Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label rohangking. Show all posts
Showing posts with label rohangking. Show all posts

Wednesday, April 10, 2024

ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား



ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား


"လူမျိုးစုတစ်စုမှာ အခွင့်အရေးပဲ လိုချင်လို့ မရဘူး၊ သူ ဘာတာဝန်ယူသလဲ ဆိုတာလဲ အရေးကြီးတယ်။" 

- ရခိုင့်တပ်တော်ခေါင်းဆောင် ထွန်းမြတ်နိုင်


- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီမှတ်ချက်စကားက မျိုးချစ်ဝေဖန်ရေးသမားတွေအတွက် အမုန်းဖြန့်ဖို့ ဂျင်းစာဖြစ်နေပြီ။ ရခိုင်ပြည်သား ရိုဟင်ဂျာတွေကို မျက်စိပိတ် ပုတ်ခတ်ပြောဆိုလာကြတာ တွေ့နေရတယ်။ ဒီလိုရေးသား ဝေဖန်နေသူတွေက လူမျိုးစွဲဘာသာစွဲနဲ့ တစ်ဖက်သက် ပြောဆိုနေတာချည်းပဲ။ ဆင်ခြင်သုံးသပ်တာမျိုးတော့ မတွေ့ရဘူး။ သူတို့ ဝေဖန်နေတဲ့စကားက ဘယ်လောက် မှန်ကန်မှုရှိသလဲ သုံးသပ်ကြည့်ရအောင်။

- ဗိုလ်ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်စကားရဲ့ တစ်စိတ်တစ်ဒေသက သိပ်ကိုမှန်လှတယ်လို့ ဦးစွာ ဝန်ခံရပါမယ်။ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခွင့်အရေးခံစားခွင့်ကိုသာ စောင့်မျှော်နေလို့ မဖြစ်ဘူး။ ကျရောက်ရာဒုက္ခကို ပုခုံးတန်း ပူးပေါင်းပါဝင် ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ တစ်မြေနေတစ်ရေသောက် လူမျိုးစုအားလုံး အဲလို တစ်ဖက်တစ်လမ်းစီက ယှဉ်တွဲပါဝင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါမှသာလျှင် လူမျိုးစုအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကာ မိစ္ဆာဘေးတွေကို ချေမုန်းလို့ အောင်လံထူနိုင်မှာဖြစ်တယ်။

- ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်သား ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်တာ မလိုလားဘူးဗျာ။ ဒီရခိုင်ပြည် လွှတ်မြောက်ရေး တော်လှန်ရေးမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှု၊ အသိအမှတ်ခံရမှုကို သူတို့က အင်မတန် စိုးရိမ်ပုံရတယ်။ ဒဲ့ပြောရရင် ရိုဟင်ဂျာတွေကို လုံးဝ မပတ်သတ်စေချင်ဘူး။ အဲဒါကြောင့် ရခိုင်လက်နက်ကိုင်တွေရဲ့ ထုတ်ပြန်စာတွေမှာ "ရခိုင်ဒေသမှာ ရခိုင်လက်နက်ကိုင်မှလွှဲလို့ မည်သည့်အဖွဲ့အစည်းမှ မရှိစေရ" ဟူသောမူကို တဇွတ်တိုး ဖော်ပြလေ့ရှိတယ်။ ဒါက အင်မတန် ယုတ်မာတဲ့မူဖြစ်တယ်။ လူမျိုးစုတစ်စုမှာရှိတဲ့ ခုံခံကာကွယ်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မမိစ္ဆာအရိပ်ဆာယာအောက်မှ ကယ်တင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရခိုင်လက်နက်ကိုင်အဖွဲ့က မတရား အဟန့်အထားလုပ်နေခြင်းပင်ဖြစ်တယ်။ ဒါတွေမကသေးဘူး။ တစ်ခြား တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ လှုပ်ရှားလာရင်တောင် ရန်သူလို တိုက်ခိုက်မောင်းထုတ်လေ့ရှိတယ်။ မျိုးချစ်ဝေဖန်ရေးသမားတွေက ဒီလိုမျိုးအခြေအနေတွေကို မသိကျွန်ပြုနေရင် အမှန်တရား ဘယ်သိနိုင်ကြမလဲ။ မြန်မာသတင်းမီဒီယာတွေကလည်း ထုံးစံအတိုင်းပါပဲ။ တိုက်အားကောင်းနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို မဖော်ပြကြဘူး။ 

- သို့ပေမဲ့ အဓမ္မကို ခေတ်အဆက်ဆက် တော်လှန်လာခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အင်အားစုတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း အဓမ္မပပျောက်ရေး စစ်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း မနည်းဘူး။ 

- မောင်တောမြို့ဘက်ဆို တောင်ပြိုဘက်နှင့် မိုင်တိုင် ၅၁-၅၂ ဘက်မှာ ရခိုင်လက်နက်ကိုင်တွေက ရိုဟင်ဂျာလက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့တာ ၄-၅ ကြိမ်လောက်ရှိပြီ။ ဘူးသီးတောင်ဘက်မှာလည်း ၂-၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ရွာအဝင်မပေးဖို့ ရွာတိုင်းရွာတိုင်းကို အမိန့်ထုတ်ထားတယ်။ ရွာမှာ ရိုဟင်ဂျာလက်နက်ကိုင် တော်လှန်ရေးသမားတွေ ဝင်လာတာရှိရင် သူတို့ကို သတင်းပေးဖို့လည်း မှာထားတယ်။ ပြီးတော့ ရွာသားတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း အများကြီးပဲ။ ဒါတွေက မြေပြင်မှာ တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေပဲ။ ရခိုင့်လက်နက်ကိုင်က သူတို့အဖွဲ့မှ လွှဲလို့ ဘယ်သူ့ကိုမှ မြေပြင်မှာ လှုပ်ရှားခွင့် မပေးချင်ဘူးဆိုတာ ဒီလောက်ဆိုရင် သိသွားပြီထင်ပါရဲ့။ 

- ရိုဟင်ဂျာလူမျိုးစုရဲ့ တော်လှန်ရေးဟာ မနက်တနေ့က စတင်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ရရာလက်နက်စွဲကိုင်က ရရာနည်းလမ်းနဲ့ မိစ္ဆာဝါဒီ အာဏာရှင်ကို တော်လှန်လာခဲ့တာ ဖြစ်တယ်။  ဒီတော်လှန်ရေးဟာ အဓမ္မဝါဒီတွေ အမြတ်ပြတ်မရှင်းသွားသရွေ့ အဆုံးသတ်မှာတော့ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရိုဟင်ဂျာတို့ဟာ ခေတ်အဆက်ဆက် ဖိနှိပ်ညည်းပမ်းခံလာခဲ့တဲ့ မြန်မာပြည်ရဲ့ အယုတ်မာဆုံး အာဏာရှင်တွေကို အသက်ပေါင်း မြောက်များစွာ စတေးကာ ထိပ်တိုက်တော်လှန်လာခဲ့တာကို သမိုင်းလေ့လာကြည့်ရင် ဆင်သွားရင် လမ်းဖြစ်သလို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ လက်ပိတ်ကြည့်နေမယ့် အမျိုးထဲက မပါဘူး။ ဘယ်လိုပဲ အတားအဆီးတွေ ရှိစေကာမူ၊ ဘယ်လိုပဲ ယုတ်မာခက်ထန်တဲ့ အာဏာရှင်တွေ ဖြစ်စေကာမူ ဆက်လက် တော်လှန်နေအုံးမှာပဲ။ 

- တော်လှန်နေတယ်ဆိုရုံနဲ့ အလုပ်မဖြစ်ဘူး။ ရလဒ်တွေလည်း မြင်ရဖို့လိုတယ်လို့ ဝေဖန်ရေးသမားတွေက ပြောလာလိမ့်မယ်။ တစ်ဖက်က ယခုတလော ရခိုင်ပြည်မှာ နယ်မြေအများစုကို ညီနောင်သုံးဖွဲ့ရဲ့ အစိတ်အပိုင်း ရခိုင်လက်နက်ကိုင်တွေက စိုးမိုးထားတယ်။ နောက်တစ်ဖက်က ၂၀၁၆-၁၇ အကြမ်းဖက် စစ်အုပ်စုနဲ့ မျိုးချစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်က သန်မာနေဆဲပဲ။ သူတို့ တော်လှန်ရေးလှုပ်ရှားနေဆဲပဲ။ ရိုဟင်ဂျာတွေ လှုပ်ရှားနေတဲ့နေရာမှာလည်း လက်သုံးလက်နဲ့ အင်အားကြီးလာတဲ့ ရခိုင်လက်နက်ကိုင်တွေက လက်နက်ကိုင်အဖွဲ့စည်းမျဉ်းဘောင်ကို ချိုးဖောက်လို့ ဝင်နှောင့်ယှက်တယ်။ အဲလိုနေရာတွေမှာ သူတို့က စစ်ကောင်စီကို တိုက်ခိုက်မယ့်အစား ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပဲ တိုက်ခိုက်ပြန်တယ်။ နှစ်ဖက်ရဲဘော်တွေ အလကား အသက်ဆုံးရှုံးခံရတယ်။ ဒီလိုသာဓကတွေ တပုံကြီးရှိတယ်။ သတင်းမီဒီယာတွေက တဖက်သတ် သတင်းထုတ်ပြန်တာကြောင့် အမှန်တရား ပြည်သူထိ မရောက်တာပဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်က အင်အားကြီးနေတော့ တပြည်လုံး သူ့တို့နယ်မြေပဲလို့ လူမျိုးကြီးဝါဒဆန်ဆန် အတင်းအဓမ္မ လက်ဝါးအုပ်နေတာပေါ့။ တိုင်းပြည်အဖက်ဖက်က တိုက်ပွဲထဲ ဝင်လာတဲ့ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ရိုဟင်ဂျာတွေကတော့ လူမျိုးရေး ပဋိပက္ခ၊ တင်းမာမှုတွေ မလိုချင်ကြဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး အောင့်ခံလို့ ရှောင်သင့်ရာရှောင် ဆောင်သင့်ရာဆောင်နေတာပဲဖြစ်တယ်။

- နောက်တစ်ပိုင်းက အခွင့်အရေးပဲ လိုချင်တယ်ဆိုတဲ့ အပိုင်းကိုလည်း နည်းနည်း ထောက်ပြပါရစေ။ အခွင့်အရေးပဲ လိုချင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရိုဟင်ဂျာတွေက ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို တောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက ဝေစုတောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တပ်က ရရှိထားတဲ့ လက်နက်ခဲယမ်းတွေထဲက တစ်ဝက်လောက်တောင်းနေတာလား။ အခွင့်အရေးပဲ လိုချင်တယ်ဆို ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း လူပါးဝမလိုက်နဲ့လေ။

- ရိုဟင်ဂျာတွေ ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ အခွင့်အရေးကတော့ အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေဆီကနေ အတင်းအဓမ္မ ရုတ်သိမ်းလိုက်တဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပဲဖြစ်တယ်။ မြန်မာပြည်တွင်မှီတင်းနေထိုင်တဲ့ ဘယ်လူမျိုးစုမဆို ရကိုရရမယ့် မွေးရာပါအခွင့်အရေး၊ ဇာတိမြေအခွင့်အရေး၊ တန်းတူအခွင့်အရေးကိုပဲ လိုချင်တာဖြစ်တယ်။ တစ်စ အပိုလည်း မလိုချင်ဘူး၊ တစ်စ အလျော့လည်း မယူဘူး။ တင်းပြည့်ကျပ်ပြည့်ပဲ။ စစ်အုပ်စုနဲ့ မျိုးချစ်အပေါင်းတို့ရဲ့ ယုတ်မာမှုကြောင့် လုယူခံခဲ့ရတဲ့ အခွင့်အရေးတွေကိုပဲ အရေးဆိုနေတာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်မှ ဝေစုတောင်းနေတာတော့ မဟုတ်ပါဘူး။ 

- ပြီးတော့ မြန်မာပြည်မှာ ဘယ်လူမျိုးစုပင်ဖြစ်စေ တော်လှန်ရေး၌ မပါဝင်ခဲ့ရင် အဲ့ဒီလူမျိုးစုရဲ့ အခြေခံအခွင့်အရေး လုခံရမယ်၊ ရုတ်သိမ်းခံရမယ်ဆိုတာ ဘယ်တရား၊ ဘယ်ဥပဒေမှာ ရှိလို့လဲ။ စစ်အုပ်စုလို အဓမ္မရှိခိုးသူတွေဆိုရင်တော့ မတရားကျူးလွန်ရဲတယ်ပေါ့လေ။ 

