝိုက်ဖွဲ့ဆို တန်ဆာဆင်တဲ့ “၀င်္ကဝုတ္တိအလင်္ကာ” ဆိုတာ အသုံးလဲများသလို စကားကိုလဲ တကယ်ကိုပဲ လှပစေပါတယ်။ 
ပါဠိမှာ ဝင်္ကဝုတ္တိအလင်္ကာမျိုးကွဲဟာ များစွာရှိနေပါတယ်။ ဒီထဲကနေ အသုံးများတဲ့ ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးကို အလင်္ကာကျမ်းတွေမှာ ဖော်ပြထားပါတယ်။
အများသိကြတဲ့ ''ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတိသယဝုတ္တိအလင်္ကာ'' တွေဟာ ဝင်္ကဝုတ္တိအလင်္ကာထဲက မျိုးကွဲတွေသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဝင်္ကဝုတ္တိအလင်္ကာအားလုံးရဲ့ဘုံအနက်က စကားတစ်ခုကို တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်ပြောဆိုခြင်းအားဖြင့် တန်ဆာဆင်ခြင်းလို့ အနက်ရပါတယ်။
သာဓကအားဖြင့်, 
- "အမုန်းပင်''ကို မစိုက်ပျိုးကြပါနဲ့။ - ဆိုတဲ့ဝါကျမှာ ပါတဲ့ ''အမုန်းပင်'' ဆိုတာ အလင်္ကာမြောက်တဲ့အဖွဲ့အနွဲ့ ဖြစ်ပါတယ်။ ''အမုန်းပင်'' ဆိုတာ တကယ် ရှိတဲ့အပင်လား။ မဟုတ်ပါဘူး။ ဒါဟာ စကားကို တန်ဆာဆင်ပြီးရေးတာပါ။ အပင်ဆိုတာ ​တစ်စတစ်စ ရှင်သန်ကြီးထွားတတ်သလိုမျိုး အမုန်းတရားဆိုတာလည်း တစ်စတစ်စ ရှင်သန်ကြီးထွားတတ်တယ်။ ဒီနှစ်ခုဟာ ဂုဏ်ရည်ချင်းတူတယ်။ အဲ့လိုဂုဏ်ရည်ချင်းတူတာကို ထပ်တူပြုပြီး ဖွဲ့နွဲ့တော့ ရူပကအလင်္ကာမြောက်သွားတယ်။ ဒီလိုဖွဲ့နွဲ့ခြင်းအားဖြင့် ကိုယ်ပြောနေတဲ့ စကားဟာလဲ လှသွားတယ်။ ယဥ်သွားတယ်။ နှစ်သက်ဖွယ်ဖြစ်သွားတယ်။ ကြားနာသူက အဲ့ဒီစကားကို ပိုပြီးအလေးအနက်ထားမယ်။ ''အမုန်းတရားကို ကြီးထွားအောင်မလုပ်ပါနဲ့'' လို့ပြောတာထက် ''မုန်းပင်မစိုက်ပျိုးပါနဲ့'' ဆိုပြီး ဝင်္ကဝုတ္တိနဲ့ ပြောတာဟာ ပိုပြီး ထိရောက်တဲ့ စကားအသုံးအနှုန်းလို့ ပြောနိုင်ပါတယ်။ 
အင်္ဂလိပ်စာပေမှာတော့ အလင်္ကာအသုံးတွေကို ''Rhetorical expression'' လို့ ပြောမယ်ထင်ပါတယ်။ Idiom တွေရဲ့သဘောသဘာဝကလည်း အလင်္ကာနဲ့ ထပ်တူနီးပါးရှိမယ်ထင်ပါတယ်။ 
[အလင်္ကာအကြောင်းဟာ တကယ်ကျယ်ပြောပါတယ်။ အပေါ်က ရှင်းပြချက်ဟာ အတိုချုံးပြီး ရှင်းပြတာသာဖြစ်ပါတယ်။]
(၂) 
အလင်္ကာအကြောင်း တိုချုံးရှင်းပြရခြင်းရဲ့ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာလူမျိုးကလည်း စကားပြောတဲ့အခါ အဲ့လိုအလင်္ကာတွေ သုံးနှုန်းပြီး ပြောဆိုလေ့ရှိတာကို တင်ပြချင်လို့ပဲ ဖြစ်ပါတယ်။ 
အဲ့ဒီလိုတန်ဆာဆင်ပြီး ပြောဆိုတာတွေဟာ အလင်္ကာတွေရဲ့ သဘောသဘာဝအတိုင်း ကျစ်ကျစ်လျစ်လျစ်လည်း ရှိပါတယ်။ လှလည်းလှပပါတယ်။ နှစ်သက်ဖွယ်လည်း ဖြစ်ပါတယ်။ ထိထိမိမိလည်း ရှိလှပါတယ်။ 
ရိုဟင်ဂျာတို့ တန်ဆာဆင်ပြီးပြောဆိုလေ့ရှိတဲ့ထဲက အသုံးအနှုန်းတစ်ခုကို ဒီနေ့ တင်ပြပါမယ်။
▪ Aát Baáçi (or) Haát Baáçi - (မြန်မာ) လက်တိုတယ်။
သာဓက - 
▪ Machtor Rashíd saab, ouñ nóttú ea máchót tiñyañ fuchá loí bishí aát baáçi níkí zé?
