Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 6, 2016

"ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် ဦးဇင်းဂမ္ဗီရ(ခေါ်) ဦးညီညီလွင်နဲ့ အင်တာဗျူး"

"ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် ဦးဇင်းဂမ္ဗီရ(ခေါ်) ဦးညီညီလွင်နဲ့ အင်တာဗျူး"



အင်တာဗျုး တတိယပိုင်း


(ရိုဟင်ဂျာတွေက အခုမှ ရောက်လာတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတာ။ အနီးစပ်ဆုံး ပြောရရင် ဘိုးတော်ဦးဝိုင်းတို့လက်ထက်မှာကိုက အမြှောက်တပ်တွေ ဘာတွေမှာ မဟာမေဒင်ဘာသာဝင်တွေ ရှိနေခဲ့တာပဲဗျ။


MMM - အခုဖြစ်သွားတဲ့ပြဿနာတွေရဲ့ အစကိုပြန်ကြည့်လိုက်ရင် ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်ခွင့်ရှိတယ်၊ မရှိဘူး၊ တိုင်းရင်းသား ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ အငြင်းပွားမှုက စတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့်...
ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်အပေါ်မှာ ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။

ဦးညီညီလွင်- အဲဒါနဲ့ပတ်သက်ပြီးတော့ တော်တော်များများ အငြင်းပွားနေကြပါတယ်။ လူတွေကြားမှာရော၊ လွှတ်တော်တွေ မှာရော၊ ရိုးရိုးလေးပဲဗျ၊ သူတို့တွေဟာ နိုင်ငံသား ဖြစ်ခွင့်ရှိပြီးသားပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမှာရော ဒီနိုင်ငံမှာ ရှိနေတဲ့ ဥပဒေတွေမှာရော ရှိပြီးသားပါပဲ။ပြီးတော့ ရိုဟင်ဂျာတွေက အခုမှ ရောက်လာတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှ
ရှေးနှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတာ။အနီးစပ်ဆုံး ပြောရရင် ဘိုးတော်ဦးဝိုင်းတို့လက်ထက်မှာကိုက အမြှောက်တပ်တွေ ဘာတွေမှာ မဟာမေဒင်ဘာသာဝင်တွေ ရှိနေခဲ့တာပဲဗျ။အဲဒီခေတ်ကတည်းက။ ဘကြီးတော်တို့၊
မင်းတုန်းမင်းတို့လက်ထက်မှာ တော်တော်လေးရှိနေပြီ။ နောက် မက္ကာမှာတောင် ဒေါင်းဇရပ်တွေဘာတွေ သွားဆောက်ဖို့ ခွင့်ပြုပေးခဲ့တာပဲ။ အဲတော့ အခုမှမဟုတ်ဘူး ဒီဟာတွေက ရှိခဲ့တာ။ ဒီအရှိတရားကို လက်ခံနိုင်ဖို့ အရေးကြီးတယ်။
ခိုးဝင်လာတဲ့သူကတော့ ခိုးဝင်လာတာ ပေါ့ဗျာ၊ ဒါကတော့ တမျိုးပေါ့။ အဲဒါကတော့ဆိုင်ရာ ဥပဒေတွေရှိတာပဲ။ သူ့ဥပဒေအရ ပြစ်ဒဏ်ပေးတာ ခံရမှာပဲ။ ဟုတ်ပြီ၊ ရှိနေတဲ့ အရှိတရားကိုတော့ လက်မခံလို့မရဘူး။ ပြဿနာကို
ရှောင်ဖယ်ပြီး လျှောက်လုပ်ပစ်တာက ပြဿနာတွေကို ပိုပြီး ကြီးထွားစေတာပဲ။ အရှိတရားတွေကို လက်ခံနိုင်ရမယ်။ သမိုင်းအရ၊ အစဉ်အလာအရ ဘယ်လိုဘယ်လိုဆိုတာလဲ အားလုံးသိတယ်။ တိုင်းရင်းသားအဖြစ် လက်ခံတယ်၊ လက်မခံဘူးကတော့ ဒါတွေက သမိုင်းကြောင်းအရ၊ ပထ၀ီကြောင်းအရ ဖြေရှင်းကြရမှာ။ အဲဒါတော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမယ့် ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ပြီးသား ပါပဲ။ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေပါပဲ။ ရိုးရိုးလေးဗျာ၊သူတို့လက်မောင်းမှာ ကျောက်ဆေးထိုးထားတာ ညာဘက်မှာလား၊ ဘယ်ဘက်မှာလား ကြည့်လိုက်။ လက်မောင်းမှာ
ကျောက်ဆေးပါတာပဲ။ ဒါဆို ရှင်းပါတယ်နော်။

