Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 9, 2021

မိုးပြာဂိုဏ်း (သို့) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ

 



မိုးပြာဂိုဏ်း (သို့) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ


(ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မဝိဟာရီ ဦးဉာဏ၏ ကိုယ်ရေးအကျဉ်း) 


အမည်  – ဓမ္မဝိဟာရီ ဦးဉာဏ

အသက် – ရ၂ နှစ်

နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀

ကိုးကွယ်သည့်ဘာသာ – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ

အလုပ်အကိုင် – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြဝါဒပေးခြင်း။

 နေရပ်လိပ်စာ– (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့် 

(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။

မိဘအမည် – ဦးမြဒင် + ဒေါ်လှထွန်း

မွေးသက္ကရာဇ်– ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။

မွေးရာဇာတိ – ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။

လူမျိုး – မြန်မာ

အရပ် – ၅ ပေ၊ ၅ လက်မ

ထင်ရှားသည့်အမှတ်အသား – ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။

ပညာသင်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း။

ကိုရင်ဝတ်သည့်နှစ် – ၁၃၁၄ ခုနှစ်

ကိုရင်ဝတ်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။

ကိုရင်ဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ

ရဟန်းခံသည့်နှစ် – ၁၃၁၉ ခုနှစ်

ရဟန်းဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ

ပိဋကတ်စာပေသင်ယူရာဌာန – မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။

ငယ်၊ လတ်၊ ကြီးအောင်ဌာန – မစိုးရိမ်ကျောင်းတိုက်

စာချတန်းစာဝါလိုက်ဌာန – မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)

သင်ကြားပေးသည့် ဆရာတော်များ – မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။

စာသင်နှစ် – အသက် ၂၅ နှစ်၊ ၅ ၀ါထိ။

တောကျောင်းထွက်နေသည့်နှစ် – အသက် ၂၅ နှစ်မှအထက်။

တောကျောင်းနေရာဌာန– ရှင်မတောင်ရွာတောကျောင်းနှင့်

မင်းကွန်းစံတော်မူတောင်နှင့်ရွှေမြင်တောင်၊ (အရှေ့ရိုးမ အခြေ)၊

ငွေတောင်နှင့် မိုးပေါက်ကျချောင်။ 

လက်ရှိနေရာ၌စတင်နေသည့်နှစ် – ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။

ဘာသာပြောင်းသည့်နှစ် – ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊

ည ၁၀ နာရီ၊ မိနစ် ၃၀။

ဘာသာပြောင်းရသည့်အကြောင်း – ထေရဝါဒ၌နေစဉ် ထေရဝါဒလက်ခံကျင့်သုံးနေသော ရှေးဘဝ၊ ခုဘဝ၊ နောင်ဘဝ အယူများသည်ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ်သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရဝါဒနှင့် လုံးဝဆန့်ကျင်သော အယူဝါဒအချုို့ .......

(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။

(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။

(၃) ရှေ့ဘဝ၊ နောက်ဘဝမရှိဟု ယူကြသည်။

(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။

(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။

(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက်

လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။

(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်

တို့ကိုမပြုသင့်ဟု ယူကြသည်။

(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။

(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။

(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။

(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။

(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။

(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။

(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း

သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု

ယူကြသည်။

(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။

(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။

(၁၇) ထေရဝါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရဝါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။

(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။

(၁၉) သိဒ္ဓတ္ထဘဝမှ ဗုဒ္ဓဘဝသို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။

(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။



Copy from Soe Thuzar


No comments:

Post a Comment