Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 17, 2017

၆ ကြိမ်မြောက် အာဆီယံ +၃ ဂျူနီယာသိပ္ပံ ခရီးစွန့်ဦးတီထွင်ပြိုင်ပွဲမှာ မောင်တောသား ဆုရရှိ

မေးမြန်းသူ - ချလူးအောင်


                ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ၆ ကြိမ်မြောက် အာဆီယံ +၃ ဂျူနီယာသိပ္ပံ ခရီးစွန့်ဦး တီထွင်ပြိုင်ပွဲမှာ ဆုရရှိသူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အထက (ခွဲ) ကျီးကန်းပြင်ကျောင်းမှ အဌမတန်း ဘက်စုံပညာထူးချွန်လူငယ် (2017) ဆုရှင် "မောင်ထက်အောင်ဘုန်းမြတ်" နှင့် ဆက်သွယ် မေးမြန်ခြင်း



DMG = ညီလေးနာမည်ကို ပြောပြပါလား။ 

ဖြေ     = မောင်ထက်အောင်ဘုန်းမြင့်ပါ။


DMG = အသက်က ဘယ်လောက်ရှိပြီလဲ။ 

ဖြေ     = ၁၄ နှစ်ပါ။


DMG = ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ၆ ကြိမ်မြောက် အာဆီယံ +3 ဂျူနီယာ သိပ္ပံခရီး စွန့်ဦး တီထွင်ပြိုင်ပွဲမှာ ညီလေးအနေနဲ့ ဘယ်လိုဆုမျိုး ရရှိခဲ့တာပါလဲ။ 

ဖြေ     = ဆုရခဲ့တာက အုပ်စုလိုက် ပြိုင်ခဲ့တာပါ။ အုပ်စုလိုက်မှာ Biology Lab skill performance မှာ တတိယဆု ရရှိခဲ့ပါတယ်။


DMG = အုပ်စုတစ်ခုမှာ ဘယ်နှစ်ဦးပါဝင်သလဲ။ 

ဖြေ     = ၃ ဦး ပါဝင်ပါတယ်။


DMG = ၃ ဦးပါဝင်တဲ့ အုပ်စုမှာ ညီလေးအပြင် နောက်ပါဝင်တဲ့သူတွေက ဘယ်သူတွေလဲ၊ ဘယ်ကလဲ။ 

ဖြေ     = နောက်နှစ်ယောက်က မိန်းကလေးတွေပါ။ 
             တစ်ဦးက ကြယ်စင်မြင့်မြတ်၊ ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့က ဖြစ်ပါတယ်။
             နောက်တစ်ဦးက စိုးရတနာစိုးပါ၊ ရန်ကုန် အထက (၂) လမ်းမတော်ကပါ။


DMG = သုံးဦး ပေါင်းပြီးတော့ ဘာတွေတီထွင်ခဲ့ကြပါသလဲ။ 

ဖြေ  = သုံးဦးပေါင်းပြီး တီထွင်ခဲ့တာတွေကတော့ အများကြီးပါပဲ။ ပြိုင်ရတာတွေကလည်း ၃ ခုလောက် ရှိပါတယ်။


DMG = အဲ့ဒါ နည်းနည်းရှင်းပြပေးပါ။

ဖြေ     = ပြိုင်ပွဲးခေါင်းစဉ်က Poster Presentation တစ်ခု Lab Skill သုံးမျိုး 
          Biology, Chemistry, Physics ၊ နောက်တစ်ခုက Project ပါ။ ဆုရတာက Biology Lab Skill Performance မှာပါ။


DMG = ညီလေးတို့ရဲ့ပြိုင်ဖက် နိုင်ငံတွေက ဘယ်နိုင်ငံလဲ။ 

ဖြေ     = နိုင်ငံ ၁၃ နိုင်ငံပြိုင်ရမှာပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံက မတက်ရောက်ခဲ့တာကြောင့် ၁၂ နိုင်ငံပြိုင် ရပါတယ်။ အသင်းကတော ၂၈ သင်းပါ။ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီရှား၊ မလေးရှား၊ ဗိယက်နမ်၊ ဖီလပိုင်၊ တရုတ်၊ ဘရူနိုင်း၊ ကိုးရီးယား၊ ဆွီဒင်နဲ့ မြန်မာတို့ဖြစ်ကြပါတယ်။ ၁၂ နိုင်ငံအသင်းက ၂၈ ဖွဲ့ တစ်နိုင်ငံကို ၂ ဖွဲ့ စီပါ။ တရုတ်နဲ့ ဗိယက်နမ်နိုင်ငံက ၄ ဖွဲ့စီပါဝင်တာပါ။


DMG = ဘယ်နေ့ကစပြီး ပြိုင်ဖို့ သွားကြတာလဲ။ 

ဖြေ     = ၁၀/၇/၂၀၁၇ နေ့ကပါ။


DMG = ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့မှာ ဘယ်နှစ်ရက်နေခဲ့ပြီးပြိုင်ခဲ့ရတာပါလဲ။ 

ဖြေ     = ငါးရက်နေခဲ့ရတာပါ။



DMG = ပြိုင်ပွဲကျင်းပတဲ့နေရာက။ 

ဖြေ     = FPP University မှာ ပြိုင်ရတာပါ။


DMG = ဘယ် ဟိုတယ်မှာ တည်းခိုခဲ့ရလဲ။ 

ဖြေ     = VIETTEL ဟိုတယ်ပါ။


DMG = ဘယ်နေ့က မြန်မာကို အောင်ပွဲခံပြီး ပြန်လာကြလဲ။ 

ဖြေ     = ၁၅/၇/၂၀၁၇ နေ့က ပြန်ရောက်ပါတယ်။


DMG = အခု လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းက ဘယ်ကျောင်းမှာလဲ။ 

ဖြေ     = ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ အထက (၁) မှာပါ။


DMG = မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာမှာ ညီလေး ဘယ်အတန်းထိ ပညာသင်ခဲ့သလဲ။ 

ဖြေ     = အဋ္ဌမတန်း အထိ ပညာသင်ခဲ့ပါတယ်။


DMG = ညီလေးရဲ့ အနာဂတ် ရည်မှန်ချက်လေး နည်းနည်းပြောပြပါလား။ 

ဖြေ  = ကိုယ့်ပြည်နယ်အတွက်လည်း ကိုယ်ကောင်းအောင်ကြိုးစားမယ်။ နိုင်ငံအတွက်လည်း ကောင်းအောင် ကြိုးစားမယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားလုံးကောင်းအောင် ကြိုးစားသွားမှာပါ။


မောင်ထက်အောင်ဘုန်းမြတ်ကို ဖခင် ဦးတင့်နိုင် (အထက်တန်းပြဆရာ)နဲ့ မိခင် ဒေါ်ဝင်းဝင်းရွှေ (အလယ်တန်းပြဆရာမ) တို့က မောင်တောမြို့နယ် ပြားသားကျေးရွာမှာ မွေးဖွားခဲ့ပြီး တတိယမြောက် သားဖြစ်ပါတယ်။



[ကူးယူတင်ပြ]

No comments:

Post a Comment