Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 28, 2021

Girá (႐ိုဟင္ဂ်ာစကားပေဒသာ ၃)



 🔹 အသုံးအနှုန်း ကြွယ်ဝ၊ ရိုဟင်ဂျာစကား 🔹


❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ .... ထပ်ဘာတွေရှိမယ်ထင်သလဲ။ လေ့လာကြည့်ကြရအောင်။


ဘာသာစကားတွေကို လေ့လာတဲ့အခါ အနက်တစ်ခုတည်းနဲ့ စကားလုံးတွေများစွာ တွေ့ရတတ်တယ်။ အဲ့လိုအနက်တစ်ခုနဲ့ အပြန်အလှန်အစားထိုးသုံးနိုင်တဲ့ စကားလုံးတွေကို အင်္ဂလိပ်စာမှာဆို Synonym လို့ပြောကြတယ်။ ဒါဟာ ဘာသာစကားတစ်ခုရဲ့ စကားလုံးကြွယ်ဝမှုလို့လည်း ပြောနိုင်ပါတယ်။ 


ကျွန်ုပ်တို့ ရိုဟင်ဂျာစကားကလဲ အလွန် ကြွယ်ဝပါတယ်။ အဓိပ္ပါယ်တစ်ခုတည်းအောက်မှာ အမျိုးမျိုးသော စကားလုံးတွေ၊ အမျိုးမျိုးသော ပြောပုံတွေ ရှိပါတယ်။ အနက်တူပြီး အသုံးအနှုန်းမတူတဲ့ Synonym တွေလည်း မြောက်များစွာ ရှိပါတယ်။


ဖွဲ့စည်းပုံအရပြောရရင် ''ပင်ကိုစကားလုံးတွေ'' လဲ ရှိသလို၊ ''ထိုးထွင်းဉာဏ်နဲ့ ဖန်တီးထားတဲ့စကားလုံးတွေ'' ရှိနေပါတယ်။ အနက်သဘောတရားအရ ''ရိုးရိုးအနက်နဲ့ တင်စားမှုအနက်'' နှစ်မျိုးရှိပါမယ်။


ဘာသာစကားဟာ ရွာတစ်ခုဆိုရင် ''တင်စားမှုတွေ၊ အလင်္ကာတွေ'' ဆိုတာ အဲ့ဒီရွာကလေးလယ်က ပန်းဥယျာဥ်လိုပါပဲ။ လှပတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ မြတ်နိုးစရာလဲ ဖြစ်တယ်။ ပန်းဥယျာဥ်ဆီ အလည်သွားရတဲ့အခါ တကယ် ကြည်နူးရတယ်မဟုတ်လား။ ရိုဟင်ဂျာတို့ရဲ့ ပြောစကားတွေထဲမှာလဲ အလွန်လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ ''တင်းစားမှုစကားလုံးတွေ၊ အလင်္ကာတွေ'' ရှိနေပါတယ်။


ဒီနေ့တင်ပြလိုတာကတော့ ''ကပ်စေးနှဲတယ် '' လို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းတွေပါ။ အင်္ဂလိပ်လို ''Stingy, Miser''။ 


ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတယ်''လို့ ပြောတဲ့အခါ အမျိုးမျိုးသုံးကြပါတယ်။ ထူးဆန်းတာက အသုံးအနှုန်းအများစုဟာ တင်စားမှုသဘော၊ အလင်္ကာသဘောပါနေတာပါပဲ။ တိုက်ရိုက်အနက်ပါတဲ့ တည်ပုဒ် စကားလုံးတွေလဲ ရှိပါတယ်။ 


လေ့လာကြည့်ကြရအောင် -


၁။ 𝐅𝐞𝐭é𝐧𝐢𝐢


▪ Myo Thant gyá itay enkén feténii !

▪ မျိုးသန့်ဆိုတဲ့ကောင်က ဘယ်လိုတောင် ကပ်စေးနှဲနေသူလဲဟ။


▪ taé! itay bishí feténii yé.