- နောက်တစ်ချက်ကတော့ ပြည်သူအများစုက သိပြီးတော့ မသိသလိုဟန်ဆောင်နေတဲ့အချက်ဖြစ်တယ်။ အဲဒါက ရခိုင်လက်နက်ကိုင်တပ်မှာ ပါဝင်တိုက်ပေးနေတဲ့ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ ရှိနေတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါက အခွင့်အရေးလိုချင်လို့ ဝင်တိုက်ပေးနေတာ မဟုတ်ဘူး။ ရခိုင်ပြည်သား ရိုဟင်ဂျာပီပီ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိရှိ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။  တစ်ချို့က ရခိုင်လက်ကိုင်တွေရဲ့ အဖွဲ့အောက်ကနေ မတိုက်ချင်ဘူး။ ကိုယ့်အဖွဲ့ကိုယ့်အလံအောက်နေ တော်လှန်ချင်တယ်ဆို တော်လှန်ခွင့်ရှိရမယ်။ ဒါလည်း လူမျိုးတစ်စုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ အဲဒါကို တစ်ပါတီစနစ်လို လူမျိုးကြီးဆိုင်းပုတ်နဲ့ အဟန့်အထား လုပ်လာတာက သဘောရိုးလား၊ တရားသလား။

- ရိုဟင်ဂျာတွေကို စစ်မှူးထမ်းခိုင်းနေတယ်။ ဆန္ဒပြခိုင်း နေတယ်။ ဒါတွေ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ခိုင်းနေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေက ခေတ်အဆက်ဆက် ဒီလို အတင်းအဓမ္မကို တစ်ဖက်သတ်ခံလာရတာပဲလေ။ အားလုံးသိကြတယ် မဟုတ်လား။ ရိုဟင်ဂျာလူမျိုးစုရဲ့ မဲပေးပိုင်ခွင့်တောင် မိုက်မိုက်ရမ်းရမ်း အဓမ္မလုယူခဲ့တာကိုး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်အုပ်စု စစ်သားစုဆောင်းနေတာကိုး။ အဲဒါတွေကို သတင်းမီဒီယာတွေက မထောက်ပြချင်ကြဘူး။ ရိုဟင်ဂျာတွေကို  ဆန္ဒပြခိုင်းတာ၊ စစ်မှူးထမ်းခိုင်းတာကိုပဲ မြင်နေကြတာ။ တစ်ဘက်ဆွဲ ဝေဖန်နေတာ။ အပြစ်မရှိ ပြစ်ရှာနေတာပဲလား။ 

- အချုပ်အနေနဲ့ ပြောရရင် ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှမပေးဆပ်ဘဲ အခွင့်အရေးသက်သက် လိုချင်နေတာ၊ အကျိုးခံစားခွင့်ကို ထိုင်စောင့်နေတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးစုလောက် အနစ်နာခံခဲ့တာ၊ ပေးဆပ်ခဲ့ရတာ မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက် ဘယ်လူမျိုးမှ မရှိဘူး။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်ကို မစွန့်လွှတ်ခဲ့ဘူး။ ယခုလေသံတွေ အချို့ရခိုင်မျိုးချစ်ဝါဒီတွေကြောင့် ရိုဟင်ဂျာလူမျိုးစုကို ဘေးဖယ်လျစ်လျူရှုထားဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်တယ်။ ဒါက ရခိုင်ပြည်ရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမဟုတ်ဘူး။ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ် နေထိုင်နိုင်ရေးမှသာလျှင် သာယာလှပသော ရခိုင်ပြည်ကြီး ဖြစ်လာမှာတည်း။

- ရိုဟင်းကိန်း

 (၆-၄-၂၀၂၄)

Sunday, March 24, 2024

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

 


ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..  

စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ

ရေးသူ-         လူထုဝဏ္ဏ

ဘာသာစကား-  မြန်မာ

ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄

ဆိုက်-          7 MB


* Pcloud Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

* Website Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

*Scribd Link

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ



Muhibullah by Kuwaiccorjja Bai on Scribd

Wednesday, July 19, 2023

ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး


"ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး"


လွတ်လပ်သာယာတဲ့ ကောင်းကင်အောက်မှာ

ကျွန်သပေါက်ဘဝ မကျွတ်သေးတဲ့ပြည်

အာဇာနည်စဉ်လာ မပျောက်သေးဘဲ

အသက်လေးဇီဝန် ဆက်တိုက်ကြွေနေတဲ့မြေ

မျိုးချစ်ပွေငမိုက်သားတွေရဲ့ ပယောဂစွေ

ချာချာလည်ပတ်နေတဲ့ သွေးယိုလွန်ဆွဲပွဲ 

ဆယ့်ကိုးမည်းဇူလိုင်မိုး လရက်တိုင်းမှာကွယ်

ဘဝင်ဆိုင်းအုံ့မှိုင်းမှိုင်း ရွာသွန်းနေတဲ့ပြည်

သွေးဆွေးနံ့သန်းတဲ့ ရာဇဝင်စာမျက်နှာကြီးတွေ 

ပြောက်ကျိပြောက်ကျား အလောင်းပန်းချီနဲ့ခြယ် 

ဒဿဂီရီမင်းထလုပ်လို့ မိုးကူးလည်မစဲ

မျက်ရည်ချိန်ကြီးလွှမ်းလို့ ရုန်းမထွက်အောင်ပ

အဓမ္မကိုဖီဆန်ရင်း ဇာနည်ဘွဲ့နဲ့နစ်ကြလေတဲ့။


— ရိုဟင်းလေး

(၁၉ ဇူလိုင်၊ ၂၀၂၃)


 ပုံ- ၁၉၄၇ ခု အူရ်ဒူသတင်းစာတစ်ခုတွင် ဖော်ပြထားတဲ့ "ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့" သတင်း။


Tuesday, March 21, 2023

Goin Fanír Mooti (Oli)

 Goin Fanír Mooti


Haba ye zuri zuri kuciye gaar oli

Ekka oddó nosíribo gumor e dori


Sanda mamu miyulat luwai gum giyé

Zilímilí tarar jahanót háñzi yó giyé


Sanor kulot gumzare tui mor foori

Cópponor falkit sorí goriló súrwari


Raitor oñccáré tortú kiyór dhor

Zehón tor dáke asi o nunuya mor


Mor kulot mazé tor tuinná gór

Uri uri aai mor faigorso sugór


San tarar dikká tui hañcic hamicá

Dilottú mor cúde yan hí duwa


Khala miyúla miçá faní boni bāi giyoi

Fúl okkól loi miçá-miçá hotá hoi giyoi


Tui yo ekka fun hotá rocá roci

Fuçá okkole sou keen gorí gaar oli


Tor loi basi asé añr guñra duniya

Dure zehón giyo buri aiyé sogor faníya 


Tor tengot añí diyum raki 

Cárá duniyar kullé kúci


Bezar óibi zehón diyum aza ador gorí

Añi dé golot tui éri sóyi nitti


Uzor nogoijjó sup oizó e ambor cón

Gum borá sukoré abar no goró seton


Honi kiya tor sugortú nofarefán gúm suri

Gumza re gumza goin fanit asé fán mooti


(Oli)

—RohangKing

(12-1-2023)

Saturday, February 11, 2023

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]

 

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]


             "Ashá táilé rasta neele"

ဒီဟာက ကျန်းမာရေးမှူးဦးမြသန်း အမြဲပြောဆိုဆုံးမလေ့ရှိတဲ့ စကားပုံ တစ်ပုဒ်ဖြစ်ပါတယ်။ Where is a will, there is a way ဆိုတဲ့ မူရင်းအင်္ဂလိပ်စကားပုံကိုလည်း မကြာခဏ သုံးနှုန်းပြောဆိုလေ့ရှိတယ်။ ဒါက သူရဲ့ အနှစ်သက်ဆုံး စကားပုံတွေထဲက တစ်ပုဒ်ဖြစ်တယ်။ 

ဦးမြသန်းဆိုတဲ့ နာမည်ကတော့ စာဖတ်ပရိတ်သတ်တွေအတွက် စိမ်းကားနေမှာဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ခဲ့တဲ့ ရွက်ပုန်းသီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူထမ်းဆောင်ခဲ့ရာ ကျန်းမားရေးဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ကို စေတနာမွန်နဲ့ သစ္စာရှိရှိ ကျေပွန်ခဲ့သူဖြစ်တယ်။ 

မောင်မြသန်းဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘောလီဘာဇားတွင် ၁၉၃၅ ခု၌ ဖခင် ကာဇီဘောက်တာမဟ်မွတ်နဲ့ မိခင် ဒေါ်အမီနာသျှောင်ဒရီ တို့မှ ဖွားမြင်ခဲ့တယ်။ အမည်ရင်းမှာ ဒေလဝါရ်အဟ်မတ်ဖြစ်ပါတယ်။ ဖခင်မှာ ဗြိတိသျှစစ်တပ်ရဲ့ တပ်တွင်းဆေးမှူးနဲ့ ဘော်လီနယ်ခံဆေးမှူး အပြင် အင်္ဂလိပ်အစိုးရခန့် တရားစီရင်ခွင့်ရ ကာဇီတစ်ဦးလည်းဖြစ်ခဲ့တယ်။ မိခင်မှာ ထင်ရှားတဲ့တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်တယ်။ ညီအစ်ကို ၆ ဦးအနက် စတုတ္ထမြောက်ဖြစ်တယ်။ မောင်မြသန်း ၁၃ နှစ်လောက်အရွယ်တွင် ဖခင် ကာဇီဘောက်တာမဟ်မွတ်ဆုံးရှာခဲ့တယ်။ မောင်မြသန်းဟာ မိခင်နဲ့ အစ်ကိုတို့ အရိပ်အောက်မှာပဲ ကြီးပြင်းလာရသူဖြစ်ပါတယ်။ 

မောင်မြသန်းဟာ ထိုခေတ်က အာမီရ်အာလီအူရ်ဒူကျောင်းမှ ၆ တန်းအထိ သင်ယူခဲ့တယ်။ နောင်တွင်ထိုကျောင်းကို ဗမာ-အင်္ဂလိပ် အမျိုးသားကျောင်းအဖြစ် ပြောင်းလဲလိုက်သောအခါ ထိုကျောင်းတွင် ဆက်လက် ပညာဆည်းပူးခဲ့တယ်။ အထက်တန်းပညာကို မောင်တောအထက်တန်းကျောင်းမှာ သင်ယူပြီးမြောက်ခဲ့တယ်။ ဗမာတပ်မတော်တွင် ဝင်ရန် စိတ်ဝင်စားခဲ့ပေမယ့် အကြောင်းအားလျော်စွာ အဆင်မပြေခဲ့ချေ။ မိဘအရင်းခံ ဆေးပညာဖက်ကို စိတ်ဝင်စားကာ ရန်ကုန် အောင်ဆန်းကွင်း ကျန်းမာရေးမှူး သင်တန်းကျောင်း (Institute of Community Health | *ယခု မကွေးသို့ ပြောင်းရွေ့တိုးချဲ့ထားတယ်။)မှ ဆေးပညာကို ဆည်းပူးခဲ့တယ်။ 

မောင်မြသန်းဟာ မောင်တောဆေးရုံး ဓာတ်ခွဲမှူးအဖြစ် စတင်အလုပ်ဝင်ခဲ့တယ်။ ၁၉၆၄ ခုတွင် ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ကြီးကြပ် (၁) ဓာတ်ခွဲမှူးအဖြစ်  ၁၉၇၄ ခုထိ တာဝန်ထမ်းဆောင်ခဲ့တယ်။  ၁၉၇၄ မှ  ၁၉၈၁ ခုထိ စစ်တွေမြို့ ပြည်သူ့ဆေးရုံ အနာကြီးရောဂါဌာနတွင် ကြီးကြပ် (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၈၁-၁၉၈၅  ဘူးသီးတောင် မြို့နယ်ဆေးရုံ အနာကြီးရောဂါ ဌာန ကြီးကြပ်ရေးမှူးအဖြစ်ခဲ့တယ်။ ၁၉၈၅ မှ ၁၉၉၀ အထိ သပိတ်တောင် ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း၊  ၁၉၉၀ မှ ၁၉၉၅ အထိ် တောင်ပြို ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၉၅ ခုတွင် ပင်စင်ယူကာ အစိုးရအမှူးထမ်းဘဝမှ အနားယူခဲ့တယ်။ ကျန်ဘဝကို မိမိရဲ့ ဇာတိမြေဘောလီဘာဇား၌ အေးချမ်းစွာ ကုန်ဆုံးခဲ့တယ်။ 

