Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label news. Show all posts
Showing posts with label news. Show all posts

Monday, August 5, 2024

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)

 

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)


မောင်တောမြို့၏ အထင်ကရ ဆရာဝန် ဒေါက်တာကာမာလ် သည် ဩဂုတ်လ ၄ ရက်နေ့ ည ၇း၃၀ နာရီခန့်တွင် ရခိုင်လက်နက်အဖွဲ့ #AA က အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒေါက်တာကာမာလ်သည် ဆရာဟာဆောင်းအာလီ၏ သားဖြစ်ပြီး မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင် နေထိုင်သည်။ ရန်ကုန်မှ MBBS ဆရာဝန်ဘွဲ့ ရရှိထားကာ မောင်တောဒေသခံများကို ဆေးဝါးကုသမှုဖြင့် နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်သည်။  ဒေါက်တာသည် မောင်တောမြို့၏ ထင်ရှားသော ဇီဝဗေဒပြဆရာ ဆရာဦးဇော်ဇော်လတ် ၏ ဖခင်ဖြစ်သည်။ ဆရာဇော်ဇော်လတ်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


#well_known_Rohingya

Saturday, June 17, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဇွန်လ(၁၇)ရက်၊နံနက်( ၇) နာရီခွဲခန့်က စစ်တွေလေဆိပ်ရှိ ပူးပေါင်းအဖွဲ့ဝင်များမှ လေဆိပ်ထွက်ခွာဆောင် (လဝက)ကောင်တာ၌ ခရီးသည်များအား စစ်ဆေးနေစဉ် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါမည့် မှတ်ပုံတင်အတုကိုင်ဆောင်သူ (၄) ဦးနှင့်အတူ လိုက်ပါပို့ဆောင်ပေးသူ (၁) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်မြို့၊ ဘော်တိုကျေးရွာနေ ဦးထွန်းစိန်(ဘ)ဦးလှဖြူ(၂၈) နှစ်၊ရခိုင်/ဗုဒ္ဓ၊ ဇန့်(ဘ)ဦးမက်ဂ(၂၂) နှစ်၊ မြို/ဗုဒ္ဓ၊ ပီတော်(ဘ)ဦးမောင်ခန့်ညို(၃၆) နှစ်၊ မြို/ဗုဒ္ဓ၊ ဂူရူမင်(ဘ) ဂျီဘာဒူ(၃၆ )နှစ်၊ မြို/ဗုဒ္ဓ တို့ဖြစ်ပြီး ၎င်းတို့ (၄ )ဦးမှာ မလေးရှားနိုင်ငံရှိ လူပွဲစားအား တာကာ (၃)သိန်း အခကြေးငွေပေးပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား လဝကအက်- ၁၃(၁)၊ ရာဇသတ်ကြီးပုဒ်မ၊  ပုဒ်မ-၄၆၈ တို့ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့သည်။

စစ်တွေမြို့၊မောလိပ်ရပ်ကွက်နေ မောင်မောင်သန်း (ဘ) ဦးစံရွှေနု၊ ၃၆ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ဈေးရောင်းနေသူအား ရာဇသတ်ကြီးပုဒ်မ၊ (၃၆၇/၁၁၄)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိရှိရသည်။


#ရခိုင်နေစဉ့်

Thursday, June 8, 2023

NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကြီးဆုံအကို အသတ်ခံရ


NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကိုအကြီးဆုံး အသတ်ခံရ

-မိုးသောက်

(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို အကြီးဆုံးဖြစ်သူ ဦးသန်းမြင့်သည် မနေ့က ညပိုင်းတွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

“ အိမ်နားမှာ အမည်မသိလူတစ်စုက လာသတ်သွားတယ်ပြောတယ်၊ ဒီသတ်ဖြတ်မှုက ရည်ရွယ်ချက်ရှိနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

အသက် ၄၅နှစ်အရွယ် ဦးသန်းမြင့်သည် မနေ့ကဇွန်လ ၇ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ သူ၏နေအိမ်နှင့် ကိုက် ၅၀၀ ကျော်အကွာ၌ ဓားဖြင့် သုံး လေးချက်ခန့်အထိ ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆက်ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ဦးတင့်လွင်နှင့် အဆိုတော် ဒေါ်လီလီနိုင်ကျော် အသတ်ခံရပြီးနောက်ပိုင်းတွင် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ထောက်ခံသူများက ပစ်မှတ်ထားလာကြသည်ကို တွေ့ရသည်။

အထူးသဖြင့် တော်လှန်ရေးတွင်ပါဝင်နေသည့် အနုပညာရှင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ မိသားစုဝင်များကို ရှာဖွေကြရန်အတွက် စစ်ကောင်စီလော်ဘီချန်နယ်များတွင် ဖော်ပြနေကြသည်။

လီလီနိုင်ကျော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယတရားခံနှစ်ဦးဖြစ်သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့အနက် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့်အစ်မဖြစ်သူ သည်လည်း မနေ့က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima

#ကိုကောင်းဇာနည်ဟိန်း

#ဦးသန်းမြင့်

#ဒေါ်လီလီနိုင်ကျော်

------------------------

Saturday, June 18, 2022

လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်ပြီ


 လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်ပြီ

-------------------------------

- ရခိုင်ပြည်မြောက်ပိုင်းမှာ မတော်မတည့် တစ်ခုခုဖြစ်ပေါ်လာရင် မွတ်စလင်တွေကို အပြစ်ပုံချတာက အဆန်းမဟုတ်ပါဘူး။ ဖြစ်ရိုးမြဲလမ်းစဉ်တစ်ခုအနေနဲ့ လူတိုင်းသိကြပါတယ်။ ပြသနာရဲ့ အခြေအမြစ်မရှာဘဲ အာဏာပိုင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ ပူးပေါင်းပြီးတော့ ဒေသခံလူနည်းစုမွတ်စလင်တွေကို လူမဆန္စြာ ချေမွုန်းဖို့ အသင့်ဖြစ်ကြတော့တယ်။

မျိုးယုတ်အုပ်စုအချို့ကလည်း အလုပ်ရသွားပြီပေါ့။ ခြေစုံပစ် အလုပ်ခွင်ဆင်းပြီးတော့ အမုန်းတရားတွေ ဖင်ပိတ်ဟောကြကုန်တယ်။ ဒီလိုမျိုး မဆင်မခြင် သွေးတိုးတိုင်း လိုက္ကျပခဲ့တဲ့ လုပ်ရပ်တွေကြောင့်တို့ရခိုင်ပြည်နယ်ဟာ ပဋိပက္ခကြီးတွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။ အေးအေးချမ်းချမ်း နေထိုင်လာကြတဲ့ လူမျိုးစုနှစ်စုကြား သဟဇာတဖျက်ပျောက်သွားပြီတော့ တသီးတျခား ဖြစ်ခဲ့ရတယ်။ အမွိုက်ကနေ ပြဿဒ်ကြီး မီးလောင်သွားတာပေါ့။ အဲ့ဒီလို ရေှးဖြစ်တွေကို လေးလေးနက်နက် စဉ်းစားလို့ နောင်လာမယ့် ပြဿနာတွေကို ဆင်ဆင်ခြင်ခြင်ကိုင်တွယ်သင့်တယ်။ လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်တယ်။

