Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 19, 2018

အာရကာန် အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]


အာရကာန်အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]

[Thakin Zainuddin: Principle Of National School, Akyab]
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးတွင် မြန်မာနိုင်ငံအနှံ့အပြားမှ သူ့ကျွန် မခံလိုသော မျိုးချစ်ပြည်ချစ် ခေါင်းဆောင်များက ထထကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် အာရ်ကာန်ပြည်မှ  ရိုဟင်ဂျာအမျိုးသား ခါင်းဆောင် ဆရာကြီး ဇိုင်နိုဒ္ဒိန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဆရာကြီးသည် နယ်ချဲ့ဆန်ကျင်ရေးကို  ညီနောင် ရခိုင်အမျိုးသားတို့နှင့် လက်တွဲကာ တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေး အတွက် ကဏ္ဍ အဖက်ဖက်မှ  ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးကို ရိုဟင်ဂျာ အမျိုးသားခေါင်းဆောင် သာမက အာကာန်ပြည်၏ ခေါင်းဆောင်ဟုပင် အသိအမှတ်ပြုသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး၏ ကြိုးပမ်း အားထုတ်မှု မှန်သမျှသည် ရိုဟင်ဂျာ အမျိုးသားထုအတွက် သတ်သတ် မဟုတ်ဘဲ ရခိုင်ပြည်သာမက မြန်မာပြည် တစ်ခုလုံးကျွန်ဘဝမှ လွတ်မြောက်ရေး ဖြစ်သည်။ 

ဗမာပြည် နယ်ချဲ့လက်အောက်မှ လွှတ်မြောက်လာရေးအတွက် တော်လှန်ရေး စိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ သွတ်သွင်းခဲ့သော မျိုးချစ်ဆရာကြီးအဖြစ် ရခိုင်သမိုင်းတွင်သာမက မြန်မာသမိုင်းတွင်လည်း  ၁၉၃၀ ခု  တို့ဗမာအစည်းအရုံးနှင့် ပေါင်းကာ နယ်ချဲ့လက်ပါးစေများကို တိုက်ထုတ်ခဲ့သူ တစ်ဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါသည်။

ကျွန်စနစ်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာတွင် မိမိ၏ အသက်၊ သွေးချွေး၊ ဥစ္စာတို့ကို စတေးခံ ခဲ့ကြသည်။ ၁၉၂၀ ခု ကိုလိုနီနယ်ချဲ့တို့၏  ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ် နောက်ပိုင်း  မြန်မာတစ်ပြည်လုံး၌ ကိုယ့်ကျောင်းကိုယ်သင် အမျိုးသားကျောင်းများ တည်ထောင်ကြရာ ဆရာကြီးသည် မိမိကိုယ်တိုင် ဦးဆောင်၍ စစ်တွေမြို့၌ ပထမဆုံးအမျိုးသားကျောင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် အခြား ပညာတတ် ရခိုင်ညီနောင်များနှင့် လက်တွဲ၍  အမျိုးသားကျောင်းများ  တည်ထောင်ရန် ရခိုင်ပြည် မြောက်ပိုင်း၊ တောင်ပိုင်း နေရာအနှံ့ ခရီးထွက်ခဲ့သည်။ မောင်းတောမှ Deputy Foyas,  ဘော်လီဘာဇား (ခ) ကြိမ်ချောင်း)မှ အာမီရ်အာလီမျာ၊ စသည် သက်ဆိုင်ရာ ဒေသရှိ  ပညာရေး တက်ကြွသူတို့နှင့် ပူးပေါင်း၍ မေယုဒေသ၌လည်း ကျွန်ပညာရေးကို ဆန့်ကျင်သော အမျိုးသားကျောင်းများ ဖြစ်လာရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပထမကျောင်းသား သပိတ်နောက်ပိုင်း သံတွဲ၊ ကျောက်ဖြူ၊ မောင်းတော၊ ဘူးသီးတောင်၊ ဘော်လီဘာဇား စသည် ထင်ရှားသော ဒေသများတွင် အမျိုးသားကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ 
၂၀၁၆ ခု ရိုဟင်ဂျာ ပြက္ခဒိန်

