Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အင်တာနက်. Show all posts
Showing posts with label အင်တာနက်. Show all posts

Sunday, September 17, 2023

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ

 

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ


လစ်ဗျားနိုင်ငံက ကဗျာဆရာ မုစ်တာဖာ အလ်တေရာဘေစီ မုန်တိုင်းကြောင့် မသေဆုံးမီ Derna မြို့ ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့တဲ့ ကဗျာအကြောင်း။

မကြာမီ တိုက်ခတ်သွားတဲ့ ဒယ်နီယဲလ်မုန်တိုင်းကြောင့် မြေထဲပင်လယ်ကမ်းစပ်ရှိ ဒရ်နာဆိပ်ကမ်းမြို့ တစ်ခုလုံးပျက်စီးသွားကာ အနိဋ္ဌာရုံဖြစ်သွားရတဲ့ သဘာဝဘေးအန္တရာယ်ကို လစ်ဗျားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးထကြွလှုပ်ရှားသူ ကဗျာဆရာ မုစ်တာဖာ အလ် တရာဘေလ်စီ (Mustafa al-Trabelsi) က ကဗျာတစ်ပိုဒ်ဖြင့် သတိပေးနှိုးဆော်ခဲ့တယ်။ သူကဗျာရေးဖွဲ့ပြီးနောက် ရက်ပိုင်းတွင် ဘေးအန္တရာယ်ကျရောက်လာတာဖြစ်တယ်။ 


ပိုပြီးတော့ ရင်နာစရာကောင်းတာက ရေလွှမ်းမိုးမှုအတွင်း သေဆုံးသွားတဲ့သူတွေထဲမှာ ကဗျာဆရာ Mustafa al-Trabelsi လည်း ပါဝင်ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ The Rain ကဗျာကို ဆိုရှယ်မီဒီပေါ်မှာ ဒရ်နာမြို့နဲ့ လစ်ဗျားနိုင်ငံတဝှမ်း လူတိုင်းက နာကျင်မှုတဖက်ဖက်နဲ့ မျှဝေနေကြတယ်။ ကဗျာဆရာဟာ ကဗျာမရေးမီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်တွင် ရေကြီးမှုအန္တရာယ်နှင့် ဆည်တာတမံများရဲ့ အခြေအနေတို့ကို ဆွေးနွေးရန် Derna House of Culture တွင် တွေ့ဆုံပွဲ တက်ရောက်ခဲ့တယ်။ ကဗျာဆရာရဲ့ အချက်ပေးသံကို အာဏာပိုင်တွေက မကြားယောင် ဟန်ဆောင်ခဲ့တဲ့အတွက် ယခုလို ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ ဝမ်းနည်းပူဆွေးသံ၊ သားပျောက်သမီးပျောက် မိသားစုပျောက် အသံတွေ ပြန်လည်ရိုက်ဟည်းသွားတာလို့ မြို့ခံအချို့က ဆိုပါတယ်။ 


သူ့ကဗျာက ခပ်တိုတိုလေးပါ။ ဒါပေမဲ့ နက်ရှိုင်းတယ်။ အာဏာပိုင်နဲ့ တိုင်းသူပြည်သားအတွက် သတင်းစကားဖြစ်တယ်။ ဖတ်ကြည့်ရအောင်......


မိုး


ဖော်ထုတ်ပေးတယ်လေ

ရွဲရွဲစိုနေတဲ့လမ်းတွေ

လိမ်လည်လှည်ဖျားခဲ့တဲ့ ကန်တရိုက်တာနဲ့

မအောင်မြင်တဲ့ တိုင်းပြည်ကိုပေါ့လေ။


အရာရာကို ဆေးကြောပေးတယ်

ကျေးငှက်တွေရဲ့ တောင်ပံအစ

ကြောင်တွေရဲ့ အမွေးအထိပေါ့။


ဆင်းရဲသားတွေကို သတိရစေတယ်

သူတို့ရဲ့ မခိုင်ခံတဲ့ခေါင်မိုးတွေနဲ့

အဝတ်စုတ်တွေကိုပေါ့။


တောင်ကြားချိုင့်တွေကို နိုးထစေတယ်

သူတို့ရဲ့ ပျင်းဖွယ်ဖုန်အုပ်ကို ခါချပေးတယ်

ခြောက်ကပ်နေတဲ့ ကြေးညှော်တွေကိုပေါ့။


မိုးဟာ

ကောင်းမှုကုသိုလ်ရဲ့ သင်္ကေတ

အကူအညီရဲ့ ကတိနဲ့

အချက်ပေးခေါင်းလောင်းပေါ့ကွယ်။


— မုစ်တာဖာ အလ် တရာဘလ်ဆီ

.....