- ယခုလည်း လူမျိုးစုနှစ်စုအကြား ပြန်လည်သင့်မြတ်ရေး ရောင်နီစပြုလာချိန်တွင် မတော်မတည့်လုပ်ရပ်တစ်ခု ကြားနေရတယ်။ ပညာရေးဝန်ထမ်း ဆရာကြီးတစ်ဦးနဲ့ ဆရာမ တစ်ဦး ပျောက်နေတဲ့ သတင်းပေါ့။ စိတ်မကောင်းဖြစ်လိုက်ရတာ။ မကောင်းတဲ့ လုပ်ရပ်တစ်ခုကိုဘယ်သူပဲလုပ်လုပ်၊ ဘယ်လူမျိုးပဲ လုပ်လုပ် မကောင်းတာပဲ။ အမှန်တကယ် အပြစ်ရိှတဲ့ သူတွေကိုပဲ ဖော်ထုတ်အပြစ်ပေးသင့်ပါတယ်။ ဒါက မှန်ကန်တဲ့ဓမ္မလမ်းကြောင်းပါပဲ။


- အခုထွက်နေတဲ့သတင်းဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်လဲဆိုတာ သေသေချာချာ မသိဘဲ မွတ်စလင်တွေနေတဲ့ ဒေသဖြစ်နေတဲ့အတွက်ကြောင့်မလို့ မွတ်စလင် ရွာသူရွာသားတွေကို ညှဉ်းပမ်းနိှပ်စက်မယ်ဆိုရင် ယုတ္တိရိှပါမလား။ ပုံမှာ တွေ့နေရသလို ဓား၊ တုတ်၊ လက်နက်တွေနဲ့ ရေှးရိုးလမ်းစဉ်အတိုင်း စစ်ပွဲဆင်နွွဲသလို တိုက်ရေးပြရင် မီးကိုတမင်သက်သက် ကြီးအောင် လေမွုတ်ရာ ရောက်တယ်။

- ယနေ့ မြန်မာနိုင်ငံဟာ လူမျိုးတိုင်းဘာသာတိုင်း အဓမ္မကို လက်နက်နဲ့ မောင်းထုတ်နေတဲ့ကာလဖြစ်တယ်။ နေရာတိုင်းလိုလိုမှာ လက်နက်ကိုင်တွေနဲ့ မကင်းပါဘူး။ ဘောမဒလန်တွေလည်း မနည်းပါဘူး။ ကြားကနေ စားဝတ်နေရေး အကြောင်းပြပြီး ဓားမြထတာလည်း ရိှနေအုံးမယ်။ ဒါကေတာ့ လူမျိုးရယ်၊ ဘာသာရယ်လို့ သီခြားမရိှဘူး။ အသိုင်းအဝိုင်းတိုင်းမှာ ရိှတာပဲ။

- ဒါနဲ့ ဒီလုပ်ရပ်ဟာ ဘယ်သူဘယ်ဝါရဲ့ လက္ခ်လဲဆိုတာ ပထမဆုံး ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ရခိုင်အဖွဲ့လား၊ ရိုဟင်ဂျာအဖွဲ့လား၊ ဓားပြအဖွဲ့လား၊ အချင်းချင် ရန်ငြိုးကြောင့်လား၊ လူမျိုးစုအကြား သဟဇာတပျက်အောင် မလိုမုန်းထားသူတွေက တမင်လုပ်ကြံလိုက်တာလား စသည်ဖြင့်ပေါ့။ ပြီးမှ အမှန်တကယ် အပြစ်ရိှသူတွေကို ထိထိရောက်ရောက် အေရးယူရမွာပါ။ ဒီတိုင်း ဘုမသိဘမသိ အပြစ်မဲ့ပြည်သူတွေကိုမတရားဖိနိှပ် နိှပ်စက်ခြင်းကား ရေှးကပြုမှားခဲ့တဲ့ မဟာအမှားကြီးတွေကို ထပ္မံ မှားမိချေကုန်မှာပဲလေ။

- အမွိုက်ကအစ ပြဿဒ်ကြီး မီးမလောင်ရအောင် စိတ်အေးအေးနဲ့ ဆင်ဆင်ခြင်ခြင် ကိုင်တွယ်ကြပါ။ အားလုံးပူးပူးပေါင်းပေါင်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်ကြပါ။ နားယောင်သတင်းတွေကို ယုံကြည်ခြင်းမှ ရေှာင်ကြဉ်ပါ။ ရေှးကနေ ကျင့်သုံးလာခဲ့တဲ့ လမ်းစဉ်ဆိုးတွေမှ ရုန်းထွက်ကြပါ။  "အပြစ်ရိှသူသာ ပြစ်ဒဏ်နဲ့ သင့်တော်သတဲ့။"

- နတ်မျက်စိ

(၁၉-၆-၂၀၂၂)

Wednesday, February 2, 2022

တာလီဘန်တို့ ထိန်းသိမ်းထားရာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသော သြစတြေးလျ ကထိက အာဖဂန်နစ္စတန်သို့ ပြန်လာရန် စီစဉ်နေ


တာလီဘန်ခေါင်းဆောင် ဟက္ကာနီနှင့် ဩစတြေးလျ ကတိက တွေ့ဆုံစဉ်

ဆစ်ဒနီ- တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဩစတြေးလျ ကထိကတစ်ဦးသည် တာလီဘန်အစိုးရကို ကူညီရန် အာဖဂန်နစ္စတန်သို့ ပြန်သွားဖို့ ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ သတင်းအေဂျင်စီ၏ အဆိုအရ သြစတြေးလျ ကထိက Timothy Wax အား တာလီဘန်တို့ ၃ နှစ်ကြာ ဖမ်းဆီးထားပြီးနောက် အဓိက တပ်မှူးများ လွတ်မြောက်ရေးအတွက် လဲလှယ်ပေးခဲ့ရာမှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 

အကျဉ်းကျနေစဉ်အတွင်း Timothy သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ပြီး ၎င်း၏နာမည်ကို Gabriel Omar ဟု ပြောင်းလဲခဲ့သည်။ ထောင်မှလွှတ်လာကတည်းက သြစတြေးလျမှာ နေထိုင်နေပေမယ့် အခု တာလီဘန်အစိုးရကို ထောက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။

အင်တာဗျူးတစ်ခုတွင် ဩစတေးလျကထိကက “ကျွန်တော် အာဖဂန်နစ္စတန် ကလေးတွေကို အထီးကျန် မထားနိုင်ပါဘူး။ ပညာရေးအတွက် အစိုးရကို ကူညီချင်ပါတယ်။”

သြစတြေးလျ ကထိကသည် အာဖဂန်နစ္စတန်သို့ ပြန်လာရန် ဆစ်ခ်အသိုင်းအဝန်းအား မေတ္တာရပ်ခံပြီး ပါလီမန်အမတ်ဟောင်း Narendra Singh Khalsa သည် တာလီဘန်ဝန်ကြီး Sirajuddin Haqqani နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဩစတေးလျကထိကကို ကဘူးလ်တက္ကသိုလ် ဂိတ်ပေါက်ကနေ ၂၀၁၆ ခုနှစ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ Anas Haqqani နဲ့ Khalil Haqqani တို့ကို ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ ကတိကကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါသည်။

နတ်မျက်စိ


Thursday, July 15, 2021

Two Rohingya Old Poetry


"Arakan Decór Musólman"


O khuda tui rahám goró tuáñr bonda ré

Bormár decór musólman bái oré


Zehón dase cúridilám khúdar gulami

Melitheri lorai lorai banar acámi

Keen goríya taikkúm añárá é zagar uore

Arakan decór musólmanór uore

O khuda tui rahám goró tuañr bonda ré

Arakan decór musólmanor uore


Dari ola manúic faile burot sek goré

Nizor hái nizor loi ham gorá fore (biyar)

