Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

Tuesday, July 28, 2026

ကွန်ဂိုအာဇာနည် လူမမ်ဘာ


သွား ၁ချောင်းပဲ ကျန်တဲ့အထိ ဖျောက်ဖျက်ခံခဲ့ရတဲ့ ကွန်ဂိုအာဇာနည်


လူမမ်ဘာ ကို ၁၉၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ လယ်သမားမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကက်သလစ် မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး ခရစ်ယာန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ဆရာတွေရဲ့ အမှားတွေကိုပါ ထောက်ပြတတ်လို့ စိတ်ကြီးဝင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ဘာသာစကား ၅ မျိုး (Tetela, Lingala, French, Swahili, Tshiluba) ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကတခွင် လွတ်လပ်ရေး လှုပ်ရှားမှုတွေ အားကောင်းလာချိန် လူမမ်ဘာ လည်း နိုင်ငံရေးကို စတင် စိတ်ဝင်စားလာပါတယ်။ ၁၉၅၆ ခုနှစ်မှာ စာတိုက်ကနေ ဒေါ်လာ ၂,၅၀၀ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ (ဒီငွေတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သုံးစွဲခဲ့တယ်လို့ ယူဆရပါတယ်)။

ထောင်ကလွတ်လာပြီးနောက် Mouvement National Congolais (MNC) ဆိုတဲ့ လက်ဝဲယိမ်း နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်ကြောင့် လူထုထောက်ခံမှု အများအပြား ရရှိခဲ့ပါတယ်။

အဲဒီညီလာခံကနေ ကွန်ဂိုနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့မှာ လွတ်လပ်ရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအကြပ်အတည်းတွေကြားကနေ နောက်ဆုံးမှာ လူမမ်ဘာ က ဝန်ကြီးချုပ်၊ တခြားပါတီခေါင်းဆောင် Kasa-Vubu က သမ္မတအဖြစ်နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

လွတ်လပ်ရေး အခမ်းအနားမှာ ဘယ်လ်ဂျီယံဘုရင် Baudouin က ကွန်ဂိုပြည်သူ ၁၀ သန်းလောက်ကို ရက်ရက်စက်စက် သေစေခဲ့တဲ့ ဘုရင်ဟောင်း Léopold II ကို ချီးကျူးဂုဏ်ပြုတဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်သွားတဲ့ လူမမ်ဘာ က ချက်ချင်းပဲ တုံ့ပြန်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ခေါင်းဆောင် Moïse Tshombe က နိုင်ငံတောင်ပိုင်း Katanga ပြည်နယ်ကို ခွဲထွက်ကြောင်း ကြေညာလိုက်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂဆီက အကူအညီတောင်းပေမဲ့ မရတဲ့အတွက် ဆိုဗီယက်ယူနီယံဆီ အကူအညီတောင်းခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအတွက် သူ့ကို ဖယ်ရှားဖို့ အကြောင်းပြချက် ကောင်းကောင်း ဖြစ်သွားပါတယ်။

ဒီအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး သမ္မတနဲ့ သဘောထားကွဲလွဲရာကနေ နှစ်ယောက်သား အပြန်အလှန် ရာထူးကနေ ထုတ်ပယ်ကြပါတယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီး Mobutu က စစ်တပ်နဲ့ အာဏာသိမ်းလိုက်ပြီး လူမမ်ဘာ ကို ဖမ်းဆီးလိုက်ပါတယ်။

၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သူ့ကို စစ်တပ်စခန်းတစ်ခုမှာ အကျဉ်းချထားပြီး အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ လူမမ်ဘာ နဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်ခဲ့ပါတယ်။ 

လူမမ်ဘာနဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တာက Katangese ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီပစ်ခတ်မယ့် တပ်ဖွဲ့ကို အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး အမိန့်ပေးခဲ့တာကတော့ ဘယ်လ်ဂျီယံ စစ်ဗိုလ် ကက်ပတိန် Julien Gat ဆိုသူ ဖြစ်ပါတယ်။

