Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 28, 2026

ဗမာပြည်က မယားပြိုင်ယူကြတဲ့ မိရိုးဖလာဓလေ့

 



မယားများပြိုင်ယူတဲ့ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ 


စစ်ကိုင်းတိုင်း၊ မုံရွာ၊ သာစည်နယ်မှာ "ဦးဘိုးရှိ" ဆို ခုထိ သိနေကြတုန်း။ နာမည်ကြီးနေတုန်း။ စံပြ ပြောဆိုနေရတုန်း။


အဘယ်သို့ကြောင့် ဆိုတော့...


ဦးဘိုးရှိဟာ အင်္ဂလိပ်ခေတ်တုန်းက အတော်လေး နာမည်ကြီးတဲ့ သူဌေးကြီးဖြစ်ပြီး လယ်ဧက သောင်းချီပိုင်သလို စားရင်းရှိ မယားတင် ၃၃ ယောက် ရှိသတဲ့။ မင်းတုန်းမင်းနီးနီး ပေါ့။ 


ဦးဘိုးရှိမှာ မိန်းမ အယောက် (၃၀) ကျော်ပေမဲ့ အချစ်ဦးကတော့ ဒေါ်ရံတဲ့။ ဒီလောက် မိန်းမတွေ အများကြီး ယူထားပေမဲ့ ဦးဘိုးရှိရဲ့ မိန်းမတွေဟာ သင့်မြတ်ကြတယ်တဲ့။ ဦးဘိုးရှိဟာ မိန်းမတစ်ယောက်ကို သဘောကျပြီဆိုရင် ပေါ်ပေါ်ထင်ထင် မိသားစုကို တောင်းရမ်းယူလေ့ရှိသူလည်းဖြစ်တယ်။


 မိန်းမသွားတောင်းတဲ့အခါ မိဘတွေကို ငွေကျပ် ၅၀၀ ပေးခဲ့တယ်။ အဲခေတ်နဲ့ဆိုရင် ရွှေ ၂၀ သားတန်ဖိုးရှိတယ်လို့ပြောတယ်။ ဒါတင်မဟုတ် လက်ဝတ်လက်စားအဖြစ် ရွှေလက်ကောက် ၁၀ ရံ၊ ရွှေဆွဲကြိုး ၃ ကုံး ဥဿဖရား နားကပ်ပါ ဆင်ပေးတာလို့ပြောကြတယ်။ ယူပြီး နောက်ပိုင်းလဲ စိန်တစ်ဆင်ဆာဆင်ပြီး သေချာကိုထားသတဲ့။


ဦးဘိုးရှိက သဘင်တော့ အတော်လေး ကြိုက်ပြီး သူနေတဲ့ ၃ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ဇာတ်စင်ကြီး ဆောက်ထားသတဲ့။ ဦးဘိုးရှိကိုယ်တိုင်လဲ အချို့ ဇာတ်တွေမှာ ဝင်ကပြလေ့ရှိတယ်သလို ကိုယ်တိုင် ရှင်ဘုရင်အဖြစ်ကပြတဲ့အခါ သဏ္ဍာန်လုပ် သရုပ်ပါလွန်းလို့ ပွဲကြည့်ပရိသတ်တွေ သိပ်သဘောကျသတဲ့။ ပြီးတော့သူတင်မဟုတ် သူ့ရဲ့ ဇနီးမယားတွေကိုလဲ ဝင်ကခိုင်းသေးတယ်။ 


ကိုလိုနီခေတ် သူဌေးဆိုတော့ ဦးဘိုးရှိမှာ ကောင်းသတင်းရှိသလို မကောင်းသတင်းတွေလည်း များပါတယ်။ သူ့အကြောင်းကို ရှိနဲ့ သူ၏ချစ်သူများဆိုပြီး စာအုပ်ရေးထားလည်းရှိပါတယ်။ 


ဦးဘိုးရှိ နေထိုင်ခဲ့တဲ့ သုံးထပ်တိုက်ကြီးက‌တော့ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့ပေမယ့် ဒီတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များက အောင်မြေ နင်းသည်ဟု ယူဆကာ လာရောက်ကြည့်ရှု့မှုများလည်း ရှိကြပါတယ်။


