Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Monday, July 17, 2017

၆ ကြိမ်မြောက် အာဆီယံ +၃ ဂျူနီယာသိပ္ပံ ခရီးစွန့်ဦးတီထွင်ပြိုင်ပွဲမှာ မောင်တောသား ဆုရရှိ

မေးမြန်းသူ - ချလူးအောင်


                ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ၆ ကြိမ်မြောက် အာဆီယံ +၃ ဂျူနီယာသိပ္ပံ ခရီးစွန့်ဦး တီထွင်ပြိုင်ပွဲမှာ ဆုရရှိသူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အထက (ခွဲ) ကျီးကန်းပြင်ကျောင်းမှ အဌမတန်း ဘက်စုံပညာထူးချွန်လူငယ် (2017) ဆုရှင် "မောင်ထက်အောင်ဘုန်းမြတ်" နှင့် ဆက်သွယ် မေးမြန်ခြင်း



DMG = ညီလေးနာမည်ကို ပြောပြပါလား။ 

ဖြေ     = မောင်ထက်အောင်ဘုန်းမြင့်ပါ။


DMG = အသက်က ဘယ်လောက်ရှိပြီလဲ။ 

ဖြေ     = ၁၄ နှစ်ပါ။


DMG = ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ၆ ကြိမ်မြောက် အာဆီယံ +3 ဂျူနီယာ သိပ္ပံခရီး စွန့်ဦး တီထွင်ပြိုင်ပွဲမှာ ညီလေးအနေနဲ့ ဘယ်လိုဆုမျိုး ရရှိခဲ့တာပါလဲ။ 

ဖြေ     = ဆုရခဲ့တာက အုပ်စုလိုက် ပြိုင်ခဲ့တာပါ။ အုပ်စုလိုက်မှာ Biology Lab skill performance မှာ တတိယဆု ရရှိခဲ့ပါတယ်။


DMG = အုပ်စုတစ်ခုမှာ ဘယ်နှစ်ဦးပါဝင်သလဲ။ 

ဖြေ     = ၃ ဦး ပါဝင်ပါတယ်။


DMG = ၃ ဦးပါဝင်တဲ့ အုပ်စုမှာ ညီလေးအပြင် နောက်ပါဝင်တဲ့သူတွေက ဘယ်သူတွေလဲ၊ ဘယ်ကလဲ။ 

ဖြေ     = နောက်နှစ်ယောက်က မိန်းကလေးတွေပါ။ 
             တစ်ဦးက ကြယ်စင်မြင့်မြတ်၊ ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့က ဖြစ်ပါတယ်။
             နောက်တစ်ဦးက စိုးရတနာစိုးပါ၊ ရန်ကုန် အထက (၂) လမ်းမတော်ကပါ။


DMG = သုံးဦး ပေါင်းပြီးတော့ ဘာတွေတီထွင်ခဲ့ကြပါသလဲ။ 

ဖြေ  = သုံးဦးပေါင်းပြီး တီထွင်ခဲ့တာတွေကတော့ အများကြီးပါပဲ။ ပြိုင်ရတာတွေကလည်း ၃ ခုလောက် ရှိပါတယ်။


DMG = အဲ့ဒါ နည်းနည်းရှင်းပြပေးပါ။

ဖြေ     = ပြိုင်ပွဲးခေါင်းစဉ်က Poster Presentation တစ်ခု Lab Skill သုံးမျိုး 
          Biology, Chemistry, Physics ၊ နောက်တစ်ခုက Project ပါ။ ဆုရတာက Biology Lab Skill Performance မှာပါ။


DMG = ညီလေးတို့ရဲ့ပြိုင်ဖက် နိုင်ငံတွေက ဘယ်နိုင်ငံလဲ။ 

ဖြေ     = နိုင်ငံ ၁၃ နိုင်ငံပြိုင်ရမှာပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံက မတက်ရောက်ခဲ့တာကြောင့် ၁၂ နိုင်ငံပြိုင် ရပါတယ်။ အသင်းကတော ၂၈ သင်းပါ။ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီရှား၊ မလေးရှား၊ ဗိယက်နမ်၊ ဖီလပိုင်၊ တရုတ်၊ ဘရူနိုင်း၊ ကိုးရီးယား၊ ဆွီဒင်နဲ့ မြန်မာတို့ဖြစ်ကြပါတယ်။ ၁၂ နိုင်ငံအသင်းက ၂၈ ဖွဲ့ တစ်နိုင်ငံကို ၂ ဖွဲ့ စီပါ။ တရုတ်နဲ့ ဗိယက်နမ်နိုင်ငံက ၄ ဖွဲ့စီပါဝင်တာပါ။


