Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Spring Revolution. Show all posts
Showing posts with label Spring Revolution. Show all posts

Wednesday, April 10, 2024

ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား



ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား


"လူမျိုးစုတစ်စုမှာ အခွင့်အရေးပဲ လိုချင်လို့ မရဘူး၊ သူ ဘာတာဝန်ယူသလဲ ဆိုတာလဲ အရေးကြီးတယ်။" 

- ရခိုင့်တပ်တော်ခေါင်းဆောင် ထွန်းမြတ်နိုင်


- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီမှတ်ချက်စကားက မျိုးချစ်ဝေဖန်ရေးသမားတွေအတွက် အမုန်းဖြန့်ဖို့ ဂျင်းစာဖြစ်နေပြီ။ ရခိုင်ပြည်သား ရိုဟင်ဂျာတွေကို မျက်စိပိတ် ပုတ်ခတ်ပြောဆိုလာကြတာ တွေ့နေရတယ်။ ဒီလိုရေးသား ဝေဖန်နေသူတွေက လူမျိုးစွဲဘာသာစွဲနဲ့ တစ်ဖက်သက် ပြောဆိုနေတာချည်းပဲ။ ဆင်ခြင်သုံးသပ်တာမျိုးတော့ မတွေ့ရဘူး။ သူတို့ ဝေဖန်နေတဲ့စကားက ဘယ်လောက် မှန်ကန်မှုရှိသလဲ သုံးသပ်ကြည့်ရအောင်။

- ဗိုလ်ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်စကားရဲ့ တစ်စိတ်တစ်ဒေသက သိပ်ကိုမှန်လှတယ်လို့ ဦးစွာ ဝန်ခံရပါမယ်။ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခွင့်အရေးခံစားခွင့်ကိုသာ စောင့်မျှော်နေလို့ မဖြစ်ဘူး။ ကျရောက်ရာဒုက္ခကို ပုခုံးတန်း ပူးပေါင်းပါဝင် ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ တစ်မြေနေတစ်ရေသောက် လူမျိုးစုအားလုံး အဲလို တစ်ဖက်တစ်လမ်းစီက ယှဉ်တွဲပါဝင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါမှသာလျှင် လူမျိုးစုအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကာ မိစ္ဆာဘေးတွေကို ချေမုန်းလို့ အောင်လံထူနိုင်မှာဖြစ်တယ်။

- ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်သား ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်တာ မလိုလားဘူးဗျာ။ ဒီရခိုင်ပြည် လွှတ်မြောက်ရေး တော်လှန်ရေးမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှု၊ အသိအမှတ်ခံရမှုကို သူတို့က အင်မတန် စိုးရိမ်ပုံရတယ်။ ဒဲ့ပြောရရင် ရိုဟင်ဂျာတွေကို လုံးဝ မပတ်သတ်စေချင်ဘူး။ အဲဒါကြောင့် ရခိုင်လက်နက်ကိုင်တွေရဲ့ ထုတ်ပြန်စာတွေမှာ "ရခိုင်ဒေသမှာ ရခိုင်လက်နက်ကိုင်မှလွှဲလို့ မည်သည့်အဖွဲ့အစည်းမှ မရှိစေရ" ဟူသောမူကို တဇွတ်တိုး ဖော်ပြလေ့ရှိတယ်။ ဒါက အင်မတန် ယုတ်မာတဲ့မူဖြစ်တယ်။ လူမျိုးစုတစ်စုမှာရှိတဲ့ ခုံခံကာကွယ်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မမိစ္ဆာအရိပ်ဆာယာအောက်မှ ကယ်တင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရခိုင်လက်နက်ကိုင်အဖွဲ့က မတရား အဟန့်အထားလုပ်နေခြင်းပင်ဖြစ်တယ်။ ဒါတွေမကသေးဘူး။ တစ်ခြား တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ လှုပ်ရှားလာရင်တောင် ရန်သူလို တိုက်ခိုက်မောင်းထုတ်လေ့ရှိတယ်။ မျိုးချစ်ဝေဖန်ရေးသမားတွေက ဒီလိုမျိုးအခြေအနေတွေကို မသိကျွန်ပြုနေရင် အမှန်တရား ဘယ်သိနိုင်ကြမလဲ။ မြန်မာသတင်းမီဒီယာတွေကလည်း ထုံးစံအတိုင်းပါပဲ။ တိုက်အားကောင်းနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို မဖော်ပြကြဘူး။ 