▪ဆရာဦးရော်ရှိတ်ခင်ဗျား။ ဆရာ ဒီလမှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး တော်တော် လက်တိုနေပါသလား။ (တိုက်ရိုက်ဘာသာပြန်)
▪ Mohamed Rofique : O baí, fañsázár tiñyaa taílé udár dóná.
: ဘိုင် ... ငွေ ငါးထောင် ချေးပါလား။ 
▪ Abu Saad : Aañt tú aát baáçí oíuyé baí. 
: ကျုပ်မှာ လက်တိုနေပြီဗျာ။
▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်
▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်သဘောနဲ့ ပြောတော့ အဲ့ဒီစကားအသုံးအနှုန်းဟာ ယဥ်ကျေးတဲ့သဘောလည်းဖြစ်သွားတယ်။ လှတယ်လှသွားတယ်။ ထိထိမိမိလည်း ဖြစ်သွားပါတယ်။ 
** ဆရာ့လက်ကို ဘယ်သူက သွားတိုင်းခဲ့သလဲတော့ မသိဘူး။ တိုပဲတိုနေတယ်လို့ ပြောနေတယ်။ ဆရာ့လက်က ဘယ်လောက်လောက် တိုနေပြီလဲ ဆရာ။ (ဟဿ) 😁 
-
မြန်မာစာမှာ ''လက်တိုတယ်'' လို့ သုံးနှုန်းတာမတွေ့ဖူးပါဘူး။ ဒါပေမယ့် ''စိတ်တိုတယ်၊ စိတ်ရှည်တယ်'' ဆိုပြီးသုံးနှုန်းတာတော့ ရှိပါတယ်။ သူ့အဓိပ္ပါယ်နဲ့ သူပဲပေါ့။ 
အင်္ဂလိပ်စာမှာတော့ ''Short-handed'' ဆိုပြီး အသုံးရှိပါတယ်။ ''လက်တို'' တယ်လို့ တိုက်ရိုက်ဘာသာပြန်ရပေမယ့် သူ့အဓိပ္ပါယ်ကတော့ ''ငွေရေးကြေးရေး အဆင်မပြေတာ'' ကိုဆိုလိုတာမဟုတ်ဘဲ အလုပ်ရုံတစ်ခုခုမှာ ''လူအင်အား မလုံလောက်တာ'' ကို ဆိုလိုတာပါ။ 
(Idiom အသုံးအနှုန်းတစ်ခုဖြစ်တဲ့ "Go short of money'' ကိုတော့ ''Aát Baáçi (or) Haát Baáçi'' အနက်နဲ့ သုံးနိုင်မယ်ထင်ပါတယ်။ အင်္ဂလိပ်စာပေမှာတော့ ငွေရေးကြေးရေး ကျပ်တည်းနေတာကို သူ့ဟာသူ အဆင်ပြေအောင်ပြောကြမှာပါပဲ။ အဲ့ဒီအကြောင်းကို ဒီနေရာမှာ မဆွေးနွေးလိုပါ။)
ခြုံပြီးပြောရရင် -
''Aát Baáçi (or) Haát Baáçi' ဆိုတဲ့ အသုံးအနှုန်းဟာ ဝင်္ကဝုတ္တိအလင်္ကာ မြောက်တဲ့ အဖွဲ့အနွဲ့တစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေက ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့အကြောင်းကို ယဥ်ယဥ်ကျေးကျေးသဘောနဲ့ လှလှပပ ပြောချင်တဲ့အခါ ''Aát Baáçi (or) Haát Baáçi'' oíuyé'' ဆိုပြီး အသုံးပြုလေ့ရှိကြောင်းပါ ခင်ဗျား။ 
