စတိရီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင် ကွယ်လွန်
====================================
“နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ငှက်ငယ်အလား ကိုယ့်အမှား၊ စက်ခေါင်းအမှတ် ၀၀၉၊ ဘုရားသခင်ရဲ့ သားသမီးတွေပါပဲ၊ အမေတခု သားတခု၊ မုန်းမုန်းမေ့မေ့” စသည့် နာမည်ကြီး သီချင်းကောင်းများစွာကို သီဆိုခဲ့သော စတိရီယို ခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက် ခေါ် လားရှိုး သိန်းအောင် သည် ယနေ့ ဒီဇင်ဘာလ ၂၈၊ ၂၀၁၈ နေ့လယ်ပိုင်းအချိန်မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်သည် ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန်းစားလိုသည့် ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ယောက်နှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သားနှစ်ယောက် ရရှိခဲ့သည်။
(ရုပ်သံ- Lashio Thein Aung's "One Man Show 2013" in Yangon)
နောက်ပိုင်းတွင် မျိုးချစ်မျက်ကန်းတို့၏ နိုးဆော်တိုက်တွန်းမှုဖြင့် Anti-Rohingya ရိုဟင်ဂျာဆန့်ကျင်ရေး ပြောဆိုချက်များ tweeter စာမျက်နှာပေါ်တွင် ရေးသားလာခဲ့သည်ကို တွေ့ရသည်။
အဆိုတော် လားရှိုးသိန်းအောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါသည်။
https://m.youtube.com/playlist?list=PLnshA8nqDkCW-OcbZQqOmxTMOWRkd-IUw





No comments:
Post a Comment