Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 25, 2021

Bór (႐ိုဟင္ဂ်ာစကားပေဒသာ)



❝𝐁Ó𝐑❞ - လေးလံသည် - 𝐇𝐞𝐚𝐯𝐲


ဘာသာစကားတစ်ခုကို လေးလေးနက်နက် ခြေခြေမြစ်မြစ် လေ့လာကြည့်တဲ့အခါ သဘောကျစရာတွေ တွေ့ရပြီး စိတ်ထဲ ပီတိဖြစ်မိတယ်။ မိမိရဲ့ မိခင်ဘာသာစကား ဖြစ်စေကာမူ လေးလေးနက်နက် မတွေးဖြစ်မိရင်တော့ ဘာသာစကားရဲ့ အလှတရားကို မတွေ့ဖြစ်တတ်ပါဘူး။

ကျနော့်ဘော်ဒါတစ်ဦးဟာ ရိုဟင်ဂျာစကားရဲ့ အတိမ်အနက်၊ တင်စားမှုသဘော၊ အလေးအပေါ့ စတာတွေကို လေ့လာတတ်ပါတယ်။ တစ်ခါတလေ သူနဲ့စကားလက်ဆုံကျတဲ့အခါ အဲ့အကြောင်းတွေပြောရင်းနဲ့ ကျနော်လဲ ရိုဟင်ဂျာတို႔ပြောစကားထဲက စကားလုံးအချို့ရဲ့ အလေးအပေါ့၊ အတိမ်အနက်၊ တင်စားမှုသဘော စတာတွေကို မိမိဘာသာ တွေးဖြစ်မိတယ်။

အဲ့လိုတွေးဖြစ်မိတဲ့ထဲက စကားလုံးတစ်လုံးကို တင်ပြပါမယ်။


Bór - (မြန်မာ) လေးလံသည်။ (Eng) Heavy

ဒီ ''Bór'' ဆိုတဲ့စကားလုံးကို ရိုဟင်ဂျာတွေက ''ကြိယာ''၊ ''နာမဝိသေသန'' အနေနဲ့လဲသုံးသလို၊ တင်စားမှုသဘောနဲ့လဲ သုံးတာတွေ့ရပါတယ်။ တင်စားမှုသဘောဆိုတာ ဝင်္ကဝုတ္တိ အလင်္ကာဆန်ဆန် သုံးနှုန်းတာကို ဆိုလိုတာပါ။


(၁) Bór (ဂုဏ်ရည်ပြကြိယာ)

▪ E soilor bossá ibá bishí bór.

▪ ဒီဆန်အိတ်က သိပ်လေးလံတာပဲ။


(၂) Bór (ဂုက်ရည်ပြနာမဝိသေသန)


Bór jínísh hañdót no loiyó.

▪ လေးတဲ့အရာတွေကို မထမ်းပါနဲ့။


(၃) Bór (အနုတ်သဘောပါတဲ့ တင်စားမှု)


Khon Thar haan bishí bór.

▪ ခွန်သာရဲ့ နားရွက်က သိပ်လေးတာပဲ။ (ဒါရိုက်ဘာသာပြန်)

(ဒီမှာ Khon Thar ရဲ့ နားရှကျ အလေးချိန်ကို ဖော်ပြတ မဟုတ်ပါဘူး။ အကြားစွမ်းရည် အားနည်းတာကို ဖော်ပြတာပါ။)

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်က ''နားသိပ်မကြားတာ'' ကို ဆိုလိုတာပါ။


Zay Yar hamot bishí bór.

▪ဇေယျာဟာ အလုပ်လုပ်တဲ့အခါ သိပ်လေးတယ်။

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်ဟာ အလုပ်လုပ်တဲ့အခါ ''မသွက်လက်တာ''၊ ''​နှေးကွေးတာ'' ကို ဆိုလိုတာပါ။


(၄) Bór (အပေါင်းသဘောပါတဲ့ တင်စားမှု)

Zin Min Naing boddá heénkén bór! Zeén laribá larogoí, gúshshá noó.

▪ ကိုဇင်မင်းနိုင် ဘယ်လိုတောင် လေးလံတာလဲဗျာ။ သူ႕ကို ဘယ်လောက် စစ၊ စိတ်ဆိုးတယ်လို႔ကို မရှိဘူး။ (တိုက်ရိုက်ဘာသာပြန်)

- ဒီဝါကျမှာပါတဲ့ Bór ဟာ ''သည်းခံနိုင်စွမ်းရှိခြင်း'' ၊ ''အနစ်နာခံနိုင်စွမ်းရှိခြင်း'' ဆိုတဲ့သဘောနဲ့ တင်စားပြောဆိုခြင်းဖြစ်တယ်။


#မိခင်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကို ထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၆၊ ၁၀၊ ၂၀၂၁


- မိမိသဘောကျတဲ့ ''ရိုဟင်ဂျာစကားလုံး'' တွေနဲ့ပတ်သက်ပြီး Comment box မှာ ဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

No comments:

Post a Comment