အာရ်ကာန်ပြည်တွင် အမျိုးသားကျောင်းကို ဆရာကြီးဦးဇော်နော်ဒိန်က ဦးဆောင်၍  ပထမဆုံး ဖွင့်လှစ်ခဲ့ သည်။  ဆရာကြီး ဦးဇိုင်နဒ္ဒိန်းသည် အမျိုးသားကျောင်း၏ ပထမဆုံးကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အမျိုးသား ပညာဝန် ဟုလည်း ခေါ်ခဲ့သည်။ ဒုတိယကျောင်းအုပ်မှာ ဦးမောင်မြဦးဖြစ်သည်။ ကိုလိုနီခေတ် ကျွန်ရေစီး၌ နစ်မျော၍ သခင် ဖြစ်မှန်းတောင် မေ့လျော့ကာ ပျော်ပါးနေသည့် လူငယ်များကို “တို့ပြည်၊ တို့မြေ၊ တို့ချစ်ကြမယ်” ဟူသော အမျိုးသား စိတ်ဓာတ်၊ သခင်စိတ်တို့ကို သွတ်သွင်း နိုးဆော်ပေးခဲ့သည်။

 ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ်တွင် စာအုပ်ပါအတိုင်း ပြောရလျှင်  ‘’ရခိုင်တိုင်းဖွါး မွတ်ဆလင် ဘာသာဝင် မစ္စတာ ဇော်နော်ဒိန် ‘’သည် ရိုဟင်ဂျာ  တစ်ဦးဖြစ်တယ်။ (တိုင်းရင်းသား လူမျိုးစု ဘဝသစ်ပါတီ၊ ကင်းလွတ်ခွင့်  အမှတ် (န/သ-၀၈၅) အရ ၁၉၈၉ ခု ဇန္နဝါရီလ၊ ပထမအကြိမ် ထုတ်စာအုပ် ( စာမျက်နှာ – ၅၀ )  တွင် ဖေါ်ပြထားသည်။
ရခိုင် မဂ္ဂဇင်း အမှတ်(၈) တွင် ဖေါ်ပြထားပြီ ‘မပျောက်ဖျက်နိုင် မစ္စတာ ဇော်နဒင်’ ဟု ရေးသားထားသည်။

ဆရာကြီးဦးဇိုင်နဒ္ဒင်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ခေါင်းတုတ်ရွာ တွင် မွေးဖွားခဲ့သည်။ ဆရာကြီး၏ ဖခင်သည် ဗြိတိသျှခေတ်က ကျွန်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အဘိုးမှာ ရခိုင်ဘုရင်က ရွှေဓါးကာဇီ ဘွဲ့ ကို ချီးမြှင့် ခံရသူဖြစ်သည်။ မျိုးကောင်း မျိုးမြတ်မှ ဆင်းသက်လာပြီး မျိုးချစ်စိတ် ထက်သန်သူ ဖြစ်သည်။ ၁၀ တန်းအထိ ကို ရန်ကုန်၌သင်ခဲ့သည်။  ဘီအေဘွဲ့ ကို ကလကာတ္တား တက္ကသိုလ်မှ ရယူခဲ့သည်။



ဆရာကြီး၏ လက်ရာကောင်း တစ်ခုမှာ အဖိုးမဖြတ်နိုင်သော သမိုင်းဒိုင်ယာရီဖြစ်သည်။ ၁၉၄၂ အဓိကရုဏ်းကို ကိုယ်တိုင် မြင်တွေ့သူဖြစ်သည်အားလျော်စွာ အသေးစိတ် မှတ်တမ်းတင်ထားပါသည်။ 
ဆရာကြီးသည် ၁၉၄၆ ခုနှစ်ခန့် အသက် (၅၅) နှစ် အရွယ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက်ကေပြင် နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။ နာဇီရွာသင်္ချိုင်းတွင် ဒဖနာ သင်္ဂြိုဟ်'သည်။ ဆရာကြီး၏ သက်တော် တစ်လျှောက် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို မနားမနေ သယ်ပိုးခဲ့သည်။ ကိုလိုနီ စနစ်ဆိုးကို ရှေ့တန်းမှ ဆန့်ကျင်တော်လှန်ခဲ့သည့် ပုဂ္ဂိုလ်မြတ်ဖြစ်သည်။ 

စစ်တွေအမျိုးသားကျောင်း အကြောင်းတစိတ်တစောင်း


ဆရာကြီး၏ အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဆရာကြီးအလွန် ချစ်ခင်သော အမျိုးသားကျောင်း အကြောင်းကိုကား ပူးတွဲတင်ပြပေးမှ ပြည့်စုံမည်ဖြစ်သည်။ 

၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မတ်တပ်ရပ်၍ မစ္စတာဇော်နော်ဒိန်က မိန့်ခွန်း ပြောနေစဉ်္ဒီ
၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မစ္စတာနေရူး မတ်တပ်ရပ်၍မိန့်ခွန်းပြောနေစဉ်

စစ်တွေအမျိုးသားကျောင်း အဆောက်အအုံ


ယခုတောင်တန်းသာသနာပြု ကျောင်းတည်နေရာကို စစ်တွေမြို့ခံ အိစ္စလာမ် ဘာသာဝင် တစ်ဦးက လှူဒါန်းခဲ့သည်။ ယင်းတွင် ယာယီဝါးကျောင်းကို ဆောက်လုပ်ကြသည်။ ကျောင်း အဆောက်အအုံ ပုံစံမှာ (L) ပုံသဏ္ဌာန်ရှိသည်။ ကျောင်း၏မျက်နှာစာသည် စက်ရုံလမ်းအတိုင်း တောင်မြောက်တန်းနေပြီး အရှေ့ဘက်သို့ မျက်နှာမူထားသည်။ အနောက်မျက်နှာစာမှာ ဦးဥတ္တမလမ်းအတိုင်း အရှေ့-အနောက်တန်းနေပြီး မြောက်ဘက်သို့ မျက်နှာမူထားသည်။ ဝါးကျောင်းဆောက်လုပ်ပြီး တစ်နှစ်ခွဲခန့်ကြာမှ အောက် အုတ်ခံ၊ အထက် ပျဉ်စီပျဉ်ထောင်နှင့် နှစ်ထပ်ကျောင်းကို ဆောက်လုပ်သည်။ ကျောင်းအဆောက်အအုံ လမ်းတစ်ဖက် (ဦးဥတ္တမလမ်းတစ်ဖက်) မှာ ကျောင်းအိပ်ကျောင်းစားများ၏ အဆောက်အအုံ ရှိသည်။ ပျဉ်ထောင် အဆောက်အအုံဖြစ်ပြီး ကျောင်းအိပ်ကျောင်းစား (၂၀)ခန့်ရှိ သည်။ 

[ယခုလက်ရှိ အထက (၂) အဖြစ်ရပ်တည်နေတဲ့ ဘောက်သီးစု ရပ်ကွက် က ကျောင်းဖြစ်ပါတယ်။
ယခင် စတည်တုန်းက အမျိုးသားကျောင်း (အင်္ဂလိပ်တွေက နော်မန်(Norman) ကျောင်းလို့ ခေါ်ခဲ့တယ်) လို့ခေါ်ပြီး အဲဒီတုန်းက အင်္ဂလိပ်အစိုးရက ဖွင့်ထားတဲ့ Convent ကျောင်း နဲ့ ခေတ်ပြိုင် ဖွင့်ခဲ့တာလို့ သိရပါတယ်။ (အဆိုတနည်း) ]
ကျောင်းသားများနှင့်အတူ တွေ့ရသော အာရ်ကာန် အမျိုးသားကျောင်းအုပ် ဆရာကြီး ဦးဇိုင်နဒ္ဒိန် (အလယ်) 