- သို့ပေမဲ့ အဓမ္မကို ခေတ်အဆက်ဆက် တော်လှန်လာခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အင်အားစုတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း အဓမ္မပပျောက်ရေး စစ်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း မနည်းဘူး။ 

- မောင်တောမြို့ဘက်ဆို တောင်ပြိုဘက်နှင့် မိုင်တိုင် ၅၁-၅၂ ဘက်မှာ ရခိုင်လက်နက်ကိုင်တွေက ရိုဟင်ဂျာလက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့တာ ၄-၅ ကြိမ်လောက်ရှိပြီ။ ဘူးသီးတောင်ဘက်မှာလည်း ၂-၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ရွာအဝင်မပေးဖို့ ရွာတိုင်းရွာတိုင်းကို အမိန့်ထုတ်ထားတယ်။ ရွာမှာ ရိုဟင်ဂျာလက်နက်ကိုင် တော်လှန်ရေးသမားတွေ ဝင်လာတာရှိရင် သူတို့ကို သတင်းပေးဖို့လည်း မှာထားတယ်။ ပြီးတော့ ရွာသားတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း အများကြီးပဲ။ ဒါတွေက မြေပြင်မှာ တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေပဲ။ ရခိုင့်လက်နက်ကိုင်က သူတို့အဖွဲ့မှ လွှဲလို့ ဘယ်သူ့ကိုမှ မြေပြင်မှာ လှုပ်ရှားခွင့် မပေးချင်ဘူးဆိုတာ ဒီလောက်ဆိုရင် သိသွားပြီထင်ပါရဲ့။ 

- ရိုဟင်ဂျာလူမျိုးစုရဲ့ တော်လှန်ရေးဟာ မနက်တနေ့က စတင်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ရရာလက်နက်စွဲကိုင်က ရရာနည်းလမ်းနဲ့ မိစ္ဆာဝါဒီ အာဏာရှင်ကို တော်လှန်လာခဲ့တာ ဖြစ်တယ်။  ဒီတော်လှန်ရေးဟာ အဓမ္မဝါဒီတွေ အမြတ်ပြတ်မရှင်းသွားသရွေ့ အဆုံးသတ်မှာတော့ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရိုဟင်ဂျာတို့ဟာ ခေတ်အဆက်ဆက် ဖိနှိပ်ညည်းပမ်းခံလာခဲ့တဲ့ မြန်မာပြည်ရဲ့ အယုတ်မာဆုံး အာဏာရှင်တွေကို အသက်ပေါင်း မြောက်များစွာ စတေးကာ ထိပ်တိုက်တော်လှန်လာခဲ့တာကို သမိုင်းလေ့လာကြည့်ရင် ဆင်သွားရင် လမ်းဖြစ်သလို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ လက်ပိတ်ကြည့်နေမယ့် အမျိုးထဲက မပါဘူး။ ဘယ်လိုပဲ အတားအဆီးတွေ ရှိစေကာမူ၊ ဘယ်လိုပဲ ယုတ်မာခက်ထန်တဲ့ အာဏာရှင်တွေ ဖြစ်စေကာမူ ဆက်လက် တော်လှန်နေအုံးမှာပဲ။ 