▪ တောက်၊ ဒီကောင် အရမ်း ကပ်စေးနှဲတာပဲ။


ဒီအသုံးအနှုန်းဟာ မနှစ်မြို့တဲ့သဘောနဲ့ ''ကပ်စေးနှဲသူ၊ ကပ်စေးနှဲတယ်'' လို့ ပြောလိုတဲ့အခါ သုံးလေ့ရှိပါတယ်။ တစ်ခုခု သုံးစရာပေါ်လာရင် ချီတုံချတုံဖြစ်ပြီး မသုံးတတ်သူ။ တစ်ခုခုဝယ်တဲ့အခါ အရမ်းစျေးစစ်တတ်သူ။ သူများကို ပေးရမယ်ဆို မပေးချင်ပေးချင် ဖြစ်တတ်သူ။ ဦးကော်တရာပေါ့ဗျာ။ 


၂။ 𝗦𝗮𝗺𝗮𝗮𝗿


▪ Ro Mehrooz hédduur samaar noé.

▪ရိုမဲဟ်ရုစ့်ကတော့ သိပ်ပြီး ကပ်စေးမနှဲပါဘူး။ 


▪Samaari gorí gorí hodin taíbá.

▪ဘယ်နေ့ထိ ​ကပ်စေးနှဲနေမလဲဗျာ။


ဒီအသုံးအနှုန်းဟာ ကပ်စေးနှဲတာကို သာမန်ထက်နဲနဲပိုကဲတဲ့ အနက်နဲ့ သုံးကြဟန်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးမွေးဖို့က ဝေး၊ ကိုယ်ကိုယ်တိုင်တောင် တစ်ခုခုဝယ်မစားတတ်သူ။ ဝယ်မဝတ်တတ်သူကို ဆိုလိုပါတယ်။


၃။ 𝗠𝘂𝘁á (မြန်မာ) - မကြွပ်သော၊ ပျောင်းသော။ (ဒါရိုက်ဘာသာပြန်) 


▪Bet ibá beshí mutá. 

▪ဒီကြိမ်က အလွန် ပျောင်းတယ်။ (ချိုးရမလွယ်ဘူးလို့ အနက်ရပါတယ်။) 


- 𝗠𝘂𝘁á - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။


▪ Zay Yaa Nyein ardé Khon Thar , honay besh mutá ré?

▪ ဇေယျာငြိမ်းနဲ့ ခွန်သာမှာ ဘယ်သူက ပိုပြီး ကပ်စေးနှဲလဲ။

▪ Zay Yar doíllá mutá manúish, mui arr lot noófóm. 

▪ ဇေယျာလို ကပ်စေးနှဲတဲ့လူ ငါ နောက်ထပ် မတွေ့ဖူးဘူး။


▪ Mutár Fuá Mutá 😁 

(ဦးကပ်စေးနှဲရဲ့သား မောင်ကပ်စေးနှဲ) 😁


- လူတစ်ယောက်က သူ့မှာရှိတဲ့ဟာကနေ ဖဲ့ပြီး သူများကို မပေးတတ်တာ၊ မကျွေးတတ်တာ၊ တစ်နည်းအားဖြင့် ကပ်စေးနှဲတာကို ဆိုလိုချင်လို့ လွယ်လွယ်ဖြတ်မရတဲ့၊ မကြွပ်တဲ့အနက်ပါတဲ့ Mutá စကားလုံးကို တင်စားမှုသဘောနဲ့ သုံးဟန်ရှိပါတယ်။ Mutá နေရာမှာ Musi လို့လဲ သုံးလေ့ရှိပါတယ်။ 


၄။ 𝗖𝗵𝗮𝗮𝘁 - (မြန်မာ) - အသားမာ။ 


▪ Dukkór haam goittí goíttí aátot chaat boch cháy. 

▪ အလုပ်ကြမ်းလုပ်ရင်း လက်မှာ အသားမာတက်နေပြီ။


- 𝗖𝗵𝗮𝗮𝘁 - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။


▪ Thulay haén chaat noó. Híbar baaf chaat de.

▪ သူလေး အဲ့လောက် ကပ်စေးမနှဲပါဘူး။ သူ့အဖေပဲ ကပ်စေးနှဲတာ။ 


ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတာ'' ကို ''Doró'' ဆိုပြီးလဲ ပြောကြတယ်။


▪ Itay bishí doró. Kessú kini nahá.

