Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Monday, March 25, 2019
Rohingya Refugees Tell Dubai Education Summit of Lost Generation of Pupils
Rohingya refugees tell Dubai education summit of lost generation of pupils Ahmed Ullah and Zainab Arkani called on the global community to end the dire crisis their people face
Zainab Arkani at Opening Plenary at the Global Education & Skills Forum 2019.
Courtesy: Global Education and Skills Forum
Anam Rizvi | The National 
March 23, 2019
Young members of the Rohingya people have called upon on the international community to ensure their children do not become a 'lost generation' without an education or future.
Speaking on the first day of the annual Global Education and Skills Forum in Dubai, Ahmed Ullah and Zainab Arkani said their young people have been left with little hope of educating themselves out of poverty.
The community has faced persecution and what the UN describes as "ethnic cleansing" at the hands of the Myanmar regime.
Ahmed Ullah, who was born in a refugee camp following earlier purges by the government, made it to Canada in 2009. He is now a youth coordinator of the Canadian Rohingya Development Initiative.
"I am begging every single one of you... you can change those lives. I am proof that refugees can do anything as long as you give them a chance," he told an audience at the Atlantis complex on Saturday.
“They just want an opportunity to contribute to society."
In 2017, more than 700,000 ethnic Rohingya were driven out of their homes in Rakhine province. Many settled in the town of Cox's Bazar, just over the Bangladesh border, in what the UN says is among the densest concentrations of refugees today. Most Rohingya are Muslim and many in predominantly Buddhist Myanmar view them as illegal immigrants. In total there are about 900,000 Rohingya in Bangladesh, some of whom fled earlier military violence in 1978, 1991 and 1992.
Ahmed Ullah spoke of the need for international support for
his persecuted people.  Pawan Singh / The National
"Why can’t we give Rohingya kids hope that they can go to university and build something for their people?" Mr Ullah asked an international audience of delegates, educators and government officials.
"There are millions of kids suffering the same way I was suffering. All they want is education. Day by day, everything that was given to them by the international community is being taken away."
Even before the 2017 campaign, Rohingya lived in poor conditions and were victimised by the authorities.
"I remember being kicked out of school and been told to survive along as I can," Mr Ullah said. "I got a job in a coffee shop."
He has since returned to witness conditions in the camps. He recalled how one Rohingya child told him he wants to become a lawyer to get justice for his people.
Ms Arkani described the abuse she suffered and told of how she was persecuted for being Muslim at a school in Myanmar, whose population is almost 90 per cent Buddhist.
There are about 900,000 Rohingya refugees in Bangladesh,
many of them living in squalid conditions. Reuters 
She recalled her first day, when as a four-year-old she was happy to arrive at school.
"In Burma, as soon as school starts you have to pray. My teacher came and she pushed my head on the floor and said 'why aren't you bowing?'," she said.
"I said 'I am a Muslim and I don’t bow to anything other than God'. She said to go to the corner and stand there."
"I have suffered mental and physical abuse and all kinds of assault.
"I was lucky I was among the one per cent who went to school because 99 per cent did not have the chance to go to school."
Ms Arkani moved to Canada and started the only Rohingya school in her basement.
She spoke powerfully of the need for vocational training and to build an education system for the Rohingya people.
GLOBAL EDUCATION AND SKILLS FORUM
Rohingya refugees tell Dubai education summit of lost generation of pupils
Education is the antidote to violence, poverty and corruption, says Nobel prize winner
American teachers demand voice in school shootings debate
Hugh Jackman announces Dubai's Global Teacher Priz
She described the conditions of the refugee families moving there, many of whom had never held a pen.
"They only knew survival skills. We are treated as second class in our society," she said.
"Now, many of these women are becoming Canadian citizens and some of them are even working."
Asif Saleh, senior director at Brac, an international development organisation based in Bangladesh, said about 75 per cent of the refugees are women and children.
"This is a community that has been disenfranchised for such a long time. The women did not want to come out and they did not want to speak," said Mr Saleh.
"Things have changed and there is a sense of normalcy. Now, about 180,000 children are in learning centres."
Despite that improvement, many are not receiving a proper education in in those informal, fun-based learning centres.
"The greatest challenge now is to ensure children have access to education and skills training or risk losing out a large generation of people.”
He said that donor fatigue is setting in, with only about 40 per cent of the current year’s need of over $600 million met (Dh2.2 billion).
Organised by the Varkey Foundation at Atlantis, the Global Education and Skills Forum is an annual education event that culminates in the $1 million Global Teacher Prize for the best educator.
The two-day event continues on Sunday.
Also on Saturday, the Sheikha Fatima Global Humanitarian Campaign said it would open a new medical facility, Zayed Al Khair camp, to treat thousands of Rohingya refugee women and children, under the supervision of a UAE-Bangladesh volunteer medical team.
