တင်ဆက်သူ- Md Arashad(AKB) |
[RSF သတင်း]
ဇူလိုင် (၉)ရက်၊ ၂၀၁၇။
*******************************
စစ်တွေ။ ရခိုင်ပြည်နယ် စစ်တွေမြို့ လက်မချေကျေးရွာမှ ကျောင်းတက်ရန် လာသော မောင်လှ (ခ) အာယုပ်ခါန်း ကို အနီးအနား ပတ်ဝန်းကျင် မှ ရခိုင်လူငယ်နှစ်ယောက်က "မေလိုး Kalar" ဟု ဆဲဆိုကာ နောက်က အပြေး အလွှားလိုက်ပြီး ရိုက်နှက်ရန် ကြိုးပမ်းခဲ့ကြတယ်။ အဆိုပါကျောင်းသား မှာ စစ်တွေမြို့ အထက(ခွဲ) သက္ကေပြင် တွင် နဝမတန်း ဘောဂဗေဒ ဖြင့် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပါတယ်။
အမေ...သား ကျောင်းသွားတော့မယ် အမေ.. ဟိတ်သားလေး အစောကြီးပါလား။ ဟုတ်အမေ… ဒီနေ့ကျောင်းမှာ အတန်းခွဲမှာ တဲ့။ ဒါ့ကြောင့် အစောကြီးသွားရမှာ အမေ။ သားလေး ဒီနေ့ကျောင်းကို မသွားပါနဲ့လား။တိုင်းပြည် အခြေအနေလည်း မကောင်းဘူးသား။ နာရီကလည်း အခုမှ မနက်၆:၃၀ ဘဲဖြစ်သေးတာ သားရယ်။ အမေ သားစောစောစီးစီး ၇ နာရီတိတိကျောင်းကို ရောက်ရင် အခန်းမှာ ရှေ့ဆုံးက နေရာရမှာမို့လို့ပါ။ ရှေ့ဆုံးက နေရာရတာနဲ့နောက်ဆုံးက နေရာရတာ မတူဘူးအမေ။ အမေ သိတာပေါ့သား။ အမေ သားအတွက် စိုးရိမ်လို့ပါ။ သား ဂရုစိုက်ပါမယ် အမေ၊၊ ဒါဆိုလည်း သားဂရုစိုက်ပြီး သွားနော်။ ဟုတ်…အမေ သားကျောင်းသွားတော့မယ်။
ဟူးးးးးးးးးးးး ဟူးးးးးးးးးးး ဟူးးးးးးးးးးးး
သား ဘာဖြစ်လာတာလဲ။ နေမကောင်းဘူးလား။ သားက လက်မချေကျေးရွာကပါ ဦး။ ပြောစမ်းပါအုန်း သားလေး။ သားကိုလေ ရခိုင်လူငယ် နှစ်ယောက်ကလေ သားကို မေလိုးkalar ဆိုပြီး နောက်ကလိုက်တာ သား စက်ဘီးကလေး ကို အပြင်းမောင်းနိုင်ခဲ့လို့ သားအသက်ဘေး က လွတ်မြောက်လာတာ။
သားရေ ဘာဖြစ်သွားသေးလဲ။ နာသွားသေးလား၊၊ ဘာမှတော့ မဖြစ်ပါဘူး။ သားတို့ လက်မချေနဲ့ သက္ကေပြင်ကျေးရွာ ပတ်ဝန်းကျင်မှာ GE တပ် အမြောက်တပ် ပြီးတော့ ကင်းစခန်း နှစ်ခု ရှိပါရဲ့ နဲ့ သားအခုလိုဖြစ်တာ ဦးတော်တော်အံ့သြတယ်သား။ သားတို့ ရွာက ကျောင်းသား ဘယ်နှစ်ယောက် ကျောင်းလာတက်လဲ။ သက္ကေပြင်ကျောင်း ကို ၂၅ ယောက်လောက် လာတက်ကြပါတယ်ဦး။ သားကို ဥပဒေအကြောင်းတော့ မပြောတော့ပါဘူး။ ဥပဒေစိုးမိုးမှု မရှိတဲ့နေရာ မှာ ဥပဒေ အကြောင်းမပြောတော့ပါဘူး။ နောက်နေ့တွေဆို သားတို့ ရွာက တခြားကျောင်းသား ၂၅ယောက်နဲ့ အတူတူ ဆိုမှ ကျောင်းတက်ဖို့ လာနော်။ တယောက်တည်း မလာပါနဲ့ ။ လမ်းသွား လမ်းလာ ဂရုစိုက်နော်သား။ တခြားကျောင်းသားတွေကိုလည်း သားကြုံခဲ့ရတာနဲ့ ပတ်သက်ပြီးပြောပြနော်။ အရင်ကလည်း ကျောင်းသားတွေကို အနှောက်အယှက်ပေးတာ ဦးသိတာပေါ့။ ဟုတ်ဦး သားဂရုစိုက်ပါမယ်။

No comments:
Post a Comment