Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 29, 2017

HÁL BESARA (ချောင်းကလေး)

photo caption: xxx

Hál Besara

〔RK Poem〕

Murár uottún dóri aga 
Baái soler faní baicá
Fáida gorí farar fara
O... Kimoti aññárár hál.

E hálór mas aññárár sálon,
E hálór faní aññrár zibon.
Hálor dhólor nogolor mazé,
Ókkol gula lagai ére.
E hállán aññrár bol saára noóne.

Féza, baickhaçí warainnar mazór
Sotor noófan, tulí félo
Haindá thúra no báñge fán
Rotó bol di sóllukor thaan.

Hálor agar-gujjar forók nogorí
Bañdó, tuló, kérmos gorí.
E hál or ham, gaáli sára forandi
Fura goijjúm, rait-din ekku fuáñti.

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄


Lékóya 💥 Kuwáiccójjá
[Me maic ór háñt taarík, 2017]

Friday, July 28, 2017

ထိုင်းနိုင်ငံက ရှေးအကျဆုံး နှစ် (၃၀၀) ဗလီ ဝတ်ပြုကျောင်းတော်

ထိုင်းနိုင်ငံက ရှေးအကျဆုံးဗလီဝတ်ကျောင်းတော် (သို့မဟုတ်) နှစ် ၃၀၀ ဗလီကြီး


(စတီဗင်)

နှစ်သုံးရာဗလီကြီး (The 300 Years Mosque) ကို အလ်-ဟူစိန်ဗလီဝတ်ကျောင်းတော်လို့လည်း ခေါ်ဆိုကြပါတယ်။ ထိုင်းဘာသာစကားနဲ့ဆိုရင် မက်စယစ် ဝဒီ အန်ဟူဆင်ပါတဲ့။ ဒါ့အပြင် တာလိုမာနိုဗလီ (Talo Mano Mosque) လို့လည်းခေါ်ပါသေးတယ်။

ထိုင်းနိုင်ငံတော်ပိုင်း နရာသီဝပ်မှာ တည်ရှိတဲ့ ဒီဗလီကြီးဟာ ထိုင်းနိုင်ငံက ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေအနက် တစ်ခုဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းဟာ မွတ်စလင်အများစု နေထိုင်ရာဌာနေလည်းဖြစ်ပါတယ်။ ၁၆၃၄ ခုနှစ်မှာ ဗလီကို အုတ်မြစ်ချခဲ့ပါတယ်။ အဲဒီဒေသမှာ ပထမဆုံးအခြေချခဲ့တဲ့ မွတ်စလင်အသိုင်းအဝိုင်းတွေက အုတ်မြစ်ချခဲ့တာပါ။ ဒါ့အပြင် ဒီဗလီဟာ ထိုင်းတစ်နိုင်ငံလုံးမှာ သက်တမ်းအရင့်ဆုံး သစ်သားဗလီကြီးလည်းဖြစ်ပါတယ်။


သမိုင်း

နှစ်၃၀၀ ဗလီကြီးရဲ့သမိုင်းကိုကြည့်မယ်ဆိုရင် ဆူလတန်အုပ်ချုပ်စဉ်ကာလ ပတ္တာနီဘုရင့်နိုင်ငံကို ပြန်ပြောင်းအောက်မေ့ရမှာပါ။ ဒီနိုင်ငံကို ပတ္တာနီ၊ ယာလာ၊ နရာသီဝပ်ဆိုတဲ့ပြည်နယ်သုံးပြည်နယ်နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီနိုင်ငံထဲက ရွာတွေမှာ မွတ်စလင်ရော ဗုဒ္ဓဘာသာဝင်တွေပါနေထိုင်ကြပါတယ်။ ၁၆၃၄ ခုနှစ်မှာ ဒီဗလီဆောက်လုပ်တော့ မွတ်စလင်တွေရော ဗုဒ္ဓဘာသာတွေပါ ပူးပေါင်းပါဝင် လုပ်အားပေးခဲ့ကြပါတယ်။

