Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 18, 2017

ဇူလိုင်မိုးနှင့် အာဇာနည်

[ရိုကျောင်းသား တစ်ယောက်က အာဇာနည်နေ့ ပန်းချီပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ရေးဆွဲထားသော ပန်းချီပုံကြမ်း]

[RK ကဗျာ]

🌠🌠🌠🌠🌠🌠🌠

ဇူလိုင်မိုးနှင့် အာဇာနည်


အာကာဝေဟင် မှိုင်းမည်းတိမ်
ငိုကြွေးရွာသွန်း မိုးတခြိမ့်
မှိုင်းတိုင်းပတ်ဝန်း လွမ်းတေးချင်း
ဇူလိုင်မိုးက ပို့စာစောင်
မေ့နေပြီလား သွေးသားချင်း
တို့ အာဇာနည် သူရဲကောင်း။ 
♦ 
ဒီလ ဇူလိုင် တစ်ဆယ့်ကိုး မှာ
ပြည်သူပြည်သား ငိုကြွေးကြ
မိုးကောင်းကင်ပင် မျက်ရည်ကျ
အလံတိုင်ပင် ဖြေမဆည်နိုင်တဲ့
မေ့နေပြီလား ထိုအဖြစ်တွေ
တို့ ဆုံးရှုံးခဲ့ရ အာဇာနည်ရွှေ။  
♦ 
ကိုလိုနီအောက်မှ ကယ်တင်ရင်း
မိစ္ဆာဆိုးတွေရဲ့ လက်ချက်ကြောင့်
အသက်ပေးသွားတဲ့ သူရဲကောင်း
ဗိုလ်အောင်ဆန်းနှင့် အဖော်အပေါင်း
မေ့နေပြီလား ထိုနေ့ဆိုးကို
သွေးရဲမြေလွှမ်း စီးရေလို။ 
♦ 
ဒီနေ့ရောက်တိုင်း သူတို့သံ
ပဲ့တင့်မြည်ဟီ ကောင်းကင်ယံ
ဗိုလ်ချုပ်၊ ဒီဒုတ် စဝ်စံထွန်း
ရာဇာတ်၊ ကိုထွေး  မန်းဘခိုင်
ဘဝင်း၊ အုန်းမောင် သခင်မြ
မေ့နေပြီလား မျိုးဆက်သစ်
တို့ခေါင်းဆောင်မြတ် ကိုယ်ကျိုးပစ်။
♦ 
လင်းပတော့မယ့် အနာတ်နိမိတ်
ဖော်ဆောင်ရင်း ကြွေလွင့်သွားတဲ့
အာဇာနည်များနေ့၊
တိုးတက်ထွန်းကားမယ့် နိုင်ငံတော်ကို
အက်ကြောင်းတင်စေသောနေ့၊ 
မျော်လင့်မီးပွင့်ကို မည်းမှိန်းစေသောနေ့၊
မေ့နေပြီလား ထိုနေ့ကို
အာဇာနည်နေ့ဟဲ့ အာဇာနည်နေ့။
♦ 
ကမ္ဘာတည်သရွေ့ သူတို့နာမည်
နှလုံးသားတိုင်းရဲ့ ကောင်းကင်ဝယ်
ပဲ့တင်ခတ်မယ် တေးစဉ်လေး
အာဇာနည်နေ့ တို့မမေ့။ 

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

No comments:

Post a Comment