Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 28, 2016

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး HACKER (၅)ယောက်

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး HACKER (၅)ယောက်

1. Gary McKinnon

သူကတော့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ကွန်ပျူတာတွေကိုဝင်ဟတ်ပြီး “မင်းတို့လုံခြုံရေးက အလကားပဲ”လို့ဝင်ရေးခဲ့တဲ့သူပါ။ ၂၀၀၁၊ ၂၀၀၂လောက်တုန်းက အမေရိကန်စစ်တမ်နဲ့နာဆာရဲ့ ကွန်ပျူတာတွေကို လန်ဒန်ကနေဝင်ဟတ်ပြီးဖိုင်တွေကိုဖျက်ကာ ပတ်စဝေါ့ဒ်တွေ ချိန်းခဲ့ပါတယ်။ 2002ခုနှစ်မှာပဲ အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ဗြိတိန်ထောင်ထဲရောက်နေပါတယ်။ အရမ်းကျွမ်းကျင်ပေမယ့် အရမ်းအန္တရာယ်ရှိတဲ့ ဟတ်ကာ တစ်ယောက်ဖြစ်တာကြောင့် အမေရိကန်က သူ့ကိုအခုအချိန်ထိလိုချင်နေပါတယ်။
2. Kevin Mitnick

Kevinကောတ့ အခုလောလောဆယ်မှာ စီးပွားရေးလုပ်ငန်းတွေပဲလုပ်နေပါတယ်။ အရင်တုန်းကတော့ လုပ်ငန်းရှင်ကြီးတွရဲ့ ဆိုက်ဘာလုံခြုံရေးကိုတာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၅တုန်းက တရားရေးဝန်ကြီးဌာနရဲ့ကွန်ပျူတာတွေကိုဝင်ရောက်ခဲ့လို့အဖမ်းခံခဲ့ရပါတယ်။ နူးကလီးယားဒုံးကျည်တွေကို သူတစ်ချက်လေချွန်ရုံနဲ့ ထိန်းချုပ်လို့ရတယ်လို့လည်းဆိုခဲ့သူဖြစ်ပါတယ်။ လုပ်လို့ရမရတော့ မသိပေမယ့် ထောင်၅နှစ်ကျခံခဲ့ရပါတယ်။
3. Jacob Appelbaum

နောက်ထပ် ဟတ်ကာတစ်ယောက်ကတော့နာမည်ကြီးတွေရဲ့ အရှုပ်တော်ပုံတွေကိုဖော်ထုတ်နေတဲ့ ဝီကီလိခ်ရဲ့ဟတ်ကာ Jacobပဲဖြစ်ပါတယ်။ သူဟာငယ်စဉ်က မိဘအရင်းတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး နောက်ပိုင်းမှာတော့ဆေးစွဲနေတဲ့ဖခင်နဲ့ ပြန်လည်နေထိုင်ခဲ့ရပါတယ်။ ဆိုးရွားလှတဲ့ကလေးအတွ့အကြုံကသူ့ကိုကွန်ပျူတာနယ်ပယ်ထဲတွန်းပို့ခဲ့ပါတယ်။သူ့ကိုအများက အန္တာရယ်အရှိဆုံး ဟတ်ကာအဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။
4. Cody Kretsinger

သူကတော့ LulzSecလို့ခေါ်တဲ့ ဟတ်ကာအဖွဲ့မှာပါဝင်ခဲ့တာဖြစ်ပြီး Sony Playstationကိုဟတ်တဲ့အမှုမှာပါဝင်ခဲ့ပါတယ်။ လူပေါင်း ၇၇သန်းရဲ့အချက်အလက်တွေကိုခိုးယူခဲ့ပေမယ့် အလွယ်တကူခိုးယူလို့ရကြောင်းပဲ ပြချင်ခဲ့တာကြောင့်ကြီးလေးတဲ့ ပြစ်ဒဏ်တော့ မကျခဲ့ပါဘူး။ ဒါပေမယ့် ထောင်ဒဏ်တစ်နှစ်တော့ကျခံခဲ့ပါတယ်။
5. Robert Tappan Morris

သူကတော့ ဟတ်ကာတွေထဲမှာတော်တော်ကိုစောတဲ့အထဲက ဟတ်ကာလို့ပြောလို့ရပါတယ်။ ‘Morris Worm”လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်ဟာ ကွန်ပျူတာပေါင်း ၆၀၀၀လောက်ကိုထိခိုက်ခဲ့ပါတယ်။သူက အင်တာနက်အရွယ်အစားကိုတိုင်းတာချင်ခဲ့တာဖြစ်ပေမယ့် သူ့ဗိုင်းရပ်စ်ဟာ အလိုလျောက်အသစ်တွေထပ်မွေးတဲ့အတွက် ကွန်ပျူတာပေါင်းများစွာကူးစက်ခံခဲ့ရပါတယ်။ သူကတော့ ပြစ်ဒဏ်မကြီးမားပဲ စောင့်ကြည့်ခြင်းပဲခံခဲ့ရပါတယ်။

နိုင်ငံတော်သမ္မတကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီ

နိုင်ငံတော်သမ္မတကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီ


နိုင်ငံသူနိုင်ငံသားတွေရဲ့ နစ်နာမှုတွေ၊ အကြံပြုချက်တွေ၊ အသနားခံစာတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကို တိုက်ရိုက်တိုင်ကြားဆက်သွယ်နိုင်တဲ့ အွန်လိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။

အဲဒီလို တိုင်ကြားဆက်သွယ်ရာမှာ မိမိရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ဖော်ပြရမျာဖြစ်ပြီး အခြားဓာတ်ပုံနဲ့ ဖိုင်တွေကိုလည်း တွဲပြီး တင်ပြနိုင်မှာဖြစ်ပါတယ်။ အဲဒီhttp://www.mpoofficemail.com ကို ၀င်ရောက်တိုင်ကြားရာမှာ ဖိုင်တွေကို ၂ မီဂ္ဂါဘိုက်အထိ တွဲပြီးတင်ပြနိုင်ပါတယ်။

