Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 17, 2018

လွမ်းမိတယ် တန်းခရတောင်တန်းရယ်





လွမ်းမိတယ် တန်းခရတောင်တန်းရယ်
ရာသီကူးပြောင်း ပင်လယ်ဝမှ
လေရူးခတ်လို့ အေးမြရပြီ
မြောက်ပြန်လေတုန်လေးရယ်…
မှိတ်ကာမငြိမ်း နေ့ညလင်းတဲ့
မီးပြတောင်တန်းရယ်…
သောင်ပြင်နံဘေး တံငါရွာက
နေလှန်းငါးစင် ခြေတံရှည်နဲ့
များပြားစက်လှေ တံငါခွင်ကို
ကျင်လည်ကျက်စား ပိုက်ဆိပ်သား…

အေဒီ ၁၇၄၀ တည်ဆောက်နှစ်ဟု
ရွာဟောင်းပလီ မုခ်ဦးဝမှာ
ထိုးတွင်ကမ္ပည်း ကျောက်စာထွင်း၍
ဘိုးဘွားအမွေ သာသနာ့မွေကို
မျက်ကန်းမျိုးချစ် စွန်းရောက်ရခိုင်
သာကီဝင်မှ
ရှို့ကာမီးဝိုင်း ဖြိုကာဖျက်လို့
ရွာစဉ်တွေလည်း ပြာဘုံဘဝရောက်ခဲ့ပြီ…

အခုတော့…
တန်းခရမြစ်ရေ ခါးခဲ့လို့
တို့ဘိုးဘွားချက်ကြွေ ဇာတိမြေမှ
ခဏနေရပ်စွန့်ခွာခဲ့ရပြီ…
ကျောက်ဖြူမြို့ကြီးနယ်…။ 

A IDP ROHINGYA
၂၅. ၁၀. ၂၀၁၂ 

No comments:

Post a Comment