ဒီကွပ်မျက်မှုကို ခတန်းဂါး ခွဲထွက်ရေးခေါင်းဆောင် Moïse Tshombe နဲ့ သူရဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ကွပ်မျက်ပြီးနောက် အလောင်းတွေကို အနီးအနားမှာပဲ ယာယီ မြေမြှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လူမမ်ဘာရဲ့ အုတ်ဂူဟာ နောက်ပိုင်းမှာ အာဇာနည်ဗိမာန်လို ဖြစ်လာပြီး ပြည်သူတွေရဲ့ ပုန်ကန်မှုတွေ ထပ်ဖြစ်လာမှာကို ဘယ်လ်ဂျီယံတွေက အလွန်စိုးရိမ်ခဲ့ပါတယ်။

ဒါကြောင့် မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာ အလောင်းတွေကို မြေမြှုပ်ထားရာကနေ ပြန်ဖော်ပြီး အစအနမကျန်အောင် အက်ဆစ်နဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတော့ ဒီကြံစည်မှုမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ နဲ့ ဘယ်လ်ဂျီယံ အစိုးရတို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ပေါ်ပေါက်လာပါတယ်။

သေဆုံးချိန်မှာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ လူမမ်ဘာ ရဲ့ နိုင်ငံရေးသက်တမ်းဟာ အလွန်တိုတောင်းလှပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကြောင့် ကွန်ဂိုမှာသာမက တကမ္ဘာလုံးက ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် ယနေ့တိုင် အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

အရည်ဖျော် ဖျက်ဆီးခံခဲ့ရတဲ့ လူမမ်ဘာရဲ့ ခန္ဓာကိုယ်ထဲကနေ ရွှေသွားတစ်ချောင်း သာ ကျန်ရစ်ခဲ့ပြီး အဲဒီရွှေသွားကို ဘယ်လ်ဂျီယံ ရဲအရာရှိတစ်ဦးက အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀၂၂ ခုနှစ် ရောက်မှသာ ဘယ်လ်ဂျီယံအစိုးရက အဆိုပါ ရွှေသွားကို လူမမ်ဘာရဲ့ မိသားစု နဲ့ ကွန်ဂိုနိုင်ငံထံသို့ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။

နာမည်ကျော် လူမည်းအခွင့်အရေး လှုပ်ရှားသူ Malcolm X က "ပက်ထရစ် လူမမ်ဘာ ဟာ အာဖရိကတိုက်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးသမျှ လူမည်းတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ" လို့ ဂုဏ်ပြုပြောကြားခဲ့ပါကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ရပါတယ်။


ကူးယူ- သုတဇုံ


Thursday, July 13, 2017

တရုတ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူရှောက်ဘို ကွယ်လွန်



တရုတ်ပြည်ရဲ့ တစ်ယောက်တည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူရှောက်ဘို အသက် (၆၁) နှစ်မှာ ထောင်ဒဏ်စံရင်း ကွယ်လွန်သွားပါပြီ။

မကွယ်လွန်ခင်မှာ ကင်ဆာ ရောဂါ ကုသဖို့ အကျဉ်းထောင်ကနေ ဆေးရုံသို့ သူ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။
တရုတ်နိုင်ငံကို တစ်ပါတီ အုပ်ချုပ်တဲ့ စနစ်က ပြောင်းလဲဖို့ အင်တာနက်မှာ စာရေးသား ဖြန့်ဝေခဲ့လို့ ထောင် (၁၁) နှစ် ကျခံနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား သွားပြီး ဆေးကူးသခံယူနိုင်ဖို့ သူ့ကို သွားခွင့်ပြုပါဆိုပြီး အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တရုတ် အစိုးရကို တောင်းဆိုခဲ့ကြပေမယ့် ပယ်ချခံခဲ့ရတယ်။

