Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 17, 2018

လွမ်းမိတယ် တန်းခရတောင်တန်းရယ်





လွမ်းမိတယ် တန်းခရတောင်တန်းရယ်
ရာသီကူးပြောင်း ပင်လယ်ဝမှ
လေရူးခတ်လို့ အေးမြရပြီ
မြောက်ပြန်လေတုန်လေးရယ်…
မှိတ်ကာမငြိမ်း နေ့ညလင်းတဲ့
မီးပြတောင်တန်းရယ်…
သောင်ပြင်နံဘေး တံငါရွာက
နေလှန်းငါးစင် ခြေတံရှည်နဲ့
များပြားစက်လှေ တံငါခွင်ကို
ကျင်လည်ကျက်စား ပိုက်ဆိပ်သား…

အေဒီ ၁၇၄၀ တည်ဆောက်နှစ်ဟု
ရွာဟောင်းပလီ မုခ်ဦးဝမှာ
ထိုးတွင်ကမ္ပည်း ကျောက်စာထွင်း၍
ဘိုးဘွားအမွေ သာသနာ့မွေကို
မျက်ကန်းမျိုးချစ် စွန်းရောက်ရခိုင်
သာကီဝင်မှ
ရှို့ကာမီးဝိုင်း ဖြိုကာဖျက်လို့
ရွာစဉ်တွေလည်း ပြာဘုံဘဝရောက်ခဲ့ပြီ…

အခုတော့…
တန်းခရမြစ်ရေ ခါးခဲ့လို့
တို့ဘိုးဘွားချက်ကြွေ ဇာတိမြေမှ
ခဏနေရပ်စွန့်ခွာခဲ့ရပြီ…
ကျောက်ဖြူမြို့ကြီးနယ်…။ 

A IDP ROHINGYA
၂၅. ၁၀. ၂၀၁၂ 

အမျိုးသမီးတွေ အိနြေ္ဒမဲ့ ဝတ်ဆင်မှုကို ရွံ့ရှာသဖြင့် ခရစ်ယာန်ဂိုဏ်းအုပ် တစ်ပါး အိစ္စလာမ်ဘာသာသို့ ကူးပြောင်း



ကင်ညာ ခရစ်ယာန်ဂိုဏ်းအုပ် တစ်ပါး အိစ္စလာမ်ဘာသာသို့ ကူးပြောင်းပြီး သူကိုးကွယ်ခဲ့တဲ့ ခရစ်ယာန်ကျောင်းကိုပါ ပလီကျောင်းတော်အဖြစ် ပြောင်းလဲပေးခဲ့တယ်။ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတွေဟာ အိနြေ္ဒမဲ့ ဝတ်ဆင်ပြီးတော့ သူ့ကျောင်းထဲ ဝင်လာတာကို သူမကျေနပ်ဘူး။ အဲဒီသူတွေနဲ့အတူ သူကြာကြာ မရပ်တည်နိုင်ပါဘူး လို့ ဆိုပါတယ်။ 

“ကျနော်ရဲ့ ကျောင်းတော်က နိုင်းလ်ဂိုရှီ ဘုရားဖိတ် ကျောင်းတော်ဖြစ်တယ်။ သို့သော် ယခု အဲ့ဒီကျောင်းဟာ နိုင်းလ်ဂိုရှီ ဂျာမီယာ ဗလီဝတ်ပြုကျောင်းတော်ပါပဲ။” ခရစ်ယာန်ဂိုဏ်းအုပ် ချားလ်စ် အော့ဝါနီ ( Bishop Charles Okwany )ဟာလဲ ယခု အိစ္စမိုက်လ် အော့ဝါနီ ( Ismael Okwany ) အဖြစ် အမည် ပြောင်းလဲ လိုက်ကြောင်း The Nairobian သို့ ပြောပါတယ်။ 

ကျနော့်ရဲ့ ခရစ်ယာန်ဂိုဏ်းအုပ် သက်တမ်းအတွင်းမှာ ကျနော်ဟာ Malindi, Mombasa, Nairobi နှင့် Tanzania မြို့တို့တွင် ဘုရားသခင်ရဲ့ နှုတ်ခပါတ်တော်ကို တရားဟောရန် ရည်ရွယ်ချက်နဲ့ ခရီးထွက်ခဲ့ဖူးတယ်။