မုန်တိုင်းကျတဲ့ည ၇း၄၄ နာရီတွင် ကဗျာဆရာမုစ်တာဖာဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တစ်ခုအထိ တိုးလာနိုင်တယ်။ ငါတို့က အချက်အလက်မှလွဲလို့ ဘာမှမရှိတဲ့ အကျင့်ပျက်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ ပြင်ဆင်ထားပြီးလို့ပဲ အတပ်ပြောတယ်။ တကယ်တမ်းတော့ ဘယ်ကိရိယာတန်ဆာပလာမှ မပါရှိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်လောက်သာရှိတယ်။"

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းတိုင်းမှာ၊ ကျရှုံးတဲ့တို့တိုင်းပြည် ပျက်ကွက်နေချိန်မှာ သူတို့ဟာ စစ်မှန်တဲ့ စေတနာနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖြစ် သက်သေပြတဲ့ the Scouts၊ the Red Cresent နဲ့ စေတနာ့ဝန်ထမ်းတွေကို ဘုရားသခင်က ကာကွယ်ပေးပါစေ။ ငါတို့ ချစ်တိုင်းပြည်တစ်ဝှမ်းရှိ မိသားစုများကို ဘုရားသခင် ကူညီနိုင်ပါစေ။”

ည ၉း၃၇ နာရီတွင် သူရေးသားခဲ့သည်ကား– “ဤခက်ခဲတဲ့အခြေအနေတွင် ကျွန်ုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် အားကိုးရမှာဖြစ်တယ်။ ရေနစ်တဲ့အထိ အတူတူရပ်တည်ကြရအောင်။"

ဒါက ကဗျာဆရာ မုစ်တာဖာ အလ် တရာဘလ်ဆီရဲ့ နောက်ဆုံး ပို့စ်ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ အသက်ရှင်နေတဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိတဲ့အခါ စိတ်လှုပ်ရှားသံတွေနဲ့ အော်ဟစ်လေ့ရှိပေမဲ့ အပျက်အစီးတွေကြားက တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ရွှံ့ထဲက အလောင်းတွေ ရှာဖွေတွေ့ရှိမှုက ရံဖန်ရံခါ နာကျင်စေတယ်လို့ The Rain ကဗျာကို ဘာသာပြန်ခဲ့သူ ကဗျာဆရာ Khaled Mattwa က ဆိုပါတယ်။ 

ဒီဒယ်နီယဲလ်မုန်တိုင်းကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်က ဒရ်နာမြို့ရှိ ဆည်တာတမံ နှစ်လုံး ပေါက်ကွဲမှုကြောင့် အပျက်အစီး၊ အသေအပျောက်များခဲ့ရတယ်လို့ သိရတယ်။ လူပေါင်း ၁၁၀၀၀ ကျော် သေဆုံးကာ ၄ သောင်းကျော်လောက် နေရပ်ပြောင်းရွှေ့ရတယ်။ ၁ သောင်းကျော်လောက် ယခုထိ ပျောက်ဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသတဲ့။ 


— လူထုဝဏ္ဏ

(၁၆-၉-၂၀၂၃)


ကိုးကား-

The Guardian News



Thursday, March 5, 2020

သမီးလေးဖတ်ဖို့

 

အွန်လိုင်းသုံးနေတဲ့ သမီးလေးဖတ်ဖို့ 

ဟို​တ​စ်နေ့က နိုင်​ငံခြားသား မွစ်​လင်မ်​သူငယ်​ချင်းတ​စ်ယောက်​က အပြာဆန်​တဲ့ ဗီဒီယိုရုပ်သံဖိုင် တစ်ခုပြတယ်။​သူ မပြခင်​ကတည်းက​ပြောထားတယ်။​ဘိုင်…​စကားအသံကို​သေချာနား​ထောင်​ပါတဲ့။