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၇၊ ၁၀၊ ၂၀၂၁ 
အခုလိုမျိုး အလင်္ကာမြောက်တဲ့ အသုံးအနှုန်းတွေကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
- ဆက်ရန် -
Monday, October 25, 2021
Bór (႐ိုဟင္ဂ်ာစကားပေဒသာ)
❝𝐁Ó𝐑❞ - လေးလံသည် - 𝐇𝐞𝐚𝐯𝐲
ဘာသာစကားတစ်ခုကို လေးလေးနက်နက် ခြေခြေမြစ်မြစ် လေ့လာကြည့်တဲ့အခါ သဘောကျစရာတွေ တွေ့ရပြီး စိတ်ထဲ ပီတိဖြစ်မိတယ်။ မိမိရဲ့ မိခင်ဘာသာစကား ဖြစ်စေကာမူ လေးလေးနက်နက် မတွေးဖြစ်မိရင်တော့ ဘာသာစကားရဲ့ အလှတရားကို မတွေ့ဖြစ်တတ်ပါဘူး။
ကျနော့်ဘော်ဒါတစ်ဦးဟာ ရိုဟင်ဂျာစကားရဲ့ အတိမ်အနက်၊ တင်စားမှုသဘော၊ အလေးအပေါ့ စတာတွေကို လေ့လာတတ်ပါတယ်။ တစ်ခါတလေ သူနဲ့စကားလက်ဆုံကျတဲ့အခါ အဲ့အကြောင်းတွေပြောရင်းနဲ့ ကျနော်လဲ ရိုဟင်ဂျာတို႔ပြောစကားထဲက စကားလုံးအချို့ရဲ့ အလေးအပေါ့၊ အတိမ်အနက်၊ တင်စားမှုသဘော စတာတွေကို မိမိဘာသာ တွေးဖြစ်မိတယ်။
အဲ့လိုတွေးဖြစ်မိတဲ့ထဲက စကားလုံးတစ်လုံးကို တင်ပြပါမယ်။
Bór - (မြန်မာ) လေးလံသည်။ (Eng) Heavy
ဒီ ''Bór'' ဆိုတဲ့စကားလုံးကို ရိုဟင်ဂျာတွေက ''ကြိယာ''၊ ''နာမဝိသေသန'' အနေနဲ့လဲသုံးသလို၊ တင်စားမှုသဘောနဲ့လဲ သုံးတာတွေ့ရပါတယ်။ တင်စားမှုသဘောဆိုတာ ဝင်္ကဝုတ္တိ အလင်္ကာဆန်ဆန် သုံးနှုန်းတာကို ဆိုလိုတာပါ။
(၁) Bór (ဂုဏ်ရည်ပြကြိယာ)
▪ E soilor bossá ibá bishí bór.
▪ ဒီဆန်အိတ်က သိပ်လေးလံတာပဲ။
(၂) Bór (ဂုက်ရည်ပြနာမဝိသေသန)
Bór jínísh hañdót no loiyó.
▪ လေးတဲ့အရာတွေကို မထမ်းပါနဲ့။
(၃) Bór (အနုတ်သဘောပါတဲ့ တင်စားမှု)
Khon Thar haan bishí bór.
▪ ခွန်သာရဲ့ နားရွက်က သိပ်လေးတာပဲ။ (ဒါရိုက်ဘာသာပြန်)
(ဒီမှာ Khon Thar ရဲ့ နားရှကျ အလေးချိန်ကို ဖော်ပြတ မဟုတ်ပါဘူး။ အကြားစွမ်းရည် အားနည်းတာကို ဖော်ပြတာပါ။)
- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်က ''နားသိပ်မကြားတာ'' ကို ဆိုလိုတာပါ။
Zay Yar hamot bishí bór.