Monday, May 23, 2016

မြန်မာအစိုးရသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်

 မြန်မာအစိုးရအသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်

နှစ် ၅၀ ကျော် ကာလအတွင်း ပညာရေးစနစ်ကို မဟာဗျူဟာပျောက်၊ ဦးတည်ရာမဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြအပြီး နောက်တက်လာမယ့် မြန်မာအစိုးရအသစ်ဟာ ပညာရေးပြဿ နာ  အကြီးကြီးတွေနဲ့ ဆိုးမွေတချို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့်အပတ် နိုဝင်ဘာ ၈ ရက်၊ ၂၀၁၅ နေ့ဟာ မြန်မာနိုင်ငံရဲ့ ထူးခြားလှတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ရာဖြစ်တယ်။ ဒီဘက်ခေတ်မှာ ပြည်တွင်းပြည်ပက စိတ်ဝင်စားမှုအရှိဆုံး ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ ပြောင်းလဲဖို့ရာအတွက် မျှော်လင့်ချက်တွေ ပြင်းထန်နေချိန်မှာ ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲအပေါ်မှာ စိုးရိမ်မှုများနဲ့ အငြင်းပွားဖွယ်များကလည်း ရှိနေပြန်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ အလှမ်းဝေးနေသေးပြီး ပြင်ဆင်ဖို့ လိုအပ်နေဆဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာဟာ ၅ နှစ် အစိုးရသက်တမ်း တခုပြီးဆုံးလို့ လာခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်နိုင်ခဲ့တယ်လို့ အစိုးရက တွင်တွင်ပြောနေပေမယ့် သိသာထင်ရှားတဲ့ ပြည်သူဗဟိုပြု ရလဒ်ကောင်းများကတော့ လုံးဝ မပီပြင်သေးပါဘူး။ အထူးသဖြင့် ကမ္ဘာ့အနိမ့်ဆုံး အခြေအနေဆိုးမှာ ရှိနေဆဲ ပညာရေးကဏ္ဍမှာ အရေအတွက်ပိုင်းမှာကော၊ အရည်အသွေးပိုင်းမှာပါ စိန်ခေါ်မှုတွေဟာ ဒုနဲ့ဒေးပါ။ ပညာရေးစနစ်ဟာ ဒီမိုကရက်တိုင်းဇေးရှင်းဖြစ်စဉ်နဲ့ ဖက်ဒရယ်စနစ်ကို ထောက်ကူပံ့ပိုး အားဖြည့်ဖို့ရာအတွက်လည်း များစွာ ပြုပြင်ရပါဦးမယ်။
သိပ်မဝေးသေးတဲ့ နှစ် ၃၀ ပညာရေးစီမံကိန်းရဲ့ မရှုမလှ ကျဆုံးခန်းကိုဖြင့် စာဖွဲ့လို့ရယ် မကုန်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီးနောက် ခေတ်တိုင်းရဲ့ နိဂုံးပိုင်းမှာ အရှိုက်ကို အလဲထိုးခံခဲ့ရတာဟာ ပညာရေးစနစ်ပါပဲ။ လွတ်လပ်ခါစတိုင်းပြည်မှာ ပြည်တော်သာခေတ် ဘ၀သစ်ဖန်တီးမှု ပညာရေးစနစ်ဟာ “အဆုံးသတ် မကောင်းခဲ့ပါ” ဆိုပြီး မဆလခေတ်မှာ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ချုပ်တာဝန်ယူခဲ့ဖူးသူ ဦးသန်းဦးက သူ့ရဲ့ ပညာရေးသမိုင်းစာအုပ်မှာ တကြောင်းတည်းသော အဆိုးမြင်ကောက်ချက်ကို မရဲတရဲ ချခဲ့တယ်။ မဆလခေတ်မှာ “ရိက္ခာ” လျော့နည်းလာနေပေမယ့် “သိက္ခာ” နဲ့ အသက်ရှင်သန်နိုင်ခဲ့ကြတဲ့အတွက် ကျောင်းဆရာများဟာ ပညာရေး အရည်အသွေးကို ပီတိတချို့နဲ့ ကျားကန်၊ ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုရမယ်။ သို့ပေတဲ့ “ရိက္ခာရော၊ သိက္ခာပါ မရှိတော့ပြီ” ဆိုပြီး ပညာရေးဇာတ်လိုက် ကျောင်းဆရာများရဲ့ ငိုချင်းရှည်ဟာ အနှစ် ၂၀ ကျော် ကြာခဲ့ပါပြီကော။ ကျောင်းက ပီတိနဲ့ မမျှတတော့လို့ ကျူရှင်ပီတိ၊ ၀ိုင်းပီတိနဲ့ စခန်းသွားနေခဲ့ရပြီ။
ဒီဘက်ခေတ်မှာတော့ နိုင်ငံ့တာဝန် တနေ့ ရှစ်နာရီအပြင် အခြားသော အလုပ် ၂ ခု၊ ၃ ခုကိုပါ လုပ်နိုင်စွမ်းရှိတော့ မြန်မာကျောင်းဆရာများဟာ ကမ္ဘာပေါ်မှာ အံ့ဖွယ်တပါးပါပဲ။ ရလဒ်အနေနဲ့ ကျောင်းပညာရေးရဲ့ အနှစ်သာရတွေ ပျောက်ကွယ်လုနီးပါး အဖြစ်ဆိုးလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ရှေးမျိုးဆက်များထက် နောက်မျိုးဆက်များရဲ့ အတွေးအမြင်နဲ့ အသိပညာဟာ နိမ့်ကျနေခဲ့ရပြီလို့ ဗြိတိန်အမတ်များရဲ့ မြန်မာနိုင်ငံပညာရေးစစ်တမ်း ၂၀၁၄ ခုနှစ်မှာ ထောက်ပြထားပါတယ်။
ယူနက်စကိုရဲ့ ၂၀၀၆ – ၂၀၁၂ ခုနှစ်များ စာရင်းအရ ပညာရေးအသုံးစရိတ် အနိမ့်ဆုံးတိုင်းပြည် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ အမျိုးသားဝင်ငွေ ဂျီဒီပီရဲ့ ၀ ဒသမ ၇၈ ရာခိုင်နှုန်း (၀.၇၈%) ကိုပဲ ပညာရေးအတွက် အသုံးပြုခဲ့တယ်လို့ ဖော်ပြထားခဲ့တယ်။ “ဗောင်းတော်ငြိမ့်၊ စိတ်တော်သိ” နီးရာဓါးကြောက်၊ အပါးတော်မြဲ ပညာရှင်များဟာလည်း တုံဏှိဘာဝေ နေထိုင်ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ပညာရေးမှာ အလွန်အမင်း အဂတိတရား လိုက်စားမှုတွေရယ်၊ ခွဲခြားဆက်ဆံမှုတွေရယ်၊ “ရွှေအိုးရှိမှ ပညာရ”၊ “မအောင်မရှိ ငါ့တပည့်”၊ “မတတ်သူက မသိသူကို သင်ပေး” ဆိုတဲ့ စကားပုံအသစ်တွေရယ်ပါပဲ။ ပညာရေးအသုံးစရိတ်နဲ့ ပညာရေးအရည်အသွေးဟာ တိုက်ရိုက်အချိုးကျနေကြောင်းကို “ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်” ပုံစံမျိုးနဲ့ ပြောင်းလဲနေတဲ့ ပညာရေးဝန်ကြီးဌာနဟာ ဒီနေ့ထက်ထိ လေ့ကျက်မိပုံ မပေါ်သေးပါဘူး။
အာရှဘဏ်ရဲ့ အစီရင်ခံစာအရ နှစ်စဉ် အစိုးရကျောင်းတက်ရောက်သူ ၁ ဒသမ ၁ သန်း ရှိတဲ့အထဲမှာ ၁၀ တန်းစာမေးပွဲအထိ ပညာပြီးဆုံးအောင် တက်ရောက်နိုင်သူဟာ တသိန်းကျော်မျှသာ ရှိနေတယ်။ ကလေးငယ် ၄ ရာခိုင်နှုန်းဟာ ကျောင်းတက်ဖို့ မွေးဖွားလာခဲ့တာ မဟုတ်သလို ကျောင်းအတွင်းနံရံကို မမြင်ဘူးတဲ့သူတွေပါပဲ။ ကျောင်းထွက်နှုန်းဟာလည်း ကြောက်ခမန်းလိလိပါ။ သူငယ်တန်းစတက်တဲ့ ကလေးငယ် ၂၅ ရာခိုင်နှုန်းလောက်ဟာ ၄ တန်းအောင်တဲ့အခါ ရာသက်ပန် ကျောင်းပြီးဆုံးခဲ့ရပြီ။ ဒီကိန်းဂဏာန်းများရဲ့ ခြိမ်းခြောက်နေမှုဟာ နိုင်ငံအတွက် အမျိုးသားလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရပါ စိုးရိမ်စရာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။
၁၉၇၄၊ ၇၆ ခုနှစ်များနဲ့ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၅ ခုနှစ် ကျောင်းသားသမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အစိုးရများနဲ့ ကျောင်းသားတွေဟာ သံသရာမှာပါ ရန်ဘက်တွေ ဖြစ်လာခဲ့တော့တယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာသိ၊ မြန်မာသိ သမိုင်းဝင် ပညာရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် ပညာရေးရလဒ်များကို အစိုးရဟာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်။ ငြိမ်းချမ်းစွာနဲ့ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွေကို အစိုးရဟာ အင်အားအလွန်အကျွံ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ဟာ ပြုပြင်ပြောင်းလဲမှု စာမျက်နှာ နံပါတ် ၁ ကို အင်မတန်ပဲ အရုပ်ဆိုး၊ အကျည်းတန်လွန်းစေခဲ့ပြီ။