ရုပ်သံဖိုင်က အူရ်​ဒူစကား​ပြော သမီးရည်းစား အတွဲ​တွေဖြစ်​တယ်။​ကောင်​မ​လေးက အလွန်​ဆုံးရှိမှ ၁၇ နှစ်​လောက်​ပဲရှိမယ်။​ကောင်​လေးက​တော့​ကောင်​မ​လေးထက်​အသက်​ကြီးမယ်​။ ကင်​မရာ ဗီဒီယိုဖွင့်​ပြီး​ကောင်​မ​လေးကို ပွတ်​သပ်​ထိကိုင်​နမ်းရှုတ်​နေရင်း အတင်းကို အဝတ်​ဗလာ​နေ​ပေးဖို့​ပြော​တော့​ကောင်​မ​လေးက မူတယ်။​မရဘူးဘာညာ​ပေါ့။​နောက်​ဆုံး​ကောင်​လေးက ငါဒီတိုင်း အ​ပျော်​ရိုက်​တာပါတဲ့။ ပြီးရင်​ကြည့်​ပြီး ပြန်​ဖျက်​မယ်​ပြော​တော့​ကောင်​မ​လေးက တကယ်​လား။ ကျိန်​ပြောတဲ့။ အဲ့​တော့​ကောင်​လေးက တကယ်​ပါ။ ကစမ်​နဲ့​ပြောတာပါ။ နင့်​ပေါ်မှာ ကျိန်​တယ်။​ငါ့အ​မေ​ပေါ်မှာ ကျိန်​တယ်​။​နောက်​ဆုံး အလ္လာဟ်​ရဲ့ ကစမ်​အလ္လာဟ်​နဲ့ပါ ငါကိုင်​ကျိန်​တယ်။​ပြန်​ဖျက်​ပါ့မယ်​လို့​ပြော​တော့​ကောင်​မ​လေး သာသာယာယာပဲ။ တကိုယ်​လုံး အဝတ်​ဗလာဖြစ်​အောင်​ချွတ်​ပေးလိုက်​ပါတယ်​။ !!!​နောင်​အူဇုဗိလ္လာဟ်​ဘယ်​အဆင့်​ရောက်​သွားလဲဆို​တော့ ဇိနာကျုးလွန်​ဖို့ကို​တောင်​အလ္လာဟ်​ကစမ်​ဆိုတဲ့ စကားကို လွယ်​လွယ်​ပြောပြီး အစ္စလာမ့်​အမျိုးသမီးငယ်​လေး​တွေ ကို​ယ့်​မွစ်​လင်​မ်​ထဲက သူယုတ်​မာ​တွေကအရင်​ဖျက်​ဆီး​နေကြတာဆိုရင်​အခုလို ဖုန်းကင်​မရာ​တွေ​ပေါများလာတဲ့​ခေတ်​ကြီးမှာ​တော်​တော်​ကို ဆိုးရွားလာခဲ့ပါတယ်​။ ဒါ​တွေ ကိုယ့်​မြန်​မာမွစ်​လင်​မ်​လူငယ်​သမီးရည်းစား​ဝေတွမှာလည်း မရှိဘူးလို့​တော့ မထင်​လိုက်​ပါနဲ့။ အများကြီးရှိပါ​သေးးတယ်။​!!!

တချို့က​လေးမ​တွေကို ကိုယ့်​ချစ်​သူရည်းစား​ကောင်​လေး​တွေက ယုတ်​မာ​စေဖို့ ဇိနာလုပ်​ဖုိ့ လွယ်​ကူ​စေဖို့ ကစမ်​ဆိုတဲ့ စကားကို ထိုးသုံးကြတာ​တွေ။ တချို့ ဆို ငါတကယ်​နိကာဟ်​နိယသ်​နဲ့ချစ်​တာ။ တကယ်​ယူမှာလုိ့​ပြော​ပြောပြီး က​လေးမ​လေး​တွေရဲ့ အပျိုစင် virginity ကို နိကာဟ်​အရင်​ဆွဲယူ​နေကြတဲ့ ကိုယ့်​ထဲက လူငယ်​အချို့​တွေရှိ​နေပါ​သေးးတယ်​။ !