Updated: March 23, 2019 08:36 PM
Saturday, March 23, 2019
ကင်းစီး (-င်္)
အင်္က (အမှတ်တံဆိပ်) 
ကင်္ခါ (ယုံမှားသံသယ) 
ကင်းစီးအတု
ပြင်ဆင်
သင်္ဘော 
ခြင်္သေ့ 
-----------------------------------------------------------------------------------------------------------
Unicode
ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော ကဝဂ်ဗျည်း ငါးလုံးတွင် ဝဂ္ဂန္တ(ဝဂ်အဆုံး) ဖြစ်သော င-ဗျည်းနှင့် ရှေ့လေးလုံးဆင့်ရာ၌ လုံးဆင့်စည်းကမ်းအရ အထက်ကနေသော သရမဲ့ င-ဗျည်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်း င-ဗျည်း၌ သရမပါသောကြောင့် သရမဲ့ကြောင်းကို သိစေရန် င-ဗျည်းအပေါ်မှ အသတ်(တံခွန်) ထည့်ထားခြင်း ဖြစ်သည်။ ယင်းတံခွန်ကို အသတ်ဟု ခေါ်ရခြင်းမှာ မိမိအောက်၌ ရှိသော ဗျည်းမှ အ သရကို သတ်လိုက်သကဲ့သို့ ဖြစ်သောကြောင့် အသတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ဤ၌ ဂင်္ဂါမြစ်ကို ရေးလိုလျှင် ဂင်ဂါမြစ်ဟု ရေးရမည် ဖြစ်သော်လည်း ဤသို့ရေးလျှင် ကင်းစီးစာလုံးက အထက်သို့ ထိုးထွက်နေရာ စာလုံးက ရှေ့နောက်မညီ ကြည့်၍ မလှ ဖြစ်နေပေမည်။ ထို့ကြောင့် ကြည့်၍ လှပကောင်းမွန်စေရန် င်(ငသတ်)ကို အပြည့်မရေးဘဲ -် ဤသို့ ငသတ်ကို ချုံ့၍ရေးခြင်းကို ရှေးကျောက်ရေးဆရာတို့ တီထွင်ခဲ့ခြင်း ဖြစ်ပုံရသည်။ ကင်းစီး၏ ပြယုဂ်တို့မှာ-
အင်္က (အမှတ်တံဆိပ်) 
ကင်္ခါ  (ယုံမှားသံသယ) 
ဘင်္ဂ  (ပျက်စီးခြင်း၊ ဘင်ခဏ) 
သိင်္ဃာနိက (နှပ်) စသည်တို့ ဖြစ်သည်။
ကင်းစီးဆိုသည်မှာ စင်စစ်အားဖြင့် ငသတ်ပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လာရခြင်းကား အချို့ငသတ်မှာ နိဂ္ဂဟိတ်ဟု ခေါ်ဆိုအပ်သော သေးသေးတင်ကို င-သဘောဖြင့် ကင်းစီးပြုလုပ်ထားခြင်း ဖြစ်၏။ စင်္ကမ၊ မင်္ဂလာ၊ သင်္ဃာ အစရှိသည်တို့ကား မူလရေးထုံးတို့ပင် ဖြစ်လေသည်။ သင်္ဘော၊ ခြင်္သေ့ စသည်ကား ရေးထုံးမဟုတ် ပညာရှိများ နောက်မှ ပြုလုပ်ကြခြင်း ဖြစ်လေသည်။ ထို့ပြင် သံသရာ- သင်္သာ၊ အံသာ- အင်္သာ၊ ဟံသာ- ဟင်္သာ အစရှိသဖြင့် များစွာပင် ရှိသည်မှာ စင်စစ်အားဖြင့် က-ခ-ဂ-ဃ တို့ အပေါ်၌သာ တင်နိုင် စီးနိုင်သော်လည်း သွရဿတီ သဒ္ဒါကျမ်းတို့ အလိုအားဖြင့် သ-ပေါ်၌လည်း စီးနိုင်လေသည်။ [၁]
ကင်းစီးအတု
ပြင်ဆင်
ကင်းစီးအတုများလည်း ရှိသေးသည်။ ကင်းစီးအတုဟူသည် ကင်းစီးအစစ်ကဲ့သို့ ကဝဂ်၏ ရှေ့လေးလုံးအပေါ်၌ သရမဲ့သော ငဗျည်း(ငသတ်)ကို တင်ခြင်းမဟုတ်ဘဲ က၊ ခ၊ ဂ၊ ဃ လေးလုံးမှ တစ်ပါးသော အခြားဗျည်းများအပေါ်သို့ င-သတ်ကို တင်ခြင်းကို ခေါ်သည်။ ပြယုဂ်မှာ-
သင်္ဘော
ခြင်္သေ့
သင်္သရာ စသည်တို့ ဖြစ်သည်။
ထို့ကြောင့် ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ လေးလုံးအပေါ်သို့ သရမဲ့သော ငဗျည်း(င-သတ်)ကို တင်ခြင်းသာ ကင်းစီးအစစ်ဖြစ်သည်။ ယင်းလေးလုံးမှ တစ်ပါးသော အခြားဗျည်းများပေါ်သို့ ငသတ်တင်ခြင်းကို ကင်းစီးအတုဟု မှတ်ယူပါလေ။
Wednesday, March 20, 2019
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
“ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး”
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနော်ရထာမင်း (AD 1002 - 1035) နတ်ရွာစံတော့ သားတော်ကြီး စောလူးမင်း (AD 1035 - 1061) နန်းတက်ပြီး ညီတော်ဖြစ်တဲ့ ကျန်စစ်သားကို အိမ်ရှေ့စံပေး စစ်သူကြီး ခန့်လိုက်တယ်။
နောင်တော့ ကျန်စစ်သားဟာ ဦးစောက်ပန်း မိဖုရားနှင့် နန်းတော်ရှေ့မှာ ရယ်ရယ်မောမော စကားပြောနေတာ တွေ့တော့ ပန်းလှိုင် အရပ် စစ်ကိုင်းနားက ပရိမ္မအရပ်ကို စောလူးမင်းက နယ်နှင်လိုက်တယ်
မကြာပါဘူး စောလူးမင်းဟာ ငယ်ငယ်က နို့ဆို့ဖက်ဖြစ်တဲ့ ငရမာန်ကားနှင့် ကြွေအံ့ ကစားရင်း
ကြွေအံ့ရှုံးတဲ့ စောလူးမင်း ကဒေါသ ထွက်ပြီး ~
" ငရမာန်ကန်း ရယ် … မင်းက ကြွေအံ့သား ကစားတတ်တာပါ၊ စစ်ကစား မတတ်ပါဘူး " လို့ ချိုး နှိမ်လိုက်တယ်
ငရမာန်ကန်းလည်း ရှက်ရှက်နဲ့ ဥဿာ (ပဲခူး) ပြန်ပြီး ပဲခူး စစ်တပ်ကြီးနှင့် စစ်ချီလာပြီး စောလူမင်းနှင့် စစ်ခင်း တော့တယ်
နောက်ဆုံး စောလူးမင်း (AD 1035 - 1061) ကို ဖမ်းမိပြီး သတ်ပစ်လိုက်တယ်
ပေါက္ကန် ထီးနန်း ငရမာန်းလက် အပ်ဖို့ တောင်းဆိုတော့
အမတ်ကြီးတွေက ဥပါယ်တမျှင်နဲ့ အိမ်ရှေ့စံလည်းဖြစ် စစ်သူကြီးလည်းဖြစ်တဲ့ " ပရိမ္မ အရပ်က ကျန်စစ်သားကို စီးချင်းထိုးပါအုံး အနိုင်ယူပါအုံး နိုင်ခဲ့သော်ပေါက္ကန် ထီးနန်း ပေါက္ကန် တိုင်းပြည် အပ်ပါမယ် "
လို့ပြောလိုက် တော့
စစ်ကိုင်းနားက ပရိမ္မ အရပ်မှာ ကျန်စစ်သားနဲ့ ပထမအကြိမ် ငရမာန်ကန်း စီးချင်းထိုးတယ်၊ ကျန်စစ်သား ရှုံးပြီး
ပန်းလှိုင် အရပ်ကို ထွက်ပြေးရတယ်
ပန်းလှိုင် အရပ်မှာ ဒုတိယ အကြိမ် စီးချင်းထိုးတော့လည်း ကျန်စစ်သား ရှုံးပြန်တယ်။
တကောင်း အရပ်ကို ထွက်ပြေးရတယ်
တကောင်း အရပ်မှာ မွတ်စလင်ကြီး ဗျတ်ဝိ ဗျတ်တ မျိုးဆက်ဖြစ်တဲ့. မုဆိုးကြီး ငစဉ့် (ခ)
မွတ်ဆလင်ကြီး ငစဉ့်နဲ့ တွေ့တယ်
ငစဥ့်ဟာ ဗျတ်ဝိ ဗျတ်တရဲ့ တူတော်မောင် တော်ပြီး ဥတည်ဘွား လည်ပင်းကို
ထုံး ၃ ချက် တားခဲ့တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး (ခေါ်) မင်းကြီး မင်းလေးနဲ့
ညီအစ်ကို ဝမ်းကွဲ တော်စပ်တယ်
အကြောင်းစုံပြောပြပြီး ကျန်စစ်သား က အကူ အညီတောင်းတော့
ဧရာဝတီမြစ်ကို မုဆိုးငစဉ့် ကူးသွားတဲ့ အရပ်ကို ငစဉ့်ကူး
ငရမာန်ကန်းကို မုဆိုးငစဥ့် ဒူးလေးနဲ့ ပစ်သတ်တဲ့ အရပ်ကို ငစဥ့်ကိုင် လို့ ကျန်စစ်သား မင်းကြီးက
အမည့် မှည့်ပေး ရွာတည်ပေးလိုက်တယ်
မှတ်ချက်။ ။ အခု ကာလမှာတော့ စဥ့်ကူးမြို့ ~ စဥ့်ကိုင်မြို့ ဆိုပြီး မန္တလေးတိုင်း အနီးမှာ ထင်ရှားစွာ
တည်ရှိနေပါတယ်။
ကျန်စစ်မင်းကြီး (AD 1061 - 1088) ထီးနန်းရတော့ ပေါက္ကန်ပြည်ကြီးမှာ စစ်သူကြီး လုပ်ဘို့
မုဆိုးကြီး ငစဥ့် ကို မြို့စားမင်း နယ်စားမင်း ခန့်တယ်
အနော်ရထာ မင်းကြီးလက်ထက် အတိုင်း ဗျတ်ဝိ ဗျတ်တ လို ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး အတိုင်း
နယ်စားမင်း မြိ့စားမင်း ပေးတာကို မယူ
" ကွမ်းတစ်ယာနှင့် ရေတစ်မှုတ် "  တောင်း သောက်ပြီး မုဆိုးကြီး ငစဥ့် တကောင်းကို ပြန်သွားတယ်
တကောင်းမှာဘဲ အသက်ကြီးလာတော့သေသွားတယ် ။
ဦးကိုနီလည်း ၂၀၀၈ ဖွဲစည်းပုံကြောင့် အမေစု သမ္မတ မဖြစ်ရလည်း သမ္မတအောက် ငယ်တဲ့
နိုင်ငံတော် အတိုင်ပင်ခံ ရာထူးကို ဆွဲထုတ် ယူပေးသွားတယ်
အမေစု ကလည်း ဦးကိုနီ ကို ဥပဒေအတွင်းဝန် ခန့်တာကို လက်မခံ မယူဘဲ နဂိုလ်ရှိမြဲ NLD ဥပဒေ အကြံပေးလုပ်ရင် မသမာသူ လက်ချက်နဲ့ သေပွဲဝင်သွားရတယ်
သမိုင်းဆိုတာ မင်းဆိုးမင်းညစ် ခေတ်မှာ ခဏတာ မှေးမိန်နေပေမဲ့ တစ်စုံ တစ်ဦးက ရေးသားလိုက်ရင်
ပုလဲ စစ် ပုလဲမှန်ဆိုတာ " ပုလဲအရောင် မမှိန်ပါဘူး "
နွံနစ်လို့ ကျွန်ဖြစ်မဲ့ အချိန် လူမျိး မတူ ဘာသာကွဲ အစ္စလာမ်ရဲ့ သားတော်တွေ မွတ်စလင်ရဲ့ သူရဲကောင်းတွေ
ပေါ်ထွက်လာရတာ ဓမ္မတာပါ
ပတ္တမြားမှန်လျင် နွံနစ်သော်လည်း နွံမညစ်ပါဘူးနွံနစ်ပေမဲ့ ကျွန်မဖြစ်အောင် ကယ်တင်တဲ့တာ ပတ္တမြားစစ်စစ်
ပြည်တန်တဲ့ ပတ္တမြားသာလောကမှာ ရှိပါတယ်
@
ရခိုင်​ပြည်​နယ်​၊ မောင်​​တော(စာစစ်​)မှ ထူးထူးချွန်​ချွန်​​ အောင်​မြင်​ကြတဲ့ မွတ်​စလင်​ ခလေးငယ်​များ၊
အခက်​အခဲ အကြပ်​အတည်းများကြားမှ ယခုလို​ အောင်​မြင်​ထူးချွန်​သည့်​ အတွက်
ဂုဏ်​ယူဝမ်းသာ ပါသည်​။
~~~~~~~~~~~~~~
Video ရခိုင်ပြည်မှ ရှိုက်ငိုသံ
~~~~~~~~~~~~~~
ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
( အရှင် ပညာ လင်္ကာရ )
2-6-2018
~~~~~~~~~~
ဓာတ်ပုံ KhinZaw(ကသာ)
@
https://www.facebook.com/permalink.php?story_fbid=2073155399672068&id=100009328856634
@
Tuesday, March 19, 2019
အာမီရ်အာလီမျာ အုတ်မြစ်ချခဲ့သော ဘောလီဘာဇား အထက်တန်းကျောင်း
 ဘောလီဘာဇား (ကြိမ်ချောင်း) အထက်တန်းကျောင်း
အာမီရ်အာလီမျာ အုတ်မြစ်ချခဲ့သော ဘောလီဘာဇား အထက်တန်းကျောင်း
ချောင်ဒရီ အာမိရ်အာလီမျာသည် မေယုဒေသ၏ အထင်အရှား မြို့ဟောင်း ဘော်လီဘာဇားမြေကို ခုတ်တွင်တည်ထောင်ခဲ့သူ ဒေးဝန်ကြီး  ဖောတေးအာလီ ဘောလီ ၏ မြစ်ထီးတစ်ဦး ဖြစ်သည်။ ဆိုရလျှင် ဘော်လီစော်ဘွား၏ တတိယမြောက် မျိုးဆက်ပင် ဖြစ်သည်။ အဖေ ဖော်ဇောရ်အာလီမျာနှင့် အမေ သျှီရိ ဆော်န္ဒာ ဘာနု မှ ၁၈၄၆ (၁၈၅၆ အဆိုကွဲ) ခုခန့်တွင် ဖွားမြင်သည်။ သားသမီးများအနက် အကြီးဆုံး သားဖြစ်သည်။  ဆရာကြီးသည် အိန္ဒိယနိုင်ငံရှိ နာမည်ကျော် ကာလကတ္တား တက္ကသိုလ်နှင့်  အိစ္စလာမစ်တက္ကသိုလ်ကြီး ဒိယော့ဘာန်သို့ သွားရောက်  ပညာဆည်းပူးခဲ့သည်။
ဆရာကြီးသည် အမိမြေသို့ ပြန်ရောက်လာကာ ၁၉၁၆ ခုနှစ်တွင် ဘော်လီဘာဇားမြေ၌ ပထမဆုံးသော အာရဗီ စာသင်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ထိုခေတ် ပညာရေးစနစ်ကို ကျင့်သုံးခဲ့သည်။ အိန္ဒိယနိုင်ငံ မဒ်ရာဆာကျောင်းသင် ပြဋ္ဌာန်းစာအုပ်များကို သင်ပြပို့ချခဲ့သည်။ အာရကန်၌ ကျင့်သုံးနေသော မဂ်သပ်ပညာရေးစနစ်ကို အဆင့်မြင့်တင်ခဲ့သည်။ထိုကျောင်းသည် မဂ်သပ် ပညာရေးစနစ်ပြီးနောက် ပထမဆုံးသော စာသင်ကျောင်းကြီးဖြစ်သည်။ ထို့နောက် ၁၉၂၀ ပြည့်နှစ်တွင် ကိုလိုနီ ကျွန်ပညာရေးစနစ်ကို ကန့်ကွက် ဆန္ဒပြမှု အရေးပေါ်ပေါက်လာရာ  ဆရာကြီးသည်  ကျောင်းသားသပိတ်ကို တစ်ခဲနက်ထောက်ခံပြီး ငွေအင်အား လူအင်အားနှင့် ကူညီခဲ့သည်။  ဆရာကြီး ဇိုင်နောဒ္ဒိန်း နှင့်အတူ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ကာ အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ရေး နိုးဆော်စည်းရုံးခဲ့သည်။   ထိုမှတဆင့် ဘော်လီဘာဇားနှင့်တကွ အိမ်နီးနားချင်းကျေးရွာများ၏ ပညာရေးလောက တဖြည်းဖြည်း  တိုးတက်လာခဲ့သည်။ 
ထို့နောက် ထိုအူရ်ဒူကျောင်းကို ဗမာ-အင်္ဂလိပ် ကျောင်းအဖြစ် ပြောင်းလဲသင်ပြခဲ့သည်။ ဗမာအင်္ဂလိပ်ကျောင်း တည်နေရာမှာ ယနေ့ ဘော်လီဂျာမေဝတ်ပြုကျောင်း ရှိရာ နေရာပင်ဖြစ်သည်ဟု သက်ကြီးများက ဆိုကြသည်။ ကျောင်းမှာ နှစ်ထပ်ကျောင်းဖြစ်လေသည်။ ဒူမ်ဘာလား ဂေါ့ရ် (နှစ်ထပ်အိမ်) ဟု ရိုဟင်ဂျာစကားတွင် ခေါ်ကြသည်။ ထိုကျောင်းတွင်  ပထမဆုံး အမျိုးသားကျောင်းဆရာအဖြစ် မောင်တောမြို့ ငခူးရ ရပ်ကွက် (ယခု-ရပ်ကွက်၂)မှ ဆရာ အိန္နာအာမိန် ကို ခန့်အပ်ခဲ့သည်။ ပြီးနောက် အင်ဂီရာဇီ မခ်ျထောရ် (အမည်ရင်းမသိရ) ကဲ့သို့သော ထင်ရှားသော ဆရာများ ခန့်အပ်ခဲ့သည်။ အူရ်ဒူကျောင်းကိုမူ ကျောင်းခွဲအဖြစ် ခွဲထုတ်ကာ စံပ္ပာယ်ကုံး ကျေးရွာ (ကာဇီအာဘာတ်)သို့ ပြောင်းရွှေ့ခဲ့သည်။ အူရ်ဒူအထက်တန်းကျောင်း အဆင့်ထိ ဖြစ်လာခဲ့သည်။  လွတ်လပ်ရေး မတိုင်မီ ခေတ်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် အူရ်ဒူကျောင်းများကို ထောက်ပံ့နေသည့်အချိန်တွင် ထိုကျောင်းသည် အစိုးရ၏ အထောက်အပံ့ကို လက်မခံဘဲ ဘောလီမျိုးနွယ်စု၏ ဘဏ္ဍာဖြင့်သာ သင်ပြခဲ့လေသည်။ အနယ်နယ်အရပ်ရပ်မှ ရောက်လာသော ကျောင်းသားကျောင်းသူများသည် အခမဲ့ ပညာသင်ခွင့်ရရှိခဲ့သည်။ ထို့ပြင် ထူးချွန်သည့် ကျောင်းသားများကို လယ်မြေများ ချီးမြှင့်သည်ဟုလည်း ဆိုကြသည်။ 
 မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဘောလီကိုယ်ပိုင်ကျောင်းကို အစိုးရကျောင်းအဖြစ် ပြောင်းလဲကာ ဆရာကြီး ဦးမောင်ကျော် (ခ) ကောဘီရ် မခ်ျထောရ် သည် ပထမဆုံး ဗမာနိုင်ငံတော် အစိုးရခန့် ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ ဆရာကြီးဦးမောင်ကျော်၏ ကြီးကြပ်မှု၊ ဆင်းရဲချမ်းသာမရွေး ပညာတတ်မြောက်ရေးအတွက် ကြိုးပမ်းမှုကြောင့် နိုင်ငံတော်မှ ဆုတံဆိပ်အမျိုးမျိုးဖြင့် ဂုဏ်ပြုခဲ့သည်။  ထင်ရှားသော ဗမာကျောင်းထွက် ဆရာမြတ်များဖြစ်သော ဆရာ ဆွာလေအမတ်၊ ဆရာ ရော်ရှိတ်အမတ် (နောင်တွင် လွတ်တော်ကိုယ်စားလှယ်)၊ ဆရာ ကဘီရ်အမတ်၊ ဆရာ ရူလ်အာမိန်၊ ဆရာလုခ်မာန် …စသော ဆရာများက နေလိုလလို ပညာရောင်ထွန်းခဲ့သည်။ ဦးမောင်ကျော်ပြီးနောက် ဦးထွန်းမြှင့် ကျောင်းအုပ်ကြီး ဖြစ်လာသည်။ မဆလခေတ်တွင် ဥက္ကဌ ဇာဖော်ရ်မျာ၊ ဆရာကြီးမောင်နု နှင့် အထက်တန်းပြဆရာ စောလာဝဒ္ဒိန်းတို့၏ အပတ်တကုတ် ဦးဆောင်ကြိုးပမ်းမှုဖြင့် အထက်တန်းကျောင်း အဆင့်ထိ တိုးမြင့်နိုင်ခဲ့သည်။ အထက်တန်းကျောင်း၏ ပထမဆုံးကျောင်းသားများဖြစ်သော ဆရာအာလီ၊ ဆရာမုခ်တာနု၊ ဆရာဆယောဒ်အာလောမ် စသည်တို့မှာ ယနေ့ ထိုကျောင်း၌ပင်  Senior Assistant Teacher အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ၁၉၉၂-၁၉၉၃ ခု ရခိုင်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွှန့် ခရီးစဉ်တွင် ဦးမာဒူမျာ၏ တင်ပြတောင်းဆိုမှုကြောင့် ယနေ့တွေ့ရှိနေရသော ပင်မ အဆောက်အဦကို နိုင်ငံတော်မှ ဆောက်လုပ်ပေးခဲ့သည်။ နောက်ဆုံး ၂၀၁၀ ခုနှစ်တွင်  ရွာသူရွာသားများနှင့် ဆရာကြီး ကြာလှထွန်း၏ ကြိုးပမ်းမှုကြောင့် ဘော်လီဘာဇား ကိုယ်ပိုင်ကျောင်းကြီးသည် တက္ကသိုလ်ဝင်တန်း ဖြေဆိုနိုင်သော စာစစ်ဌာန ဖြစ်လာပေသည်။  နှစ်စဉ်  ကျောင်းသားကျောင်းသူပေါင်း ၂၅၀၀ ခန့် ပညာသင်ယူလျက်ရှိသည်။ ဤသည်မှာ အမီရ်အာလီမျာ ချပေးခဲ့သော မျိုးစေ့၏ ချိုမြိန်သော အသီးများပင် ဖြစ်လေသည်။
အထကကျောင်းကြီး ယနေ့ ကျောင်းနေရာ (၃) နေရာ ခွဲ၍ ဆရာ၊ဆရာမပေါင်း (၅၀) ကျော် သင်ပြရသည့်အထိ တိုးတက်လာခဲ့သည်။ ပထမကျောင်းဟောင်းမှာ ဘောလီဈေးအနီး၌ ရှိပြီး မူလတန်းအဆင့်ထိ သင်ပြသည်။ ကျောင်း အဆောက်အဦ (၂) ခု၊ ဆရာ၊ဆရာမ အဆောင် (၂) ဆောင် ရှိသည်။ ဒုတိယကျောင်းဝင်းခြံမှာ ရွာသစ်လမ်း သုံးခွဆုံ၌ လမ်းအရှေ့နှင့် အနောက် မျက်နှာချင်းဆိုင် တည်ရှိသည်။ ရှေ့က စာပြသင်ခဲ့သော်လည်း ယနေ့ ဆရာ/မ အဆောင်အဖြစ်ပြောင်းလဲထားသည်။ အဆောင်ပေါင်း (၁၀) ဆောင် ရှိသည်။ ပင်မဝင်းခြံ မှာ ဒုတိယဝင်းခြံနှင့် ကပ်၍ ရွာသစ်(မြောက်ရွာ) ၌ တည်ရှိသည်။ အဆောက်အဦပေါင်း (၇) ခု ရှိသည်။ ဆရာကြီးရုံးခန်းဆောင်မှအပ ကျန်အားလုံးတွင် အလယ်တန်းမှ အထက်တန်းအဆင့်အထိ ကျောင်းသားကျောင်းသူများကို စာသင်ပြလျက်ရှိသည်။ 
ဆရာကြီးသည် လိုင်စင်ရ နှလုံးပြူးသေနတ် ကိုင်ဆောင်ခွင့်ရရှိသူ ဖြစ်သည်။ အကြီးဆုံးသား ဆရာကြီး မိုဟမ္မဒ်ဟာဆောင်း ကွယ်လွန်ပြီးနောက် ထိုသေနတ်ကို အစိုးရအား အပ်နှံလိုက်ခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မြတ်ကြီးမှာ ရေကြောင်းခရီးဖြင့် ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာဟ်ရွှေမြို့တော်သို့ အကြိမ်များစွာ ဟာဂ်ျဘုရားဖူး သွားဖူးသည်။ ထို့နောက် ၁၉၂၆ ခုနှစ် နောက်ဆုံး ဟာဂ်ျသွား ခရီးစဉ်တော်၌ ပင်လယ် သမုဒ္ဓရာ ရေကြောင်းလမ်း တစ်ဝက်တွင် ဆရာကြီးသည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ခံယူလေ သည်။ (အိန္နာလိလ္လာဟိ ဝအိန္နာအီလိုက်ဟိ ရာဂျီအူန်း) ထိုခေတ် ရေကြောင်းလမ်း၌ ကွယ်လွန်သူများကို ရေချသင်္ဂြိုဟ်သော်လည်း ဆရာကြီးကိုမူ ပါကိစ္စတန်နိုင်ငံ ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ပြီး သင်္ဂြိုဟ်ခွင့်ရခဲ့သည်။  သခင်ကြီးအား မြှပ်နှံသဂြိုလ်ခဲ့သော ဂူသင်္ချိုင်းကြီးမှာ ပါကစ္စတန်နိုင်ငံ၊ ကာရာချီမြို့တွင် ယနေ့တိုင် ထင်ထင်ရှားရှား တည်ရှိနေသည်။
