Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 15, 2017

မောင်တော အမှတ် (၂) အထက ကျောင်း၌ စာ ပြိုင်ပွဲတွင် ရိုဟင်ဂျာ ကျောင်းသား/သူများအား ယှဉ်ပြိုင်ခွင့်မပေး


သတင်း 🆚 နတ်မျက်စိ
🚫🚫🚫🚫🚫🚫🚫🚫

မောင်တောမြို့၊ အမှတ် (၂) အထက်တန်းကျောင်း၌ ဇူလိုင်လ ၁၉ ရက်နေ့ ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ၁၂. ၇. ၂၀၁၇ ခုနှစ်တွင် စာစီစာကုံး၊ ကဗျာ နှင့် ပန်းချီပြိုင်ပွဲများ အသီးသီး ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲများကို ရိုဟင်ဂျာကျောင်းသား ကျောင်းသူများအား ယှဉ်ပြိုင်ခွင့် မပေးခဲ့ချေ။ 

ယှဉ်ပြိုင်ခဲ့သည် စာစီစာကုံး ခေါင်းစဉ်မှာ “အောက်မေ့တမ်းတ အာဇာနည်နေ့”၊ ကဗျာ ခေါင်းစဉ်မှာ “ဇူလိုင်မိုးနှင့် အာဇာနည်” ဖြစ်သည်။

အစတွင် လူမျိုးဘာသာမခြားဘဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတန်းလိုက် ကြေညာခဲ့သော်လည်း ယှဉ်ပြိုင်ခါနီး တွင် “ကုလားတွေ ပြိုင်လို့မရ” ဟု ပိတ်ပင် လိုက်ပါတယ် ဟု ကျောင်းသားတစ်ဦးက ရင်ဖွင့်ခဲ့သည်။

ဆက်လက်ပြီး အချို့ စာစီစာကုံးတွေ ၊ ကဗျာတွေ၊ ပန်းချီတွေ ယှဉ်ပြိုင်ချင်သော အရည်အချင်းနှင့် ဝါသနာရင်း ရိုဟင်ဂျာ ကျောင်းသားကျောင်းသူ တစ်ချို့မှာ အိမ်မှာ လေ့ကျင့်ခဲ့တာတွေ၊ လေ့လာခဲ့တွေအများကြီးပါပဲ ပြိုင်ခွင့်မရှိတဲ့ စကားကို ကြားပြီး အလွန်ရင်နာခဲ့ပါတယ်။ သူတို့ရဲ့ အချိန်ကုန် အားကုန် ကြိုစားခဲ့တာတွေ အလကားဖြစ်သွားပါတယ်”ဟုလည်း ကျောင်းသား နောက်တစ်ယောက်က မျက်ရည်ပွေပွေ့နဲ့ ထည့်ပြော သွားပါတယ်။ 

မောင်တောဒေသ ခွဲခြားဆက်ဆံ ပညာသင်ကြားရေးစနစ်ဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာတာကို တွေ့နေရပါတယ်။ ရိုကျောင်းသား/သူတွေအတွက် အဆင့်မြင့်ပညာ ပိတ်ပင်ထားတဲ့အပြင် တစ်ဆင့်တိုး၍ အလယ်တန်းနှင့် အထက်တန်းမှာပင် အမျိုးမျိုး ဖိနှိပ်နေတာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်နိုင်တဲ့ အဓိက အကြောင်းကတော့ ဒေသခံ ရိုဟင်ဂျာကျောင်းဆရာတွေ မရှိသလောက် နည်းပါးလာသောကြောင်း တစ်နည်း ကျောင်းဆရာ ၉၈ ရာခိုင်နှုန်းမှာ ရခိုင်လူမျိုးသာဖြစ်နေခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

No comments:

Post a Comment