ဟိုတ​လောတုန်းကဆို ဒူဘိုင်းမှာဖြစ်​သွားတာပါ။ ဒူဘိုင်း​နေ အပ္ပနားသမီးရည်းစား ချစ်​ကြိုက်​ပြီး ကိုယ့်​မြန်​မာမွစ်​လင်​မ်​သမီးရည်းစား​တွေ အတွဲ living together​နေကြတယ်။​ကောင်​မ​လေးကို တကယ်​ယူပါ့မယ်။​ဘာညာဆိုပြီး​နေ​ရင်း​နေရင်းက​နေ က​လေးမ​လေး ကိုယ်​ဝန်​ရသွား​တော့​ကောင်​လေးက တာဝန်​မယူပဲအလွတ်​ရုန်း ရန်​ကုန်​ကိုထွက်​သွားလိုက်​တယ်။​ကောင်​မ​လေးးလည်း ထုံးစံအတိုင်းပေါ့။ ..... ဘာလို့ အ​ရေးမယူလဲဆို​တော့ လက်​ကမြင်းထားတဲ့ ကိုယ်​တိုင်​ရိုက်​ကိုယ်​တိုင်​သရုပ်​ဆောင်​အချစ်​ခန်း​တွေ​ကြောင့်​ပါတဲ့။ !!!

တော်​တော်​လေးကိုကြီးမားလာတဲ့​ရောဂါတခုပါ။ တချို့ဆို တရားဝင်​ယူထားတဲ့ အကြင်​လင်​မယားကြားမှာ​တောင်​အတူ​နေတဲ့အချိန်​ကင်​မရာ​ထောင်​ရိုက်​တယ်​။ ပြီး​တော့ အိမ်​ထောင်​ရေးအဆင်​မ​ပြေကြတဲ့အခါ သွလားက်​ဖြစ်​ကြတဲ့အခါမှာ​ယောင်္ကျားလုပ်​သူက ex မိန်းမကို ပြန်​အရှက်​ခွဲဖို့​ဖေ့စ်​ဘွခ်​ပေါ်မှာ အဝတ်​ဗလာမိန်းမပုံတင်​ကြတယ်​။ ယုတ်​မာကြတယ်​။ ဒါလည်းကိုယ့်​အပ္ပနား​တွေထဲမှဖြစ်​ခဲ့​သေးးတယ်။​!!! တချို့​တွေက​တော့ ဖုန်းကျ​ပျောက်​ရင်းက​နေ ရုပ်သံဖိုင်​တွေ အင်​တာနက်​ပေါ်​ရောက်​သွားကြတာ​တွေလည်းရှိကြ​သေးတယ်။​!!

ဟိုတ​လောတုန်းက (အမည်​မ​ဖော်​လို)မွစ်​လင်​မ်​အန်​တီတ​ယောက်​က ချက်​ဘောက်​စ်​ကလာ အကြံအကူညီ​တောင်းတယ်။​ဖြစ်​ပုံက သူတူမ​လေးနဲ့ သမီးရည်းစားဖြစ်​ကြတဲ့​ကောင်​လေးကို အိမ်​က သ​ဘောမတူလို့ ပျက်​ပြီး​ကောင်​မ​လေးကို​နောက်​တ​ယောက်​နဲ့​ပေးစားလိုက်​ကြတယ်။​အချိန်​ကာလတခုကြာပြီး​ကောင်​မ​လေးရဲ့ အရင်​ရည်းစား​ဟောင်းက​ကောင်​မ​လေးကို ပြန်​အဆက်​သွယ်​လုပ်​ပြီး မထင်​ရင်​မထင်​သလို သူနဲ့တူတူပြန်​နေ​ပေးဖို့​ခေါ်​လေ့ရှိတယ်​။ ငြင်းလုိ့လည်းမရ​အောင်​ချုပ်​ထားတယ်။​အရင်​သမီးရည်းစား ဘဝတုန်းက ကိုယ်​တိုင်​ရိုက်​အရှက်​မဲ့ ဇိနာ​တွေရဲ့ ရုပ်သံဖိုင်တွေနဲ့ ပြန်​ခြိမ်း​ခြောက်​ပြန်​တယ်​။ အဲ့လိုယုတ်​မာကြတဲ့သူ​တွေလည်း ကို​ယ်​တွေထဲမှာရှိ​နေတယ်။​!!

