Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 19, 2017

အာဇာနည်နေ့နှင့် ရိုတိုင်းရင်းသား ဘာသာစကား အစီအစဉ်မှ မျက်ရည်ပူ


အာဇာနည်နေ့နှင့် ရိုဟင်ဂျာ တိုင်းရင်းသား ဘာသာစကား အစီအစဉ်မှ မျက်ရည်ပူ

တင်ဆက် ⏩ လူထုဝဏ္ဏ

ရိုဟင်ဂျာ တိုင်းရင်းသား ဘာသာစကား အစီအစဉ်မှ အာဇာနည်နေ့ အောက်မေ့ ဂါရဝပြု သီချင်း အပိုင်းအစ

🎤🎶🎤🎶🎤🎶🎤🎶🎤🎶🎤🎶🎤🎶🎤🎶🎤🎶🎤


Reñgun oró míthin e, 
Guli háiyé Auñg Séñg é. 
Raifól dóri maijjé guli, 
Steñggán dóri maijjé guli,  
Auñg Séñg ór vuke ré…

Zodi Auñg Séñg no moritó, 
Cúnar Borma cantí oitó. 
Baró bosór dukkó failám Auñg Séñg morone… 
Boot bosór dukkó failam Auñg Séñg morone… 

မြန်မာအရေးအသားဖြင့် အသံထွက်-

[ ♠ ရန်ကုန်နော်ရော မီထိန်းနေး၊ ဂူလီခိုက်ယေး အောင်ဆန်းငဲ့၊ ရိုက်ဖောလ်ဒေါ့ရီ မိုက်ဂျေရေး ဂူ
လီ၊ စတင်းဂန်းဒေါ့ရီ မိုက်ဂျေရေဂူလီ၊ အောင်ဆန်းငေါရ် ဘူကေရေ…

 ဇောဒီ အောင်ဆန်း နော်မောရီသောဝ်၊ 
ရှုးနာရ် ဘောရ်မား ချာန်းတီးအော့ဟီသောဝ်၊
ဘာရော့ဘောဆော်ရ် ဒုက္ခောပိုက်လာမ် အောင်ဆန်းမော်ရော့နေး…

ဗဟုတ် ဘော်ဆောရ် ဒုက္ခောပိုက်လာမ် အောင်ဆန်းမော်ရော့နေး…]

စသဖြင့် စပ်ဆိုခဲ့လေ့ရှိတာကို အဲ့ဒီခေတ်က ကိုယ်တိုင် နားထောင်ခဲ့တဲ့   မေယုမျိုးအောင် က မှတ်မိသလောက် ရေးသား တင်ပြပေးခြင်း ဖြစ်ပါတယ်။

အဓိပ္ပာယ်-

ရန်ကုန် အစည်းအဝေးခန်းမ၌
သေနတ်ပစ်ခံရ ဗိုလ်အောင်ဆန်း၊
ရိုက်ဖယ်ကိုင်ပြီး သေနတ်ပစ်ခဲ့၊
စတင်ဂန် ကိုင်ပြီး သေနတ်ပစ်ခဲ့၊
ဗိုလ်အောင်ဆန်းရဲ့ ရင်တော်ဝယ်…

အောင်ဆန်းသာ သက်ရှင်နေခဲ့လျှင်
ရွှေမြန်မာပြည် ငြိမ်းအေးမှာ။
ဆယ့်နှစ်နှစ်တိုင် ဖိနှိပ်ခံရ…
အောင်ဆန်း ကျဆုံးခြင်းကြောင်းသာ။
နှစ်ပေါင်းများစွာ ဒုက္ခခံရ၊
အောင်ဆန်း ကျဆုံးခြင်းကြောင်းသာ…။

မြန်မာ့အသံ တိုင်းရင်းသား ဘာသာ အစီအစဉ်က ရိုဟင်ဂျာဘာသာ အသံလွှင့်စဉ်က ဇူလိုင်လ ရောက်တိုင်း ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သတ်ပြီး ရိုဟင်ဂျာဘာသာစကားဖြင့် သီချင်း အမျိုး မျိုး စပ်ဆိုလွင့်လေ့ရှိခဲ့တယ်လို့  သူ့ FB စာမျက်နှာတွင် ဖော်ပြထားပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး စပ်ဆို အသံလွင့်ခဲ့တဲ့ အောက်မေ့ဖွယ် အထက်ပါ သီချင်းအပိုဒ်ကိုလဲ ရေးသား ဖော်ပြထားပါတယ်။