ပင်စင်စားဘဝတွင် ဆေးကုပေးခြင်းနဲ့အတူ စေတနာ့သင် ဆရာအဖြစ် ကြိမ်ချောင်း၊ လောင်ဒုံး၊ ဒုံပစ် ကျေးရွာများ၌ ငွေကြေးထောက်ပံ့မှုမရရှိ၍ ပညာသင်ခွင့် ဆုံးရှူံးနေတဲ့ ကလေးသူငယ်တွေကို ထထကြွကြွ စာသင်ပြပေးခဲ့တယ်။ ငွေရေးကြေးရေး အားနည်းနေတဲ့ ကျောင်းနေ ကျောင်းသူ/သားများကိုလည်း တတ်နိုင်သမျှ ငွေကြေးထောက်ပံ့လေ့ရှိခဲ့တယ်။ ကျေးလက်ဒေသက လူတွေကို အခြေခံကျန်းမာရေးဆိုင်ရာ ပညာပေး(ရှေးဦးသူနာပြု)သင်တန်းများလည်း အခါမလပ် ပို့ချခဲ့တယ်။အခမဲ့ ဆေးကုပေးခြင်း အရေအတွက်က စံပြုဖွယ်မှတ်သားနိုင်လောက်တယ်။ ဗလီနဲ့ သာသနာ့အဆောက်အအုံတွေမှာ ရေရရှိရေးအတွက် အထူးစီမံဆောင်ရွက်ပေးလေ့ရှိခဲ့တယ်။ အဲဒါကို သူက Water Supply for All လို့ နာမည်ပေးခဲ့တယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ မိမိတာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ကျန်းမားရေးပညာပေးနဲ့ ရောဂါကုသပေးခြင်းဖြင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်ခဲ့တာတော့ ထင်ရှားပါတယ်။ ဒါ့အပြင် ယနေ့ထက်ထိ ကျန်ရှိနေတဲ့ သူရဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးပြုကောင်းမှုစေတနာတွေကတော့-

(က) သပိတ်တောင်တွင် တာဝန်ထမ်းဆောင်နေစဉ် သပိတ်တောင်ရခိုင်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနဟာ တဲကလေးတစ်ခု ပမာသာ ရှိခဲ့တယ်။ သူပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ထိုဆေးပေးခန်းတဲအိမ်ကလေးကို သူရဲ့ နေ့ညမနား ကြိုးပမ်းမှုကြောင့် ရွာသူရွာသား၏ စုပေါင်းအင်အားမှ အခိုင်အမာ တိုးချဲ့ တည်ဆောက်ပေးခဲ့သည်ကို ယနေ့အထိ ထိုရွာသားများက သူ့ကို အောက်မေ့သတိရကြတယ်။ 

(ခ) တောင်ပြိုလက်ဝဲ ကျန်းမာရေးဌာနကို ဆေးရုံကြီးအဖြစ် တိုးမြင့်ပေးရာတွင် ကျန်းမာရေးမှူး ဦးမြသန်း၏ ကြိုးပမ်းမှုက မနည်းလှချေ။ ၁၉၉၃ ခု ဗိုလ်ချုပ်ခင်ညွှန့် တောင်ပြိုလက်ဝဲခရီးစဉ်၌ ကျန်းမာရေးမှူးသည် ခင်ညွှန့်နှင့် တွေ့ဆုံကာ ကျန်းမာရေးဌာနသည် ဒေသရှိ လူနာအရေအတွက်နှင့် မကိုက်ညီကြောင်း ဆေးရုံကြီးအဖြစ် တိုးမြှင့်ပေးသင့်ကြောင်း တင်သွင်းခဲ့တယ်။ ဆေးရုံတိုးချဲ့ဆောက်လုပ်ရန် လိုအပ်ချက်တွေကိုလည်း မေးမြန်းချက်အရ တိုင်ပင်ဆွေးနွေးခဲ့တယ်။ ထိုဗိုလ်ချုပ်ခင်ညွှန့်ခရီးစဉ်နောက်ပိုင်းတွင် ထိုကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြင့်ပေးပြီး ဆေးရုံကိုလည်း ပြန်လည်တိုးချဲ့ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်တယ်။ ယခု တောင်ပြိုလက်ဝဲ၌ တည်ရှိနေတဲ့ တိုက်နယ်ဆေးရုံဟာ ကျန်းမာရေးမှူး ဦးမြသန်းရဲ့ ကြိုးပမ်းမှုမှ ဖြစ်ထွန်းလာခြင်းပင်ဖြစ်တယ်။ (ထိုအချိန်က မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် ဗိုလ်ချုပ်ခင်ညွှန့် ခရီးစဉ်သတင်းမှာ တွေ့ဆုံဆွေးနွေးပုံတွေကို ဖော်ပြခဲ့တယ်)

တောင်ပြိုလက်ဝဲမြို့ တိုက်နယ်ဆေးရုံ၊ ၂၀၁၇ နောက်ပိုင်းက တွေ့မြင်ရတဲ့ဆေးရုံပုံ။


(ဂ) ၁၉၉၃ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကျန်းမာရေးမှူးဦးမြသန်းဟာ ဆရာဝန်များအဖွဲ့မှာ ရွေးချယ်ထည့်သွင်းခံရကာ မူလအိမ်ပြန်လာတဲ့ဒုက္ခသည်တွေကို တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးခဲ့တယ်။

(ဃ) အနာကြီးရောဂါဆိုင်ရာ အထူးကျွမ်းကျင်လို့ ဘူးသီးတောင် မြို့နယ်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ အထူးပြောင်းရွှေ့ခံခဲ့ရတဲ့ ရိုဟင်ဂျာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ပင်စင်စားဘဝမှာလည်း အနာကြီးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဟောပြောပွဲတွေမှာ သက်ဆိုင်ရာဆေးရုံမှ အထူးဖိတ်ခေါ်ခြင်းခံရကာ ဟောပြောလေ့ရှိခဲ့တယ်။ 

ဒီလိုဖြင့် ဦးမြသန်းဟာ သူရဲ့ တာဝန်ထမ်းဆောင်ရာ ကာလတစ်လျှောက် လူမျိုးဘာသာမရွေး စေတနာထက်သန်စွာဖြင့် ပြည်သူ့အကျိုးဆောင်ခဲ့တဲ့အပြင် ပင်စားဘဝမှာပင် အများကောင်းကျိုးသယ်ပိုးခဲ့ပါတယ်။ 

မောင်မြသန်းဟာ ၁၉၆၁ ခုနှစ်တွင် မြို့အုပ် ဖူရုက်အမတ်ရဲ့တူမ၊ ဆရာကြီး မူဟာမတ်ဟာဆောင်းရဲ့တတိယမြောက်သမီး ဒေါ်မနု (ခ) ဟူဆောင်းဂျာဟာန် (ဘော်လီ+ကာဇီ နွယ်ဖွား)နဲ့ နဖူးစာဆုံခဲ့တယ်။ သူတို့မှ သားသမီး (၉) ယောက် ထွန်းကားခဲ့တယ်။ သိန်းသိန်းနု၊ သန်းသန်းနု၊ သိန်းနု၊ သန်းသန်းထွေး သမီးလေးယောက်နဲ့ သန်းမြင့်၊ သိန်းထိုက်၊ သန်းထိုက်၊ သန်းထွန်း၊ အေးထွန်း သား(၅) ယောက်တို့ဖြစ်တယ်။ 

မှတ်ပုံတင်အမှတ် AK- ၁၅၅၅၉၄ ကိုင်ဆောင်သူ ကျန်းမာရေးမှူးဦးမြသန်းရဲ့ ညီအစ်ကိုများမှာလည်း ကျရာနေရာမှ တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးခဲ့တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ အစ်ကိုကြီး ဦးဘေဒါရ်အမတ်မှာ အင်္ဂလိပ်အစိုးရခန့် စစ်တပ်ဆေးမှူး တစ်ဦးဖြစ်ခဲ့သည်။ ဦးနေဆာရ်အမတ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဦးမောင်နုမှာ အထက်တန်းကျောင်းအုပ်ဆရာကြီးအဖြစ်လည်းကောင်း၊ ညီ ဦးမြစိန်မှာ ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေးမှူးအဖြစ်လည်းကောင်း အသီးသီး တိုင်းပြည်အကျိုးပြုခဲ့သူများဖြစ်ပါတယ်။ အငယ်ဆုံးညီ ဦးမာဟ်မွတ်ကတော့ ကျောက်ဖြူပညာရေးကောလိပ်မှာ ပညာသင်နေစဉ် ကံမကောင်းစွာ ကွယ်လွန်သွားရှာတယ်။ တစ်ဦးတည်းသော ညီမ ဒေါ်နော်ဖီဇာမှာ ယနေ့ထိ သက်ရှိထင်ရှားနေဆဲ။ 

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ကျော့ဘက်)

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ရှေ့ဘက်)
ကျန်းမာရေးမှူးဟာ ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်တယ်။ ကလေးသူငယ်တွေကို အလွန်အမင်း ချစ်ခင်တယ်။ တစ်နေရာရာမှ ပြန်လာတဲ့အခါ သူ့လက်ထဲမှာ သူ့အနီးအနားရှိ ကလေးတွေအတွက် အမြဲမုန့်တွေ ပါလေ့ရှိတတ်တယ်လို့ ဆိုကြတယ်။ သူ ရွာမှာ လမ်းလျှောက်ထွက်တဲ့အခါ ကလေးတွေ ဝိုင်းလို့ ရှိတတ်တယ်။ ကလေးတွေအတွက်တော့ "ဒါခ်တောရ် နာနာ" ကို မြင်လိုက်တာနဲ့ စားစရာမုန့်ပဲ ပြေးမြင်တော့တယ်။ သူဟာ စာဖတ်ခြင်းနဲ့ ဒိုင်ယာရီရေးခြင်း အထူးဝါသနာပါတယ်။ အူရ်ဒူစာ၊ ဘင်္ဂလားဒေ့ခ်ျစာ အရေးရောအဖတ်ရော ကျွမ်းကျင်တယ်။ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားတယ်။ အားလပ်တဲ့ အချိန်တွေဆိုရင် အိမ်မှာ သစ်သားတွေ၊ ဘိလိပ်မြေတွေနဲ့ ခုံတွေ၊ စားပွဲတွေ စင်တွေ ပုံစံအဆန်းဆန်းနဲ့ ကိုယ်တိုင်ပြုလုပ်လေ့ရှိတတ်တယ်။ တစ်ခုထူးခြားတာက သူဟာ ဘယ်လက်သန်ပေမယ့် လက်နှစ်ဖက်စလုံးနဲ့ ပိုင်ပိုင်နိုင်နိုင်စာရေးသားနိုင်တယ်။ အားကစားဖက်မှာတော့ ကြက်တောင်ရိုက်ကစားနည်းကို ဝါသနာအိုးပါတယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် ကြသပတေးနေ့ နံနက်ပိုင်းတွင် မိမိရဲ့ ချစ်သားသမီးတွေနဲ့ နှုတ်ခွန်းဆက်သ၍ အလ္လာဟ်အမိန့်ခံယူသွားလေတယ်။ သူဟာ ကြာသပတေးနေ့ဖွားဖြစ်ပြီး ကြာသပတေးနေ့မှာ ကွယ်လွန်သူဖြစ်တယ်။ သူရဲ့ ရုပ်အလောင်းကို လောင်းဒုံ ကြိုက်ချောင်းရှိ ဘော်လီသင်္ချိုင်းမှာ ဒါဖနာဟ်ခဲ့ပါတယ်။   အလ္လာဟ်အသျှင်မြတ် မြင့်မြတ်သောအစား ပေးတော်မူပါစေ…အာမိန်။     


— လူထုဝဏ္ဏ

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။




Friday, September 9, 2022

Dáijjá-fuçí Háddí Roiyé (ကဗျာလေ့လာချက်)


ကဗျာလေ့လာဆန်းစစ်ချက် စာတမ်း


ခေါင်းစဉ် - ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့

အမျိုးအစား - ဖန်ချာရီ

ကာလ - ဗြိတိချဇာပနာ နောက်ပိုင်း (ကိုလိုနီခေတ်နောက်ပိုင်း)၊ ၂၀ ရာစု

ကဗျာရေးသူ - အမည်မသိစာဆို တစ်ဦး


၁။ မူရင်းကဗျာ


Dáijjá-fuçí Háddí Roiyé


  Bandorjjarlá buo ander dé, undujja dóijje sáti 

  Kuna-beñg e dhúl bajjar dé, tutthui zar boirati.


   O bái ré, Sool soreddé murár bútor, bak sorer ailot 

   Dessuá, Kuilá fiyaiñjja dórer, noboyér gasót.


  Bilai ré mas basádí buo giyé gói farat 

  Madal gasót dóri roiyé aiñthá kelar sóra.