DMG = ဘယ်နေ့ကစပြီး ပြိုင်ဖို့ သွားကြတာလဲ။ 

ဖြေ     = ၁၀/၇/၂၀၁၇ နေ့ကပါ။


DMG = ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့မှာ ဘယ်နှစ်ရက်နေခဲ့ပြီးပြိုင်ခဲ့ရတာပါလဲ။ 

ဖြေ     = ငါးရက်နေခဲ့ရတာပါ။



DMG = ပြိုင်ပွဲကျင်းပတဲ့နေရာက။ 

ဖြေ     = FPP University မှာ ပြိုင်ရတာပါ။


DMG = ဘယ် ဟိုတယ်မှာ တည်းခိုခဲ့ရလဲ။ 

ဖြေ     = VIETTEL ဟိုတယ်ပါ။


DMG = ဘယ်နေ့က မြန်မာကို အောင်ပွဲခံပြီး ပြန်လာကြလဲ။ 

ဖြေ     = ၁၅/၇/၂၀၁၇ နေ့က ပြန်ရောက်ပါတယ်။


DMG = အခု လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းက ဘယ်ကျောင်းမှာလဲ။ 

ဖြေ     = ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ အထက (၁) မှာပါ။


DMG = မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာမှာ ညီလေး ဘယ်အတန်းထိ ပညာသင်ခဲ့သလဲ။ 

ဖြေ     = အဋ္ဌမတန်း အထိ ပညာသင်ခဲ့ပါတယ်။


DMG = ညီလေးရဲ့ အနာဂတ် ရည်မှန်ချက်လေး နည်းနည်းပြောပြပါလား။ 

ဖြေ  = ကိုယ့်ပြည်နယ်အတွက်လည်း ကိုယ်ကောင်းအောင်ကြိုးစားမယ်။ နိုင်ငံအတွက်လည်း ကောင်းအောင် ကြိုးစားမယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားလုံးကောင်းအောင် ကြိုးစားသွားမှာပါ။


မောင်ထက်အောင်ဘုန်းမြတ်ကို ဖခင် ဦးတင့်နိုင် (အထက်တန်းပြဆရာ)နဲ့ မိခင် ဒေါ်ဝင်းဝင်းရွှေ (အလယ်တန်းပြဆရာမ) တို့က မောင်တောမြို့နယ် ပြားသားကျေးရွာမှာ မွေးဖွားခဲ့ပြီး တတိယမြောက် သားဖြစ်ပါတယ်။



[ကူးယူတင်ပြ]

Wednesday, January 6, 2016

"ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် ဦးဇင်းဂမ္ဗီရ(ခေါ်) ဦးညီညီလွင်နဲ့ အင်တာဗျူး"

"ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် ဦးဇင်းဂမ္ဗီရ(ခေါ်) ဦးညီညီလွင်နဲ့ အင်တာဗျူး"



အင်တာဗျုး တတိယပိုင်း


(ရိုဟင်ဂျာတွေက အခုမှ ရောက်လာတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတာ။ အနီးစပ်ဆုံး ပြောရရင် ဘိုးတော်ဦးဝိုင်းတို့လက်ထက်မှာကိုက အမြှောက်တပ်တွေ ဘာတွေမှာ မဟာမေဒင်ဘာသာဝင်တွေ ရှိနေခဲ့တာပဲဗျ။


MMM - အခုဖြစ်သွားတဲ့ပြဿနာတွေရဲ့ အစကိုပြန်ကြည့်လိုက်ရင် ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်ခွင့်ရှိတယ်၊ မရှိဘူး၊ တိုင်းရင်းသား ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ အငြင်းပွားမှုက စတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့်...
ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်အပေါ်မှာ ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။

