Friday, October 2, 2026
Khaurí (ရှေးခေတ်အသပြာကြွေစေ့)
Saturday, August 1, 2026
မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဘရားသား ဇိုက်ဒ်
မွတ်စ်လင်မ်အများစု မသိတဲ့ တော်လှန်ရေးခေါင်းဆောင်ဘရားသား ဇိုက်ဒ်
Wednesday, May 27, 2026
မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း
မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း
Sunday, March 29, 2026
တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)
![]() |
| တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ |
တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)
— ဘီအေ ဂျာဖေါ့ရ်
![]() |
| ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. |
Saturday, January 17, 2026
“အောက်သား” ဆိုတာ ဘယ်သူလဲ ?
“အောက်သား” ဆိုတာ ဘယ်သူလဲ ?
— စံလှကြီး
Friday, January 16, 2026
အနောက်တံခါးက ကျူးကျော် ရခိုင်ရွာသစ်များ
![]() |
| ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇) |
Sunday, September 7, 2025
ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ
![]() |
| ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ။ |
ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ
Monday, April 14, 2025
လူမျိုး ၁၀၁ ပါး
လူမျိုး ၁၀၁ ပါး
(၁)
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယပိုင်း
၁။ ဗြဟ္မာသက် - မြန်မာသက် - မြန်မာကြီး - မြန်မာ - မြန်မာ
၂။ ရခိုင် - ရခိုင် - မြန်မာငယ် - ရခိုင် - ရခိုင်
၃။ ထားဝယ် - ထားဝယ် - ထားဝယ် - ထားဝယ်
၄။ ပြရယ် - ပြော့ - ပရယ် - မြုံ - ဘရသ်
၅။ တောင်သူ - တောင်သူ - တောင်သူ - တောင်သူ
၆။ မြုံသက် - ပြူသက် - ပြူ - ပြော့
၇။ ကမ်းယံ - ကမ်းယံ - ကမ်းယံ - ကမ်းယံ
မြန်မာကြီးဆိုသည်ကား ရခိုင်။
မြန်မာငယ်ဆိုသည်ကား ပြူ။
သက်မျိုး ၃ စားကွဲပြားသည်။
ကူးရေတာ လွဲနေပါက ကျွန်တော့တာဝန်သာဖြစ်ပါသည်။
(၂)
(ဝီကီပီးဒီးယား မှ)
မြန်မာ ၇-မျိုး
ကမ်းယံ
တောင်သူ (တောင်သား)
ထားဝယ်
ပြော့
ဘရသီ
မြန်မာ
ရခိုင်တို့ ဖြစ်ကြသည်။
(၃)
လူမျိုး ၁၀၁ ပါး (lumyochit)
မြန်မသတ္တ (၇)၊ မွန်လေးဝ (၄)၊ ရှမ်းသုံးဆယ် (၃၀)၊ခြောက်ဆယ်ကုလား (၆၀) လူမျိုးတရာ့တပါး။
မြန်မာ(၇)မျိုး
၁။ မြန်မာ၊ ၂။ ရခိုင်၊ ၃။ ပရယ်၊ ၄။ တောင်သူ၊ ၅။ ပြူ (ပျူ)၊ ၆။ ကမ်းယံ၊ ၇။ ယောတမျိုး။
(၄)
လူမျိုး ၁၀၁ ပါး (ပုဂံမူ) လည်း ရှိသေးတယ်။
(၅)
ကမ်းယံလူမျိုး
ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
ဒေါက်တာတင့်ဆွေ
Wednesday, March 12, 2025
နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး
နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး
၁၉၇၈ ခုနှစ်တွင် အာဏာရှင်နေဝင်းအစိုးရက အင်မတန် ရက်စက်လှတဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့တယ်။ အဲဒါကို နဂါးမင်း စီမံချက်လို့ အမည်ပေးခဲ့တယ်။ နဂါးနာမည် ကြားရုံနဲ့ အဘယ်မျှလောက် ရက်စက်ကြမ်းကြုတ်ခဲ့တယ်ဆိုတာ စာတမ်းမဖတ်မီကပင် သိသာထင်ရှားစေတယ်။ ယနေ့ခေတ် လူငယ်တွေက နဂါးမင်း စစ်ဆင်ရေးကို ကြားဖူးကောင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီ ကြောက်မက်ဖွယ် စစ်ဆင်ရေးရဲ့ ဒဏ်ကို ခံစားခဲ့တဲ့ လူမျိုးတွေက ဘယ်လို မေ့လျော့နိုင်မှာလဲ။ သမိုင်းရဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် မျိုးဆက် အဆင့်ဆင့် မှတ်သားထားကြလိမ့်မယ်။
