Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 13, 2017

တရုတ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူရှောက်ဘို ကွယ်လွန်



တရုတ်ပြည်ရဲ့ တစ်ယောက်တည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူရှောက်ဘို အသက် (၆၁) နှစ်မှာ ထောင်ဒဏ်စံရင်း ကွယ်လွန်သွားပါပြီ။

မကွယ်လွန်ခင်မှာ ကင်ဆာ ရောဂါ ကုသဖို့ အကျဉ်းထောင်ကနေ ဆေးရုံသို့ သူ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။
တရုတ်နိုင်ငံကို တစ်ပါတီ အုပ်ချုပ်တဲ့ စနစ်က ပြောင်းလဲဖို့ အင်တာနက်မှာ စာရေးသား ဖြန့်ဝေခဲ့လို့ ထောင် (၁၁) နှစ် ကျခံနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား သွားပြီး ဆေးကူးသခံယူနိုင်ဖို့ သူ့ကို သွားခွင့်ပြုပါဆိုပြီး အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တရုတ် အစိုးရကို တောင်းဆိုခဲ့ကြပေမယ့် ပယ်ချခံခဲ့ရတယ်။

လူရှောက်ဘိုဟာ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲရေးလမ်းကို အစဉ်တစိုက် ရေးသားလာခဲ့တဲ့ စာရေးဆရာ အတွေးအခေါ် ပညာရှင်၊ ဝေဖန်ရေးသမားနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပါ တယ်။

သူဟာ ၁၉၈၉ က နှိမ်းနင်းခံခဲ့ရတဲ့ ဘေဂျင်း တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ အဓိက ပါဝင်ခဲ့တဲ့ ဆန္ဒပြသူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။



သူ့ ဘဝ တစ်စိတ်တစ်စောင်း

အမည်                 ⏩ လူရှောက်ဘို  [Liu Xiaobo]

မွေးသက္ကရာဇ်      ⏩ ၂၈ ဒီဇင်ဘာလ၊ ၁၉၅၅။

မွေးရပ်ဇာတိ        ⏩ ချောင်းချုန်၊ ဂျီလင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ [Chaungchun, Jilin,  China]။

ကြင်ရာ             ⏩ ပထမ-     တာအို လီ [Tao Li] (၁၉၈၄)
                            ဒုတိယ-   လူရွာ [Liu Xia] (လက်ထပ်-၁၉၉၆)

သား               ⏩ လူတာအို [Liu Tao]

ပညာသင်       ⏩ ဘေဂျင်းနော်မယ် တက္ကသိုလ် (၁၉၈၄)၊ ဂျီလင်တက္ကသိုလ် (၁၉၇၇-၁၉၈၂)

ဘွဲ့ရရှိ            ⏩ ဝိဇ္ဇာဘွဲ့-စာပေ (၁၉၈၂)၊ စာပေ မဟာဝိဇ္ဇာဘွဲ့ (၁၉၈၄)၊ Thesis ပါရဂူဘွဲ့ (၁၉၈၈)

ရှေ့ဆောင်ကဗျာအဖွဲ့ ⏩ အပြစ်မဲ့ နှလုံးသား [Chi Zi Xin]

ဧည့်ပါမောက္ခ ⏩ ကိုလံဘီယာ တက္ကသိုလ်၊ အိုစလို တက္ကသိုလ်၊ ဟာဝီ တက္ကသိုလ်

ကလောင်အမည် ⏩ မြင်းမည်း [Dark Horse]

ဥက္ကဌ              ⏩ လွတ်လပ်သော တရုတ်ကလောင် ဗဟိုဌာန [ Independent Chinese PEN Center]
                             (၂၀၀၃-၂၀၀၇)၊ ဒီမိုကရက်တစ် တရုတ်ပြည်မဂ္ဂဇင်း  [Minzhu Zhongguo]

ရေးသားခဲ့သည့် စာအုပ်များ ⏩  Criticism of the Choice: Dialogues with Li Zehou (၁၉၈၇)၊ No Enemies, No Hatred (၂၀၁၂)၊ Falling of A Great Power: Memorandum to China (၂၀၀၉)၊ A Nation That Lies to Conscience (၂၀၀၂), Aesthetics and Human Freedom (၁၉၈၈)၊ Civil Awakening—The Dawn of a Free China (၂၀၀၅)

ဆု                   ⏩  နိုဘယ်ငြိမ်းချမ်းရေးဆု (၂၀၁၀)

ထောင်စံ        ⏩ (၄) ကြိမ်
                        ပထမအကြိမ်    - ၁၉၈၉-၁၉၉၁      (တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ)  
                        ဒုတိယအကြိမ်  - ၁၉၉၅- ၁၉၉၆
                        တတိယအကြိမ် - ၁၉၉၆-၁၉၉၉
                        စတုတ္ထအကြိမ်  - ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၀၉ တွင်  ထောင်ဒဏ် (၁၁) နှစ်ခံရ။ 


ဆုံးပါး                       ⏩ ၁၃ ဇူလိုင်၊ ၂၀၁၇။

ကွယ်လွန်သည့် နေရာ ⏩ Shenyang's First Hospital of China Medical University. 
                                       ရှိုင်ယန်၊ လီအော်နန်၊ တရုတ်ပြည်။




🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴

No comments:

Post a Comment