ဦးညီညီလွင်- အဲဒါနဲ့ပတ်သက်ပြီးတော့ တော်တော်များများ အငြင်းပွားနေကြပါတယ်။ လူတွေကြားမှာရော၊ လွှတ်တော်တွေ မှာရော၊ ရိုးရိုးလေးပဲဗျ၊ သူတို့တွေဟာ နိုင်ငံသား ဖြစ်ခွင့်ရှိပြီးသားပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမှာရော ဒီနိုင်ငံမှာ ရှိနေတဲ့ ဥပဒေတွေမှာရော ရှိပြီးသားပါပဲ။ပြီးတော့ ရိုဟင်ဂျာတွေက အခုမှ ရောက်လာတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှ
ရှေးနှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတာ။အနီးစပ်ဆုံး ပြောရရင် ဘိုးတော်ဦးဝိုင်းတို့လက်ထက်မှာကိုက အမြှောက်တပ်တွေ ဘာတွေမှာ မဟာမေဒင်ဘာသာဝင်တွေ ရှိနေခဲ့တာပဲဗျ။အဲဒီခေတ်ကတည်းက။ ဘကြီးတော်တို့၊
မင်းတုန်းမင်းတို့လက်ထက်မှာ တော်တော်လေးရှိနေပြီ။ နောက် မက္ကာမှာတောင် ဒေါင်းဇရပ်တွေဘာတွေ သွားဆောက်ဖို့ ခွင့်ပြုပေးခဲ့တာပဲ။ အဲတော့ အခုမှမဟုတ်ဘူး ဒီဟာတွေက ရှိခဲ့တာ။ ဒီအရှိတရားကို လက်ခံနိုင်ဖို့ အရေးကြီးတယ်။
ခိုးဝင်လာတဲ့သူကတော့ ခိုးဝင်လာတာ ပေါ့ဗျာ၊ ဒါကတော့ တမျိုးပေါ့။ အဲဒါကတော့ဆိုင်ရာ ဥပဒေတွေရှိတာပဲ။ သူ့ဥပဒေအရ ပြစ်ဒဏ်ပေးတာ ခံရမှာပဲ။ ဟုတ်ပြီ၊ ရှိနေတဲ့ အရှိတရားကိုတော့ လက်မခံလို့မရဘူး။ ပြဿနာကို
ရှောင်ဖယ်ပြီး လျှောက်လုပ်ပစ်တာက ပြဿနာတွေကို ပိုပြီး ကြီးထွားစေတာပဲ။ အရှိတရားတွေကို လက်ခံနိုင်ရမယ်။ သမိုင်းအရ၊ အစဉ်အလာအရ ဘယ်လိုဘယ်လိုဆိုတာလဲ အားလုံးသိတယ်။ တိုင်းရင်းသားအဖြစ် လက်ခံတယ်၊ လက်မခံဘူးကတော့ ဒါတွေက သမိုင်းကြောင်းအရ၊ ပထ၀ီကြောင်းအရ ဖြေရှင်းကြရမှာ။ အဲဒါတော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမယ့် ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ပြီးသား ပါပဲ။ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေပါပဲ။ ရိုးရိုးလေးဗျာ၊သူတို့လက်မောင်းမှာ ကျောက်ဆေးထိုးထားတာ ညာဘက်မှာလား၊ ဘယ်ဘက်မှာလား ကြည့်လိုက်။ လက်မောင်းမှာ
ကျောက်ဆေးပါတာပဲ။ ဒါဆို ရှင်းပါတယ်နော်။

MMM - အခုနောက်ဆုံးသိထားချက်အရ ဆရာက နိုင်ငံခြားသူနဲအိမ်ထောင်ကျနေတယ်ဆိုတော့ ဦးဝီရသူတို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေနဲ့များ ဆန့်ကျင်သလို ဖြစ်မနေဘူးလား။

ဦးညီညီလွင် - ဟုတ်ပါတယ်၊ ကျွန်တော်အိမ်ထောင်ပြုလိုက်ပါပြီ။ သြစတြေးလျသူနဲ့ပါ။အဲ ဒီနေရာမှာ ကျွန်တော့်အနေနဲ့က စောစောက ပြောသလို အဲဒီမျိုးစောင့်ဥပဒေကြီးကို လုံးဝလက်မခံဘူး၊အလေးအနက် ကန့်ကွက်တယ်။ နောက်ပြီးတော့ ဒီကိစ္စက မျိုးစောင့်ဥပဒေနဲ့လည်း မဆိုင်လှဘူးဗျ။ သြစတြေးလျဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် သူက ဗုဒ္ဓဘာသာဝင်ဗျ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်က ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့တာပါ။

MMM - ဒါဆိုရင် ဆရာ့ကို မေးချင်တာက အမျိုးကို စောင့်ဖို့က အဓိကကျလား၊ ဘာသာသာသနာကို စောင့်ဖို အဓိကကျလား။

ဦးညီညီလွင်- အဲဒါကတော့ နှစ်ခုလုံးပေါ့ဗျာ။ ကျွန်တော်တို့ ကြိုးစားရမှာတော့ နှစ်ခုလုံးပေါ့၊ အမျိုးဂုဏ်ကို ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။ စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ မဟုတ်ဘူး။ အကြမ်းဖက်ပြီး ထိန်းသိမ်းဖို့ မလိုအပ်ဘူး။သေချာတဲ့နည်းလမ်းတွေ ရှိပါတယ်။ နိုင်ငံတကာမှာလည်း နည်းလမ်းတွေ အမျိုးမျိုးရှိတာပေါ့ဗျာ။

MMM - ဆရာ့ရဲ့ နောက်ဆုံး မြန်မာပြည်သူတွေအတွက် အမှတ်တရစကားလေး ပြောပေးပါဦး။

ဦးညီညီလွင် - ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ ခံစားချက်ပေါ့။ အကြံပြုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆက်ကြိုးစားကြဖို့ပါပဲ။ ဒီမိုကရေစီတန်ဖိုးတွေ၊ လူ့အခွင့်ရေးစံနှုန်းတွေ ပြည့်ဝအောင် ဒီလိုအချိန်မှာ အားလုံး မပြိုကွဲဘဲနဲ့ စုစည်းနိုင်သလောက် စုစည်းပြီးတော့ စစ်မှန်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ
ကင်းစင်တဲ့ မြန်မာနိုင်ငံဖြစ်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အရသာကို အမြန်ဆုံးခံစားနိုင်ကြဖို့ ကျွန်တော်တို့အားလုံး

Monday, December 21, 2015

ရခိုင်အရေးနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပု၏ အမြင်

ရခိုင်အရေးနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပု၏ အမြင်

ရခိုင် , NLD , ဗဟိုအလုပ်အမှုဆောင် , ဦးညီပု
ဦးညီပု။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင် နေတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ မူဝါဒ၊ ဖြေရှင်းပေးရမယ့် စိန်ခေါ်မှုတွေနဲ့ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားရင်ကြားစေ့ နိုင်ရေးတို့ကို  NLD  ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ် ရခိုင်တိုင်းရင်းသားတဦးလည်း ဖြစ်တဲ့ ဦးညီပုကို ဧရာဝတီ ကော်ပီအယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးညီပုဟာ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၅ ရွေး ကောက် ပွဲ မှာ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် တဦးကို ပြည်နယ်မှာ ဆင်းပြိုင်ခိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက် တစုံတရာ ရှိပုံရပါတယ်။
မေး။    ။ NLD  အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပါဝင်ဆောင်ရွက် ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။    ။ လုပ်ရမှာတွေက အများကြီးပဲ။ ပြဿနာတွေက လည်း အများကြီး ရှိတယ်လေ။ ဆိုတဲ့အခါကျတော့ လုပ်ရမှာတွေက အများကြီးပဲ။
မေး။    ။ ရခိုင်ပြည်နယ်က အင်မတန် ဆင်းရဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ သင်္ဘော တွေကပ်နိုင်ဖို့ ဆိပ်ခံကောင်းကောင်းမရှိဘူး။ ပညာရေးနိမ့်ကျနေတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ ကျန်းမာရေးဆိုရင် လည်း ဒီအတိုင်းပဲ။ တချို့လူငယ်တွေအရက်စွဲနေကြတယ်။ ဒါတွေကိုဖြေရှင်းဖို့ ဘယ်လို စဉ်စားထားတာတွေ ရှိလဲ။
ဖြေ။    ။ စဉ်းတော့ စဉ်းစားထားပါတယ်။ အခု ကတော့ စဉ်းစားထားတုန်းလောက်ပဲ ရှိသေးတာပေါ့။ ဘာလုပ်မယ်ဆို တာ ပြောဖို့ကတော့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။
မေး။    ။ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကိုဖြေရှင်းဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။    ။ အားလုံး သိတဲ့အတိုင်းပဲလေ။ လူမျိုးရေး၊ အမျိုးသားရေးဆိုတဲ့ ကိစ္စမျိုးတွေက အခက်အခဲတွေပေါ့။ စိန်ခေါ်မှုတွေပေါ့။ ဒါမျိုးတွေ ဖြေရှင်းရမှာပါ။
မေး။    ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ယူမှာလား။
ဖြေ။    ။ ဒါတွေကတော့ ယူရမှာပေါ့ဗျာ။ နိုင်ငံတကာအကူအညီ မရဘဲနဲ့တော့ ဘယ်လိုလုပ်သွားလုပ်နိုင်မလဲ။
မေး။    ။ ရခိုင်မြေပေါ်မှာလုပ်နေတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားတာရှိပါသလဲ။
ဖြေ။    ။ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ပြန်ပြီး တော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း အများကြီး ရှိမှာပေါ့။
မေး။    ။ NLD ပါတီကရခိုင်ပြည်နယ်အတွက် ဘယ်လို မူဝါဒမျိုးချမှတ်ထားတာရှိလဲ။
ဖြေ။    ။ အဲလို မူဝါဒမျိုး မရှိသေးပါဘူး။
မေး။    ။ အနိုင်ရ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘယ်လိုရင်ကြားစေ့ရေးတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။    ။ ဒါတွေက စောစောကပြောသလို ကျနော်တို့ စဉ်းစားထားတာတွေတော့ အများကြီး ရှိပါတယ်။ အဖွဲ့ချုပ် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို မဖြစ်မနေ လုပ်မှာပါ။ ဆွေးနွေးညှိနှိုင်း တာတွေလုပ်မယ် လို့ပြောထားပြီးသားပါ။ လုပ်လည်း လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လုပ်မှာပါ။
မေး။    ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို NLD က ယူမှာလား၊ ရခိုင်ပါတီတွေကို ပေးမှာလား။
ဖြေ။    ။ အဲဒါကလည်း ဒီချိန်ခါမှာ မပြောနိုင်သေးပါဘူး။ စောစောက ပြောသလို ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိရဦးမှာပါ။
မေး။    ။ အန်ကယ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဘာပြောချင်ပါသလဲ။
ဖြေ။    ။ ဒီကိစ္စကလည်း အခုချိန်မှာ ဘာမှပြောလို့မရသေးပါဘူး။
 မေး။    ။ NLD က တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရလို့ သမ္မတလုပ် အစိုးရဖွဲ့နိုင်မှာဖြစ်ပေမယ့်ရခိုင် ပြည်နယ် လွှတ်တော်မှာ ရခိုင်ပါတီက ပိုများနေတဲ့အခါ နိုင်ငံရေးအရ ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။    ။ အခုချိန်မှာကချမှတ်ထားတာတွေ၊ ဆုံးဖြတ် ထားတာတွေ မရှိသေးဘူးလေ။ ညှိနှိုင်းမှုတွေမလုပ် ရသေးတဲ့ အခါပြောဖို့ တော်တော်ခက်နေတယ်။
မေး။    ။ NLD အစိုးရ တက်လာရင် ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေရဲ့အတွက် ဘယ်လို ဆောင်ရွက်ပေးသွား မလဲ။ လူနည်းစု ပြဿနာအပေါ်မှာ ဘယ်လို စဉ်းစားထားလဲ။
ဖြေ။    ။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပြော နေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ လည်း ကိုက်ညီတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ကိုယ်ဒေသမှာလည်း တဖက်နဲ့တဖက် ပြေပြေ လည်လည်ဖြစ် အောင် အချင်းချင်းညှိနှိုင်းရမှာပေါ့။