ကျနော်ဟာ အဲ့ဒီအခွင့်အရေးကို အခွင့်ကောင်းယူကာ အဲ့ဒေသမှာနေထိုင်တဲ့  ခရစ်ယာန်ဘာသာဝင်နှင့် အိစ္စလာမ်ဘာသာဝင်ရဲ့ ဆက်ဆံမှု ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရခဲ့တယ်။ အဲ့ဒီ လေ့လာချက်မှ  အိစ္စလာမ်ဘာသာဟာ သာ၍ ကောင်းမွန်မှန်ကန်တဲ့ ဘာသာဖြစ်ကြောင်း နိဂုံးတစ်ခု အနေနဲ့ ဆုံးဖြတ်နိုင်ခဲ့တယ်။” ဟု သူ ထည့်သွင်း ပြောပြခဲ့တယ်။ 

သမ္မာကျမ်းစာရဲ့ သွန်သင်မှုဟာ ကျောင်းတော်ထဲမှာ ကာမစိတ်ဆန္ဒ နိုးဆော်သလိုဖြစ်နေတဲ့ ဝတ်စား ဆင်ယင်မှုကို အားမပေးကြဘူး။  ဒါပေမဲ့ တချို့အမျိုးသမီးတွေဟာ မီနီစကတ် နဲ့ အတွင်း ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ အခြားအဝတ်အစားတွေကို ဝတ်ဆင်ကြနေဆဲဖြစ်တယ်” လို့ အော့ဝါနီက ဆိုပါတယ်။ 

တဆက်တည်း အိနြေ္ဒမဲ့ ဝတ်ဆင်တဲ့ အမျိုးသမီးတွေက ခရစ်ယာန်ဘုန်းတော်ကြီးတွေကိုပင် မှားနေကြောင်း သွေးဆောင်ဖျားယောင်လေ့ရှိတယ်။ 

ကံမကောင်း အားလျော်စွာ ကျနော် အိနြေ္ဒမဲ့ ဝတ်စားဆင်ယင်မှုကို နိမ့်ချ ရှုတ်ချတဲ့အခါ တချို့ လူတွေက ကျနော်မှားနေကြောင်း ထင်ကြတယ်။ သူတို့ဟာ ဘုရားသခင့် အလိုဆန္ဒတော်ကို ဆန့်ကျင်နေတယ် လို့   အော့ဝါနီက ဆိုပါတယ်။ 

အော့ဝါနီက သူ့အိစ္စလာမ်ခရီးကို ကီစီး စီရင်စု( Kisii County )ရှိ မွတ်စလင်ခေါင်းဆောင်များထံ သွားရောက်လည်ပတ်ခြင်းဖြင့် စတင်ခဲ့တယ်။ သူတို့ကို အော့ဝါနီရဲ့ ရည်ရွယ်ချက်တွေ ရှင်းပြတယ်။  ပြီးနောက် သူ့ကို ရန်ဂွယ် ( Rangwe ) အီမာမ် မုစ်တာဖာဆိုကေ( Mustafa Saoke ) ထံ ညွှန်းပေးခဲ့ တယ်။

စက်တင်ဘာလ ၂၆ တွင် အော့ဝါနီ ဟာ မိမိဆန္ဒအလျှောက် အီစ္စလာမ်ဘာသာသို့ တရားဝင် ကူးပြောင်းကာ သူ့ ခရစ်ယာန်ကျောင်း၏ အခြားအဖွဲ့ဝင် ၂၃ ဦး လည်း နောက်မှ ပူးပေါင်းလာခဲ့တယ်။

Kagan ရပ်ကွက်ရဲ့ မွတ်စလင် ၃၃ ယောက် အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပေးရန် ဆုံးဖြတ်ပြီးနောက်  လက်ရှိ အခြေအနေတွင် အဲ့ဒီပလီရဲ့ လူဦးရေမှာ ၆၃ ယောက်ရှိလာပြီ။ 