ဒီဗလီနဲ့ပတ်သက်ပြီး ရှေးဒဏ္ဍာရီနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ထိုင်းဘုရင့်နိုင်ငံနဲ့ ပတ္တာနီဘုရင့်နိုင်ငံတို့ကြား စစ်ဖြစ်တဲ့အခါ ပတ္တာနီဘက် ရွာတစ်ရွာက အမျိုးသမီးတစ်ဦးဟာ စစ်ရှောင်တဲ့အနေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ပါတယ်။ သူမဟာ သူမနေထိုင်တဲ့ရွာရဲ့ “ကုရ်အာန်ကျမ်းထိန်းသိမ်းစောင့်ရှောက်သူ” ဖြစ်ပါတယ်။ ထွက်ပြေးတဲ့အခါမှာလည်း ကုရ်အာန်ကျမ်းစာအုပ်ကို ရင်ဝယ်ပိုက်ပြီးပြေးခဲ့တာပါ။ တစ်နေရာရောက်တော့ ချိုင့်ဝှမ်းတစ်ခုထဲကို သူမပြုတ်ကျခဲ့ပါတယ်။ အနားရှိရွာက ဒေသခံတွေလာရောက်ကယ်ဆယ်ပြီးချိန်မှာ သူမကိုယ်သူမ သတိထားကြည့်လိုက်တော့ ကုရ်အာန်ဟာ ပြုတ်မကျသွားဘဲ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလျက်သားရှိနေပါတယ်။ ဒါနဲ့ စစ်ကြီးအပြီးမှာ ရွာသားတွေဟာ ဗလီတစ်လုံးဆောက်လုပ် လှူဒါန်းခဲ့ကြပါတယ်။ အဲဒါဒီ နှစ် ၃၀၀ ဗလီပါတဲ့။

နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ ဗလီကို ဝန်ဟူစိန် အဇ်-ဆာနဝီဆိုတဲ့ ပုဂ္ဂိုလ်က ဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ၁၆၂၄ ခုနှစ်မှာ ပတ္တာနီဘုရင့်နိုင်ငံကို ရွှေ့ပြောင်းအခြေချခဲ့တဲ့ ဆရာတစ်ပါးဖြစ်ပါတယ်။ ဗလီထဲမှာ ကုရ်အာန်ကျမ်းစာလက်ရေးမူနဲ့ ဗလီဆောက်လုပ်ရေးစီမံကိန်းစာရွက်တို့ အခုထက်တိုင်ရှိနေသေးတယ်လို့ သိရပါတယ်။


အဆောက်အဦ

ဗလီဆောက်လုပ်ရာမှာ သစ်သားတွေကိုသာ အသုံးချထားပြီး သံတစ်ချောင်းမှ မရိုက်ခဲ့ပါဘူး။ အဲဒီအစား သပ်ရိုက်ပြီးဆောက်လုပ်ခဲ့ပါတယ်။ ဗလီမှာအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ အပိုင်းငယ်ဘက်မှာ မဲဟ်ရာဗ် (ရှေ့ဆောင်ဆရာ ဦးဆောင်ဝတ်ပြုရာနေရာ) ပါဝင်ပါတယ်။ မဲဟ်ရာဗ်ကို အမိုးဘုံသုံးဆင့်နဲ့ ကွန့်ထားပါတယ်။ ဒါ့အပြင် တရုတ်လက်ရာ မီနာရဟ် မျှော်စင်တစ်ခုလည်း ပါဝင်ပါတယ်။ အပိုင်းကြီးကတော့ အများဝတ်ပြုရာ ဝတ်ပြုဆောင်ဖြစ်ပါတယ်။

ရှေးခေတ် လော်စပီကာတွေ မပေါ်ခင်ကာလမှာ (အဇာန်) ဝတ်ပြုဖို့ ဝတ်တက်နှိုးဆော်တဲ့အခါ ဂီဒွတ်လို့ခေါ်တဲ့ ကြီးမားတဲ့ ဗုံကြီးတွေတီးခဲ့ကြပါတယ်။ ဂီဒွတ်ဗုံတွေကို သစ်ခေါင်းပေါက်ကြီးနဲ့ လုပ်ထားတာဖြစ်ပြီး တစ်ဖက်ကို ကျွဲသားရေနဲ့ အုပ်ထားကာ နောက်တစ်ဖက်ကိုတော့ အပွင့်ထားထားပါတယ်။ အခုထိ အဲဒီဗုံကြီးရှိနေသေးပေမယ့် သုံးမရတော့ပါဘူး။ အဲဒီခေတ်က မိုအက်ဇင် (ဝတ်တက်နှိုးဆော်သူ) ဟာ အဇာန်မပေးခင် ဗုံကြီးကို တဖြည်းဖြည်းအသံမြှင့်ပြီး စည်းချက်ကျအောင် တီးပါတယ်။ မနက်စောစော လူခြေတိတ်ချိန်ဆိုရင် ဂီဒွတ်ဗုံကြီးရဲ့အသံဟာ မိုင်ဝက်ခန့်ကထိ ကြားရတယ်ဆိုပဲ။

