Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 24, 2017

အာရ်ခါန်မြေမှ ရိုတွေရဲ့ ရင်ဖွင့်သံ

20/ 07/ 2017| ပြည်သူ့အသံ

ရ​သေ့​တောင်မြိုနယ်​၊ ကိုးတန်​​ကောက်​​ကျေးရွာအုပ်​စု၊ ချိန်​ခါလီ ရိုဟင်​ဂျာ​ကျေးရွာ​နှင့်​ ကိုးတန်​​ကောက်​ ရိုဟင်​ဂျာ​ကျေးရွာ အိမ်​​ခြေ​ပေါင်း(၁၅၀၀)​ကျော်​ရှိပြီး လူဦး​ရေ (၁၀၀၀၀)​ကျော်​ နေထိုင်လျက်ရှိပါသည်​။ ဤ​ကျေးရွာများ၌ အဓိက လုပ်​ငန်းမှ လယ်​ယာလုပ်​ငန်း၊ ငါးဖမ်းလုပ်​ငန်းနှင့်​ ကျဘမ်းလုပ်​ငန်းတို့နဲ့ လုပ်​ကိုင်​စား​သောက်​လျက်​ရှိ​နေပါသည်​။

၂၀၁၅ နိုဝင်​ဘာ ပဠိပက္ခ ကြောင့်​ လူတို့သည် ​စားဝတ်​နေ​ရေး၊ ပညာ​ရေး၊ အ​ရောင်း အဝယ်​ပြုလုပ်​​ရေးနှင့်​ လမ်းပန်း​ဆက်​သွယ်​​ရေး၌ အတိဒုက္ခခံစားနေရပါသည်​။ ဤ​ကျေးရွာ၌ လူဦး​ရေအများစုသည်​ အလွန်​ပင် ဆင်းရဲ ကြပြီး တစ်​​နေ့အလုပ်​လုပ်​ပြီး တစ်​​နေ့စား​နေကြရ​သော သူများဖြစ်​ပါသည်​။

ယခု ရခိုင် ​နတလရွာသားများနှင့်​ လုံခြုံ​ရေးစစ်​တပ်​၊ နယ်​ခြား​စောင့်​ရဲတို့က အသွားအလာ ပိတ်​ပင်​လိုက်​သည်​နှင့်​ စားဝတ်​​နေ​ရေးမှာ အလွန်​အခက်​ခဲရှိ​နေပါသည်​။ WFP မှ စားနပ်​ရိက္ခာများလည်း လုံခြုံ​ရေး အ​ကြောင်းပြ ချက်​ဖြင့်​ လာ​ရောက်​ခြင်းမရှိပါ။ ရခိုင်​ပြည်​နယ်​အစိုးရက ရိက္ခာ လာလမ်းကို ပိတ်​ပင်​ထားသကဲသို့ဖြစ်​​နေ​ကြောင်း လုံခြုံ​ရေး မပါပဲလာခဲ့ပါက လမ်းခုလပ်​မှ ရခိုင်​ အစွန်း​ရောက်​များက လုယူသိမ်းစည်း လိုက်​ခြင်း​ကြောင်းဖြစ်​သည်။ အခုလို မိုးရာသီတွင်​ စားနှပ်​ရိက္ခာပြတ်​လပ်​​နေပါသဖြင့်​ ဒုက္ခသည်​များဧ။်​ ဘဝရှင်​သန်​နိုင်​​ရေး အတွက်​ အလွန်​ပင်​ ဆိုးရွား​နေ​ကြောင်း ​ရှေ့ဆက်​မ​တွေ့ ဒုက္ခတွင်းဆုံးကျ အဖြစ်​မျိုးနှင့်​ ကြုံ​တွေ့​နေရ မည်​ဖြစ်​သည်​၊ အစိုးရမှ လူသားမျိုးနွယ်​စုကိုပါ ရှင်​သန်​​ရေး ပိတ်​ပင်​​နေ​ကြောင်း။ နိင်​ငံတကာ မျက်​နှာစာမှာ အစိုးရမှ ရခိုင်ပြည်ကို ဤသို့ ထိုသို့ အဘယ်မျှ ကူညီ​ထောက်​ပံ့​ပေး​နေ​ကြောင်း စကားအလှသုံးစွဲလျှက်​ရှိပြီး လက်​​တွေ့ မှာ နိုင်​ငံ​တော်​မှ​ပေးလာ​သော စားနပ်​ရိက္ခာများကိုပါ ပိတ်​ပင်​ထား​ကြောင်းပါ။ အစိုးရမှ​ပေးလာ​သော အကူညီများသည်​ ဗုဒ္ဓဘာသာဝင်​ ရခိုင်​လူမျိုးများကိုသာ ​ပေးကမ်းကြပြီး ရိုဟင်​ဂျာလူမျိုး အစ္စလာမ်​ဘာသာဝင်​များ လုံးဝလုံးဝ ရရှိခြင်း မရှိပါ။