မွတ်စလင် တစ်ဦးဖြစ်လာပြီးနောက် အော့ဝါနီဟာ သူ့ဘာသာသစ်နဲ့ ပတ်သတ်ပြီ ပို၍ သိချင်စိတ်ဖြစ်လာ တယ်။ 

အီစ္စလာမ်ဘာသာ၌ ဘုရားသခင် နှုတ်ကပါတ်တော်တွေကို တရားဟောပြောနိုင်ရန် အလို့ငှာ ကျနော်ဟာ အိစ္စလာမ် သာသနာ့နဲ့သက်ဆိုင်တဲ့ သင်တန်းတစ်ခု တက်ချင်တယ်။ လို့လဲ အင်တာဗျူးမှာ ပြောသွားတယ်။ 

ကျနော် တစ်ခါမှ ဘုရားသခင် သာသနာဆိုင်ရာ သီအိုလိုဂျီ သင်တန်းတွေကို မတက်ခဲ့ဖူးဘူး။ ဒီတစ်ခေါက်တော့ ကျနော့်ရဲ့ စလုံး ရေး “စ” ဖြစ်ပါလိမ့်မယ်။ 

(နတ်မျက်စိ ဘာသာပြန်သည်။) 

Tuesday, June 5, 2018

Rocógula: Rohingya Traditional Foods




ရောချော့ဂူလာ [မလိုင်လုံး]



အစားအစာကို တစ်ခုပြီးတစ်ခု တင်ပေးနေစဉ် ဒီတစ်ခါတော့ နို့ထွက်အစားအစာ တစ်မျိုးအကြောင်း တင်ပြပေးချင်တယ်။ အဲ့ဒါက ရိုတွေရဲ့ မုတ်ဆိတ်ပျားစွဲ ရောချော့ဂူလာ (Rocógula) အကြောင်း ဖြစ်ပါတယ်။ “ရောခ်ျ ” အရည် နဲ့ “ဂူလာ” အသီး တို့ ပေါင်းထားတဲ့ ပေါင်းစပ်နာမ်ဖြစ်တယ်။ အရည်လွှမ်းတဲ့ အသီး လို့ အဓိပ္ပာယ်ရတယ်။ ဗမာလို မလိုင်မုန့်လုံး လို့ ပြန်လိုက်ရင် အနီးစပ်ဆုံး ဖြစ်နိုင်ပါမယ်။ 


ရောချော့ဂူလာ ဟာ နို့ထွက်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဗမာ ရေပေါ်မုန့်လုံးနဲ့ ခပ်ဆင်ဆင်တူတယ်။ ဗမာက ဆန်နဲ့ ပြုလုပ်ပြီး ---ကျတော့ နို့နဲ့ လုပ်ကြတာပဲ ကွာတယ်။ လယ်ယာနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်သော ----တို့သည် ခိုင်းနွားကျွဲများကို မွေးမြူကြသည်မှာ အားလုံးအသိဖြစ်ပါတယ်။ ကျွဲ နွား ခြံကြီးတွေ ရှိတာပါပဲ။  နွား၊ ကျွဲ ရှိလျှင် နို့တော့ ရိုးနေမှာပဲ။ အဲ့နို့ကို နည်းအမျိုးမျိုးနဲ့ သုံးဆောင်ကြတယ်။ နို့ထွက် --အစားအစာမှာ ထင်ရှားတာက ဓောအီ (Doi) ဖြစ်တယ်။ ဘယ်လူမျိုး ဘယ်ဘာသာဖြစ်ဖြစ် တစ်ခါ စားမိရင် မေ့မှာ မဟုတ်ဘူး။ လူဖြစ်ကျိုးနပ်မယ်လို့ ထင်မိမှာပါ။ အဲ့ဒါကို နောက်ပို့စ် တစ်ခုမှာ တင်ပေးပါမယ်။ 


ရောချော့ဂူလာ ဟာ အသည်းစွဲမုန့်တစ်မျိုးဖြစ်တယ်။ လုပ်ရလွယ်တယ်။ စားရတာလဲ ချိုကဲလွန်တယ်။ မယုံရင် သင်ပေးတဲ့အတိုင်း လုပ်စားကြည့်။ လိုအပ်တဲ့ပစ္စည်းက ရိုးရိုးလေးပဲ။