နှစ် ၅၀ ပညာရေးစနစ်ရဲ့ “တခမ်းတနား ကျဆုံးခန်း” မှာ အဓိကတရားခံတွေကိုတော့ ဝေးဝေးပြေးကြည့်စရာ မလိုပါဘူး။ ပညာရေး အတိတ်သမိုင်းကိုတော့ နှောင်းသုတေသီများရဲ့ လက်ထဲမှာ ဒီမျှလောက်နဲ့ အပ်ခဲ့ပါရစေ။
× × ×
challenges ahead
ဒီနေရာမှာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအသစ်အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ စိန်ခေါ်ချက် ၁၀ ချက်ကို ဆက်လက်ဆွေးနွေးပါရစေ။ ပါတီများရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာတော့ ယေဘုယျဆန်လွန်းလှတဲ့ ပညာရေးပေါ်လစီတချို့ကိုသာ တွေ့မြင်နေရသေးတယ်။ စိန်ခေါ်မှုတွေကို ဆွေးနွေးမှာဖြစ်လို့ ရွေးကောက်ပွဲမှာ အောင်စိတ်နဲ့ အာဏာယူ အစိုးရဖွဲ့ဖို့ တက်ကြွနေတဲ့သူတွေကို အပျော်မလွန်ဖို့ ဘရိတ်အုပ်သလိုမျိုး ဖြစ်ခဲ့ရင်တော့ ကြိုတင် တောင်းပန်ပါတယ်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရတဲ့ပါတီနဲ့ အစိုးရဟာ မရောင်ရာဆီလူး၊ ဝေ့လည်ကြောင်ပတ်၊ သံသရာရန်ငြိုးဖွဲ့ လျှောက်လုပ်နေမယ့်အစား အစိုးရအဆင့်ကသာလျှင် အကောင်အထည်ဖော်နိုင်မယ့် ပညာရေးလုပ်ငန်းကြီးတွေကို အာရုံစိုက်သင့်ပါတယ်။
(၁) “သမဂ္ဂနဲ့ လက်တွဲကူ၊ ပညာရေး မူမှန်သမျှ၊ အောင်ပွဲရ” ဆောင်ပုဒ်သစ်ကို ကျင့်သုံးလို့ ပေါ်လစီအသစ်၊ ချည်းကပ်မှုပုံစံအသစ်၊ ဆက်ဆံရေးပုံစံအသစ်တွေနဲ့ မြန်မာအစိုးရအသစ်ဟာ ကျောင်းသားသမဂ္ဂများ၊ စီဘီအိုများ၊ NNER၊ ကျောင်းဆရာ ဆရာမများ အဖွဲ့ချုပ်တို့နဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ ဖမ်းဆီခံထားရတဲ့ ကျောင်းသားများနဲ့ ၀န်းရံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်။ ဒါဟာ သံသရာရန်ငြိုးကို ပြေပျောက်စေဖို့တင်မကဘဲ “အကျိုးတူ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်တတ်ရေး” ဆိုတဲ့ ကလေးဗဟိုပြု ပညာရေးဒဿနကို နောင်လာနောင်သားများနဲ့ လက်ရှိ စာသင်ခန်းထဲက တပည့်များအတွက် လက်တွေ့စံနမူနာ ပြသရာလည်း ရောက်မယ်။ ကျောင်းသားများနဲ့ ဆရာ ဆရာမများဟာ ပြဿ နာမဟုတ်ဘဲ “အဖြေဖြစ်တယ်” ဆိုတာကို အစိုးရအသစ်ဟာ သဘောပေါက်လိုက်စမ်းပါ။
(၂) ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ပြောင်းလဲမှုနဲ့ သနားစဖွယ်၊ အုံနဲ့ကျင်းနဲ့  အဝေဖန်ခံနေရဆုံး ဖြစ်နေတဲ့ ပညာရေးဝန်ကြီးဌာနဟာ “ဘက်စုံပြောင်းလဲမှု” ကို အွန်ပေပါအရသာမက၊ လက်တွေ့ စာသင်ခန်းများထဲအထိ ဟန်ချက်ညီ လုပ်ဆောင်သင့်တယ်။ ကလေးဗဟိုပြုသင်နည်းတွေကို ဂျိုင်ကာ၊ ယူနီဆက်တို့နဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း၊ ဖတ်စာ၊ ဘတ်ဂျက်၊ စဉ်ဆက်မပြတ် စစ်ဆေးမှု၊ ဂုဏ်ပြုမှုနဲ့ ကွပ်ကဲကြပ်မတ်မှုတို့ဟာ နောက်က တဆက်တည်း ပါမလာတဲ့အတွက် ဆရာများရဲ့ စိတ်ဓာတ်နဲ့ အကျင့်၊ ၀မ်းစာနဲ့ ဂုဏ်သိက္ခာကို အလေးအမြတ် မပြုခဲ့တဲ့အတွက် ပညာရေးဟာ နောက်ကြောင်းပြန်လှည့်လို့ ၁၉ ရာစုမှာ သောင်တင်နေခဲ့ရပြီ။ ICT ကျွမ်းကျင်ပြီး စာပေပုံမှန်ဖတ်ရှုလေ့လာတဲ့ ပရော်ဖက်ရှင်နယ် ကျောင်းဆရာ ပျိုးထောင်ရေးဟာ စိန်ခေါ်ချက်များစွာ ရှိနေပါတယ်။ ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေ၊ ဝေဘန်ပိုင်းခြား ဆန်းစစ်တွေးခေါ်မှုတွေ၊ နိုးကြားတက်ကြွမှုတွေ၊ စွန့်ဦးတီထွင် ဖန်တီးမှုတွေကို  ဖျက်ဆီးပစ်နေခဲ့တဲ့ “ကျက်ဖြေနဲ့ ကျက်ဘွဲ့” စနစ်ကြောင့် နိုင်ငံကိုလည်း “ကျက်နိုင်ငံ” အဆင့် ရောက်စေခဲ့ပြီ။
(၃) ဖက်ဒရယ်စနစ်တို့၊ ဒီမိုကရေစီစနစ်တို့ကို ပါတီကြီးတွေနဲ့ အမတ်လောင်းတွေဟာ စင်မြင့်တွေပေါ်ကနေ ကြက်တူရွေးသဖွယ် ရွတ်ဖတ်သရဇ္ဈာယ် တတ်လာတာကိုတော့ ချီးကျူးရမလားပဲ။ သို့ပေတဲ့ ဖက်ဒရယ်ပညာရေးတို့၊ ဒီမိုကရေစီပညာရေးတို့ကို ဘယ်လိုမူဝါဒများနဲ့ ရှေ့ဆက်စခန်းသွားမှာလဲ။ တိုင်းရင်းသားပညာရေးစနစ်၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းလူထုအတွက် “ကလေးအခွင့်အရေး အခြေပြု၊ ကလေးဗဟိုပြု ပညာရေးပေါင်းကူး” စနစ်၊ “တိုင်းရင်းသား ကလေးဗဟိုပြု ပညာရေးစနစ်” တွေကို ပြည်နယ်အစိုးရများ တာဝန်ယူ ဆောင်ရွက်သင့်ပါတယ်။ “ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပစ်ဖို့” အစိုးရအသစ်ဟာ ၀န်လေးမနေသင့်ပါဘူး။ လေးပွင့်ဆိုင်မှာ သဘောတူညီထားခဲ့ကြတဲ့ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရေးဟာလည်း အစိုးရအသစ်အတွက် ခေါင်းခဲစရာ ဖြစ်လာတော့မယ်။ ဒေသန္တရအဆင့်၊ ပြည်နယ်အဆင့်ကိုသာ အခြေခံပညာရေး အခွင့်အာဏာနဲ့ သြဇာကို ၁၀၀ ရာခိုင်နှုန်း ရဲရဲကြီး လွှဲအပ်လိုက်စမ်းပါ။ ဒီစန်ထရယ်လိုက်ဇေးရှင်းကြောင့် ပညာရေးဟာ နေ့ချင်းညချင်း လူမွေးသူမွေး ပြောင်လာပါလိမ့်မယ်။
(၄) ပုဂ္ဂလိက ပညာရေးစနစ်ဟာ မူဝါဒချို့တဲ့စွာနဲ့ စခန်းသွားနေရဆဲပါပဲ။ ဈေးကွက်ဝင် ပုဂ္ဂလိပညာရေးစနစ်အပေါ်မှာ မုဒိတာ မပွားနိုင်ကြတာဟာဖြင့် စဉ်းစားစရာ ရှိလာပါတယ်။ ပိုလို့ စိုးရိမ်စရာကောင်းတာကတော့ ပုဂ္ဂလိကစနစ်နဲ့ အစိုးရကျောင်းပညာရေး စနစ်များရဲ့ အကြားက “ကွာဟချက်” များဟာ တနေ့တခြား ကြီးမားလို့ လာနေတယ်။ အရည်အသွေးပိုင်းမှာ ဘယ်လို အတုယူ ထိန်းညှိနိုင်မလဲ။ အရေအတွက်အရကော ပုဂ္ဂလိကျောင်းထွက် ဘယ်နှစ်ရာခိုင်နှုန်းဟာ ဒီတိုင်းပြည်မှာ ဆက်လက်နေထိုင်လို့ မြန်မာ့လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မလဲ။ ပုဂ္ဂလိစနစ်နဲ့ အစိုးရစနစ်တို့အကြား အပြန်အလှန် လေးစားမှုနဲ့ ဆက်သွယ်ပေါင်းကူး ညှိနှိုင်းရတော့မယ်။ ပိုပြီး လိုအပ်နေတာကတော့ တိုင်းရင်းသားကျောင်း၊ ကွန်မြူနတီကျောင်း၊ ကျောင်းပြင်ပ ပညာရေး၊ ကိုယ်ထူကိုယ်ထကျောင်းများကို အစိုးရက တရားဝင် အသိအမှတ်ပြုပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့ပါပဲ။
(၅) နိုင်ငံတော်အဆင့်က အမျိုးသားသင်ရိုးညွှန်းတမ်း၊ စံနှုန်းများ အညွှန်းဘောင် Framework လောက်ကိုပဲ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့နဲ့ လိုက်လျောညီထွေ ပြုစုပြဋ္ဌာန်းပေးသင့်တယ်။ သင်ရိုးဟာ ခေတ်မီ၊ မျှတ၊ ကျယ်ပြန့်စေသင့်တယ်။ အမျိုးသားအမွေအနှစ်ကို ထိန်းသိမ်းဖို့၊ တိုင်းရင်းသားဘာသာစာပေနဲ့ ယဉ်ကျေးမှုတွေ ရှင်သန်ဖို့၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေ ရင်ဘတ်ထဲရောက်ဖို့ ခေါင်းစဉ်တွေကို ထည့်သွင်းရတော့မယ်။ အစိုးရနဲ့ ၀န်ကြီးဌာနက ဖတ်စာအုပ် ထုတ်ဝေရောင်းစားနေမယ့်အစား ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများနဲ့ ကုမ္ပဏီများကို လွှဲအပ်သင့်နေပြီ။ ပညာရေးဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဟန်ချက်ညီဖို့ အပူတပြင်း လိုအပ်နေပြီ။