   Moyur naser fak melídí boga giyé saitó 

   Dáijjáfuçí háddi roiyé boga dóri háitó.


  Luti fukór feth honránít goru háiye baçi 

  Doñr doñr háñti morer fiyañrár téñgot fori.


   Masór dhore zailla dáiye noo zal eri 

   Mancór dhore manúic luwar mocóríte góli.


  Osin Cáyer (Fancari)


၂။ ကဗျာအသံထွက်

Dáijjá-fuçí Háddí Roiyé

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့)


Bandorjjarlá buo ander dé, undujja dóijje sáti 

(ဘင်ဒေါရ်ဂျာရ် လား ဘို အာင်နဲရ်ဒေ့၊ အုံဒူရ်ဂျာ ဒိုဂ်ျဂျေ ဆားထီး)

Kuna-beñg e dhúl bajjar dé, tutthui zar boirati.

(ကူနာဘင်ဂေ ဓုလ် ဘိုက်ဂျာရ် ဒေ့၊ တုတ္တွီဇာရ် ဘိုရိုက်တီ)


O bái ré, Sool soreddé murár bútor, bak sorer ailot 

(အို ဘိုက်ရေ၊ ဆော်လ် ဆောရက်ဒေ့ မူရာ့ရ် ဘုတော်ရ်၊ ဘာခ် ဆော်ရေရ် အိုင်လောတ်)

Dessuá, Kuilá fiyaiñjja dhóre, noboyér gasót.

(ဒေစ္ဆွာ ၊ ကူအိလား ဖီညာဂ်ျဂျာ ဓော်ရေ၊ နဘောယဲရ် ဂါစောတ်)


Bilai ré mas basádí buo giyé gói farat 

(ဘီလိုက်ရေ့ မာစ်ဘာဆာ့ဒိ၊ ဘို ဂီယေ့ဂိုဝ် ဖာရာတ်)

Madal gasót dóri roiyé aiñthá kelar sóra.

(မာဒါလ် ဂါစောတ် ဒေါ်ရီရိုအိယေ့၊ အိုင်တ္တာကေလာရ် စော့ရ)


Moyur naser fak melídí boga giyé saitó 

(မယူရ် နာဆေရ် ဖာခ် မေလိဒီး၊ ဘောဂါ ဂီယေ့ ဆိုက်သိုဝ်)

Dáijjáfuçí háddi roiyé boga dóri háitó.

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီ ရိုအိယေ့၊ ဘောဂါ ဒေါ့ရီ ဟိုက်သိုဝ်)


Lutifukór feth honránít goru háiye baçi 

(လူတီဖုခ်အောရ် ဖေတ်ဟောင်ရနိသ် ၊ ဂေါရူ ဟိုက်ယေ ဘာရီ)

Dhoñr dhoñr háñti morer fiyañrár téñgot fori.

(ဓောင်ရ်ဓောင်ရ် ဟင်တီ မောရေရ်၊ ဖီညာရာတ် တဲဉ်အောတ် ဖော်ရီ)


Masór dhore zailla dáiye noo zal eri 

(မာစော့ရ် ဓော်ရေ ဇိုက်လ္လာ ဒိုက်ယေ၊ နော ဇာလ် ဖဲ့လီ)

Mancór dhore manúic luwar mocóríte góli.

(မာန်ချော့ရ် ဓော်ရေ မာနုခ်ျ လုဝါရ်၊ မောချောရီတ် အေ ဂေါ့လိ)


Osin Cáyer (Fancari)

(ဩစီန် ရှားယေရ်၊ ဖန်ချာရီ)


***


၃။ ကဗျာတိုက်ရိုက်ဘာသာပြန်


Dáijjáfuçí Háddí Roiyé

(ငါးဘဲဖြူလေး ချောင်းနေတယ်)


Bandorjjarlá buo ander dé undujja dóijje sáti 

Kuna beng dhúl bajjar dé tuttui zar boirati.

(မျောက်ကလေးရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက ထီးဆောင်းပေး

ဖားပြုပ်က ဗုံတီးခတ်လျက် အိမ်မြှောင်က ဘောရာတ်အဖွဲ့နဲ့ လိုက်ခဲ့တယ်။)


O bái ré Sool soreddé murár bútor bak sorer ailot 

Dessuá kuilá fiyaiñjja dórer noboyér gasót.

(အိုအဆွေ…ဆိတ်က တောထဲ ကျက်စားလို့ ကျားက ကန်သင်းရောက်နေ

စာကလေးကို ကြောက်လို့ကွယ်  ဥဩနဲ့ငှက်တော် သစ်ပင်မှာ မနားရဲ )


Bilai ré mas basádí buo giyé gói farat 

Madal gasót dóri roiyé aiñthá kelar sóra.

(ကြောင်ကလေးကို ငါးတုံးတစ်ခိုင်းလို့ အိမ်ရှင်မလည်ပြီ ရွာတစ်ပတ်

ကသစ်ပင်မှာ တွယ်နေတယ် ဆင်ပေါင်ငှက်ပျော့ခိုင်လေး)


Moyur naser fak melídí boga giyé saitó 

Dáijjáfuçí háddi roiyé boga dóri háitó.

(အတောင်ဆန့်ဆန့် ဒေါင်းကပွဲမှာ ဗျိုင်းကလေး ကြည့်ဖို့လာ

ဒါဂ်ျဂျာချောင်းရဲ့ ငါးဘဲဖြူလေး ဗျိုင်းဖမ်းစားဖို့ ချောင်းနေသာ။)


Luti fukór feth honránít goru háiye baçi 

Doñr doñr háñti morer fiyañrár téñgot fori.

(ဖြုတ်က သူ့ဝမ်းကိုက်နာမှာ နွားကြိတ်လို့ဆေးဖျော်ခဲ့

ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေ။)


Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli.

(ငါးကို ကြောက်လို့တံငါသည် လှေ၊ကွန် ပစ်လို့ ထွက်ပြေး

လူကို ကြောက်လို့ လူတွေပုန်းရ ခြင်ထောင်အုပ်လို့ကွယ်။)


Osin Cáyer (Fancari)

(အမည်မသိရှေးစာဆို)


၄။ ဝေါဟာရအဖွင့်


Bandorjjarlá = မျောက်အတွက်။

buo = မယား၊ မိန်းမ။

ander dé = ယူဆောင်လာတဲ့အခါ။

Undujja = ကြွက်ထီး။

dóijje sáti = ထီးဆောင်းပေးသည်။

Kuna beng = ဖားပြုပ်။

dhúl = ဗုံ။

bajjar dé = တီးခတ်သည်။

tuttui = အိမ်မြှောင်။

zar = သွားနေသည်။

boirati = သတိုးသမီးပင့်မယ့်အဖွဲ့ဝင်။

O bái ré = အို အဆွေ။

Sool = ဆိတ်။

sorer dé = ကျက်စားသည်။ 

murár bútor = တောထဲမှာ။

bak  = ကျား။

ailot = ကန်သင်းမှာ

Dessuá = ငှက်တော်

kuilá = ဥဩငှက်

fiyaiñjja = စာကလေး

dórer = ဖမ်းနေသည်

noboyér = မနားချေ။ မထိုင်ချေ။

gasót = သစ်ပင်မှာ။ 

Bilai ré = ကြောင်ကို။ 

mas = ငါး။ 

basádí  = တုံးတစ်ခိုင်းသည်

giyé gói = သွားပြီ။

farat = ရွာမှာ။

Madal gasót = ကသစ်ပင်မှာ။

dóri roiyé = သီးနေတယ်။

aiñthá kelar sóra = ဆင်ပေါင်ငှက်ပျော့ခိုင်။

Moyur = ဥဒေါင်း။

naser = ကနေသည်။

fak melídí = အတောင်ဆန့်၍။

Boga = ဗျိုင်း။

saitó = ကြည့်ရှုရန်။

Dáijjáfuçí = ဒါဂ်ျဂျာချောင်း၏ ငါးဘဲဖြူ။ အညာဘက်က ဆင်းသက်လာသည့် ချောင်းကို ဒါဂ်ျဂျာချောင်းဟုလည်း ခေါ်သည်။

háddi roiyé = ချောင်းကြည့်နေသည်။

boga = ဗျိုင်း။ 

dóri háitó = ဖမ်းစားရန်အတွက်။

Lutifuk ór = ဖြုတ် ၏။

feth honránít = ဝမ်းကိုက်ဝေဒနာမှာ။ 

goru = နွား။

háiye = စားခဲ့သည်။

baçi = ကြိတ်ချေသည်။ 

Doñr-doñr = ကြီးမားသော။ ဧရာမ။ 

háñti = ဆင်။

morer = သေနေသည်။

fiyañrár = ပုရွက်ဆိတ်၏။

téñgot fori = ခြေနင်းခံရပြီး။ 

Masór = ငါး၏ ။

dhore = ကြောက်ရွံ့မှုကြောင့်။ 

zailla = တံငါသည်။ 

dáiye = ထွက်ပြေးသည်။

Noo = လှေ။

zal = ငါးဖမ်းပိုက်ကွန်။

eri = ထား၍၊ ပစ်ချ၍။ 

Mancór = လူတို့၏။

manúic = လူ။

luwar = ပုန်းကွယ်သည်။

mocóríte = ခြင်ထောင်ထဲမှာ

góli = ဝင်၍။ 



***

၅။ ကဗျာအရေးအဖွဲ့၊ ကဗျာနောက်ခံ၊ ရှင်းလင်းချက်


 ဒီ ဖာန်ချာရီကဗျာဟာ ခေတ်ရဲ့ ကမောက်ကမဖြစ်ပုံကို ဖော်ကျူးထားတဲ့ ရှေးစာဆိုတစ်ဦးရဲ့ တေးကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ အမိုက်တရားတွေက တဖြည်းဖြည်း ဖုံးလွမ်းလာလို့ ရှေးခေတ် အစဉ်အလာ ထုံးတမ်းဓလေ့နဲ့ လောကသဘာဝ၊ ယဉ်ကျေးမှုတွေ ပြောင်းလဲကာ ယဉ်ကျေးတဲ့လူဘောင်အဖွဲ့အစည်း ပျက်စီးနေပုံကို ဥပမာအဖွဲ့တွေနဲ့ ရသမြောက်အောင် စပ်ဆိုထားတာဖြစ်တယ်။ ဒီခေတ်ကာလကို သရော်ထားတဲ့ကဗျာနဲ့ လူတွေ အသိအမြင်ရလာအောင် ပျက်စီးယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှုကို အချိန်မီ ဆင်ဆင်ခြင်ခြင် ပြုပြင်နိုင်အောင် ကဗျာဆရာက နိုးဆော်ထားခြင်းဖြစ်ဟန်ရှိပါတယ်။ 


 ဖန်ချာရီကဗျာတွေဟာ ဟာသရသမြောက်အောင် ဖွဲ့ဆိုတဲ့ ကဗျာအမျိုးအစားဖြစ်တယ်။ ဖန်ချာရီကဗျာတွေကို ဘယ်ခေတ် ဘယ်ချိန်က စတင်ဖွဲ့ဆိုလာခဲ့တာကို အတိအကျဖော်ပြရန် ခဲယဉ်းပေမယ့် ခေတ်အဆက်ဆက်မှာတော့ ထိုကဗျာမျိုးကို တွေ့ရှိရပါတယ်။ မောင်ဘွဲ့မယ်ဘွဲ့ကဗျာလို ချစ်ရေးကြိုက်ရေးကို အလေးထားဖွဲ့ဆိုလေ့ရှိတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ဒီကဗျာမှာကျတော့ ထူးထူးခြားခြား ခေတ်ကလကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ဗြိတိသျှဇာပနာ (ကိုလိုနီခေတ်) နောက်ပိုင်းလောက်က ကဗျာလို့ ခန့်မှန်းနိုင်တယ်။ ဒေသနောက်ခံကျတော့ တောတောင်အင်းအိုင်တွေနဲ့ သာယာတဲ့ ကျေးလက်ဒေသလို့ ယူဆနိုင်တယ်။ ကဗျာမှာ တောတောင် တိရစ္ဆာန်တွေ၊ ကျေးငှက်တွေ၊ ငါးတွေနဲ့ ဥပမာပေး ဖွဲ့ဆိုထားတာကို လေ့လာခြင်းဖြင့် စာဆိုကလည်း ကျေးလက်ဒေသခံဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ကဗျာဖွဲ့ပုံကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ လင်္ကာတစ်ပိုဒ်မှာ စာနှစ်ကြောင်းစီနဲ့ စာတစ်ကြောင်းမှာ ပုဒ်(၆)ပုဒ်စီ သပ်သပ်ရပ်ရပ် ဖွဲ့ဆိုထားတယ်။ အသွားကလည်း ပြေပြစ်ချောမောလှတယ်။ ပါဒတိုင်းမှာ အကျိုးနဲ့အကြောင်းကို မျှအောင် စာဆိုက အားထုတ်ထားတာလဲတွေ့ရပါတယ်။ ကာရန်ရော ပုဒ်အရေအတွက်ရော ချိတ်ညှိထားလို့ ကဗျာဖွဲ့ပုံက စံထားနိုင်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။


ဒီ ဒါ့ဂ်ျဂျာပူရိ ဟဒ္ဒီရောယေ့ ကဗျာရဲ့ လေးနက်တဲ့ အနက်ကို ယေဘုယျအားဖြင့် လေ့လာကြည့်သော်-

ကဗျာအစပိုဒ်မှာ

"Bandorjjarlá buo ander dé undujja dóijje sáti Kuna beng dhúl bajjar dé tuttui zar boirati."