ပါဝင်ပစ္စည်းများ 

၁။ နို့စိမ်း 
၂။ ရှာလကာရည်/ အချဉ် (သံပရာ ၂ လုံးဆိုရင်တော်ပြီ) 
၃။ သကြား 
၎။ ရေ

ဒီလောက်ပဲ လိုအပ်တာနော်။ 


ပြုလုပ်နည်း


၁။နွားနို့ကို ဆူအောင် တည်ပါ။ ဆူလာတဲ့အခါ ရှာလကာရည် သို့မဟုတ် သံပရာရည်ကို လောင်းထည့်ရ တယ်။ ကောင်းစွာ မွေပြီး ဆက်တည်ပါ။  နို့ဟာ အက်ကွဲ နို့နှစ် မလိုင်နဲ့ ရေကြည် တခြားစီ ဖြစ်သွားတဲ့ အထိ မီးဖိုပေါ် မီးတကျဲကျဲနဲ့ ထားရမယ်။ ရေနဲ့ မလိုင် ခြားသွားပြီ ဆိုရင် မီးပေါ်မှ ချထားပါ။  


၂။ မလိုင်ဖတ်စစ်ရန်အတွက်  ရေစစ်နိုင်တဲ့ သန့်တဲ့ အ၀တ်ပါးတခုကို အိုးလွတ်တစ်ခုပေါ်မှာ တင်ထားပါ။ ထို့ နောက် ကျိုထားသော အရည်များကို အ၀တ်ပေါ်လောင်းချပါ။ အရည်စစ်ပါ။ အေးသွားလျှင် မလိုင်ဖတ်မှ အရည်များကို ဖိညှစ်ချပါ။  ရေတွေမကျန်အောင် အကုန်ညှစ်ထုတ်ပါ။ အဲ့ဒီ နို့အနှစ်ပါတဲ့ အချာထုတ်ကို ဒီအတိုင်းထားပါ။ ရေနွေးအိုးတည်ပါ။ (အရည်များကို မသွန်ပစ်ပါနဲ့ ။ အသုံးဝင်တတ်ပါတယ်။ ဟင်းချက်ရာတွင် ထည့်လျှင် ဟင်းအရသာ စိမ့်စိမ့်လေးဖြစ်စေရန်အတွက် အသုံးပြုလို့ ရပါတယ်။)

၃။ မလိုင်ဖတ်မှ အရည်များကုန်လျှင် မလိုင်ဖတ်များကို ဇလုံတခုထဲထည့်ရ်ျ နူးညံ့လာအောင်လက်ဖြင့် ဖိရ်ျ နယ်ပါ။ ထို့ နောက် လောက်စလုံးအရွယ်အလုံးလေးတွေလုံးထားပါ။ (အကြီးကြီးတွေ မလုံးပါနဲ့ သကြားရည်ထဲ ထည့်ပြုတ်လျှင် ကြီးလာမှာမို့ ပါ။)

၎။ သကြားရည် လုပ်ရန် အတွက် အိုးတခုထဲတွင် ရေနှင့် သကြားကို ထည့်ရ်ျ သကြား အရည်ပျော်လာပြီး ပွက်လာသည်အထိတည်ပါ။   ရေပမာဏကို ကြည့်ပြီး သကြားထည့်ပါ။ ပွက်လာလျှင် သကြားရည် တ၀က်ကိုဖယ်၍ အအေးခံထားပါ။ သတိထားရမှာက အချိုလွန်ကဲရမယ်။ ဒါမှ ကောင်းတဲ့ ရောချော့ဂူလာ ဖြစ်လာမှာပါ။