ကဲ မုံရွာသားတွေ၊ သာစည်သားတွေ ဂုဏ်ယူရတဲ့ ဦးဘိုးရှိဆိုတာ ဒါပါပဲ ခင်ဗျာ။ ထပ်သိချင်ရင်တော့ သာစည်သားတွေ၊ မုံရွာသားတွေကို မေးကြည့်ကြပေတော့။ 


#သာစည် 

#မုံရွာ 

#ဦးဘိုးရှိ #

#komin.min45


Wednesday, May 27, 2026

မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတိုင်း ရင်းနှီးကျွမ်းဝင်နေတဲ့ “အဖြူအစိမ်း” ကျောင်းဝတ်စုံဟာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလို့ လူအများ ထင်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဒီဝတ်စုံဟာ ယနေ့ခေတ်မှာ လူအများထင်သလို ရာစုနှစ်များစွာ သက်တမ်းရှိခဲ့တာ မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ခဲ့တဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ ကျောင်းတိုင်းဟာ ကိုယ်ပိုင်ဝတ်စုံတွေ အသီးသီး ရှိခဲ့ကြပါတယ်။ အမျိုးသားကျောင်းများ၊ သာသနာပြုကျောင်းများ၊ အင်္ဂလိပ်ကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများဟာ ကိုယ်ပိုင်အရောင်၊ ကိုယ်ပိုင်ဒီဇိုင်းတွေကို အသုံးပြုခဲ့ကြပြီး ယနေ့လို တစ်နိုင်ငံလုံး တူညီတဲ့ ကျောင်းဝတ်စုံမျိုး မရှိခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက လက်ရှိအသုံးပြုနေတဲ့ အဖြူအစိမ်းဝတ်စုံဟာ အစိုးရက အသစ်ဖန်တီးခဲ့တဲ့ ဒီဇိုင်းတစ်ခု မဟုတ်ပါဘူး။ ရန်ကုန်မြို့ရှိ မြို့မအမျိုးသားကျောင်း (Myoma Co-Educational National High School) ရဲ့ ကျောင်းဝတ်စုံပုံစံကို အခြေခံပြီး တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ အစိုးရက အဖြူအစိမ်းကျောင်းဝတ်စုံကို တရားဝင် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအချိန်က ပညာရေးစနစ်ကို တစ်နိုင်ငံလုံး တူညီစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းဝတ်စုံ တစ်မျိုးတည်း အသုံးပြုရေးဟာလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့ကျောင်းဝတ်စုံရဲ့ ထူးခြားချက်တစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူများသာမက ဆရာ၊ ဆရာမများပါ အဖြူအစိမ်းပုံစံကို ဆက်လက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအများစုမှာ ဆရာ၊ ဆရာမတွေက သီးသန့်အလုပ်ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းသားတွေနဲ့ ဆင်တူတဲ့ ပုံစံကို အသုံးပြုကြတာ တွေ့ရပါတယ်။

ထို့အပြင် အထက်တန်းအဆင့်ရောက်လာတဲ့အခါ ယောကျ်ားလေးတွေ ပုဆိုး၊ မိန်းကလေးတွေ ထမီဝတ်ဆင်ရတာဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပညာရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျောင်းဝတ်စုံကနေတစ်ဆင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းပေးနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီနေ့ခေတ်မှာ အဖြူအစိမ်းဝတ်စုံဟာ ကျောင်းဝတ်စုံတစ်ခုထက် ပိုတဲ့ အဓိပ္ပာယ်ကို ရရှိနေပါပြီ။ ဆယ်စုနှစ် ၆ ခုကျော်ကြာ အသုံးပြုလာခဲ့တာကြောင့် “အဖြူအစိမ်း” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာကျောင်းသားဘဝ၊ သူငယ်ချင်းတွေ၊ စာသင်ခန်းတွေ၊ ကျောင်းအမှတ်တရတွေကို ပြေးမြင်မိကြပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ သီချင်းတွေထဲမှာလည်း အဖြူအစိမ်းဟာ မြန်မာကျောင်းသားဘဝရဲ့ သင်္ကေတတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ၁၉၃၆ ကျောင်းသားသပိတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေအတွင်း ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ယနေ့မြင်တွေ့ရတဲ့ အဖြူအစိမ်းဝတ်စုံကို မဝတ်ခဲ့ကြပါဘူး။ သူတို့ခေတ်တုန်းက ကျောင်းအသီးသီးရဲ့ ကိုယ်ပိုင်ဝတ်စုံတွေကိုသာ ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လူအများထင်ထားသလို အဖြူအစိမ်းကျောင်းဝတ်စုံဟာ ရှေးဟောင်းအစဉ်အလာတစ်ခု မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ ပညာရေးစနစ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ယနေ့အချိန်မှာတော့ မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှုအမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
"အဖြူအစိမ်း" ကျောင်းဝတ်စုံဟာ သာမန်အဝတ်အစားတစ်စုံ မဟုတ်ပါဘူး။