ထပ်​ဆင့်​ပြီး အစ္စလာမ်​ဘာသာဝင်​များကို မည်​သည့်​လုပ်​ငန်းမှလုပ်​ကိုင်​ခွင့်​မ​ပေးပါ​ကြောင်း၊ ရွာအပြင်းထွက်​ခွင့်​ပိတ်​ပင်​ထား၍ သွားလိုပါက ရွာပြင်​ထွက်​ခွင့်​​ထောက်​ခံစာ ကိုအုပ်​ချုပ်​​ရေးမှုထံ​ငွေ​ ၂၀၀၀ ကျပ်​ ​ပေးပြီးယူရ​ကြောင်း၊ထောက်​ခံစာယူရန်​ အုပ်​ချုပ်​မှုရှိရာ ရခိုင်​ရွာသို့သွားရသည်​။

ရခိုင်​ရွာထဲ့ မူစလင်​ တစ်​ယောက်​ ​တွေ့ရှိပါက ရခိုင်​လူရိုင်းများက ဝိုင်းဖွဲရိုက်​နှက်​ခြင်းခံရပြီး လမ်းမှာ စစ်​တပ်​နှင့်​ရဲကင့်​​တွေ့ကြုံခဲ့ပါက ဖမ်းစီးခြင်း ရိုက်​နက်​ခြင်း နှစ်​ရှည်​​ထောင်​ချခြင်းတို့ခံရပါသည်​။ ရခိုင်​သားများဝိုင်းဖွဲ ရိုက်​နက်​ခြင်းကို တိုင်​တန်း​သော်​ လည်းမည်​သို့မျှအ​ရေးယူ ​ဆောင်​ရွက်​​ပေးခြင်းမရှိပါ။

သို့ပါ၍ ရိုဟင်​ဂျာ အစ္စလာမ်​ဘာသာဝင်​များ မိမိရွာထဲ့တွင်​ အချုပ်​ကျ​နေပြီး ဆက်​လက်​ အသက်​ရှင်​ ​နေနိုင်​ရန်​ အခက်​ခဲကြုံ​နေရပါသည်​။ နိုင်​ငံ​တော်​ ဗဟိုအစိုးရ အကြီးအကဲများ၊ တာဝန်​ရှိသူများ နှင့်​ နိုင်​ငံတကာ အဖွဲ့ အစည်းများသို့ ​လေးစားစွာ အသနားခံတင်​ပြအပ်​ပါသည်​။

မှတ်​ချက်​။ ။ လူသားချင်းစာနာ ​ထောက်​ထား၍ ကျော့သားရင်​သားမခွဲခြားပဲ အမြန်​ဆုံး အ​ရေးယူ​ဆောင်​ရွက်​​ပေးပါလိမ့်မည်ဟု ​မျှော်​လင့်​ပါသည်​။

-​ဒေသခံ ဒုက္ခသည်​ လူသားများဧ။်​အသံ


Ref: SA Ismail

No comments:

Post a Comment