၅။ အိုးထဲတွင် ကျန်သောသကြားရည်ကို မီးဖိုပေါ်ဆက်တည်ပါ။ လုံးထားသော မလိုင်လုံးများကို သကြားရည်အိုးထဲ ထည့်၍ ၁၀ မိနစ်- ၁၅ မိနစ်ခန့် ထည့်ပြုတ်ပါ။ အဖုံးကို လုံအောင်ဖုံးပါ။(အကြာကြီးပြုတ်လျှင် မလိုင်လုံးများမာသွားတတ်ပါတယ်။) အဖုံးလှန်ကြည့်ပါ။ မလိုင်အသီးတွေ အက်ကွဲမသွားဘူး ဆိုရင် အိုကေပဲ။ ပြန်ဖုံးထား။ နောက် မိနစ် ၂၀ လောက် မီးပေါ်ထား။ ပြီးရင် အအေးခံထားပါ။

၆။ ထို့ နောက်မလိုင်လုံးများကို သကြားရည်အိုးထဲမှ ဆယ်ပြီး အအေးခံထားသော သကြားရည်ထဲကို စိမ်ထားပါ။ သကြားရည် နှင့် မလိုင်လုံးအေးသည်အထိအပြင်မှာထားပြီးအေးသွားလျှင် ပုလင်းအသန့် ထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး ၂ ပတ်လောက်ထားလို့ ရပါတယ်။ 

၇။ မလိုင်လုံးချိုချိုကိုသုံးဆောင်နိုင်ပါပြီရှင်။ အိမ်တွင် ရိုအစားအစာ ဖြစ်တဲ့ ရောချော့ဂူလာ ကို ပြုလုပ်ကာ အရသာခံစားကြည့်ပါ။ 


အချိုးအစား
၁။ နွားနို့ - ၂ လီတာ
၂။ ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား - ၃ ခွက်
၎။ ရေ - ၂ ခွက်
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml) 

တို့တွင် မလိုင်မုန့်လုံး ၁၅ လုံး - ၁၈ လုံး အထိ ပြုလုပ်နိုင်ပါတယ်။ 








Saturday, June 2, 2018

ဘယ်မှာလဲ?


ဘယ်မှာလဲ/ ဘယ်လမ်းရွေးမလဲ

ခင်ဗျား အဖေကောလို့
သူ့ကို ငါမေးကြည့်ပါတယ်။
ကျုပ်အဖေကို သူတို့ ပစ်သတ်လိုက်ကြတယ်။ 

 

ခင်ဗျား အမေကောလို့
သူ့ကို ငါမေးလိုက်ပါတယ်။
ကျုပ်အမေကိုလဲ
သူတို့ပဲ ဓားနဲ့ ထိုးစိုက်
သတ်လိုက်ကြတာပါပဲဗျာ။

   

ခင်ဗျား ဇနီးကောလို့
သူ့ကို ငါမေးလိုက်ပါတယ်။
ဗိုက်ထဲက
ရင်သွေးနဲ့ အတူပဲ
ဗုံးထဲပါသွားတာ 
အသား တစ်တွေ
ဖြစ်ကုန်တာပါပဲဗျာ။ 

      

        ခင်ဗျားတို့ရဲ့ အိမ်ကောလို့

သူ့ကို ငါမေးလိုက်ပါတယ်။
ကျုပ်အိမ်ကိုလဲ 
သူတို့ပဲ မီးရှို့လိုက်ကြတာပါပဲ။


ခင်ဗျားရဲ့ ရွာကောလို့
သူ့ကို ငါမေးလိုက်ပါတယ်။
လူနေအိမ်ခြေ မရှိရအောင်
မြေလှန်ဖျက်ဆီးခဲ့ကြတယ်။ 


ရွာမှာနေလာကြသူအားလုံး
အစုလိုက်အပြုံလိုက် သေနင်္ဂဗျူဟာ
ကျေးရွာတွေပဲ
ချုပ်ထားကြတာပဲ။


ဘယ်လမ်းကို ရွေးမလဲလို့
သူ့ကို ငါမေးလိုက်ပါတယ်။
သူ့ရဲ့ မျက်ရည်များ
ခန်းခြောက် သွားပြီးတော့ 
ရယ်သံများ
ပွင့်အံ ပေါက်ကွဲလာတော့တယ်။
တစ်လမ်းထဲကိုပဲ 
ရွေးရမှာပဲဗျို့
အဲ့ဒီလမ်းကတော့
ကျုပ်တို့ ပြည်သူတစ်ရပ်လုံး
ရန်သူကို ကြေပြုန်းအောင်
ချေမုန်းကြဖို့ပါပဲ။    ။