Górot asé bibi bacca waaccá more

Keen goríya taikkúm añra é zagar uore

O khuda tui raham goro tuanr bonda ré

Arakan decór musólmanor uore


— Osin Cáyer


" Democracy Baala "


O desi Bormá wala 

nogoijjo bai nak-muk hala

Ek hale Bormá óibo baala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala


Mondu tún Busidóung zaite toukkenza lage

Ek boska soil faar goitte duuty mañge

Añraré sairo kultú diyé hana maala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala

- Osin Cáyer

(မြန်မာဘာသာပြန်)

ဒီမိုကရက်စီ အကောင်းဆုံး


အို တိုင်းရင်းဗမာပြည်သူရေ

မျက်နှာ မညှို့ပါစေနဲ့

တစ်ချိန်ကျတော့ ဗမာပြည်အေးချမ်းပါလိမ့်မယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်


မောင်တောကနေ ဘူးသီးတောင်သွားဖို့ ထောက်ခံစာလိုတယ်

ဆန်တစ်အိပ် သယ်သွားဖို့ ဆက်ကြေးပေးရတယ်

ငါတို့ကို အဖက်ဖက်က အုန်းမှုတ်ခွံနဲ့ မျက်စိပိတ်ထားတယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်

(မှတ်ချက်။    ။တစ်ချိန်က ဒုက္ခအတိမှ ရုန်းထွက်နိုင်ဖို့ ရိုဟင်ဂျာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ဒဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်အားကိုးခဲ့တယ်။ အဲဒီတုန်းက ဖွဲ့ဆိုခဲ့တဲ့ တေးတစ်ပုဒ်ဖြစ်ပါတယ်။)




Note: This video clip was recorded by an author  Kazi Fahmida from bangladesh Refugees Camp.

Monday, October 26, 2020

"ရေလှိုင်းစီးတဲ့ ရိုဟင်ဂျာ သမီးလေး"

 


"ရေလှိုင်းစီးတဲ့ ရိုဟင်ဂျာ သမီးလေး"

ကမ္ဘာ့ အရှည်လျားဆုံး ပင်လယ်ကမ်းခြေ တစ်ခုဖြစ်တဲ့ ကော့စ်ဘားဇား ပင်လယ်ကမ်းခြေမှာ ရေလွှာလှိုင်းစီးသူ ရေကစားသူနှင့် ပင်လယ်ရေမှာ ရေကူးသင်ကြားသူများနဲ့  အမြဲစည်းကားလျက် ရှိတတ်ပါတယ်။ (ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အမျိုးသမီး ရေလွှာလျှော်စီးသူ မရှိသလောက်ပါ) 

ကော့စ်ဘားဇား ပင်လယ်ရေမှာ ထူးထူးခြားခြား ရေလွှာလျှော်စီးတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးကတော့ Saima ဆိုတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သမီးလေးဖြစ်ပါတယ်။ Saima က ရေလွှာလှိှိုင်းစီးတာကို ပိုင်ပိုင်နိုင်နိုင် စီးနိုင်တဲ့အပြင် ရေလှိုင်းပေါ်မှာ ခုန်ကျော်နိုင်တဲ့ အထိ တတ်ကျွမ်းပါတယ်။

Saima လေးရဲ့ ရေလွှာလှိှိုင်းစီးမှုကို မြင်ရသူတိုင်း မချီးကျူးဘဲမနေနိုင်အောင် ဖြစ်ရပါတယ်။ ကော့စ်ဘားဇားခရိုင် ရေလွှာလှိုင်းစီးရေး အဖွဲ့အစည်းတခုက သူမကို အဆင့်မြင့်သင်တန်းပို့ ချပြီး နိုင်ငံတကာအဆင့် ရေလွှာလျှော်စီးသမား တစ်ယောက်ဖြစ်အောင် သင်တန်းပေးဖို့ ကမ်းလမ်းခံရပါတယ်။ 



မြန်မာနိုင်ငံမှာ သူမကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာများကို ပြန်လည်ကုစားနိုင်အောင် ပင်လယ်ရေပေါ်မှာ ရေလွှာလှိုင်းစီးကစားရင်းနှင့် အချိန်ပိုင်းစာသင်ရင်း ကုန်ဆုံးစေပါတယ်။ 

"WE SHALL OVERCOME ONE DAY"


Arif Kassim

27-10-2020

Friday, December 28, 2018

အဆိုတော်ကြီး လားရှိုးသိန်းအောင် (၁၉၄၆-၂၀၁၈) နှလုံးရောဂါဖြင့် ကွယ်လွန်


စတိရီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင် ကွယ်လွန်
==================================== 
“နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ငှက်ငယ်အလား ကိုယ့်အမှား၊ စက်ခေါင်းအမှတ် ၀၀၉၊ ဘုရားသခင်ရဲ့ သားသမီးတွေပါပဲ၊ အမေတခု သားတခု၊ မုန်းမုန်းမေ့မေ့” စသည့် နာမည်ကြီး သီချင်းကောင်းများစွာကို သီဆိုခဲ့သော စတိရီယို ခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက် ခေါ် လားရှိုး သိန်းအောင် သည် ယနေ့ ဒီဇင်ဘာလ ၂၈၊ ၂၀၁၈  နေ့လယ်ပိုင်းအချိန်မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် နှလုံးရောဂါဖြင့်  ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။






လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်သည် ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန်းစားလိုသည့် ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ယောက်နှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သားနှစ်ယောက် ရရှိခဲ့သည်။ 



(ရုပ်သံ- Lashio Thein Aung's "One Man Show 2013" in Yangon)

လားရှိုးသိန်းအောင်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ တကိုယ်တော်ရှိုးပွဲပြုလုပ်ခဲ့သည်။ အဆိုပါ ရှိုးပွဲသည် သူမြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်အကြာမှာ ပြုလုပ်ခဲ့သည့် ရှိုးပွဲလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ၂၀၁၂ အဓိကရုဏ်း နောက်ပိုင်းတွင် ခွဲခြားဆက်ဆံရေး ရပ်တန့်ရေးနှင့် ရိုဟင်ဂျာသည် တိုင်းရင်းသားတစ်စုဖြစ်ကြောင်းကို ဖွဲ့ဆိုထားသော “ငါတို့ ဘုရားသခင်၏ သားသမီးတွေပါ” သီချင်းဖြင့် အဖိနှိပ်ခံ ရိုဟင်ဂျာဘက်မှ ရပ်တည်ခဲ့သည်။ 

နောက်ပိုင်းတွင် မျိုးချစ်မျက်ကန်းတို့၏ နိုးဆော်တိုက်တွန်းမှုဖြင့် Anti-Rohingya ရိုဟင်ဂျာဆန့်ကျင်ရေး ပြောဆိုချက်များ tweeter စာမျက်နှာပေါ်တွင် ရေးသားလာခဲ့သည်ကို တွေ့ရသည်။ 

အဆိုတော် လားရှိုးသိန်းအောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါသည်။ 

https://m.youtube.com/playlist?list=PLnshA8nqDkCW-OcbZQqOmxTMOWRkd-IUw

Sunday, October 28, 2018

မုတ်ဆိတ်ရိတ်မှ အလုပ်ခန့်မယ်

 