ဗလီကြီးရဲ့မူလအမိုးဟာ ထန်းလက်နဲ့ပါ။ ဒါပေမဲ့နောက်ပိုင်းမှာ အုတ်ကြွပ်တွေပြောင်းမိုးခဲ့ပါတယ်။ ဗလီနံရံတွေပေါ်က ပန်းပုလက်ရာတွေ၊ ကနုတ်တွေ၊ ဖောင်းတန်းနဲ့ မြင်းမိုရ်ပိတ်က လက်ရာတွေမှာ အရှေ့တောင်အာရှရဲ့ ယဉ်ကျေးမှုလက်ရာသုံးမျိုးဖြစ်တဲ့ ဂျာဗား၊ တရုတ်နဲ့ ထိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးနေတာတွေ့ရပါတယ်။

ပွဲတော်များ

ဗလီမှာ အစ္စလာမ်နဲ့ ပတ်သက်တဲ့ပွဲတော်တွေကို အဓိကကျင်းပလေ့ရှိပါတယ်။ ဥပမာ အီးဒ်နေ့၊ ဥပုသ်လ အစရှိသဖြင့်ပေါ့။ ဒါ့အပြင် ဗလီဟာ မွတ်စလင်အသင်းတိုက် အဖြစ်လည်း အသုံးတော်ခံပါသေးတယ်။ ဗလီအဖြစ်လည်း ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ဆဲလို့ သိရပါတယ်။


ပြင်ဆင်မွမ်းမံခြင်း

၂၀၁၄ ခုနှစ်မှာ ထိုင်းအစိုးရက ဗလီပြင်ဆင်မွမ်းမံရေးအတွက်ရန်ပုံငွေအနေနဲ့ ထိုင်းဘတ်ငွေ သန်း ၂၀၀ ကို လှူဒါန်းခဲ့ပါတယ်။ မွမ်းမံရေးစီမံကိန်းကို တောင်ပိုင်းနယ်စပ်ပြည်နယ်အုပ်ချုပ်ရေးဌာနကနေ ဦးဆောင်အကောင်အထည်ဖော်ခဲ့ပါတယ်။ စီမံကိန်းထဲမှာ ဗလီပြင်ဆင်ရေး၊ ပတ်ဝန်းကျင်နယ်မြေတိုးတက်ရေး၊ အသင်းတိုက်အဖြစ်အကောင်အထည်ဖော်ရေးတို့ပါဝင်ပါတယ်။ ပြင်ဆင်မွမ်းမံပြီးချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို ပိုမိုစွဲဆောင်နိုင်ဖို့လည်း မျှော်လင့်ခဲ့ကြပါတယ်။

ဗလီသို့သွားရောက်လည်ပတ်ခြင်း

နှစ် ၃၀၀ ဗလီကြီးကို ဝင်ရောက်ဖူးမျှော်ဖို့အတွက် ဒေသခံ အီမာမ် ရှေ့ဆောင်ဆရာဆီကနေ ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ရင်ရေးမှာလည်း ဒူးဖုံးတဲ့ဘောင်းဘီနဲ့ ပုခုံးဖုံးပြီးရင်မဟိုက်တဲ့ အင်္ကျီကိုဝတ်ဆင်ရမှာပါ။ အမျိုးသမီးတွေကို ဦးခေါင်းထက်ပဝါဆောင်းဖို့ ညွှန်ကြားထားတာလည်းရှိပါတယ်။ ဗလီထဲမှာအစားအသောက်ခွင့်မပြုပါဘူး။ ဗလီထဲမဝင်ခင် ဖိနပ်ချွတ်ဖို့လိုသလို လူတကာနဲ့ လေးလေးစားစားဆက်ဆံဖို့လည်း အရေးကြီးပါတယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို Link နေ Download ရယူနိုင်ပါပြီ။