ဗီယက်နမ် ကဗျာဆရာ လီတန်လွိုင်ရဲ့ ကဗျာ မြန်မာပြန်




အီကွေတာမျဉ်း မှားဖြတ်သွား၊ ကျောင်းသင် မြန်မာဖွား




အီ​ကွေတာ နဲ့ ပြည်​မြန်​မာ



ပထ၀ီဘာသာအဓိကနဲ့ ဘွဲ့ရခဲ့တဲ့ ဦးလှ​ရွှေ သူ့​မြေးအငယ်​ ​မောင်​ချစ်​ဖွယ်​နဲ့ကျမှ ​ခေါင်းစားရပြီ။ ​ကျောင်းဆရာဘ၀ ကိုလည်း ​အေး​အေး​ဆေး​ဆေး ကျွမ်းကျင်​တဲ့ဘာသာရပ်​ သင်​​ပေးရင်း ဖြတ်​သန်းလာခဲ့တယ်​။ အခု...ကြည့်​..
"ဘိုးဘိုးကြီး ..ဘိုးဘိုးကြီး...ဒီမှာကြည့်​ပါဦး အီ​ကွေတာ...အီ​ကွေတာ..."
"အီ​ကွေတာ...ဘာဖြစ်​လဲကွယ့်​ ​ငါ့မြေးရဲ့"
"​သေ​သေချာချာကြည့်​​လေ ဘိုးဘိုးရဲ့။"
"​အေး..​အေး..ကြည့်​မယ်​၊ ဘိုးဘိုးမျက်​မှန်​ ယူ​ပေး။"
မျက်​မှန်​တပ်​ပြီး ​မြေး​လေးပြတဲ့ ကမ္ဘာ့​မြေပုံကို ​ကျောင်းသုံးပြဋ္ဌာန်းစာအုပ်​မှာ ကြည့်​လိုက်​​တော့မှ......
"​ဟေ...ဟာ...ဘယ်​လိုဖြစ်​တာလဲ။"
? ? ? ? ? ? ? ? ? ? ? ?

အဘိုးတူလို့ထင်​ရဲ့ စာဖတ်​၀ါသနာပာလာ
လေ​တော့ ​ကျောင်းမဖွင့်​ခင်​ ​ကျောင်းစာအုပ်​​တွေ ၀ယ်​ခိုင်းပြီး ဖတ်​​နေ​တယ်​။ သိချင်​တာရှိ အဘို့ချည့်​​မေး​တော့တာ။ 
"ဘိုးဘိုးကြီး ​တွေ့ပြီလား။"
"အင်း"
"အီ​ကွေတာမျဉ်းကြီး မြန်​မာပြည်​ ဖြတ်​သွားပြီဗျ။ ဒါ​ကြောင့်​ သားတို့ပြည်​ တအားပူ​နေတာလား။ အီ​ကွေတာမျဉ်းက ​ပြောင်းတတ်​သလား ဘိုးဘိုး"
"မ​ပြောင်းပါဘူးကွာ ဘိုးဘိုး တက္ကသိုလ်​မှာအထူးပြု သင်​ယူလာတဲ့ ဘာသာပဲ ​မြေး​လေးရဲ့။ ​မြေပုံမှား​နေတာ ကွယ့်​။"
"ဘိုးဘိုး ..​မြေပုံက မှားတတ်​လား.ဟင်​"
"လူက မှားတာ​ပေါ့ ​ငါ့​မြေးရယ်​။"
"အီ​ကွေတာမျဉ်း ဖြတ်​သွားတဲ့ ၁၃ နိုင်​ငံထဲမှာ မြန်​မာနိုင်​ငံ မပါပါဘူးကွာ။ မြေး​လေးမှတ်ထား မြေပုံဆွဲတာ မှား​နေတာ"
> > > ®< < <