မုတ်ဆိတ်ရိတ်မှ အလုပ်ခန့်မယ်

ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး တာဝန်ယူဆောင်ရွက်နေတဲ့ ICRC [International Comittee of the Red Cross] ဟာ လူသားချင်းစာနာထောက်ပံ့တဲ့ အဖွဲ့အစည်းထက် လော်ဘီလုပ်နေတဲ့ အဖွဲ့အစည်း သို့မဟုတ် မျိုးချစ်မျိုးညစ်ပါတီလို့ သမုတ်ရင် ပို၍ မှန်ကန်မယ်လို့ ထင်မိတယ်။ သူတို့က အထောက်အပံ့ပေးရာတွင် ဘယ်လောက်အထိ ခွဲခြားနေတာကို ထားပါတော့။

တနေ့က အဲ့ဒေသက အသိမိတ်ဆွေထံမှ ကြားလိုက်ရတာက တုန်လွုပ်စရာ…

သူတို့က ဝန်ထမ်းခန့်တဲ့အခါ မျိုးချစ် ဥပဒေထက် ပိုဆိုးတယ်တဲ့။

- NVC မပါရင် short list မှာတောင် အရွေးခံရမှာ မဟုတ္ဘူး။

- မွုတ်ဆိတ်ပါရင် ဘယ်လောက်ပဲ အတွေ့အကြုံရိှစေ အောက်ခြေဝန်ထမ်းအဖြစ်တောင် အရွေးခံရမှာ မဟုတ္ဘူးတဲ့။ 

ဒီတပတ်မှာ ကားမောင်းဒါရိုက်ဘာ အလုပ်ခေါ်တယ်။ အဲ့ဒေသမှာ လူတွေအလုပ်မဲ့ဖြစ်နေတော့ အလုပ်လေှျာက်တဲ့သူတွေလဲ နည်းနည်းများလာတယ်။ အရင် ရိုဟင်ဂျာလူဦးရေ များခဲ့တုန်းက 50 % စီအလုပ်ခန့်ရတယ်တဲ့။ ဆိုလိုတာက ရိုဟင်ဂျာ ၂ ယောက်ဆိုရင်ဗုဒ္ဓဘာသာဝင်လည်း ၂ ယောက် ရွေးရတယ်။ ယခု ရိုဟင်ဂျာ ဦးရေနည်းသွားတော့ ဟိုဥပေဒ မရိှတော့ဘူး။ ဗုဒ္ဓဘာသာဝင် ၁ ယောက် အရွေးခံရတယ်၊ ရိုဟင်ဂျာ ၄ ယောက် အရွေးခံရတယ် ဆိုပါစို့။ ဗုဒ္ဓဘာသာဝင်ကိုပဲ အလုပ်ခန့်တယ်တဲ့။

စကားမစပ် ဒါရိုက်ဘာ အလုပ်အတွက် နောက်ဆုံး ရိုဟင်ဂျာ ၁ ဦးနဲ့ ရခိုင် ၁ ဦး အရွေးခံရတယ်။ နောက်ဆုံး စာမေးပွဲစစ်တယ်။ ရိုဟင်ဂျာအမျိုးသားက အမှတ်ပြည့်ရတယ်။ ရခိုင်အမျိုးသားက သူ့အောက်မှာပဲ ရိှနေတယ်။

ရိုဟင်ဂျာ ကားမောင်း ဒါရိုက်ဘာ ဦးအီနုစ်ဟာ ဝါရင့် ဒါရိုက်ဘာတစ်ဦးဖြစ်တယ်။ အသက် ၄၀ ကျေ်ာလောက်ရိှတယ်။ မုတ်ဆိတ်လည်းပါတယ်။

အလုပ်ခန့်တဲ့အခါ တာဝန်ခံမန်နေဂျာက ဘာပြောလဲ သိလား။ “မင်းမှာ ဒီအလုပ်လုပ်ချင်ရင် မွုတ်ဆိတ် အကုန်ရိတ်ရမယ်။ မုတ်ဆိတ်ထားရင် အလုပ်မခန့်နိုင်ဘူး။ ” ဒီစကားကြားကြားချင်း သူ လန့်သွားပြီ။ ကျွန်ပ်ရဲ့ ဘာသာရေးကို လာထိတဲ့ အလုပ္ကို ကျွန်တော် မလိုချင်ဘူး ဆိုပြီးတော့ လက်လျော့ပေးလိုက်ရတယ်။ ရခိုင်အမျိုးသားကို အလုပ်ခန့်လိုက်တယ်။

နောက်လည်း ရိှသေးတယ်။ Logistics မွာ အလုပ်ခေါ်တဲ့ ဇာတ်လမ်းမှာ ဦးဖော်ရိတ် ကို မုတ်ဆိတ်ကြောင့် အလုပ်မခန့်တာရယ် စသည်ဖြင့်ပေါ့… (ြြ ဖြစ်ရပ်မှန်၊ ကာယကံရှင်ကို တစ်စုံတစ်ရာ ဘေးပြုစေမှာ စိုး၍ နေနရပ်လိပ်စာ၊ နေန့ရက် အတိအက်ကို ချန်ထားခြင်းဖြစ်တယ် ) ICRC က အဲ့လောက်ထိ နိှပ်ကွပ်နေတယ်။

ကူညီထောက်ပံ့ရေး NGO အဖွဲ့အစည်း တစ္ခုက မျိုးချစ်ဥပဒေ ကျင့်သုံးနေတာက သင့်လျော်သလား။ ပေါင်ဝင်သလား လို့ စောဒကာထမိတယ်။ အစိုးရရဲ့ မကောင်းကြံ အကောက်ဉာဏ်တွေကို အကောင်အထည်ဖော်ပေးနေတဲ့ ကျော့ကွင်းပါလား…။


-ရိုသွေ

(၂၉-၁၀-၂၀၁၈)


#ICRC

#UNHCR

Thursday, November 9, 2017

AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ

Maung Aung Soe (21yrs)


AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦး ဒါဏ်​ရာရရှိ

နိုဝင်​ဘာ ၈--

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့် ငရှားကျေးရွာကြား ယနေ့မနက် (10:05) နာရီမှ (11:00) နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး အသက် ၂၁နှစ်၊​ စက်လှေသမား စုစုပေါင်း (၅) ဦး လိုက်ပါလာ သော စက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။

အဖွါးကြီး (၃) ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။

မြန်မာတပ်မတော် စီးပါလာ​သော စက်လှေကိုလည်း AA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။ AA အဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်း​ကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံး၊ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရ​သော်​လည်း လူဦး​ရေအတိအကျကို အတည်မပြုနိုင်သေး​ပေ။


သတင်း- Ai Khin

Saturday, November 4, 2017

ပါကစ္စတန် လွတ်လပ်ရေးဖခင် ဂျိန္နာဟ်၏ သမီးတော် ဒီနာ ဝါဒီယာ သက်တော် (၉၈) နှစ်တွင် ကွယ်လွန်


မစ္စတာ ဂျိန္နာဟ်၊ သူ့နှမ ဖာတေမာနှင့် သူ့ သမီး ဒီနာ
—​ Courtesy National Archives Islamabad
တင်ပြ 📰 နတ်မျက်စိ|
Dawn.com| November 02, 2017|