▪ ဒီလူ သိပ် ကပ်စေးနှဲတယ်။ ဘာမှကို ဝယ်မစားဘူး။


Doró ရဲ့မူရင်းအနက်က ခိုင်ခံ့တယ်။ မာကျောတယ်။ ဆိုတော့ ဒီ ''chaat'' ဆိုတဲ့ စကားလုံးမှာလဲ မာတယ်ဆိုတဲ့ အနက်ရှိတယ်။ မာတဲ့အနက်နဲ့ Doró ကို ကပ်စေးနှဲတယ်သဘောနဲ့ သုံးသလိုမျိုး မာတဲ့အနက်နဲ့ Chaat ကိုလဲ ကပ်စေးနှဲတယ် သဘောနဲ့ တင်စားပြီး သုံးဟန်ရှိပါတယ်။ 


၅။ ''𝐆𝐢𝐫á'' - (​မြန်မာ) အထုံး(ကြိုး)။ အဆစ် (ဝါး၊ အပင်၊ ခြေလက်)။


▪ Aadoror rósír girá kuíltí mushkil.

▪ ချစ်ကြိုးရဲ့ အထုံးအဖွဲ့ကို ဖြေရတာ ခက်တယ်။


▪ Bañchór girá. ဝါးမှာပါတဲ့အဆစ်။ 


- ''𝐆𝐢𝐫á'' - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။ 


▪ Hítár baaf bishí girá baazi. 

▪ သူ့အဖေ တော်တော် ကပ်စေးနှဲတယ်ဗျာ။


ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ


ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ နဲနဲခက်တယ်။ ကပ်စေးနှဲသူရဲ့ အိတ်ထဲက ငွေထွက်လာဖို့ကလဲ ခက်တယ်။ ခက်တယ်သဘောချင်း တူလို့ Giraá ကို ကပ်စေးနှဲတယ် သဘောနဲ့ သုံးလာသလား မသိဘူး။ နောက် ''Giraá-အဆစ်'' ဆိုတာကလည်း ချောချောမွတ်မွတ်မရှိ၊ ညက်ညက်ညောညောမရှိတဲ့ အနက်ပါတယ်။ ချောချောမွတ်မွတ်မရှိတဲ့နေရာကနေ တစ်ခုခု ဖြတ်ကျော်သွားရတာ မလွယ်ဘူး။ အလားတူ ကပ်စေးနှဲသူရဲ့လက်ထဲက ငွေတွေထွက်လာဖို့ဆိုတာကလဲ အဲ့လိုမလွယ်ကူပါဘူး။ လမ်းဆစ်တဲ့ခရီးကြမ်းကို ဖြတ်ပြီး ငွေတွေထွက်လာရမှာ တော်တော်ခက်မယ်။ အဲ့ဒါကြောင့်ပဲ Giraá လို့သုံးနေသလားတော့ မသိဘူး။


၆။ ''𝗕𝗼𝗸𝗵í𝗹'' - ကပ်စေးနှဲသူ။ ကော်တရာ။ 


မိမိအတွက်ကော မိမိ မိသားစုအတွက်ကော လိုအပ်တဲ့နေရာမှာတောင် မသုံးဘဲ ကပ်စေးနှဲတတ်သူ၊ ကော်တရာ ဖြစ်နေသူကို ဆိုလိုပါတယ်။ အပြစ်တင်တဲ့သဘောနဲ့ သုံးကြတယ်။ တော်တော်လေးကို ပြင်းထန်တဲ့သဘောရှိပါတယ်။


▪ Hítéy bódda bokhíl! Tar maa wáré óddo gom jinís nohábá.

▪ သူဟာ တကယ်ကို ကပ်စေးနှဲတတ်သူ။ သူ့အမေကိုတောင် အစာကောင်းတွေ မကျွေးတတ်တာ။


▪ Bokhílaí gorí zindigi nohaçach.

▪ စေးကပ်နှဲရင်း ဘဝကို မဖြတ်သန်းပါနဲ့။


၇။ 𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼


(မြန်မာလိုတိုက်ရိုက်ဘာသာပြန်) - လက်ဆုပ်မာတယ်။


▪Hítár bibir bishí múth dóroo. Hétollah hitay torki ouiyéde.