၁၉၆၆ ခုနှစ်ကတည်းက မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုလာတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ၁၉၃၆ ကျောင်းသားသပိတ်က ကျောင်းသားတွေတောင် ဒီဝတ်စုံကို မဝတ်ခဲ့ရပေမယ့် ဒီနေ့ခေတ်မှာတော့ အဖြူအစိမ်းဟာ မြန်မာပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အခုခေတ် TikTok ပေါ်မှာ ကျောင်းဝတ်စုံဝတ်ပြီး မသင့်လျော်တဲ့ အကတွေ၊ အပြုအမူတွေနဲ့ Content တွေ ရိုက်ကူးတင်နေတာတွေကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။

ပြဿနာက အကကတာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းအရာနဲ့ တင်ဆက်သလဲဆိုတာ ဖြစ်ပါတယ်။

ကျောင်းဝတ်စုံဆိုတာ ကိုယ့်တစ်ယောက်တည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးနဲ့ ပညာရေးဂုဏ်သိက္ခာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

လွတ်လပ်မှုရှိသလို တာဝန်ယူမှုလည်း ရှိဖို့လိုပါတယ်။ Trend တစ်ခုအတွက် ခဏတာ View ရနိုင်ပေမယ့် သမိုင်းရှိတဲ့ သင်္ကေတတစ်ခုရဲ့ တန်ဖိုးကိုတော့ မလျော့သင့်ပါဘူး။

အဖြူအစိမ်းဟာ Fashion မဟုတ်ဘူး။ မြန်မာကျောင်းသားဘဝရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း ဖြစ်တယ်။

#မြန်မာ့ကျောင်းသား #ကျောင်းဝတ်စုံ #အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက 

(Credit to Original Writer)



Sunday, May 3, 2026

Lain (ဝေါဟာရတွေနဲ့ စကားပြောကြရအောင် ၆)



ဝေါဟာရတွေနဲ့ စကားပြောကြရအောင်


လိုင်(ဏ်)


ဒီတစ်ခါ ဆွေးနွေးမယ့် ဝေါရဟာကတော့ ရိုဟင်ဂျာစကားမှာ အတော်ကို အသုံးဝင်တဲ့ "လှိုင်ဏ်" ဆိုတဲ့ စကားလုံးဖြစ်တယ်။ ဒီဝေါဟာရက အဓိပ္ပာယ် အင်မတန် ကြွယ်ဝတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ အသုံးပြုပုံအလိုက် အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားသွားတတ်တယ်။ လိုင်ဏ် ဟာ မူလရိုဟင်ဂျာ စကားလုံးမဟုတ်ပါဘူး။ မြန်မာစကားဖက်ကနေ ကူးဝင်လာတဲ့  မွေးစားစကားလုံးပေါ့။ မွေးစားစကားလုံး တစ်လုံးဖြစ်ပေမယ့် ရိုဟင်ဂျာဘာသာစကားမှာ နေရာကောင်းကောင်းယူထားတာ တွေ့ရတယ်။ မြန်မာကတော့ လိုင်း၊ ရိုဟင်ဂျာတွေက လိုင်ဏ် လို့ အသံထွက်ကြတယ်။ စကားလုံးဇာတ်မြစ်ကျတော့ Line ဆိုတဲ့ အင်္ဂလိပ် စကားလုံးဖြစ်တယ်။ ဒီ လိုင်ဏ် က ခရီးအတော်ပေါက်ခဲ့ရတယ်ပေါ့။ 

ကိုင်း.... အသုံးအလိုက် အဓိပ္ပာယ် ကွဲပြားသွားပုံကို လေ့လာကြည့်ကြရအောင်...