ကိုင်ဒေ အာဇော်မ် မူဟာမတ်အာလီ ဂျီန္နာဟ်နှင့် ရာတ္တာန်ဘိုင် တို့၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ Dina Wadia (အသက် ၉၈)ဟာ နယူးယောက်မြို့၌ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂)ရက် ကြာသပတေးနေ့ တွင် ကွယ်လွန်ခဲ့တယ်လို့ မွမ်ဘိုင်နှင့် နယူးယောက်မြို့မှ လာရှိသည့် သတင်းအရ အတည်ပြုသွားတယ်။ 

သူမသည် ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄နှင့် ၁၅ ရက် ည မွေးဖွားသူဖြစ်တယ်။ မစ္စတာ ဂျိန္နာဟာ သူ့သမီး ဒီနာကို ရတ္တနာ ဘိုင်နှင့် ကွာရှင်းပြီးနောက် တစ်ဦးတည်း ပြုစုပျိုးထောင်ပေးခြင်း ဖြစ်တယ်။  

မစ္စတာ ဂျိန္နာဟ်နဲ့ သူ့သမီး ဒီနာ တို့ လန်ဒန်မြို့၊ ဟမ်စတိတ်၊
 အနောက် ဟီးတ် လမ်းရှိ သူတို့ပိုင် အိမ်ခြံ၌ အပျင်းပြေနေပုံ
—​ Courtesy National Archives Islamabad
မစ္စတာ ဂျိန္နာဟ်ဟာ သူ့သမီးကို အလွန်တရာ ချစ်ခင်ကြတယ်။ သို့သော် အိန္ဒိယ-ပါရစီလူမျိုး Neville Wadia နှင့် အသက် ၁၇နှစ်တွင် ချစ်ကျွမ်းဝင် လက်ထပ်ခဲ့ပြီးနောက် သူတို့၏ မေတ္တာဟာ အနည်းငယ် တင်းမာလာခဲ့တယ်။ 

ဒီနာ နှင့် နီဘီးလ် တို့ဟာ မွမ်ဘိုင်မြို့တွင် အတူနေထိုင်ခဲ့ပြီး သား တစ်ယောက်၊ သမီးတစ်ယောက် ရပြီး နောက် လမ်းခွဲခဲ့သည်။

Quaid-i-Azam Mohammad Ali Jinnah ၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ (ဝဲဖက်)
ခမည်းတော် အသုဘသို့ တက်ရောက်ရန် ဒေလီမှ ထွက်ခွာနေစဉ်
Photo: The Press Information Department, Ministry of Information, Broadcasting
& National Heritage, Islamabad

ဒီနာဟာ ၁၉၄၈ ခုနှစ် သူ့ခမည်းတော် လဲဖြစ်၊ ပါကစ္စတန် နိုင်ငံရဲ့ ဖခင်ကြီးလဲဖြစ်တဲ့ Quaid e Azam Muhammad Ali Jinnah ရဲ့ အသုဘအခမ်းအနား တက်ရောက်ပြီး ခမည်းတော်အား နောက်ဆုံး ဂါရဝပြုရန် ပထမဆုံးအကြိမ် ပါကစ္စတန်နိုင်ငံသို့ ရောက်လာခြင်းဖြစ်တယ်။  

သူက နောက်ဆုံးအကြိမ် ပါကစ္စတန်သို့ ရောက်လာခဲ့တဲ့ ခရီးက ၂၀၀၄ ခုနှစ်တွင် သူ့သား Nasli Wadia နှင့် မြေး Jehangir နှင့် Ness တို့နဲ့အတူ ရောက်လာခြင်းဖြစ်တယ်။  

သူ့ဖခင်ရဲ့ ဂူဗိမာန်ဖူးမော်ပြီးနောက် ဧည့်သည်တော်စာအုပ်တွင် “This has been very sad and wonderful for me. May his [Jinnah's] dream for Pakistan come true.” လို့ ရေးခဲ့တယ်။ 

Sunday, October 8, 2017

ရွန်းနီ လူမူဝန်ဆောင်မှုဒဏ် (၁၀၀)နာရီ ခံရ

Photos: Wayne Rooney Begins His 100hrs Community Service Punishment

တင်ဆက် ⚽ နတ်မျက်စိ |

အင်္ဂလန် ဘောလုံး အကျော်အမော် ကစားသမား Wayne Rooney သည် အရက်မူးရင် ကားမောင်းခြင်း အတွက် လူမူဝန်ဆောင်မှုဒဏ် အချိန် နာရီ (၁၀၀) နှင့် (၂) နှစ် ကားမောင်းခွင့် ပိတ်ပင်ခြင်းခံရသည်။ 

ယူကေ နိုင်ငံသည် ဥပဒေအထက်တွင် မည်သူများ မရှိစေရ ဟူသော ဖွဲ့စည်းပုံကို ကျင့်သုံးနေသည့် ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ 

တို့နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် မျိုးတူ၊ ဘာသာတူ ဖြစ်နေရင် ကျပ်ငွေအချို့ ပေးရုံ သို့မဟုတ် လူကြီးမျိုးကြီး ရဲ့ ဆွေမျိုးသားချင်း ဖြစ်ရုံနဲ့ အမှုပိတ်သွားပြီ။ ရဲစခန်းကတောင် အမူဖွင့် မရဲဘူး။!  
် 
ရွန်းနီ သည် သူဒဏ်ခံရသော လူမူဝန်ဆောင်မှု ဒဏ်ကို ပေါင် ခြောက်သန်း တန်ဖိုးရှိသော သူ့အိမ် အနီးရှိ မသန်းမစွမ်း လူငယ်များ၏ ပန်းခြံ ဝင်းခြံကာများကို ဆေးရောင်ခြယ်ခြင်းဖြင့် စတင်လိုက်သည်။ 

အေဗာတန် တောက်ပံ့ ရော့်နီသည် လွန်ခဲ့သော လတွင် အရက်မှူး ကားမောင်းခြင်း (၃) ကြိမ်တိုင် ရှိခဲ့သည်။ ယခု အလုပ်လုပ်နေရခြင်းက ဒဏ်ခတ်ချိန် နာရီ (၁၀၀)ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်ဟု သူ ဝန်ခံခဲ့ သည်။ တရားရုံးက အမိန့်ချသည်မှာ လူမူဝန်ဆောင်မှု အချိန် နာရီ (၁၀၀)နှင့် ၂ နှစ် ကားမောင်းခွင့် ပိတ်ပင်ခဲ့ တယ် ဟုလည်း သူထည့်ပြောသည်။   

သူဇနီးသည် Coleen က ယုံကြည်လက်ခံလာအောင် သူသည် ကြံမိကြံရာ ဇွတ်ထိုး လုပ်နေခြင်းဖြစ်သည်။  ရွန်းနီသည် အရက်မူးရင်း အမျိုးသမီးတစ်ဦးနှင့် ကားထဲ တစ်ညတာ ကုန်ဆုံးခဲ့သည်ကို ဇနီးထံ အဖမ်းခံရပြီးနောက် သူတို့ အိမ်ထောင်ရေး မပြေမလည်ဖြစ်နေသည်။ 


တပတ် ပေါင် ၁၅၀,၀၀၀ ဝင်ငွေရှိသော သူဌေး ဘောလုံးသမားသည်  Prestbury, Cheshire ရှိ သူ့အိမ်အနီး သူ့ နာရီ (၁၀၀)အဆိုင်း မောင်းနေသည်။ 