၂၀၁၇ ခုတွင် ရိုက်ကူးထားသော ဘောလီအထကကျောင်း
အဆိုပါ ဆရာကြီး၏ ကျေးဇူးကြောင့် ဘော်လီဘာဇားမြေတွင် များစွာသော သာသနာ့ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အစိုးရ အမှူးထမ်းကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ရဲဘော်ရဲဖက်များ စသော ပညာတတ် အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။ ဆရာကြီး၏ သားစဉ်မြေးဆက်တို့သည်လည်း နိုင်ငံတာဝန်ကို ထမ်းဆောင်သော အစိုးရအမှူးထမ်းများဖြစ်ကြပေသည်။ အဆိုပါကျောင်းကြီးသည်လည်း အဆင့်ဆင့် တိုးတက်လာခဲ့ရာ ယနေ့ မောင်တောမြို့နယ်၏ ဒုတိယအကြီးဆုံးကျောင်းအဖြစ် အသိအမှတ်ပြုခံရသည်။ ကြိမ်ချောင်း အထကကျောင်း ဟု လူသိများသည်။ 
ဆရာကြီး အာမီရ်အာလီမျာ၏ ဝိညာဉ်တော်ကြီးကို အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းတော်မူပြီး ဂျန္နတ်ဥယျာဉ်တော်ကြီး ချီးမြင့်တော်မူပါစေ...။
ဆရာကြီး၏ သားသမီးများ
(၁) ဆရာကြီး မာမတ်ဟူဆောင်း (တောင်ဘာဇားကျောင်းအုပ်၊ အင်္ဂလိပ်အစိုးရ စစ်ဖက်ရေးရာ စာရေးကြီး) 
(၂) ဖော်ဇူ အမတ် 
(၃) မော်နီရ်အမတ် 
(၄) ဒေါ်အာရှား (ပြည်နယ်ငှက်ဖျားတိုက်ဖျက်ရေးမှူး ဦးဘတင်၏ ဇနီး) 
(၅) မြို့ပိုင် ဖာရုက်အမတ် (မောင်တောမြို့ပိုင်ဟောင်း၊ အထက်တန်းရှေ့နေ၊ 
မောင်တောအထက်တန်းကျောင်းအုပ်ကြီး)
(၆) အဟ်မတ်မျာ
ကျောင်းအုပ် ဆရာကြီးများ
(၁) ဦးမောင်ကျော် (ဆရာကြီးလှဝင်း၏ဖခင်) 
(၂) ဦးထွန်းမြင့် (အထပြ ဆရာ မောင်မောင်မြင့်၏ ဖခင်) 
(၃) ဦးမောင်နု (အထပြ ဆရာ မုခ်တာနု၏ ဖခင်) 
(၄) ဦးကျော်ရွှေ 
(၅) ဦးဘစော 
(၆)                     
(၇) ဦးကျော်မြင့် 
(၈)                  
(၉) ဦးကြာလှထွန်း 
(၁၀) ဦးကျော်မင်း 
(၁၁) လက်ရှိ 
— လူထုဝဏ္ဏ 
မှတ်ချက်။           ။ ဘော်လီဘာဇားသူ/သားများအားလုံး ဖတ်ရှုသိသာရန် ဘော်လီဘာဇား  ပညာရေးလောက တစေ့တစောင်း။
(မေယုအာလီ ၏ Ameer Ali Meah ပို့စ်ကို လူထုဝဏ္ဏ က လိုပိုတိုလျှော့ဖြည့်စွက်တည်းဖြတ်ကာ ပြန်လည်တင်ပေးခြင်း)
မေတ္တာရပ်ခံချက်။        ။ ပရိသတ်တို့၏ အာမီရ်အလီမျာနှင့် ပတ်သတ်သော အသိများကိုလည်း ဤဘလော့ဂ်တွင် စာပို့၍ သော်လည်းကောင်း၊ ကော်မန့်ဖြည့်၍သော်လည်းကောင်း မျှဝေနိုင်ပါသည်။ 
Sunday, March 17, 2019
Five famous International Quraan Reciters from Arakan
1. Sheikh Muhammad Ayub Rahimahullah
Sheik Muhammad Ayyub
Muhammad Ayyub was born in either 1952 or 1953 (1372 AH) in Mecca, Saudi Arabia and died on April 16, 2016 in Madina, Saudi Arabia.
His father Muhammad Yusuf was a poor man whose family had migrated from their native land of Burma to Makkah to flee from the oppression that was carried out against the Muslims of Burma. He had a very harsh childhood with his elder brother working for the family, when his father was imprisoned in Burma.
He completed memorizing the Quran in 1385 AH (1965/1966) under Khalil ibn `Abd ar-Rahman al-Qari' in Mecca. After completing his primary education in 1386 AH (1966/1967), he moved to Medina, where he completed his intermediate and secondary education at an Islamic school, graduating in 1392 AH (1972).
He then enrolled in the Faculty of Sharia at the Islamic University of Madinah, receiving a bachelor's degree in 1396 AH (1976). Then he specialized in Tafsir and `Ulum al-Qur'an (Quranic exegesis and sciences of the Quran), receiving a master's degree from the Faculty of the Holy Qur'an and Islamic Studies. He received a doctorate from the same faculty in 1408 AH (1987/1988).
In 1410 AH (1990) he was appointed as an imam of Al-Masjid an-Nabawi. He held this post until 1417 AH (1997).[4] Until 1417 Hijri, he continued to lead as an Imam in Al-Masjid an-Nabawi, after which he was removed. Later he spent few years as an Imam in Masjid Quba and other Masajids. He was appointed back as an Imam of Al-Masjid an-Nabawi in 2015 (1436 hijri) to read taraweeh prayer.
Listen Their outstanding Quaraat
2. Abdul Wali Al Arkani
Abdul Wali Al Arkani
Sheikh Abdul Wali Al Arkani who is also called « Abu Muad » in relation to one of his sons; was born in 1983 in the region of Mislafah in Mecca. He is a well-known Quran reciter and is currently the Imam of Khadem Al Haramein Al-Sharefein mosque in Jeddah, Saudi Arabia. 
Sheikh Al-Arkani learnt the Quran at the age of 14 first at the hand of his father, then other Sheikhs and teachers in different mosques. He then moved to Mecca and was also the student of a number of prominent Sheikh such as Sheikh Harun Dahir, the late Sheikh Muhammad Kabir, Sheikh Muhammad Idriss Abbass and others. He is also a friend of Sheikh Ahmed Bin Muhammad Al Shariff; the personal imam of the prince Nawaf Bin Abdul Aziz.
Moreover, he joined the Al Arqam Ibn Abu Al Arqam Institute in the Sacred Mosque (Masjid Al Haram) and graduated in 1997. He performed as an imam for the first time at the age of 13 at the mosque of Shaykh Muhammad Saleh Jamal in Meccah moving to other mosque within the same city before moving to Jeddah.
Given his popularity, Shaykh Al Arkani was invited to perform in different mosques within and outside Saudi Arabia for he was officially invited by the Governor of the Emirate of Ajman from the UAE to perform imamate next to the prominent reciter Mishary Rashid Alafasy.
At last, with his unique and eminent voice, there are audio and visual recordings of Shaykh Al Arkani’s recitations of the Quran available for his admirers. The recordings are also broadcasted in a number of Arab religious channels of Saudi Arabia, Abu Dhabi and Bahrain.
3. Abdul Majeed Al Arkani
Abdul Majeed Al Arkani
Abdul Majeed Arkani is a famous Quari in Saudi Arabia. His father is  Abdul Ahad. Imam Khodar Mosque Jeddah. Travelled many countries to recite Quran including South Africa. People are fond of his beautiful voice. His recited Suuras are available on YouTube. 
4. Rashed Al Arkani
Rashid Al Arkani
Rashid Al Arakani is a Rohingya live in Saudi Arabia. He is a Imam of Aisha Solaiman Al Rajhi Mosque In Makkah.
5. Yahya Al Arkani
Yahya Al Arkani
Yahya Al Arkani is a Rohingya Quari live in Saudi arabia . He is 
Imam of Khadija Baghlaf Mosque, Jeddah, Saudi Arabia.