- တော်လှန်နေတယ်ဆိုရုံနဲ့ အလုပ်မဖြစ်ဘူး။ ရလဒ်တွေလည်း မြင်ရဖို့လိုတယ်လို့ ဝေဖန်ရေးသမားတွေက ပြောလာလိမ့်မယ်။ တစ်ဖက်က ယခုတလော ရခိုင်ပြည်မှာ နယ်မြေအများစုကို ညီနောင်သုံးဖွဲ့ရဲ့ အစိတ်အပိုင်း ရခိုင်လက်နက်ကိုင်တွေက စိုးမိုးထားတယ်။ နောက်တစ်ဖက်က ၂၀၁၆-၁၇ အကြမ်းဖက် စစ်အုပ်စုနဲ့ မျိုးချစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်က သန်မာနေဆဲပဲ။ သူတို့ တော်လှန်ရေးလှုပ်ရှားနေဆဲပဲ။ ရိုဟင်ဂျာတွေ လှုပ်ရှားနေတဲ့နေရာမှာလည်း လက်သုံးလက်နဲ့ အင်အားကြီးလာတဲ့ ရခိုင်လက်နက်ကိုင်တွေက လက်နက်ကိုင်အဖွဲ့စည်းမျဉ်းဘောင်ကို ချိုးဖောက်လို့ ဝင်နှောင့်ယှက်တယ်။ အဲလိုနေရာတွေမှာ သူတို့က စစ်ကောင်စီကို တိုက်ခိုက်မယ့်အစား ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပဲ တိုက်ခိုက်ပြန်တယ်။ နှစ်ဖက်ရဲဘော်တွေ အလကား အသက်ဆုံးရှုံးခံရတယ်။ ဒီလိုသာဓကတွေ တပုံကြီးရှိတယ်။ သတင်းမီဒီယာတွေက တဖက်သတ် သတင်းထုတ်ပြန်တာကြောင့် အမှန်တရား ပြည်သူထိ မရောက်တာပဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်က အင်အားကြီးနေတော့ တပြည်လုံး သူ့တို့နယ်မြေပဲလို့ လူမျိုးကြီးဝါဒဆန်ဆန် အတင်းအဓမ္မ လက်ဝါးအုပ်နေတာပေါ့။ တိုင်းပြည်အဖက်ဖက်က တိုက်ပွဲထဲ ဝင်လာတဲ့ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ရိုဟင်ဂျာတွေကတော့ လူမျိုးရေး ပဋိပက္ခ၊ တင်းမာမှုတွေ မလိုချင်ကြဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး အောင့်ခံလို့ ရှောင်သင့်ရာရှောင် ဆောင်သင့်ရာဆောင်နေတာပဲဖြစ်တယ်။

- နောက်တစ်ပိုင်းက အခွင့်အရေးပဲ လိုချင်တယ်ဆိုတဲ့ အပိုင်းကိုလည်း နည်းနည်း ထောက်ပြပါရစေ။ အခွင့်အရေးပဲ လိုချင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရိုဟင်ဂျာတွေက ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို တောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက ဝေစုတောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တပ်က ရရှိထားတဲ့ လက်နက်ခဲယမ်းတွေထဲက တစ်ဝက်လောက်တောင်းနေတာလား။ အခွင့်အရေးပဲ လိုချင်တယ်ဆို ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း လူပါးဝမလိုက်နဲ့လေ။

- ရိုဟင်ဂျာတွေ ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ အခွင့်အရေးကတော့ အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေဆီကနေ အတင်းအဓမ္မ ရုတ်သိမ်းလိုက်တဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပဲဖြစ်တယ်။ မြန်မာပြည်တွင်မှီတင်းနေထိုင်တဲ့ ဘယ်လူမျိုးစုမဆို ရကိုရရမယ့် မွေးရာပါအခွင့်အရေး၊ ဇာတိမြေအခွင့်အရေး၊ တန်းတူအခွင့်အရေးကိုပဲ လိုချင်တာဖြစ်တယ်။ တစ်စ အပိုလည်း မလိုချင်ဘူး၊ တစ်စ အလျော့လည်း မယူဘူး။ တင်းပြည့်ကျပ်ပြည့်ပဲ။ စစ်အုပ်စုနဲ့ မျိုးချစ်အပေါင်းတို့ရဲ့ ယုတ်မာမှုကြောင့် လုယူခံခဲ့ရတဲ့ အခွင့်အရေးတွေကိုပဲ အရေးဆိုနေတာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်မှ ဝေစုတောင်းနေတာတော့ မဟုတ်ပါဘူး။ 

- ပြီးတော့ မြန်မာပြည်မှာ ဘယ်လူမျိုးစုပင်ဖြစ်စေ တော်လှန်ရေး၌ မပါဝင်ခဲ့ရင် အဲ့ဒီလူမျိုးစုရဲ့ အခြေခံအခွင့်အရေး လုခံရမယ်၊ ရုတ်သိမ်းခံရမယ်ဆိုတာ ဘယ်တရား၊ ဘယ်ဥပဒေမှာ ရှိလို့လဲ။ စစ်အုပ်စုလို အဓမ္မရှိခိုးသူတွေဆိုရင်တော့ မတရားကျူးလွန်ရဲတယ်ပေါ့လေ။ 