နံနက် ၈:၄၀ တွင် အနက်ရောင် သင်တန်းဆင်း ဝတ်စုံနှင့် အပြာရောင် ဂျာကင်၊ အပြာရောင် ခေါင်းခြုံပါ လေကာအင်္ကျီနှင့် အစပ်တည့်အောင် အပြာရောင် ကြယ်သီး တပ် ဝတ်ဆင်ထားသည်။ Garden Centre ပန်းခြံတွင် ရွန်းနီ ၃၁ နှစ်သည်  အခြားလုပ်ဖော်များ ဝတ်ထားသည့် အစိမ်းရောင် သိုးမွေးထည် တစ်ထည်ကို ဝတ်ဆင်ကာ တစ်နေ့လုံး ပန်းခြံထဲ၌ အလုပ်လုပ်ရင်း အချိန်ကုန်စေခဲ့သည်။ 

ယခု သူသည် အလုပ် ၂ ရက် လုပ်ပြီးဆုံးခဲ့ပြီ။  လူမှုဝန်ဆောင်မှုဒဏ် အချိန်နာရီ (၁၀၀)မှ အနည်းဆုံး ၁၂ နာရီ လုပ်ပြီးစီးသတည်း။ 

Source : Gossip Mill Nigeria 

Tuesday, August 8, 2017

Social Media ၌ ပညာပေးတိုက်တွန်းမှုများဖြင့် ထင်ရှားလာသူ ညစ်ညမ်း ရုပ်သံ ထုတ်လုပ်ခြင်းနဲ့ စွပ်စွဲခံရ



ဩဂုတ် ၃၊ ၂၀၁၇ | St.Martin BD News |

ဘင်္ဂလားဒေ့ရှ်။             ။ ‘တစ္ဆေပူးဝင်သူ ကျွတ်’အမည်ခံ ရုပ်သံ ပြုလုပ်၍ မိန်းကလေးများအား Blackmail လုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် Ahssan Habib Piyar  တစ်ယောက်ကို မနက် အင်္ဂါနေ့ (ဩဂုတ်လ ၁) ည နေပြည်တော် ဒါကာ၊ ကာလို ဂံင် (Kalo Gañj) ရပ်ကွက်မှ Terrorism Cyber Crime Unit ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်တယ်။  စစ်ဆေး ရှာဖွေရာတွင် သူ့ထံမှ ညစ်ညမ်း ဗီဒီယိုထုတ်လုပ်ရေး နှင့် ခုခံကာကွယ်ရေး ဆိုင်ရာ သက်သေခံ အထောက်အထားများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း တွေ သိမ်းဆည်းရခဲ့တယ်လို့ လဲ  ဒါကာမြို့ မေတ္ထရိုပလီတင် ရဲတပ်ဖွဲ့မှ DSP က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ 



တဆက်တည်း Ahasan သည် ဒိုရာဟာဒီးစ်တန်း ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ မိမိကိုယ့်ကို AHP Television  ရဲ့ သတင်းထောက်လို့ မိတ်ဆက်လေ့ရှိတယ်။ Youtube မှတဆင့် ဘာသာရေး ဆိုင်ရာ အပြောအဆိုများ ဖြန့်ဝေမှုဖြင့် သူ့ကို လူသိများလာတယ်။ အရှေ့အလယ်ပိုင်းတွင်လဲ သူ့ကို သူသိများကြတယ်။ Social Media များတွင်လဲ ဘာသာရေးဆိုင်ရာ ဟောပြောတိုက်တွန်းမှုဖြင့် follwer ပေါင်းများစွာ ရှိလာခဲ့တယ်။ သူက အမျိုးသမီးတွေမှာ တစ္ဆေ ပူးဝင်တယ်၊ တ2ပေယ်ထုတ်ရမယ် ပြောဆိုကာ အမျိုးသမီးများကို  စော်ကားခြင်း၊ Facebook, Imo မှတဆင့် မိန်းကလေးတွေနဲ့ ဆက်သွယ်လျက် သွေးဆောင်ဖြားယောင် ကာ မိမိအိမ်သို့ ခေါ်ယူလာပြီး လိင်စိတ်လှုံ့ဆော်ကာ  လိင်အသာဖြေခြင်း စတဲ့ ပြစ်မှု အမျိုးမျိုးကို ကျူးလွန်ခဲ့တယ်လို့လဲ ရဲမှူးက ပြောသွားတယ်။ 



ဆိုက်ဘာ ပြစ်မှု တပ်ဖွဲ့မှ  တွဲဖက် ဒုရဲအုပ် (ADC) မိုဟာမွတ် နာဇ်မုလ် အိစ္စလာမ်က “သူက မိန်းကလေးနဲ့ လိင်အသာဖြေချိန်တွင် လျှို့ဝှက်၍ ရုပ်သံများ ရိုက်ကူးလျက် ကွန်ပျူတာ၌ သိမ်းထား ပြီးနောက် အခွင့် အခါကောင်း အားလျော်စွာ အကြင်မိန်းကလေးအား ၎င်းရုပ်သံဖြင့် Black mail လုပ်ပြီး နှုတ်ပိတ်ကြေးငွေ များ တောင်းယူတယ်လို့ ပြောတယ်။

သူ့ကို မီဒီယာ ဆက်သွယ်ရေး နှင့် Pronographic ပုဒ်မဖြင့် ကေလိုဂံင်ရပ်ကွက် ရဲစခန်းတွင် အမှုဖွင့်ထားသည်။ 

Tuesday, June 13, 2017

ရင်ဂါမာတီ ခရိုင်၌ မိုးကြီးတောင်ပြို၍ စစ်သား ကယ်ဆယ်ရေး (၄) ဦး သေဆုံး



ကာလေရ် ကော်န္တော အွန်လိုင်း
၁၃ ဇွန်၊ ၂၀၁၇

စစ်တကောင်း။             ။ ရင်ဂါမာတီ [Ragamati] ခရိုင်၌ မိုးကြီး တောင်ပြို မှု ရှင်းလင်းရာတွင် ယနေ့ အင်္ဂါနေ့ တပ်သား (၂) ဦးအပါအဝင် စစ်ဗိုလ်အဆင့် (၄) ဦး သေဆုံးခဲ့ပါတယ်။ 

ယနေ့ မနက် ရင်ဂါမာတီ ခရိုင်၊ မာနိခ် စရီတွင် တောင်တစ်တောင်ပြို၍ မြေနှင့် သစ်ပင်များ လျော့ဆင်းကာ ကားလမ်း ပိတ်ဆို့လျက်ရှိပါတယ်။ သတင်းအရ ရင်ဂါမာတီ ပြည်သူ ဇုန် ရဲ့ အကြံပြုချက်အရ မာနိခ်စရီ တပ်ရင်းမှ စစ်သား အဖွဲ့တစ်ဖွဲ့သည် ပိတ်ဆို့နေသည့် လမ်းကို ရှင်းလင်း၍ ယာဉ်အသွားအလာ ချောမောစေရန် ကယ်ဆယ်ရေး လုပ်ငန်းစတင်ခဲ့ပါတယ်။  

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေချိန်တွင် မနက် ၁၁ နာရီ ခန့်၌ မြေပြိုတောင်မှ ကြီးမားသော တောင် အစိတ်အပိုင်းတစ်ခု ထပ်မံ ပြိုဆင်းကာ ကယ်ဆယ်ရေး တပ်သားသားများအပေါ် ကျရောက် ဖိစီးခဲ့ပါတယ်။  ကယ်ဆယ်ရေးတပ်ဖွဲ့သည် မြေအောက် ပေ ၃၀ ခန့် အောက် ကျရောက်သွားပါတယ်။ နောက်မှ အဆိုပါ တပ်ရင်းမှ နောက်ထပ် ကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာ၍ ပိတ်ဆို့နေသူများကို ကယ်တင်ခဲ့ပါ တယ်။ ထို အခင်း၌ တပ်မတော် တပ်သား (၂) ဦးအပါအဝင် ဗိုလ်အဆင့် (၄) ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။ စစ်သား ၁၀ ဦးမှာလဲ ပြင်းပြင်းထန်ထန် ဒဏ်ရာဖြင့် ကယ်တင်နိုင်ခဲ့ပါတယ်။   