၁) အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်း

အလုပ်ကိစ္စ၊ အနေအထိုင်နဲ့ဆက်စပ်တဲ့ အပြောအဆိုတွေမှာ အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်းစတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးနှုန်းကြတာပေါ့။

ဥပမာ-

တွီ ဟာမ်တာမ် လွိုယ် လိုင်ဏောတ်နဲ့။
(မင်း အလုပ်အကိုင် အဆင်ပြေရဲ့လား။)

အလ္လာဟ်ဒီလဲ့ ဘီကုန်း လိုင်ဏောတ် အာဆေး။
(အရှင်မြတ်ရဲ့ ကရုဏာတော်နဲ့ အကုန် အဆင်ပြေပါတယ်။)

ဒီမှာတစ်ခါ ဘေ ဆိုတဲ့ အငြင်းပစ္စည်းနဲ့ တွဲပြီးတော့ အဆင်မပြေတဲ့သဘောအဖြစ်လည်း သုံးကြတယ်။ 

ဘောဒ္ဒါ အေက္ကား ဘေလိုင်(ဏ်) မီက္ကာဒေ့ အေးရီ။
(အစ်ကိုကြီး နဲနဲ အဆင်မပြေသလိုပဲ။)

အာရ် ဘီကုန်း လိုင်ဏောတ် ဖောရီဂီယွိုက်။
(ကျန်တဲ့အာလုံး အေးအေးဆေးဆေး ဖြစ်နေပြီ။)

ဖူအာဝါးရေ အဂျော့ ဟောနော့် လိုင်ဏ် ဂေါရိ နော်ဖါးရီ။
(သားလေးကို အခုထိ အဆင်ပြေအောင် မလုပ်ပေးနိုင်သေးဘူးဗျား။)

၂)  ချစ်ကြိုက်ခြင်း

ချစ်ရေးကြိုက်ရေးကိစ္စတွေမှာ ဗန်းစကားအဖြစ် ချစ်ကြိုက်ခြင်းအဓိပ္ပာယ်နဲ့ သွယ်သွယ်ဝိုက်ဝိုက် သုံးနှုန်းကြတယ်။ စာစကားနဲ့ ပြောရရင် ဝင်္ကဝုတ္ထိအလင်္ကာ အဖြစ်သုံးတာပေါ့ဗျာ။

ဥပမာ- 

မိုက်န္နာ ယေ ရူပါလီ ရေ့ လိုင်ဏ်မာရေ ဘာရာ။
(မိုက်နာက မယ်ရူပကို ချစ်ကြိုက်နေတယ်ကွာ။)

အောဘိုင် လိုင်ဏ် မာရီဘာလ္လာ အုဂွား မောနောရ် မာနူချ်ဒေ့ နဖိုက်ရ်။
(ချစ်ဖို့အတွက် စိတ်တိုင်းကျ မိန်းကလေး မတွေ့လို့ကွာ။)

၃) တန်းစီခြင်း

အစဥ်လိုက်စီတဲ့နေရာမှာ ဒီစကားလုံးရဲ့အဓိပ္ပာယ်က တန်းစီခြင်း၊ တစ်ဖြောင့်တည်းဖြစ်ခြင်း ဖြစ်သွားပြန်တယ်။ 
ဥပမာ- 

ဖူတီယား တာရာ ဘီကုန်း လိုက်ဏ် ဒေါ့ရော့ဆိုက်။
(ကလေးတွေ အကုန် တန်းစီကြပါ။)

ရစ္ဆတာရ် အေခ်ဟာံဆာရ်တု လိုင်ဏ် ဒေါ့ရိ ဟင်းရော။
(လမ်းတစ်ဖက်ကနေ တန်းစီလို့ သွားကြပါ။)