- နောက်တစ်ချက်ကတော့ ပြည်သူအများစုက သိပြီးတော့ မသိသလိုဟန်ဆောင်နေတဲ့အချက်ဖြစ်တယ်။ အဲဒါက ရခိုင်လက်နက်ကိုင်တပ်မှာ ပါဝင်တိုက်ပေးနေတဲ့ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ ရှိနေတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါက အခွင့်အရေးလိုချင်လို့ ဝင်တိုက်ပေးနေတာ မဟုတ်ဘူး။ ရခိုင်ပြည်သား ရိုဟင်ဂျာပီပီ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိရှိ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။  တစ်ချို့က ရခိုင်လက်ကိုင်တွေရဲ့ အဖွဲ့အောက်ကနေ မတိုက်ချင်ဘူး။ ကိုယ့်အဖွဲ့ကိုယ့်အလံအောက်နေ တော်လှန်ချင်တယ်ဆို တော်လှန်ခွင့်ရှိရမယ်။ ဒါလည်း လူမျိုးတစ်စုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ အဲဒါကို တစ်ပါတီစနစ်လို လူမျိုးကြီးဆိုင်းပုတ်နဲ့ အဟန့်အထား လုပ်လာတာက သဘောရိုးလား၊ တရားသလား။

- ရိုဟင်ဂျာတွေကို စစ်မှူးထမ်းခိုင်းနေတယ်။ ဆန္ဒပြခိုင်း နေတယ်။ ဒါတွေ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ခိုင်းနေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေက ခေတ်အဆက်ဆက် ဒီလို အတင်းအဓမ္မကို တစ်ဖက်သတ်ခံလာရတာပဲလေ။ အားလုံးသိကြတယ် မဟုတ်လား။ ရိုဟင်ဂျာလူမျိုးစုရဲ့ မဲပေးပိုင်ခွင့်တောင် မိုက်မိုက်ရမ်းရမ်း အဓမ္မလုယူခဲ့တာကိုး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်အုပ်စု စစ်သားစုဆောင်းနေတာကိုး။ အဲဒါတွေကို သတင်းမီဒီယာတွေက မထောက်ပြချင်ကြဘူး။ ရိုဟင်ဂျာတွေကို  ဆန္ဒပြခိုင်းတာ၊ စစ်မှူးထမ်းခိုင်းတာကိုပဲ မြင်နေကြတာ။ တစ်ဘက်ဆွဲ ဝေဖန်နေတာ။ အပြစ်မရှိ ပြစ်ရှာနေတာပဲလား။ 

- အချုပ်အနေနဲ့ ပြောရရင် ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှမပေးဆပ်ဘဲ အခွင့်အရေးသက်သက် လိုချင်နေတာ၊ အကျိုးခံစားခွင့်ကို ထိုင်စောင့်နေတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးစုလောက် အနစ်နာခံခဲ့တာ၊ ပေးဆပ်ခဲ့ရတာ မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက် ဘယ်လူမျိုးမှ မရှိဘူး။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်ကို မစွန့်လွှတ်ခဲ့ဘူး။ ယခုလေသံတွေ အချို့ရခိုင်မျိုးချစ်ဝါဒီတွေကြောင့် ရိုဟင်ဂျာလူမျိုးစုကို ဘေးဖယ်လျစ်လျူရှုထားဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်တယ်။ ဒါက ရခိုင်ပြည်ရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမဟုတ်ဘူး။ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ် နေထိုင်နိုင်ရေးမှသာလျှင် သာယာလှပသော ရခိုင်ပြည်ကြီး ဖြစ်လာမှာတည်း။

- ရိုဟင်းကိန်း

 (၆-၄-၂၀၂၄)

Tuesday, April 2, 2024

Zaruri Amól

 


Zaruri Amól

Modot deki Allah ye dede, lekin kucíc añrártún gorá foribó. Inqilab hodé gasór am noo, fagi zórí foritó. Añrártún zóri forefán goráforibóu.

Añárár mujahid okkól beggún mili Bormár zalem hokúmótoré zodi hámlá chúru gorí de, Allahr modote añárár hóq wafes faite bichí din nolaibóu..


O mujahid baiyain okkól, ekká gairot gorí báfiso. Añárá 1942 ot lótí háñtiyar dorónór baade yó ajja 13 bosórjá fuwá ye añárár matár uottún urí bak deer.


Ehón koumor asól dorhari amól oildé watanót zai zalem hókumótoré fáná gorat hissá loon. Añrár nizor watoní hóq, mirasi hóq wafes loon. Añrár asól Moksút yianór muuntú haar za'atí duchmoni sátár doillá. 

O báiyain... Be-usúlí ar hotó goríbá? Usúl hodé doñr hotá. Be-usúlí gorónor duwara ajjá añárár Inqelab oré gair koume fatta yó noder nóní. 13 bosórjjá fuwa ye óddó añára ré añárár watonót hórkót nogorí bollá elaniya máná gorí farer de nóni. "Loo zar, dech tar" burá-burír hotá asé nóní.