စစ်တပ် အကြီးအကဲ General Abu Belal Muhammad Saiful Hoque ယနေ့ ညနေ အခင်းပွားရာ နေရာသို့ သွားရောက်လေ့လာပြီး အသက်ဆုံးရှုံးခဲ့ရသော အာဇာနည် တပ်မတော်သားများရဲ့ မိသားစုဝင်နှင့် အတူ ဝမ်းနည်းကြေကွဲကြောင်း လွမ်းခြွေ ဖွင့်ဟခဲ့ပါတယ်။   

ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိနေသော စစ်သား ၅ ဦးကို ရဟတ်ယာဉ်ဖြင့် ဒါကာမြို့တော် စီအမ်အစ် ဆေးရုံသို့ အဆင့်မြင့် ဆေးကူသမှု အလို့ငှာ ပို့ဆောင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် တောင်ပြိုမှု မြေအောက် ဖိစီးခဲ့ရသော စစ်သား Muhammad Azizur Rahaman [မွေး- ဇွန်လ (၂၀)ရက်၊ ၁၉၈၃ ခု၊ ဇာတိ- မာဒါရီပူရ်၊ ၂၀၀၆ ခုနှစ်တွင် တပ်မတော်၌ စတင်အမှူးထမ်း၊ သမီးတစ်ဦးရဲ့ ဖခင်ဖြစ်ပါ တယ်] သည် ယခုထိ ရှာမရဖြစ်နေသည်။ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ 

အသက် ဆုံးရှုံးခဲ့ရသူများမှာ- Magor Muhammad Mahfuzl Hoque[မွေး-မတ်လ (၁၆)ရက်၊ ၁၉၈၁၊ ဇာတိ- စင်ရိုက်လ်၊ မာနိခ် ဂေါင်ဂ်ျ၊ ၁၉၉၉ ခုနှစ်တွင် Military Acedemy ဆင်းဖြစ်တယ်။ ၅ နှစ်သား သားတစ်ယောက်ရဲ့ ဖခင်ဖြစ်တယ်။]၊ Captain Muhammad Tanbir Salam Shantou [မွေး- မတ် (၃၀) ရက်၊ ၁၉၉၀၊ ဇာတိ- ဘအုဖော်လ်၊ ဖထုဝါခါလီ၊ ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ်ဆင်း ဖြစ်တယ်။ အိမ်ထောင်ရှိ] ၊ Captain Muhammad Azizul Hoque [မွေး- မေလ (၁)ရက်၊ ၁၉၇၆ ခု၊ ဇာတိ- အီရှော်ရ် ဂေါ်ဂ်ျ၊ မိုက်မန်ဆိန်၊ ၁၉၉၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ခ်ျ တပ်မတော်၌ စတင်အမှူးထမ်း၊ သား တစ်ယောက်နှင့် သမီးတစ်ယောက်ရဲ့ ဖခင်]၊ နှင့်  တပ်သား Muhammad Shahin Alam [မွေး- ဇွန်လ (၁)ရက်၊ ၁၉၈၈ ခု၊ ဇာတိ- အဒ်မဒီဂီ၊ ဘော်ဂူရာ၊ ၂၀၀၆ ခုနှစ်တွင် တပ်မတော်၌ စတင်အမှူးထမ်း၊ သား တစ်ယောက်ရဲ့ ဖခင်] တို့ဖြစ်ပါတယ်။  

လွန်ခဲ့သော သုံးရက်ဆက်တိုက် မိုးကြီးလေပြင်းမှုကြောင့် စစ်တကောင်းမြို့ ဒေသအများစု၌ ကမ်းပြို မြေပြိုမှု စတင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နယ်မြေဒေသ အသီးသီး၌ လမ်းပန်းဆက်သွယ်မှု ပိတ်ဆို့မှု ခံနေရတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာစေရန်နှင့် တောင်ပြို ပျက်စီးမှုတို့ကို မနက်မှစ၍ နေရာ အသီးသီး၌ ကယ်ဆယ်ရေးစတင်ခဲ့ပါတယ်။  

Sunday, May 14, 2017

“CIA FAKED THE DEATH OF OSAMA BIN LADEN” – EDWARD SNOWDEN



May 14, 2017

“I have documents showing that Bin Laden is still alive on the CIA’s payroll,” Snowden claims

Edward Snowden, a former contractor for the National Security Agency (NSA), has been 10 years of prison for releasing various documents regarding government surveillance programs.

After his shocking revelation of phone surveillance by U.S. intelligence agency, he took asylum in Russia.

Snowden is up again with another astonishing revelation. According to the ‘World news daily report’ he apparently has documents that prove Osama Bin Laden is on the CIA’s payroll and currently living a luxury lifestyle in the Bahamas.

The Moscow Tribune reports that Snowden claims that Osama Bin Laden the infamous former leader of Al Qaeda, is in fact still alive and is in receipt of cash courtesy of the Central Intelligence Agency (CIA).

“I have documents showing that Bin Laden is still on the CIA’s payroll,” Snowden claims.

“He is still receiving more than $100,000 a month, which are being transferred through some front businesses and organizations, directly to his Nassau bank account. I am not certain where he is now, but in 2013, he was living quietly in his villa with five of his wives and many children.”

Snowden claims the CIA faked the death of Osama Bin Laden. After reporting him dead, the man himself and his family were moved to a secret location in the Bahamas.

“Osama Bin Laden was one of the CIA’s most efficient operatives for a long time,” Snowden claims.

“What kind of message would it send their other operatives if they were to let the SEALs kill him? They organized his fake death with the collaboration of the Pakistani Secret services, and he simply abandoned his cover. Since everyone believes he is dead, nobody’s looking for him, so it was pretty easy to disappear. Without the beard and the military jacket, nobody recognizes him.”

NaijaPicks say that these documents that prove this controversial claim are featured in his 2015 book.

Despite the fact Snowden says he was trying to help the citizens of America by releasing these documents, he is still classed as a fugitive in the USA. Despite 168,000 people signing a petition calling for Snowden to be pardoned it was rejected by the White House rejected on July 28, 2015.