Tuesday, March 12, 2019
တွိုင်ယီဗဟ်
တွိုင်ယီဗဟ်
❄❄❄❄❄❄
ရှင်မြတ် အလ္လာဟ် တစ်ပါးသာ
မှန်စွာ ကိုးကွယ်ထိုက်ပါတယ်၊
အလ္လာဟ်အပြင် ခြားအရှင်
မှန်ပင် ဘယ်မှာမရှိတယ်။
ကလိမာဟ် တွိုင်ယီဗဟ် အဓိပ္ပာယ်ပါ
သေချာယုံမှ မွတ်စ်လင်မ်ကွယ်
ယုံတယ်…ယုံတယ်…တို့ယုံတယ်။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
အီမာန်သရဖူ
အီမာန်သရဖူ 
☀☀☀☀☀
အီမာန်သရဖူ တို့ဆင်မြန်းရင်
ဂျန္နသ်နန်းမှာ စံရမယ်
တစ်ပါးအလ္လာဟ် အရှင်မြတ်ပြင်
ကိုးကွယ်အပ်သူ ရှိဘူးကွယ်
ကမ္ဘာတမန်တော် မိုဟမ္မဒ်ကို
အရှင်မြတ်က စေလွှတ်တယ်
နှုတ်ကဝန်ခံ စိတ်မှာစွဲလို့
အီမာန်အမြဲ စောင့်ပါ့ကွယ်
စောင့်မယ်…စောင့်မယ်။
☀☀☀☀☀☀☀☀☀☀
ရှေးအာရ်ကာန် နန်းတွင်း မွတ်စလင်စာဆိုများနှင့် လက်ရာမွန်များ
ရှေးအာရ်ကာန် နန်းတွင်း မွတ်စလင်စာဆိုများနှင့် လက်ရာမွန်များ
အာရကန်ပြည် (ရိုရှောင်ပြည်)၏ နန်းတော်တွင် ထင်ပေါ်ကျော်ကြားသော ဗုဒ္ဓဘာသာဝင်၊ အိစ္စလာမ် ဘာသာဝင် နှင့် ဟိန္ဒူဘာသာဝင် စာဆိုပညာရှိများ ပေါ်ပေါက်ခဲ့သည်။ တိုင်းရေး၊ ပြည်ရေး၊ အရှင်အရေး၊ စာပေအရေး စသည်တို့ကို တက်တက်ကြွကြွ စီရင်ခဲ့သည်။ အာရ်ကာန်ပြည်၏ စာပေလောကကို အခြား အိမ်နီးချင်း တိုင်းပြည်များနှင့် ရင်ပေါင်တန်း တိုးတက်စေခဲ့သည်။  အာရ်ကာန် ပြည်ရှင် မင်းကြီးတို့က လည်း ကဝိစာဆိုတို့ကို အမျိုး၊ ဘာသာ မခွဲခြားဘဲ နှစ်သက်ခုံမင် လေးစားသည် သာမက ဆုလာဘ် အမျိုးမျိုးချီးမြင့် သည်။  ထို့အပြင် ဘွဲ့ထူး ဂုဏ်ထူးများဖြင့် သက်ဆိုင်ရာ ရာထူးဌာန္တရ တာဝန် အသီးသီးကိုလည်း ခန့်အပ်ခဲ့ကြသည်။ အိစ္စလာမ်ဘာသာဝင် စာဆိုပညာရှိတို့သည် အာရကာန်၏ ရွှေတောင်နန်းတော်ကိုသာ ထွန်းလင်းစေခဲ့သည်မဟုတ်ဘဲ ရိုဟင်ဂျာ စာပေလောက၏ မျိုးစေ့ကောင်းများကိုလည်း ချပေးကြလေသည်။  
ဤပို့စ်တွင် သမိုင်းပညာရှင် ဒေါက်တာ အဗ္ဗဒုလ်ကော်ရိမ် ၏ The Rohingyas: History and Culture ၊ အခန်း (၄) ကို ကိုးကားမှီငြမ်းကာ (၁၆) ရာစု နှင့် (၁၇) ရာစု ရှေးအာရကန် နန်းတွင်း အိစ္စလာမ်ဘာသာဝင် စာဆိုပညာရှိများနှင့် သူတို့၏ ပြောင်မြောက်သော လက်ရာစာပေ အချို့ကို ဖော်ပြပေးပါမည်။ 
Click here for Download The Muslim Poets of Ancient Arakan
(၁) ဒိုလတ်ကာဇီ [Dulat Qazi]
နန်းတွင်း မွတ်စလင် စာဆိုအမတ် ဒိုလတ်ကာဇီသည် ဆလိမ်သျှား ၂ ဘွဲ့ခံ သီရိ သုဓမ္မာမင်း (၁၆၂၂-၁၆၃၈) လက်ထက်တွင် အထူးချီးမြင့်ခံရသည်။ ကာဇီသည် ဆုလတန်ပူရ ဇာတိဖြစ်သည်။ စာဆိုသည် အမှုကိစ္စစီရင် ဆုံးဖြတ်ပေးသည့် တရားသူကြီး တစ်ဦးအဖြစ် ကာဇီဘွဲ့ ဖြင့် ထမ်းရွက်ခဲ့သည်။ စစ်သေနာပတိချုပ် [Lashkar e Wazir] အရှောရော်ဖ်ခါန်၏ တောင်းဆိုချက်ဖြင့် Satimaina Lor Chandrani ဝတ္တုလင်္ကာ စာအုပ်ကို ရေးသားခဲ့သည်။ သို့သော် မိမိ၏ ဘဝသက်တမ်းနှင့် လက်လှမ်းမမီ၍ အဆုံးမသတ် နိုင်ခဲ့ချေ။ အနှစ် (၂၀)ခန့် ကြာပြီးနောက် စာဆိုကြီး အာလာဝလ်သည် ကျန်တတိယ အပိုင်း ကို ဖြည့်စွက်ရေးသားကာ အဆုံးသတ်ခဲ့လေသည်။ 
စတိ မိုက်နာ လောရ်ချာန္ဒြာနီ ဇာတ်လမ်းကား “ဂေါ့ပြည်ဘုရင် လောရ်မင်းသည် အင်မတန် ရုပ်ရည် လှပချောမောသော အိမ်ရှေ့မင်းသမီး မိုက်နာ (ခေါ်) မိုက်နာဝတီ ကို ထိမ်းမြားကာ မိဖုရားအဖြစ် တင်မြောက်ခဲ့သည်။ သူတို့သည် သာယာပျော်ရွှင်သည့် ဘဝကို ပိုင်ဆိုင်ရလေသည်။ တစ်နေ့သော်အခါ မင်းတိုင်ပင် ပုဏ္ဍားက မင်းကြီးအား မိုဟရာပြည်၏ အိမ်ရှေ့မင်းသမီး ချာန္ဒြာနီ၏ ရုပ်ပုံတစ်ပုံကို ပြသတော်မူခဲ့၏်။ အိမ်ရှေ့မင်းသမီး ချာန္ဒြာနီမှာ အိမ်ထောင်သည်မိန်းမဖြစ်သည်။ သို့သော် သူ၏ ခင်ပွန်းတော်မှာ အရပ်အမောင်းပုသည့်အပြင် မြုံသောယောက်ျားဖြစ်၏။ မင်းကြီးသည် မိုဟရာမင်းသမီးနှင့် အကွယ်မှာ ချိန်းတွေ့ခြင်းပြုကြလေ သည်။ သူတို့၏ တရားမဝင် ချစ်မေတ္တာဇာတ်လမ်းကို မိုဟရာမင်းသမီး၏ ခင်ပွန်းတော်က သိတော်မူသောအခါ အချင်းချင်း အငြင်းပွားရာမှ ဂေါ့ပြည်မင်းကြီးနှင့် စစ်တိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် မိုဟရာမင်းသမီး၏ ခင်ပွန်းတော် ကျဆုံးခဲ့ရသည်။ ပြီးနောက် လော့မင်းသည် မိုဟရာ မင်းသမီးကို လက်ထပ်ခဲ့လေသည်။ ဇာတ်လမ်း နောက်တစ်ပိုင်းတွင် ဂေါ့ပြည်၌ မိဖုရားမိုက်နာက အလွမ်းတောင်တန်း ရင်ထဲထမ်း၍ မျက်ရည်ချောင်းဖြစ်  နေ့ညဖြတ်နေရသည်။ ဒီအတော့မှာ စတန် ဆိုသူ တစ်ဦးက မိဖုရားကို အချစ်ကျော့ကွင်းထဲ သိမ်းသွင်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ချေ။ မိဖုရား မိုက်နာဝတီသည် သစ္စာတရားစောင့်ထိန်းနိုင်ခဲ့သည်။ မိမိ မေတ္တာ သူတစ်ပါးထံ မရောက်အောင် ထိန်းချုပ်နိုင်ခဲ့ပေသည်။ နောက်ဆုံးပိုင်းတွင် လော့မင်းသည် ချာန္ဒြာနီနှင့် အတူ နန်းတော်သို့ ပြန်လာတော်မူခဲ့သည်။ မင်းကြီးသည် မိဖုရား နှစ်ပါးနှင့် ပျော်ပျော်ရွှင်ရွှင် နန်းစံလေသတည်း။” ဟူ၍ ဖြစ်သည်။  
“Teta sopaiya deha kahira shadon,Na buje guhari basha kono kono zon.Beshi babe bahu tak Panchalir sande,Shokole shuniya jeno buzo ae anonne.Tabe kazi sheto buzi se arati,Panchali sande kahe Moina Barati.”
အဓိပ္ပာယ် - 