မြန်မာ့အသံ တိုင်းရင်းသားဘာသာ အစီအစဉ်က အခြား ရိုဟင်ဂျာ သီချင်းမျိုးစုံလည်း သီဆိုခဲ့ကြတာ နားသောတဆင်ဖူးသူတိုင်း မှတ်မိနိုင်တယ်လို့ ယုံကြည်မိပါတယ်။


ထို့အပြင် “အိစ္စလာမ်ဘာဘာဝင် အာဇာနည်ခေါင်းဆောင်များဖြစ်သော ဦးရာဇတ်နှင့် ရဲဘော် ကိုထွေး တို့အတွက် ဗလီဝတ်ပြုကျောင်းကြီးများတွင် အလှူပွဲများ၊ ဟောပြောပွဲများ ကျင်းပလေ့ရှိခဲ့သည်။ အချို့မြို့ပြများတွင် အစိုးရကိုယ်တိုင် အကုန်အကျခံပြီး အလှူပွဲများ ကျင်းပကြသည်။ အဆိုပါအလှူပွဲများသို့ သက်ဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင်ရောက်၍ အမှာစကားပြောခြင်း၊ အာဇာနည်နေ့ သမိုင်းဖြင့် ဟောပြောခြင်း၊ သဟဇာတ ဖော်ဆောင်ရေး မိန်းခွန်းပြောခြင်း စသည်တို့ ပြုလုပ်လေ့ရှိခဲ့သည်။ ပြပွဲပြိုင်ပွဲများလည်းကျင်းပကြသည်။” အဲဒီခေတ်သို့ ပြန်လည်သွားချင်တယ် လို့ လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ပညာတတ် ရပ်လူကြီး ဦးဗထွန်းက ပြောပြခဲ့ပါတယ်။ 



အမုန်းတရားသည် သူတပါးကို ဒုက္ခပေးခဲ့သည့်အပြင် မိမိကိုပါ လောင်ကျွမ်းစေသည်။ မျိုးချစ်ခေါင်းဆောင် ဂဠုန်ဦးစောရဲ့ နောင်တကိုလည်း မှတ်မိပါရစေ၊ သင်ခန်းစာယူကြပါလော့။ 



သမီးဖြစ်သူထံကို သူကြိုးပေးမခံရမီ ပေးပို့ခဲ့သည့် စာတွင်-


“ဒေါသ နှင့် အာဃာတ တရားသည် ကောင်းကျိုးကို မပေးပဲ ဆိုးကျိုးကိုသာပေးသည်။ မိမိဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃာတ တရားကြီးမားလွန်းခဲ့သဖြင့် မိမိ၏ဘဝကို တိုတိုနှင့် ပိုင်းဖြတ်ကာ ဇာတ်သိမ်း ခဲ့ရသည်။ 


အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသက်နိုင်ခဲ့ပြီး အာဃာတ တရားကိုလည်း ဖျောက်ဖျက်ပစ် နိုင်မည် ဆိုလျှင် ယခုလို အသက်ငယ်ငယ်နှင့် ဘဝကို တိုတိုပိုင်းရမည် မဟုတ်ချေ။ မိမိမြတ်နိုးသော ဇနီး ၊ မိမိချစ်သောသမီးတို့နှင့် အိုအောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်မည် ဖြစ်သည်။ 


ယခုကား လွန်ခဲ့ပြီ ၊ ပြီးခဲ့လေပြီ ၊ သို့တစေလည်း ဖခင်ဖြစ်သူ၏ အမှားမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘဝသင်ခန်းစာကို ယူ၍ ဒေါသမီး ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်လိုက်ပါ။ 

မည်သူ့အပေါ်မျှ ရန်ငြိုးမဖွဲ့ ရန်ငြိုးမထားဘဲ အာဃာတ တရားကို ဖျောက်ဖျက်ပစ်ပါလေ ချစ်သမီး..”


ဟူ၍ ဖြေသိမ့်မရသော နောင်တကို ဖွင့်ဟခဲ့သည်။

ထို့ကြောင့် ဤ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောတွင် နေ့တွင် မျိုးချစ်ခေါင်းဆောင် ဦးစောရဲ့ နောင်တတရားကို သင်ခန်းစာယူပြီးလျှင် မိမိစိတ်တွင်း၌ ရှိသမျှ ရန်ငြိုး၊ အမုန်း၊ အာဃာတ စသည်တို့ကို အချစ်၊ မေတ္တာ၊ စာနာစိတ် စသည်တို့နှင့် ပြောင်းလဲကာ ဘဝ ပန်းလမ်းခရီးကို အတူတကွ လက်တွဲပြီး ရှေ့ဆက်ကြပါစို့………။

Special Credit↪Mayu Myo Aung ( MANA )

No comments:

Post a Comment