▪ဇေယျာဟာ အလုပ်လုပ်တဲ့အခါ သိပ်လေးတယ်။
- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်ဟာ အလုပ်လုပ်တဲ့အခါ ''မသွက်လက်တာ''၊ ''​နှေးကွေးတာ'' ကို ဆိုလိုတာပါ။
(၄) Bór (အပေါင်းသဘောပါတဲ့ တင်စားမှု)
Zin Min Naing boddá heénkén bór! Zeén laribá larogoí, gúshshá noó.
▪ ကိုဇင်မင်းနိုင် ဘယ်လိုတောင် လေးလံတာလဲဗျာ။ သူ႕ကို ဘယ်လောက် စစ၊ စိတ်ဆိုးတယ်လို႔ကို မရှိဘူး။ (တိုက်ရိုက်ဘာသာပြန်)
- ဒီဝါကျမှာပါတဲ့ Bór ဟာ ''သည်းခံနိုင်စွမ်းရှိခြင်း'' ၊ ''အနစ်နာခံနိုင်စွမ်းရှိခြင်း'' ဆိုတဲ့သဘောနဲ့ တင်စားပြောဆိုခြင်းဖြစ်တယ်။
#မိခင်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကို ထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၆၊ ၁၀၊ ၂၀၂၁
- မိမိသဘောကျတဲ့ ''ရိုဟင်ဂျာစကားလုံး'' တွေနဲ့ပတ်သက်ပြီး Comment box မှာ ဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
Monday, October 11, 2021
အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)
အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)
"အစားအသောက်က အရေးကြီးတယ်။ ကျန်းမာရေးလည်း အရေးကြီးတယ်။ ဒါပေမဲ့ ပညာရေးလောက် အရေးကြီးတာ ဘာတစ်ခုမှ မရှိပါဘူး။"
— ရှေ့နေဦးကျော်လှအောင်
ဦးကျော်လှအောင်သည် မြန်မာနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်ပြီး လယ်သမားအခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအပြင် ရိုဟင်ဂျာအသိုင်းအဝန်း၏ အထင်ကရ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာက အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။
ကျော်လှအောင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပါဒလချိတ်ရပ်ကွက်၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင်  ဖခင် ဦးယူဆုဖ်နှင့် မိခင် ဒေါ်ဂုလ်ဘောဒါန်းတို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်အစိုးရအမှူးထမ်းနှင့် စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၏ စာရေးကြီး တစ်ဦးဖြစ်သည်။ သူ၏မွေးနာမည်မှာ မိုဟာမတ်ကာဆိမ်း ဖြစ်သည်။ ကျော်လှအောင်သည် စစ်တွေမြို့တွင် ကြီးပြင်းလာပြီး စစ်တွေမြို့မှာပင် ပညာသင်ယူခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အထက်တန်းစာမေးပွဲ အောင်ခဲ့သည်။ တရားရုံး လက်ရေးတိုရေးစက်ရှင်စာရေးအဖြစ် အစိုးရဝန်ထမ်းဘဝကို စတင်ခဲ့သည်။ စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး စာရေးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံး ပုဏ္ဍားကျွန်း တရားရေးဦးစီးရုံးမှ စာရေး(၁) အဖြစ်နှင့် အမှူးထမ်းဘဝကို အဆုံးသတ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကို "မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ" ဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ကာ ဥပဒေဘွဲ့ (LL.B) ရယူခဲ့ပြီး အထက်တန်းရှေ့နေအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
