Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 17, 2017

" အို … ကအ်ဗာဟ် "



" အို … ကအ်ဗာဟ် "
✰✰ ✰✰ ✰✰ ✰✰
(၁)
အိပ်မက်တွေပဲ ပေးနေမှာလား
သူများသွားတော့ ငိုချင်တယ်
သူများလာတော့ မေးရတယ်
ကအ်ဗာဟ် ကအ်ဗာဟ် ကအ်ဗာဟ်....
(၂)
ဓာတ်ပုံထဲက အတိုင်းပဲလားလို့ 
ဒီမျက်လုံးနဲ့မြင်ပါရစေ
ဒီနှုတ်ခမ်းနဲ့ နမ်းပါရစေ
ဒီရင်ခွင်နဲ့ ထိပါရစေ
တခါထဲပါအသျှင်ရယ် တခါထဲပါ ...
(၃)
မွလ်သဇမ်ရဲ့ နံရံမှာ
ရေတလျောက်တော်ရဲ့အောက်နားမှာ
ရွှေတံခါးတော်ရဲ့ ဘောင်တွေမှာ
ဂီလာဖ်တော်ကြီးရဲ့ အပေါ်မှာ
ကျောက်နက်တော်ရဲ့ ရင်ခွင်မှာ
ရဟ်မတ်သ်သျှင် ရဲ့ခြေရင်းမှာ
နှဖူးကိုထိ မြေအတိနှင့် ဦးချနေမှာ
အသျှင့်ကိုပါ ....
(၄)
သူများနမ်းတော့ နမ်းချင်တယ်
သူများပြောတော့ ပျော်ရတယ်
သူများလိုလည်း အခွင့်ရေးတခေါက်
ရပါရစေ ချစ်အသျှင် ....
(၅)
တွေ့လိုက်တာနဲ့ တပြိုင်နက်
မျက်ဝန်းအိမ်မှ မျက်ရည်များ
တောင်ကပါးရေ ပြိုကျသလို
အနက်ရောင်ခြုံထည်နဲ့
အို ကအ်ဗာဟ် လှချင်တိုင်းလှ 
ရွှင်ချင်တိုင်းရွှင် မြူးချင်တိုင်းမြူး
အတိုင်းမသိ ပျော်မိတယ်…
(၆)
ခွဲရတော့လည်းခံစားရ
ကျောမပေးရက် မျက်နှာချင်းဆိုင်
အချစ်ဆုံးသူကိုစွန့်ရသလို 
ရင်ကွဲ ပက်လက်
နှလုံးကွဲကြေ အသဲကြေရ
အယာဇ်းခွဲတဲ့ ပြည်တန်ပတ္တမြား
ဖြစ်သွားလေရော့သလား ...
မသွားချင်ပါ မခွဲချင်ပါ မမေ့ချင်ပါ 
အို ကအ်ဗဟ် ရယ် ....
(၇)
နှလုံးအိမ်ကြီး မြည်မြည်ဟီးလို့ 
ပေါက်ကွဲလုမတတ် ခံစားရပုံများ
ပြောပြမတတ် တသက်တာထာဝရ
ကံမပါရင်များ နောက်တခါဆိုတာ
မရှိတာမို့ ထိုမြတ်မြေဟာ 
ကအ်ဗာဟ် ရှိရာ အသျှင့်ခြေရင်း
ဇီဝိန်ချုပ်ရင်း သေပါရစေတောင်းမိတယ်…
(၈)
အသျှင့်ချစ်သူ အသျှင့်ကိုယ်တော်
လှဲလျှောင်းခစား ထိုမြေကြီးအား
အသက်ပေး၍ နေပါရစေ
ကဗရ်မြေကြီး မဒီနာအနီး
ခွင့်ပြုလိုက်ပါ တနေရာစာ
အသျှင့်ဗန္ဓဟ် ကျွန်တော်မျိုးမအား
ထာဝရလဲလျောင်း နေခွင့်ချီးမြှင့်ပါ.....
(၉)
မပြန်ချင်ပါ မွေးရပ်နေရာ
အသျှင့်အနား သက်ရှိခန္ဓာခစားနေရှာ
သက်မဲ့ရင်လည်း ထိုခန္ဓာအား
အဆက်မပြတ် ရှိနေခွင့်ပြုပါ
ထိုနေရာ .....
(၁၀)
ငိုလိုက်ချင်ဘိ မျက်ရည်မြစ်ကြီး
သွင်သွင်စီးသလို
အသျှင့်ခြေရင်း ချောင်းလိုစီးရင်း
လိုက်ခံတော်မူ သက်သေထူ .....
တကြိမ်တခါ ခွင့်ပြုလိုက်ပါ
ကအ်ဗာဟ် ရောင်သွာ ရင်ခွင်ထူးမှာ
ဦးခေါင်းကိုအပ် ရင်ကိုကပ်၍
အလ္လာ့အချစ် ရင်မှာနှစ်ရင်း
သေပါရစေ အချစ်မြေ ......
***********
(၁၁)
လဗ်ဗိုက်က ...အောက်လာဟွန်းမ လဗ်ဗိုက် ..
လဗ္ဗိုက္က ....လာရွရီးကလက လဗ္ဗိုက္... 
အင်နလ်ဟမ်းတ ...ဝလ်နအ်မတ ...
လကဝလ်မွလ်က် ... လာရှရီ ကလက ----
***********
-မေဣန္ဒြာ

တင်ပြသူ 🔜 ရှိုင်းမောင်မောင်


No comments:

Post a Comment