Snowden was interviewed by several journalists inside a secret location in Hong Kong. When asked why he left his own country, his replied

“I don’t want to live in a society that does these sort of things… I do not want to live in a world where everything I do and say is recorded” as per The Guardian

Ref: The Siasat Daily

Monday, May 23, 2016

ကျောင်းသူများနေထိုင်နေသည့် ဘော်ဒါဆောင် မီးလာင် (၁၇)ဦး သေဆုံး

ကျောင်းသူများနေထိုင်နေသည့် ဘော်ဒါဆောင် မီးလာင် (၁၇)ဦး သေဆုံး


23May2016

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ၀င်ပါပေါက် မြို့ နယ်အတွင်းမှ အလယ်တန်းကျောင်းသူများ နေထိုင်နေသည့် အမျိုးသမီးဘော် ဒါကျောင်းဆောင် မနေ့ ည (၁၁ )နာရီမှ စတင်မီးလောင်ခဲ့ကျောင်းသိရ ပါတယ်။


မီးလောင်မှုကြောင့် နှစ်ထပ်ကျောင်းဆောင်အတွင်း ပိတ်မိနေကြတဲ့ အသက်(၅) နှစ်မှ(၁၂ )နှစ်အတွင်းရှိ မိန်းခလေးကျောင်း သူ( ၁၇ ) ဦးသေဆုံးခဲ့ရပါတယ်။


ကျောင်းသူငါးဦးမီးလောင်ဒဏ်ရာတွေနဲ့  ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ကျောင်း တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


ယခုမီးလောင်တဲ့ ကျောင်သူတွေနေထိုင်နေတဲ့ ဘော်ဒါဆောင်မှာ စုစုပေါင်း (၃၈)ဦး နေထိုင်နေကြပါတယ်၊ အဆောက်အသီး တခုလုံး မီးထဲပါသွားခဲ့ပါတယ်။

မီးလောင်နေချိန် မှာကျောင်းသူလေးတွေ အိပ်နေကြတဲ့အချိန်ဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရာကို ယနေ့ မနက်ပိုင်း မြို့ နယ်အာဏာပိုင်တွေက စစ်ဆေးနေကြကြောင်းသိရပါတယ်။

Credit Daily news
Social Action for Women - SAW

Monday, February 29, 2016

Christian student kicked off Sheffield University course for anti-gay Facebook post

Christian student kicked off Sheffield University course for anti-gay Facebook post

Felix Ngole quoted a Bible verse calling homosexuality an 'abomination'
A Christian social work student has been expelled from his course after voicing anti-gay marriage opinions on Facebook.
Felix Ngole, 38, was a second-year masters student at Sheffield University when he shared a Facebook post saying "I stand with Kim Davis" - the American county clerk who was jailed for refusing to issue marriage licences to same-sex couples.
He also commented on the link quoting a bible verse from Leviticus calling homosexuality an "abomination" in September 2015.
Two months later he said he received an email from the university asking him to attend a meeting to discuss the posts and the father of four was then referred to a fitness to practise committee, which decided he should be ejected from the course.
felix-ngole.jpg
Photo of Felix Ngole issued by Christian Concern (PA)
A letter revealing the committee's decision later told him his actions had "transgressed boundaries which are not deemed appropriate for someone entering the social work profession" and ordered him to hand in his student card.
The committee said its decision was not based on his views but the act of publicly posting them "may have caused offence to some individuals".
Mr Ngole said: "My beliefs about marriage and sexual ethics reflect mainstream, biblical understanding, shared by millions around the world.

Tuesday, December 1, 2015

ရိုဟင်ဂျာ ပြက္ခဒိန် ထုတ်ဝေမှုဖြင့် ဖမ်းဆီးထားသူများအမှုကို တရားရုံးတွင် စတင်ကြားနာ စစ်ဆေး

ရိုဟင်ဂျာ ပြက္ခဒိန် ထုတ်ဝေမှုဖြင့် ဖမ်းဆီးထားသူများအမှုကို တရားရုံးတွင် စတင်ကြားနာ စစ်ဆေး



ဒီဇင်ဘာ ၁ ၊ ၂၀၁၅

ရိုဟင်ဂျာမွတ်စလင်များသည် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားများဖြစ်ကြောင်း ဖော်ပြထားသည့် ပြက္ခဒိန်ပုံနှိပ်ရာတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ ငါးဦးကို အင်္ဂါနေ့( ဒီဇင်ဘာ ၁ ရက်) က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်၍ အမှုကိုစစ်ဆေးခဲ့သည်။

ယခုအမှုတွင် ဖမ်းဆီးခံထားရသည့် ရန်ကုန်မြို.နေ ဗုဒ္ဓ ဘာသာဝင် မြန်မာအမျိုးသားနှစ်ဦးနှင့် မွတ်စလင် အမျိုးသား သုံးဦးတို့ကို ၂၀၁၄ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေအားချိုးဖောက်မှုဖြင့် ပုဇွန်တောင်မြို့နယ် တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒဏ်ငွေ ၁၀ သိန်းစီ ကနဦးချမှတ်ခဲ့သည်။

ထိုဥပဒေအရ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး၊ တိုင်းရင်းသားလူမျိုးများအကြားစိတ်ဝမ်းကွဲစေရန် ပုံနှိပ်ထုတ်ဝေခြင်းကို ပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ ချမှတ်နိုင်သည်။
၎င်းတို့က ဒဏ်ကြေးများကို ဆောင်၍ အိမ်ပြန်သွားကြသော်လည်း နောက်တစ်နေ့တွင် ၎င်းတို့ သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ကျူးလွန်သည်ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးကာ အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်ခဲ့သည်

ပုဒ်မ ၅၀၅ (ခ) အရ အများပြည်သူအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် အချက်အလက်များကို ပုံနှိပ်ဖြန့်ဝေခြင်းနှင့် နိုင်ငံတော်အား ဆန့်ကျင်ခြင်းနှင့် အများပြည်သူ တည်ငြိမ်မှုကို ပျက်ပြားစေသည့် ဒုစရိုက်မှု များ ဖြစ်ပွားစေရန်လှုံ့ဆော်မှုများ ဖြစ်စေနိုင်ပါက ထောင်ဒဏ်ချမှတ်သည်။
၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည့် ယခုအစိုးရလက်ထက်တွင် နိုင်ငံရေးအတိုက်အခံများအား တရားစွဲဆိုရန် အာမခံပေး၍မရသော အဆိုပါ ပုဒ်မ ၅၀၅ (ခ) ကို မကြာခဏ အသုံးပြုခဲ့သည်။

အင်္ဂါနေ့ပြုလုပ်သည့် စစ်ဆေးကြားနာမှုတွင် တရားလိုအဖြစ် ပါဝင်ရသည့် ရဲအရာရှိက မိမိတို့အနေဖြင့် အဆိုပါပြက္ခဒိန်အား ပုံနှိပ်ရန် အလုပ်အပ်ခဲ့သည်ဆိုသော မွတ်စလင်တစ်ဦးဖြစ်သူ ဦး အောင်ခင်အား ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားသည်။ တရားသူကြီး ဦးနေအောင်မြင်က ဒီဇင်ဘာ ၉ ရက်တွင် နောက်ထပ်ရုံးချိန်းအား ရွှေ့ဆိုင်းလိုက်ပြီးနောက်တွင် တရားစွဲခံရသူများအား အင်းစိန်အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ပုံနှိပ်တိုက်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူ ဦးဟုတ်ရွှေ (ခေါ်) ကိုကျော်ကျော်က ၎င်းအား လက်ထိပ်ဖြင့် တရားရုံးမှ ခေါ်ဆောင်သွားခဲ့စဉ် အမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်ယူဆကြောင်း မေးမြန်းရာတွင်မူ ၄င်းက “ ဘာမှ မသိဘူး၊ ဘာမှ မသိဘူး” ဟု သာ ပြောခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမွတ်စလင်ဘာသာဝင်အများအပြားမှာ ၄င်းတို့ကိုယ်ကို၎င်းတို့ ရိုဟင်ဂျာလူမျိုးခေါ်ဝေါ်နေသော်လည်း အစိုးရက ၄င်းတို့အား တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာခဲ့သော ဘင်္ဂါလီများဟုသာ သတ်မှတ်ထားသည်။