ကျောင်းဆရာများနှင့် ကျောင်းသားဦးရေ


စစ်တွေအမျိုးသားကျောင်းကို ၁၉၂၁ ခု ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်လာသည့် ကာလအထိ ကျောင်းသက်တမ်းမှာ (၂၀) ခန့် ရှိခဲ့သည်။ သူငယ်တန်းမှ (၁၀) တန်းအထိ သင်ပြခဲ့သည်။ ကျောင်းဖွင့်ခါစတွင် ကျောင်းသားဦးရေ ၇၀၀ ခန့်ရှိသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးတွင် ပြည်တွင်း အခြေအနေ ရှုတ်ထွေးမှုကြောင့် ကျောင်းသားများ လျော့နည်းလာရာ (၄၀၀) ခန့်သာ ရှိတော့သည်။ စစ်တွေမြို့ခံ ကျောင်းသားများနှင့် နယ်မှ လာရောက် သင်ကြားသည့် ကျောင်းသားများရှိသည်။ 
နယ်ကျောင်းသားများသည်  ကျောင်းအိပ်ကျောင်းစားသည့်အပြင် အသိ ဆွေမျိုးများ အိမ်တွင် တည်း၍လည်း သင်ကြားကြသည်။ (၇) တန်းနှင့် (၁၀) တန်း စာမေးပွဲကို ဗဟိုအမျိုးသားပညာရေးအဖွဲ့ချုပ်မှ မတ်လတွင် ကြီးကြပ် စစ်ဆေးပြီး ကျန်အတန်းများကို ကျောင်းစစ်စာမေးပွဲအဖြစ် စစ်ဆေးကြသည်။ ကျောင်းဝင်ကြေး၊ လစဉ်ကြေးများကို လူကုံ သားသမီးထံမှ ကောက်ခံပြီး ဆင်းရဲ နွမ်းပါးသော ကျောင်းသားများအား အခမဲ့ သင်ပေးခဲ့သည်။ 

အမျိုးသားကျောင်း၏ ကျောင်းအုပ်ဖြစ်ခဲ့သူများမှာ ဆရာကြီးဇိုက်နုဒ္ဒိန်း၊ ဦးမောင်မြဦး၊ ဦးစိန်ထွန်းအောင်၊ ဦးထွန်းအောင် တို့ဖြစ်သည်။

သင်သည့်ဆရာပေါင်း (၂၄-၂၅)ယောက်ခန့် ရှိသည်။ ဆရာယာဆိန်း စသော အိစ္စလာမ်ဘာသာဝင် ဆရာများလည်းရှိခဲ့သည်။ ဆရာ ဦးယာဆင်း (ရမ်းဗြဲ)မှာ ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို တာဝန်ယူအုပ်ချုပ်ရသော ဘိုဒိန်အုပ် ဖြစ်ခဲ့သည်။ 

ဆရာများ၏ လစာကို အထိအကျ သတ်မှတ်ထားခြင်းမရှိ၊ ကောက်ခံရရှိသော ရန်ပုံငွေကို အညီအမျှ ခွဲဝေယူကြသည်။ နောက်ပိုင်းတွင် အစိုးရ၏ ထောက်ပံ့မှု ရရှိ၍ ဆရာတစ်ဦးလျှင် (၂၀၀)ရသည်ဟု ဆိုရသော်လည်း သတ်မှတ်နှုန်း အတိုင်း အပြည့်အဝရရှိသည် မရှိပါ။ အစိုးရထံမှ အထောက်အပံ့ မယူမီ ကာလ တွင် ငွေ (၃၀) ထိရရှိသည်ဟု ဆိုသည်။ ကျောင်းအုပ်၏ လစာမှာ (၃၀၀) ရှိခဲ့သည်။ 

ဤသို့သော် အိစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ သမိုင်းဝင် မှတ်တမ်းများ ပျောက်ကွယ်နေရခြင်းမှာ အယူသီးသော ကလောင်ရှင်တို့၏ သမိုင်းလိမ့်လည်မှုကြောင့်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အိစ္စလာမ်ဘာသာ ရိုဟင်ဂျာတို့၏ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး သယ်ပိုးခဲ့သည့် သမိုင်းကို တိမ်းရှောင်ခဲ့လျှင် ရာနှုန်းပြည့် မြန်မာ့သမိုင်းကို အနာဂတ်မျိုးဆက်တို့ ဆုံးရှူံးလိမ့်မည်ဟုဆိုလျှင် မှားမည်ဟု မထင်ပါ။ 

(လူထုဝဏ္ဏ စုစည်းတင်ပြသည်။)
------------------------------------------------—-----------------------------------------------

ကိုးကား+ 

၁) မြထွန်းအောင် ရေးသားသည့် ‘ကိုလိုနီဘဝ ရွှေပြည်ရခိုင်၊ စာမျက်နှာ (၄၃-၄၄)
၂) ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ် စာမျက်နှာ (-၅၀)
၃) ဓညဝတီသတင်းဌာန
၎) ရခိုင်မဂ္ဂဇင်း၊ အမှတ် (၈)
၅) သက်ကြီးစကား
၆) ၂၀၁၆ ခုနှစ် ရိုဟင်ဂျာ ပြက္ခဒိန် ၊ ဦးသာခင်။







No comments:

Post a Comment