မျောက်မင်းရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက သတိုးသားအရံအဖြစ် တက်ရောက်ကာ သတို့သားကို ထီးဆောင်းပေးနေတယ်။ မင်္ဂလာပွဲ ပျော်ရေးရွှင်ရေးမှာ ဖားပြုပ်က ဗုံစည်တီးခတ်လျက် ပျော်မြူးကြတယ်။ အိမ်မြှောင်ကတော့ သတို့သမီးပင့်မယ့်အဖွဲ့နဲ့ လိုက်ပါသွားတယ် လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က အသား၊ အရောင် မတူကွဲပြားတဲ့ အမျိုးအချင်းချင်း တစ်ချိန်က စည်းလုံးညီညွတ်မှုရှိကြပုံ၊ သဟဇာတ အားကောင်းခဲ့ပုံကို ထင်ရှားစေတယ်။ မျောက်၊ ဖား၊ ကြွက်၊ အိမ်မြှောင် တစ်ကောင်နဲ့တစ်ကောင် မျိုးမတူ၊ နေထိုင်မှုစရိုက်သဘာဝမတူငြားလည်းပဲ ညီကိုမောင်နှမ အချင်းချင်းလို စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တဲ့ ရှေးခေတ်က စာဆိုစိတ်ကူးကို ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။ 

ကာလနောက်ကို ဖော်ပြရာမှာလည်း မျောက်တွေ မိတ်လိုက်တဲ့အချိန်၊ ထီးဆောင်းရတဲ့အချိန်၊ ဖားအော်တဲ့အချိန်ကို ကြည့်ခြင်းဖြင့် မိုးဦးရာသီဖြစ်ကြောင်း ထင်ရှားစေပါတယ်။ "zor o dér roit ó der, bandorja ré biyá der" ဆိုတဲ့ ဒီရှေးလင်္ကာက မိုးဦးကာလ နွေတလှည့်၊ မိုးတလှည့် ဖြစ်နေချိန်တွင် မျောက်တို့ မင်္ဂလာဆောင်တယ်လို့ ရှေးလူကြီးတို့ရဲ့ ယူဆချက်တစ်ခုကို ရှိတယ်။ အဲ့ဒါကို စာဆိုက ဒီကဗျာမှာ သရုပ်ဖော်ကာ အချင်းချင်း ညီညွှတ်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


 ပြီးတော့ ကဗျာဆရာက အခုခေတ်ဟာ အထက်က ဖော်ပြခဲ့တဲ့ ရွှေခေတ်နဲ့ မတူတော့တာကို- 

 "O bái ré… Sool soreddé murár bútor bak sorer ailot. Dessuá kuilá fiyaiñjja dórer noboyér gasót." 

အိုအဆွေ… ဆိတ်တွေကို တောင်ပေါ်မှာ ကျောင်းရပြီးတော့ ကျားတွေက လယ်ကွင်းထဲရောက်လာတယ်။ ဥဩငှက်၊ ငှက်တော်တွေကို စာကလေးတွေကခြောက်လို့ သစ်ပင်မှာတောင် မနားရဲတော့ဘူး လို့ ဖွဲ့ဆိုထားတယ်။ အခုခေတ်ဟာ ရှေးခေတ်လို ညီညွှတ်မှုမရှိတော့ဘူး။ စည်းလုံးမှု ပြိုကွဲသွားလို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပုံကို သရုပ်ဖော်ထားခြင်း ဖြစ်တယ်။ ဒါ့အပြင် အဘက်ဘက်မှာ အန္တရာယ်နဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖော်ပြထားတာဖြစ်တယ်။ လယ်ကွင်း၊ ကန်သင်းတွေမှာ ကျက်စားတဲ့ ဆိတ်တွေဟာ အခု တောင်ပေါ်တက် ကျောင်းနေရပြီ။ ကုန်းပေါ်မှာ သားရဲတိစ္ဆာန်တွေ ထွက်လာပြီးတော့ ရန်ပြုနေတော့ ယခင်ကလို လယ်ကွင်း ကန်သင်းမှာ မနေသာဘူး။ တောတက်ရလေတယ်။ ဆိတ်ခမျာ တောထဲမှာလဲ သားရဲတိရစ္ဆာန်ပေါ့တော့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ။ ကျားကလည်း ဆိတ်နေရာကို လုယူထားလို့ ချမ်းသာမှာတော့မဟုတ်ဘူး။ သူ့အတွက်လဲ အန္တရာယ်တွေ များလာတာပါပဲ။ နောက်တစ်ဖက်က တစ်နေရာတည်း အတူကျက်စားခဲ့တဲ့ ကျေးငှက်တွေလည်း အခု ညီညွှတ်မှု၊ လုံခြုံမှုမရှိတော့ဘူး။ လူတွေကို အသံနဲ့ သာယာစေတဲ့ ဥဩငှက်တွေ၊ နွားကျောကုန်းပေါ်မှာ နားကာ အဖော်ပေးတဲ့ ကျွဲနွားတွေမှာမှီကပ်တတ်တဲ့ ပိုးမွှားများကို စားသောက်ကာ သူ့အကျိုးပြုတတ်သော ငှက်တော်တွေတောင် စာကလေးလို ငှက်ကလေးကို ကြောက်နေရတော့တယ်။ လောကဟာ သူနေရာနဲ့ သူ မရှိတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်၊ တစ်စုကို တတစ်စု အကျိုးစီးပွားပျက်စီးအောင် ရန်ပြုတတ်တဲ့ ခေတ်ရေစီးနဲ့ မျောပါနေကြောင်း စာဆိုရဲ့ ထင်မြင်ချက်ကို စာဖတ်ဖတ်သူအား အို…အဆွေဟု တိုက်ရိုက်ပြောပြဟန်နဲ့ ထုတ်ဖော်ထားတာဖြစ်တယ်။ 


တဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာခဲ့ပုံကို- 

 " Bilai ré mas basádí buo giyé gói farat. Madal gasót dóri roiyé aiñthá kelar sóra."

ကြောင်ကို ငါးတွေ တုံးတစ်ခိုင်းလို့ အိမ်ရှင်မက ရွာထဲ ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ် လို့ ရေးစပ်ထားတယ်။ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကို တုံးတစ်ခိုင်းတာ၊ ငါးစောင့်ခိုင်းတာ ယုံလွယ်မှု၊ ဆင်ခြင်မှုနည်းတာမျိုး၊ လူတွေက ကိုယ့်တာဝန်ကျေပွန်မှု ပေါ့လျော့တာမျိုး ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ ပြီတော့ ဖြစ်ရိုးသဘာဝမရှိတဲ့ဟာလဲ ဖြစ်နေပုံကို ငှက်ပျော့သီးပင်မှာ ငှက်ပျော့သီးမသီးဘဲ ကိုယ်ထည်မှာ ဆူးပြည့်တဲ့ သစ်ပင်တွေမှာ သီးနေဟန်နဲ့ ဥပမာပေးထားတယ်။ သူတော်ကောင်းဟန်ဆောင်သူတွေက ဒုစရိုက်လုပ်ငန်း ဆောင်တာတွေနဲ့၊ ပညာရှင်တွေဆီကနေ ပညာ့ရောင်ခြည်မထွက်ဘဲ လူမိုက်အနံ့တွေ ဖြန့်ထွက်နေတဲ့ သဘောကို စာဆိုက ထုတ်ဖော်ထားတာဖြစ်ပါတယ်။


ပြီးတော့ သူတစ်ပါးကောင်းစားနေခြင်းကို မုဓိတာမပွားဘဲ မနာလိုစိတ်၊ ရာဂစိတ် ဖြစ်တည်လာပုံကို -

"Moyur naser fak melídí boga giyé saitó. Dáijjáfuçí háddi roiyé boga dóri háitó."

အတောင်ဆန့်ဆန့်ကနေတဲ့ ဒေါင်းကပွဲမှာ ဗျိုင်းကလေးက သွားကြည့်တယ်။ အဲ့ဒီဗျိုင်းကို ဒါဂ်ျဂျာချောင်းနေ ငါးဘဲဖြူက ဖမ်းစားဖို့ ချောင်းချိန်နေတယ်" လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို မနာလို ဝန်တိုပြီးတော့ မိမိကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့တတ်တာကို သရုပ်ဖော်ထားတာဖြစ်တယ်။ ဥဒေါင်းနဲ့ ဗျိုင်းတို့ မြူထူးသာယာနေတဲ့ဟာကို ငါးဘဲဖြူက မရှုဆိတ်နိုင်ဘူး။ မနာလိုဖြစ်ပြီးတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရန် ကြံစည်နေတာဖြစ်တယ်။ ဒီလို ဗျိုင်းကို သတ်စားနိုင်ဖို့ အကြံအစည်က ငါးဘဲဖြူရဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တာကိုတောင် ဝန်မလေးကြဘူးလို့  စာဆိုက အသိအမြင်ပေးထားတာဖြစ်တယ်။ 


အဲဒီနောက် လူတွေမှာ ကြည်ဖြူ ရိုးသားခြင်းထက်  မောက်မာ၊ ပြစားခြင်းကို အသာပေးနေတဲ့ စိတ်ယုတ်ဝင်လာပုံကို-

" Lutifukór feth honránít goru háiye baçi 

Dhoñr-dhoñr háñti morer, fiyañrár téñgot fori."

"ဖြုတ်ရဲ့ ဝမ်းကိုက်နာမှာ နွားအကောင်လိုက်ကြိတ်ချေပြီး ဆေးဖျော်လို့ သောက်သုံးခဲ့တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေရတော့တယ်" လို့ ဖော်ပြထားတယ်။ ဒီအပိုဒ်က အသေးအမွှား ကိစ္စတွေအတွက် အားအင်ငွေကြေး အဆမတန် သုံးစွဲတာ၊ မာန်မာနကြွားဝါးမောက်မာမှုတွကို အလေးထားလုပ်ဆောင်တာကို ထင်ရှားအောင် သရုပ်ဖော်ထားတာဖြစ်တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေနေရတယ်ဆိုတာကလဲပဲ ရာထူးအဆင့်အတန်း၊ ငွေကြေးတွေရဲ့ မာနအရှိန်ကြောင့် သက်ကြီးလူကြီးတွေရဲ့ ပြောဆိုဆုံးမ လမ်းညွှန်တာကို လူငယ်တွေက တန်ဖိုးမထားတော့ဘူး၊ အရိုအသေမပြုကြဘူး။ ရိုသေလေးစားတဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနေတယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့၊ ဘဝအတွေ့အကြုံများတဲ့ လူကြီးမိဘတွေကို လျစ်လျူရှုခံရပုံကို ဖွင့်ဆိုထားတာဖြစ်တယ်။ 


နောက်ဆုံးတွင် လောဘ၊ မောဟ၊ အမုန်းတရားများ လွမ်းမိုးလာပုံကို- 

" Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli."