၁၉၈၆ ခုမှာ မြန်မာအစိုးရက ရိုဟင်ဂျာများ၏ လယ်မြေများကို မတရားသိမ်းပိုက်နေချိန်တွင် ဦးကျော်လှအောင်သည် ရိုဟင်ဂျာလယ်သမားအဖွဲ့ကို ကိုယ်စားပြုပြီး တက်ကြွလှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းသော နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ဥပဒေဘောင်အတွင်းကနေ အစိုးရထံ အသနားခံစာများ ရေးသားတောင်းဆိုခဲ့သည်။ စစ်အစိုးရက မကျေနပ်၍ ၄အား ဖမ်းဆီးကာ ရန်ကုန်ထောင်တွင် ၂ နှစ် အကျဉ်းကျစေခဲ့သည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲအပြီးမှာ ထောင်ကလွှတ်မြောက်ပြီး စစ်တွေမြို့ကို ပြန်ရောက်လာခဲ့သည်။ သို့သော် စစ်အစိုးရက ရှေ့နေကျော်လှအောင်၏ ရှေ့နေလိုင်စင်နှင့် ပင်စင်ကို မတရားရုတ်သိမ်းခဲ့သည်။
ထို့နောက် “အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ” ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တခဲနက် အနိုင်ရရှိခဲ့သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ဖျက်သိမ်း၍ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို ဖမ်းဆီး ထောင်သွင်းခဲ့သည်။ ရှေ့နေဦးကျော်လှအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရှေ့နေကြီးသည် ထောင်မှ လွှတ်လာ၍ အပြည်ပြည်ဆိုင်ရာအန်ဂျီအိုအဖွဲ့ MSF (Médecins Sans Frontières) သို့ အလုပ်ဝင်ခဲ့သည်။ 
၂၀၁၂ ခုနှစ် အစိုးရနောက်ထောက်ပြု လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်တွင် အစွန်းရောက်သမားများ၏ လက်ချက်ကြောင့် ပလုပ်တောင်ရှိ ၎င်း၏ နေအိမ် မီးလောင်ဖျက်ဆီးခံခဲ့ရသည်။ အာဏာပိုင်များက ရှေ့နေကြီးကို မတရားဖမ်းဆီးကာ  ၂ လထိထိ အချုပ်၌ ထိန်းသိမ်းထားခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁၅ ရက်တွင် အိုင်ဒီပီစခန်း၌ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်ဟုစွပ်စွဲကာ ဦးသိန်းစိန်အစိုးရက ထပ်မံဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခု အောက်တိုဘာလ ၇ ရက်တွင် စစ်တွေထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှမ်မြောက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စတင်ကာ စစ်တွေမြို့ အပြင်ဘက်ရှိ သက်ကေပြင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ဒုက္ခသည်စခန်း၌ ဦးစီးဦးဆောင်ပြုကာ ဒုက္ခသည်များအကျိုးပြု အကူအညီများနှင့် အခွင့်အရေးများအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။
 ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရှေ့နေ ဦးကျော်လှအောင် စစ်တွေအကျဉ်းထောင်မှ လွှတ်လာခဲ့စဉ် (ပုံ-မဇ္ဈိမ)
၂၀၁၂ ခုတွင် ရှေ့နေဦးကျော်လှအောင်သည် ပညာရေးကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ရိုဟင်ဂျာလူငယ်များ၏ ပညာရေးမြင့်တင်ပေးရန် ကြိုးပမ်းခဲ့သည်။ နောင်တွင် အစိုးရက ထိုပညာရေးအဖွဲ့အစည်းကို ပိတ်ပင်ဖျက်သိမ်းခဲ့သည်။ 
ရှေ့နေကြီး၏ လှုပ်ရှားမှု အဓိက ရည်မှန်းချက်များမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်စုံသော ပညာခွင့်ရရှိရေး၊ နိုင်ငံသားအခွင့်အရေးအပါအဝင် ပဋိပက္ခနှင့်ပတ်သက်၍ အသိပညာ မြှင့်တင်ရန် ဖြစ်သည်။