"ဟဲလို......"
"ဟဲလို....."
"သူငယ်​ချင်း ညိုပြား အလုပ်​များ​နေလား"
"မများ​ပေါင်​ဗျာ ကိုလှ​ရွှေရာ။ ခင်​ဗျားလို 
မြေးနဲ့ အလုပ်​ရှုတ်​စရာ မှမရှိ။"
"အ​ကြောင်းရှိလို့ ဖုန်းဆက်​တာ။ ကျုပ်​​မြေး​လေးက ​မေး​နေတယ်​။ အီ​ကွေတာ ပြည်​မြန်​မာဖြတ်​သွားတာ တစ်​ကယ်​လားတဲ့။ သူ့ပဉ္စမတန်းစာအုပ်​မှာ ဖြတ်​​နေလို့တဲ့။ ခင်​ဗျားဆီမှာ​ရော ဖြတ်​သွားသလား ကြည့်​​ပေးစမ်းပါဗျာ။ကျုပ်​တို့ ကချင်​ပြည်​နယ်​က စာအုပ်​မှာ​တော့ ဖြတ်​သွားလို့ဗျို့။ပဉ္စမတန်း ပထ၀ီဝင်​ ပြဋ္ဌာန်းစာအုပ်​ စာမျက်​နှာ ၄။"
"ကြည့်​​ပေးပါမယ်​။ ပညာ​ရေး ...​ပညာ​ရေး လူတကာ​ဆွေး​နွေး​နေတဲ့ကြားကဗျာ။ "
ချက်​ချင်းပဲ ​နောက်​ဘက်​အိမ်​က ဆရာမ ဒေါ်နီလာ​ဆွေရဲ့သား​လေး ​မောင်​ဟိန်းထက်​​အောင်​ဆီက ပဉ္စမတန်း ပထ၀ီဝင်​စာအုပ်​ ငှါးကြည့်​လိုက်​တော့....
အိုး....အီ​ကွေတာ ပြည်​မြန်​မာ ဖြတ်​လို့ဗျို့....
အမှားကြာ အမှန်​ မထင်​ရ​လေ​အောင်​ အင်​တာနက်​မှာ အ​ဖြေရှာ တင်​လိုက်​ဦးမှပါ။
ခေတ်​အဘိုးတို့ သတိထား ဟိုးတုန်းကလို​မြေးများမဟုတ်​။ ဒီ​ခေတ်​​မြေး​တွေကို အမှီလိုက်​ ငိုက်​ကျန်​မ​နေကြနဲ့​နော်​။ 
ငယ်​ငယ်​ကကြားခဲ့ဖူးတဲ့ ​မြေးအဘိုးနှစ်​​ယောက်​၊ ကြယ်​​ပေါင်းခ တဲ့ ညတစ်​ည တလင်းဝိုင်းမှာ အတူထိုင်​ပြီး ကြယ်​​တွေကို ကြည့်​ရင်း​..
"ဘိုးဘိုး...ဓူဝံကြယ်​ ဘယ်​ဟာလဲ ပြပေးပါလား။"
"ဟိုး....​တောင်​ဘက်​တည့်​တည့်​မှာမြင်​​နေရတာ ဓူဝံကြယ်​​ပေါ့ ​မြေးရဲ့။"
"ဟင်​...ဘိုးဘိုးကလည်း...​မြောက်​ဓူဝံ ​တောင်​ တံငါ့ကွန်​ လို့ပဲ ကြာဖူးပါတယ်​။ ဘိုးဘိုးပြတာ ​တောင်​ဘက်​ကြီးပဲ။"
"ရှူး....တိုး..တိုး..သူများ​တွေကြားသွားမယ်​။ ဒီတစ်​ညထဲ ​တောင်​ဘက်​​ရောက်​သွားတာ ဘိုးဘိုးနဲ့ ​မြေး​လေးပဲသိတယ်​။ ​လျှောက်​ မ​ပြောနဲ့​နော်​...။" တဲ့။ ဟိုး...တုန်းက....
အီ​ကွေတာနဲ့ ပြည်​မြန်​မာ အ​နေမကြာခင်​ ပြင်​နိုင်​ကြပါ​စေ။ 



#Photo-credit
ချမ်း​မြေ့ကြပါ​စေ။
ညိုပြား
29-5-2018
Red အနီ