စစ်သေနာပတိ အာချရဖ်ခါန် သည် လောရော့ခ် နှင့် မိုက်နာ ဘားရတီ ဝတ္တုကို အထူးနှစ်ခြိုက်လေ့ရှိသည်။ ထိုဝတ္တုမှာ စာဆိုတော် ဆဒါန်က ထဲဌ် ဂေါဟာရီ ဘာသာစကားဖြင့် ရေးဖွဲ့ထားသောကြောင့် အာရကာန်ပြည်သူအများ နားလည်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ၎င်းဝတ္တုကို ပါန်ချာလီ လင်္ကာပုံစံဖြင့် ရေးဖွဲ့ရန် ဆန္ဒရှိခဲ့သည်။ ကာဇီ ဒိုလတ်သည် ၎င်း မိုက်နာ ဘားရတီ ဝတ္တုကို ပါန်ချာလီ ပုံစံဖြင့် ပြန်လည်ရေးဖွဲ့ခဲ့လေသည်။ 
(၂) အာလာဝလ် [Alaol]
အာလာဝလ်သည် အာရ်ကာန် နန်းတွင်း စာဆိုပညာရှင်များအနက် အလွန်ကျော်ကြား ထင်ရှားခဲ့သော စာဆိုတစ်ဦးဖြစ်သည်။ ၁၇ ရာစုတွင် အာရ်ကာန်ပြည်သာမက ဘင်္ဂလာပြည်ကြီးကိုပင် စာပေလင်္ကာဖြင့် လွမ်းမိုးခဲ့သည့် စာဆိုကြီးဖြစ်သည်။  အချို့ ပညာရှင်တို့က အာလာဝလ်သည် “၁၇ ရာစု၏ ရော်ဘင်န္ဒြာနတ် တဂိုး” ဟုပင် တင်စားကြသည်။ စာဆိုကြီး အာလာဝလ်သည် ဖတေအာဘတ်မြို့ဝန် Mujlis e Qutub ၏ သားတော် တစ်ပါးဖြစ်သည်။ တစ်နေ့ ခမည်းတော်နှင့်အတူ ရေကြောင်း ခရီးထွက်ရာ ပင်လယ်ဓားပြတို့နှင့် တိုက်ဆိုင်တွေ့ခဲ့လေသည်။ နှစ်ဖက် တိုက်ခိုက်မှု ဖြစ်ပွားရာတွင် ခမည်းတော် ကျဆုံးခဲ့သည်။ စာဆိုကြီးကိုမူ ပေါ်တူဂီတို့က ဖမ်းဆီးကာ ရိုရှောင်ပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ အစပိုင်းတွင် သူ့ကို ဘုရင့် မြင်းထိန်း အဖြစ် ခစားစေခဲ့သည်။ ရိုရှောင်ပြည်တွင် အနေကြာကြာ အသာမိုးမိုး ပြည်ချစ်စိတ် ဆပွားခဲ့သည်။ နန်းတော်တွင် ခစားသည့် မွတ်စလင် မှူးမတ်ဝန်ကြီးတို့နှင့် ခင်မင်ရင်းနှီးရာမှ သူ့ဘဝ ပြောင်းလဲ လာခဲ့သည်။ စာဆိုကြီးသည် ပညာထူးချွန်သူ တစ်ဦးဖြစ်ကြောင်းကို နန်းတွင်းဝန် မူးမတ်တို့က သိသောအခါ နန်းတွင်း မှူးမတ် ဝန်ကြီး စသည်တို့၏ သားသမီးများကို ပညာသင် ဆရာဂုရုအဖြစ် ခန့်အပ်ခဲ့သည်။ စာဆိုကြီးသည် စာပေအရေးအသား ထူးချွန်သည့်အပြင် ဂီတအနုပညာ၌လည်း ထင်ရှားသည်။ ဤနည်းဖြင့် စာဆိုကြီး၏ ဂုဏ်သတင်း ကျော်ကြားသည်နှင့်အမျှ အထူးချီးမြင့်ခြင်းလည်း ခံခဲ့ရသည်။ စာဆိုကြီးသည် အာရဗီ၊ ပါရှင်၊ သက္ကတ၊ ဘင်္ဂါလီ၊ ဟီန္ဒီ စသော ဘာသာစကား များစွာကို တတ်ကျွမ်းသည်။  အဆိုပါ ဘာသာစကား အမျိုးမျိုးဖြင့် နိုင်ငံရေး၊ လူမူရေး၊ တိုင်းပြည်ရေး၊ ဘာသာရေးဆိုင်ရာ ကဗျာလင်္ကာများ၊ ရာသီဘွဲ့၊ တောဘွဲ့တောင်ဘွဲ့၊ မောင်ဘွဲ့မယ်ဘွဲ့၊ နန်းဘွဲ့ စသည်ဖြင့် အများအပြား ရေးဖွဲ့ခဲ့သည်။ အမတ်ကြီး မဂံတဂိုးက အထူးချီးမြှင့်ခဲ့သည်။ နန်းတွင်း စာဆိုကြီးသည် ရိုဟင်ဂျာ စာပေလောကကို အတိုင်းမသိ တိုးတက်စေခဲ့သည်။ အာရကာန်ပြည်၏ စာပေနှင့် ဂီတ အနုပညာတို့ကို အနှစ် (၃၀) တိုင်တိုင် ထွန်းတောက်စေခဲ့သည်။ 
စာဆိုကြီး၏ ဘဝတလျှောက် စာပေလင်္ကာများ၊ တေးသီချင်းများ အမြောက်အမြား ရေးဖွဲ့ခဲ့သည်။ အရဗီအက္ခရာကို အခြေခံ၍ ရိုဟင်ဂျာ အရေးအသားစနစ်ကိုလည်း တီထွင်ခဲ့သည်။ ဘာရားမာခ်ျချား ကဗျာကို ဦးဆောင်ပျိုးထောင်ခဲ့သည်။ ပဒ္ဓုမဝတီ [အေဒီ ၁၆၅၁]၊  Saiful mulluk Badiujjamal ၊ Haft Paikar / Sapta၊ Thufa [1663-64] ၊  Sikandarnama [1672] နှင့် Satimaina Lor Chandrani (နောက်ဆုံးပိုင်း) စသည်တို့သည် စာဆိုကြီး၏ ထင်ရှားသော လက်ရာမွန်များ ဖြစ်ပါသည်။ 
ပဒ္ဓုမဝတီ [အေဒီ ၁၆၅၁]
မာလိခ် မိုဟမ္မဒ် ဂျေစီ ပါရှင်ဝတ္တုကို ကျော့ရိုးယူပြီး ရေးသားခြင်းဖြစ်သည်။ အဓိက ဇတ်ဆောင်ဖြစ်သည့် ပဒ္ဓုမဝတီသည် ချီတိုရ်မင်း၏ မြစိန်ကဲ့သို့လှပသော တောင်ညာမိဖုရားဖြစ်သည်။ အခြား မိဖုရားတစ်ဦးမှာ နာဂ်မီနီ ဖြစ်သည်။ ချီတိုရ်မင်းသည် တောင်ညာမိဖုရား နှစ်ပါးနှင့်အတူ နန်းကြာရိပ်လယ် ပျော်ရွင်စွာ အချိန်ကုန်ဆုံးနေသည်။ ဒေလီမင်း အာလာဒင် ခိလ်ဂျီသည် ပဒ္ဓုမဝတီ၏ အတုမဲ့ ရုပ်ရည် လှပချောမောသည့် အကြောင်းကို ကြားတော်မူသောအခါ ပဒ္ဓုမဝတီမိဖုရားကို ပိုင်ဆိုင်ရန် စစ်ကြေညာ လိုက်သည်။ အင်အားချင်း မမျှသဖြင့် ရတနာဆင့်မင်း ကျဆုံးခဲ့လေသည်။ ခင်ပွန်းတော် ကို ကာကွယ်ရင်း မိဖုရားနှစ်ပါး လည်း အသက် စွန့်လွှတ်ခဲ့သည်။ ဒေလီမင်းမှာမူ စစ်နိုင်ခဲ့ သော်လည်း လက်ဗလာနှင့် ပြန်တော်မူခဲ့ရလေ သည်။ 
Saiful mulluk Badiujjamal [၁၆၆၉-70] ကဗျာရှည်သည် လူနှင့် နတ်သမီး မေတ္တာဇာတ်လမ်း ဖြစ်သည်။ အီဂျစ် အိမ်ရှေ့မင်းသား စိုင်ဖုလ် မုလ္လုခ် နှင့် နတ်သမီး ဘဒီအုဇ်ဇာမာလ် တို့၏ အချစ် ဇာတ်လမ်းပင်ဖြစ်သည်။ 
Thufá သည် ဘာသာရေးဆိုင်ရာ ကျမ်းတစ်ကျမ်းဖြစ်သည်။ ဖခင်က သားဖြစ်သူအား သာသနာ့ပညာပေး ဆုံးမသော ကျမ်းဖြစ်သည်။ အခန်းပေါင်း (၄၅) ခန်းဖြင့် ရေးဖွဲ့ထားသည်။ အိစ္စလာမ်သာသနာတော် လမ်းညွှန်ချက်အရ ရှရီယတ်၊ သရီကတ်၊ ဟကီကတ်၊ သိုဝ်ဟီးဒ်၊ အီမာန် ဆိုင်ရာ ပညာဗဟုသုတများကို ကျိုးကြောင်းပြ လမ်းညွှန်ရေးဖွဲ့ထားခြင်းဖြစ်သည်။ 
Sikandar Nama သည် ပဒ္ဓမဝတီ ပြီးနောက် ဒုတိယမြောက် ကျော်ကြားသော ဝတ္တုဖြစ်သည်။ ဆီကာန်ဒေါရ် (အဲလက်ဇင်ဒါး) ဧကရာဇ်ဘုရင်၏ စွမ်းရည်သတ္တိနှင့် စိတ်ဓာတ်ကို ဖော်ကျူးထားသော သူရဲကောင်းဂုဏ်ဖော်ပြသည့်  ဇာတ်လမ်းတစ်ပုဒ်
ဖြစ်သည်။ ဤဝတ္တုသည် စာဆို အာလာဝလ်၏ ဖူတိလင်္ကာများအနက် အရှည်ဆုံးဖြစ်သည်။ 
Sikandarnama နှင့် စပ်လျဉ်း၍ စာဆိုတော် အာလာဝလ် ကိုယ်တိုင်ရေးသားခဲ့သည် ကို အောက်တွင် ဖော်ပြထားသည်။ 
“Nizamir gour bekko buzon karkash, Bagiya kahilé tahe ase bahu roish.Somundaro shongher granger granhon,Bishesh faresir bashar boit bangon.Mahanto Nizami bekko indito akar,Bisheshto fonjobash kitab mazar.Arobi, Farsi ar Nasarani Yuhudi,Palavi shange fans bashar abodi.” 