တချို့ သမီးရည်းစားလူငယ်​တွေ အခု video callနဲ့ မဖွယ်​မရာ​တွေကို​ဖော်​ပြချွတ်​ပြ​နေကြတဲ့အဆင့်​ထိကို ရောက်​နေကြတယ်။​ချစ်​တယ်​၊ ချစ်​တယ်​။ တကယ့်​ယူမယ်။​နိကာဟ်​နိယသ်​နဲ့ဆို ပိုင်​တယ်​ဆိုတဲ့စကား​တွေ​တောင်​ပြန်​ကြားရ​သေးးတယ်​။ အဲ့လို စကား​တွေနဲ့ က​လေးမ​လေး​တွေကို ချုပ်​ကြတယ်။​အလ္လာဟ်​နာမည်​တွေနဲ့ ကျိန်​ဆိုပြီး ဇိနာပြုကြတယ်။​အပျိုဝင်​စ​ကျောင်း​တက်​နေကြတဲ့ညီမငယ်​လေး​တွေ၊ သမီးငယ်​တွေရှိကြတဲ့ဘိုင်​တို့ အထူးသတိထားကြပါ၊၊ မွစ်​လင်​မ်​အချင်းချင်းထဲမှာ ပိုယုတ်​မာကြတဲ့သူ​အချို့လည်း ရှိ​နေပါတယ်။​အထူးသဖြင့်​ရန်​ကုန်​ကလို​ဒေးတက်​ကြတဲ့က​လေးမ​လေး​တွေ ဟိုးမြို့အပြင်​အ​ဝေးကြီးမှာ​နေ့တိုင်းတစ်ရက်​ကို ၁၀ နာရီနီးနီး​လောက်​အိမ်​နဲ့​ဝေးကွာ​နေကြရင်း အချို့သမီးရည်းစားထားကြ၊ လက်​တက်​စမ်းကြရင်း ဟိုးအရင်​၁၄ နှစ်​လောက်​ကဆို တာဝလို​ကျောင်းမျိုးမှာ သမီးရည်းစားအချို့ နိကာဟ်​ခိုးဖတ်​ပြီး လင်​မယားလို​နေကြတဲ့ အတွဲ​တွေဆိုတာမှ အများကြီးပါ။​ကျောင်းပြီး​တော့ သွလားက်​တဲ့။ အခုလို​ခေတ်​မျိုးမှာဆိုရင်​တော့ဖြင့်​(​ကျောင်းတက်​နေတဲ့က​လေးမတိုင်း ပျက်​ဆီး​နေသူလို့ မဆိုလိုပါ) အထူးသဖြင့်​လိင်​စိတ်​အားဖြင့်​ထိန်းချုပ်​မှုအားနည်းကျတဲ့ အကွက်​ကိုအချို့ကလည်း အခွင့်​ကောင်းယူပြီး အချိူ့ က​လေးမ​လေး​တွေကို ကင်​မရာ recording​တွေ လုပ်​ပြီး​ငွေညစ်​နေတာ​တွေ၊ အိမ်​ထောင်​ရှိပြီးသားဖြစ်​နေတဲ့ အမျိုးသမီး​တွေကို ဇိနာပြန်​လုပ်​ဖို့ ခြိမ်း​ခြောက်​နေကြတာ​တွေ၊​ဘေးပတ်​ဝန်းကျင်​အသိုင်းဝိုင်းနဲ့ အွန်​လိုင်း​ပေါ်ကပြန်​ကြား​နေရတာ​တွေ​ကြောင့်​ဒီပို့စ်​ကို​ရေးဖြစ်​တာပါ။ !!

မှတ်​ထားပါလော့။ ညီမငယ်​တုိ့ ကိုယ့်​ကိုယ်​တကယ်​ချစ်​တဲ့သူက ဇိနာအတွက်​အလ္လာဟ်​နာမည်​ကိုင်​ပြီးကျိန်​မှာ​တော့ မဟုတ်​ဘူး။ တကယ်​ချစ်​ရင်​တရားဝင်​နိကာဟ်​ကမ်းလှမ်းပါလိမ့်​မယ်။​!!

တဖက်​ကလည်း မိဘ​တွေဘက်​က သားသမီး​တွေ phone/ internet​ပေးသုံးတဲ့အခါ အနီးကပ်​လေ့လာထားဖို့လည်း လိုအပ်​နေပါပြီ။ ကိုယ်​တိုင်​လည်း အနည်းအကျင်းဖွင့်​နည်းသုံးနည်း​တွေသင်​ထားဖို့ လိုအပ်​နေပါတယ်။​ဒါမှ ကိုယ့်​သားသမီး​တွေ​ပေါ်မှာ ထိန်းချုပ်​နိုင်​ပါလိမ့်​မယ်​။ 

အစဉ်​အမြဲ​လေးစားလျက်​။


ရေးသားသူ- KKK