ငါးတွေကို ကြောက်လို့ တံငါသည်က လှေ၊ ပိုက်ကွန်တွေ ပစ်ချပြီးတော့ ထွက်ပြေးရတယ်။ လူလူချင်းအတူတူဖြစ်ပေမဲ့ သားရဲတိရစ္ဆာန်ကြောက်သလို ကြောက်ပြီးတော့ ခြင်ထောင်အုပ်လို့ ပုန်းကွယ်နေရတော့တယ် လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ငါးက ငါးဖမ်းသမားတွေကိုမြင်လို့ ကြောက်ပြေးရမယ်အစား ငါးဖမ်းသမားကိုယ်တိုင် ထွက်ပြေးနေရတယ်။ လက်အောက်ငယ်သားတွေကို သူကြီးကိုယ်တိုင် ကြောက်နေရလောက်အောင် သစ္စာတရား ကင်းမဲ့နေတယ်လို့ တင်စား ရေးဖွဲ့ထားဟန်ရတယ်။ လူလူချင်းအတူတူဖြစ်ပေမယ့် လူတွေကို လူတွေက ကြောက်လန့်နေရတဲ့ ခေတ်ရောက်နေပြီ။ မောဟ လောဘ ဖုံးလွမ်းလို့ အမုန်းတရား၊ မနာလိုမှုတွေကြောင့် တစ်ဦးကိုတစ်ဦး နစ်နာဆုံးရှုံးစေတာ၊ အနိုင်ကျင့်ဖိနှိပ်တာ စတဲ့ဟာတွေကြောင့် ယခင်လို ခတ်ချစ်ချစ်ခင်ခင် ပေါင်းသင်းမနေထိုင်နိုင်တော့ဘဲ ရှောင်ရှောင် ဝေးဝေးနေရပုံကို ထင်ရှားပေါ်လွင်နေပါတယ်။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ခေတ်ကို သရော်ထားတဲ့ ဒီကဗျာမှာ ယိုယွင်းပျက်စီးနေတဲ့ လူ့ယဉ်ကျေးမှုတွေကို သိမြင်ထင်ရှားလာအောင် အဖွဲ့အစပ်စွမ်းရည်နဲ့ မွန်မြတ်တဲ့ အတွေးအခေါ်ဖြင့် စာဆိုက ထိထိမိမိ ဖော်ကျူးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သုံးသပ်တင်ပြပါတယ်။ 


- ရိုဟင်းကိန်း

(၁၇-၈-၂၀၂၂)

★★★★★★★★★★





Wednesday, August 31, 2022

အဆုံးသတ်ကတ်မေ

 



အဆုံးသတ်ကတ်မေ


မိတ်ဆွေ…

ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊ 

တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ

ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊ 

သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ

အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။


ဟုတ်ယင့်…

ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်

ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်

သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်


ယကေလေ့…

ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ

မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ

ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ

လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ

ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ

အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ

ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ

အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။


ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ

သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ

ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ

မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက

ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။


မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့

တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ

လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ

ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…

ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။ 



15-8-2022


Sunday, April 3, 2022

"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"

 


"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"


သမုဒ္ဒရာဝေ 

မြောင်း ခေါ်ချင်ကေခေါ်

ရွှေတွင်းဝေ

ကျုတ်ပွက် ခေါ်ချင်ကေခေါ်

ပတ္တမြားဝေ 

ရွဲခေါ်ချင်ကေခေါ်

ခွီးဟောင်လို့ 

လရောင်ပျောက်စော် ကြားဖူးလို့လား။


မိုးရွာလို့ ပျောက်တေ

တိမ်မဲမဟုတ်။ 

လီတိုက်လို့ ပျက်တေ

သဲပြင်က အရုပ်ချေမဟုတ်

နီပူလို့ အရီပျော်ရေ

ရီခဲတုံးလဲ မဟုတ်။

ကစ္ဆိပရင်ခွင်က ကျုတ်မနစ်ရေ

ပတ္တမြား အစစ်ဝေ။


ဇာလောက်ပင် မှောင်မှောင်

ဇာလောက်ပင် ညစ်ညစ်

ဇာလောက်ပင် ဖုံးဖုံး

နီနီရဲရဲ အရောင်ချေတိ

တရွှန်းရွှန်း တောက်ပဖို့စော်ဗျာယ်။


— လူထုဝဏ္ဏ

(၂၇-၃-၂၀၂၂)

Tuesday, February 1, 2022

မျှော်လင့်ချက်ရောင်ခြည်





" မျှော်လင့်ချက်ရောင်ခြည် "



ရောင်နီသန်းနေတဲ့ မျှော်လင့်ချက်တွေ 

တိတ်တိတ်ပုန်း ရှိနေသေးတာပေါ့

တစ်နေ့နေ့ ဖန်တီးရအောင် 

ဧဒင်ဥယျာဉ်သဖွယ် ပြည်တစ်ပြည် 

ဘယ်နှိပ်စက်ဖိနှိပ်မှုမှ မရှိတဲ့ပြည်

မတူကွဲပြားမှုကို ခွန်အားအဖြစ်

ဂုဏ်ယူမြတ်နိုးတဲ့ ပတ်ဝန်းကျင်လေး

အသက်ရှင်ခြင်းဟာ အပြစ်မဖြစ်စေရဘူး

ပျော်ရွှင်မှုရဲ့ ပန်းပွင့်တွေဝေဆာလို့

ငြိမ်းချမ်းမှုရဲ့ ရာသီမှာ အပြုံးနံ့တွေလှိုင်မယ်

ရောင်စုံအလှတရားတွေ မိုးလိုရွာကျလို့

အရာရာဟာ မြူးထူးလျက်နဲ့။



ဂူပိတ်ခံနေရတဲ့ မျှော်လင့်ချက်တွေ 

ခုလဲ နိုးနိုးနန့်နန့် ရှိသေးတယ်

တစ်နေ့နေ့ ဖန်တီးကြရအောင် 

မုသားတိမ်နက် ကင်းစင်တဲ့ပြည်

လူလူချင်းသတ်တဲ့ဓလေ့တွေ အမြစ်ပြတ်ပပျောက်လို့

ရှင်သန်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်စေရမယ်

သေခြင်းတရားလည်း အိုက်စပ်စပ် မဖြစ်စေရဘူး

အဲဒီပြည်ဟာ မင်းတို့လဲပိုင်ဆိုင်မယ်

အဲဒီပြည်ဟာ ငါတို့လဲပိုင်ဆိုင်မယ်

သွေးထွက်သံယိုတဲ့ပြိုင်ပွဲတော့ လုံးဝကင်းစင်မယ်

ဓမ္မအရိပ်အောက်မှာ အဓမ္မတွေ နေဝင်မိုးချုပ်လို့

တရားရင်ခွင်မှာ ချိန်ခွင်လျှာတည့်တည့်ရှိမယ်

ဥပဒေဟာ လေထုလို မျှမျှတတ သာယာလို့

အရာရာဟာ ဖြူစင်လျက်နဲ့။



ဟော့ဒီလိုပြည်တစ်ပြည် ဖန်တီးရအောင်

အဲဒီပြည်မှာ ငတ်မွတ်ခြင်းထက် ထမင်းဈေးပေါစေရမယ်။


— ရိုဟင်လေး


Sunday, January 9, 2022

နာတီယာ (ဓမ္မတေး)



 နာတီယာ (ဓမ္မတေး)


နာတီယာ တေးသည် ရိုဟင်ဂျာ ရိုးရာတေးများအနက် ထင်ရှားသော တေးတစ်မျိုးဖြစ်သည်။ ရိုဟင်ဂျာ ဓမ္မတေး တစ်မျိုးပင်ဖြစ်သည်။ ဘန်းဒါလီ (ယောဂီတေး)နှင့် နီးစပ်လှသည်။ ဘာသာ သာသနာနှင့် ဆက်စပ်သည့် အဆိုများကို ကာရန်ညှိ ဖွဲ့ဆိုသော တေးသီချင်းဖြစ်သည်။ နာတီယာတွင် ဘုရားရှင်၏ ဂုဏ်တော်များ၊ ဘာသာရေး အချီးအမွှမ်း စကားများ၊ တမန်တော်မြတ်၏ ဂုဏ်တော်များ၊ နိဗ္ဗာန်၏ အေးချမ်းသာယာဖွယ် အကြောင်းသတင်းများကို အများအားဖြင့် ဖွဲ့ဆိုလေ့ရှိသည်။ 


နာတီယာ အလွန်ရှေးကျသော တေးတစ်မျိုးဖြစ်သည်။ မည်သည့်ခေတ်က စတင်၍ သီဆိုလာခဲ့သည်ကို အတိအကျဖော်ပြရန် ခဲယဥ်းလှပေသည်။ သို့သော် အာရကန်ပြည်တွင် အစ္စလာမ်သာသနာ ထွန်းကားခဲ့စဥ်က စတင်သီဆိုလာခဲ့သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်သည်။ ယနေ့ခေတ် သီဆိုနေသော နာတီယာ ဓမ္မတေးများမှာမူ အိန္ဒိယမှ စိမ့်ဝင်လာသည်ကို တွေ့ရသည်။ 


နာတီယာတစ်ပုဒ်တွင် ရိုဟင်ဂျာစကားအပြင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟာဒီစ်တော်မှ အာရဗီ အကိုးအကားများလည်း တိုက်ရိုက်ထည့်သွင်း သီဆိုသည်ကို တွေ့ရသည်။ 


နာတီယာတစ်ပုဒ်တွင် တေး ခြေဆင်း ပါရှိသည်။ ကျမ်းစာမှ စာသားများ၊ အူရ်ဒူအကိုးအကားများကို ထည့်သွင်း၍ ခြေဆင်းအဖြစ် ဖွဲ့ဆိုကြသည်။ ဤအချက်သည် အခြားတေးများနှင့် သိသိသာသာ ကွဲပြားသွားစေသည်။ စာပိုဒ် ၄ ပိုဒ်မှ ၆ ပိုဒ်အထိ ပါရှိတတ်သည်။ နာတီယာတွင် စကားအသုံးအနှုန်းကို အလွန်သတိထား သုံးနှုန်းရသည်။ အားမနာတမ်း အသုံးအနှုန်းများ၊ ဗန်းစကားများကို ရှောင်ရသည်။ တေးလုံးများ တီးခတ်ခြင်းကိုလည်း ရှောင်ရသည်။ ဒါပ် ဆိုတဲ့ တူရိယာကို တစ်ခါတလေ တီးခတ်သည်ကို တွေ့ရသည်။ နာတီယာကို အများအားဖြင့် သာသနာ့ပညာတတ်မြောက်သော အာလိမ်များက သီဆိုလေ့ရှိသည်။ ဘာသာရေး အခမ်းအနားများ၊ ဂျလ်ဆာပွဲများ၊ သာသာရေး ရက်ကြီးခါကြီးများ၊ အလှူပွဲများတွင် သီဆိုကြသည်ကို တွေ့ရသည်။ 


အောက်ပါ စာဆို ဇာဖောရ်ကာဝစ် ဖွဲ့ဆိုခဲ့သည့် "မောနေ ဟောဒဲ့ မောဒီနာ ဇိုက်ဘာလ္လာ" နာတီယာ ကို လေ့လာကြည့်ရအောင်...


ခြေဆင်း


"Ya khuda ek din jazba ye aachiki

O karishma dekha ye to kiya baat hai.

Kamli wale ki kadomo me sar ho Mera

Aur muje moot aye to kiya baat hai.

Wo madina jo konene ka Taj hai

Jiska didar mumin ki mehraj hai

Zindegi me khuda haar musolmano ko

Wo nazara dekhaye to kiya baat hai."


တေးရင်း 


Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá

Allahumma Amin


Tui zodi sailé Khúda kessú nái mushkil

Hoto mancór monor acá fura oigil

Hon bosór oi bo añár Modinar dekha

Mone hoordé ehón Modina zaibollá

Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá


Haar bosór dilot rakóm zaibar ereda

Kintu añr dilor acá dilot tákiza

Lain dóri zargói félai Modinar kafélá

Mone hoordé ehón Modina zaibollá

Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá


Baitullah zailé zodi o Haji bai ól

Nobi sáfór rowza Modina té zarúr zaiyo

Añár durut sólam nobire hoibá

Mone hoordé ehón Modina zaibollá

Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá


Añár doiya nobijí Modina táké

Kintu ummotor fikír haar góñrí raké

Honó ufái nái ré nobijí sára

Mone hoordé ehón Modina zaibollá

Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá


Modinar gang coor ar nalá nodi

Añí suké sāifaritám ek jolok zodi

Añi óitám boro nosíb wala

Mone hoordé ehón Modina zaibollá

Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá



Monor acá fura gorí de Allah

Mone hoordé ehón Modina zaibollá.... Modina zaiballá.


— Jafar Kawish 



အဓိပ္ပာယ်ဖွင့်ဆိုချက်


"အို အရှင်မြတ်တော်... အချစ်တရား စွဲလန်းမှုရဲ့ အံ့ဖွယ်ရာကို တနေ့ပြသသော် အဘယ်လောက် ထူးခြားပါမလဲ

ကလိမာရှင်ရဲ့ ခြေတော်ရင်းမှာ ကျွန်တော်ရဲ့ ဦးခေါင်းချရင်း

ကျုပ်ထံ သေခြင်းတရားရောက်လာသော် အဘယ်လောက်ထူးခြားပါမလဲ

မဒီနာဟ်ရွှေမြို့တော်ဟာ စကြာဝဠာရဲ့ သရဖူးတော်

ယင်းကို ဖူးဖော်ခြင်းသည် မိုအ်မိန်တို့အဖို့ မဟ်ရဂျ်သဖွယ်ပင်

မွတ်စလင်တိုင်းကို မွန်မြတ်တဲ့အရပ်ကို ဖူးမော်ခွင့်ပေးခြင်းဟာ ဘယ်လောက် ထူးခြားပါမလဲ။"


နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

အရှင်မြတ်အလိုရှိသော် မည်သည့် အခက်အခဲမှ မရှိပေ

 အဘယ်လောက်လူသားတို့၏ အလိုဆန္ဒကို အရှင်ဖြည့်တော်မူခဲ့သည်

မဒီနာမြို့ကို အဘယ်နှစ်မှာ ဖူးမော်ခွင့်ရပါမလဲ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


နှစ်တိုင်း မဒီနာသွားဖို့ ဆန္ဒ စိတ်ထဲ ရည်စူးတယ်

သို့သော် ကျုပ်ရဲ့ဆန္ဒ စိတ်ထဲမှာပဲ ချန်ရစ်နေတယ်

မဒီနာဘုရားဖူး အုပ်စုတွေ တန်းစီလို့ သွားနေကြတယ်

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


အို ဟာဂျီတို့ရေ... ဘိုင်တုလ္လာသွားခဲ့သော် 

နဗီတော် လဲလျောင်းနေရာ မဒီနာကို အရောက်သွားခဲ့ပါ

ကျွန်ုပ်ထံမှ စလာမ်မေတ္တာ နဗီကို ပို့ပေးကြပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


ကျွန်ုပ်ရဲ့အချစ်တော် နဗီတော် မဒီနာမြို့မှာ နေတယ်

သို့သော် အုမသ်အတွက် အချိန်တိုင်း စဥ်စားလေ့ရှိတယ်

နဗီတော် မပါဘဲ ဘယ်လို့မှ လွှတ်ငြိမ်းခွင့်မရှိဘူး

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


မဒီနာရွှေမြို့တော်ရဲ့ မြို့ရွာနဲ့ အင်းအိုင်မြစ်

လျှပ်တပြက်မျှ ဖူးမြော်ခွင့်ရခဲ့သော်

ငါဟာ မဟာကံကြီးရှင်လို့ ကျေနပ်လိမ့်မယ်

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်

နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ

မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်


ဂျာဖော်ရ် ကာဝစ်


ဤနာတီယာ တေးတွင် မဒီနာရွှေမြို့တောိကို ကိုယ်တိုင်သွားရောက် ဖူးမော်လိုသော ပုဂ္ဂိုလ်တစ်ဦးက ဘုရားရှင်ကို တိုက်ရိုက် တိုင်တည်ပြောဆိုရင်း မိမိ၏ နှလုံးသားထဲမှ ပြင်းပြနေသည့်ဆန္ဒါကို ဖော်ပြနေဟန် ဖွဲ့ဆိုထားသည့် နာတီယာတစ်ပုဒ်ဖြစ်သည်။ 



— ရိုဟင်းကိန်း

(၄-၀၁-၂၀၂၂)






Wednesday, December 29, 2021

BORABORI




 Borabori


Lekóya- RohangKing


Tor gán ó foran

Mor gán ó foran

Zate zat fiyáñrar gañt

Ek dhuwar ek baañc

Lotar nocá háñt gañrát


Sam rong aladá boli

Rosóm biccáic síra boli

Foicá khorí beec-hom boli

Modda miyali forok boli

Giyañt gucthí bári boli

Usol niso mafa-mafi


Tui moille yó meçi

Mui moille yó meçi


# Burmese Translation


" တန်းတူမှု "


မင်းဟာလဲ အသက်

ငါ့ဟာလဲ အသက်ပဲလေ

မျိုးတူပုရွက်ဆိတ် တစ်တွင်းတည်းစုသလို

ဝါးရုံတစ်ရုံက ဝါးပင်တူတွေ

နွယ်တက်အညွှန့် အသွယ်သွယ်နဲ့


အသားအရောင် မတူခြားလို့

ယုံကြည်မှုဓလေ့ ခြားနားလို့

ငွေကြေးဥစ္စာ မညီမျှလို့

အဖိုအမ ကွဲပြားနေလို့

ဆွေမျိုးရင်းချာ ထူထပ်လို့

အဆင့်အတန်း ချိန်တွယ်သေးသတဲ့


မင်းသေရင်လဲ မြေကြီး

ငါသေရင်လဲ မြေကြီးပဲလေ။


ရေးသူ- ရိုဟင်းကိန်း




Wednesday, February 24, 2021

ဒါလ် (နတ်တေး)

 


ဒါလ် (နတ်တေး)


ဒါလ်တေးများမှာ ရှေးကျတဲ့ ရိုဟင်ဂျာတေးတစ်မျိုး ဖြစ်ပါတယ်။ ဒီတေးကို နတ်ကပွဲတွေမှာ တွေ့ရှိရတာ ဖြစ်တယ်။  ဂိုဏ်းဆရာတွေကပဲ ကိုယ်တိုင်ဖွဲ့ဆိုတာဖြစ်တယ်။ ဒါလ်တေးအကြောင်း မဖော်ပြမီ နားလည်ရလွယ်ကူအောင် နတ်ကပွဲအကြောင်း နည်းနည်း မိတ်ဆက်ပေးပါရစေ။ 

ဆေးပညာမထွန်းကားမီ ရှေးရိုဟင်ဂျာတို့က မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းရလာတဲ့ ဆေးမြီးတိုများ၊ တိုင်းရင်းဆေးများကို အသုံးပြုကာ ရောဂါဘယ ကုသခဲ့ကြတယ်။ အချို့ရောဂါများကိုမူ စုန်း၊ နတ်၊ မကောင်းဆိုးဝါးကြောင့် ဖြစ်တယ်လို့ ယူဆကြတယ်။ နတ်ပူးတယ်၊ မှော်ဝင်စားတယ်၊ ဆေးခပ်ခံရတယ် စသည်ဖြင့်ပေါ့။ အဓိကအားဖြင့် စိတ်ဝေဒနာရှင်တွေဆိုရင် ဆေးခပ်ခံရတယ်လို့ ဒဲ့ပြောတာပဲ။ ဒီလိုမျိုးရောဂါတွေကို တိုင်းရင်းဆေးတွေနဲ့ မနိုင်တော့ ဘိုဣဒေါလို့ ခေါ်တဲ့ ပယောဂဆရာ၊ ဂိုဏ်းဆရာ၊ အောက်လမ်းဆရာတို့နဲ့ ကုသတာ အဲဒီခေတ်မှာ ခေတ်စားခဲ့တယ်။ သူခေတ်နဲ့သူပေါ့။ တစ်ညလုံ ဗုံသံတညံညံနဲ့ နတ်ပွဲတွေလုပ်ကြလေ့ရှိခဲ့တယ်။ 

အဲဒီဂိုဏ်းဆရာတို့က အောက်လမ်းပညာနဲ့ ဆေးမိခံသူကို ဆေးဖြေတယ်။ ကိုယ်လုံအကာ ထိုးပေးတယ်။ အောက်လမ်းနည်းတွေက အဆောင်တွေမန်းမှုတ်ပေးတာ၊ ဘုရားစာတွေကို အပြန်ရွတ်တာရေးတာ၊ ကိန်းကဏန်းတွေကို ဇယားသွင်းတာ၊ အံဌ် ခေါ်တဲ့ နတ်ပွဲ တည်တာ စတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ အသိဉာဏ်တရား တိုးတက်လာပြီ။ အောက်လမ်းပညာတွေဟာ သင့်လျော်မှန်ကန်တဲ့နည်းလမ်း မဟုတ်ကြောင်း သိလာကြတယ်။ မယုံကြတော့ဘူး။ ဒါနဲ့ အောက်လမ်းကုသနည်းတွေလည်း ပျောက်ကွယ်လာနေတယ်။ နည်းနည်းပါးပါး ရှိတဲ့ဟာလည်း အလိမ်စားပဲ များတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အံဌ် လို့ခေါ်တဲ့ နတ်ပွဲကနေ ဂါစနာစ် လို့ခေါ်တဲ့ နတ်အကတွေ၊ ဒါလ် လို့ခေါ်တဲ့ နတ်တေးတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်ချိန်က စပေါ်ခဲ့တာတော့ တိတိကျကျ ပြောဖို့ခက်တယ်။ ဒီဓလေ့တွေဟာ နတ်ကိုးကွယ်မှုကနေတဆင့် ကူးဆက်လာတယ်လို့ ခန့်မှန်းနိုင်တယ်။ 

နတ်ပွဲတွင် ဘိုဣဒေါ (ဂိုဏ်းဆရာ)နဲ့ ဂါစ(နတ်ကဆရာ) ဆိုလို့ အဓိက နှစ်ဦးပါဝင်တယ်။ နတ်တေးကို ဂါစက နတ်အက ကတဲ့အခါ တေးလုံးခတ်ပေးနေတဲ့ ဂိုဏ်းဆရာနဲ့ အပြန်အလှန် အချီအချညီ သီဆိုရတာ ဖြစ်ပါတယ်။ အချီပိုဒ်ကို ဂိုဏ်းဆရာက ဆိုရတယ်။ နတ်ကဆရာက ကရင်းခုန်ရင်း အချပိုဒ်တွေကို သီဆိုတယ်။ ဒါလ်ေတးမှာ စာပိုဒ်အရေအတွက်ကတော့ အထိအကျ မရှိပါဘူး။ မူရင်းဒါလ်တေးကိုပင် နေရာနဲ့အခြေအနေအလိုက် စာသားတွေဖြည့်စွက်ကာ သီဆိုကြတာများတယ်။ 

ဒါလ်တေးတွင် ဆုတောင်းစကားတွေ၊ ဆရာတပည့်အချေအတင် စကားဝှက်တွေ၊ စုန်းနတ်တို့ကို ခြိမ်းခြောက်စကား၊ အသနားခံစကားတွေ ပါရှိတတ်တယ်။ ဒီနတ်တေးကို ဂိုဏ်းဆရာနဲ့တပည့် အချင်းချင်း ဆက်သွယ်တဲ့ ကိရိယာအဖြစ်အသုံးပြုကြတယ်။ ဘေးလူတွေ နားမလည်နိုင်အောင် စကားဝှက်များကို အသုံးပြုကြပါတယ်။  ဒီစကားဝှက်တွေကြောင့် နတ်တေးကို လူတိုင်း မှတ်သားထားဖို့ မလွယ်ကူချေ။ အသွားေကာင်းပေမဲ့ အချို့တေးစာသားတွေ မပီမပြင် စကားဝှက်တွေကြောင့် နားလည်းရခက်ခဲလို့ တေးကဗျာချစ်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု သိပ်မကောင်းလှပေ။ 

ဒါလ်တေးတွေဟာ အောက်လမ်းသမား အသိုင်းအဝိုင်းမှာ တစ်ဦးကနေတစ်ဦး သင်ယူခြင်းဖြင့် ယနေ့အထိ ခရီးပေါက်လာခြင်း ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တို့ လေ့လာနိုင်အောင် "ခုဒါဘောရော ထူနာဒေါရော့" အမည်ရှိတဲ့ ဒါလ်တေးတစ်ပိုဒ်ကို အောက်တွင်ဖော်ပြပေးလိုက်တယ်။



"Khúda boro Thuna doro"


(Mui Gura goillum hazar Salam, tuañr murobbir uore)  ××Boiddo××

Bissimillá forí ré Allah, ban thuna de harido

Khúda boro thuna doro, Allah raham goille ré

Bissimillá forí re, hari fillúm gun é ré


(Allah ye fare insaane nofare, tuañre zanai dibolla)  ××Boiddo××

Allahr keramoti loiyaré, gojjúm sárhar lé

O Allah ré. o Rosul le, tuñi de rahám goilla ré

Allahr keramotir gune, ban thuna de haittum Le


(Enaye bari amotor saiye bíra ré gori bolla)  ××Boiddo××

Házir e maillo cotká salan, bíra barir bítoré

Hala kurá oinor kune, oñcár dinór beil tiké 

Allahr keramotir fozólé, ban hariza hán hán Le


— Dhal | Osin Shayer



စာပိုဒ်တိုင်းတွင် ပထမအချီကို ဂိုဏ်းဆရာ ××Boiddo×× က ဆိုရပြီး ကျန်ပါဒတွေကို ဂါစ နတ်ကဆရာက သီဆိုရသည်။ 


— လူထုဝဏ္ဏ (ရိုဟင်းကိန်း)

(၂-၁၁-၂၀၂၀)