ဦးကျော်လှအောင်၏ အစွန့်စားခံ၊ စွန့်လွှတ်မှု၊ ကြိုးပမ်းမှုများအတွက် ၂၀၁၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံက Aurora Prize for Awakening Humanity ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ သူရရှိသော ဆုငွေ ဒေါ်လာတစ်သန်းကို  မြန်မာနိုင်ငံမှ ဒုက္ခသည်များအား  ကျန်းမာရေး၊ ပညာရေးကဏ္ဍများမှ ကူညီနိုင်ရန် Médecins Sans Frontières, Mercy Malaysia, and the International Catholic Migration Commission (ICMC) တို့အား လှူဒါန်းခဲ့သည်။ သူ၏ အလှူငွေဖြင့် ရိုဟင်ဂျာဒုက္ခသည် ၃၇၅၀၀၀ တို့က အကျိုးခံစားခွင့်ရရှိခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် ရှေ့နေကျော်လှအောင်ကို ရိုဟင်ဂျာ အမျိုးသားထဲမှ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေး သံတမန် (Goodwill Ambassador)အဖြစ်  Aurora Forum မှ ခန့်အပ်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အာရိုရာဆုရှင် အပြင် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး သံတမန်တစ်ဦးဖြစ်လာခဲ့သည်။ 
၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်ကို Fortune မဂ္ဂဇင်း၏ "ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်များစာရင်း အဆင့် ၂၈ တွင် ထည့်သွင်းဖော်ပြခံရသည်။ နိုင်ငံတကာ သတင်းဂျာနယ်စင်များက ရှေ့နေကျော်လှအောင်ကို "ကိုယ်ကျိုးမဲ့ သူရဲကောင်း" ဟု ကင်ပွန်းတပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်၏ ပုံကို အာမေးနီးယန်းစာတိုက်ရုံး တံဆိပ်ခေါင်းတွင် ပုံနှိပ်ကာ ဂုဏ်ပြုခဲ့သည်။
မြန်မာ့ဂုဏ်ဆောင် ရှေ့နေဦးကျော်လှအောင်တွင် သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ မိမိလူမျိုးနှင့် တိုင်းပြည်အတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး တိုက်ပွဲဝင်ရင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ရန်ကုန်၌ ဆေးကုသမှုခံယူနေစဉ်  ရန်ကုန်မြို့ ဗိုလ်တစ်ထောင်တွင် အလ္လဟ်အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူမျိုး၏ အစားမထိုးနိုင်သော ကိုယ်ကျိုးမဲ့ လူ့အခွင့်အရေးသူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် အစားပေးတော်မူပါစေ…အာမိန်။
 — လူထုဝဏ္ဏ
ကိုးကား - Internet Sources 
Tuesday, October 5, 2021
ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)
ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)
ဆရာဦးဆွလေအဟ်မတ် သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဘော်လီဘာဇား ဇာတိဖြစ်သည်။ ဖခင်မှာ အာမာန်အလီမျာဖြစ်ပြီး၊ မိခင်မှာစူရတုန်နီဆာ ဖြစ်သည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာ၍ ဆွာလေမာခ်ျထောရ်ဟု လူသိများသူတစ်ဦးဖြစ်သည်။ ဆရာသည် မြို့ပိုင် ဖရုတ်အမတ်နှင့် ယောက်ဖအရင်း တော်စပ်သည်။
ဆရာဦးဆွာလေအမတ်သည် ငယ်စဉ်က ဘော်လီဘာဇား အူရ်ဒူကျောင်းတွင် အခြေခံပညာကို သင်ယူခဲ့ပြီး အဆင့်မြင့်ပညာကို စစ်တွေ အင်္ဂလိပ်-ဗမာကျောင်းတွင် ဆည်းပူးတတ်မြှောက်ခဲ့သည်။ ဆရာဆွာလေအဟ်မတ်သည် ဘာသာရေးကိုင်ချိုင်းသူ ဖြစ်ပြီး အားကစား၌လည်း ဝါသနာကြီးသည်။ စည်းကမ်းသေဝပ်သူလည်း ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဘော်လီဘာဇား အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် စတင်သင်ပြခဲ့သည်။ ဘော်လီဘာဇား အမျိုးသားကျောင်းကို အဆင့် မြင့်တင်ရန် ဆရာဆွာလေအမတ်၏ ရုန်းကန်အားထုတ်မှုက မနည်းလှချေ။ တပည့်သားများကို ခေတ်ပညာရေးဘက်တွင်သာမက ဘာသာရေးဘက်တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးလာအောင် အပတ်တကုပ် ကြိုးစားခဲ့သူဖြစ်သည်။ " Din-dórmor súwan sará elom behazor" အဓိပ္ပာယ်- ဘာသာတရား ပဲ့နင်းမပါတဲ့ ပညာက အရာရောက်မှာ မဟုတ်ဘူး လို့ ဆရာ ဆွာလေအမတ်က တပည့်များကို မကြာခဏ ပြောဆိုဆုံးမလေ့ရှိခဲ့သည်ကို တပည့်တစ်ယောက်က သတိရရ ပြောပြခဲ့သည်။ ဆရာဦးဆွာလေအမတ်၏ ကျောင်းဆရာဘဝအတွင်း ပညာတတ်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သည်။ ယနေ့ထက်တိုင် ဆရာကြီး၏ တပည့်များ ဂုဏ်ရောင်ဝင်းဝါလျက် သက်ရှိထင်ရှား ရှိနေသေးသည်။
ဆရာဦးဆွာလေအမတ်သည် ၁၉၇၄ ခု ပြည်နယ် ပြည်သူကောင်စီဝင်အဖြစ် မောင်တောမဲဆန္ဒနယ် (၉) မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများစွာ ဆောင်ရွက်ပေးခဲ့သည်။ ၁၉၇၉ ခုတွင် ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချပေးရေး နှင့်စပ်လျဉ်း၍ အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဆရာဦးဆွာလေအမတ် တွင် သား(၃)ယောက်၊ သမီး (၃)ယောက် ထွန်းကားခဲ့သည်။ ဆရာသည် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို ထမ်းရွက်ရင်း ၁၉၈၉ ခု အသက် (၇၀) တွင် ဇာတိမြေ ဘော်လီဘာဇား၌ ကွယ်လွန်ခဲ့ရှာသည်။
- လူထုဝဏ္ဏ
(၄-၁၀-၂၀၂၁)
#Well_Known_Rohingya
#SayaSalayAhmad
#RSF
Tuesday, September 14, 2021
42 ór Lorhori [Old Rohingya Poetry]
42 ór Lorhori
Hoinna haaçer kuf maári
             Oi-ló jádur lorhori,
Sei Jaadu rey maári felléy 
             Luwár seél maári.
Selór agaát jádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handoón
           Jongol etáy bói.
Niz stánor goór fayli 
             Musoólman oór lorhóry,
Musoólman haça haái
         Góbon góillo apókor faari.
Afokór dhálaát zaái
             Kiwórey dháker baáf oh bhái,
Haázar Haázar Mori zaddéy
              Faánir loót no fai.
Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálaát mazáy felai aisshéy
               Harái no faári.
[English translation of this song]
The girls have been killed by wrath.
Innocent childrens become Helpless.
Childrens killed by a sharp iron rod(sel).
After entom the child  on the sharp rod (sel) the mogh (Rakhine)
started dancing.
Rohingyas are crying around the forest.
Rohingya become more helpless after leaving theirs home of mother's country.
The Afookor valley become much memorable after Rohingyas massacre.
Going to Afookor Valley- hailed as father and brother to others, 
Thousands of people died by thirsty.
Those peoples become very helpless who have old parents,
they flees afookor valley after keep them at that dangerous place.
Thursday, September 2, 2021
ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း
ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း
အမဲသားဟင်းကျတော့ စီးပွားရေး အလယ်အလတ် အဆင်ပြေနေတဲ့ မိသားစုတွေအတွက်တော့ တစ်ပတ်တစ်ခါလောက်တော့ စားဖြစ်တယ်။ ပြီးတော့ ရိုးရာဖာတီယားပွဲတွေမှာတော့ အမဲသားကိုပဲ အဓိကထား ချက်ပြုတ်လှူဒါန်းကြတယ်။ ရိုဟင်ဂျာတို့ရဲ့ အသည်းစွဲမုန့်ဖြစ်တဲ့ လူရီဖီရားနဲ့ အစပ်တည့်တဲ့ ဟင်းကောင်း တစ်မျိုးလည်းဖြစ်တယ်။
မဂ်လာဆောင်ပွဲတွေမှာလည်း အမဲသားပဲချက်ကျွေးတာဖြစ်တယ်။ မေလာ စာလောန်ကျတော့ ရိုဟင်ဂျာတွေအကြား အထူးထင်ရှားတယ်။ တစ်ခါ အိမ်မှာ ဧည့်သည်တွေရောက်လာရင်လည်း အသားချက်ကျွေးမှ ဧည့်ဝတ်ကျေသလိုပါပဲ။
ကဲ... ဒီလောက် အရေးပါအရာရောက်တဲ့ ဟင်းတစ်မျိုးကို ရိုဟင်ဂျာနည်းရိုဟင်ဂျာဟန်နဲ့ ဘယ်လိုချက်ကြမလဲ ကြည့်ကြရအောင်-
လိုအပ်တဲ့ပစ္စည်းတွေ
  • အသားစိမ်း
  • ငရုတ်စိမ်း
  • ငရုတ်ခြောက်
  • ဆီ
  • ဆား
  • နနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဖာလာ
  • နံနံရွက်
  • မဆလာ
  • အာလူး
  • ခရမ်းသီး
  • ရေ
ချက်နည်း
ဦးစွာ အမဲသားတွေကို ငယ်ငယ်လေး ပိုင်းဖြတ်ရမယ်။ နှစ်လက်မ နှစ်လက်ခွဲလောက်ပေါ့။ ပြီးတော့ နနွင်း နဲနဲလူးကာ သေချာ ဆေးကြော့ရမယ်။ သုံးကြိမ်လောက်ဆေးရင် ရပြီ။ ဟင်းသီးဟင်းရွက်တွေကိုလည်း လှီးဖြတ်ထား၊ မဆလာ၊ ငရုတ်ကြိတ်စတာတွေပြင်ထားပေါ့။ မီးမွေးပြီးတော့ အိုးလွတ်ကို မီးဖိုမှာ တင်ထားရတယ်။ အိုးကင်းသွားရင် ဆီထည့်ရတယ်။ ဒါကို "ဇူတ္တာ"လို့ ခေါ်တယ်။ ပြီးရင် မဆလာ၊ ငရုတ်ရေ၊ ကြက်သွန်၊ နနွင်း၊ ဂျင်း စတဲ့ဟာတွေကို အသားနဲ့ ရောနှောပြီးတော့ အိုးထဲရတယ်။ ဒီမှာ မဆလာကတော့ စျေးကနေ အသင့်ဝယ်ထားတဲ့ဟာမဟုတ်ဘူး။ အိမ်မှာပဲ ပြုလုပ်ထားတဲ့ မဆလာဖြစ်တယ်။ ပြီးရင် အဖုံးအုပ်ထားပြီးတော့ နာရီဝက်လောက် မီးခံထားရတယ်။ ဒါကို "ဟောချား"လို့ ခေါ်တယ်။ ဟောချားရတဲ့အချိန်က ဆီနဲ့ရေ ရောသွားတဲ့အချိန်၊ ရေမရှိတော့တဲ့အချိန်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရတယ်။ အသားဟင်းတွေဆိုရင် ပိုပြီးတော့ မီးခံထားရတယ်ပေါ့။ ငရုတ်သီးကျတော့ ဆောင်းရာသီမှာ ငရုတ်စိမ်းကြိတ်နဲ့ ထည့်ချက်တာများတယ်။ တခြားရာသီမှာကျတော့ ငရုတ်သီးခြောက်ကြိတ်နဲ့ပေါ့။
အသားတွေကျက်သွားပြီးဆိုရင် အသင့်ပြင်ထားတဲ့ အာလူး၊ ခရမ်းသီး၊ စတဲ့ ဟင်းသီးတွေကို ထည့်ကာ ရေထည့်ပေးရတယ်။ ရေပမာဏကတော့ သားနဲ့ ဟင်းသီးတွေ မပေါ်တပေါ် ဖြစ်အောင်လောက် ထည့်ပေးရတယ်။ ပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက် မီးခံထားရတယ်။ ပြီးရင် ဆားပမာဏ စမ်းသပ်ပြီးတော့ လိုအပ်ရင် နဲနဲ ခတ်ပေးရတယ်။ နံနံရွက်တွေကိုလည်း အစိတ်စိတ် ခတ်ထည့်ပေါ့။ ဟင်းမွေးဟင်းနံ့တွေ တစ်အိမ်လုံး ကြိုင်ကြိုင်လာရင်တော့ စားဖို့အဆင်အသင့် ဖြစ်ပြီးပေါ့။
ဂုစ်တောစာလောန်မှာတော့ အသားသက်သက် ချက်တဲ့ပုံစံလဲ ရှိတယ်။ အခု ဖော်ပြတဲ့ဟင်းကတော့ အမြဲလိုလို ရိုဟင်ဂျာတို့ရဲ့အိမ်တွေမှာ ချက်နေကျ ထင်ရှားတဲ့ဟင်း ဖြစ်ပါတယ်။
ထမင်းနဲ့ တို့စားချင်ရင်စား၊ လူရီဖီရားနဲ့ တို့စားချင်ရင်စား၊ ဓုံဖီရားနဲ့ တို့စားချင်ရင်စားပြီးတော့ ရိုဟင်ဂျာ ဂုစ်တောစာ့လောန်ရဲ့ အရသာမြိန်ကြပေါ့ဗျာ။
- ရိုဟင်လေး