လူရှောက်ဘိုဟာ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲရေးလမ်းကို အစဉ်တစိုက် ရေးသားလာခဲ့တဲ့ စာရေးဆရာ အတွေးအခေါ် ပညာရှင်၊ ဝေဖန်ရေးသမားနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပါ တယ်။

သူဟာ ၁၉၈၉ က နှိမ်းနင်းခံခဲ့ရတဲ့ ဘေဂျင်း တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ အဓိက ပါဝင်ခဲ့တဲ့ ဆန္ဒပြသူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။



သူ့ ဘဝ တစ်စိတ်တစ်စောင်း

အမည်                 ⏩ လူရှောက်ဘို  [Liu Xiaobo]

မွေးသက္ကရာဇ်      ⏩ ၂၈ ဒီဇင်ဘာလ၊ ၁၉၅၅။

မွေးရပ်ဇာတိ        ⏩ ချောင်းချုန်၊ ဂျီလင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ [Chaungchun, Jilin,  China]။

ကြင်ရာ             ⏩ ပထမ-     တာအို လီ [Tao Li] (၁၉၈၄)
                            ဒုတိယ-   လူရွာ [Liu Xia] (လက်ထပ်-၁၉၉၆)

သား               ⏩ လူတာအို [Liu Tao]

ပညာသင်       ⏩ ဘေဂျင်းနော်မယ် တက္ကသိုလ် (၁၉၈၄)၊ ဂျီလင်တက္ကသိုလ် (၁၉၇၇-၁၉၈၂)

ဘွဲ့ရရှိ            ⏩ ဝိဇ္ဇာဘွဲ့-စာပေ (၁၉၈၂)၊ စာပေ မဟာဝိဇ္ဇာဘွဲ့ (၁၉၈၄)၊ Thesis ပါရဂူဘွဲ့ (၁၉၈၈)

ရှေ့ဆောင်ကဗျာအဖွဲ့ ⏩ အပြစ်မဲ့ နှလုံးသား [Chi Zi Xin]

ဧည့်ပါမောက္ခ ⏩ ကိုလံဘီယာ တက္ကသိုလ်၊ အိုစလို တက္ကသိုလ်၊ ဟာဝီ တက္ကသိုလ်

ကလောင်အမည် ⏩ မြင်းမည်း [Dark Horse]

ဥက္ကဌ              ⏩ လွတ်လပ်သော တရုတ်ကလောင် ဗဟိုဌာန [ Independent Chinese PEN Center]
                             (၂၀၀၃-၂၀၀၇)၊ ဒီမိုကရက်တစ် တရုတ်ပြည်မဂ္ဂဇင်း  [Minzhu Zhongguo]

ရေးသားခဲ့သည့် စာအုပ်များ ⏩  Criticism of the Choice: Dialogues with Li Zehou (၁၉၈၇)၊ No Enemies, No Hatred (၂၀၁၂)၊ Falling of A Great Power: Memorandum to China (၂၀၀၉)၊ A Nation That Lies to Conscience (၂၀၀၂), Aesthetics and Human Freedom (၁၉၈၈)၊ Civil Awakening—The Dawn of a Free China (၂၀၀၅)

ဆု                   ⏩  နိုဘယ်ငြိမ်းချမ်းရေးဆု (၂၀၁၀)

ထောင်စံ        ⏩ (၄) ကြိမ်
                        ပထမအကြိမ်    - ၁၉၈၉-၁၉၉၁      (တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ)  
                        ဒုတိယအကြိမ်  - ၁၉၉၅- ၁၉၉၆
                        တတိယအကြိမ် - ၁၉၉၆-၁၉၉၉
                        စတုတ္ထအကြိမ်  - ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၀၉ တွင်  ထောင်ဒဏ် (၁၁) နှစ်ခံရ။ 


ဆုံးပါး                       ⏩ ၁၃ ဇူလိုင်၊ ၂၀၁၇။

ကွယ်လွန်သည့် နေရာ ⏩ Shenyang's First Hospital of China Medical University. 
                                       ရှိုင်ယန်၊ လီအော်နန်၊ တရုတ်ပြည်။




🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴🈴