နာတီယာ (ဓမ္မတေး)
နာတီယာ တေးသည် ရိုဟင်ဂျာ ရိုးရာတေးများအနက် ထင်ရှားသော တေးတစ်မျိုးဖြစ်သည်။ ရိုဟင်ဂျာ ဓမ္မတေး တစ်မျိုးပင်ဖြစ်သည်။ ဘန်ဒါလီ (ယောဂီတေး)နှင့် နီးစပ်လှသည်။ ဘာသာ သာသနာနှင့် ဆက်စပ်သည့် အဆိုများကို ကာရန်ညှိ ဖွဲ့ဆိုသော တေးသီချင်းဖြစ်သည်။ နာတီယာတွင် ဘုရားရှင်၏ ဂုဏ်တော်များ၊ ဘာသာရေး အချီးအမွှမ်း စကားများ၊ တမန်တော်မြတ်၏ ဂုဏ်တော်များ၊ နိဗ္ဗာန်၏ အေးချမ်းသာယာဖွယ် အကြောင်းသတင်းများကို အများအားဖြင့် ဖွဲ့ဆိုလေ့ရှိသည်။
နာတီယာ အလွန်ရှေးကျသော တေးတစ်မျိုးဖြစ်သည်။ မည်သည့်ခေတ်က စတင်၍ သီဆိုလာခဲ့သည်ကို အတိအကျဖော်ပြရန် ခဲယဥ်းလှပေသည်။ သို့သော် အာရကန်ပြည်တွင် အစ္စလာမ်သာသနာ ထွန်းကားခဲ့စဥ်က စတင်သီဆိုလာခဲ့သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်သည်။ ယနေ့ခေတ် သီဆိုနေသော နာတီယာ ဓမ္မတေးများမှာမူ အိန္ဒိယမှ စိမ့်ဝင်လာသည်ကို တွေ့ရသည်။
နာတီယာတစ်ပုဒ်တွင် ရိုဟင်ဂျာစကားအပြင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟာဒီစ်တော်မှ အာရဗီ အကိုးအကားများလည်း တိုက်ရိုက်ထည့်သွင်း သီဆိုသည်ကို တွေ့ရသည်။
နာတီယာတစ်ပုဒ် တေး ခြေဆင်း ပါရှိသည်။ ကျမ်းစာမှ စာသားများ၊ အူရ်ဒူအကိုးအကားများကို ထည့်သွင်း၍ ခြေဆင်းအဖြစ် ဖွဲ့ဆိုကြသည်။ ဤအချက်သည် အခြားတေးများနှင့် သိသိသာသာ ကွဲပြားသွားစေသည်။ စာပိုဒ် ၄ ပိုဒ်မှ ၆ ပိုဒ်အထိ ပါရှိတတ်သည်။ နာတီယာတွင် စကားအသုံးအနှုန်းကို အလွန်သတိထား သုံးနှုန်းရသည်။ အားမနာတမ်း အသုံးအနှုန်းများ၊ ဗန်းစကားများကို ရှောင်ရသည်။ တေးလုံးများ တီးခတ်ခြင်းကိုလည်း ရှောင်ရသည်။ ဒါပ် ဆိုတဲ့ တူရိယာကို တစ်ခါတလေ တီးခတ်သည်ကို တွေ့ရသည်။ နာတီယာကို အများအားဖြင့် သာသနာ့ပညာတတ်မြောက်သော အာလိမ်များ သီဆိုလေ့ရှိသည်။ ဘာသာရေး အခမ်းအနားများ၊ သာသာရေး ရက်ကြီးခါကြီးများ၊ အလှူပွဲများတွင် သီဆိုကြသည်ကို တွေ့ရသည်။
အောက်ပါ စာဆို ဇာဖောရ်ကာဝစ် ဖွဲ့ဆိုခဲ့သည့် "မောနေ ဟောဒဲ့ မောဒီနာ ဇိုက်ဘာလ္လာ" နာတီယာ ကို လေ့လာကြည့်ရအောင်...
ခြေဆင်း
"Ya khuda ek din jazba ye aachiki
O karishma dekha ye to kiya baat hai.
Kamli wale ki kadomo me sar ho Mera
Aur muje moot aye to kiya baat hai.
Wo madina jo konene ka Taj hai
Jiska didar mumin ki mehraj hai
Zindegi me khuda haar musolmano ko
Wo nazara dekhaye to kiya baat hai."
တေးရင်း
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Allahumma Amin
Tui zodi sailé Khúda kessú nái mushkil
Hoto mancór monor acá fura oigil
Hon bosór oi bo añár Modinar dekha
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Haar bosór dilot rakóm zaibar ereda
Kintu añr dilor acá dilot tákiza
Lain dóri zargói félai Modinar kafélá
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Baitullah zailé zodi o Haji bai ól
Nobi sáfór rowza Modina té zarúr zaiyo
Añár durut sólam nobire hoibá
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Añár doiya nobijí Modina táké
Kintu ummotor fikír haar góñrí raké
Honó ufái nái ré nobijí sára
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Modinar gang coor ar nalá nodi
Añí suké sāifaritám ek jolok zodi
Añi óitám boro nosíb wala
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá
Monor acá fura gorí de Allah
Mone hoordé ehón Modina zaibollá.... Modina zaiballá.
— Jafar Kawish
အဓိပ္ပာယ်ဖွင့်ဆိုချက်
"အို အရှင်မြတ်တော်... အချစ်တရား စွဲလန်းမှုရဲ့ အံ့ဖွယ်ရာကို တနေ့ပြသသော် အဘယ်လောက် ထူးခြားပါမလဲ
ကလိမာရှင်ရဲ့ ခြေတော်ရင်းမှာ ကျွန်တော်ရဲ့ ဦးခေါင်းချရင်း
ကျုပ်ထံ သေခြင်းတရားရောက်လာသော် အဘယ်လောက်ထူးခြားပါမလဲ
မဒီနာဟ်ရွှေမြို့တော်ဟာ စကြာဝဠာရဲ့ သရဖူးတော်
ယင်းကို ဖူးဖော်ခြင်းသည် မူအ်မိန်တို့အဖို့ မဟ်ရဂျ်သဖွယ်ပင်
မွတ်စလင်တိုင်းကို မွန်မြတ်တဲ့အရပ်ကို ဖူးမော်ခွင့်ပေးခြင်းဟာ ဘယ်လောက် ထူးခြားပါမလဲ။"
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
အရှင်မြတ်အလိုရှိသော် မည်သည့် အခက်အခဲမှ မရှိပေ
အဘယ်လောက်လူသားတို့၏ အလိုဆန္ဒကို အရှင်ဖြည့်တော်မူခဲ့သည်
မဒီနာမြို့ကို အဘယ်နှစ်မှာ ဖူးမော်ခွင့်ရပါမလဲ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှစ်တိုင်း မဒီနာသွားဖို့ ဆန္ဒ စိတ်ထဲ ရည်စူးတယ်
သို့သော် ကျုပ်ရဲ့ဆန္ဒ စိတ်ထဲမှာပဲ ချန်ရစ်နေတယ်
မဒီနာဘုရားဖူး အုပ်စုတွေ တန်းစီလို့ သွားနေကြတယ်
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
အို ဟာဂျီတို့ရေ... ဘိုင်တုလ္လာသွားခဲ့သော်
နဗီတော် လဲလျောင်းနေရာ မဒီနာကို အရောက်သွားခဲ့ပါ
ကျွန်ုပ်ထံမှ စလာမ်မေတ္တာ နဗီကို ပို့ပေးကြပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
ကျွန်ုပ်ရဲ့အချစ်တော် နဗီတော် မဒီနာမြို့မှာ နေတယ်
သို့သော် အုမသ်အတွက် အချိန်တိုင်း စဥ်စားလေ့ရှိတယ်
နဗီတော် မပါဘဲ ဘယ်လို့မှ လွှတ်ငြိမ်းခွင့်မရှိဘူး
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
မဒီနာရွှေမြို့တော်ရဲ့ မြို့ရွာနဲ့ အင်းအိုင်မြစ်
လျှပ်တပြက်မျှ ဖူးမြော်ခွင့်ရခဲ့သော်
ငါဟာ မဟာကံကြီးရှင်လို့ ကျေနပ်လိမ့်မယ်
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
နှလုံးသားရဲ့ အလိုတော်အား ဖြည့်စွက်ပေးတော်မူပါ
မဒီနာရွှေမြို့တော်ကို အခုချက်ချင်း ဖူးမော်လိုသည်
— ဂျာဖော်ရ် ကာဝစ်
ဤနာတီယာ တေးတွင် မဒီနာရွှေမြို့တောိကို ကိုယ်တိုင်သွားရောက် ဖူးမော်လိုသော ပုဂ္ဂိုလ်တစ်ဦးက ဘုရားရှင်ကို တိုက်ရိုက် တိုင်တည်ပြောဆိုရင်း မိမိ၏ နှလုံးသားထဲမှ ပြင်းပြနေသည့်ဆန္ဒါကို ဖော်ပြနေဟန် ဖွဲ့ဆိုထားသည့် နာတီယာတစ်ပုဒ်ဖြစ်သည်။
— ရိုဟင်းကိန်း
(၄-၀၁-၂၀၂၂)

No comments:
Post a Comment