အဓိပ္ပာယ်-
စာဆို နေဇာမီရဲ့ ဝါကျအဖွဲ့သည် နားလည်ရန် ခက်ခဲလှသည်။ သို့သော် ရှင်းရှင်းလင်းလင်း ပြန်နိုင်ခဲ့လျှင် ၎င်းစာအဖွဲ့တို့က စိတ်ပီတိ သာယာမှုကို ခံစားစေသည်။ အထူးသဖြင့် ပါရှင်ကဗျာကို ပြန်ဆိုကာ စာအုပ်ရေးသားခြင်းသည် သမုဒ္ဒရာ၌ ရေကူးခြင်းနှင့် တူသည်။ နေဇာမီသည် အာရဗီ၊ ပါရှင်၊ နဆွာရနီ၊ ဟီဗရူ၊ ပါဠာဝိ စသော ဘာသာစကား (၅)မျိုးဖြင့် ဥပမာအလင်္ကာများ သုံးနှုန်းထားသည်။  
(၃) အဒူမင်းညို  [Abdu Min Nyo]
အဒူမင်းညိုသည် အေဒီ ၁၄၅၉-၁၄၈၂ (သက္ကရာဇ် ၈၁၇-၈၄၀) ခုတွင် ရိုရှောင်ပြည် ယခုမြို့ဟောင်းဟု ခေါ်သော မြောက်ဦးမြို့၌ နန်းတက်သော ဘစောဖြူမင်း [ကလိမာဟ်ရှား] လက်ထက် ပညာရှိ အမတ်ကြီး ဖြစ်သည်။  အဗ္ဗဒူမင်းညိုမှ နောင်အခါ အဒူမင်းညိုဟူ၍ ခေါ်ဝေါ် အမည်တွင်ခဲ့သည်။ အချို့ သုတေသီတို့ကမူ အဗ္ဗဒူ မော်နူ မှ အဒူမင်းညို ပြောင်းလာခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ တချို့ကမူ ယနေ့ကဲ့သို့ ရှေးရိုဟင်ဂျာတို့ကလည်း  ရခိုင်နာမယ် နှင့် အာရဗီနာမယ် ပေါင်းထားလေ့ရှိသည်ဟု ဟူ၍လည်းကောင်း ဆိုကြသည်။ စာဆိုရှင် အမတ်ကြီး အဒူမင်းညို၏ အတ္ထုပ္ပတ္တိအမှန်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
အဒူမင်းညိုသည်  ဘုရင် ဘစောဖြူ၏ သမီးတော် ဧချင်းကိုရေးဖွဲ့ခဲ့သည်။ ထို ဧချင်းကို 
ရခိုင်မင်းသမီး ဧချင်း ဟူ၍ပင် ခေါ်ကြလေသည်။ ထိုဧချင်းသည် မြန်မာစာပေ၌ တွေ့ရှိရသမျှသော ဧချင်းတကာတွင် ရှေးဦးအကျဆုံး ဖြစ်လေသည်။ အဒူမင်းညိုသည် ဧချင်းမျိုးစေ့ကိုချခဲ့သူဟု ဆိုရပေမည်။ အင်းဝခေတ် စာဆိုကျော် သခင်ထွေး၊ ဧချင်းဆရာ ရှင်သူရဲနှင့် ခေတ်ပြိုင်စာဆိုလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းကို ရခိုင်မင်းသမီးနောက် အနှစ် ၂ဝ ကျော်ကြာမှ စပ်ဆိုလေသည်။ အဒူမင်းညိုသည် ဘုရင် ဘစောဖြူ၏ လက်ထက်တွင် အမတ်ပညာရှိကြီးအဖြစ် အမှုထမ်းရွက်နေသည့် အချိန်ကား အင်းဝနှင့် အာရ်ကာန်သည် မင်းပြိုင်အုပ်စိုး၍ စာပြိုင်ဆိုသောအခါ ဖြစ်၏။ အဒူမင်းညိုသည် အာရကာန် နန်းတွင်း အမတ်ကြီးပင် ဖြစ်လင့်ကစား မြန်မာမှုကို ကျွမ်းကျင်၍ မြန်မာစာပေကို ပြုစုနိုင်စွမ်းသူ ဖြစ်လေသည်။
အမတ်ကြီး စပ်ဆိုသော ဧချင်းတွင် ဧချင်းဘွဲ့ခံ ဘုရင် ဘစောဖြူ၏ သမီးတော်ကလေး၏ ဆွေတော်စဉ် စာရင်းကို ရှင်းလင်းစွာ ဖော်ပြစပ်ဆိုသွား၏။ သုံးစွဲထားသော စကားလုံးများမှာလည်း သုတိသာယာ၍ ပေါ်လွင်လှ၏။ ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ပြတ်သွားစွာ ဖွဲ့ဆိုနိုင်၏။ သို့ရာတွင် ဧချင်းမျိုးစေ့ချရုံမျှသာ ဖြစ်ရကား တောင်ငူခေတ်နှင့် ကုန်းဘောင် ခေတ်ပေါ် ဧချင်းများလောက် အကြောင်းအရာ မစုံလင်။ ရာဇဝင် ကြောင်းဘက်မှလည်း ပြည့်စုံသည်ဟု မဆိုသာချေ။ ရှေးအခါက ဘုရင့်သွေးတော်များကို ပုခက်တင်ရာ၌ မည်ကဲ့သို့ ပုခက်ကို ဆင်ယင်ရပုံကို ဗဟုသုတဖြစ်ဖွယ် ရေးသားခဲ့သဖြင့် ကျေးဇူးတင်ထိုက်လှပေသည်။
ဧချင်းတွင် သုံးစွဲထားသော စကားလုံးများသည် သုတိသာယာ၍ ပေါ်လွင်သည့်ပြင် စပ်ပုံစပ်နည်းမှာလည်း ဧကာရ န္တနှင့် အစချီ၍ ဧကာရ န္တနှင့်အဆုံးသတ်သည်။
“ဧဧပိမ့်နှစ်သိမ့်၊ အငြိမ့်အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာမရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှင့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါးရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက် လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ ပျူးတည့်လေ။” 
(ရခိုင်မင်းသမီး ဧချင်း)
ဟူသောအဖွဲ့ကို ကြည့်ရှုလျှင် အဒူမင်းညိုသည် ရှေးအခါက ပုခက်ဧယင်ကို မည်သို့ ဆင်ယင်၍ မည်သို့ ဧယင်တော်ကျူးကြပုံကို ပေါ်လွင်သော စကားလုံးများဖြင့် ဗဟုသုတ ဖြစ်ဖွယ်ရာပြသခဲ့သည်။
(၄) မရဒါန် နူရဒ္ဒိန်း [Mardan Nuraddin]
စာဆို မရဒါန် နူရဒ္ဒိန်းသည် သီရိသုဓမ္မမင်း (ဆလိမ်ရှား၂) (1622-1638) လက်ထက်တွင် အထူးထင်ရှားခဲ့သည်။ အတ္တုပ္ပတ္တိ အတိအကျကို မတွေ့ရသေးချေ။  စာဆို၏ ဟုန်းဟုန်းတောက် ကျော်ကြားသည့် စာအုပ်မှာ ‘နဆီရာနာမာ/နဆီပ်နာမာ’ [Nasiranama/Nasibnama] ဟု  လူသိ ထင်ရှားသည်။ ကံကြမ္မာတရားကို အခြေခံ၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဂုဏ်ကြီးကြွားဝါသူတို့သည် နိမ့်ချသွားခြင်း၊ ကံတရားကို မပြောင်းလဲနိုင်ခြင်း စသည့် အင်္ဂါရပ်များကို ဇာတ်လမ်း ဇာတ်ကွက်ဖြင့် သရုပ်ဖော်ထားသည်။ ကာချီ[Kanci]ဟု ခေါ်တွင်သည့် အာရ်ကာန်ပြည်၏ ရှေးဟောင်းမြို့တစ်ခု၌ ရေးဖွဲ့ခဲ့သည်ဟု ကဗျာအရ သိရှိရသည်။  စာဆိုလည်း အဆိုပါမြို့သား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ 
စာဆိုသည် နဆီပ်နားမာ ဖူတီလင်္ကာတွင် ကာချီမြို့၏ သာယာတင့်တယ် ခမ်းနားပုံကို အလွန်အမင်း ချီးကျူး ဂုဏ်ယူ ဖော်ကျူးရေးသားခဲ့သည်။ ကာချီဆိုသော မြို့တွင် မွတ်စလင်များ၊ ဗြဟ္မာများ၊ ကရစ်သားများ နေထိုင်ကြသည်။ မွတ်စလင်ထဲတွင် အာလိမ်ပညာရှင်များ၊ ပညာတတ်များသည် ကုရ်အာန်နှင့် ဘာသာရေးကျမ်းဂန်များဖြင့် ပျော်မွေ့နေကြသည်။ ဗြဟ္မာတို့ထဲမှာလည်း ပညာတတ် ပဏ္ဍိတများ များပြား၍ သူတို့၏ ကျမ်းစာ၊ ကဗျာများ၌ ပျော်မွေ့နေသည်။ ပညာတတ်များ ဝေဆာကာ သာယာ တင့်တယ်သော မြို့ပင်တည်း  စသည်ဖြင့် ဖော်ကျူးထားသည်။
နဆီပ်နာမား ဇာတ်လမ်းကား “တစ်ခါသော် အဗ္ဗဒုလ် နဗီနှင့် အဘုလ်ကော်ရီမ် ကုန်သည်ကြီး သူငယ်ချင်း နှစ်ဦးရှိခဲ့သည်။ သူတို့သည် အတူတကွ ကုန်သွယ်ရောင်းဝယ်ရာမှ တစ်ဦးနှင့် တစ်ဦး  ခင်မင်ရင်နှီးမှု တိုးလာသည့်အခါ ပို၍ ခိုင်မြဲအောင် တစ်ဦး၏ သမီးကို နောက်တစ်ဦး၏သားနှင့် အရွယ်ရောက်သော် လက်ထပ်ပေးရန် ကတိကဝတ်ပြုခဲ့လေသည်။ အဒူနဗီတွင် သားတစ်ပါးရှိ၍ အဒူကရီမ်မှာမူ သမီးတစ်ပါးရှိခဲ့၏။ သို့သော် အဒူလ်ကော်ရီမ်သည် ကံဆိုးတိုက်စား၍ စည်းစိမ်ချမ်းသာ ဆုံးရှူံးကာ ဆင်းရဲမွဲတေခြင်းနှင့် ရင်ဆိုင်ရလေသည်။ သူငယ်ချင်း လုပ်ငန်းဖော် ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရသည့် အချိန်တွင် အဒူလ်နဗီက  ထိုကတိကို ပျက်ပစ်သည်။ သူ့သားအား တခြား ချမ်းသာသော မိသားစုမှ လက်ထပ်ပေးရန် အဒူနဗီက ပြင်ဆင်နေသည်။ အဒူကရီမ်က မိတ်ဆွေအား မိမိတို့ ကတိနှင့် ပတ်သက်၍ ခဏခဏ အသိပေးသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည့်အပြင် စော်ကားခံခြင်းသာ အဖတ်တင်ခဲ့ရသည်။ အဒူကရိမ်၏ ဇနီးကမူ ကံကြမ္မာက စီရင်လိမ့်မည်ဟု အားတင်းထားခဲ့သည်။  နောက်ဆုံးတွင် ကံတရားအားလျော်စွာ သူတို့၏ ကတိ ပြည့်ဝလာခဲ့သည်။ သူတို့ သားနှင့် သမီးတို့ အချင်းချင်း လက်ထပ် ထိမ်းမြှားနိုင်ခဲ့လေသည်။ ” ဟူ၍ ဖြစ်သည်။ 
(၅) ကုရိုက်ရှီ မဂံ [Quraishi Magan]