Sunday, February 7, 2021

ရွှေဘုန်းရှိန်ဗလီ


" အမရပူရရောက် အာရကန်မွတ်စလင်များနဲ့ ရွှေဘုန်းရှိန်ဗလီ " 


ရွှေဘုန်းရှိန်ဗလီသည် ဘိုးတော်ဘုရားလက်ထက်တွင် အာရကန်မွတ်စလင်များ တည်ဆောက်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဝတ်ပြုကျောင်းတစ်ကျောင်းဖြစ်သည်။ 

ယနေ့တိုင် ထိုဗလီ၏ ဝိုဇူရေကန်ဘေးမှာ ခင်းထားတဲ့ တာရာဇိုတွေက ယခင် မန္တလေးဈေးချို ၁၂ ရုံမှာ ခင်းထားခဲ့သည့် တာရာဇိုတွေ အတိုင်း မပျက်မစီးအကောင်းပကတိ တွေ့ရှိရသည်။    

အုတ်နဖူးစည်းမှာထိုးထားသည် ခုနှစ်မှာ ၁၉၂၄ ခုဟု ရေးထွင်ထားသဖြင့် ယခုနှစ်ဆိုလျှင် နှစ်တစ်ရာပြည့်ဖို့ ၁ နှစ်ပဲလိုတော့သည်။ ဗလီကြီးကလည်း အုတ်ထုထည်ကောင်းကောင်းနဲ့ ဆောက်ထားခဲ့သဖြင့် အခုထိ ခန့်ထည်စွာ ရှိနေပြီး ဗိသုကာလက်ရာက ကိုလိုနီခေတ်လက်ရာဖြစ်ပါသည်။

ဝိုဇူရေကန်၏အနက်က မန္တလေးပတ်ဝန်းကျင်မှာ ရှိသော ဗလီဝိုဇူရေကန်များထဲမှာ အနက်ဆုံးဖြစ်မည်ဟု ထင်ရသည်။ အနက် ၅ ပေကျော်လောက်ရှိပါသည်။

ရွှေဘုန်းရှိန်ဗလီကြီးက မန္တလေးမြို့သက်တမ်းထက် ၇၄ နှစ်စောပြီး တည်ရှိနေခဲ့သဖြင့် အခုဆိုလျှင် သက်တမ်း ၂၃၈ နှစ် ရှိနေပါပြီ။

ဗလီ၏သမိုင်းရာဇဝင်က ၁၇၈၄ ခုနှစ်မှာ ဘိုးတော်ဗဒုံမင်းက သူ၏သားတော် အိမ်ရှေ့စံရွှေတောင်မင်းကို ဓညဝတီရခိုင်ပြည်ကို သွားရောက်သိမ်းယူစေခဲ့ရာက မဟာမုနိရုပ်ရှင်တော်နှင့် တကွ ရခိုင်ပညာရှင်သုံ့ပန်း သုံးသောင်းကျော်ကို အမရပူရနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ရာ အစ္စလာမ်ဘာသာဝင် လေးသည်တော်၊ ပန်းပုပညာရှင်၊ ကျောက်ဆစ်ပညာရှင် တစ်ထောင်ကျော်လည်း ပါလာခဲ့ကြပါသည်။

အမရပူရနေပြည်တော်၏ မြောက်ဘက် ယခု မန္တလေး မတည်ရသေးသည့်နေရာမှာ ဘုရားကြီးကို တည်ထားခဲ့ပါသည်။

အစ္စလာမ်ဘာသာဝင် ပန်းပုပညာရှင်များနဲ့ လေးသည်တော်များကိုလည်း ဘုရားနှင့် အနီးတဝိုက်မှာ နေရာချပြီး နေစေခဲ့ပါသည်။

ဘုရားကြီးဆောက်လုပ်နေစဉ် ဘိုးတော်ဘုရားက လာရောက်ကြည့်ရှု့ရာ အာရကန်မှ ခေါ်ဆောင်လာသည့် တပ်မှူးဉီးရွှေအိုးအား မတွေ့ရသဖြင့် မေးမြန်းခဲ့ရာမှ ဦးရွှေအိုး ပြန်ရောက်လာ၍ မိမိတို့ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နေ့စဉ် တစ်နေ့ ငါးကြိမ်ဝတ်ပြုရကြောင်း၊ ဝတ်ပြုသောအခါ အမျိုးသားများမှာ ဝတ်ပြုကျောင်းတော်များတွင်လည်းကောင်း၊ အမျိုးသမီးများမှာ မိမိတို့နေအိမ်များတွင်လည်းကောင်း ဝတ်ပြုရသဖြင့် အမရပူရဘက်သို့သွားရောက်ဝတ်ပြုနေကြောင်း သံတော်ဦးတင်လျှောက်ထားခဲ့ပါသည်။

ဘိုးတော်ဘုရားကလည်း ဝတ်ပြုရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ဘုရားကြီး၏မြောက်ဘက် မြင်းဝန်မင်းကြီးတိုက်၏ တောင်ဘက် သင့်မြတ်ကောင်းမွန်သောနေရာတွင် ဝတ်ပြုကျောင်းတစ်ဆောင် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဉီးရွှေအိုး နှင့် အမှုထမ်းများအား ရွေးချယ်၍ ဘုရားကြီး၏ ရွှေတံခါးသော့ကိုင် ရာထူးဂုဏ်ထူးများပေးအပ်ခဲ့ပါသည်။

ဘုန်းရှိန်ဝါ ကြီးမြတ်သောသူတို့အတွက် ဝတ်ပြုရာနေရာဖြစ်၍ ရွှေဘုန်းရှိန်ဗလီ အမည်နာမဘွဲ့တော်ကို ဘုရင်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့သည်ဟု ဆိုသည်။

ဘုရားကြီးစောင်းတန်းများမှာလည်း ထီးခရိုင်ကုန်သည်များ၊ နံ့သာဖြူကုန်သည်များ၊ အမွှေးတိုင်ကုန်သည်များအဖြစ် ဘုရင်အဆက်ဆက် အသိအမှတ်ပြုခဲ့၍ ရောင်းဝယ်ဖောက်ကားခဲ့ကြပါသည်။

ပထမဆောက်လုပ်ခဲ့သော ဝတ်ကျောင်းတော်မှာ ဝါးဗလီဝတ်ကျောင်းတော်သာ ဖြစ်ခဲ့သည်။

ရွှေဘုန်းရှိန်ဗလီ နှင့်အတူ တည်ဆောက်ခဲ့သော ဗလီများမှာ ကံရွာဗလီ၊ သိုးခြံရွာဗလီ၊ တောင်မြင့်ဗလီ၊ ဝေသာလီဗလီများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများမှာ တွေ့ရပါသည်။

မဟာမုနိဘုရားကြီးနှင့် ရွှေဘုန်းရှိန်ဗလီ တို့ကနေ မြောက်ဘက်ကို ဆက်သွားလျှင် အမရပူမြောက်ပြင်သုသာန်ကို ရောက်သည် (အခု အ.ထ.က ၁၃ ကျောင်း နေရာတဝိုက်)။ ရွှေဘုန်းရှိန်ဗလီ ဝင်းအတွင်း ရခိုင်နောက်ဆုံးဘုရင်၏ ဂူလည်း တည်ရှိခဲ့သည်ဟုဆိုသည်။

ရခိုင်နန်းကျဘုရင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား အမရပူရသို့ ရောက်ရှိစဉ်က ဘုရင်အား ညီတော် ပခန်းမင်းသား၏ နေအိမ်တွင် နေထိုင်စေပြီး ဘုရင်၏ တန်ဆောင်မိဖုရားကြီး မြသန္တာ၏ အလှအပကို ရစ်မူးသော ပဒုံးမင်းက မိဖုရားကို သိမ်းယူပြီးနောက် ဘုရင်သည် မဟာမုနိဘဏ္ဍာတိုက်ကိုစောင့်ရသော ရွှေဘုန်းရှိန်ရွာ၊ ခိုင်ရွာရှိ လေးသည်တော်တပ်မှူးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ရာက ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (မွန်းတည့်နေ စာစောင် အတွဲ (၁)၊ အမှတ်စဉ် (၄၈)၊ ၂၄-၁၁-၂၀၁၃ ရက်နေ့ထုတ် မောင်ကြော့ဦး၏ ဆောင်းပါးကို ကြည့်)

ဘုရင် အာမာတုလ္လာရှား ကွယ်လွန်သည့်အခါ ထို ရွှေဘုန်းရှိန် ဗလီဝင်းအတွင်း သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခု ရွှေဘုန်းရှိန်ဗလီ ထပ်မံ မီးသင့်ခံရာတွင် ဘုရင်အာမာတုလ္လာရှား၏ ဂူလည်း မီးထဲပါသွားခဲ့လေသည်။ ၄နောက်ပိုင်းတွင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား၏ ရာဇာဝင် အတ္ထုပ္ပတ္ထိကို ကျောက်စာတိုင်ဖြင့် ကမ္ပည်းထိုးထားခဲ့သည်။ (The Burmanization of Myanmar Muslims By Jean A. Berlie, စာမျက်နှာ ၅၁ တွင်ကြည့်)

မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တည်ပြီးသည့်အခါ မန္တလေးမြို့နယ်နိမိတ်ထဲကို ရောက်ရှိခဲ့ပြီး သီပေါမင်း လက်ထက် ၁၈၇၉ ခုနှင့် ၁၈၈၄ ခုတို့မှာ မဟာမုနိဘုရားကြီးနှင့်အတူ မီး ၂ ကြိမ် သင့်ခဲ့ပါသည်။

၁၈၈၅ ခုမှာ ကျွန်းပျဉ်ထောင်ဗလီအဖြစ်ဆောက်ခဲ့ရာမှ နှစ်ကာလကြာမြင့်လာပြီး ပျက်စီးယိုယွင်းခဲ့၍ ၁၉၂၁ ခုမှာ အခုလက်ရှိ အုတ်ဗလီကြီးကိုစတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ကြရာ ၁၉၂၄ ခုမှာ အလုံးစုံပြီးစီးခဲ့ပါသည်။

၁၉၄၂ ခု ဒုတိယကမ္ဘာစစ်မီးက ကင်းလွတ်ခဲ့၍ နှစ်ပေါင်း ၉၉ နှစ် ထုထည်ခိုင်မာစွာ ရှိနေခဲ့ပြီး အခုနောက်ပိုင်း ဂျမာအတ်အင်အားနည်းပါးလာည်ကိုလည်း ဝမ်းနည်းစွာတွေ့ရမြင်ရပါသည်။

ဗလီကြီး၏ အရှေ့ဘက်မှာ အာရကာနီမွတ်စလင်တို့၏မျိုးဆက်များ အစဉ်အဆက်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်ကဖယ်ရှားခံခဲ့ရပါသည်။

ရှေးမြန်မာမွတ်စလင်များ နှစ်ပေါင်းရာနှင့်ချီပြီး မျိုးစေ့ချပေးခဲ့၍ ဝတ်ပြုခဲ့ကြသည့် ရှေးဗလီကြီးကို သွားရောက်ဖူးမော်လေ့လာသင့်ပါသည်။


— RK


မှတ်ချက် ---

ဟာဂျီထက်နောင်ဉီး( စိန်နီ) ၏ ပို့စ်နှင့် ထပ်မံတည်းဖြတခဲ့သည်။



Monday, November 2, 2015

Dhéñr Abas (မောင်းထောင်းသံ)




Dhéñr Abas

by RohangKing

Fátiyá dúrusór age age,
dhéñr abas fotti góré.
Farar bubu dhéñr fataye,
fuwa keñlot loi follók .
Siyon hoóñlá mugót raké,
uçá lama tale tale.
Dúb---dub, dúb---dub,
dhéñr abas fotti góre.

Gurir roñge dúb zuri,
saloin loi boi matá dórí.
Soidár agé hát foólótdi,
aillát di tulé húñcíyárí.
Dhéñr matá gáconít bazé,
vela rocór tale súre.
Dúb---dub, dúb---dub,
dhéñ abas fotti góré.

Gura fuwain fool óizagói,
dhéñr sorár moza loi.
Kila dóri fatat bōi,
kuíñrór sourér dúb-dub hoi.
Ek zonor age ek zone boiyé,
firár acá mone mone.
Dúb---dub, dúb---dub,
dhéñr abas fotti góré.

Abas fúní dada ye,
fusár gorér ki óiye.
Hoiñssa dadi juwab de,
hoi faróné Fátiya de.
Gotobaror fiçár monote,
leccúa aiyé gale gale.
Dúb---dub, dúb---dub,
dhéñr abas fotti góré.
✏✏✏✏✏✏✏✏✏✏✏✏✏✏