ဒီနဂါးမင်းဆိုးရဲ့ သောင်းကျန်းရက်စက်မှုကြောင့် မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားရိုဟင်ဂျာ ၂ သန်းခွဲခန့် ဒုက္ခသည်ဘဝရောက်ခဲ့ရတယ်။ အပြစ်မဲ့ ပြည်သူ ၂ သောင်းကျော် သေကြေပျက်စီးခဲ့ရတယ်။ အမျိုးသမီးတွေ အဓမ္မကျင့်ခံခဲ့ရတယ်။ ရွာပေါင်း ၆၆ ရွာကျော် ဖျက်ဆီးခံခဲ့ရတယ်။ ပြည်သူအများအပြား ထောင်ချနှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ မျိုးချစ်တချို့က အဲဒီ အကြမ်းဖက်စစ်ဆင်ရေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောင််းပြန် ဖော်ပြလေ့ရှိတယ်။ “ဘင်္ဂလီတွေ အစစ်အဆေး မခံရဲလို့ထွက်ပြေးကြတာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတာ၊ စစ်တပ်က ဘာ ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး၊ လူဦ်းရေစာရင််းကောက်ရုံပဲ၊ ပြန်လက်ခံချိန်မှာ ပိုလက်ခံရသေးတယ်” စတဲ့ မွတ်စလင်မုန်းတီးစိတ်နဲ့ အဓမ္မဝါဒီဆန်ဆန် ရေးသားဖော်ပြကြတယ်။ ဒီစာတမ််းမှာ အဲဒီ အကြမ််းဖက် နဂါးမင်းစစ်ဆင်ရေးအကြောင်းကို လက်လှမ်းမီသမျှ သမိုင်းအကိုးအကားတွေ အမှီအငြမ််းပြုပြီး အဖြစ်အဖျက်အမှန် တင်ပြသွားမှာ ဖြစ်ပါတယ်။
လူထုဝဏ္ဏ ရေးသားခဲ့တဲ့ အကြမ်းဖက် နဂါးမင်းစစ်ဆင်ရေး စာတမ်းကို အောက်ပါလိင့်မှ ဒေါင်းဆွဲယူပါ။
Download Here!
— လူထုဝဏ္ဏ
Tuesday, March 4, 2025
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင် ကျောက်စာတစ်ခု
![]() |
| An Inscription from Mrauk-U, Arakan. |
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင်ကျောက်စာတစ်ခု
Tuesday, February 25, 2025
မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက
မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက
😭😭😭😭
လွန်ခဲ့တဲ့ ၁၀ နှစ်က...
အမေ့သားလေး ဒီချိန်မှာ မိတ္ထီလာလာမြို့ရဲ့ ရန်ကုန်မန္တလေး လမ်းမဘေးက ဇောက်ဇောက်လျောဂျိုင့်ကြီးထဲက မြက်ရိုင်းပင်တွေ လူတရပ်လောက်နဲ့ ရေသိုးရေပုပ်တွေရှိတဲ့ ဝက်လက်တောကြီးထဲမှာ ပုန်းနေခဲ့တာနော်။
ရင်တွေလဲ နာကျင်ရလွန်းပါတယ်.... ဝမ်းဝမ်းရယ်....။
တစ်ခုခု စားမလို့ လက်နည်းနည်းပေရင်တောင် ချက်ချင်း လက်ဆေးပေးတဲ့ မေမေကြီးသား.... ဒီဝက်လက်တောမှာ ရေသိုးတွေ၊ ခြင်ရိုင်းတွေနဲ့နေခဲ့ရတာ တညလုံး...။
သားက ငယ်လွန်းပါသေးတယ်။ ၁၂ နှစ်၂ လလေ...။
မိုးလင်းခါနီး ဝေလီဝေလင်းမှာ သားတို့ပုန်းနေတဲ့နေရာကို အမျိုးဘာသာသာသနာကိုချစ်တဲ့ မျိုးချစ်အုပ်စုရောက်လာပြီး သားနဲ့အတူ သားသူငယ်ချင်းကျောင်းသားတွေကို တစ်ယောက်ချင်း စိန်ပြေလက်ပြေရိုက်သတ်နေခဲ့ကြတာ.... လူမြင်ကွင်းကြီးမှာ.... လူလယ်ခေါင်မှာ... သတ်ကွင်းကြီးတစ်ခုလိုပဲ။ ခေါင်းဖြတ်ပစ်ခံရတဲ့ခလေး မသေမချင်း အိက်ဇောပိုက်နဲ့ ရိုက်သက်ခြင်းခံခဲ့ရတယ်။
ဓားနဲ့အတုံးတုံး ပိုင်းခံရတဲ့ကလေးနဲ့ ကျောင်းသားဆရာလေးဆယ်ကျော် အစုလိုက်အပြုံလိုက်သတ်ပြီးကား တာယာနဲ့တခါတည်း မီးရှို့လက်စဖျောက်လိုက်ကြတာ...