Añárá báiye baiyé mara-mari didi nize yó hálak oi zairgoidé nóní. Nize hálak oun maáni qoum ó hálak oizon nóni. Óiye... Mara-mari fisé diyo. "Uite gom, ite hóráf" ittar ekká ar no tuaiyó. Age asól moksút tán fura goró. Nizor za'atí duchmoniré ek díkká rakí, agé nizor asól duchmon zalem kaafér oré hálák gorí.


O báiyain... goittó sailé beggún gorí faré. Ek tonzim óttún ek chót, ek chót bonduk tákilé oddó 4-5 chót háñtiyar oibo. Ek chót, ek chót jawan tákilé oddó 4-5 chót jawanor choinnó boni bo. Niyot, Niyom, Usúl arde Insáf oré sóyi gorí añrá zodí watón ót lamilé kamiyabi zaibo horé. 


Zulúm hardé koumor waasté 

biggun mili zaigoi ek abase.

Kempot hokúmot chúrídi,

Watonót inqalab chúrugorí.

Nizor duchmonir fisé goijjo insáf

Beil tákité zalem kaférór lo hísáf.


#RK

(3-4-2024)


#ARSA

#RSO

#ARA

#IMA

Sunday, February 11, 2024

ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ



ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ  အန္တရာယ်ကြီးကြုံတွေ့နေရ

ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW

ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု  Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။

အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။

ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။

လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။

“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ”  ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။

ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။  "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။

နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။

နတ်မျက်စိ ဘာသာပြန်သည်။

* Human Rights Watch Report 

https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting

Thursday, December 28, 2023

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Friday, June 3, 2022

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အမိန့်ကို စစ်ကောင်စီအတည်ပြုလိုက်ပြီလို့ပြောလာ

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အမိန့်ကို စစ်ကောင်စီအတည်ပြုလိုက်ပြီလို့ပြောလာ

ဇွန် ၃၊ ၂၀၂၂ | BBC

နှစ်ပေါင်း ၃၀ ကျော်အတွင်းပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာနိုင်တယ်လို့ ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ရဲ့သေဒဏ်အမိန့်ကို အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီဘက်ကပြောလာပါတယ်။ သူတို့ကို ကြိုးမိန့်ပေးလိုက်ရင် ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာမှာပါ။

အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့ကို ဇန်နဝါရီ ၂၁ ရက်ကထဲက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လ တုန်းကနောက်ဆုံးဖြစ်ပြီး အဲ့ဒီနောက်ပိုင်း သေဒဏ်စီရင်ချက်တွေကို ကြိုးပေးသတ်တာမျိုး မလုပ်တော့ပါဘူး။ လက်ရှိပြန်လည်ကျင့်သုံးတဲ့အပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

''အရင်ကတော့ သေဒဏ်အမိန့်ချမှတ်ခံရသူတွေဟာ ပြင်ဆင်ချက်ကို လျှောက်ရပါတယ်။ ပြင်ဆင်ချက်ကိုပယ်မှ အသနားခံစာ တင်ပါတယ်။ ဘာမှဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့လိုက်တဲ့အခါမှာ လက်တွေ့အကောင်အထည်မဖော်တော့ဘူးပေါ့။ ခုကတော့ အဲဒီအသနားခံစာကို ပလပ်လိုက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ တကယ်သေဒဏ်ချမှာပါ '' လို့ ပြောပါတယ်။

ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောဘဲ အကျဥ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ အရပ်ဘက်တရားရုံးကသေဒဏ်ချမှတ်ရင် ကြိုးမိန့်ပေးတဲ့အဆင့်ရောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိကြာတတ်ပြီး စစ်ခုံရုံးကချမှတ်ရင်တော့ မြန်ဆန်တတ်တယ်လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်ထက်ပြန်လည်ကျင့်သုံးလိုက်တဲ့သေဒဏ်ကိုကြိုးမိန့်ပေးမှုမှာ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့သာမက ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နှစ်ဦးကိုလည်း ကြိုးပေးမှာဖြစ်ပါတယ်။ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် ဟာ လှိုင်သာယာမှာ ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုနဲ့ သေဒဏ်ပေးထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)က ပြောလာပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာတာလို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။


Copyright: မောင်သိန်း (ဒဿနိက)

News source : BBC