MMM - အခုနောက်ဆုံးသိထားချက်အရ ဆရာက နိုင်ငံခြားသူနဲအိမ်ထောင်ကျနေတယ်ဆိုတော့ ဦးဝီရသူတို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေနဲ့များ ဆန့်ကျင်သလို ဖြစ်မနေဘူးလား။

ဦးညီညီလွင် - ဟုတ်ပါတယ်၊ ကျွန်တော်အိမ်ထောင်ပြုလိုက်ပါပြီ။ သြစတြေးလျသူနဲ့ပါ။အဲ ဒီနေရာမှာ ကျွန်တော့်အနေနဲ့က စောစောက ပြောသလို အဲဒီမျိုးစောင့်ဥပဒေကြီးကို လုံးဝလက်မခံဘူး၊အလေးအနက် ကန့်ကွက်တယ်။ နောက်ပြီးတော့ ဒီကိစ္စက မျိုးစောင့်ဥပဒေနဲ့လည်း မဆိုင်လှဘူးဗျ။ သြစတြေးလျဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် သူက ဗုဒ္ဓဘာသာဝင်ဗျ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်က ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့တာပါ။

MMM - ဒါဆိုရင် ဆရာ့ကို မေးချင်တာက အမျိုးကို စောင့်ဖို့က အဓိကကျလား၊ ဘာသာသာသနာကို စောင့်ဖို အဓိကကျလား။

ဦးညီညီလွင်- အဲဒါကတော့ နှစ်ခုလုံးပေါ့ဗျာ။ ကျွန်တော်တို့ ကြိုးစားရမှာတော့ နှစ်ခုလုံးပေါ့၊ အမျိုးဂုဏ်ကို ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။ စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ မဟုတ်ဘူး။ အကြမ်းဖက်ပြီး ထိန်းသိမ်းဖို့ မလိုအပ်ဘူး။သေချာတဲ့နည်းလမ်းတွေ ရှိပါတယ်။ နိုင်ငံတကာမှာလည်း နည်းလမ်းတွေ အမျိုးမျိုးရှိတာပေါ့ဗျာ။

MMM - ဆရာ့ရဲ့ နောက်ဆုံး မြန်မာပြည်သူတွေအတွက် အမှတ်တရစကားလေး ပြောပေးပါဦး။

ဦးညီညီလွင် - ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ ခံစားချက်ပေါ့။ အကြံပြုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆက်ကြိုးစားကြဖို့ပါပဲ။ ဒီမိုကရေစီတန်ဖိုးတွေ၊ လူ့အခွင့်ရေးစံနှုန်းတွေ ပြည့်ဝအောင် ဒီလိုအချိန်မှာ အားလုံး မပြိုကွဲဘဲနဲ့ စုစည်းနိုင်သလောက် စုစည်းပြီးတော့ စစ်မှန်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ
ကင်းစင်တဲ့ မြန်မာနိုင်ငံဖြစ်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အရသာကို အမြန်ဆုံးခံစားနိုင်ကြဖို့ ကျွန်တော်တို့အားလုံး

No comments:

Post a Comment