ဝဏ္ဏကျော်ထင် ဦးစိန်မြမောင်နှင့် ဗမာနိုင်ငံတော်သီချင်း

မြန်မာ့တေးဂီတသမိုင်းတွင် စွမ်းအင်အထက်မြက်ဆုံးသော တေးတစ်ပုဒ် (သို့မဟုတ်) လူတိုင်းသီဆိုရန် တေးသွားနှင့် သံစဉ်ပါ ခက်ခဲလှသော တေးတစ်ပုဒ်သည် ယနေ့ "နိုင်ငံတော်သီချင်း" ဟု သတ်မှတ်ထား သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

သီချင်းရေးစပ်တဲ့သူက စိန်မြမောင် ဖြစ်ပြီး ဦးနုရဲ့တာဝန်ပေးချက်အရ ဦးနုရဲ့အိမ်မှာပဲ ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး သီဆိုသူကတော့ ရွှေညာမောင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကို လွှင့်တင်ရမှာ ဖြစ်သည့်အတွက် ထိုနေ့တွင် နိုင်ငံတော်အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်းတစ်ပုဒ် လိုအပ်လာပါတယ် ။ သည့်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက လွတ်လပ်ရေး အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်း တစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောဆိုခဲ့ပါတယ်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့် ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်း ပြန်ကြားခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင် ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံ တာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံ ခေါ်ဆောင် ခဲ့ရပါတော့တယ်။ သူတို့အားလုံး စုဝေးရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊ ဆရာဦးစိန်ဝေလျှံနှင့် စောင်းဦးဘသန်းတို့ တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ကြရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြား ခဲ့ရပါတော့တယ်။ နောက်ထပ် သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရဘဲ ဖြစ်ခဲ့ရပြီး အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်တည်း ရေးနိုင်က ရေးပေးစေလိုကြောင်း ပြောကြား တာဝန် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်တာဝန် ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာ တာဝန်ယူ၍ "တရားမျှတ၊ လွတ်လပ်ခြင်းနဲ့ မသွေ" အစချီ "ကမ္ဘာမကြေ" သီချင်းကို ဦးနုအိမ်တွင် တစ်ယောက်တည်း ရေးသား စပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။

ထိုသို့ ရေးသားစပ်ဆိုရာ၌ ၀ိုင်အမ်ဘီဆရာတင်၏ "ဒို့ဗမာ" သီချင်း သံစဉ်စာသားများကို အခြေခံ၍ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ၊ ပထမ ခြေဆင်းပိုဒ်နှင့် "ကမ္ဘာမကြေ" ဒုတိယသံပြိုင်တို့ကို ရက်ပိုင်းအတွင်း ပြီးစီးအောင် ရေးသားခဲ့နိုင်ပါတယ်။ သီချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီ ဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်း အသေးစိတ် စိစစ်ပြီး သီချင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အကဲဖြတ်အဖွဲ့က အတည်ပြုပြီးနောက် ၀န်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့ နှစ်ရပ်စလုံးကပါ ထပ်ဆင့် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဤသို့ အဆင့်ဆင့် အတည်ပြုပြီးသော "ကမ္ဘာမကြေ" သီချင်းကို မြန်မာ့အသံမှ ဒါရိုက်တာ ဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့တာ ဖြစ်ပြီး သီချင်းသီဆိုသူက အဆိုတော် ရွှေညာမောင် ဖြစ်ပါတယ်ခင်ဗျာ။

ဤသို့ဖြင့်
"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ၀ါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ...." "ကမ္ဘာမကြေ… မြန်မာပြည်… တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ… ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ… ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ….. တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ" ဟူသော ဤ "ကမ္ဘာမကြေ" သီချင်းသည်

မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီယံဂျက်အလံဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံ လွင့်ထူရမည့်အချိန်၌ သီဆိုရမည့် နိုင်ငံတော်သီချင်း ဖြစ်လာပါတော့တယ်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင်သည် ဤကမ္ဘာမကြေသီချင်းဖြင့် ၀ဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး ဦးစိန်မြမောင်က သူမကွယ်လွန်မီ ဤ ကမ္ဘာမကြေသီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသော အထောက်အထားတို့ဖြင့် တင်ပြနိုင်ခဲ့သဖြင့် ယနေ့နိုင်ငံတော်က သူ့အား ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) ချီးမြှင့်ပေးအပ်ခဲ့ခြင်းကို ခံခဲ့ရသော လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါတယ်။

ရေးသူ ဦးစိန်မြမောင်
သီဆိုသူ ဦးရွှေညာမောင်

Learn Malay through Rohingya: Part-2


Gonti        🔢           Angka         🔢        Numbers


Rohingya Malay English Number
Sífor, andha Sifar/ kosong (coss-song) Zero 0
Ek Satu One 1
Dui Dua Two 2
Tin Tiga Three 3
Sair Empat Four 4
Fañs Lima Five 5
So Enam Six 6
Háñt Tujuh Seven 7
Añctho Lapan Eight 8
Nou Sembilan Nine 9
Doc Sepuluh Ten 10
Egaro Sebelas Eleven  11
Baró Duabelas Twelve 12
Teró Tigabelas Thirteen  13
Soiddó Empatbelas Fourteen  14
Fundóro Limabelas Fifteen  15
Cúllo Enambelas Sixteen  16
Hóñtoró Tujuhbelas Seventeen  17
Añráró Lapanbelas Eighteen  18
Unníc Sembilanbelas Nineteen  19
Kuri Duapuluh Twenty  20
Ek kuri ek Duapuluh satu Twenty-one 21
Ek kuri dui Duapulu dua Twenty-two 22
Ek kuri tin Duapuluh tiga Twenty-three 23
Tiríc Tiga puluh Thirty  30
Sallic Empat puluh Forty  40
Fonjaic Lima puluh Fifty  50
Haith Enam puluh Sixty  60
Hóittoir Tujuh puluh Seventy  70
Ací Lapan puluh Eighty  80
Nobboi Sembilan puluh Ninety  90
Cót Seratus Hundred 100
Dui cót Dua ratus Two hundred 200
Tin cót Tiga ratus Three hundred 300
Házar Seribu Thousand  1000
Ek házar ekcót Seribu seratus One thousand and one hundred 1100
Ekházar ekcó fonjaic dui seribu seratus lima puluh dua One thousand and one hundred and fifty two 1152
Ek házar duicót Seribu duaratus One thousand and two hundred 1200
Der házar Seribu limaratus One thousand and five hundred 1500
Dui házar Dua ribu Two thousand  2000
Duiházar ekcót Dua ribu seratus two thousand and one hundred 2100
Doc házar Sepuluh ribu Ten thousand  10,000
Kuri házar Duapuluh ribu Twenty thousand  20,000
Ek lák Seratus ribu One lak 100,000
Der lák Seratus limapuluh ribu One lak and fifty thousand  150,000
Açái lák Duaratus limapuluh ribu, suku juta Two lak and fifty thousand  250,000
Fañslák Limaratus ribu, setengah juta Half a million  500,000
Doc lák Satu juta A million  1,000,000
Egaro lák fonjaic házar satu juta seratus limapuluh ribu 1.15 millions 1,150,000
Baró lák fonjaic házar Satu suku juta 1.25 millions  1,250,000
Fudóro lák satu setengah juta 1.5 millions  1,500,000
Hótoró lák fonjaic házar satu juta tujuh ratus limapuluh ribu 1.75 millions 1,750,000
Ek kuthí Table Cell Ten millions 10,000,000
Doc kuthí Table Cell One Billion 100,000,000
Ek kuçul satu milion Ten Billions  1,000,000,000
Eházar kuçul satu trilium One Trillion  1,000,000,000,000
Table Cell (keretapi, bas) nombor _____ number _____ (train, bus, etc.) Table Cell
Adá, Eddók Setengah Half 1/2
Fai Suku Quarter  1/4
Sair borator tin Tiga suku Three quarter  3/4
Beec, bicí Lebih More Table Cell
Hom, añiththa Kurang Less Table Cell


Sounfún Sai Mutália Goró





Thursday, July 27, 2017

Learn Malay through Rohingya



English to Rohingya to Malay Translated Part -1


Rohingya Malay English
ada
Halia
Ginger
agán, doriya laut sea
aina cermin mirror
Ammali almari  cupboard
andha, dima telur egg
Añçú         
lutut knee
áñtii             gajah elephant
apron          aprén apron 
asman, ubun,upan langit sky
baás                      bas bus
Bab        ayah, bapa         father                 
Báca Bahasa Language 
badcú, buúksa kotabox
baiyon          terung eggplant
Bái                  abang, adik brother
balthí           baldi bucket
balu pasir sand
batti, Fánuc          lampu lamp
bazar              pasar market
bazu     baju shirt
bek     beg bag
Bel, Beil    mata-hari Sun
beéng      bank bank
beça manúic       lelaki man
beçi manúic
perempuan woman
bíaktubi topi hat
bilai kucing cat
bóin
kakak, adik sister
bolot (sáit)-guru lembu ox
boól bola ball
bossá
guni sack
botol botol bottle
bou, beçi, mug isteri wife
boutha, babuta
bendera flag
burus berus brush
Cara tikar mat
chuka, kholom
pen pen
cirí surat letter
cíçi,  líya tangga stair
Ciíl Batu Stone
cormá 
kacak mata sunglasses
dáagóui melarikan diri escape
daktor doktor doctor
Dada/dahí, nana
datuk grandfather
Dadi/dahu, Nani nenek grandmother
dam harga price
dargwá
kayu wood
decci, paikla periuk  rice cooker
dhebal dinding wall
Dhéfa tasik, danau Lake
Dhúil Habuk, debu dusk
din
hari day
Doriya
sungai, batang
River
duan kedai shop
duar pintu door
paik
burung bird
Fata daun leaf
Feñsa burung hantu owl
Fiáñrá
semut ant
Fíriñg capung dragonfly
fiñas bawang onion
Fool
gila mad
fól timun cucumber
foran jiwa soul
Forínya Fua, foróya pelajar student
foróya pembaca reader
Fóuir bulu feather
Founí
sikat, sisir comb
Fórforí, fañgká kipas fan
Fúndúra, turuk corong funnel
fúnoya pendengar listener
fúñaijja
kawan freind
fuwa manúic budak boy
gal mulut mouth
gadi, falun katil bed
gas, jara
pokok tree
Githar gitar guiter
Goiyá penyanyi singer
golóc gelas glass
góri, góñçi
jam
clock
gór
rumah
house
Guor, ham-gorínya
pekerja worker
Gusól hána tandas washroom
gussó daging meat
Hábar Jaháñs kapal terbang airplane
habos, koñs
kertas paper
hák sayur vegetable
Haçoni, haroya pemotong cutter
Hoddá, kangá mangkuk bowl
Hodú, lau
labu manis gourd
hoilla, dil hati heart
hólibá, kasík tukang jahit tailor
hóloit kunyit turmeric
hombol, duari
selimut blanket
Hoñla, Zamun oren orange
huoñra belimbing star-fruit
hossóp penyu turtle
húrouin penyapu broom
kamrá, húng
bilik room
kela pisang banana
keñil pinggang waist
keñra-camic, korni garpu fork
keñsi, kessi gunting Table Cell
kéti 
padang field
kitab buku book
khéla permainan game
Khélaçi pemain player
khoppi
kobis cabbage
khórguñc arnab rabbit
khúni pembunuh killer
Koksúe, mee vimá, kalita noodle
korban, duali
tali-pinggang belt
kuñir anjing dog
kuñír buaya crocodile
kual tengkorak skull
kurá
ayam chicken
lekóya penulis writer
lemu lemon lemon
les ekor tail
Loçí, thínga tongkat stick
lok cacing worm
maa ibu, emak mother
mactor, ussat cikgu, guru teacher
martul, háñtura
tukul hammer
mas ikan fish
masí lalat flies
matá kepala head
meçi tanah soil
miala-fuwa gadis girl
Miúla
awan cloud
modot-goróya penolong, pembantu helper
modú-fuk lebah bee
mokka gula jagung corn
moók cawan mug
moris cili chilli
motór kereta car
muic
kerbau buffalo
mumbatti lilin candle
murá gunung mountain
Nas, naso menarik,  tarian dance
nok, zoloui kuku, paku nails
nun
garam salt
nunnya sotong squid
nungmal tudung hood
Óñçí, hómrik labu kuning pumpkin
Oñl 
jari                   finger
rait malam night
refót getah rubber
Ruón bawang-putih garlic
sal atap roof
saloya
pemandu driver
sam kulit skin
San, Sanda, Zun
bulan, cendera
Moon
samic, júng sudu spoon
sábgorínya pembersih cleaner
sábun
sabun soap
sáti payong umbrella
Sáyeba wanita lady
siní gula sugar
sóloui pemetik api lighter
Soil, bát
beras, nasi Rice
Sómondór laut Sea
suk mata eye
sul rambut hair
sulá dapur stove
sura, cuñça rokok Cigarette
súri
pisau knife
tál, hánik pingan plate
Tara Bintang Star
tatti tandas toilet
tel minyak oil
tetói asam jawa tamarind
tháral
guruk thunder
théng, céng kaki leg
théng-garí basikal bicycle
Tikka taskula cap
tir or hóñla     
anak panah arrow
tohíla tuala towel
Tormus, manphól tembikai water-melon
ukhil peguam lawyer
undur tikus rat
uñth unta camel
Vúmi, guola Tanah (soil), bumi Earth 
zal
jaring net/seine
zamai, neg, beça suami husband
Zok jug jug
zór hujan rain
zuta
kasut
shoe