▪သူ့မိန်းမရဲ့ လက်ဆုပ်က တော်တော်မာတယ်။ ဒါကြောင့် သူ တိုးတက်ခဲ့တာလေ။ (ဒါရိုက်ဘာသာပြန်) 


ဒါဟာ ကပ်စေးနှဲတာကို ဝင်္ကဝုတ္တိအလင်္ကာဆန်ဆန် ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအသုံးအနှုန်းမှာ စည်းကမ်းရှိရှိ သုံးစွဲတာ၊ ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲတာ၊ မလိုအပ်တဲ့နေရာမှာ မဖြုန်းတာ၊ အသုံးမကြမ်းတဲ့ သဘောတရားပါရှိပါတယ်။ 


အင်္ဂလိပ်လိုကလဲ ဒီ ''Múth dóroo'' ကို Tight-fisted ဆိုပြီး သုံးကြတာတွေ့ရတယ်။ စကားဖွဲ့စည်းပုံကရော အနက်ကရော အတော်တူကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။


၈။ 𝐇á𝐭𝐨𝐭𝐭ú 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞 (𝐨𝐫) 𝐎𝐮ñ𝐥𝐥𝐨𝐫 𝐜𝐡é𝐭𝐭𝐢 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞


▪ Hítár Hátottú paní nogole. 

▪ သူ့လက်ထဲကနေ ရေယိုမကျဘူး။ (တိုက်ရိုက်ဘာသာပြန်) 


▪ Mutá oílé mutá, Jamil loddoél mutá aar lot nófóm. Tar Ouñllor chétti Paní Nogole dé hoífárósné.


▪ ကပ်စေးနှဲသူထဲမှာ ဂျမိလ်လို ကပ်စေးနှဲသူ မတွေ့ဖူးဘူး။ သူ့ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ဘူးသိလား။ (တိုက်ရိုက်ဘာသာပြန်) 


တိုက်ရိုက်ဘာသာပြန်က ''လက်ထဲကနေ ရေယိုမကျ'' ၊ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ပါပဲ။ ဆိုလိုရင်းကတော့ ''စေးနှဲ'' တာကို ဆိုလိုတာပါပဲ။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကပ်စေးနှဲတာကို အလင်္ကာဆန်ဆန်ပြောလိုတဲ့အခါ ဒီအသုံးအနှုန်းနဲ့ ပြောလေ့ရှိပါတယ်။


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၊၉ ၁၀၊ ၂၀၂၁ 


အခုလိုမျိုး အနက်တူ သုံအနှုန်းပုံကွဲတွေနဲ့ အသုံးအနှုန်းမျိုးကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ 


ကိုယ့်မိတ်ဆွေတွေထဲမှာ ❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ ရှိရင် mention ခေါ်ပေါ့လေ။ 😁 

Mutár fūa mutáyá.

Mutár zeé mutání.


Chaattor fūa chaat

Chaattor zeé chaattyani.


Samaaror fūa samaar

Samaaror zeé samaarni.


Feténiír fūa feténií

Feténiír zeéyo feténií.


Girár fūa girá.

Girár zeé girá ni.


Bokhilór fūa bokhíl

Bokhilór zeéyo bokhíl.


Hoiñ çár fūa hoiñ çá

Hoiñ çár zeé hoiñ çá ní.


Lefórtór fūa lefórt

Lefórtór zeé lefórtní.


Múth dóroor fūa múth dórooyá

Múth dóroor zeé múth dórooni.


ဒါကဗျာမဟုတ်ဘူး 😁


တစ်စုံတစ်ယောက်ကို ကပ်စေးနှဲလွန်းလို့ ကြည့်မရတဲ့အခါ ယဥ်ယဥ်ကျေးကျေး ဆဲချင်ရင် အဲ့လိုဆဲလိုက်ရမယ်ထင်တယ်။


''ကပ်စေးနှဲတာကို'' ရိုဟင်ဂျာတွေ ဘယ်လိုသုံးနှုန်းကြလဲဆိုတဲ့ ဆောင်းပါးလေးကို link ထဲကနေ ဝင်ဖတ်လို့ရပါတယ်။ https://m.facebook.com/story.php?story_fbid=959519554601311&id=100016298259586


#ယျာတင် (ရိုဟင်းသား)

- ဆက်ရန် -



No comments:

Post a Comment