အေ ဖာရာတ်မာဇေ့ ဂေါ်ရ် အောက္ကောလ် လိုင်ဏ် ဒေါ့ရိ ဘိုင်နေး။
(ဒီရွာမှာ အိမ်တွေ တန်းလျား ဆောက်ထားတယ်။)


၄) ချိတ်ဆက်ခြင်း

ဒီအဓိပ္ပာယ်ကိုတော့ ဖုန်း၊ လျှပ်စစ်မီး၊ ပိုက်လိုင်း စတဲ့ဟာတွေနဲ့ ဆက်စပ်တဲ့စကားမှာ မြန်မာအသုံးနဲ့ အတူတူ သုံးကြတာဖြစ်တယ်။

အီတေ လိုင်ဏောတ် နိုက်။
(သူ လိုင်းပေါ်မှာ မရှိဘူး။)

ဖုန်းနော် လိုင်ဏ် ဆီးရီး ဂီယွိုက်။
(ဖုန်းလိုင်း ဖြတ်သွားပြီ။)

လိုင်ဏ် ဟာရီဒီယေ့။
(လိုင်း ချလိုက်တယ်။ လိုင်းဖြတ်လိုက်တယ်။)

ပြီးတော့ လျှပ်စစ်မီးလိုင်း၊ ဖုန်းလိုင်း အတွက်လည်း အထက်အဓိပ္ပာယ်နဲ့ သုံးနှုန်းကြတယ်...

တူအံရ် အင်ဂျီလ် သြရ်တုန်း အံရ် ဂေါ့ရောတ် လိုင်ဏ် ဒီဖာရီဘိနဲ့။ တေလ် ဟောစ္စာ ဒီယူမ်ဘာရာ။
(မင်းရဲ့ မီးစက်ကနေ ငါတို့အိမ်ကို မီး ပေးနို
င်မလား။ ဆီစရိတ် ပေးမှာလေ။)

မီးလိုင်း ကို လိုင်နော့ရ် ဘတ္တီ လို့၎င်း၊  ဖုန်းလိုင်းကို ဖုန်းနော့ရ်လိုင်ဏ်၊ ရေလိုင်း ပါနီးရ်လိုင်ဏ် လို့၎င်း သုံးကြတယ်။



၅) စီစီရီရီ ထားခြင်း၊ သိမ်းဆည်းထားခြင်း

ဥပမာ- 

မာလ်ဆားမနားဂုန်း လိုင်ဏ် ဂေါရိ အေရော။
(ပစ္စည်းတွေကို သိမ်းထားကြပါ။)

ဟောရ်ဆွိုရ် အဂျော့ ဘေလိုင်ဏ် ကီယား။
(အဝတ်အစား​တွေ အခုတိ ဖရိုဖရဲ ပါလားဟဲ့။)


၆) လမ်းကြောင်း၊ အခွင့်ကောင်း

ဥပမာ-

အိုင် ဘီယာရ် ဟောတား ဟွိုက်ဘာလ္လာ လိုင်ဏ် ဖိုက်ယိ။
(ငါ မင်္ဂလာဆောင်ကိစ္စ ပြောဖို့ လမ်းကြောင်းတွေ့ပြီ။)

ရန်ကုန် ဇိုက်ဘာရ် လိုင်ဏ် အဆေးနဲ့။
(ရန်ကုန်သွားဖို့ လမ်းကြောင်း ရှိလား။)


၇) ဆုံးမခြင်း

ဒါလည်း ဝင်္ကဝုတ္ထိနဲ့ သုံးနှုန်းတာ ဖြစ်တယ်။ ဆုံးမခြင်း၊ လမ်းမှန်ပေါ်ရောက်ခြင်းစတဲ့ သဘောကို ဆိုလိုတဲ့အခါ သုံးတာများတယ်။


ဥပမာ-

အိတားရေ လိုင်ဏောတ် အာနား ဖောရီပေါ့။
(သူ့ကို ဘောင်ထဲ ရောက်အောင် ဆုံးမရမယ်။)


ဒီ လိုင်ဏ် စကားလုံးနဲ့ ဒီမှာပဲ ရပ်နားတော့မယ်။ နောက်စကားလုံး တစ်လုံးနဲ့ နောက်ပို့စ်တစ်ခုမှာ ဆုံရအောင်....

RohangKing
5-4-2026