လာမယ့် သြဂုတ်လ ၂၅ရက်နေ့ဟာဆိုရင်
ရိုဟင်ဂျာ လူမျိုးများအပေါ် အကြမ်းဖက်စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့
၄နှစ်မြောက် အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်...
လွန်ခဲ့တဲ့ ၄ နှစ်နဲ့ ရှေ့မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက
ခေတ်အဆက်ဆက်အစိုးရတွေဟာ
ရိုဟင်ဂျာလူမျိုးတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့
အခွင့်အရေးပေါင်းစုံကိုချိုးဖောက်ခဲ့ကြပြီး
မြန်မာနိုင်ငံပြင်ပက လူမျိုးတွေအဖြစ်စွပ်စွဲကာ
ရိုဟင်ဂျာတွေရဲ့ လူမျိုးဖြစ်တည်မှုကိုပါ ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ...
ရာစုနှစ်တဝက်ကျော် အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့
ဝါဒဖြန့်ချိမှုကြောင့် ပြည်သူလူထုကိုယ်တိုင်က
ရိုဟင်ဂျာဆိုတာ ဒီတိုင်းပြည််မှာ မရှိတဲ့လူမျိုးလို့
ယုံမှတ်မှားခဲ့ပြီး သူတို့အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို
ကာကွယ်ရပ်တည်ပေးကြဖို့ ပျက်ကွက်ခဲ့ရပါတယ်...
ပြည်သူတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကိုယ်ထိလက်ရောက်မပါခဲ့ရင်တောင် ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာလည်း တစုံတရာတော့ တာဝန်မကင်းဘူးလို့ ဆိုနိုင်ပါတယ်...
အဲ့ဒီတာဝန်မကင်းမှုကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့မှာ ထုတ်ဖော် ဝန်ခံ တောင်းပန်ခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ စိတ်ရင်းစေတနာမှန်ကို ပြသဖို့လိုအပ်ပါတယ်...
ဒါကြောင့် #myapology2rohingya ဆိုတဲ့ ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ပေးကြဖို့ ပြည်သူအားလုံးကို ဖိတ်ခေါ်ပန်ကြားအပ်ပါတယ်...
ပါဝင်ရမယ့်နည်းကတော့ အခုဖတ်နေတဲ့ စာစုတခုလုံးကို copy ကူးယူပြီးတင်ပေးပါ...
ပြီးတဲ့အခါမှာ ပူးတွဲပါပုံကိုလည်း copy save လုပ်ပြီးပြန်တင်ပေးပါ...
ဒီလှုပ်ရှားမှုကို အင်တိုက်အားတိုက် ပါဝင်ခြင်းဖြင့်
ကျွန်ုပ်တို့ ပြည်သူအားလုံးရဲ့ ရိုဟင်ဂျာလူမျိုးများအပေါ် ထားရှိတဲ့ စိတ်ရင်းမှန်ကို ရိုဟင်ဂျာလူမျိုး မောင်နှမများနဲ့တကွ ကမ္ဘာတဝန်းလုံးက သိရှိအောင် ပြသကြပါစို့...
လူမျိုးတုန်းသတ်ဖြတ်ခံနေရချိန်တွင်
ကာကွယ်ရပ်တည် မပေးနိုင်ခဲ့ခြင်းအတွက်
ရိုဟင်ဂျာလူမျိုး မောင်နှမများအား
ကျွန်ုပ်အနေဖြင့် အနူးအညွတ်
တောင်းပန်အပ်ပါသည်
#myapology2rohingya
#rohingyagenocideremembrenceday
#aug25th
အခြားသော ဆက်စပ်လှုပ်ရှားမှုများကိုလည်း
ပူးပေါင်းပါဝင်နိုင်ပါသည်...
- မိုဃ်းသွေး
(23-8-2021)
No comments:
Post a Comment