Verbs
                

Rohingya Malay English
ahó, aiyó, ai mari, datang come 
anó, an bawa, membawa bring 
áñco ketawalaugh 
áñro, áñraá jalan, berjalan walk
bano, bana buat, membuat make
bas, fosóngor pilih choose
barimar, thóuwamar   memukul hit
báf, báfo    fikir, berfikir think
bajja, firado  pukul, memukul, mengalahkan beat
bángo, Fháro, aram or októ  pecah, patah, waktu rehat break
bes, beso      jual, menjual Sell
boiyó, bohó, boc     duduk sit
cíñyo, cíko ajar, mengajar teach
dál, dálo       tuang, menuang pour
dú, dúwo  basuh, membasuh wash
duñr, duñro  lari, berlari run
Fálda, phátla, fáldo lompat, melompat jump
Fii, fiyo, há    minum drink
finó, fin  pakai, memakai wear
Foró, for    baca,  membaca read
fus, fusó   lap, mengesat wipe
gaá, goó     menyanyi sing
gono, gon     kira, mengira count
gúmzo, gúmza  tidur sleep
há, hó         makan eat
háñsur, háñsuro  berenang swim
han, hando      menangis cry
haço, haçt      potong, memotong cut
hótgor, sinílo   mengenal, pengiktirafan recognize
húno, fún   dengar, mendengar listen
Hotá hoóu  cakap, bercakap speak
hoó, hoí do  beritahu, menceritakan tell
khélo, khéla  main, bermain play
keskesa, guzour  menjerit shout
kúl, kúlo   buka, membuka open
lehó, leko, lek     tulis, menulis write
lor, loro          bergerak, berpindah move
loo,  gosó   ambil, mengambil take
mukgali dahó  senyum smile
monotgor, tháartul  ingat, mengingati remember
mukiazi gor  hafal memorize
nel,neol, baáréza     keluar exit
Noó tidak no
ranó, ran   masak, memasak cook
saba,  sabo       mengunyah chew
sábgoró      membersihkan clean
salo, sala     memandu drive
soó, saá     lihat, melihat see
súnggoró     gunakan, menggunakan use
tan,  tano tarik, menarik pull
thélo, thél      tolak, menolak push
tíya, tíyo         berdiri stand
tulkimaro   ketuk, mengetuk knock
tuwa, léilagor     cari, mencari find
tuwo, khúñzo   carian, mencari search
udár gor  meminjam borrow
ura, uro, uraba  terbang fly
zan, zano, sinó   tahu, mengetahui know
zira, aramgoró  berehat, merehatkan rest
zo, za               pergi go
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell
Table Cell Table Cell Table Cell