စာဆို ကုရိုက်ရှီမဂံ ၏ ဘိုးဘေးဘီဘင်သည် ကန္တရပြည်မှ အာရပ်အမျိုးအနွယ်ဖြစ်သည်။ အာရပ်မှ ဂေါ့ပြည်သို့ ကုန်သွယ် စီးပွားရေးအရ ပြောင်းရွှေ့ ရောက်လာခြင်းပင်ဖြစ်သည်။ တဖန် သူတို့ အမျိုးမှ တစ်စုသည် စစ်တကောင်းမှ တဆင့် အာရ်ကာန်သို့ ရောက်လာခဲ့လေသည်။ စာဆိုကျော် ကုရိုက်ရှီ မဂံ ၏ ထင်ရှားသော စာအုပ်မှာ စန္ဒြာဝတီ [Chandravati] ဖြစ်သည်။ 
အချို့သုတေသီ ပညာရှင်များက ကူရိုက်ရှီမဂံ နှင့် ပညာရှိအမတ်ကြီး မဂံတဂိုးသည် ပုဂ္ဂိုလ် တစ်ဦးတည်းပင် ဖြစ်သည်ဟု ဆိုကြပေသည်။ 
(၆) အဗ္ဗဒုလ်ကော်ရိမ် ခေါန်ဒေါကာရ် [Abdul Karim Khondaker]
အဗ္ဗဒုလ်ကော်ရိမ် ခေါန်ဒေါကာရ်သည် ဘန္ဒာရ်ဇာတိဖြစ်သည်။ ဘန္ဒာရ်သည် မြောက်ဦး နေပြည်တော်၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး သူကြွယ်သူကြီး၊ ပညာတတ် များဖြစ်ဖြင့် စည်ကားသာယာသော မွတ်ဆလင်အများစုနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ စာဆိုပညာရှင်များ အမြောက်အများ မွေးထုတ်ပေးသောမြို့လည်းဖြစ်သည်။ ပိုက်ဆိပ်ရွာ ဟုလည်း ခေါ်ကြသည်။ စာဆို ခေါန်ဒေါကာရ်သည် မင်းမှူးထမ်း အမျိုးအနွယ်မှ ဆင်းသက်လာပြီး ဘိုးဘွားစဉ်ဆက်ကပင် မင်းမှူးထမ်းများဖြစ်ကြပေသည်။ စာဆို၏ ဘေးတော် Rasul Mia သည် အကောက်ခွန် အရာရှိဖြစ်သည်။ ဘိုးတော်သည် ထိုခေတ် မင်းလက်ထက် အကောက်ခွန်ရုံးတွင် စကားပြန်အဖြစ် အမှူးထမ်းခဲ့သည်။ မင်းကြီးနှင့် နိုင်ငံခြားသားများ သံတမန် ဆွေးနွေးရာတွင် စကားပြန်ပေးခြင်းဖြစ်သည်။ နိုင်ငံခြားသားများနှင့် တရင်းတနှီး ဆက်ဆံရသည့်အပြင် မင်းကြီး၏ လူယုံတော် တစ်ဦးလည်းဖြစ်ခဲ့သည်။ ခမည်းတော် အလီအက်ဘော်ရ်သည် နန်းတွင်း ခစားခဲ့သည့် ခိုင်လုံသော အထောက်အထား မတွေ့ရချေ။ 
စာဆိုသည် မဟာသမ္မတမင်းလက်ထက် အထူးချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဆဒီဝုခ် နာနာ ဘွဲ့ခံ  အာတီဘာ ဆိုတဲ့ ဘန္နာရ် မြို့ဝန်ထံ ခစားခဲ့သည်။ မြို့ဝန်၏ တိုက်တွန်းချက်အရ ဒူလ္လာ မူဂျီလစ် [Dulla Majlis] ဖူတီးလင်္ကာကို ရေးသားခဲ့သည်။ အခန်း (၃၃) ပါရှိသည့် အဆိုပါ ဧချင်းလင်္ကာရှည်ကို ၁၇၈၅ ခုနှစ် ဟိဂျိရီ ၁၂၀၀ ခု တွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ကား အာရကာန်ပြည်ကို ဘိုးတော်ဘုရားက သိမ်းပိုက်ခဲ့သော နှစ်ပင်ဖြစ်သည်။ ထိုလင်္ကာရှည် မရေးဖွဲ့မီ တာမီမ် အာန်ဆာရီ [Tamim Ansari]နှင့် ဟားဇာရ် မဆာယဲလ် [Hazar Masail] တို့ကိုလည်း ရေးသားခဲ့ကြောင်း သိရသည်။ 
“Rasul Mia name prapita amar,Bistro padabi pailo prashader razar.Dhingar hasil joto tahar karon,Laita beith e sab nuper saron.Tanputro Moson Ali dhingar dhubashi,dibe bosto holé nuf shane dettro ashi.Rashanget zato sodagor aise zattra,Nuper shomuke niya bason firattra.Tan futtro Aliakbar dore nam,shud moti mohazon shobr gune dam.Ami tan puttro Abdul Karim khondakar,Aca kalo e kitab rosite fayar.”
(၇) ရှုဇာ အဗ္ဗဒုလ်ကော်ရိမ် [Shuja Kazi Abdul Karim]
စာဆို အဗ္ဗဒူလ်ကော်ရီမ်ကို ရှုဇာကာဇီ ဟု လူသိများသည်။ တစ်ချို့ စာဆိုကမူ အမည်တူရှိသောကြောင့် ရှုဇာကာဇီ အဗ္ဗဒုလ်ကော်ရိမ် ဟု ခွဲခြားခေါ်ဝေါ်ကြသည်။ ရှားဒါရ်ဖားရာ ဇာတိဖြစ်သည်။ ၁၈ ရာစုအစပိုင်းတွင် သက်ရှိထင်ရှားခဲ့သော ရှုဇာကာဇီသည် တိုင်းပြည်နှင့် လူမျိုးအတွက် အဖိုးမဖြတ်နိုင်သော အနန္တရတနာ ရာဇဝင်ကျမ်းတစ်အုပ်ကို လင်္ကာဖြင့် ရေးသားပြုစုခဲ့သည်။ ထိုရာဇဝင်ကျမ်းမှာ ရိုရှောင်ဂဲ့ရ် ဖန်ချာလီ [Roshanger Panchali] ဖြစ်သည်။ ရိုရှောင်ပြည် (ခေါ်) အာရကာန်၏ ရာဇဝင် ဟု အဓိပ္ပာယ်ရသည်။ 
(၈) ကာဇီ အဒူကောရိမ် [Kazi Abdul Karim]
စာဆို ဆရာကြီး ကာဇီ အဗ္ဗဒုလ်ကော်ရိမ်သည် ထိုခေတ်က ထင်ရှားသော အရပ် ဟိုင်မ်ဇာတိဖြစ်ပြီး ကျမ်းပေါင်းများစွာ ရေးသားခဲ့သည်ဟု ဆိုကြသည်။ သူ၏ ထင်ရှားသော စာအုပ်များမှာ ရာဟာတုလ် ကုလုပ်၊ အဗ္ဗဒုလ္လာရ် ဟာဇားရ်ဆူဝါလ်၊ နုမာမာ၊ မဒူမာလတီ နှင့် ဒါရီဂေ မုဂ်ျလီစ် တို့ဖြစ်ကြသည်။ ရာဟာတုလ် ကုလုပ် [Rahatul Kulub]၊ အဗ္ဗဒုလ္လာရ် ဟာဇားရ်ဆူဝါလ် [Abdullar Hazar Sawal]၊ နုမာမာ [Numama]ကျမ်းတို့မှာ ဘာသာရေးဆိုင်ရာကျမ်းများဖြစ်သည်။ မဒူမာလတီ [Madhumalati]မှာမူ မေတ္တာဇာတ်လမ်း ဝတ္တု တစ်ပုဒ်ဖြစ်သည်။ ဒါရီဂေ မုဂ်ျလီစ် [Darige Majlis]မှာမူ နန်းတွင်းနီတိ ဆိုင်ရာကျမ်းဖြစ်ပေသည်။ 
(၉) ကဗီ အာဘူလ်ဟူးစိန် [Poet Abul Husain]
စာဆို အာဘူလ်ဟူစိန်သည် မြို့ဟောင်းနေပြည်တော်အနီး ဘန္ဒာရ်မြို့ဇာတိဖြစ်သည်။ သူ၏ ထင်ရှားသော စာအုပ်ကား အာဒေါမ်အေရ် လာရိုက် [Adamer Larai] ဖြစ်သည်။ 
(၁၀) အိစ္စမိုက်လ် စကိပ် [Ismail Saqib]
စာဆို အိစ္စမိုက်လ် စကိပ်သည် ကိုင်မ် (ဟိုင်မ် ဖာရာ)အရပ် ဇာတိဖြစ်သည်။  သူ၏ ထင်ရှားသော စာအုပ်တစ်အုပ်မှာ ဘီလ်ကိစ်နာမာ [Bilqisnama] ဖြစ်သည်။ ယင်း စာအုပ်တွင် ဘီလ်ကိစ်ဟုခေါ်သော အမျိုးသမီးတစ်ဦးကို အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဖော်ရေးဖွဲ့ထားသော နန်းတွင်း မေတ္တာဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။ 
(၁၁) ကာဇီမိုဟာမ္မဒ် ဟူးစိုင် [Kazi Muhammad Hussain]
စာဆို ကာဇီမိုဟာမ္မဒ် ဟူးစိုင်သည် အာရ်ကာန်ပြည်၊ မြို့ဟောင်းအနီးရှိ ဘန္နောရ်ရွာ ဇာတိဖြစ်သည်။ သူ၏ ထင်ရှားသော စာအုပ် (၃) အုပ် တွေ့ရှိရပေသည်။ ယင်းတို့မှာ အာမီရ်ဟာမ်ဇာ [Amir Hamza] ၊ ဒေဝါလ်မတီ[Dewalmati] နှင့် ဟိုင်ဒါရ် ဂျောင် [Haider Jung]တို့ဖြစ်ကြသည်။
အထက်ဖော်ပြပါ စာဆိုများအပြင် အခြားစာဆိုပညာရှိများလည်း ရှိခဲ့သည်။ ရှေးစာဆိုများ၏ လင်္ကာကဗျာများ၊ တေးသီချင်းများ၊ နီတိကျမ်းများ စသည်တို့သည် စာဆိုအတ္တုပ္ပတ္တိ၊ အမည်နာမ မသိရ၍ အမည်မသိရှေးစာဆို အနေဖြင့် ရိုဟင်ဂျာတို့၏ လက်ဝယ် ရှိနေ၏။ သို့သော် နှစ်ကာလ ကြာညောင်းသည့်နှင့်အမျှ ထိုအမွေအနှစ်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလျက်ရှိပေသည်။ တစ်ဖက်က အမျိုးမျိုးသော ဖိနှိပ်မှု၊ တိုက်ပွဲ၊ ရန်ငြိုး၊ ပဋိပက္ခ ၊ မုန်းတီးရေး စသည်တို့၏ ဆိုးဝါးသော ဒဏ်ကြောင့် လည်းကောင်း၊  သုတေသနပြုခြင်း၊ ရှာဖွေဖော်ထုတ်ခြင်း၊ မှတ်တမ်းတင် စုစည်းခြင်း စသည့်တို့ လွတ်လပ်စွာ အကောင်အထည် မဖော်နိုင်ခြင်းကြောင့် လည်းကောင်း ရိုဟင်ဂျာလူမျိုးကို သာမက အာရ်ကာန်ပြည် တစ်ခုလုံးကို အကျိုးပေးနိုင်စွမ်း ရှိသည့် စာပေ အမွေအနှစ်များကို ဆုံးရှူံးနေရခြင်းပင် ဖြစ်သည်။ 
ထို့ကြောင့် ရတနာပတ္တမြားထက် အဆပေါင်းများစွာ အဖိုးတန်လှသော စာပေအမွေအနှစ် အမြူတေများကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကြခြင်းဖြင့် အမျိုးပေးတာဝန် ကျေပွန်ကြပါစို့။
(ရိုဟင်လေး ရေးသည်)