မေကြီးသားလေးရဲ့ ပြာမှုန်လေးတောင် ပြန်မရခဲ့ဘူး။ ပြန်ရဖို့ အမေကြီးကြိုးစားခဲ့ပါတယ်... သားရယ်။
သားကိုမကြိုးစားဘဲ ပစ်ထားခဲ့တာ မဟုတ်ဘူး... သိလား။ ဘယ်လိုကြိုးစားကြိုးစား မရခဲ့လို့ပါ... မေကြီးကဖျောက်ပြီးစိက်ကိုနေခဲ့တယ်... မရဘူး... သားရယ်။
ခုတင်တာ သားကြီးရှိရင် ၂၂ နှစ်ပေါ့။ မေကြီးအားကိုးရပြီ။
သားနဲ့ပတ်သက်ပြီး အနာဂတ်တွေ ပျောက်ခဲ့ရတယ်။
ငါ့သားအတွက် ရည်ရွယ်ပြီးရှေ့ဆက်မို့က အခုနာကျင်မှုတွေ သားရဲ့ပါးလေးကို ဝါးစစ်ပိက်နဲ့ရိုက်သက်လိုက်ကြတယ်။ သွေးအိုင်ထဲလဲရာကနေ ပြန်ထလို့ဆိုပြီး ခြေဖနှောက်အကြောကို ဓါးမြှောင်နဲ့ဖြတ်ပစ်ကြတယ်... ဘာလုပ်လို့လဲ....
အရွယ်က ကလေးလေးပါ။ အစ္စလာမ်ဖြစ်နေလို့ သတ်တာတဲ့လား။ ရက်စက်လိုက်ကြတာ.... လူတော်လူကောင်းတွေကို ရွေးပြီး သတ်ကြတာ...
ရက်ရက်စက်စက် သတ်ကြတာ...
မေကြီးရင်ထဲ အမြဲလွမ်းရတာမို့ အမေကိုမငိုဖို့ ပြောပေမဲ့ သားစကားနားမထောင်ဘဲ ငိုနေတုန်းပဲ...ဝမ်းဝမ်းရယ်... သားကို ခဏေလေးဖြစ်ဖြစ် တွေ့ခွင့်ရမို့ အိမ်မက်တွေမက်မို့အတွက် ဒိုအာတွေတောင်းနေရင်း။
— ဝမ်းဝမ်း အမေကြီး
😭😭😭😭😭😭😭 crd
https://www.facebook.com/share/p/QDnjVKtu64PCtkXF/?mibextid=xfxF2i
#Meikthillar_Massacre
Thursday, August 15, 2024
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။
မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။
ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။
"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း"
ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။
ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။
သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။
အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။
ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။.... ငါ့အမေ အသတ်ခံလိုက်ရပြီ။.... ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။.... ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။
နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။
(၂)
အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆိုနေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။
ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။
ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။
- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"
- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"
- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။
ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကိုဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီးကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် -
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။
သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။
သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။
ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ...
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။
မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။
ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။
— RYanLinn
[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]






