(၆) တိုင်းပြည်မှာ ၁၀ နှစ်အထက် လုပ်သက်ရှိတဲ့ ကျောင်းဆရာ ရာခိုင်နှုန်းဟာလည်း ကမ္ဘာ့မှာ အနိမ့်ဆုံးဖြစ်နေတယ်။ ကလေးထွက်နှုန်းနဲ့ ကျောင်းဆရာထွက်နှုန်း အပြိုင်ဖြစ်နေဆဲပါ။ လုပ်သက်ရှိပြီး ၀ါသနာနဲ့ အတတ်ပညာ ပေါင်းစပ်လို့ ဘ၀ကို ဖွဲ့စည်းထားတဲ့ ကျောင်းဆရာများ လုပ်ငန်းခွင်တည်မြဲရေးနဲ့ စား၊ ၀တ်၊ နေရေး လူတန်းစေ့ရေးဟာ အစိုးရအသစ်ရဲ့ ပညာရေးမူဝါဒ အောင်မြင်မှုအတွက် အခရာဖြစ်လိမ့်မယ်။ ပညာရေးကို သွေးသစ်လောင်းဖို့ရာလည်း အပူတပြင်း လိုအပ်နေတယ်။ လူဟောင်းအများစုဟာ မူဟောင်းတွေကို ဖက်တွယ်ထားတဲ့ ပညာရေး အန္တရာယ်ထောင်ချောက်ကို အစိုးရအသစ်ဟာ ဘယ်လို ကျော်လွှားနိုင်မလဲ။
(၇) ပညာရေးကို စစ်မှုပြုထားတာဟာဖြင့်ရင် အသွင်သဏ္ဌာန်အရကော၊ အနှစ်သာရအရပါ အရုပ်ဆိုး အကျည်းတန်လှတယ်။ အစိုးရသစ်ဟာ “ပညာရေး ဗဟိုပြု အစိုးရအသစ်” ဖြစ်ဖို့ဆိုရင် ပညာရေးဦးဆောင်မှုပိုင်းနဲ့ အဆင့်ဆင့်တိုင်းမှာ မိုးကျရွှေကိုယ် ယူနီဖောင်းချွတ်များရဲ့ အခန့်သား နေရာယူတဲ့စနစ်ကို နိဂုံးချုပ်ပေးရပါလိမ့်မယ်။
(၈) လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ နိုင်ငံတ၀ှမ်းလုံးမှာရှိနေတဲ့ ကလေးတိုင်း အရည်အသွေးပြည့်မီတဲ့ အခြေခံပညာရေး ပြီးဆုံးအောင်မြင်အောင် (၁၀ တန်းအောင်တဲ့အထိ) တာဝန်ယူရပါလိမ့်မယ်။ အခုလက်ရှိမှာ ဒီအတွက် အရေအတွက်ရော၊ အရည်အသွေးကိုပါ အခြေခံပညာရေးမှာ ဆထက်တိုးလို့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ၀န်ကြီးဌာနဖြစ်ဖို့ အစိုးရအသစ်ဟာ ကြိုးစားရပါလိမ့်မယ်။ ဒါဟာ အစိုးရအသစ်ရဲ့ နိုင်ငံရေးအာဂျင်ဒါ နံပါတ် (၁) လည်း ဖြစ်သင့်ပါတယ်။
(၉) သက်မွေးပညာ၊ အဆင့်မြင့်ပညာရေးနဲ့ တက္ကသိုလ်ကဏ္ဍ စိန်ခေါ်မှုတွေထဲမှာ “တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်” autonomy ပဲ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်လှတဲ့ စနစ်ထဲမှာ တက္ကသိုလ်များဟာ မဟာဗျူဟာ ပျောက်ဆုံးခဲ့ရပြီး ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်း နေခဲ့ရတဲ့ အဖြစ်မျိုးကို ကြုံကြိုက်ခဲ့ကြရပါတယ်။ ၀ါသနာ ဗီဇနဲ့ စာပေ တတ်ကျွမ်းမှုအပေါ်မှာ အခြေခံတဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း ပြောင်းလဲရပါမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက၊ အလှူရှင်များနဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဖက်စပ်လို့ လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေးစနစ်ကိုလည်း အဦးအစ ပျိုးထောင်ပေးသင့်ပါတယ်။ ပြည်နယ်များနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များနဲ့ ချိတ်ဆက်ထားတဲ့ သက်မွေးပညာရေး technical and  vocational education – TVET သင်တန်းတွေ (ရာထောင်ချီ) အများကြီး လိုအပ်နေပါသေးတယ်။ TVET ရဲ့ တန်ဖိုးကိုလည်း လူထုသိမြင်လာအောင် အစိုးရအသစ်ဟာ ကြိုးပမ်းရပါဦးမယ်။ “ဘွဲ့ရမှ လူဖြစ်တယ်” ဆိုတဲ့ အတွေးအမြင် အလွဲအမှားဟာ TVET အတွက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်။ ဒါဟာ အမျိုးသားကုန်ထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ တဦးချင်းစီရဲ့ ဘ၀အရည်အသွေး အတွက်လည်းပဲ ဖြစ်ပါတယ်။ “uneducated graduate ဘွဲ့ရ ပညာမတတ်” နဲ့ “graduate unemployment ဘွဲ့ရ အလုပ်မရှိ” ပြဿနာကိုလည်း အစိုးရသစ်ဟာ ချက်ချင်းပဲ ရင်ဆိုင်ရပါဦးမယ်။ ကောလိပ်နဲ့ တက္ကသိုလ်များရဲ့ ဥပဓိရုပ် ခန့်ညားရုံတင်မကဘဲ တက္ကသိုလ်များရဲ့ အရည်အသွေးနဲ့ အသက်ဟာ ပညာရှင်လွတ်လပ်ခွင့် Academic freedom နဲ့ သုတေသနဖြစ်တဲ့အတွက် ဘတ်ဂျက်လိုအပ်ပါတယ်။
(၁၀) အမျိုးသားပညာရေးဥပဒေမှာ “ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းထားချက်” ဟာဖြင့် မုဒိတာပွားစရာပါပဲ။ သို့ပေတဲ့ ဘယ်တော့၊ ဘယ်ရာစုနှစ်မှာ ရောက်မှာလဲ။ တပြည်လုံး အမြန်ဆုံး မုဒိတာပွားနိုင်စေဖို့ ပညာရေး အသုံးစရိတ်ကို ချက်ချင်းလက်ငင်း ၂၀ ရာခိုင်နှုန်း အသုံးပြုလိုက်စမ်းပါ။ ဒါဟာ ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အား အင်ဂျင်ပါပဲ။ ပညာရေးဂီယာပြောင်းဖို့ တွန်းအားပါ။ အဂတိတရားလေးပါး ကင်းရှင်းသော ပညာရေးစနစ်အတွက် လမ်းစလည်း ဖြစ်ပါလိမ့်မယ်။ အရည်အသွေးအတွက်ကော၊ အရေအတွက်အရပါ တိုးတက်လာစေဖို့ အခရာကျနေတယ်။ အချိန်ပိုကြေး၊ ကျောင်းလခ၊ ဆရာကန်တော့ကြေး၊ ယူနီဖောင်းကြေး၊ ကျုရှင်ကြေးတွေကို အစိုးရအသစ်က ပေးပေးပါ။ မုန့်ရောင်းစားနေရတဲ့ အတန်းပိုင်ဆရာမရဲ့ ဈေးဗန်းကိုလည်း အစိုးရအသစ်ကပဲ တဗန်းလုံး ၀ယ်လိုက်စမ်းပါ။ အစိုးရသစ်ဟာ စစ်မှန်တဲ့ “မြို့မေတ္တာ” ကို အင်းစတန့် ချက်ချင်း ခံယူ ပိုင်ဆိုင်ရပါလိမ့်မယ်။
× × ×
အနှစ်ချုပ်အားဖြင့် စိန်ခေါ်မှုတွေကို ပိုင်းဖြတ်ကြည့်မယ်ဆိုရင် – ပညာရေးရဲ့ အဆင့်တိုင်းမှာ အရည်အသွေးပြည့်မီဖို့၊ ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးမြှင့်ပေးဖို့နဲ့ အားလုံးအတွက် လက်လှမ်းမီတဲ့ ပညာရေးဖြစ်ဖို့တို့လို့ ဆိုရပါမယ်။
ပညာရေးဟာ ဘာကြောင့် အရေးကြီးသလဲ ဆိုတာကို အစိုးရအသစ်ဟာ သင်ခန်းစာ နံပါတ် (၁) အနေနဲ့ ဦးဆုံးလေ့လာသင့်ပါတယ်။ တကယ်တော့ ပစ္စုပ္ပန်နဲ့ အနာဂတ် လူ့အဖွဲ့စည်းအတွက် ပြင်ဆင် လေ့ကျင့်ပေးတဲ့၊ အခြေခံအုတ်မြစ်ချတဲ့ နေရာဖြစ်လို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့ ပညာရေးကြောင့် ငြိမ်းချမ်း၊ ဝေစည် တိုးတက်နိုင်သလို၊ ဆိုးဝါးလှတဲ့ ပညာရေးကြောင့်ပဲ ပျက်စီး၊ ဆုံးရှုံး၊ ဆုတ်ယုတ်နိုင်ပါတယ်။ “ပညာရေးသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု”၊ “ပညာရေးသည်ပင် နိုင်ငံတော်ဖြစ်၏”၊ “ပညာရေးသည် ငြိမ်းချမ်းရေးဖြစ်သည်”၊ “စဉ်ဆက်မပြတ် တသက်တာပညာရေး”၊ ဆိုတဲ့ ပညာအတွေးအမြင်တွေကို ဗဟိုပြုထားတဲ့ “ပညာသမူဟ အစိုးရ” ကို မြန်မာနိုင်ငံက လိုအပ်နေတယ်။
၂၁ ရာစု ပညာခေတ်မှာ အစိုးရတရပ်ရဲ့ အောင်မြင်မှု တိုင်းတာနိုင်သော အဖိုးတန် ပေတံတချောင်းကတော့ ပညာရေးအောင်မြင်မှုပဲဖြစ်တယ်။ ဒီအတွက် တက်လာမယ့် အစိုးရဟာ ပညာရေးကဏ္ဍရဲ့ ဆိုးမွေတွေကို ချေဖျက်လို့၊ စိန်ခေါ်မှု အကြီးကြီးတွေကို “နိုင်ငံရေးစေတနာ”  political will ရှေ့ထားပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းပေးနိုင်ဖို့ ဆန္ဒပြု မျှော်လင့်ပါတယ်။
သိန်းနိုင် (မောက္ခပညာရေး)
ဖက်ဒရယ်ပညာရေး အပိုင်း (၁၈) သံလွင်တိုင်းမ်ဂျာနယ်

ကျောင်းသူများနေထိုင်နေသည့် ဘော်ဒါဆောင် မီးလာင် (၁၇)ဦး သေဆုံး

ကျောင်းသူများနေထိုင်နေသည့် ဘော်ဒါဆောင် မီးလာင် (၁၇)ဦး သေဆုံး


23May2016

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ၀င်ပါပေါက် မြို့ နယ်အတွင်းမှ အလယ်တန်းကျောင်းသူများ နေထိုင်နေသည့် အမျိုးသမီးဘော် ဒါကျောင်းဆောင် မနေ့ ည (၁၁ )နာရီမှ စတင်မီးလောင်ခဲ့ကျောင်းသိရ ပါတယ်။


မီးလောင်မှုကြောင့် နှစ်ထပ်ကျောင်းဆောင်အတွင်း ပိတ်မိနေကြတဲ့ အသက်(၅) နှစ်မှ(၁၂ )နှစ်အတွင်းရှိ မိန်းခလေးကျောင်း သူ( ၁၇ ) ဦးသေဆုံးခဲ့ရပါတယ်။


ကျောင်းသူငါးဦးမီးလောင်ဒဏ်ရာတွေနဲ့  ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ကျောင်း တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


ယခုမီးလောင်တဲ့ ကျောင်သူတွေနေထိုင်နေတဲ့ ဘော်ဒါဆောင်မှာ စုစုပေါင်း (၃၈)ဦး နေထိုင်နေကြပါတယ်၊ အဆောက်အသီး တခုလုံး မီးထဲပါသွားခဲ့ပါတယ်။

မီးလောင်နေချိန် မှာကျောင်းသူလေးတွေ အိပ်နေကြတဲ့အချိန်ဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရာကို ယနေ့ မနက်ပိုင်း မြို့ နယ်အာဏာပိုင်တွေက စစ်ဆေးနေကြကြောင်းသိရပါတယ်။

Credit Daily news
Social Action for Women - SAW

Sunday, May 22, 2016

ရိုအစားအစာ (Rohingya Traditional Food: Cake) အပိုင်း (၁) မော်ဒူးဘားသ်

ရိုအစားအစာ (Rohingya Traditional Food: Cake)

ရိုအစားအစာပုံ၊ ဒီဇိုင်း-ရိုဟင်ကိမ်း

ကမ္ဘာ ပေါ်ရှိသက်ရှိဟူသမျှ အသက်ရှင် နေထိုင်ရေးအတွက် အစားအစာသည် မရှိမဖြစ်လိုအပ်သော ပင်မ အရာတစ်ခုဖြစ်သည်။ ထိုအစားအစာများကို စားသောက် သုံးဆောင်ရာတွင် လူတို့သည် မိမိတို့ ယဉ်ကျေးမှု တိုးတက်မှုအလျောက် ပုံစံအမျိုးမျိုး သွင်းကာ စားချင်ဖွယ်သောက်ချင်ဖွယ် ကောင်းအောင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် အဟာရဖြစ် စားသောက်ကြသည်။  လူမျိုးအသီးသီး သည် မိမိတို့ နေထိုင်ကျက်စားရာ ဒေသအလိုက်၊ ရာသီဥတုအလိုက် ရိုးရာ အစားအစာများကို အခါသင့်အချိန်သင့် ရက်ကြီး ခါကြီးများတွင် အမျိုးမျိုးပြုလုပ်  စားသောက်ပျော်ဖြေကြသည်။  ရိုအမျိုးတို့သည်လည်း မိမိတို့ နေထိုင်ရာ ရေမြေဒေသ၊ ရာသီဥတုနှင့် အညီ ရာသီအလိုက် တမူထူးခြားသော အစားအစာ ဘောဇဉ် (Boujon)များကို ပြုလုပ် စားသောက်လေ့ရှိသည်။ ရာသီဥတုကိုလိုက်၍ တစ်မျိုး၊ ရက်ကြီးခါကြီးကို လိုက်၍ တစ်မျိုး အစားအစာမုန့် များကို ပြုလုပ်ကျွေးမွေးကြသည်။

မုန့်ကို ရိုဟင်ဂျာဘာသာစကားတွင် “ဖီရာ့" ခေါ်သည်။ အင်္ဂလိပ်လို “Cake" ဟု အဓိပ္ပာယ်ရ သည်။ ရိုဟင်ဂျာတို့သည် မုန့်အများစုကို ဆောင်းရာသီ၌ ပြုလုပ်လေ့ရှိသည်။ ဆောင်းရာသီကို “မုန့်ရာသီ" ဟုခေါ်နိုင် လောက်အောင် အိမ်တိုင်း၌ မုန့်တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ဝေဆာနေသည်။ ထိုနည်း၎င်း ကောက်စိုက်ချိန်၊ ကောက်ရိုတ်ချိန်၊ ပျိုးကြဲချိန်၊ ဘာသာရေး ပွဲတော်များ၊ ရိုးရာပွဲတော်များတွင်လည်း အချိုယာမကများ၊ ရိုးရာမုန့်များကို ပြုလုပ် ဧည့်ခံကျွေးမွေးကြသည်။

ရာသီအလိုက်ပြုလုပ်သော မုန့်များမှာ-

ဆောင်းရာသီ 
(၁) ဓူံအီ ဖီရာ့
(၂) ဇီလာဖီ
(၃) ဖာ့သောပ် ဖီးရာ့
(၄) ဒုပ္ပာခ်ျ ဖီးရာ့
(၅) စိုက်န္နာ ဖီရာ့(၆) ဂူလိုက်လီ ဖီရာ့

မိုးရာသီ 
(၇) ဇာလာ ဖီးရာ့ 
(၈) လေဇာ ဖီးရာ 
(၉) ဆီတော်လ် ဖီးရာ့ 
(၁၀) ဖာခ်ကောမ် ဖီးရာ့ 
(၁၁) မုလ္လုခ် ဖီးရာ့ 


နွေရာသီ 
(၁၂) ဂူရာ ဖီးရာ့
(၁၃) မော်ဒူးဘားသ်(၁၄) ဘော်လား ဖီးရာ့
(၁၅) ဟောဒူး ဘားဇား
(၁၆) ဘာသ် ဖီရာ့/ အာတီက္ကား ဖီးရာ့
(၁၇) ဟိုအိလ္လာ ဖီးရာ့

ရက်ကြီးခါကြီး တွင် ပြုလုပ်သောမုန့်- 
(၁) လူရီ ဖီးရာ့
(၂) ရှူထ်ကီ
(၃) အိုတ္တော်ရ်ဒါနာ ဘားတ်
(၄) ဆီးန္ဒီး
(၅) ဟာလ်လွာ စသည်တို့ကို ပြုလုပ်ကြသည်။

လူရီဖီရာ့ကို ရိုအမျိုးသားမုန့် (National Cake)ဟု သတ်မှတ်ကြသည်။

၁။ မော်ဒူးဘားသ် (ပျားရည်ထမင်း)

---------------------------------------------------------
စားရန် ပြင်ဆင်ထားသော မော်ဒူးဘားသ်

ရိုဟင်ဂျာ ရိုးရာ အစားအစာများအနက် အထင်အရှားဆုံးနှင့် လူကြိုက်အများဆုံး မုန့်တစ်မျိုးမှာ မော်ဒူးဘားသ် (ပျားရည်ထမင်း) ဖြစ်သည်။ မော်ဒူးဘားသ်သည် ပေါင်းစပ်စကားလုံးဖြစ်သည်။ “မော်ဒူး" (ပျားရည်)နှင့် “ဘားသ်" (ထမင်း)ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ မြန်မာလို ပျားရည်ကဲ့သို့ ချိုမြိန်သော အရသာရှိသောကြောင့် ‘ပျားရည်ထမင်း'ဟုသော်လည်းကောင်း၊ နွားနို့ဖြင့် ပြုလုပ်သောကြောင့် ‘နို့ထမင်း'ဟု သော်လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်သည်။ သို့သော် အခြားလူမျိုးတို့ကလည်း ‘မော်ဒူးဘဲသ်' ဟုပင်ခေါ်ကြသည်။ လောဇာမုန့် နဲ့ ခပ်ဆင်ဆင်တူသည်။  မော်ဒူးဘားသ် ဟု နာမယ်တပ်ခေါ်ခြင်းမှာ နာမယ်နှင့်အညီ လွန်ကဲသော အရသာရှိခြင်း ကြောင့် ဖြစ်သည်။

ပူပြင်းသောရာသီ၌ မော်ဒူးဘားသ် ပြုလုပ်ခြင်းသည်လည်း ယုတ္တိမှန်ပါသည်။ မော်ဒူးဘားသ် ကို စားသောက်ခြင်းဖြင့် ကိုယ်ခန္ဓာကို အေးမြစေပါသည်။ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။ အဟာရဓာတ်လည်း ပြည့်စုံပါသည်။  တစ်ခါ စားဖူးသူသည် နွေရာသီရောက်လျှင် မော်ဒူးဘားသ်ကို မလွမ်းတမ်းဘဲ နေနိုင်လိမ့်မည့်မထင်ပါ။

မော်ဒူးဘားသ်ကို အများအားဖြင့် ဆောင်းမိုးကုန်ပြီး နွေဦးကာလတွင် ပြုလုပ်ကြသည်။ တောင်သူလယ် သမားများသည် ဝသန်မိုးဦး စပါးမျိုးကြဲချိန်တွင်  မျိုးကြဲစပါးရေစိမ့်ရာမှ အညှောက်ထွက်လာသော စပါး အချို့ကို ယူ၍ နေပူလှန်သည်။ နေပူဖြင့် ခြောက်သွေ့လာသောအခါ မောင်းဖြင့်ထောင်းကြသည်။ ထောင်းပြီးသား ဆန်ကွဲကို ကောင်းစွာ လေလှဲ့ကာ သိမ်းဆည်းထားကြသည်။ ထိုဆန်ကို ဇာလာဆွိုလ် (ပျိုးဆန်) ဟုခေါ်သည်။ ဆောင်းရာသီတွင် ကောက်ညှင်းစပါးရိုတ်ပြီးအချိန်၌ ကောက်ညှင်းဆန်အသစ် ကို မော်ဒူးဘားတ် လုပ်စားရန် အဖျက်ပိုးများက မပျက်စီးနိုင်အောင် ကောင်းစွာ စုဆောင်းထားလေ့ရှိသည်။

နွေဦးရောက်လျှင် စုဆောင်းထားခဲ့သည့် ကောက်ညှင်းဆန်နှင့် ပျိုးဆန်ကို မော်ဒူဘားသ် လုပ်စားကြသည်။ မော်ဒူးဘာသ်လုပ်မည့် အိမ်ရှင်သည် အိမ်နီးချင်းများ၊ ဆွေမျိုး မိတ်သဟာများကို တစ်နေ့အကြို ဖိတ်ခေါ် ကြသည်။  ကိုယ်ဝန်ဆောင်နေသည့် သမီးများထံ မော်ဒူးဘားသ်ဖြင့် ဟံဒီ (ကိုယ်ဝန်ဆောင် အမျိုးသမီးများ အား အာဟာရဖြစ်ထွန်းစေရန် မိဘအိမ်မှ ပေးပို့သော ရိုအစားအစာတစ်မျိုး) ကျွေးကြသည်။ ထိုမုန့်ဖြင့် ဆွေမျိုးအိမ်တွင် အလည်အပတ် သွားကြသည်။ တစ်အိမ်ပြီး တစ်အိမ်ပို့ကြသည်။ ကျွေးကြသည်။ ရိုဟင်ဂျာ တို့သည် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မော်ဒူးဘားသ် ပြုလုပ်စားကြသည်။

မော်ဒူးဘားသ် (ပျားရည်ထမင်း) တွင် ပါဝင်သည့် ပစ္စည်းများမှာ-
(၁) ဇာလာဆွိုလ် (ပျိုးဆန်) 
(၂) ကောက်ညှင်းဆန် 
(၃) သကြား 
(၄) အုန်းသီး 
(၅) ဆား 
(၆) နွားနို့ တို့ဖြစ်ကြသည်။

မော်ဒူးဘားသ်ပြုလုပ်နည်းမှာ လွယ်လွယ်လေးနှင့် ဆန်းကြယ်လှပါသည်။ ဦးစွာ ကောက်ညှင်းဆန်ကို ကောင်းစွာ ချက်ရသည်။ ထို့နောက် ပျိုးဆန်ကွဲကို အမှုန့် ဖြစ်အောင် နှယ်ကာ အရည်ပျော်ရပါသည်။ ပြီးလျှင် အိုးသစ်တစ်အိုးတွင် ကောက်ညှင်းထမင်းကို ထည့်၊ ပျိုးဆန်ရည်ကို  ဖျန်းထည့်ပြီး ထမင်းသည်နိုးထဲနစ် သွားအောင် နွားနို့ထည့်ရသည်။ (နွားနို့စိမ်း ရှားသော ဒေသတွင် နို့ဆီဘူး သိုမဟုတ် နို့မှုန့်ကို အသုံးပြုကြ သည်။)
အထက်ဖော်ပြသည့်အတိုင်း အဆင့်ဆင့် အချိုးကျကျထည့်၍  အဖုံးပေါ်မှ အလေးများနှင့် ဖုံးဖိထားကာ ၁၇ နာရီ  (သို့) ၁၈ နာရီထိ ညည့်တစ်ညည့်ကျော် တည်ထားရပါသည်။ ညနေ၌ နို့ထမင်းအိုးတည်လျှင် မနက် မွန်းလွဲချိန်တွင်  မြိန်းစားကြည့်ကြသည်။ နို့ထမင်းရည်မှာ ချိုမြိန်လာသောအခါ  လိုအပ်သော မော်ဒူးဘားသ် ထမင်း ရရှိလာသည်။ ထိုအခါ အုန်းသီးညှပ်ထည့်၍ အားရပါးရ စားသောက်ကြသည်။

အညာဒေသတွင် မော်ဒူးဘားသ် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ပုံပြင်အမျိုးမျိုး ပြောလေ့ရှိသည်။ တစ်ခါက ရွာတစ်ရွာတွင် ဘာသာတရား ကိုင်းကျိုင်းသည့် လယ်သမားမိသားစု လင်မယားနှင့် သား ၂ ယောက်နေထိုင် ခဲ့ကြသည်။ ထိုအိမ်တွင် ‘ဟာရ်ဘာရီ’ အမည်ရှိ အလုပ်အကျွေးလုပ်သည့် အစေခံမ လိမ္မာ တစ်ယောက် လည်း နေ၏။ သူမသည် မြှောက်ပင့်ပြောပင့်လုပ် ချီးမွမ်းမှုကို အမြဲတစေ ခံယူချင်သည်။ ထိုကြောင့် မိမိ့ သခင်နှစ်သက်သည့် အလုပ်များကို ပြောမယ့်အလျင် ကြိုတင် လုပ်တတ်သည်။ ထိုအချက်ကြောင့် သခင် လည်း အလွန်နှစ်သက်သည်။ ချီးကျူးခြင်းကိုလည်း ခံရသည်။ သခင်သည် အဆမတန် ဒေါသကြီးသူ ဖြစ်သည်။ တခါတလေ အိမ်မွေး တိရစ္ဆာန်နှင့်ပင် ရန်သူလို  ရန်တိုက်ကြသည်။ ထို့ကြောင့်  ဟာရ်ဘာရီသည် သခင်ကို အလွန်ကြောက်ရွံ့သည်။

တစ်နေ့သော်အခါ သခင်တို့မိသားစုသည် ရွာနီးချင်း ရွာတစ်ရွာရှိ အဒေါ်လေးအိမ်၌ အလည်အပတ် သွားကြ သည်။ ညနေရောက်လာမည်ဟု အစေခံမကို မှာထားသည်။ ဟာရ်ဘာရီသည် အိမ်၌ဆန်ကုန်နေသည်ကို မေ့လျော့ခဲ့သဖြင့် သခင့်ကို အသိပေးရန်လည်း မရနိုင်ခဲ့ချေ။ ညနေချက်စားရန် ဆန်မရှိဖြစ်နေသည်။  သခင်တို့ ညနေ အိမ်ပြန်လာလျှင်  ဘာစားမလဲ ဟု တွေးတော့နေသည်။ ထိုအခိုက်တွင် ပြုန်းကနဲ မျိုးစပါး အဖြစ်သိမ်းဆည်းထားသော ကောက်ညှင်းစပါး ၁ အာရီ (၁၆ သိုက်)နီးပါး ရှိနေသည်ကို အတွက်ပေါ်လေ သည်။ ဟာရ်ဘာရီသည် လျင်လျင်မြန်မြန် စပါးကိုထောင်း၍  ထမင်းချက်လေသည်။ ညနေစောင်းချိန် တွင် သခင်တို့ အိမ်သို့ရောက်လာခဲ့သည်။ သူတို့သည် ညနေထမင်းပါ စားလာခဲ့ကြောင်း သိရသောအခါ ဟာရ်ဘာရီသည် တုန်လှုပ်သွားခဲ့သည်။ အလွန်ကြောက်လန့်သွားခဲ့သဖြင့် စပါးဖွဲ့၍ ထမင်းချက်ခဲ့သည်ကို မည်သူ တစ်ဦးကိုမှ မပြောဝံ့ခဲ့ချေ။ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့။ သခင်သိသွားလျှင် ဘာမျှဖြစ်ပါမည်နည်းဟု စဉ်းစားလျက်နေသည်။

ထိုသို့နှင့် စောစော အရုဏ်ထက်ချိန်တွင် ထ၍ စဉ်းစားခန်းပြန်ဝင်ရာ ရုတ်တရက် နွားမပေါ်သို့ မျက်စိကျလေ သည်။ ယင်းမှ အတွေးသစ်တစ်ခု ပေါ်လာသည်မှာ “ငါ့ ဦးဏှောက်ကသာ ငါကိုကယ်နိုင်မည်ဖြစ်သည်"ဟု ရဲရဲဝံ့ဝံ့ နွားနို့ကို လျင်လျင်ဆန်ဆန် ညှစ်ကာ ညက ချက်ထားသော ထမင်းအိုး၌ လောင်းထည့်လေသည်။ ရသမျှ အနီးအနားမှ စားနိုင်ပစ္စည်းများကိုလည်း ပေါင်းထည့်ကာ အိုးကို မီးဖိုချောင် တစ်နေရာ၌ တည်ထား လေသည်။ သခင်မသည် နံနက် ချက်ပြုတ်ရန် မီး ဖိုချောင်းဝင်ရာ အိုးကိုမြင်သဖြင့် မေးလေသည်။ ဟာရ်ဘာရီက သခင်မ မကိုင်ပါလေနှင့်။ တန်းခိုးတော် ပယ်နိုင်သည်။ ကျမတည်ထားသော ဆေးဖက်ဝင် မုန့်တစ်မျိုးဖြစ်သည်။ ရောဂါဘယပေါင်းများစွာကို ပျောက်ကင်းနိုင်သည် ဟု အရှင်ရသေ့ တစ်ပါးက ပြပေးခြင်းဖြစ်သည်။ သခင်၌ ရှိသော နာတာရှည် ရောဂါကို ပဒ္ဓူမကြာမှ ရေစက်လျှော သကဲ့သို့ ပျောက် ကင်းစေပါလိမ့်မည်။ တစ်နှစ်တွင် တစ်ကြိမ်စားခြင်းဖြင့် မည်သည့်ရောဂါမဆို ဝေးရှောင်ပါလိမ့်မည် ဟုလည်း မှာထားခဲ့သည်။ သခင်မက ထိုစကားကို သခင်အား ပြောရာ သခင်လည်း ပျော်ရွှင်ပြီး “ငါ့သမီး သခင့်ကောင်း စားရေးကိုသာ ဂရုစိုက်တတ်သည် မဟုတ်လား၊ ငါသမီး လိမ္မာတယ်၊ ငါသမီး လိမ္မာတယ်" ဟု ချီးကျူးလိုက် သည်။

မွန်းတည့်တွင် မိသားစု အားလုံး ဝိုင်းစားကြရာ အရသာရှိသဖြင့် အလွန်ချီးကျူးခံရသည့်အပြင် အရှင်က “ ဟာရဘာရီ ရယ်၊ ဒီမုန့်ကိုဘယ်လိုခေါ်လဲ" မေးရာ၊ ချိုလွန်သဖြင့် မော်ဒူးထမင်းဟု ဖြေလေသည်။ စသော ဒဏ္ဍာရီ (ဖူတီး)များပြောလေ့ရှိသည်။



Thursday, May 19, 2016

The oldest man in the world 256 years breaks the silence before his death and reveals its secrets to the world

The oldest man in the world 256 years breaks the silence before his death and reveals its secrets to the world

 Thursday, 19 May 2016 13:51

What is the longest a person has ever lived for? Meet Li Ching Yuen, a man who lived an astonishing 256 years! And no, this is not a myth or a fictional tale.
người đàn ông lớn tuổi
According to a 1930 New York Times article, Wu Chung-chieh, a professor of the Chengdu University, discovered Imperial Chinese government records from 1827 congratulating Li Ching-Yuen on his 150th birthday,  and further documents later congratulating him on his 200th birthday in 1877.   In 1928, a New York Times correspondent wrote that many of the old men in Li’s neighborhood asserted that their grandfathers knew him when they were boys, and that he at that time was a grown man.
Li Ching Yuen reportedly began his herbalist career at the age of 10, where he gathered herbs in mountain ranges and learned of their potency for longevity. For almost 40 years, he survived on a diet of herbs such as lingzhi, goji berry, wild ginseng, he shoo wu and gotu kola and rice wine. In 1749, at the age of 71, he joined the Chinese armies as teacher of martial arts.  Li was said to be a much-loved figure in his community, marrying 23 times and fathering over 200 children.
According to the generally accepted tales told in his province, Li was able to read and write as a child, and by his tenth birthday had traveled in Kansu, Shansi, Tibet, Annam, Siam and Manchuria gathering herbs. For the first hundred years he continued at this occupation. Then he switched to selling herbs gathered by others.   He sold lingzhi, goji berry, wild ginseng, he shou wu and gotu kola along with other Chinese herbs, and lived off a diet of these herbs and rice wine
He Wasn’t The Only One
According to one of Li’s disciples, he had once encountered an even older 500-year-old man, who taught him Qigong exercises and dietary recommendations that would help him extend his lifespan to superhuman proportions.  Apart from Qigong and a herb-rich diet, what else can we learn from this Master of Longevity?
How about this:  On his death bed, Li famously said, “I have done all that I have to do in this world”.  Could his peaceful last words also hint at one of the biggest secrets to a long and prosperous life?  It’s interesting to note that in the West, we’re often taught to believe that aging is something that must be “beaten” with high tech infrared devices and state of the art medication.

His Secret To Long Health:

Li was asked what his secret was to longevity.  This was his reply:  “Keep a quiet heart, sit like a tortoise, walk sprightly like a pigeon and sleep like a dog.” These were the words of advice Li gave to Wu Pei-fu, the warlord, who took Li into his house to learn the secret of extremely long life.
Li maintained that inward calm and peace of mind combined with breathing techniques were the secrets to incredible longevity.  Obviously, his diet would have played a large role.  But its fascinating that the old living person in recorded history attributes his long life to his state of mind.

Why Is This So Hard To Believe?

With the average lifespan for the Western world currently sitting between 70-85 years, the thought of someone living over 100 years old seems like quite the stretch.  The thought of someone living over 200 years old seems extremely suspicious.  But why don’t we believe that people can live this long?
We have to keep in mind that some people in this world don’t live a grueling 9-5 lifestyle, they don’t have to deal with the stresses of debt, they aren’t breathing polluted city air, and they exercise regularly.  They don’t eat refined sugars or flour, or any foods that have had pesticides sprayed on them.  They aren’t living off of the standard American diet.

They aren’t eating fatty meats, sugary deserts, and genetically modified foods.  No antibiotics.  No alcohol and no tobacco.  Their diets not only exclude junk foods that we so often indulge in, they also include superfoods and herbs which are like steroids for our organs and immune system.
They also spend their spare time in nature practicing breathing techniques and meditating which have been proven to improve mental, physical, and emotional health.  They keep things simple, get proper sleep, and spend a great deal of time in nature under the sun.  When we get a chance to relax in the sun, we feel instantly rejuvenated and call this a “vacation”.  Imagine spending a lifetime doing that in the mountains, and combining that with perfect mental, spiritual, and physical well-being.
I do not doubt for a minute that if we all did the things we knew we were supposed to do, that living to be 100 years old would be commonplace.  When we treat our bodies right, who knows how long we can live for?
About the author: My name is Steven Bancarz, and I am the creator of ‘Spirit Science and Metaphysics’. I am working on a new social platform is being built called ‘The Conscious Forum‘ to provide the best place online for open-minded people to discuss, engage, and connect with one another in a way never offered before.

Monday, May 16, 2016

မြန်မာရှေးဘုရင်မင်းဆက်များ

မြန်မာရှေးဘုရင်မင်းဆက်များ (ဗဟုသုတအနေနဲ့မှတ်သားသိမ်းဆည်းဖို့ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

●ပထမတကောင်းမင်းဆက်၊
●ဒုတိယတကောင်းမင်းဆက်၊
●သရေခေတ္တရာပထမမင်းဆက်၊
●သရေခေတ္တရာဒုတိယမင်းဆက်၊
●ပုဂံမင်းဆက်၊
●ပင်းယမင်းဆက်၊
●စစ်ကိုင်းမင်းဆက်၊
●မဂဒူး မင်းဆက်၊
●အင်းဝမင်းဆက်၊
●တောင်ငူမင်းဆက်၊
●မွန်မင်းဆက်၊
●ရခိုင်မင်းဆက်၊
●ညောင်ရမ်းမင်းဆက်၊
●ကုန်းဘောင် မင်းဆက်

■ပထမ-တကောင်းမင်းဆက်■
----------------------------------
ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။
မင်းဆက်(၃၃)ဆက်
------------------------
1. အဘိရာဇာ
2. (သား) ကံရာဇာငယ်
3. (သား) ဇမ္ဗူဒီပရာဇာ
4. (သား) သင်္ဃသရာဇာ
5. (သား) ၀ိပ္ပန္နရာဇာ
6. (သား) ဒေ၀တရာဇာ
7. (သား) မုနိကရာဇာ
8. (ဘထွေး) နာဂရာဇာ
9. (ညီ) ဣန္ဒရာဇာ
10. (သား) သမုတိရာဇာ
11. (သား) ဒေ၀ရာဇာ
12. (သား) မဟိန္ဒရာဇာ
13. (သား) ၀ိမလရာဇာ
14. (သား) သီဟနုရာဇာ
15. (သား) မင်္ဂလရာဇာ
16. (သား) ကံသရာဇာ
17. (သား) ကလိင်္ဂရာဇာ
18. (သား) သင်းတွဲရာဇာ
19. (သား) သီဟဠရာဇာ
20. (ညီ) ဟံသရာဇာ
21. (သား) ဝရရာဇာ
22. (သား) အလောင်းရာဇာ
23. (သား) ကောလကရာဇာ
24. (သား) သူရိယရာဇာ
25. (သား) သင်ကြီးရာဇာ
26. (သား) တိုင်းချစ်ရာဇာ
27. (သား) မဓုရာဇာ
28. (သား) မင်းလှကြီးရာဇာ
29. (သား) သံသုသီဟရာဇာ
30. (သား) ဓနင်္ဂရာဇာ
31. (သား) ဟိန္ဒရာဇာ
32. (သား) မောရိယရာဇာ
33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။
*(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။

■ဒုတိယ-တကောင်းမင်းဆက်■
------------------------------------
အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီဝင်မင်းတစ်ပါးသည် သာကီဝင်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက (၁၇)မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည် ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။
မင်းဆက်(၁၇)ဆက်
------------------------
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2. သတိုးတိုင်းသ ရာဇာမင်း
3. သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7. သတိုးဂဠုန်ရမင်း
8. သတိုးနဂါးရမင်း
9. သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ-မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။

■သရေခေတ္တရာ-ပထမမင်းဆက်■
---------------------------------------
ဧရာဝတီမြစ်၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ် အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။
သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီးကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။

မင်းဆက်(၂၇)ဆက်
------------------------
1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)
2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)
3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)
*[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။]
17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)
21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)
*[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။]

■သရေခေတ္တရာ-ဒုတိယမင်းဆက်■
-----------------------------------------
မင်းဆက်(၂၀)
1. သီဟသူ
2. (ညီ) ကျစွာ
3. စောရန်နောင်
4. မျက်နှာရှည်
5. မထီးလို (လု)
6. လုပ်ပြာ (ဖျာ)
7. စုကတေး
8. မင်းရဲကျော်စွာ
9. သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာဝတီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော

■ပုဂံမင်းဆက်■
-------------------
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။
ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို
(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊
၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်

မင်းဆက် (၅၈)ဆက်
------------------------
(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
(၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်)
(၇) သေဉ်လည်ကြောင် (ကောဇာသက္ကရာဇ် ၂၆၆-နှစ်)
(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
(၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်)
(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
(၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆)
(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
(၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇)
(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
(၄၇) မင်းရှင်စော <ထီးနန်းမရ>
(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2]
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှာ ရှမ်းညီနောင်သုံးဦးဖြစ်သည်။

■ပင်းယမင်းဆက်■
-----------------------
ပင်းယမင်းဆက် (၆)ဆက်
------------------------------
1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း

■စစ်ကိုင်းမင်းဆက်■
-------------------------
စစ်ကိုင်းမင်းဆက် (၇)ဆက်
--------------------------------
(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)
(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)
(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1]
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။

■မဂဒူး မင်းဆက်■
-----------------------
မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘ၀ရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ၀ါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ၀ါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်ဝန်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်
-----------------------------
1.၀ါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)
2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
ဇိတ်ပွန်(၇ ရက်)
5.စောအဲကံကောင်း(၄၉ ရက်)
6.ဗညားအဲလော(၁၃၃၁-၁၃၄၈)
7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
10.ပထမဗညားရံ(၁၄၂၆-၁၄၄၆)
11.ဗညားဗရူး(၁၄၄၆-၁၄၅၀)
11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
12.လိပ်မွတ်ထော(၇ လ)
13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)၀ိဟာရဒေ၀ီ(၁၄၅၃-၁၄၇၂)
14.ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။

■အင်းဝမင်းဆက်■
------------------------
အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃-ရာစု အလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝနန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်းဝမင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။
တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

အင်းဝမင်းဆက် ၃၀ ဆက်
------------------------------
(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)
(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း)
(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)
(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)
(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း)
(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)
(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)
(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း)
(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)
(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)
(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၂၆)နရာဝရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)
(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)
(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာဝတီပါမင်း)

■တောင်ငူမင်းဆက်■
---------------------------
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။
ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်း ပါဝင်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။

တောင်ငူရာဇ၀င်အကျဉ်း
-----------------------------
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။
သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။
တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီးဟံသာဝတီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။
ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။
နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။
သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်းဝမှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။
တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

တောင်ငူမင်းဆက် ၈ ဆက်
-------------------------------
မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။

■ညောင်ရမ်းမင်းဆက်■
----------------------------
တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။
ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်းဝ၊ပြည်၊တောင်ငူ၊ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။
ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။
ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။
နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။
ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။

ညောင်ရမ်းမင်းဆက် (၁၁)ဆက်
-------------------------------------
(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၇)နရာဝရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)

■ကုန်းဘောင် မင်းဆက်■
------------------------------
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်း(၁၀)ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရားမှသည် နောက်ဆုံး သီပေါမင်းအထိ မင်းဆက် (၁၁)ဆက်တိတိရှိသည်။
ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။
နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုတ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။
ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာသနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတ?

Credit - Thet Sinn Lay

Sunday, May 15, 2016

မျက်ကန်းအော်သံ ဆူညံညံ

မျက်ကန်းအော်သံ ဆူညံညံ



မျိုးပျက် ဘက်တီးရီးယာ အသင်း (မဘသ) သည် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပူးပေါင်းနေထိုင်လာခဲ့ကြ သည့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန် အလို့ငှာ အမျိုးသားရေးခေါင်းစဉ်အောက်၌ ရိုးသားသော မျိုးချစ်ပြည်သူများကို အသုံးချ၍ ၂၀၁၂ခုနှစ်မှ စတင်ကာ ဘာသာခြား မုန်းတီးရေး ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှုများဆက်တိုက် ပြုလုပ်လာခြင်းသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ပျက်စီးသည့်အပြင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲလာနေသည့် မြန်မာပြည်သူ ပြည်သားကို စိပ်ခြမ်းနေခြင်းပင်ဖြစ်သည်။ ထို့အပြင် သင်္ဃန်းကို ဝတ်ထားသော်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမတော်များကို လူသိရှင်ကြား ငြင်းပယ်နေခြင်းလည်းဖြစ်သည်။ ဤသည်မှာ မိမိအမျိုး၊ မိမိဘာသာ၏ အကျိုစီးပွားကို ပျက်နေခြင်းဖြစ်သည် မဟုတ်လော့။ ထို့အပြင် သူတစ်ပါး၏ အခွင့်အရေးများ နစ်နာဆုံးရှူံးစေရန် ဟောပြောခြင်း၊ လမ်းပေါ်ထွက် အော်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည့် လုပ်ဆောင်မှုများသည်လည်း သူတစ်ပါး စီးပွားကို ပျက်စီးခြင်းဖြစ်သည် မဟုတ်လော့။

ထိုကဲ့သို့ မိမိအကျိုး၊ သူ့တစ်ပါးအကျိုးကို မသိတတ်သော သူကို ဗုဒ္ဓမြတ်စွာဘုရားက-
သူ့စီးပွား၊ မိမိစီးပွားကို မသိသောသူဟာ မျက်စိနှစ်ဖက်လုံးချို့သည်မည်၏။
မိမိစီးပွားကိုသာ သိ၍ သူ့စီးပွားကို မသိသသူကား မျက်စိတစ်ဖက် ချို့သည် မည်၏။ နှစ်ပါးစုံကို သိသသူကား မျက်စိနှစ်ဖက်ရှိသည်မည်၏။

ဤသို့နှစ်ဖက်ရှိသောသူကား လူလည်း အိမ်ထောင်အမှု၌ လုံ့လ အထအကြွရှိသော အကျင့်၊ ပဉ္စသီ ဆောက်တည်သောအကျင့်၊ ဥပုသ် ဆောက်တည်သော အကျင့်၊ ဤသို့အကျင့်အစရှိသော ဆိုခဲ့ပြီးသောကုသိုလ် ဆယ်ပါးတရားကို ကျင့်လျက် အသက်မွေးသည်လျှင် ပညာဖြင့် အသက်မွေးသည် မည်သတည်း။" ဟုမိန့်တော်မူခဲ့သည်။
(ပေလေးပင် ရှင်လေးပါး အပါအဝင် ပုဂ္ဂိုလ်ကျော် ရှင်မဟာသီလဝံသ ရေးသော “ပေါရာယနဝတ္တု")

ဆိုလိုသည်မှာ မျက်စိနှစ်ဖက်ချို့နေသူ၌  အိမ်ထောင်အမှု၌ လုံ့လ အထအကြွရှိသော အကျင့်၊ ပဉ္စသီ ဆောက် တည်သောအကျင့်၊ ဥပုသ် ဆောက်တည်သော အကျင့် အစရှိသော အကျင့်တို့သည် မည်သည့်အခါမှ ရှိနိုင် မည်မဟုတ်ဟု မြတ်စွာဘုရားက ဆုံးမညွှန်ပြနေခြင်းဖြစ်သည်။

စတုရင်္ဂဗလ အမတ်ကြီးရေးသားခဲ့သည့် လောကနီတိကျမ်းမှ သူယုတ်နှင့်  လက်တွဲသူသည် ပျက်စီးခြင်းသို့ ရောက်မည်ကိုလည်း ကောက်နုတ်ဖော်ပြထားပါသည်။

“အကြင်သူသည် သူတော်မဟုတ်သောသူအား ချစ်အပ်သည်ဖြစ်၏။ သူတော်ကောင်းကို ချစ်ခြင်းကိုမပြု။ မသူတော်တို့၏ တရားကိုလျှင် နှစ်သက်၏။ ထိုသူ၏ ထိုအမူအကျင့်သည် ပျက်စီးအပ်သည်၏ အကြောင်း တည်း။"
(လောကနီတိ၊ အပိုဒ် ၆၇)

The person loves the person who is not virtuous and does not love the virtuous person, and pleased with the teaching of the vicious people. That person's action is the cause of his ruin.

ထို့ကြောင့် ဘာသာတရားအား ဂုဏ်နိမ့်နေသော သူယုတ်မာတို့၏ ဗန်းပြ လုံ့ဆော်မှုကို အသိတရားမဲ့သည့် အသွင် နာခံလျက် ရေလာမြောင်းပေး ကျင့်ကြံလျင် မိမိတို့၏ လောကီ လောကကုတ္တရာ နှစ်ဘဝ နှစ်မြှပ် ပျက် စီးသွားမည်မှာ သံသယရှိပါသလား။

မဆင်မခြင် မလေ့လာဘဲ သူယုတ်မျက်ကန်းတို့၏ နောက်လိုက်မှုသည် လူမျိုး၊ တိုင်းပြည်၊ သာသနာ သာမက မိမိကိုယ်ကိုယ်ပါ ပျက်စီခြင်းသို့ တွန်းပို့နေခြင်းရောက်၏။

အယူမှား၊ အမြင်မှား၊ အတွေးမှားတို့ကို ဆင်ခြင်၍ တရားနှင့်လျော်စွာ အမှန်တရားကို ချဉ်းကပ်နိုင်ပါစေ။
ထလော့ မြန်မာ.....ထလော့......

 မကြာခဏမ ဆင်မခြင်  ဆန္ဒပြနေသူတွေကို ရည်စူးလျက်-
မေတ္တာဖြင့်

အဂ္ဂ (နတ်မြစ်သား)